အပိုင်း ၄၅၅-၄၅၆
Viewers 20k

Part 455


လော့ဟိုင်ချန်က ချင်ကျိုက်ရှန်း အားဆုံးမရန်အတွက်အမြန်ပြေးသွားလေသည် ။ သူမသည် အရင်းရှင်စနစ်အတိုင်းဆက်လက်ကျင့်သုံးနေသည့်အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် သူမအားတိုင်ချက်ဖွင့်၍တရားစွဲဆိုနိုင်သည် ။


ချင်ကျိုက်ရှန်းမှာ လှပသည့်အပြင်ကိုယ်ပိုင်အတွေးအခေါ်များကိုဦးစားပေးသည့်ရဲရင့်သောအမျိုးသမီးတစ်ဥိီးဖြစ်၍သူမ၏ ဘဝမှာလွယ်ကူမည်မဟုတ်ကြောင်း လော့ဟိုင်ချန်မှန်းဆမိလေသည် ။ တစ်ခုတည်းသောမကောင်းသည့်အချက်မှာ သူမ၏အတွေးအခေါ်များမှာလမ်းမှားနေခြင်းပါပင် ။


လယ်ငါးတစ်ကောင်ကဲ့သို့ပင် လယ်ကွက်လေးထဲမှရုန်းမထွက်နိုင်ပါသော်ငြားပြဿနာပေါင်းစုံသာပတ်ရှာနေခဲ့သည် ။ ချင်ကျိုက်ရှန်းနှင့် ဦးစီးမှူးချင်တို့မှာ ဆွေမျိုးတော်စပ်ကြပြီး ဦးစီးမှူးချင်မှာ သူမ၏ဦးလေးဖြစ်သည် ။ သို့သော်ငြား သိသိသာသာပင်အုပ်စုနှစ်ခုကွဲထွက်နေလေသည် ။ တစ်စုမှာဥက္ကဌမော်၏ ပါတီသစ်လမ်းစဥ်ကိုလိုက်နာကျင့်သုံးချင်ကြပြီး ကျန်တစ်စုမှာခေတ်ဟောင်းအရင်းရှင်စနစ်အားလက်ကိုင်ထားချင်နေဆဲဖြစ်သည် ။


ဟန်ချင်စုန့်က အလုပ်ကြမ်းစခန်းအတွင်းဝင်ရောက်လာသူတိုင်းကို စစ်ဆေးပြီးမှသာစိတ်သက်သာရရသွားရသည် ။ လုပ်သားပြုပြင်ပြောင်းလဲရေးစခန်းမှာ အမှန်ပင်ကိုင်တွယ်ရအလွန်ခက်ခဲသည့်အပြင် လူအမျိုးအစားပေါင်းစုံစုဝေးနေသောကြောင့် မတော်တရော်အတွေးရှိသူများမှာလည်း အများအပြားပါပင် ။


ဟန်ချင်စုန့်က ဟန်ချင်ဟွ မည်သို့ကိုင်တွယ်ဖြတ်ကျော်မည်အား လုံးဝဂရုမစိုက်ပါချေ ။ အလုပ်ကြမ်းစခန်းအတွင်း၌ အာဏာရှိသူများနှင့်အဆက်အသွယ်ရှိသည့်သူများမှာ ထင်ရာစိုင်းတတ်ကြသည့်အတွက် ဟန်ချင်ဟွ ဆိုးဆိုးဝါးဝါး မထိခိုက်သရွေ့ဝင်မပါချင်ပေ ။


ဟန်ချင်ဟွအား စောင့်ကြည့်ထားရန်နှင့် အကြောင်းတစ်ခုခုရှိပါက သူ့ကိုပြောပြရန်သာ လော့ဟိုင်ချန်အား အသိပေးပြောကြားသည် ။


