အပိုင်း ၄၅၃-၄၅၄
Viewers 23k

Part 453


နောက်တစ်နေ့တွင် ဟန်ချင်စုန့်က လော့ဟိုင်ချန် ကို လုပ်သားပြုပြင်ပြောင်းလဲရေးခြံသို့ တိုက်ရိုက်ခေါ်သွားပြီး ညွှန်မှူးစုန့်နှင့် တွေ့သည်။


ညွှန်မှူးစုန့်က သူ့ကိုတွေ့ရသည်အား  အလွန် ဝမ်းသာနေ၏။ စင်စစ်အားဖြင့် ယင်းက အခမဲ့အကူအညီရခြင်းဖြစ်ပြ ပြည်သူ့လုံခြုံရေးဗျူရိုက သူ့ကို လူမှုဖူလုံရေးတချို့ပေးခြင်းအားဖြင့် ခဲရာခဲဆစ်နိုင်သောအရာတွေ အများကြီးကို ကူညီပေးမည်ဖြစ်သည်။


"ခေါင်းဆောင်ဟန်...ငါ  မင်းကို လွမ်းနေတာ" 


ညွှန်မှူးစုန့်က ရှေ့တိုးကာ ဟန်ချင်စုန့်နှင့်လက်ဆွဲနှုတ်ဆက်ရင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သမက်ဖြစ်သူကို ကြည့်နေသည့် ယောက္ခမတစ်ယောက်လို ဟန်ချင်စုန့်ကိုကြည့်လေလေ သူ ပိုပျော်လေလေပင်။


ဟန်ချင်စုန့်က သူ့လက်ကို အေးအေးဆေးဆေး ဆွဲထုတ်လိုက်ပြီးပြောသည်။

 "ညွှန်မှူးစုန့်...ကျုပ် လူတချို့ရဲ့ ဖိုင်တွေကို ကြည့်ချင်တယ်"


ညွှန်မှူးစုန့်: "ဒါဆို  ကိုယ်တိုင်ကြည့်ဖို့ သော့ပေးလိုက်မယ်လေ ဟား ဟား...ခေါင်းဆောင်ဟန် ငါ မင်းကို စေတနာထားတယ်နော်    ငါတို့ကြားက ဆက်ဆံရေးက ဘယ်လိုလဲ... သွား"


ဟန်ချင်စုန့်က ကျေးဇူးတင်စကားပြောပြီး သော့ကိုယူကာ လော့ဟိုင်ချန်နှင့်အတူ ဖိုင်ခန်းသို့သွားခဲ့သည်။


လော့ဟိုင်ချန်က ဟန်ချင်စုန့် ၏ အမိန့်အရ စိုက်ခင်းရှိ ဟန်ချင်ဟွ နှင့် နီးစပ်သော လူများကို ယခင်က စုံစမ်း စစ်ဆေးခဲ့သည်။ အကယ်၍ သူသာ မစစ်ဆေးပါက သူသိလိမ့်မည် မဟုတ်ပေ။ထိုမှသာ ဟန်ချင်ဟွ  အမှန်တကယ် ပြောင်းလဲသွားသည်ကို သူတွေ့လိုက်ရသည် ။


စိုက်ခင်း မှာ သူ၏ဂုဏ်သတင်းက အံဩစရာကောင်းလောက်အောင် ကောင်း၏။


ကျောက်ကျန့်ရှယ်နှင့် အခြားသူများသည် သူ့ကို အရိုးထိအောင် မုန်းတီးခဲ့ကြပြီး သူ့ကို ဖျက်စီးပစ်မည်ဟု တနေကုန် ပြောဆိုခဲ့ကြသော်လည်း ယခုအခါတွင် ပန်းသွားကြပြီး ဟန်ချင်ဟွနှင့် နီးစပ်ရန် အခွင့်အလမ်းမရှိတော့ပေ။


ဟန်ချင်ဟွက  အလုပ်ကြမ်းဖြင့် ပြုပြင်ပြောင်းလဲရန် အမှန်တကယ်ပင် ကြိုးစားအားထုတ်နေပြီး အခြားသူများနှင့် သဘောထားကွဲလွဲ,ခဲ,ကာ စာဖတ်ခန်းသို့ မကြာခဏသွားလေ့ရှိသည်။


