အပိုင်း ၄၅၉-၄၆၀
Viewers 20k

Part 459


သူမအနေနှင့် ဟန်ချင်စုန့်၏ တာဝန်ယူကာသန်မာသောစိတ်ဓာတ်ကြောင့် စိတ်ချလတ်ချနေထိုင်နိုင်ပြီး အခြားသောအရာများအားအတွန့်တက်စရာမရှိပါချေ ။ ဘဝတိုတိုလေးတွင်း၌ ပျော်ရွင်စွာနေထိုင်ရရန်အတွက် ရှိတာနှင့်ကျေနပ်အောင်နေထိုင်တတ်ရပေမည် ။


လင်းလန်က သူမ၏လက်ညိုးလေးနှင့် ဟန်ချင်စုန့်၏ ရင်ဘတ်အားတိုထိကာမေးလိုက်သည် ။


" ဒီရက်တွေ ရှင်အလုပ်မသွားရဘူးမလား "


ဟန်ချင်စုန်က သူမ၏ ပခုံးကိုကိုင်ကာပြန်ဖြေလိုက်သည် ။


" ဒီရက်တွေအတွင့်တော့ ကိုယ့်မှာလုပ်စရာများများစားစားမရှိလောက်ဘူး "


ဟန်ချင်ဟွ ပြန်လာသည့်ရက်ပိုင်းအတွင်းတွင် ဟန်ချင်စုန့်နှင့် နေတိုင်းတွေ့ကာ ဆွေးနွေးပြောဆိုလေ့ရှိသည် ။ ပထမရက်အနည်းငယ်အတွင်း၌ ဟန်ချင်စုန့်က ဟန်ချင်ဟွထံသို့သွားရောက်လေ့ရှိသော်လည်း ဟန်ချင်ဟွမှာ လက်ထပ်ပြီးပြီဖြစ်သောကြောင့် အဝင်အထွက်ပြုလုပ်ရန်မသင့်လျှော်တော့ချေ ။


ထို့ကြောင့် ဟန်ချင်ဟွ ကသာခြံဝန်းထဲသို့လာ၍ စကားပြောဆိုလေ့ရှိသည် ။ မည်သို့ပင်ဟန်ချင်ဟွမှာ ပုံမှန်ကဲ့သို့ဖြစ်နေပြီး မကောင်းသောအကြံမရှိဟုဆိုပါစေ သူမအနေနှင့် မယုံကြည်နိုင်ပါပေ ။ ထို့အပြင် အဖွားကြီးဟန်နှင့်ပက်သက်သောသူများအားလည်းသဘောမကျသောကြောင့် သူမ၏မိသားစုနှင့် မပက်သက်စေချင်ပါပေ ။


နောက်ဆုံး၌ ထိုမကောင်းသောအကောင်မှာ သူမ၏အဖိုးတန်သားလေး စန်းဝမ်အားထိခိုက်ဒဏ်ရာရအောင်ရိုက်နှက်ခဲ့သူပါပင် ။ ပိုက်ဆံများပြန်ရခဲ့သည်ဆိုသော်ငြား ၊ ပြစ်ဒဏ်ခံရပြီးပြောင်းလဲခဲ့သည်ဆိုသော်ငြား မကောင်းသောအတိတ်၏မှတ်ဥာဏ်များကိုမေ့မပစ်နိုင်ပါပေ ။


တစ်ခါကိုက်ဖူးတဲ့ခွေးက နောက်မကိုက်ဘူးလို့ပြောလို့ရပါ့မလား?


သူမ၏ ကလေးများအားထိခိုက်စေလာမည်ဆိုပါကာ သာမအနေနှင့်ကမ္ဘာပျက်သည်အထိသောင်းကျန်းပစ်နိုင်သည် ။ ပထမအစ်ကိုကြီးဟန် က ဟန်ချင်ဟွအား လွှတ်ထားလိုက်ရန်ပြောဆိုခဲ့ပါသော်လည်း သူမစောင့်ကြည့်နေဦးမှာပင် ။ 


