အပိုင်း ၄၅၇-၄၅၈
Viewers 21k

Part 457


ဟောင်နန်က သူ၏အောက်နူတ်ခမ်းကိုကိုက်ထားရင်း မျက်ရည်ကျလုနီးနီးပင် ။ သူ၏ဝမ်းကွဲများနှင့်အတူဆော့ကစားပြီး စာသင်ကြားရသည်မှာအလွန်ပျော်ရွင်ဖွယ်ကောင်းသောကြောင့် ထွက်မသွားချင်ပါချေ ။ ရှောင်ဝမ်က သူ့အားလက်ပြနူတ်ဆက်ရင်းပြောလိုက်သည် ။


" နောက်ထပ်လာလည်နော် "


နောက်ဆုံး၌ ဟောင်နန်က အော်ဟစ်ငိုယိုကာဂျီကျခြင်းမပြုဘဲ လင်းမိန်နောက်သို့လိုက်သွားကာ လက်ဝှေ့ယမ်းရင်းအော်ပြောလေသည် ။


" စတုတ္ထဒေါ်လေး သားမကြာခင်ပြန်လာခဲ့မယ်နော် "


" ရှောင်ဝမ် ကောကောမင်းနဲ့မကြာခဏအတူတူလာကစားပေးမယ်နော် "


လင်းမိန်ပြန်သွားပြီးနောက်တွင် တစ်နေ့ခင်းလုံးနီးပါးအလုပ်ရူပ်နေခဲ့ပြီး ညနေစောင်းအချိန်တွင်မှ ကလေးများကျောင်းဆင်းချိန်၌ ဟန်ချင်းဖျင်ထံသို့သွား၍ တဝမ်၏အခြေအနေအားမေးမြန်းခဲ့သည် ။ 


ဟန်ချင်းဖျင်က သက်ပြင်းချ၍ ပြော၏ ။


" တဝမ်..အဲ့ဒီကောင်လေးက နည်းနည်းတော့ "


အမှန်အတိုင်းပြောရမည်ဆိုလျှင် တဝမ်အားကျောင်းထားသည်မှာနောက်ကျသောကြောင့် မသိနားမလည်သောအရာများစွာရှိနေခြင်းနှင့် စာမလိုက်နိုင်သေးခြင်းတို့မှာပုံမှန်ပါပင် ။ သို့သော်လည်း တဝမ်၏အဓိကပြဿနာမှာ အသက်အရွယ်ကြောင့် မည်သည့်အတန်း၌တက်ရောက်စေရမည်မှန်းဆုံးဖြတ်မရခြင်းဖြစ်သည် ။


လင်းလန်၌ ပိုက်ဆံရှားပါးနေခြင်းမရှိသည့်အတွက်ကြောင့် သားသမီးများ၏ပညာရေးလမ်းကြောင်းကိုစိတ်ရှည်လက်ရှည်ထောက်ပံ့ပေးနိုင်သည် ။ ပြဿနာမှာ တဝမ်ကိုယ်တိုင်၏ဆုံးဖြတ်လည်းပါဝင်လေသည် ။


" ကျောင်းအုပ်ကြီး တဝမ်ကိုတတိယတန်းမှာစာသင်ဖို့အတွက် ပြောသင့်တယ်လို့ကျွန်မထင်တယ် "


စတုတ္ထတန်း၏သင်ရိုးမှာ အနည်းငယ်ခက်ခဲ၍ တဝမ်မလိုက်နိုင်မည်အား သူမစိုရိမ်သောကြောင့် အတန်းများစွာကျော်တက်ရန်အားမပေးပါချေ ။


ဟန်ချင်းဖျင်မှာ တဝမ်သည်ခေါင်းမာသောကလေးဖြစ်ကြောင်းကောင်းစွာသိလေသည် ။


မင်းရဲ့ သားကသာ ပြောတိုင်းနားထောင်တဲ့ကလေးတစ်ယောက်ဖြစ်မယ်ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ!