ညွှန်မှူးချင်က ဟန်ချင်စုန့်အား လုပ်သားပြုပြင်ပြောင်းလဲရေးစိုက်ခင်းသို့သွားကူညီရန် နားပူနားဆာလုပ်လေ့ရှိသောကြောင့် ဤအခွင့်အရေးအားအသုံးချ၍ လော့ဟိုင်ချန်အား စီမံခန့်ခွဲရန်တာဝန်ပေးလိုက်သည် ။ တစ်ချိန်တည်းမှာပင် ပြည်သူ့လုံခြုံရေးဗျူရိုတွင် ဝန်ထမ်းအင်အားဖြည့်တင်းရန်အတွက် စခန်းမှသင့်လျှော်သောစစ်သားအချို့ကိုလည်းရွေးချယ်ထားသေးသည် ။


ဟန်ချင်စုန့်အတွက် အရူံးတစ်စက်မှမရှိပါချေ ။


ရက်အနည်းငယ်ကြာသည်နှင့် ဟန်ချင်ဟွ၏ ဆွေမျိုးများထံလာရောက်လည်ပတ်ခွင့်ရက်မှာ ကုန်ဆုံးသွားပြီဖြစ်၍ အလုပ်ကြမ်းစခန်းသို့ပြန်သွားရတော့မည်ဖြစ်သည် ။ 


ဟန်ချင်ဟွ ကအဆင်ပြေ​ကြောင်းပြောပြပြီး သူ၏ညီမလက်ထပ်ပြီးရက်အနည်းကြာသောအခါ၌ ခွင့်ရက်လျှောက်ပြီး လက်ထပ်ရန်ပြန်လာခဲ့မည်ဟုဆိုသော်လည်း အဖွားကြီးဟန်ကသာ တစ်သက်လုံးပြန်မတွေ့ရတော့မည့်အတိုင်းအော်ဟစ်ငိုယိုနေခဲ့သည် ။


မျက်စိတစ်မှတ်အတွင်းမှာပင် ရှစ်ရက်ကိုးရက်တာ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံး၌ လင်းမိန်က သူမ၏သားကိုပြန်လာခေါ်ပြီဖြစ်သည် ။ ဤရက်များအတွင်း သူမတွင်ဖြေရှင်းစရာကိစ္စတစ်ပုံတစ်ပင်နှင့် အလုပ်ရူပ်နေသောကြောင့် သူမ၏သားကိုဂရုမစိုက်နိုင်၍ လင်းလန်ထံအပ်ထားမိသည်အား မှန်ကန်သည်ဟုတွေးမိနေသည် ။


လင်းမိန်၏ အမျိုးသားမှာ လင်းလန်အား အလွန်ကျေးဇူးတင်နေပုံရသည့်အကြည့်များဖြင့်ကြည့်နေလေ၏ ။ ရက်အနည်းငယ် အတွင်းတွင် လင်းမိန်နှင့်ပူးကပ်နေ၍ ရင်ခုန်စရာလေးများအားဖန်တီးနိုင်ခဲ့သောကြောင့်ပင် ။


ဆောင်းဦးရိတ်သိမ်းချိန်သို့ရောက်နေပြီဖြစ်သောကြောင့် လင်းလန်၏အိမ်တွင်ဆက်ထားရန်မသင့်လျှော်တော့ချေ ။ အလုပ်များသောနေ့ရက်များရောက်လာတော့မည်ဖြစ်၍ အလုပ်ရမှတ်များအတွက် လင်းလန် အလုပ်လုပ်ရပေဦးမည် ။


လင်းလန်မှာ သေချာပေါက်အလုပ်လုပ်နေရလောက်မည်ဖြစ်ပြီး ဟန်ချင်စုန့်ကလည်း ကွန်မြူနတီသို့သွားနေနသောကြောင့် အိမ်၌မည်သူမျှမရှိလောက်ဟုပင်ထင်ခဲ့သေးသည် ။ မမျှော်လင့်ထားစွာပင် လင်းလန်ရှိနေပြီး ကလေးများကိုမူမတွေ့ရပေ ။


လင်းလန်က လင်းမိန်အားပြုံးပြကာပြောလိုက်သည် ။


" ဘာလို့ရောက်လာတာလဲ ရိက္ခာတွေတောင်မခွဲဝေပေးရသေးဘူးလေ "