ဟန်ချင်စုန့် ကသူမအားရင်ခွင်ထဲသို့ဆွဲထည့်ကာ နမ်းလိုက်သည် ။ ဟန်ချင်စုန့်၏ အသားအရေမှာအမှန်ပင်ကောင်းမွန်လှသည် ။ သူ၏အသက်အရွယ်တူများနှင့်နိူင်းယှဥ်ကြည့်ပါက ဟန်ချင်စုန့် မှာသေချာပေါက်အရွယ်တင်သည် ။ 


လင်းလန်မှာ ဟန်ချင်စုန့်၏ ရင်ဘတ်အားလက်ညိုးနှင့်တို့ထိကာ သူမအတွေးနှင့်သူမရီမောမိလေသည် ။ ထိုအပြုအမူအား ခွင့်ပြုပေးသည်ဟုထင်မှတ်ကာ သူမ၏လက်ညိုးထိပ်ဖျားလေးကိုအသာအယာနမ်းလိုက်ရင်း ခပ်ဖွဖွကိုက်လိုက်လေသည် ။ 


ထိုမှတစ်ဆင့် ပူလောင်ပြင်းပြသောအနမ်းများမှာ သူမ၏လည်တိုင်တစ်လျှောက်ကျဆင်းလာခဲ့လေသည် ။ နမ်းရူံ့လိုက်ခပ်ဖွဖွကိုက်လိုက်နှင့် လည်တိုင်မှာသူမ၏ပျော့ကွက်နေရာမှန်းသိထားပြီးဖြစ်၍ စိတ်ကြိုက်ချယ်လှယ်နေတော့သည် ။ လင်းလန်မှာ သူမ၏လည်တိုင်ထိတွေ့ခံရသည်နှင့်တစ်ပြိုင်နက် ဟန်ချင်စုန့်၏ ရင်ခွင်အတွင်း၌ ဂျယ်လီကဲ့သို့ပျော့ခွေနေပြီပင် ။


ထို့နေည၌ ဟန်ချင်စုန့်မှာသူ၏ အမျိုးသမီးလေးမည်မျှပျော့ပြောင်းနူးညံ့ကြောင်း သိလိုက်ရပြီး အားများများပင်မသုံးရဲပါချေ ။ သို့သော်လည်း သူမ၏နူးညံ့မူနှင့်ကြင်နာတတ်မူကပင် သူ့အားပိုမိုကြမ်းတမ်းမိအောင်လူံ့ဆော်နေသကဲ့သို့ပင် ။ 


သံထည်ကဲ့သို့မာကျောနေသည့် သူ၏နှလုံးသားမှာအရည်ပျော်သွားခဲ့ရပြီး သူမ၏အရေပြားတစ်လက်မချင်းစီကပင် သူ့အပိုင်ဖြစ်ကြောင်းရေးထိုးထားချင်သည်အထိ သူမ၏တစ်ကိုယ်လုံး၌ သူ၏အငွေ့အသက်များသာပြည့်နှက်နေစေခဲ့သည် ။


×××


နောက်တစ်နေ့နံနက်အိပ်ရာထချိန်တွင် ဟန်ချင်စုန့်မှာ အိပ်ရာထသွားပြီဖြစ်ပြီး လင်းလန်တစ်ယောက်သာအိပ်ရာထဲတွင်ပြုံးဖြီးရင်းကျန်ခဲ့လေသည် ။ အရင်ထက်ပိုမိုစိတ်ပေါ့ပါးနေပြီး ကောင်ကင်ကြီးလည်းပိုမိုသာယာနေပုံပေါ်ကာ လေထုသည်ပင်ပိုမိုလက်ဆက်နေသလိုပင် ။


ကလေးများသည်လည်း ပုံမှန်ထက်ချစ်ဖို့ကောင်းနေကာ ဟန်ချင်ဟွကိုပင် စိတ်ရူပ်စရာအကောင်ဟုမမြင်မိပါတော့ချေ ။


မျက်စိတစ်မှတ်အတွင်းမှာပင် ဆောင်းဦးရာသီသို့ရောက်ရှိလာခဲ့လေသည် ။ 


ရာသီသုံးခုပေါင်းလျှင်တောင်မှ ဆောင်းဦးရာသီ၏အလုပ်များပုံကိုမှီနိုင်မည်မဟုတ်ပေ ။ ထို့အပြင် ဆောင်းရာသီရိတ်သိမ်းချိန်မှာ အကြာရှည်ဆုံးနှင့်အလုပ်များဆုံးပါပင် ။ ယခုအချိန်တွင် ပဲအမျိုးမျိုးကိုစတင်ရိတ်သိမ်းနိုင်ပြီး ဆောင်းလလယ်ပွဲတော်မတိုင်မှီပြောင်းဖူးများနှင့်အာလူးများကိုရိတ်သိမ်းပြီးအခြောက်ခံနိုင်ပြီဖြစ်သည် ။