ဟန်ချင်းဖျင်က သူ၏မျက်မှန်ကိုတစ်ချက်ပင့်တင်ကာပြောလိုက်သည် ။


" ငါသူနဲ့ပြောကြည့်ပါဦးမယ်...ဒါပေမဲ့ ကလေးကအရမ်းခေါင်းမာလွန်းတယ်...မိဘတစ်ယောက်အနေနဲ့ စည်းကမ်းသတ်မှတ်ထားပြီး သူ့ရဲ့အကျင့်ကိုပြုပြင်ပြောင်းလဲပေးသင့်တယ် "


လင်းလန်က အကြံတစ်ခုရသွားသောကြောင့် စိတ်လူပ်ရှားစွာဖြင့်ပြောလိုက်သည် ။


" ဟုတ်သားဘဲ...စာမေးပွဲလုပ်လို့ရတယ်လေ..တတိယတန်းစာမေးပွဲကိုဖြေခိုင်းပြီး တကယ်လို့သူ့ရဲ့အမှတ်က ခြောက်ဆယ်ကျော်မယ်ဆိုရင် စတုတ္ထတန်းတက်ဖို့အဆင့်မှီတယ်လို့ဆိုလိုတာပဲလေ "


မင်းရဲ့သားကိုအရမ်း တွန်းအားပေးနေတော့တာပါလား!


" အမှတ်ငါးဆယ်လို့ဘဲသတ်မှတ်ထားရင်ကောင်းမယ်ထင်တယ်... ခြောက်ဆယ်က တဝမ်အတွက်နည်းနည်းများနေတယ်... အမှတ်ငါးဆယ်ပြည့်အောင်ဖြေနိုင်ရင် သူ့ကိုအတန်းကျော်တက်ခွင့်ပေးကြတာပေါ့ "


ထိုအချိန်၌ ကောလိပ်ဝင်ခွင့်စာမေးပွဲများမကျင်းပရသေးသည့်အတွက် အခြေခံစာသင်ကျောင်းများတွင် စာမေးပွဲစစ်လေ့စစ်ထမရှိပါသေးချေ ။ ဟန်ချင်းဖျင်က မည်မျှပင်ပညာရေးအားပေးသည်ဖြစ်စေ ကျေးလတ်နေကလေးများ၏ဥာဏ်ရည်မှာအကန့်အသတ်နှင့်ဖြစ်သောကြောင့် သူ့စိတ်ရှိတိုင်းတွန်းအားပေး၍မရပေ ။ 


ထို့ကြောင့် အခြေခံစာသင်ကျောင်း၏ သင်ရိုး၏ အခြေခံမျှကိုသာသင်ကြား ပေးပြီးအလယ်တန်းဝင်ခွင့်သို့မဟုတ် အထက်တန်းတက်ရောက်လိုသောအခါမှသာ စာမေးပွဲတချို့ပြုလုပ်လေ့ရှိသည် ။


ငွေး​ကြေးရှားပါးမူကြောင့် ကလေးအများစုမှာမူလတန်းပြီးမြောက်သည်နှင့် အလုပ်ရမှတ်များအတွက်ကျောင်းထွက်ကာ အချိန်ပြည့်အလုပ်လုပ်ကိုင် ကြရပြီး အလယ်တန်းတက်ရောက်သင်ကြားနေကြသူများပင်အနည်းငယ်သာရှိသည် ။


ကျေးလက်စာသင်ကျောင်းတစ်ကျောင်း၌ အလယ်တန်းကျောင်းသားလေးငါးယောက်မျှရှိလျှင်ပင် အလွန်များပြားသောပမာဏဖြစ်နေပြီပင် ။ ထို့ကြောင့် ကောလိပ်တက်ရောက်နိုင်သူများနှင့် အထက်တန်းတက်ရောက်နေသူများမှာ တစ်နိုင်ငံလုံးရှိလူဦးရေ၏ နှစ်ဆယ်ပုံတစ်ပုံမျှသာရှိပေသည် ။ 


မြို့နေလူတန်းစားထဲမှ မိသားစုများ၏ ကလေးများသာအလယ်တန်းနှင့်အထက်တန်းအများဆုံးပြီးမြောက်ကြပြီး ကျေးလတ်မှအထက်တန်းပြီးမြောက်အောင်တက်ရောက်နိုင်ခဲ့သူများမှာ လက်ချိုးရေ၍ပင်ရလေသည် ။ကျေးလတ်ရှိမိသားစုများမှာ အချိန်ကုန် ငွေကုန်၍ရှစ်နှစ်ကြာသင်ကြားရမည့်ပညာရေးထက် အလုပ်ရမှတ်များစုဆောင်းနိုင်ပြီး မိသားစုအတွက်ရိက္ခာပိုမိုရရှိရေးကိုသာအလေးထားကြသည် ။