" ငါ့ယောက္ခမကိုခေါင်းကိုက်နေတယ်လို့အကြောင်းပြပြီးထွက်လာတာလေ... ဒီရက်တွေအတွင်းမှာ အဖွားကြီးကစကားသိပ်မပြောဘူး "


လင်းမိန်က သူမ၏နားထင်အား လက်နှင့်ဖိထားလေသည် ။ သူမတို့မိသားစုတွင် စက်ဘီးမရှိသောကြောင့် လမ်းလျှောက်လာခဲ့ရသည် ။ လင်းလန်က လင်းမိန်တို့လင်မယားအတွက်ထိုင်ရန်နေရာစီစဥ်ပေးပြီး လင်းမိန်သောက်ရန်ရေနွေးထည့်ပေးကာပြောလိုက်သည် ။


" နှိပ်ပေးရမလား... ချင်စုန့်ကတော့ ငါနှိပ်ပေးတာကောင်းတယ်လို့ပြောတာပဲ "


အမှန်တကယ်တမ်းတွင် သူမ၏အရင်ဘဝ၌ အနှိပ်ပညာအားနည်းစနစ်ကျကျသင်ယူလေ့လာခဲ့ဖူးသည် ။ 


" ကောင်းတယ်လေ ...ငါလဲ ညွှန်မှူးကတော်ရဲ့နှိပ်ပေးတာခံဖူးသွားတာပေါ့ "


လင်းလန်က လင်းမိန်၏နားထင်အပြင် ဂုတ်နှင့်ဇတ်​ကြောနေရာများကိုပါ ချက်ကျလက်ကျနှိပ်နယ်ပေးလေ၏ ။


" နင့်မှာ ငါမသိတဲ့အရည်အချင်းတွေအများကြီးပါလား...နှိပ်ပေးတာတကယ်ထိရောက်တယ်... ငါခေါင်းကိုက်နေတာတောင်သက်သာသွားပြီ "


လင်းမိန်က ရုတ်တရက် လင်းလန်ကိုကြည့်ကာပြောလိုက်သည် ။


" ငါတို့သာ အမြွှာတွေမဟုတ်ဘူးဆိုရင် နင့်ကိုလူစားထိုးထားတယ်ထင်တော့မလို့ "


" ဟား..ဟား...နင်လျှောက်တွေးနေတာပါ "


" ငါနင်ပြောတာကိုသေသေချာချာစဥ်းစားပြီးတွေးခဲ့တယ်... ဘယ်လိုလုပ်ပြီးငါ့ရဲ့စီးပွားရေးကို သူတို့တွေအပိုင်သိမ်းသွားမှာကိုခံနိုင်ပါ့မလဲ... ငါယောက္ခမကတော့ သူတို့နဲ့တစ်ကြိတ်တည်းတစ်ဥာဏ်တည်းလေ "


လင်းလန်က ရီမောလိုက်ကာ သူမ၏အစ်မက သူမစကားနားထောင်သည့်အတွက်အလွန်ပျော်ရွှင်နေလေ၏ ။


" လာပါဦး...ငါ့ကိုကိတ်မုန့်တစ်ချို့လုပ်ဖို့လာကူညီပေးစမ်းပါ မကြာခင်ကလေးတွေညစာစားဖို့ပြန်လာကြတော့မှာ "


လင်းမိန် မီးမွှေးနေစဥ်တွင် လင်းလန်က မုန့်လုပ်ရန်စတင်ပြင်ဆင်နေလေသည် ။


" နင်အရင်အတိုင်း အသုံးအဖြုန်းကြီးပြီး ကိုယ့်ကိုယ်ကိုဘယ်လိုသက်သက်သာသာဇိမ်ခံရမလဲတွေးနေတာကိုသာ ကိုယ်တိုင်မတွေ့ရရင် ငါတကယ်လူစားထိုးထားတာလို့ထင်တော့မှာ "


ချက်ပြုတ်ကြပြီးနောက် လင်းလန်က လင်းမိန်အား လူစားထိုးသည့်ကိစ္စအားထပ်၍အစမခံတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည် ။