နှင်းများထူထဲစွာမကျဆင်းမှီအချိန်တွင် အရာအားလုံးပြီးစီးအောင်ဆောင်ရွက်ထားရမည်ဖြစ်ပြီး စက်တင်ဘာသို့ရောက်သည်နှင့်အရာအာလုံးနောက်ကျသွားပေလိမ့်မည် ။ အလုပ်အရမ်းများကာပင်ပန်းသည်ဆိုသော်ငြား အထွက်နူန်းကောင်းသရွေ့လူတိုင်းပြုံးပျော်ရွှင်နေကြမည်ဖြစ်သည် ။


ကလေးများလည်း ပိတ်ရက်ရှည်ကြီးကြောင့်အလွန်ပျော်ရွှင်နေကြပြီး အလုပ်ရမှတ်အနည်းငယ်သို့မဟုတ် ရိက္ခာခွဲတမ်းပိုမိုရရှိရေးအတွက် လယ်ကွင်းထဲတွက်အလုပ်ဆင်းကြသည် ။ ပုံမှန်ပိတ်ရက်များမှာ အများအားဖြင့်ဆယ်ရက်သာအများဆုံးကြာရှည်တတ်သော်လည်း ဆောင်းရာသီပိတ်ရက်မှာ တစ်လတာကြာမြင့်လေသည် ။


ထိုအချိန်အတွင်း ပညာရေးစနစ်မှာ အလွန်လျော့တိလျော့ရဲနိုင်လှပြီး ကျောင်းချိန်များမှာ နေရာဒေသအလိုက် အလုပ်ရူပ်ခြင်းမရူပ်ခြင်းပေါ်တွင်သာမူတည်နေလေသည် ။ နွေဦးရာသီစတင်စိုက်ပျိုးချိန်နှင့် ဆောင်းဦး ရာသီကောက်ရိတ်သိမ်းချိန်တို့မှာ ပုံမှန်ကျောင်းပိတ်ချိန်များပင် ။


ကလေးများစတင်ကျောင်းပိတ်ပြီဆိုသည်နှင့် လင်းလန်မှာ အချို့သောအကြောင်းအရာများအားသီးသန့်သင်ကြားပေးခြင်းကိုစတင်ခဲ့သည် ။ သူမကလေးများ၏ ဆုံးဖြတ်ချက်ပြတ်သားသည်ကိုကြည့်ကာ အလွန်ပင်သဘောတကျကျေနပ်နေလေသည် ။


ဥပမာအားဖြင့်တဝမ်မှာ သူစိတ်ဝင်စားသောအရာများမှာ အပြစ်ပြောစရာမရှိလောက်သည်အထိပြီးပြည့်စုံအောင်ဆောင်ရွက်တတ်သည် ။ အချိန်လုကာစာလေ့လာနေရသည်မှာလည်း သူ့အတွက်ခက်ခဲသည်ပင် ။ မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးနောက်တွင် အလုပ်ရမှတ်များအတွက် အပြေးအလွှားအလုပ်ဆင်းရသေးပြီး စန်းဝမ်နှင့်အတူရေကူးရင်းနှင့်လည်းငါးဖမ်းတတ်သေးသည် ။ 


ထို့နောက် ညစာစားပြီးသည်နှင့်အိပ်ရာမဝင်မှီစာပြန်လေ့လာပြီး အခြားသူများထက်နောက်ကျမကျန်နေခဲ့ပါပေ ။ ကိစ္စများစွာအားတစ်ပြိုင်နက်တည်း အချိန်ကိုသေသေချာချာစီမံခန့်ခွဲပြီးကိုင်တွယ်တတ်ပုံမှာ ဟန်ချင်စုန့် နှင့်တစ်ပုံတည်းပါပင် ။


