အပိုင်း ၄၆၁-၄၆၂
Viewers 20k

Part 461


ထိုအကြောင်းအား ဟန်ချင်စုန့် လည်းသိသည်ဖြစ်၍ သူမအားအေးအေးလူလူသာနေစေသည် ။


ဟန်ချင်စုန့်၏ တွေးတောပေးမူကြောင့် သူမ၏နှလုံးသားလေးအရည်ပျော်သွားရကာ အခန်းထဲဝင်လာသည်နှင့် ဖက်နမ်းတော့သည် ။ ဟန်ချင်စုန့်က ခပ်ဖွဖွရီမောကာ သူ၏ကိုယ်တွင်ကြက်သွန်နံ့များစွဲနေသောကြောင့်ရေသွားချိုးလေသည် ။


ပြီးနောက်တွင် အိပ်ရယထဲသို့ဝင်ကာသူ၏ဇနီးလေးအားပွေ့ဖက်ထားတော့သည် ။ လင်းလန်က စာအုပ်ကိုကိုင်ထားရင်းသမ်းဝေပြီးမေးလိုက်သည် ။


" တစ်ညလုံးအဲ့လိုထားခဲ့ရင် တူးမသွားလောက်ဘူးလား "


" ကိုယ်သေသေချာချာစီစဥ်ထားခဲ့ပါတယ်ကွာ "


လင်းလန်က ဟန်ချင်စုန့်အား ကြည့်ကာပြောလေ၏ ။


" တစ်နာရီလောက်နှပ်ထားရင်အဆင်ပြေပြီထင်တာပဲ ဒါပေမဲ့နှစ်နာရီခွဲလောက်နှပ်ထားမယ်ဆိုရင်တော့ နူးညံ့ပြီးတော်တော်မွှေးသွားမယ်ထင်တယ် "


လင်းလန်က အရသာရှိသောမြွေသားအကြောင်းတွေးကာအားရနေစဥ်တွင် ဟန်ချင်စုန့်က လင်းလန်မည်မျှအရသာရှိကြောင်းကိုတွေးတောနေလေသည် ။


ဤရက်များအတွင်း၌ လင်းလန်မှာ စာဖတ်ခြင်းနှင့်မှတ်စုထုတ်ခြင်းတွင်သာနစ်မြုပ်နေပြီး ဟန်ချင်စုန့် အားတစ်ယောက်တည်းပစ်ထားသလိုဖြစ်နေခဲ့သည် ။ ဟန်ချင်စုန့်က လင်းလန်၏ လက်ထဲမှဖတ်စာအုပ်အားဆွဲယူကာပစ်ထုတ်လိုက်ပြီး သူမအား တင်းကြပ်စွာပွေ့ဖက်လိုက်လေသည် ။


သူမအားနမ်းလိုက်သောအခါတွင် နှင်းကဲ့သို့ဖြူဖွေးသောအသားအရေပေါ်တွင် ရှက်ရွံ့မူကြောင့်နီမြန်းလာသည်အားအလွန်နှစ်သက်လေသည် ။ သူမ၏မျက်ဝန်းအတွင်းတွင် မျက်ရည်များဝေ့သီနေပုံမှာသူ့အား ပိုမိုအနိုင်ကျင့်မိအောင်လူံ့ဆော်နေသလိုပင် ။


" မီးငြှိမ်းလိုက်ပါလား "


သူမ၏အသံမှာ နူးညံ့အားနည်းနေပုံပေါ်ကာ သူ၏နှလုံးသားအားယားယံသွားစေသည် ။


" မပိတ်ဘူး "


ပြင်းထန်သော ပူစပ်ပူလောင်လေ့ကျင့်ခန်းပြီးဆုံးသွားသည့်အချိန်တွင် မြွေသားနှပ်မှာလည်းအရသာရှိလှ​သောအနံ့သင်းသင်းလေးထွက်ပေါ်လာပြီဖြစ်သည် ။ လင်းလန်က ဟန်ချင်စုန့်၏ ရင်ဘတ်အားရိုက်ကာမေးလိုက်သည် ။


" ရှင်အိပ်တောင်ပျော်နေပြီလား "


ဟန်ချင်စုန့်က သူမ၏လက်ကိုကိုင်ကာပြောလိုက်သည် ။


" ကိုယ်မအိပ်သေးပါဘူးကွာ "


မအိပ်သေးတာက နောက်တစ်ခေါက်ထပ်လုပ်ချင်တဲ့အကြံနဲ့မလား?