ဟန်ချင်ဟွနှင့် မကြာခဏ ထိတွေ့ဖူးသူ စုစုပေါင်း ဆယ်ယောက်လောက်ရှိပြီး သူနှင့် အနီးဆုံးလူ ငါးယောက် ခြောက်ယောက်က အတွေ့များဆုံးတွေဖြစ်၏။ တစ်ယောက်က ကျန်းဟေးလု ၊ နောက်တစ်ယောက်က ဆရာဖန် ၊ အိပ်ဆောင်တာဝန်ခံလူအိုကြီး နှင့် အမျိုးသမီး အရင်းရှင် လမ်းပြ တို့လည်းပါသည်။


မှန်သည်ပင်၊  ဤလူတွေက ဟန်ချင်ဟွနှင့်တင်မဟုတ်ဘဲ တခြားသူတွေနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေးရှိ၏။


ဟန်ချင်စုန့်    ဤလူများ၏ ဖိုင်များကို ကြည့်ရန် ဆွဲထုတ်လိုက်သည်။


မကြာခင်မှာပဲ ကျန်းဟေးလု  ပြေးလာပြီးဆို၏။ "ဟေး ခေါင်းဆောင်ဟန်... မင်းဒီမှာရောက်နေတာကို ငါ့ကို ဘာလို့ မနှုတ်ဆက်တာလဲ"


ဟန်ချင်စုန့် : "မင်းက အသားဖြူလား"


ကျန်းဟေးလု : "..." 


သူက လော့ဟိုင်ချန်   အနားကိုတိုးသွားပြမေးလိုက်သည်။

 "ဘာလို့လဲ...လိုအပ်လို့လား...ငါကူညီနိုင်တာရှိလား"


လော့ဟိုင်ချန်:  "မင်း စာတတ်လား"


ကျန်းဟေးလု   : "သူတို့က ငါ့အကြောင်း သိတာပဲ"


ဖိုင်ခန်းထဲက တိတ်တဆိတ် ထွက်သွားရန်ကလွဲ၍ ရွေးစရာလမ်းမရှိတော့ပေ။ ခေါင်းဆောင်ဟန်က သူ့ကိုမခေါ်သည်မှာ အံ့သြစရာမဟုတ်ပေ။လက်စသတ်တော့ ဖိုင်တွေကြည့်နေခြင်းဖြစ်၏။ သေချာသည်ပင်၊ သူက စာမဖတ်တတ်သဖြင့် မကူညီနိုင်ပေ။


 ဟန်ချင်စုန့် ဖိုင်တွေကို ကြည့်နေပြီး အချိန်အတော်ကြာပြီးနောက် ဖိုင်ခန်းမှ ထွက်လာကာခေါ်လိုက်သည်။

 "ကျန်းဟေးလု... "


 "ရှိ..."

 အပြင်မှာ အိပ်ပျော်နေသည့် ကျန်းဟေးလုက  ချက်ချင်း ထလိုက်၏။


 "ဖန်ယီခွင်းနဲ့ချင်ကျိုက်ရှန်းမှာ ထူးခြားတာ တစ်ခုခု ရှိသေးလား " 


ဟန်ချင်စုန့်က မေးသည်။


ကျန်းဟေးလုက   ခဏလောက်စဉ်းစားပြီးဆို၏။ "ဆရာဖန်က နေ့တိုင်း အလုပ်သွားတယ်၊ စာအုပ်ဖတ်တယ်၊သတင်းစာတွေ ငှားဖတ်တယ်၊ စာအုပ်တွေဖတ်ပြီး လူတိုင်းကို ပုံပြင်တွေပြောပြတယ် ဘာမှထူးခြားတာမရှိဘူး...အဲ့ဒီခွေးမ..." 


"လူ့စကားနဲ့ ပြောစမ်း..." 


