အပိုင်း ၄၆၃-၄၆၄
Viewers 21k

Part 463


ထို့နောက်၌ လင်းလန်မှာ ရာသီဥတုအေးအေးတွင် အိပ်လိုက်စားလိုက် ချက်ပြုတ်လိုက် စာဖတ်လိုက်နှင့်အေးအေးလူလူအချိန်ဖြုန်းနေလေသည် ။ မျက်စိတစ်မှတ်အတွင်းမှာပင် သြဂုတ်လ၁၅ရက်နေ့ သို့ရောက်ရှိလာပြီဖြစ်ပြီး အတန်းတင်စာမေးပွဲအားကျင်းပတော့မည်ဖြစ်သည် ။


ကျောင်းသို့မသွားမှီတွင် လင်းလန်က တဝမ်၏ပုခုံးအားပုတ်ကာအားပေးလိုက်သည် ။


" အမှတ်ငါးဆယ်ကနည်းနည်းလေးပါ သားလုပ်နိုင်မယ်လို့ မားမားယုံတယ် "


စန်းဝမ်က ဥဝပ်နေသောကြက်မအားကြည့်ကာတံတွေးမြိုချပြီးနောက်ပြောလိုက်သည် ။


" မားမား အစ်ကိုကြီးကိုဂုဏ်ပြုတဲ့အခါကျရင်ကြက်သားစားတာကောင်းမယ်နော် "


လင်းလန်က ပြုံးကာသဘောတူလိုက်သည် ။


" ဒါပေါ့ "


ကလေးများကျောင်းသွားသည်ကိုနောက်မှကြည့်ရင်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုတော့မည့်သားသမီးကိုလိုက်ပို့နေသည့်မိဘကဲ့သို့ခံစားလိုက်ရလေသည် ။


တဝမ် လုပ်နိုင်မှာပါ!


မားမား ဂုဏ်ယူရဖို့စောင့်နေမယ်!


ကျောင်းခေါင်းလောင်းထိုးသည်နှင့်တစ်ပြိုင်နက် ကလေးများမှာ စာမေးပွဲဖြေဆိုရရန်အတွက် စိတ်လှုပ်ရှားနေကြသည် ။ ဟန်ချင်းဖျင် နှင့်ဆရာများမှာအတန်းအလိုက် မေးခွန်းစာရွက်ကိုစတင်ဝေပေးနေပြီဖြစ်သည် ။


တဝမ် ကပထမတန်းတွင်သာရှိသေးပြီး စန်းဝမ် ကဒုတိယတန်းတွင်ဖြစ်ကာ မိုင်စွေ့နှင့်အားဝမ်တို့မှာ တတိယတန်းတွင်ဖြစ်ကြပြီး အကယ်၍ တဝမ်သာ အမှတ်ငါးဆယ်ထက်ကျော်လွန်ခဲ့မည်ဆိုလျှင် စတုတ္ထတန်းသို့တက်ရောက်နိုင်မည်ပင် ။


မေးခွန်းစာရွက်ရပြီးနောက် တဝမ်က စိတ်ငြိမ်ငြိမ်ထားရန်ကြိုးစားလိုက်ပြီး လင်းလန်၏ပြုံးနေပုံနှင့်သူမ၏ စကားများကိုပြန်လည်တွေးနေလေသည် ။


" သား ဘာမှစိတ်ပူမနေနဲ့ မားမားက သားလုပ်နိုင်မယ်ဆိုတာယုံတယ် "


လင်းလန်၏ စကားအားပြန်ကြားယောင်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားနေလေသည် ။ ဟန်ချင်ဖျင်နှင့်ဆရာတစ်သိုက်မှာ တဝမ်အား စိတ်ဝင်တစားကြည့်ရူနေကြပါသော်လည်း ခံစားချက်မဲ့သောမျက်နှာသေဖြင့် မေးခွန်းစာရွက်အားစိုက်ကြည့်နေသည်ကိုသာတွေ့လိုက်ရသည် ။


မည်သူမျှသူဘာတွေးနေလဲ မသိပါချေ ။


ဖြေမှာလားမဖြေဘူးလား?


မေးခွန်းက ခက်နေလို့များ ဒေါသထွက်နေတာလား?