ပညာသင်ကြားခြင်းက အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ မိသားစုဖူလုံရေးကိုသာဂရုစိုက်ကြလေသည် ။ 


သူမတွင်ငွေကြေးရှားပါးနေခြင်းမရှိသည့်အပြင် ကလေးများအား အလုပ်ရမှတ်များအတွက်ခိုင်းစားရန် စိတ်ကူးမရှိသောကြောင့် ပညာရေးအတွက်စိတ်ရှည်လက်ရှည်ထောက်ပံ့ပေးနိုင်သည် ။


ဟန်ချင်းဖျင် သည်လည်း လင်းလန်၏အတွေးများအားအပြည့်အဝနားလည်လေသည် ။ အကယ်၍ သူ့၌သာ စာမလေ့လာချင်၍အကြောက်အကန်ငြင်းဆန်နေခဲ့သောသားက ရုတ်တရက် ကြီးတက်တက်ကြွကြွစာလုပ်လာမည်ဆိုလျှင် ဝမ်းသာအားရပင်ထောက်ပံ့ပေးလိုက်ဦးမည်ဖြစ်သည် ။ 


ကျေးလက်တောရွာတွင် လင်းလန် ကဲ့သို့ပညာရေးအားပေးသည့်မိဘမျိုးမှာမရှိသလောက်ရှားပါးသည့်အပြင် တဝမ်ကဲ့သို့ကံကောင်းသည့်ကလေးမျိုးမှာလည်း နှစ်ယောက်မရှိနိုင်ပါပေ ။


လောကကြီး၏ကျယ်ပြန့်မူအကြောင်းသိလိုပါကမျက်စိစုံမှိတ်ထား၍ မဖြစ်ပါချေ ။ နယ်မြေကျဥ်းကျဥ်းလေးထဲတွင် ပိတ်မိနေ၍ ရေတွင်းထဲမှဖားကဲ့သို့သောဖြစ်ရပ်မျိုး ကလေးများထံ၌မဖြစ်စေချင်ပါပေ ။ ငယ်ရွယ်သောမျိုးဆက်သစ်များအနေဖြင့် မိမိတို့၏အတောင်ပံများကိုဖြန့်၍ ကမ္ဘာကြီးအားလှည့်ပတ်ကြည့်ရူသင့်ပေသည် ။


ထောက်ပံ့ပေးမည့်မိဘနှင့် ကြိုးစားသင်ယူလိုသောကလေး သေချာပေါက် အောင်မြင်လိမ့်မည်ပင် ။ ဟန်ချင်းဖျင်မှာ စာမေးပွဲစစ်ဆေးရန်အလွန်တက်ကြွနေပြီး အကယ်၍ တဝမ်သာအောင်မြင်ခဲ့မည်ဆိုလျှင် အခြားသောကလေးများအတုယူနိုင်ရန်အတွက် တစ်ရွာအနှံ့လိုက်ကြေငြာပစ်မည်ဖြစ်သည် ။


" အမှတ်ငါးဆယ်ပြည့်အောင်လို့ဆိုပြီး သူ့ကိုလျော့မပေးပါနဲ့ "


ဟန်ချင်းဖျင် ကပြုံး၍ပြောလေ၏ ။


" ဒါပေါ့ ငါသူ့အပေါ်ဘက်မလိုက်ပါဘူး "


ဟန်ချင်းဖျင်၏ ကိုယ်ကျင့်တရားအရလည်း ကလေးတစ်ယောက်၏ စာမေးပွဲရလဒ်အပေါ် ဘက်လိုက်၍အနောက်တံခါးမှဝင်ရောက်စေခြင်းမျိုးပြုစေမည်မဟုတ်ပေ ။


လင်းလန် အိမ်ပြန်ရောက်သောအခါတွင် အားဝမ်နှင့်မိုင်စွေ့တို့က ချက်ပြုတ်ပြင်ဆင်နေကြပြီး တဝမ်ကခြံဝန်းထဲ၌မေးခွန်းများကိုဖြေဆိုနေလေသည် ။ သင်ရိုးမှဘာသာရပ်များမှာ အနည်းငယ်လွယ်ကူနေသေးသည် ။ အဓိကအားတွင် တရုတ်ဘာသာစကားဖြင့်တွက်ချက်မူကိုသင်ကြားရပြီး စာရေးနည်းများအပြင် အချို့သောကဗျာစာပေများကိုသင်ကြားရသည် ။