စိတ်တောင်မကူးနဲ့!


" အနံ့ကအရမ်းမွှေးတာပဲ ရှင်ဗိုက်မဆာဘူးလား "


လင်းလန်က ဟန်ချင်စုန့်၏ ရင်ဘတ်ပေါ်တွင်လက်နှင့်ထောက်ကာ ပြတင်းပေါက်အပြင်ကိုမျှော်ကြည့်လိုက်သည် ။


" ကိုယ်အခုလေးတင်စားပြီးလို့ ဗိုက်ပြည့်နေတယ် "


လင်းလန် "..."


စကားကိုအတည်တကျပြောလို့မရဘူးလား!


ဟန်ချင်စုန့်က လင်းလန်၏ဒေါသမျက်စောင်းများနှင့်အကြည့်ခံလိုက်ရသောကြောင့် သူ၏ဇနီးလေးစိတ်ချမ်းသာစေရန်အတွက် ဟင်းပြင်ပေးရန်ထလိုက်သည် ။


" စားလို့ရလောက်ပါပြီ ကိုယ်မင်းအတွက်ပြင်ပေးမယ် "


ဟန်ချင်စုန့် ဟင်းသွားယူနေသည့်အချိန်တွင် လင်းလန်မှာဆေးကြောအဝတ်အစားလဲပြီးနောက် စောင်ပုံထဲသို့ပြန်တိုးဝင်ကာ ဟန်ချင်စုန့်အားထိုင်စောင့်နေလေသည် ။ ဟင်းအိုးအားဖွင့်လိုက်သောအခါတွင် အရသာရှိလှသောအနံ့မှာတစ်ခန်းလုံးအနှံ့ပျံ့နှံ့သွားလေသည် ။


လင်းလန်က အံ့သြတကြီးရေရွတ်ပြီးနောက်ပြောလိုက်သည် ။


" ကိတ်မုန့်နဲ့တွဲစားရင်ကောင်းမယ်ထင်တယ် "


ဟန်ချင်စုန့်က သူမအတွက် ပန်ကန်လုံး ၊ ဇွန်းနှင့်တူအပြင် ကိတ်မုန့်ကိုပါယူလာပေးလေသည် ။ လင်းလန်က ဟင်းရည်အနည်းငယ်ခပ်ထည့်ကာသောက်ပြီးနောက်ပြောလိုက်သည် ။


" တကယ်ကြီး အရသာရှိလိုက်တာ... မြွေသားရဲ့ညှီတဲ့အနံ့က ကြက်သွန်နီနဲ့ဂျင်းကြောင့်ပျောက်သွားတာပဲ... နည်းနည်းလေးမှမညှီတော့ဘူးနော် အရသာရှိလွန်းလို့ ကျွန်မကိုယ့်လျှာကိုယ်တောင်မြိုချမိတော့မလို့ "


သူမက ဟန်ချင်စုန့်အတွက် မြွေသားအနည်းငယ်ဖဲ့ပေးလိုက်ပြီးနောက် မြည်းစမ်းကြည့်လိုက်သည် ။ အသားအရသာမှာ ကြက်သားနှင့်ဆင်တူပါသော်ငြား ပိုမိုနူးညံ့ကာအရသာပိုရှိလေသည် ။ လင်းလန်က ဟန်ချင်စုန့် အားပိုမိုစားသောက်ရန်ပြောပြီးနောက် အသားတစ်ပိုင်းအားထည့်ပေးလိုက်သေးသည် ။


" များများစားစမ်းပါ "


ထိုအချိန်တွင် အအိပ်ကြမ်းသော စန်းဝမ်မှာ တဝမ်၏ခြေထောက်ကိုခွထားပြီး လက်နှင့်လည်းဖက်တွယ်ထားကာ ရေဘဝဲတစ်ကောင်ကဲ့သို့ပင် ။ ထို့အပြင် ပါးစပ်မှတတွတ်တွတ်ရေရွတ်နေသေးသည် ။