နွေရာသီပိတ်ရက်အတွင်း၌ တဝမ်စာကြိုးစားခဲ့သည်အား သိပါသော်လည်း အချိန်မှာအမှန်ပင်မလုံလောက်ခဲ့ပါချေ ။


တစ်လတည်းနဲ့ ဘယ်လိုလုပ် အကုန်လေ့လာလို့ပြီးမှာလဲ!


ပြီးတယ်ပဲထားဦး မှတ်မိဖို့ဆိုတာဖြစ်နိုင်ပါ့မလား!


ပုံမှန်ဆိုရင် သင်ရိုးအတိုင်းသင်ကြားမယ်ဆိုရင်တောင် ခြောက်လလောက်ကြာတယ်လေ!


ဆရာများနှင့်အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက်၌ ဟန်ချင်းဖျင်က တဝမ်ထံသို့လျှောက်သွားတော့မည့်အချိန်တွင်ပင် တဝမ်က စတင်ဖြေဆိုရန် ခဲတံကိုင်လိုက်ပြီဖြစ်သည် ။


စာရသည်ဖြစ်စေမရသည်ဖြစ်စေ ခဲတံကိုင်ကာဖြေဆိုချင်စိတ်ရှိသည်ကပင် အကြီးမားသောတိုးတက်မူဖြစ်သည် ။ အချို့သောကလေးများမှာ သုံးတန်းတွင်ရောက်ရှိနေပါသော်ငြား ကျယ်လောင်စွာစကားပြောဆိုနေကြပြီး မေးခွန်းကိုဖတ်ရန်ပင်စိတ်ကူးမရှိကြပေ ။


တဝမ်မှာ အလွန်တည်တည်ငြိမ်ငြိမ်နှင့်ဖြေဆိုပြီးဆီးခဲ့ပြီး စန်းဝမ်မှာ ဆော့ကစားပျော်ပါးကာအလေလိုက်နေခဲ့ပါသော်ငြား စာပုံမှန်ဖတ်ခဲ့သောကြောင့် လွယ်လွယ်ကူကူပင်ဖြေဆိုနိုင်လေသည် ။


တဝမ်က ဖြေဆိုပြီးသည်နှင့်တစ်ပြိုင်နက် ဆရာများထံသို့အဖြေလွှာအပ်နှံလိုက်သည် ။


" သေသေချာချာပြန်စစ်လိုက်ဦး "


" မစစ်တော့ဘူး... ဆရာအမှတ်ခြစ်ပေးမှာလား မခြစ်ဘူးလား "


ဟန်ချင်းဖျင် " ... "


အသက်ငယ်ငယ်လေးနဲ့ တော်တော်ဒေါသကြီးတာပဲ!


အချိန်ကိုပင်မကြည့်နိုင်တော့ဘဲ မှင်နီတစ်ချောင်းကိုင်ကာ စတင်စစ်ဆေးတော့သည် ။ စာစီစာကုံးရေရန်လည်းပါဝင်ပြီး မူလတန်းအဆင့်ဖြစ်သောကြောင့် ခေါင်းစဥ်မှာရိုးရှင်းပြီး စာလုံးရေသုံးရာမှလေးရာအထိသာပါဝင်သည် ။


မကြာခင်မှာပင် အမှတ်ပေါင်းတွက်ချက်ပြီးရလဒ်ထွက်လာလေသည် ။ ဟန်ချင်းဖျင် မှာမယုံကြည်နိုင်သောကြောင့် ထပ်ကာထပ်ကာပြန်လည်ကြည့်ရူနေမိသည် ။


86 မှတ်!


တကယ်ကြီး 86 မှတ်တောင်ရတယ်!


ပြောတော့အမှတ်ငါးဆယ်ဆိုပြီး အခုကျရှစ်ဆယ်ကျော်တောင်ရသွားရတာလဲ!


သူ့အတွက်မေးခွန်က အရမ်းများလွယ်ကူသွားတာလား!


တဝမ် အရမ်းကြိုးစားခဲ့သည်သိပါသော်ငြား ဤမျှအထိရလဒ်ကောင်းခဲ့လိမ့်မည်ဟုမထင်မိပါချေ ။ ပထမတန်းမှ တတိယတန်းသို့တိုက်ရိုက်ကျော်တက်ခဲ့ပြီး တစ်နှစ်မပြည့်မှီမှာပင် စတုတ္ထတန်းသို့ထပ်မံကျော်တက်သွားဦးမည်ဖြစ်သည် ။


ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ!