လင်းလန်က တဝမ်အားအကူအညီပေးချင်ပါသော်လည်း သူမ၏သားမှာအလုပ်နှစ်ခုလုပ်ရာတွင်ဆရာတစ်ဆူဖြစ်ကြောင်းသာတွေ့ရှိလိုက်ရသည် ။ ဥပမာအားဖြင့် ဝါဂွမ်းစေ့ကောက်နေစဥ်အတွင်း စာအုပ်ကိုခါးကြားထိုးထားကာ အချိန်မရွေးစာပြန်ကြည့်ပြီး စာကျက်နေသေးသည် ။


အခြားသောဝမ်းကွဲများကသူ့အား မေးခွန်းများမေးသောအခါတွင်လည်း အလုပ်လုပ်ရင်းနှင့်ပင်ဖြေကြားပေးတတ်ပြီး မေးခွန်းတစ်ခုမျှကိုတောင်လွတ်မသွားစေရပေ ။ တဝမ်အား အကူအညီပေးရန်အတွက် မိုင်စွေ့ ၊ အားဝမ်နှင့်စန်းဝမ်တို့မှာ ဆရာများထံမှစာအုပ်များငှားရမ်းပေးခြင်းအပြင် အလုပ်များအားကူလုပ်ပေးကြသည် ။


လင်းလန်သည်လည်း ဟန်ချင်းဖျင် ထံသို့သွားကာ တဝမ်အတွက်လွယ်ကူရိုးရှင်းသောမှတ်စုများထုတ်ပေးရန် တောင်းဆိုလေ့ရှိသည် ။


" လင်းလန် မှတ်စုတွေနဲ့တင် သူနားလည်နိုင်မှာမဟုတ်ဘူးနော်... ဘာလို့ သူ့ကိုငါ့ဆီလွှတ်ပြီး စာမလေ့လာခိုင်းတာလဲ...နားမလည်တာရှိရင်တစ်ခါတည်းရှင်းပြပေးလို့ရတာပေါ့ "


လင်းလန်က ပြုံးကာပြောလိုက်သည် ။


" ရပါတယ် သူနားမလည်တာရှိရင် ကျွန်မရှင်းပြပေးလို့ရပါသေးတယ် "


သူမအနေဖြင့် တဝမ်အား ကိုယ်တိုင်သာကြိုးစားပြီးအောင်မြင်စေချင်သည် ။ သူမသည်လည်း ဤပညာရေးစနစ်မှစာများအား ကျွမ်းကျွမ်းကျင်ကျင်ပြန်လည်ရှင်းပြသင်ကြားပေးနိုင်သည့်အတွက် ပြဿနာမရှိပါချေ ။


Xxxxxx

Part 460


လင်းလန်၏ စကားအားကြားသည်နှင့် ဟန်ချင်းဖျင်မှာ အံ့သြသွားရလေသည် ။


" မင်းကပြန်သင်ပေးမှာလား "


" ဟုတ်တယ် ကလေးတွေနဲ့အတူတူစာလေ့လာပြီး ကျွန်မရဲ့အခြေအနေကအရမ်းတိုးတက်လာတယ် ကျွန်မရဲ့ဟောပြောပွဲတုန်းကမတွေ့လိုက်ဘူးလား "


ထိုဟောပြောပွဲအတွင်းပြောဆိုအသုံးပြုခဲ့သောစာသားများနှင့်အကြောင်းအရာများမှာ လင်းလန် ကိုယ်တိုင်စီစဥ်ရေးသားထားခြင်းဖြစ်သည် ။ လွယ်ကူသော အခြေခံစကားလုံးများကိုသာအသုံးပြုရေးသားထားသော်လည်း သူမ၏စကားလုံးများအားရေးသားထားသောပုံမှာတိကျပြတ်သားကာလှပကြောင်း ဟန်ချင်းဖျင် သတိထားမိခဲ့သည် ။


သချ်ာဆရာပင် လင်းလန်၏ မှန်ကန်သောတွက်ချက်မူနည်းလမ်းကြောင့် အလွန်သဘောတကျရီမောခဲ့သေးသည် ။ လင်းလန်မှာ ယခုတလောတွင်ဆရာများကြား၌ရေပန်းစားဆုံးသောအမျိုးသမီးဖြစ်နေ၏ ။