" အရသာရှိလိုက်တာ... အရသာရှိလိုက်တာ...အရသာရှိလိုက်တဲ့ ဝက်ခြေထောက်လေး "


ပြီးနောက် တဝမ်၏ပခုံးကို အားနှင့်ကိုက်ချလိုက်လေသည် ။ တဝမ်က နာကျင်သွားရသောကြောင့်လန့်ဖြပ်သွားရပြီး စန်းဝမ်အား ကန်ထုတ်လိုက်လေသည် ။ နံရံတွင်ကပ်သွားရသော စန်းဝမ်ကအိပ်ချင်မူးတူးနှင့်သူ၏ခေါင်းကိုပွတ်သပ်ကာရေရွတ်နေတော့၏ ။


" ဝက်ခြေထောက်ကနံလိုက်တာ... အရသာလည်းမရှိဘူး "


တဝမ် "..."


တဝမ်က အလွန်အရသာရှိမှာသေချာသော အနံ့တစ်ခုအားရလိုက်လေသည် ။ သူ၏တစ်ဘဝလုံးတွင် ထိုကဲ့သို့သောအနံ့မျိုးကိုတစ်ခါမှမရခဲ့ဖူးပါပေ ။ 


ဘာအနံ့လဲ?


ထိုအချိန်၌ပင် လင်းလန်ကဟန်ချင်စုန့်အား မြန်မြန်စားရန်တိုက်တွန်းနေသံကိုကြားလိုက်ရသည် ။


" အရမ်းရသာရှိတာပဲ...ရှင်ပြောကြည့် တဝမ်ကိုနောက်တစ်ကောင်ထပ်ဖမ်းခိုင်းမလား ဒါမှမဟုတ် သူတို့စားဖို့အတွက်ချန်ထားပေးမလား "


တဝမ်က အသေကောင်ကဲ့သို့အိပ်ပျော်နေသော စန်းဝမ်၏ကျောကုန်းကို ဒေါသတကြီးတစ်ချက်ရိုက်လိုက်သည် ။ လင်းလန် ပျော်ပျော်ရွှင်ရွှင်စားသောက်နေသည့်အချိန်တွင် ကလေးများ၏အခန်းမှအသံကိုကြားလိုက်ရလေသည် ။


" မားမားက သားတို့ကိုမကျွေးဘဲ ခိုးစားနေတာလား "


စန်းဝမ်က တူနှင့်ပန်းကန်လုံးကိုကိုင်ကာ ဖိနပ်ပင်မစီးနိုင်ဘဲ လင်းလန်တို့အခန်းအားပြေးလာလေတော့သည် ။


မကြာခင်မှာပင် အားဝမ်နှင့်မိုင်စွေ့တို့ပါရောက်လာကြလေသည် ။ ခိုးစားနေသည်အားလူမိသွားသောကြောင့် လင်းလန်ကအရှက်ပြေရီမောကာပြောလိုက်သည် ။


" ဟားဟား...မင်းတို့ကအရမ်းအနံ့ခံကောင်းကြတာပဲ ...မားမားက စားလို့အဆင်ပြေမပြေမြည်းကြည့်ပေးတာပါ... မင်းတို့ပါးပါးကိုမေးကြည့်ပါလား မားမားကမြည်းကြည့်ပေးတာ "


ကလေးများအားလုံး အားရပါးရစားသောက်နေစဥ်အတွင်း၌ ရှောင်ဝမ် တစ်ယောက်သာ အားရပါးရအိပ်မောကျနေပြီး ဘာဆိုဘာမှမသိပါချေ ။ လင်းလန်က ကလေးများ၏ပန်းကန်ထဲသို့အသားခွဲဝေထည့်ပေးရင်းပြောလိုက်သည် ။


" ဖြည်းဖြည်းစားကြ မြွေသားနော် ကြက်သားမဟုတ်ဘူးနည်းနည်းလောက်ချန်ထားကြဦး "


စန်းဝမ်က တဝမ်အားပြောလိုက်သည် ။


" အစ်ကိုကြီး လိပ်မဖမ်းမိတဲ့အခါကျရင် မြွေဘဲလိုက်ဖမ်းကြရအောင်နော် "