" လာ... နင့်ရဲ့သားကိုသွားတွေ့ကြမယ် "


လင်းလန်က တံခါးသော့မခတ်ခဲ့ဘဲ လင်းမိန်ကို ရွာတောင်ပိုင်းသို့ခေါ်သွားသောအခါ လင်းမိန်ကစိုးရိမ်စွာပြောလိုက်သည် ။


" မြစ်နဲ့နီးတာလား... ဟောင်နန်က ရေကြောက်တယ်... သူမြစ်မြင်ပြီးသတိလစ်နေမလားမသိဘူး "


လင်းလန်က ပြုံးကာပြောလေ၏ ။


" နင် ကလေးကို ပိုးမွေးသလိုမွေးနေလို့မရဘူးလေ...နင့်သားက အသက်ခြောက်နှစ်တောင်ရှိနေပြီကို နင်ထမင်းလိုက်ကျွေးနေရတုန်း ...သူ့ဘာသာထမင်းမစားတတ်ဘူးလား "


လင်းမိန်က အရှက်ပြေချောင်းဟန့်ကာပြောလိုက်သည် ။


" သူ့အတွက်နည်းနည်းလေးခက်ခဲနေရုံပါ "


" အစ်မ နင်သူ့တစ်ဘဝလုံးအဲ့လိုလိုက်ပြီးစောင့်ရှောက်နေလို့မရဘူးလေ... နင်နေရာတကာလိုက်လုပ်ပေးနေရင် အနာဂတ်မှာသူ့ဘာသာသူနေထိုင်မလဲ...သူမိန်းမယူတဲ့အခါကျရင် သူမိန်းမကနင့်လိုမျိုးလိုက်ပြုစုပေးရမှာလား "


လင်းလန်က သူမ၏စကားမှာအနည်းငယ်ဘောင်ကျော်နေကြောင်းခံစားမိပါသော်လည်း လင်းမိန် ၏ကောင်းကျိုးအတွက် ပြောရခြင်းပါပင် ။


 လင်းလန်၏ ထောက်ပြချက်ကြောင့် လင်းမိန်အနည်းငယ်စိတ်မသက်မသာဖြစ်သွားရသည် ။


Xxxxxxx

Part 456


လင်းလန်က သူမ၏အစ်မစိတ်ပျော့နေကြောင်းတွေ့၍ ဆက်ပြောလိုက်သည် ။ 


" ကျန်တာမ​ပြောသေးဘူး... နင်သူ့ကိုကျောင်းမပို့ချင်ဘူးဆိုရင်တောင် ငါ့ကလေးတွေဆီကစာပြန်သင်ခိုင်းလို့ရတယ်လေ ဒါဆိုရင်ပိုက်ဆံကုန်စရာမလိုဘူးပေါ့... ပြီးတော့ အားတဲ့အချိန်တွေမှာ အလုပ်ကူလုပ်ပြီးတော့လည်း အလုပ်ရမှတ်တွေစုဆောင်းလို့ရသေးတယ် "


" သူတစ်ခါတစ်လေငါ့ကိုဝိုင်းကူတတ်ပါတယ် "


ဟောင်နန်က အမှန်အလိုလိုက်ခံထားရသောငပျင်းလေးဖြစ်ကြောင်း လင်းလန်သိလေသည် ။ မူလဇာတ်ကြောင်းအရ လင်းမိန်၏အနာဂတ်နှင့်အဆုံးသတ်မှာမကောင်းခဲ့ပါပေ ။ 


သူမက အလုပ်အရမ်းကြိုးစားသောအမျိုးသမီးတစ်ဦးဖြစ်ကာ ဥစ္စာစည်းစိမ်များစွာစုဆောင်းမိခဲ့ပါသော်လည်း သူမ၏သားကြောင့်ပင်ကုန်ဆုံးခဲ့ရလေသည် ။ အစားကောင်းအသောက်ကောင်းကိုသာကြိုက်နှစ်သက်ပြီး လက်ကျောမတင်းသောသားကြောင့် အသက်ကြီးသည့်တိုင်အလုပ်လုပ်ကိုင်ခဲ့ရကာ နားချိန်ပင်မရှိခဲ့ပေ ။