" လင်းလန်... မင်းမသိတာတစ်ခုခုရှိတယ်ဆိုရင် ငါတို့ကိုအချိန်မရွေးလာမေးလို့ရတယ်နော် အားမနာနဲ့ "


စာလေ့လာသင်ယူလိုစိတ်ပြင်းပြသောသူတစ်ဦးအား ဆရာများသဘောမကျသည်ကမှထူးဆန်းနေပေဦးမည် ။ 


ဖတ်စာစာအုပ်များအားငှားရမ်းပြီးနောက် လင်းလန်က အလုပ်အားသည်နှင့်ဖတ်ရူပြီးနောက် ပထမတန်းနှပဥ္စမတန်းအထိ အရေးကြီးသောအချက်များကိုမှတ်စုထုတ်ခဲ့သည် ။ စာဖတ်တတ်ရေးမှာ ပထမဆုံးသောခြေလှမ်းဖြစ်ပါသော်လည်း အရေးအကြီးဆုံးနှင့်အဓိကအကျဆုံးမှာ ထိုစာများ၏ဆိုလိုရင်းကို တဝမ်နားလည်နိုင်ရန်သာဖြစ်သည် ။


ထို့ကြောင့် သူ၏အဆင့်နှင့်ကိုက်ညီသောစကားလုံးများကိုအသုံးပြု၍ မှတ်စုများပြန်လည်ပြင်ဆင်ပေးရခြင်းပင် ။ သုံးလေးရက်မျှအားကြိုးမာန်တက်စာဖတ်၍မှတ်စုထုတ်ပြီးသည့်နောက်တွင် လင်းလန်၏ မျက်လုံးများမှာကန်းလုနီးနီးပင်ဖြစ်သွားရပြီး မျက်စိအောက်ရှိညိုမဲကွက်နေပုံမှာပန်ဒါတစ်ကောင်ကဲ့သို့ဖြစ်နေလေသည် ။ 


ထို့ကြောင့် ဟန်ချင်စုန့်ပင် ရပ်ကြည့်မနေနိုင်တော့ဘဲ သူမအားဝိုင်းကူရလေတော့သည် ။


" နည်းနည်းပါးပါးအနားယူပါဦး ကိုယ့်ကိုယ်ကိုအရမ်းပင်ပန်းမခံနဲ့လေ "


လင်းလန်က သူမနားလည်ကြောင်းအသံပြုလိုက်ပါသော်လည်း သူမ၏မျက်လုံးများမှာတော့ စာအုပ်များမှမခွာပေ ။ ထို့အပြင် မှတ်စုရေးသားနေခြင်းအားလည်းရပ်နားခြင်းမရှိပါပေ ။


ဤရက်ပိုင်းအတွင်းလင်းလန်က တစ်နေကုန်စာအုပ်များနှင့်အချိန်ကုန်နေတတ်ပြီး ညဆိုပင်ပန်းလွန်း၍အိပ်ပျော်သွားတတ်ကာ သူ့အားဂရုမစိုက်သည်မှာကြာခဲ့ပြီပင် ။ ဟန်ချင်စုန့် ကစာအုပ်ကိုဆွဲယူလိုက်ပြီး သူမအားစိုက်ကြည့်နေသည် ။ 


သူ၏အကြည့်များအတွင်းတွင် မကျေနပ်မူတစ်စွန်းတစ်စနှင့် ကလေးဆန်ဆန်မနာလိုမူလေးပင်ပါဝင်နေလေသည် ။


ဘယ်လိုလုပ်ပြီး တဖြည်းဖြည်းရှောင်ဝမ်နဲ့ တူလာရတာလဲ?