" ဒီဘက်မှာမြွေမပေါဘူး ရှာရခက်တယ် "


အားဝမ်က စားသောက်နေရင်းပလုပ်ပလောင်းနှင့်ပြောလိုက်သည် ။


" သခ်ျိုင်းမှာ မြွေတွေအများကြီးရှိတယ်မဟုတ်ဘူးလား "


မိုင်စွေ့က ကြောက်ရွံ့သောလေသံနှင့်ပြောလေ၏ ။


" ကြောက်စရာကြီးကို "


လင်းလန်က လည်းဝင်ပြောလိုက်သည် ။


" အဲ့ဒီနေရာကို​တော့မသွားကြပါနဲ့ စိတ်မချဘူး အန္ဓရာယ်အရမ်းများတယ် မင်းတို့တစ်ခုခုဖြစ်ရင်ဘယ်သူမှသိလိုက်မှာမဟုတ်ဘူး "


တဝမ်က ခေါင်းငြိမ့်ပြလေ၏ ။


" သားသိပါပြီ "


စန်းဝမ်က တွေးမိသွားကာဝမ်းသာအားရပြောလိုက်သည် ။


" ဂဏန်းတွင်းတွေဘက်မှာ မြွေတွင်းတွေရှိတယ်လေ ရေမြွေတွေဆိုတော့ဖမ်းရတာလွယ်မှာပါ "


Xxxxxxx

Part 462


နောက်တစ်နေ့နံနက်၌ လင်းလန်တို့မိသားစု ညသန်းခေါင်၌ အသားစားသောသတင်းမှာ တစ်ရွာလုံးအနှံ့ပျံ့နှံ့သွားပြီပင် ။ ရက်ပေါင်းများစွာအသားမစားခဲ့ရသော အိမ်နီးချင်းများမှာမွှေးပျံ့သောအနံ့ကြောင့် ဗိုက်ဆာဆာနှင့်နိုးထလာကြရပြီး အသား၏အရသာအားတစ်ကိုက်မျှမြည်းစမ်းခွင့်ရဖို့ပင်မျှော်လင့်နေကြသေးသည် ။ 


အရမ်း အရသာရှိလောက်မှာနော်!


မိသားစုခွဲထွက်ပြီးပြီဖြစ်၍ မိမိတို့၏မိသားစုအတွက်စားသောက်ရန်ကိုယ်တိုင်စီမံနေရပြီး လင်းလန်ကဲ့သို့အစားအသောက်ကောင်းကောင်းစီမံနိုင်ရန်မအားလပ်ကြပါချေ ။ 


နာမည်ကြီးတဲ့ မိန်းမဆိုးဖြစ်တော့ရောဘာဖြစ်လဲ မိသားစုစားသောက်ဖို့အတွက် အစားအသောက်ကောင်းတွေချက်ပြုတ်တတ်တယ်လေ!


သဘာဝကျစွာပင် လင်းလန်မှာ အမျိုးမျိုးပျံ့နှံ့နေသောကောလဟာလများအကြောင်းမသိခဲ့ပါချေ ။ သူမ၏မိန်းမဆိုးဂုဏ်ပုဒ်၏နောက်တွင် အသုံးအဖြုန်းကြီးသောရာထူးတစ်ခုပါပိုလာခဲ့လေသည် ။ 


ရှောင်ဝမ်နိုးလာသောအခါတွင် မျက်နှာမသစ်ရသေးမှာပင် မေးလိုက်လေသည် ။


" အိမ်ထဲမှာအရသာရှိတဲ့ အနံ့တွေရနေတယ် "


စန်းဝမ်က ရှောင်ဝမ်၏လက်ကိုဆွဲကာအတွန့်တက်နေသောလေသံနှင့်ပြောလိုက်သည် ။


" ရှောင်ဝမ် မင်းမနေ့ညကတစ်ယောက်တည်း ဝက်ခြေထောက်နဲ့ ပါးပါးချက်တဲ့မြွေသားဟင်းကိုစားရတာကောင်းလား "


ရှောင်ဝမ်မှာ ဆံပင်ထောင်မတတ်လန့်ဖြပ်သွားရလေသည် ။


" ငါစားလိုက်တာလား "


အိပ်မက်မဟုတ်ဘူးလား?