အဂ်လိပ်စာမှာ အလယ်တန်းသို့ရောက်မှသာစတင်သင်ကြားရမည်ဖြစ်ပြီး တရုတ်ဘာသာဖြင့်တွက်ချက်ရသောကြောင့် တဝမ်အတွက်အရမ်းမခက်ခဲပါချေ ။ အားဝမ်နှင့်မိုင်စွေ့တို့က ဆရာများထံမှမေးခွန်းစာအုပ်အချို့ကိုငှားရမ်း၍ တဝမ်နှင့်အတူတူပုစ္ဆာများကိုဖြေရှင်းကြသည် ။


အမြဲတစေရန်ထဖြစ်တတ်ပါသော်ငြား နားမလည်သည်များကိုအချင်းချင်းရှင်းပြကြဆဲပါပင် ။ တဝမ်အတွက် ပထမတန်း၊ ဒုတိယတန်းနှင့်တတိယတန်းသင်ခန်းစာများအားတစ်ပြိုင်တည်းလေ့ကျင့်ရသည်မှာအမှန်ပင်ခက်ခဲသော စမ်းသပ်မူဖြစ်သည် ။


ကံကောင်းစွာနှင့် စတုတ္ထတန်းသင်ရိုးမှသင်ခန်းစာများ၏တစ်ဝက်မှာ တတိယတန်းမှသင်ခန်းစာများဖြစ်သည့်အတွက် သေသေချာချာစာလေ့လာခဲ့မည်ဆိုလျှင် အတန်းကျော်တက်သောအခါမည်သို့သောပြဿနာမျိုးမှမရှိနိုင်ပါချေ ။


အလွန်အမင်း ဥာဏ်ရည်မကောင်းသောကလေးမျိုးမဟုတ်သရွေ့အနည်းနှင့်အများဖြတ်ကျော်နိုင်မည်ပင် ။ တဝမ်၏ အကျင့်စရိုက်မှာ ဟန်ချင်စုန့်နှင့်များစွာတူညီသည်ဖြစ်၍ ခက်ခဲသည့်အရာများကိုပင်ခေါင်းမာမာနှင့်မရရအောင်ဖြတ်ကျော်လိမ့်မည်ဖြစ်သည် ။


Xxxxxxx

Part 458


လင်းလန်က ခဏမျှရပ်ကြည့်နေပြီးနောက်တွင် ထောက်ပြပြောဆိုလိုက်သည် ။


" အဲ့ဒီပုစ္ဆာက ပုံသေနည်းကိုသာသိမယ်ဆိုရင်သေချာပေါက်လွယ်လွယ်လေးအဖြေထွက်တယ် "


အချို့သောသူများအတွက် သချ်ာမှာလွယ်ကူပါသော်လည်း အချို့သောသူများအတွက်မူ အဖြေထွက်အောင်တွက်ချက်ရင်းနှင့်ပင်သေသွားနိုင်လေသည် ။ 

ဥပမာအားဖြင့် ရိုးရှင်းသောပေါင်းခြင်းနှင့်နုတ်ခြင်းအား ပါးစပ်ဖြင့်ရေရွတ်ကာတွက်ချက်ခြင်းသို့မဟုတ် စိတ်မှတ်ဖြင့်တွက်ချက်ခြင်းတို့ဖြင့် လွယ်လွယ်ကူကူဖြေရှင်းနိုင်ကြသော်လည်း အချို့သူများမှာစျေးဝယ်သောအခါ ငွေရှင်းရန်ကိုပင်မတွက်ချက်နိုင်ကြသေးပေ ။ 


တစ်ခါတစ်ရံ ၌လက်ဆယ်ချောင်းဖြင့်ရေတွက်ကာတွက်ချက်နေကြခြင်းမျိုးလည်းရှိသည် ။ လင်းလန်၏ ဖြေရှင်းသောနည်းလမ်းအားကြားပြီးသောအခါတွင် သူ၏ခေါင်းတွင်ပိတ်ဆို့နေသောအရာများအားလုံးရှင်းလင်းသွား၍ ဥာဏ်အလင်းပွင့်သွားသလိုပင်ခံစားလိုက်ရလေသည် ။