မိသားစုစီးပွားရေးကိုတိုးတက်အောင်လုပ်ရမည့်အစား စားသောက်သုံးဖြုန်းခြင်းဖြင့်သာအချိန်ကုန်နေခဲ့သည် ။ လင်းလန်၏ စကားများမှာအနာဂတ်အား မီးမောင်းထိုးပြသကဲ့သို့ သိသာထင်ရှားလှသဖြင့် လင်းမိန်၏နှလုံးသားအားတိုက်ရိုက်ထိမှန်သွားလေသည် ။


" ယောက်ျားတွေကဘာဘဲဖြစ်ဖြစ်အလုပ်ပိုလုပ်နိုကြတယ်လေ... နင်ကိုယ့်နင် သန်မာတယ်ထင်နေပမေဲ့ နောက်ဆုံးတော့လည်းနင်ကမိန်းမတစ်ယောက်မဟုတ်ဘူးလား...နင့်ရဲ့ကျန်းမာရေးကအရမ်းကောင်းနေတာကြောင့်သာမဟုတ်ရင် အစောကြီးကတည်းကနင်လဲကျသွားလောက်ပြီဆိုတာသိရဲ့လား...ခဲအိုက အလုပ်အရမ်းမလုပ်နိုင်ဘူးဆိုရင်တောင် အလုပ်ရမှတ်တွေအတွက် နင့်ရဲ့သားကိုအားကိုးလို့ရသေးတယ်လေ... ယောက်ျားတစ်ယောက်ရဲ့အလုပ်မှတ်ဆယ်မှတ်စာမရနိုင်ရင်တောင်မှ အမျိုးသမီးတစ်ယောက်ရဲ့လုပ်အားအနေနဲ့ ခုနှစ်မှတ်စာလောက်တော့သူရနိုင်ပါသေးတယ်... နင်သူ့ကို ဘာမှမခိုင်းဘဲ အလိုလိုက်ကျွေးမွေးထားလို့မရဘူးလေ "


လင်းမိန်က ခေါင်းညိတ်ကာထောက်ခံလိုက်သည် ။


" အင်း...နင်မှန်တယ် "


သူမက လင်းလန်ကိုကြည့်မိလေ လင်းလန် အလွန်ပြောင်းလဲနေမှန်းခံစားမိလေပင် ။ ဤသည်မှာ သေခြင်းတရားနှင့်နီးနီးကပ်ကပ်ရင်ဆိုင်ခဲ့ရသောကြောင့်လော သို့မဟုတ် သူမ၏ခင်ပွန်းအနားပြန်ရောက်လာ၍ သတ်သေရန်စိတ်ကူးမရှိတော့သောကြောင့်လော မသိပါချေ ။ မည်သို့ပင်ဖြစ်စေ လင်းလန်၏ ပြောင်းလဲလာမူမှာအလွန်ကောင်းမွန်သောပြောင်းလဲမူပါပင် ။


လင်းလန်၏ တောက်ပသောမျက်ဝန်းထဲ၌ စိတ်အားထက်သန်မူအပြည့်နှင့်ဖြစ်ပြီး သူမ၏ပါးစပ်မှအတိတ်ကကဲ့သို့ ဆဲရေးတိုင်းထွာသည့်စကားမျိုးထွက်မလာတော့ချေ ။ သူမ၏ ကမ္ဘာကျဥ်းကျဥ်းလေးထဲတွင်အလေးထားဂရုစိုက်စရာမှာ သူမ၏အမျိုးသားနှင့်ကလေးများပင်ဖြစ်လေသည် ။


အဝတ်အထည်နှင့်အစားအသောက်အတွက်ပူပန်စရာမလိုသကဲ့သို့ သူမ၏ခင်ပွန်းကအလိုလိုက်ချစ်ခင်သောကြောင့် လူတိုင်းအားကျသည့်ဘဝမျိုး၌နေထိုင်နေရသူပင် ။ လင်းမိန်မှာ အားမကျဘဲမနေနိုင်ပါတော့ချေ ။