အိပ်မက်မက်တုန်းက အစ်ကိုကြီးနဲ့တစ်မိသားစုလုံး စားသောက်နေကြတာပါ ဘာလို့ငါစားတယ်ဖြစ်သွားရတာလဲ!


လင်းလန်မှာ ရီရလွန်းလို့အုတက်နေပြီပင် ။ မြွေသားဟင်း၏အကျိုးသက်ရောက်မူမှာအမှန်ပင် အစွမ်းထက်လေသည် ။ ရက်အနည်းငယ်အတွင်းမှာပင် မူလန်းတစ်ခုလုံးစာအတွက်မှတ်စုထုတ်ခြင်းလုပ်ငန်းမှာပြီးမြောက်သွားပြီဖြစ်သည် ။ 


တဝမ်မှာ အတိအကျရေးမှတ်ထားသောမှတ်စုများကိုကြည့်ကာ မျက်လုံးများကျွတ်ကျသွားမတတ်အံ့သြသွားရလေသည် ။ မှတ်စုများမှာဘာသာရပ်အလိုက်အသေအချာပိုင်းခြားထားပြီး ကြိုးနှင့်စီထားသောပုလဲလုံးများကဲ့သို့ပင် ။


လင်းလန်က စိတ်ကျေနပ်အားရစွာပြောလိုက်သည် ။ 


" ဒီအချက်တွေအကုန်လုံးကို သေသေချာချာကျက်မှတ်ဖို့ မိနစ်ငါးဆယ်ဘဲလိုလိမ့်မယ် "


သူမတွင် ယုံကြည်ချက်အပြည့်ရှိလေသည် ။ အမှန်တကယ်၌ အချက်များကိုမှတ်မိရန်မှာလေ့ကျင့်ရန်လိုအပ်သေးပြီး အချိန်အတည်းငယ်အတွင်းတွင်ပြီးမြောက်နိုင်လိမ့်မည်မဟုတ်ပေ ။ မိုင်စွေ့နှင့်အားဝမ်တို့က လင်းလန်အား အားကိုးတကြီးကြည့်ကာ မျက်လုံးများမှာတလတ်လတ်တောက်ပနေလေသည် ။


" မားမား ဒီလိုအရမ်းကောင်းတဲ့နည်းလမ်းကိုဘယ်ကရခဲ့တာလဲ "


သူတို့လဲသင်ချင်တယ်လေလို့!


" စာဖတ်ပြီးရင်းစာဖတ်တာပေါ့ ဟင်းချက်သလိုပဲလွယ်လွယ်လေးရယ် ...ဥပမာ ကြက်သားဟင်းချက်တတ်ရုံနဲ့ ဝက်သားဟင်းရောငါးဟင်းရောချက်တတ်သွားသလိုဘဲပေါ့ "


စန်းဝမ်က ရီမောကပြောလိုက်သည် ။ 


" သားက​တော့ အပ်ချုပ်စက်နဲ့စောင်ဘယ်လိုချုပ်ရမလဲသိတယ် "


လင်းလန်က စန်းဝမ်၏နားရွက်အား ခပ်ဖွဖွဆွဲလိမ်လိုက်လေသည် ။


" ဒီကလေးကတော့ "


စန်းဝမ်က ရှောင်ဝမ်၏အနောက်သို့ပြေးပုန်းလေ၏ ။ ရှောင်ဝမ်က စာလေ့လာသည်ဆိုသည်မှာဘာကြီးမှန်းမသိပါသော်လည်း လင်းလန်ပင်ပန်းခဲ့ရသည်အားမြင်သောကြောင့်ပြောလိုက်သည် ။


" မားမားအတွက် တစ်ခုခုချက်ပေးဖို့ထင်းသွားကောက်ရအောင် "