လင်းလန်က ပြုံးကာပြောလိုက်သည် ။


" မားမားမင်းတို့ရဲ့ ကျောင်းအုပ်ကြီးနဲ့ပြောပြီးသွားပြီ ဆောင်းဦးမတိုင်မီ စာမေးပွဲမှာမင်းအမှတ်ကောင်းကောင်းရတယ်ဆိုရင် သားကိုစတုတ္ထတန်းကိုအတန်းကျော်တက်ခွင့်ပြုလိမ့်မယ် "


တဝမ်၏ မျက်လုံးများတလက်လက်တောက်ပလာလေ၏ ။


" တကယ်လား "


 လင်းလန်က ခေါင်းငြိမ့်ပြလိုက်လေသည် ။


" မင်းရဲ့မားမားက ဘယ်တုန်းက ညာပြောဖူးလို့လဲ "


တဝမ် "..."


တကယ်ဘဲ သူ့ရဲ့မကောင်းတဲ့အတိတ်ကိုမေ့သွားတာများလား...


မားမားက ဘယ်တုန်းကများဂတိတည်ခဲ့ဖူးလို့လဲ!


တဝမ်၏ မယုံကြည်သောအကြည့်များကြောင့် လင်းလန်က ချောင်းတစ်ချက်ဟန့်ကာ သူ၏ခေါင်းကိုပွတ်သပ်လိုက်သည် ။


" အခုကနေစပြီးတော့ သားသိချင်တာတွေအကုန်လုံး မားမားကိုလာမေးလို့ရတယ်... သားအတွက်ခက်ခဲနေတယ်ဆိုရင် ဖြေရှင်းနိုင်မဲ့နည်းလမ်းတွေမားမား သင်ပေးမယ် "


အတိတ်ဆိုးတွေကိုပြန်တူးဖော်နေလို့လဲဘာမှထူးလာမှာမှ မဟုတ်တာ !


အခုက သူမရဲ့သားကို အပြည့်အဝအားပေးကူညီရမဲ့အချိန်ပဲ!


သူမ၏ သားများနှင့်ပက်သက်၍သဘောကျဆုံးအချက်မှာ လုပ်မည်ဟုဆုံးဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် အလေးအနက်ထားကာအောင်မြင်အောင်ဆောင်ရွက်တတ်ခြင်းပင် ။ ထိုအကျင့်မှာ ဟန်ချင်စုန့်ထံမှ အမွေရထားသည်မှန်းမေးခွန်းထုတ်စရာပင်မလိုအပ်ပါချေ ။


တစ်ခုတည်းသောပြစ်ချက်မှာ သူတို့မကြိုက်သောအရာဆိုလျှင်လှည့်၍ပင်မကြည့်တတ်ခြင်းပါပင် ။ လင်းလန် အနေနှင့် မိမိကိုယ်တိုင်၏အရည်အချင်းနှင့်​ကြိုးစားကာအောက်ခြေအဆင့်မှတဖြည်းဖြည်းတက်ရောက်လာသူမျိုးကိုသာကြိုက်နှစ်သက်လေသည် ။


လူတစ်ယောက်အောင်မြင်သည်ကျရူံးသည်က ထိုသူ၏လူမူဆက်ဆံရေးနယ်ပယ်သို့မဟုတ်ပိုင်ဆိုင်သောစည်းစိမ်ဥစ္စာပစ္စည်းများကိုဆိုလိုသည်မဟုတ် ထိုသူမှာမိမိကိုယ်တိုင်၏ ကြိုးစားမူရလဒ်ကြောင့် စိတ်ကျေနပ်မူရှိမရှိ သို့မဟုတ်ကျန်းမာပျော်ရွှင်သောဘဝအားရရှိပိုင်ဆိုင်ထားသည်လားကသာအရေးကြီးသည် ။


ထို့အပြင် ထိုလူသည်မိမိတစ်ဘဝလုံးကြိုးစားရုနိးကန်ပြီးနောက် ရရှိလာသောအခြေအနေအားကျေနပ်ခြင်းရှိမရှိဆိုသည်ကလည်းအဓိကအချက်တစ်ချက်ဖြစ်သည် ။ သူမအတွက်မူ သူမ၏သတ်မှတ်သည့်ပန်းတိုင်ရောက်သည်နှင့် အောင်မြင်သည်ဟုယူဆကာဂုဏ်ယူမိမည်ပင် ။