သူမတို့ မြစ်နားသို့ရောက်သည့်အခါမြစ်ကမ်းစပ်တွင်ကလေးတစ်သိုက်မှာဆူညံစွာအော်ဟစ်နေကြ​သောကြောင့်  လင်းမိန်က ​ခေါင်းကိုက်လာ၍

နားထင်ကို လက်နှင့်ဖိထားရလေသည် ။


စန်းဝမ်က ငန်းဥတစ်လုံးအားယူ၍ထွက်ပြေးနေသောကြောင့် ငန်းမကြီးကနောက်မှလိုက်ဖမ်းနေလေသည် ။ ကလေးများမှာ စိတ်လူပ်ရှားစွာအော်ဟစ်ရင်း စန်းဝမ်ကိုအားပေးနေကြလေသည် ။ စန်းဝမ်ရေထဲဆင်းပြေးသည်အထိ ငန်းမကြီးမှာဇွဲမလျော့စတမ်းလိုက်နေဆဲပါပင် ။


ငန်းမကြီးထက်ပင် ရေထဲတွင်လျှင်မြန်စွာကူးခတ်နေပြီး သူ၏အသက်အောင့်နိုင်စွမ်းနှင့် ကူးခတ်မူပုံစံမှာ အံ့သြဖွယ်ကောင်းလောက်အောင်ကျွမ်းကျင်နေလေသည် ။


တဝမ်နှင့်စန်းဝမ်တို့မှာ ဟောင်နန်အား ရေကူးသင်ပေးခဲ့ပြီး တဝမ်ကသူ၏ဘေးတွင်အန္ဒရာယ်ကင်းစေရန်စောင့်ကြည့်နေလေသည် ။ ဟောင်နန်က ပျော်ရွှင်စွာနှင့်ကူးခတ်နေပြီး သူ၏အမူအယာမှာ တစ်စက်ကလေးမှအားနည်းသည့်ပုံမပေါ်ပါချေ ။


ရက်နည်းနည်းလေးဘဲရှိသေးတယ်လေ?


ဒီကလေးက တကယ် ငါ့ရဲ့သားလား? 


လင်းမိန်ကြောင်အနေဆဲအချိန်မှာပင် တဝမ်ကသူတို့အားမြင်တွေ့သွားသောကြောင့် လက်ဝှေ့ယမ်းပြလေသည် ။ ထို့နောက်တွင် ညီအစ်ကိုတစ်သိုက်မှာ မြစ်ကမ်းစပ်သို့ပြန်လာကြပြီး အဝတ်လျှော်နေသည့် အဝတ်လျှော်နေသောမိုင်စွေ့မှာ လင်မိန်အားတွေ့သည်နှင့်ဝမ်းသာအားရပြေးလာလေသည် ။


" ဒေါ်လေးသုံးရောက်နေတာလား "


စန်းဝမ်က လင်မိန်အားနူတ်ဆက်ပြီးနောက် အလိမ္မာလေး၏တင်ပါးကိုတစ်ချက်ရိုက်ကာ မြစ်ထဲသို့ပြန်ပြေးဆင်းသွားလေသည် ။ ဟောင်နန်က သူ၏တင်ပါးကိုပွတ်ရင်းကျန်ခဲ့သောအချိန်တွင် မိုင်စွေ့ကရေသုတ်ပေးကာအဝတ်အစားများပြန်လည်ဝတ်ဆင်ပေးနေခဲ့သည် ။


ဟောင်နန်က စိတ်လူပ်ရှားစွာဖြင့် လင်းမိန်အားပြောပြလေ၏ ။


" အရမ်းစိတ်လူပ်ရှားဖို့ကောင်းတာပဲ မားမား "


လင်းမိန်က ပြုံးရင်းသူ၏ခေါင်းအားပွတ်သပ်ပေးလိုက်သည် ။


" သား ဒေါ်လေးနဲ့နေရတာပျော်ရဲ့လား "


" လေးယောက်မြောက်ဒေါ်လေးနဲ့နေရတာ အရမ်းပျော်ဖို့ကောင်းတယ် "