ကလေးများထွက်သွားသည့်အချိန်တွင် လင်းလန်က တဝမ်နှင့်စကားပြောရန်ကျန်ခဲ့လေသည် ။ တဝမ်မှာ ငယ်ရွယ်ပြီးတက်ကြွသောအရွယ်ဖြစ်၍ သူ့ဦးနှောက်၏မှတ်ဥာဏ်စွမ်းရည်မှာလည်းကောင်းမွန်သည်ပင် ။ ထို့ကြောင့် အခြေခံကျသောအချက်များများကိုမှတ်သားရန်မှာပြဿနာမရှိပါချေ ။


ဥပမာတစ်ပုဒ်အားဖြေရှင်းလိုက်ရုံဖြင့် ပုံစံတူညီသောအခြားပုစ္ဆာများအားအလိုအလျှောက်ဖြေရှင်းတတ်သွားပြီဖြစ်သည် ။ ထို့ကြောင့် လင်းလန် ခွဲထုတ်ပေးသောပုံစံတူအမျိုးအစားပုစ္ဆာများမှာ တဝမ်အတွက်အလွယ်တကူပင်ဖြေရှင်းနိုင်သည် ။


ဤနည်းအားဖြင့် အမျိုးအစားစုံလင်စွာရောနှောနေသော ပုစ္ဆာများကြောင့် မည်သည့်နည်းနှင့်တွက်ချက်ရမည်လော ဦးနှောက်စားစရာမလိုတော့ပါချေ ။


နေ့တစ်ဝက်ခန့်ကြာသောအခါမှ အရင်ကခက်ခဲရူပ်ထွေးခဲ့သောပုစ္ဆာမျာအား လွယ်လွယ်ကူကူပင်တွက်ချက်ပြီးသွားကြောင်းတွေ့လိုက်ရသည် ။ တွက်ချက်မူအဆင့်မှာလည်း တိုတိုတုပ်တုပ်နှင့်လိုရင်းရောက်လေသည် ။


အားဝမ်နှင့်မိုင်စွေ့တို့ပင် လန့်သွားရသည်မဟုတ်ဘဲ သချ်ာဆရာသည်ပင်မယုံနိုင်ဖြစ်သွားရလေသည် ။ ဟန်ချင်းဖျင် မှာတဝမ်၏ကြိုးစားလိုစိတ်အား အလွန်သဘောကျသည်ဖြစ်သောကြောင့် မေးခွန်များကိုသင်ကြားပြသပေးရန်ယောင်လည်လည်လုပ်ကာ ရောက်လာခဲ့ခြင်းဖြစ်သည် ။


မထင်မှတ်ထားသည်မှာ သူသင်ကြားပေးရန်လာကြည့်သောကလေးက ပြန်သင်စရာမလိုလောက်သည်အထိ ကျွမ်းကျင်ပိုင်နိုင်စွာတွက်ချက်ပြသသွားခြင်းပင် ။ ဟန်ချင်းဖျင် ကတဝမ်၏အဖြေများကိုကြည့်ကာ ဝမ်းသာအားရဖြစ်နေလေသည် ။


" ကောင်းလိုက်တာ အရမ်းကောင်းတယ် "


ချီးကျူးခံလိုက်ရသောတဝမ်မှာစိတ်ထဲမှ ဂုဏ်ယူမိနေပါသော်လည်း မျက်နှာသေဖြင့်ကြည့်နေခဲ့သည် ။ ဟန်ချင်းဖျင် ကသချ်ာဆရာအား တဝမ်အားမေးခွန်းများမေးစေပြီး စမ်းသပ်စေသည် ။ တဝမ်က အဖြေများအားမှန်ကန်စွာတွက်ချက်ပေးနိုင်သည့်အပြင် ထိုအဖြေများထွက်သည်အထိတွက်ချက်ရန်အချိန်အနည်းငယ်သာကြာလေသည် ။ 


လင်းလန်၏ သင်ကြားမူနည်းစနစ်မှာ အံ့ဖွယ်ပင် ။ ဆရာများမှာ တဝမ်အားနားလည်ပေ၏ ။ ကလေးများမှာငယ်ရွယ်ဆဲအချိန်တွင်ပုန်ကန်တတ်ပြီး မနာခံလိုသည်မှာသဘာဝပင် သို့သော်လည်း ဖြစ်မြောက်အောင်လုပ်ဆောင်ရန်ဆုံးဖြတ်ပြီးသည်နှင့် လက်မလျှော့တတ်ကြတော့ပေ ။ 