လူတစ်ဦးနှင့်တစ်ဦး ကိုယ်စီသတ်မှတ်ထားသည့်အောင်မြင်မူစံနူန်းမှာလည်းကွဲပြားခြားနားသည်ပင် ။ ထို့အတွက်ကြောင့် တဝမ်၏စိတ်ကူးအားလှောင်ရီခြင်းမပြုခဲ့သလို တားမြစ်ခြင်းလည်းမပြုခဲ့ခြင်းဖြစ်သည် ။ 


လင်းလန်က သူ့အားအပြည့်အဝယုံကြည်ကြောင်းသတိထားမိသောအခါ တဝမ်၏ မျက်လုံးများမှာမျော်လင့်ချက်များဖြင့်တောက်ပလာလေသည် ။


" သားသေချာပေါက်လုပ်နိုင်မှာ "


လင်းလန်က ပြုံးကာ တဝမ်၏ခေါင်းအားပွတ်ပြီး ပခုံးကိုတစ်ချက်ပုတ်ကာအားပေးလိုက်သည် ။


" သားရဲ့ ပါးပါးနဲ့မားမားက ဂုဏ်ယူရဖို့စောင့်နေတယ် ကြိုးစားထားသားလေး "


ညစာစားသောက်ပြီးနောက် လူတိုင်းအလုပ်ကိုယ်စီနှင့်မအားလပ်ကြတော့ပေ ။ ကလေးများကအိမ်စာအတူတူလုပ်ရန်စုဝေးသွားကြပြီး လင်းခန်က ဟန်ချင်စုန့်နှင့်အတူ တဝမ်နှင့်စန်းဝမ် တို့၏အကြောင်းအားဆွေးနွေး​ပြောဆိုနေသည် ။ 


ဟန်ချင်စုန့်အနေဖြင့် အခြားသောကန့်ကွက်စရာမရှိပါချေ ။ လင်းလန်က အိမ်၏ငွေကြေးနှင့်အခြားသောအရာများအားစီမံခန့်ခွဲနေရသည်ဖြစ်၍ သူမသာသဘောတူညီသရွေ့သူ့ဘက်ကလည်းအဆင်ပြေသည်ပင် ။


ဟန်ချင်စုန့်မှာ ရှေးရိုးစွဲသောသူမျိုးဖြစ်သောကြောင့် အိမ်တွင်းရေးနှင့်အလုပ်၌တိကျသောစည်းမျဥ်းခြားထားလေသည် ။ သူသည်အိမ်ပြင်ပတွင်အလုပ်ရှာဖွေကာ ဇနီးမယားနှင့်သားသမီးတို့ကောင်းမွန်စွာနေထိုင်နိုင်ရန်ကြိုးစားမည်ဖြစ်ပြီး အိမ်တွင်းစီမံခန့်ခွဲမူ၌ လင်းလန်၌အာဏာအပြည့်အဝရှိသည် ။


ယောက္ခမနှင့်ချွေးမတို့၏ ပဋိပက္ခများတွင်ပင် တစ်ဖက်ဖက်အရမ်းကြီးမလွန်လာသရွေ့ သို့မဟုတ် သူ၏သည်းခံနိုင်သောစည်းကိုမကျော်သရွေ့ဝင်ပါခြင်းမရှိခဲ့ပါချေ ။ ကလေးများအားလုံးကျောင်းပို့သည့်ကိစ္စကိုပင် သူတစ်ချက်ကလေးမှမေးခွန်းမထုတ်ခဲ့ပေ ။


တစ်ခါတစ်ရံ ၌လင်းလန်မှာ သက်ပြင်းသာချမိလေသည် ။ 


ဟန်ချင်စုန့်က သူမကိုအရမ်းယုံကြည်သည်လော သို့မဟုတ်ဂရုမစိုက်တတ်သည်လောပင် ဝေခွဲမရခဲ့ပါချေ ။