နောက်ဆုံး၌ ဟောင်နန်မှာ လင်းလန်အားမှန်ကန်စွာခေါ်ဆိုနိုင်ပြီပင် ။


" အိုး...နောက်ဆုံးတော့မှန်သွားပြီ "


ဟောင်နန်က တဝမ်အားတစ်ချက်ချောင်းကြည့်လိုက်သည် ။ ညနေပိုင်း၌ အားဝမ် ၊ စန်းဝမ်နှင့်မိုင်စွေ့တို့က လေး ဟူသောအက္ခရာသံအားပီသအောင်သင်ပေးခဲ့ကြသော်လည်း သူ၏အသံထွက်မှာအနည်းငယ်မရှင်းမလင်းဖြစ်နေဆဲပင်ဖြစ်သည် ။


အသံထွက်အား အကြိမ်ပေါင်းများစွာသင်ကြားပေးနေရသောကြောင့် ဘေးတွင်ရပ်နေသည့် တဝမ်မှာအလွန်နားညီးလာ၍ အော်ဟစ်ဆူပူလေတော့သည် ။


" တခြားကလေးတွေလိုသွားဆော့နေပါလား လွယ်ကူတဲ့အသံထွက်လေးကိုတောင်မထွက်နိူင်ဘူး နားညီးတယ် "


ဟောင်နန်မှာ ကြောက်ကြောက်လန့်လန့်နှင့်အော်ဟစ်လိုက်သော အသံထွက်ကမတော်တဆမှန်ကန်သွားပြီး သူ၏အသံမှာလည်းအနည်းငယ်ကျယ်လောင်သွားလေသည် ။ ထင်ရှားစွာပင် အက္ခရာအသံထွက်နှင့် စာလုံးအဖြတ်အတောက်သဘောကအဓိကမဟုတ်ပါဘဲ လျှာဖျားနှင့်ပြောခြင်းနှင့် လျှာအပြားလိုက်သုံးပြောဆိုခြင်းတို့၏ကွာခြားမူပါပင် ။


လင်းမိန်က ငိုရင်းသူမသားအားပွေ့ဖက်လိုက်သောကြောင့် ရှောင်ဝမ် ကနားမလည်စွာမေးလေ၏ ။


" တတိယအဒေါ်က ဘာလို့ငိုနေတာလဲ "


မြစ်ထဲမှပြန်တက်လာကာ မတ်တပ်ရပ်ကြည့်နေသော စန်းဝမ်ကပုခုံးတွန့်၍ပြန်ဖြေလိုက်သည် ။


" ငါလဲမသိဘူးလေ "


တဝမ်က စန်းဝမ်၏ခေါင်းကိုထခေါက်လိုက်ပြီးနောက် မိုင်စွေ့အားပြောလိုက်သည် ။


" မြန်မြန်အိမ်ပြန်ပြီး ညစာပြင်တော့လေ... ညစာစားရတာနောက်ကျရင် ငါစာလုပ်ရတာလဲနောက်ကျသွားလိမ့်မယ် "


မိုင်စွေ့က ပြုံးကာပြော၏ ။


" အိမ်စာတွေအတူတူလုပ်မယ်ဆိုရင်မြန်မြန်ပြီးမှာပါ "


တဝမ် အိမ်စာလုပ်ရာတွင်အခက်အခဲဖြစ်နေသည့်အချိန်တိုင်း အားဝမ်နှင့်မိုင်စွေ့ တို့က ကူညီပေးလေ့ရှိသည် ။


" အင်း "


လင်းလန်က လင်းမိန်အားညစာကျွေးရန်ဖိတ်ခေါ်ခဲ့ပြီး တဝမ်တို့မောင်နှမတစ်သိုက်မှာ ညနေခင်းစာသင်ချိန်များအတွက်ကျောင်းသို့ပြန်သွားကြရမည်ပင် ။ လင်းမိန်က ငြင်းဆန်လိုက်ကာ သူမသားလေးကိုပြန်ခေါ်သွားရန်အသင့်ဖြစ်နေ၏ ။


Xxxxxx