ဟန်ချင်စုန့်က ဆိုလိုက်သည်။


ကျန်းဟေးလုက  ပြုံးပြီးပြော၏။


 "ချောတယ်... ယဉ်ကျေးပြီး အရင်းရှင်လမ်းပြသမီးပျိုတစ်ယောက်... သူက ငါတို့နဲ့ မတူဘူး... သူ့မှာ ဆံပင်အတိုမညှပ်ထားရင်တောင် အင်္ကျီကြမ်းဝတ်ပြီး တနေကုန် တွန့်လိမ်နေသေးတာ "


ဟန်ချင်စုန့်က သူ့ကို စိုက်ကြည့်နေသည်။


ကျန်းဟေးလု     : "ဆင်းရဲနေတာရယ်... အရမ်းချောတာရယ်...အရမ်း ထူးခြားနေတာရယ်ပဲ"


လော့ဟိုင်ချန်  : "မကြွားစမ်းပါနဲ့ ငါဒီကို အကြိမ်တစ်ရာမဟုတ်ရင်တောင် အကြိမ်ငါးဆယ်လောက် ရောက်ဖူးတယ်....  ဘာလို့ ထူးထူးခြားခြား  ချောတာမတွေ့တာလဲ"


 ကျန်းဟေးလု: မင်း  ကြည့်နိုင်မှာလား...


ဟန်ချင်စုန့်က ဆရာဖန်ဆီကိုသွားလည်မည်ဟုပြောပြီး ကျန်းဟေးလုကို လမ်းပြခိုင်းလိုက်၏။ 


သူ၏ထူးခြားသောအခြေအနေကြောင့် ဆရာဖန်က သူတစ်ယောက်တည်း တစ်ခန်းတွင် နေထိုင်ခဲ့ပြီး ဟန်ချင်ဟွနှင့် အခြားသူများကဲ့သို့ အများအိပ်ဆောင်ထဲတွင် မအိပ်ခဲ့ပေ။


ယခုအချိန်တွင် လယ်ယာလုပ်ငန်းမှာ ပေါင်းနှုတ်ခြင်းကို အဓိကထားပြီး အခြားတစ်ခုမှာ တူးမြောင်းများ တူခြင်းဖြစ်သည်။ အလုပ်ကြမ်းစခန်းမှ ဝန်ထမ်းများမှာ ကွန်မြူနတီအဖွဲ့ဝင်များထက် အလုပ်များသည်။


ကျန်းဟေးလုက   လယ်မြေကို ပေါင်းသတ်နေတဲ့ ဆရာဖန်ကို ပြန်ခေါ်လာ၏။


ဟန်ချင်စုန့်က အိပ်ဆောင်ရှေ့ရှိ သဖန်းပင်ကြီးအောက်တွင် စောင့်ဆိုင်းနေခဲ့ပြီး မကြာမီ ကျန်းဟေးလုက  လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ခေါ်လာသည်ကို တွေ့လိုက်ရသည်။


ဆရာဖန်က အသက်ငါးဆယ်ကျော်ရှိပြီဖြစ်ပြီး ညာဘက်ခြေထောက်တွင် ထော့နဲ့ထော့နဲ့ဖြစ်နေသည်။ လျှော်ဖွပ်ထားသော တရုတ်သင်တိုင်းအင်္ကျီနှင့် အနက်ရောင်ဘောင်တပ် မျက်မှန်တစ်လက်ကို ၀တ်ထားသည်။ ဆံပင်က လုံးဝဖြူဖွေးနေပြီး ၎င်းကိုကြည့်ရသည်မှာ တည်ငြိမ်အေးချမ်းနေသည်။


ဟန်ချင်စုန့်၏မျက်လုံးများသည် စီချွမ်အက္ခရာ များ၏ နက်နဲသောမျဉ်းကြောင်းများကို ရေးထွထားရာ သူ၏မျက်ခုံးအလယ်ဗဟိုတွင် ကျဆင်းသွားကာ ယင်းက သူ၏မူလကငြိမ်သက်နေသောမျက်လုံးများကို အနည်းငယ်ကသောင်းကနင်း ဖြစ်သွားစေခဲသည်။

(သူ=ဆရာဖန်)


 " ညွှန်မှူးဟန်" 


ဖန်ယီခွင်းက ဟန်ချင်စုန့် ကို နှိမ့်ချခြင်းမရှိ မောက်မာခြင်းမရှိ   နှုတ်ဆက်လာပြီး အသံအတိုးအကျယ်ကလည်း ပြောင်းလဲမှုမရှိခဲ့ပေ။


 ဟန်ချင်စုန့်က သူ့ကို လက်ဆွဲနှုတ်ဆက်ပြီးဆိုလိုက်၏။


 "ဆရာဖန် ...ကျုပ် ခင်ဗျားကိုလေးစား နေတာကြာပါပြီ"