ကလေးများ၏အမြင်၌ ဟန်ချင်စုန့်မှာ အေးစက်ပြီး စည်းကမ်းတင်းကြပ်သည့်ဖခင်တစ်ယောက်ပင် ။ တင်းကြပ်သောစည်းကမ်းများနှင့်လေ့ကျင့်ခန်းများအပြင် အမှားပြုလုပ်မိလျှင်မညှာမတာရိုက်နှက်ခံရခြင်းတို့မှာ ကလေးများ၏အမြင်တွင်ဆိုးဝါးပါသော်လည်း တစ်ဖက်တွင်မူ စာလေ့လာခြင်းနှင့်ကျန်းမာရေးအတွက်အထောက်ကူပြုသောလေ့ကျင့်ခန်းများနှင့် မိမိကိုယ်တိုင်ရပ်တည်ဆောင်ရွက်နိုင်စေခြင်းစသည့်အကျိုးကျေးဇူးများလည်းရှိနေသေးသည် ။ ဟန်ချင်စုန့် ၏ မိသားစုအပေါ်ပြုမူဆက်ဆံဆောင်ရွက်ပေးပုံမှာ အမှန်ပင်စံပြုရလောက်သည် ။


မိမိ၏အလုပ်မှပုံမှန်ဝင်ငွေရရှိစေရန်ဆောင်ရွက်သည့်အပြင် အလုပ်ရမှတ် များအတွက်လည်းထပ်မံအလုပ်လုပ်သေးသည် ။ အိမ်အလုပ်တွင်လည်း ဝိုင်းကူတတ်ပြီး လင်းလန်အားပိုက်ဆံကိစ္စနှင့်ပင်သက်၍ စိတ်မပူစေခဲ့သည့်အပြင် မိသားစုအတွက်လည်းအပြည့်အဝတာဝန်ယူမူရှိသော အိမ်ထောင်ဦးစီးတစ်ဦးပါပင် ။


လင်းလန်အနေနှင့် စန်းဝမ်အား ကြာပွတ်နှင့်ရိုက်သည်အားမြင်တွေ့ရစဥ်က အမှန်ပင်ထိတ်လန့်ခဲ့ရသည် ။ သို့သော်ငြား သေသေချာချာပြန်လည်တွေးတောကြည့်မည်ဆိုပါက ဟန်ချင်စုန့်၏ အပြစ်လည်းမဟုတ်ပါချေ ။ 


သူကြီးပြင်းခဲ့ရသောပတ်ဝန်းကျင်၌ ကလေးသူငယ်များအားဆုံးမရာတွင် ရိုက်နှက်သည်မှာပုံမှန်ပင် ။ ခေတ်သစ်ကလေးပြုစုပျိုးထောင်နည်းကဲ့သို့သော ညင်သာနွေးထွေးမူအားမသိခဲ့ပါပေ ။ ကလေးများအားအလွန်ချစ်ခင်ပါသော်လည်း သူ၏ချစ်ခြင်းမေတ္တာအားမည်ကဲ့သို့ထုတ်ဖော်ပြသရမည်အား မသိရုံသာ ။


ကလေးများလမ်းမှားရောက်သွားမည်အားလည်း စိတ်ပူနေသောကြောင့် ဆုံးမသည်နည်းလမ်းမှားယွင်းသွားရခြင်းပါပင် ။ ကံကောင်းစွာနှင့် သူမနှင့်အတူတူနေထိုင်ပြီးနောက်တွင် ဟန်ချင်စုန့် ၏အမြင်လွဲမှားနေမူအချို့အားပြင်ဆင်ပေးခဲ့သည့်အပြင် ကလေးများနှင့်မည်သို့ပြောဆိုဆက်ဆံရမည်အားလည်း အနည်းနှင့်အများသိနေပြီဖြစ်သည် ။


လင်းလန်မှာ အတွေးလွန်နေသောကြောင့် ဟန်ချင်စုန့်က သူမ၏လက်ကိုဆွဲကာမေးလိုက်သည် ။


" မင်းဘာတွေများတွေးနေရတာလဲ "


" မဟုတ်ပါဘူး "


သူမအနေဖြင့် ဟန်ချင်စုန့်အား အပြည့်အဝလက်ခံလိုက်ပြီဟုသောအချက်အား နှလုံးသားထဲ၌သာထိန်းသိမ်းထားမည်ပင် ။ အတူနေထိုင်သည်မှာကြာလာသည်နှင့် ဟန်ချင်စုန့်၏ ကောင်းကွက်များကိုပိုမိုမြင်တွေ့လာရသည် ထိုသူက အခြားသောယောက်ျားများနှင့်အကွာကြီးကွာလေသည် ။


Xxxxxxxx