လင်းလန်ကမူ ကွဲပြားလေသည် ။ သူမက ကလေးငါးယောက်မွေးဖွားထားပြီး သေသေချာချာစာသင်ကြားခြင်းမရှိခဲ့ပါဘဲ ကလေးများနှင့်အတူလေ့လာခဲ့ခြင်းသာဖြစ်သည် ။


လင်းလန်က ပြုံးကာပြောလေသည် ။


" ဆရာတို့က ကျွန်မကိုအရမ်းချီးကျူးနေပါပြီ ကျွန်မက အရေးကြီးမယ်ထင်တဲ့အချက်တွေကိုပဲ ဖတ်ပြီးရေးချထားတာပါ ဘာမှထူးထူးခြားမရှိပါဘူး "


သူမက အမှန်ပင် ခေတ်သစ်သင်ကြားရေးနည်းစနစ်မှအချက်အနည်းငယ်ကိုသာထုတ်ယူသုံးစွဲခဲ့ခြင်းဖြစ်သော်လည်း ကလေးများ၏မျက်လုံးထဲတွင် မဟာပညာရှိကြီးဖြစ်နေတော့သည် ။ 


သူတိ့ရဲ့အမေက ဘယ်နေရာမှာမဆိုကျွမ်းကျင်တယ်!


စာသင်ကြားခြင်းနှင့်ပက်သက်၍ ကလေးများတွင် ထင်မြင်ယူဆချက်အသစ်တစ်ခုရှိလာသည် ။


" စာလုပ်တာကမခက်ခဲပါဘူး... ငါတို့ရဲ့မားမားက မူလတန်းစာတွေကိုရက်နည်းနည်းနဲ့အလွတ်ရတဲ့အထိမှတ်မိတယ် "


အနာဂတ်၌ တစ်စုံတစ်ယောက်က စာလုပ်ရတာခက်ခဲသည်ဟုညည်းညူပြောဆိုလာခဲ့မည်ဆိုလျှင် မောင်နှမတစ်သိုက်ကလေသံတစ်မျိုးတည်းနှင့်ပြောဆိုလိုက်လိမ့်မည် "


လုံလောက်အောင်ကြိုးစားအားထုတ်မူမရှိလို့ခက်ခဲတာပေါ့!


ကြိုစားရင်ဘာမှမခက်ခဲဘူး!


လင်းလန်က သူမ၏မှတ်စုများကို ဆရာများထံသို့မျှဝေပေးခဲ့ပြီး နာမည်ကောင်းဝင်ယူရန်မကြိုးစားခဲ့ဘဲ ဆရာများ၏သင်ကြားပြသမူကြောင့်ဟုသာပြောဆိုထားသည် ။ သို့သော်လည်း ကလေးများအားစသင်သည့်အချိန်တိုင်း၌ ဆရာများကလင်းလန်အား အတောမသတ်နိုင်အောင်ချီးမွမ်းကြလေသည် ။


ဘာလဲ!


မိန်းမကြမ်းကြီးကရုတ်ရက်ဥာဏ်ကြီးရှင်ဖြစ်သွားတာလား ဟ!


ထို့ကြောင့် အသုံးအဖြုန်းကြီးသော မိန်းမဆိုးကြီး ဂုဏ်ပုဒ်၏နောက်၌ ဥာဏ်ကြီးရှင်ဟုကပ်ပါလာခဲ့သည် ။ 


×××


ထို့နောက်၌ လင်းလန်မှာ ရာသီဥတုအေးအေးတွင် အိပ်လိုက်စားလိုက် ချက်ပြုတ်လိုက် စာဖတ်လိုက်နှင့်အေးအေးလူလူအချိန်ဖြုန်းနေလေသည် ။ မျက်စိတစ်မှတ်အတွင်းမှာပင် သြဂုတ်လ၁၅ရက်နေ့ သို့ရောက်ရှိလာပြီဖြစ်ပြီး အတန်းတင်စာမေးပွဲအားကျင်းပတော့မည်ဖြစ်သည် ။


Xxxxxx