သူမက ဟန်ချင်စုန့်၏ နူတ်ခမ်းထောင့်စွန်းအား အနမ်းပေးလိုက်ပြီး ပြဿနာမရှာရန်ပြောကာ စာဖတ်ပြီးမှတ်စုရေးခြင်းကိုသာဆက်လက်ပြုလုပ်နေလေသည် ။ သို့သော်လည်း ဟန်ချင်စုန့်က သူမ၏အာရုံစိုက်မူကိုရရှိရန်ကြိုးစားနေဆဲဖြစ်သောကြောင့် ပြုံကာသူ၏ခေါင်းကိုပုတ်ပေးရင်းပြောလိုက်သည် ။


" မနှောင့်ယှက်နဲ့တော့ "


ဟန်ချင်စုန့်က သူမအားလက်တစ်ဖက်ဖွင့်ပွေ့ဖက်ထားကာ ကျန်လက်တစ်ဖက်က စာဆက်ဖတ်မရစေရန် နှောင့်ယှက်နေပြီး သူမအားဂလိထိုးနေသောကြောင့် တောင်းပန်၍ ရပ်ခိုင်းရလေသည် ။


ဟန်ချင်စုန့် ကသူမအားလွှတ်ပေးလိုက်ပြီးနောက်တွင် မတ်တပ်ရပ်ကာသူ၏ကျောပေါ်သို့တက်စေကာ ကုန်းပိုးထားလေ၏ ။ လင်းလန်က ဟန်ချင်စုန့်အားဖက်တွယ်ထားရင်း သူ၏နားနားသို့ကပ်ကာ တိုးတိုးလေးနှင့်ညင်ညင်သာသာပြောလိုက်သည် ။


" ဒီနေ့ည အဲ့ဒီနေရာကို ကျွန်မပိုပြီးကြာကြာကြည့်ပါရစေ ...ဟုတ်ပြီလား "


ဟန်ချင်စုန့် " ... "


မင်းပင်ပန်းအိပ်မပျော်သွားဖို့ဘဲ ကိုယ်ဆုတောင်းပါတယ်ကွာ!


ထိုနှစ်ယောက်မှာ ကလေးများပြန်မလာခင်အချိန်အထိ တီတီတာတာစကားများပြောဆိုနေခဲ့ကြပြီး ကလေးများခြံဝန်းထဲသို့ဝင်လာသည့်အခါ၌ လင်းလန်က ဟန်ချင်စုန့်၏ ကိုယ်ပေါ်မှခုန်ဆင်းလိုက်သည် ။


" မားမား...မားမား...အစ်ကိုကြီးကမြွေကိုတောင်ဖမ်းနိုင်တယ်သိလား...အရမ်းအံ့သြဖို့ကောင်းတာပဲ "


စန်းဝမ်နှင့်အားဝမ်တို့မှာ အမြန်ပြေးလွှားလာကြပြီး စန်းဝမ်ကစိတ်လူပ်ရှားနေပြီး ရှောင်ဝမ်ကမူကြောက်ရွံ့သောကြောင့်ဖြစ်သည် ။ ထို့နောက်တွင် မိုင်စွေ့နှင့်အားဝမ်တို့ဝင်လာကြပြီး တဝမ်ကနောက်ဆုံးမှဝင်လာခဲ့သည် ။ လင်းလန်က ရေနံဆီမီးအိမ်ကို အမြန်ထွန်းကာပြောလိုက်သည် ။


" မားမားကိုပြပါဦး "


တဝမ်က မြွေသေအားပြရန်ထုတ်ယူလိုက်သည့်အချိန်တွင် စန်းဝမ်က စိတ်လူပ်ရှားစွာဖြင့် ထပြောလေသည် ။


" မားမား သာပြောပြမယ်သိလား ... သားတို့ဝမ်းကွဲတွေနဲ့အတူတူသွားနေတုန်း ဓာတ်မီးကဓာတ်ခဲအားကုန်သွားရော သားတို့ဓာတ်မီးကိုပြင်ဖို့လုပ်နေတုန်းမှာ ကုမိန်ကပျော့စိစိအရာတစ်ခုကိုစမ်းမိသွားတာ... အေးစက်နေတာပဲတဲ့ အဲ့တာနဲ့လန့်ပြီး မြွေကြီးလို့အကျယ်ကြီးထအော်ရော ...အဲ့ဒီမြွေကလေ ကုမိန်ဆီလာတော့ အစ်ကိုကြီးက ကြိုးနဲ့သူ့လက်ကိုပတ်ပြီး မြွေကိုဖမ်းလိုက်ရော "


မြွေကအဆိပ်မရှိတာသိသာသော်ငြား လင်းလန်က စိတ်ပူပန်နေရဆဲပါပင် ။


" အရမ်းအန္ဒရာယ်များလိုက်တာ သားတို့တစ်ခုခုမထိခိုက်သွားဘူးမလား "