ဖန်ယီခွင်းက  ရယ်ပြီးပြောလေသည်။

"ညွှန်မှူးဟန်က   နောက်နေတာလားဗျာ"   


ဟန်ချင်စုန့် က သူ့ကို ထိုင်ခိုင်းလိုက်၏။

"မဟုတ်ပါဘူးဗျာ...ကျုပ်ညီဟန်ချင်ဟွကို ဆရာဖန်က သင်ကြားဆုံးပေးခဲ့တာ ...ကျုပ် အရမ်းကို ကျေးဇူးတင်ရပါတယ်"


ဖန်ယီခွင်းက ခေါင်းညိတ်ကာဆိုသည်။


 "ဒါနဲ့ပတ်သတ်ပြီး ပြောရရင် မင်းညီက ​​တကယ်ကို ထက်မြက်တဲ့လူတစ်ယောက်ဖြစ်ပေမဲ့ ငယ်ငယ်လေးကတည်းက အလိုလိုက်ခံရလွန်းပြီး အချိန်မီမပြုပြင်နိုင်ခဲ့ဘူး... သူ့စိတ်ထဲစွဲစွဲမြဲမြဲထည့်လိုစိတ်ဆိုရင်တော့ မှန်ကန်တဲ့လမ်းကြောင်းကို ပြန်ရောက်နိုင်ပါသေးတယ်”


ဟန်ချင်ဟွ အ​ကြောင်း  စကားအနည်းငယ်ပြောရင်း ဖန်ယီခွင်းက ဟန်ချင်စုန့် ကိုကြည့်ကာပြောလိုက်၏။


 " ညွှန်မှူးဟန်  မင်းမှာမေးခွန်းတွေရှိသေးလား"     

 


ဟန်ချင်စုန့်က အနည်းငယ်ခေါင်းညိတ်ပြီးဆိုလေသည်။


 "ဆရာဖန်က ဥာဏ်ကောင်းတဲ့သူတစ်ယောက်ပဲ... ခင်ဗျားဘာကြောင့် ထောင်ကျခဲ့လဲဆိုတာ မေးချင်ပါတယ်" 

 


Xxxxxxx

Part 454


အမှန်အတိုင်းပြောရလျှင်  ဖိုင်များစွာကို အယောင်ဆောင်များက ရေးသားထားသောကြောင့်ဖြစ်ကြီး အချို့သောသူများသည် ပညာလုံးဝမတတ်ပေ။ စာရွက်စာတမ်းများအားလုံးကို ညံ့ဖျင်းစွာ ရေးခြစ်ထားသဖြင့် တစ်ခါတစ်ရံ ဖတ်ရသည်က နာကျင်စေလေသည်။ 

    

ဖန်ယီခွင်းက  ကျောင်းသားများ၏ စားနပ်ရိက္ခာ ကုန်ကျစရိတ်ကို အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသည်။ဤသည်က အဓိပ္ပါယ်မဲ့သော စွဲချက်တစ်ခုဖြစ်ပြီး အပြင်လူဖြစ်သည့် ဟန်ချင်စုန့်အနေဖြင့်ပင်   ၎င်းကို မယုံပေ။


ဖန်ယီခွင်းက  ဆိုလာ၏။

 "ဖန်ရဲ့ ရာဇ၀တ်မှုက ကျောင်းသားတွေကို အရင်းရှင်စနစ်ကို လိုက်စားဖို့ သွေးထိုးလှုံ့ဆော်ခဲ့တာပါပဲ"     


တနည်းအားဖြင့် ကျောင်းသားတွေကို ကြိုးကြိုးစားစား လေ့လာရန်၊ သင်ယူမှုကို အာရုံစိုက်ပြီး နိုင်ငံရေးနှင့်တရားရေးဆိုင်ရာမှာ အလွန်အကျွံ မလုပ်ကြရန်ရှင်းပြခဲ့သည်။ သူသည် ဆရာ/မ အများအပြား၊ကျောင်းခေါင်းဆောင်များနှင့် ပညာရေးဆိုင်ရာ ပဋိပက္ခများ ရှိခဲ့သည်။ဥပမာအားဖြင့် သူက တရုတ်စာသင်ကြားရေးကို အလေးထားပြီး ကလေးများကို နိုင်ငံခြားဘာသာစကား သင်ယူခိုင်းသောကြောင့် ပြန်လည်ထူထောင်ရေးနှင့် အရင်းရှင်စနစ်ကို လိုလားသည်ဟု ဝေဖန်ခံခဲ့ရသည်။ ထိုအချိန်က ဤသည်မှာ ကြီးမားသောရာဇ၀တ်မှုဖြစ်ပြီး တော်လှန်ရေးသမားဟု တံဆိပ်တပ်ခံရနိုင်သည်။     