တဝမ်က အေးဆေးတည်ငြိမ်သောအသံနှင့်ပြန်ဖြေလိုက်သည် ။


" ဘာမှမဖြစ်ပါဘူး မြွေသားကအရသာရှိတယ်လို့သား ကြားဖူးတယ် "


ခက်ခဲကြပ်တည်းသောကာလများအတွင်း၌ မြွေကိုပင်မဆိုထားနှင့် ကြွက်များနှင့်ဖားများကိုပင်စားသောက်ခဲ့ကြပြီးအဆိပ်ရှိသောအရာအချို့ကိုသာရှောင်ရှားခဲ့ကြလေသည် ။


မိုင်စွေ့က မြွေကိုကြောက်နေသောကြောင့်မေးလိုက်သည် ။


" အဲ့တာကြီးက တကယ်စားလို့ရလား "


လင်းလန်က ပြုံးကာပြောလိုက်သည် ။


" အင်း..မြွေသားကတစ်ကယ်ကိုအရသာရှိတယ် မနက်ဖြန်ကျရင်ချက်ကျွေးမယ် "


ထို့နောက် သူမက ဟန်ချင်စုန့်ဘက်သို့လှည့်ကာပြောလိုက်သည် ။


" ရှင်က မြွေကိုအရေခွံခွာပြီး အရိုးတွေဖယ်ပေးထား မနက်ဖြန်ကြရင်ဟင်းချက်ကျွေးမယ် "


ဟန်ချင်စုန့်က ခေါင်းငြိမ့်ပြကာပြန်ဖြေလိုက်သည် ။


" ကိုယ်တစ်ချက်ကြည့်ကြည့်လိုက်မယ် "


စန်းဝမ်က စိတ်လူပ်ရှားလွန်း၍ နောက်တစ်နေ့ရောက်ရန်ပင်မစောင့်နိုင်တော့ချေ ။ လင်းလန် ကမြွေနားတွင်ဝိုင်းအုံနေသောကလေးများအား အိပ်ရန်ပြောပါသော်လည်း နားမထောင်သောကြောင့် ဟန်ချင်စုန့် မျက်နှာတင်းတင်းနှင့်ဆူပူလိုက်သောအခါမှကုတင်ပေါ်အုပ်စုလိုက်ကုတ်တက်သွားကြလေသည် ။


အားဝမ်က ကုတင်ပေါ်တွင်လဲလျောင်းရင်း မြွေသားကိုမည်ကဲ့သို့ချက်ပြုတ်မည်ကိုစဥ်းစားနေလေသည် ။ ဟန်ချင်စုန့် ကမြွေကိုဆေးကြောကာအရေခွံခွာပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များနှင့်ရောနယ်ကာနှပ်ထားလိုက်သည် ။ 


ထို့နောက် ခြံဝန်းထဲသို့ဆင်း၍ မြေစိုက်မီးဖိုတစ်ခုပြုလုပ်ကာ မြွေသားကိုမီးအေးအေးနှင့်ဆက်နှပ်ထားလိုက်သည် ။ လင်းလန်က အနွေးကုတင်ပေါ်တွင်အေးအေးလူလူစာအုပ်ဖတ်နေပြီး ဟန်ချင်စုန့်အား ဆင်းကူညီရန်စိတ်ကူးမရှိပါချေ ။ သူမက ပြတင်းပေါက်မှခေါင်းထွက်ကာ ဟန်ချင်စုန့်အားလှမ်းမေးလိုက်သည် ။


" ဘာလို့အခုကတည်းက စချက်နေရတာလဲ "


" အခုကတည်းကမီးအေးအေးနဲ့နှပ်ထားမှာမနက်ကျရင် အဆင်သင့်နွှေးပြီးကျွေးလိုက်ရုံပဲလေ မင်းမပင်ပန်းတော့ဘူးပေါ့ "


လင်းလန်က အအေးဒဏ်နှင့်တီကောင်များအားအကြောက်ဆုံးပါပင် ။ ရာသီဥတုအနည်းငယ်မျှအေးလာသည်နှင့် အိပ်နေရုံကလွဲဘာအလုပ်မှမလုပ်ချင်တော့ပေ ။ 


Xxxxxx