ဟန်ချင်စုန့်က သူ့ကို စိုက်ကြည့်ရင်းပြော၏။

 "ဆရာဖန် ကျုပ်မေးလို့ရမလား  ...ချစ်လှစွာသောရဲဘော်*ကျန်းကျဲရှီဆိုတဲ့ စကားလုံးကို ရေးဖူးလား"     


(T/N–တရုတ်နိုင်ငံ၏ အမျိုးသားရေးအစိုးရခေါင်းဆောင် [ 1928-1949]။ဒုတိယကမ္ဘာစစ်အပြီးမှာ သူက သူရဲ့အမျိုးသားရေးအစိုးရကို ဦးဆောင်ပြီး မော်စီတုန်းဦးဆောင်တဲ့ ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။ စစ်ရှုံးပြီး1949မှာ သူ့ရဲ့အမျိူးသားရေးတပ်မတော်နဲ့အတူ ထိုင်ဝမ်ကိုထွက်ပြေးသွားပြီး ထိုင်ဝမ်မှာ သမ္မတဖြစ်ခဲ့ပါတယ်)

 

ဖန်ယီခွင်း၏ အမူအရာ ပြောင်းလဲသွားကာ အမည်းစက်တစ်ခုကို သူဘယ်လို ရှင်းပြရမှန်းမသိသလိုမျိုး ခေါင်းယမ်းပြီး သက်ပြင်းချလေသည်။


 "အဲဒါ ငါရေးခဲ့တာ"


ဖန်ယီခွင်းအမူအရာက ရုတ်တရက် အနည်းစိတ်လှုပ်ရှားဟန်ဖြစ်လာ၏။


 "တရားမျှတမှုရှိရင် ငါဒီစကားတွေကို ရေးလိုက်ရင်တောင် တော်လှန်ရေးသမားလို့ မယူဆနိုင်ဘူး... စစ်မြေပြင်မှာ အောင်နိုင်သူနဲ့ ရှုံးနိမ့်သူတွေက အမြဲတမ်း အောင်နိုင်သူ နဲ့ အရှုံးသမားပဲ... နောက်ပြီး *အနီရောင်တပ်မတော်နဲ့ အမျိုးသားတပ်မတော်တို့ မြို့ထဲကို ဝင်လာတဲ့အခါ လူတိုင်းက အလံနှစ်ချောင်း ပြင်ဆင် ထားကြတယ်... သူလာတယ်... နေ့ခင်းဘက်မှာ သူရောက်လာတယ်... သူတို့အားလုံးက ဒီလိုမျိုးချည်းလိုလိုပါပဲ...အကုန်လုံးမှာ အပြစ်ရှိကြတယ်မလား"

 (T/N–1918တွင် ထူထောင်ခဲ့သည် ရုရှားတပ်မတော်)


ဟန်ချင်စုန့်    သူ့ကို စိတ်အေးအေးထားရန် အမူအရာပြလိုက်သည်။


"ဆရာဖန်ကပြောခဲ့တယ်... သူမှားမှန်းသိပေမဲ့ သူမှန်တယ်တဲ့... ဘာလို့လဲ "


ဖန်ယီခွင်း: "မေ့လိုက်ပါ... ငါက အပြစ်ရှိလို့ တောင်းပန်ပြီးပြီ...ငါမှားပြီး အပြစ်ရှိတယ်...အခု အပတ်တိုင်း စစ်ဆေးရေးပစ္စည်းတွေ ရေးနေတုန်းပဲ...ကွန်မြူနတီက နမူနာအနေနဲ့ ဝေဖန်ချင်ရင် ငါ့ကိုဖမ်းလိုက်...ဖန်က ခုခံမှာမဟုတ်ဘူး”


 တခါတစ်ရံမှာ ရန်ပွဲကိုဝေဖန်ရန် အစည်းအဝေးတွေလုပ်သည့်အခါ သူ့အနေဖြင့်  စင်ပေါ်မှာ အလွန်အရှက်ရနေပုံရသော်လည်း အမှန်တွင် နောက်ပိုင်းမှာ လူတိုင်းက သူ့အပေါ် ပြန်ယဥ်ကျေးလာကြပြီး ယင်းက အမှန်တကယ် ခက်ခဲသည့်အလုပ်ဖြစ်ကာ အစည်းအဝေး၏ လိုအပ်ချက်များအရဖြစ်၍ နေ့စဉ်သဘောထားကို ကိုယ်စားမပြုပါဟုဆိုကြသည်။


 အမှန်တွင် လူတိုင်းက လူသားအချင်းချင်း ဆက်ဆံရေးများရှိသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းတို့၏ ဆွေမျိုးများက ရိုက်နှက်ခြင်း မခံရပါက ယေဘုယျအားဖြင့် လူတိုင်းကို ဖမ်းဆီး၍ ရက်စက်စွာ ဝေဖန်လေ့မရှိပေ။

 

"ဆရာဖန်က နားလည်မှု လွဲနေတယ်...ကျုပ်က အခြေအနေကို နားလည်ချင်ရုံပါ...ခွင့်ပြုပါဦး "


 သူ စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် ဟန်ချင်စုန့် စကာပြောခန်းကို ဝင်နှောင့်ယှက်လိုက်၏။ ဖိုင်ကိုကြည့်သည့်အခါ ဆရာဖန်က အဆင်ပြေသည်ဟု  သူခံစားရသည်။ 


ထိုအချိန်တွင် သွယ်သွယ်လျလျ အမျိုးသမီးတစ်ဦးက နံရံအပြင်ဘက်မှ ထွက်လာပြီး နူးညံ့သော်လည်း ပြတ်သားသော အသံဖြင့်ဆို၏။ 


"အန်ကယ်ဖန် ပန်းသီးစိမ်းလေးတွေ ခူးထားတယ်... အရသာရှိတယ် ချိုချဥ်လေး... နည်းနည်းပေးမယ်" 


ဤအသံကိုကြားသောအခါ ကျန်းဟေးလု  စိတ်လှုပ်ရှားသွားပြီး  လော့ဟိုင်ချန်ကို ပါးစပ်ဟပြီး ဆက်တိုက်ပြောနေသည်။


ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်က သူမကို ကြည့်လိုက်၏။


ဒီကိုရောက်လာသည့်လူက အသက်ကို မှန်း၍မရပေ။ နှစ်ဆယ် သုံးဆယ်လောက် ဟုသာ ပြောနိုင်လေသည်။ နားရွက်နားထိရောက်သော ဆံပင်တိုတိုနှင့် ကာကီရဘောင်းဘီကြမ်းအရှည်ကို ၀တ်ထားပေမဲ့ ထိုကဲ့သို့ တောဆန်သည့်ဝတ်စုံကပင် သူမ၏ လှပပြီး ချစ်စရာကောင်းမှု ဖုံးကွယ်မထားနိုင်ပေ။အထူးသဖြင့် သူမက ခေါင်းအနည်းငယ်စောင်း၍ သူတို့ဘက်သို့ လှမ်းကြည့်သောအခါတွင် သူမ၏ မျက်လုံးများသည် နူးညံ့ပြီး ချစ်စရာကောင်းသော်လည်း လိမ္မာပါးနပ်သော အရိပ်အယောင်ဖြင့် စူးစမ်းစစ်ဆေးလိုခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။


လော့ဟိုင်ချန်  သူ့နှလုံးခုန်သံကို ခံစားလိုက်ရပြီး အထိန်းအကွပ်မဲ့စွာ ခုန်သွားသည်ကို တွေ့လိုက်၏။အကွာအဝေးတစ်ခုအပြီးတွင် အမျိုးသမီး၏ မျက်တောင်ကော့ရှည်ရှည်နှင့် အောက်ရှိ ဆွဲဆောင်မှုရှိသည့်မျက်လုံးတစ်စုံကို သူမြင်လိုက်ရသည်။


ဘယ်လောက်မိုက်မဲတဲ့ အရင်းရှင်လေသံလဲ...


"အာ...အန်ကယ်ဖန် ရှင့်မှာ ဧည့်သည်ရှိတာပဲ...ကျွန်မ အရင်သွားနှင့်လိုက်မယ်... အိုး..." 


သူမ လှည့်လိုက်ချိန်တွင် သူမလက်ထဲက ပန်းသီးစိမ်းက လွတ်ကျသွားပြီး ဟန်ချင်စုန့်ဆီသို့ လှိမ့်သွားသည်။


သူမ ချက်ချင်းလှည့်ပြီး ပြန်လာကာ သူမ၏ လခြမ်းကွေး မျက်ခုံးတွေက အနည်းငယ် မျက်မှောင်ကြုတ်သွားရင်း ပန်းသီးကို သနားတွန့်ဆုတ်သော အကြည့်ဖြင့် အပြစ်တင်လိုစွာကြည့်လိုက်၏။ ခေါင်းကို အနည်းငယ်ငုံ့ထားရင်း နှုတ်ခမ်းကို အသာအယာကိုက်ထားသော်လည်း သူမ၏မျက်လုံးများက အပေါ်သို့ ခပ်စောင်းစောင်းလေးကြည့်နေလေရာ သာမန်အမျိုးသားများအနေဖြင့် တကယ်တောင့်မခံနိုင်ပေ။


လော့ဟိုင်ချန်  မသိစိတ်ဖြင့် ဟန်ချင်စုန့်ကို လှမ်းကြည့်မိလိုက်၏။


 ဟန်ချင်စုန့်က လော့ဟိုင်ချန်ကို တစ်ချက်ကြည့်လိုက်သည်။


လော့ဟိုင်ချန်၏မျက်လုံးများတွင် မေးခွန်း နှစ်ခု ထွက်ပေါ်လာ၏။ ခေါင်းဆောင်ဟန်  မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ...ငါရှောင်ပေး သင့်လား...

မသိစိတ်ဖြင့် သူ ထွက်သွားတော့မည်ပြုသည်။


ဟန်ချင်စုန့်  : "... " 


မင်း ဘယ်တုန်းက ဒီလောက်တုံးသွားတာလဲ...


 သူက  ခေါင်းလှည့်ပြီး ဖန်ယီခွင်းကို နှုတ်ဆက်ကာအပြင်ကို ထွက်လာခဲ့၏။


လော့ဟိုင်ချန်  နှင့် ကျန်းဟေးလုတို့က ကမန်းကတန်း နောက်က လိုက်ကြသည်။


အမျိုးသမီးက ဟန်ချင်စုန့်  သူမဆီသို့ လျှောက်လာနေသည်ကို မြင်လျှင် ချက်ချင်းပင် ဘေးဖယ်လိုက်သည်။ သူမ သေး၊ သွယ်၊ သွယ်လျပြီး ကျိူးပဲ့လွယ်သော ခါးရှိပုံပေါက်ပြီး မြင်လျှင်  သူမကို သနားမိကြမည်ပင်။


 သူမ ခေါင်း အနည်းငယ်ငုံ့ကာ မျက်လုံးဖျားလေးဖြင့် သူ့ကို မော့ကြည့်လိုက်သည်။ဤရှုထောင့်က သူမကို မဖော်ပြ နိုင်လောက်သော သွေးဆော်မှုနှင့်အတူ နူညံ့ပြီး နှစ်လိုဖွယ်ရှိဟန်ဖြစ်စေကာ ယင်းက အမျိူးသားများစွာ သိမ်းပိုက်လို ချဥ်းကပ်လိုသည့် ပုံစံဖြစ်၏။


 သို့သော်လည်း ဟန်ချင်စုန့်က ဘေးကို မကြည့်ဘဲ ကျော်သွားကာ လော့ဟိုင်ချန်ကိုပြောလိုက်သည်။


 "ပြန်လာပြီး ချင်ကျိုက်ရှန်းကို သူကဘယ်လိုလဲဆိုတာ စစ်ဆေးမေးမြန်းပါ... ဒီအရင်းရှင်လမ်းပြက တစ်ခါတစ်ရံမှာ တော်လှန်ရေးသမားတွေနဲ့ ဆက်စပ်နေတတ်တယ်" 

 

ချင်ကျိုက်ရှန်း:" ... ... " 


ရှင်ကသာ သောက်တော်လှန်ရေးသမား  

...စိတ်သဘောထားဆိုးပြီး ညစ်ပတ်တဲ့လူ...

လူမည်းကတောင် ရှင့်ကိုသတ်နိုင်မှာမဟုတ်ဘူး...


Xxxxxxxx