အချို့သောကလေးများမှာ အသက်ကြီးနေပြီဖြစ်သော်လည်း ပထမတန်းတွင်သာအခြေခံအက္ခရာများကို သင်ကြားနေရဆဲဖြစ်သည် ။ ထိုသူတို့နှင့်အဆင့်တူတူဖြစ်ခဲ့ဖူးသော တဝမ်မှာ မယုံကြည်နိုင်လောက်အောင်တိုးတက်လာခဲ့ပုံမှာ ဟန်ချင်းဖျင် အားရူးသွပ်သွားစေရန်လုံလောက်သည် ။


တရုတ်စာမေးပွဲပြီးနောက် သချ်ာစာမေးပွဲ၌ တဝမ်၏ဖြေဆိုမူအမြန်နူန်းမှာကြောက်ခမန်းလိလိပါပင် ။ ရိုးရှင်းသောပုစ္ဆာများကိုဖြေရှင်းရန်အချိန်ယူစရာပင်မလိုအပ်သည့်အပြင် ထိုအတန်းအတွက်ခက်ခဲသောပုစ္ဆာများကိုပင် လွယ်လွယ်ကူကူအေးအေးဆေးဆေးဖြေပြသွားလေသည် ။


ဆရာများက တဝမ်ကိုသာသတိထားစောင့်ကြည့်နေသော်လည်း တဝမ်ကစိတ်လူပ်ရှားနေသည့်အမူအယာမပြပေ ။ သူ့အတွက်မူ မည်သည့်အရာကမျှတုန်လူပ်အောင်မစွမ်းဆောင်နိုင်သကဲ့သို့ပင် ။


ဆရာများကဘတစ်ယောက်ချင်းစီ ခေါင်းညိမ့်ကာထောက်ခံသည့်အမူအရာမျိုးပြလာကြသည် ။ 


" အဲ့ဒီကောင်လေး တည်တည်ငြိမ်ငြိမ်ဆောင်ရွက်တတ်တဲ့ပုံစံကအရမ်းကောင်းတယ် "


ဖြေလွှာများအားလုံးစစ်ဆေးပြီးနောက်တွင် တဝမ်အား ထိုဖြေလွှာအားလုံးပြန်ပေးလိုက်သည် ။


" ပြန်ယူသွားပြီး မင်းရဲ့မားမားကိုပြလိုက် "


စာမေးပွဲဖြေဆိုပြီးသည်နှင့် ကျန်သောနေ့တစ်ဝက်မှာ ကလေးများအတွက်အားလပ်ချိန်ဖြစ်သည် ။ အားဝမ်နှင့် မိုင်စွေ့တို့မှာ တဝမ်အတွက်အလွန်စိုးရိမ်နေကြသည် ။


" အစ်ကိုကြီး ဖြေနိုင်ခဲ့ရဲ့လား "


တဝမ်က သူတို့နှစ်ယောက်အား တစ်ချက်ကြည့်ကာပြောလိုက်သည် ။ 


" အိမ်ရောက်မှပြောရအောင် "


စန်းဝမ်က တဝမ်လက်ထဲမှ အဖြေစာရွက်အားလုယူရန်ကြိုးစားပါသော်လည်း မရခဲ့ပေ ။ ကလေးများက ပုံမှန်ထက်စောစောပြန်ရောက်လာကြပြီး လင်းလန်နေ့လည်စာပြင်နေဆဲသာရှိသေးသည် ။


ယနေ့မှာ ဆောင်းလလယ်ပွဲတော်နေ့ဖြစ်သောကြောင့် လင်းလန်ကဟန်ချင်စုန့်ပေးထားသည့်  အသားလက်မှတ်များကိုအသုံးပြု၍ အသားဝယ်ယူခဲ့သည့်အပြင် လမုန့်အချို့နှင့် သကြား ၊ ခေါက်ဆွဲများကိုပါဝယ်ယူခဲ့သည် ။ 


ကလေးများအတွက် အများအားဖြင့် တရုတ်ဆီးသီးစွပ်ပြုတ်နှင့် ပန်းတော်သီးစွပ်ပြုတ်ပြုလုပ်ပေးလေ့ရှိသောကြောင့် သကြားဝယ်သည်မှာမထူးဆန်းပါပေ ။ 


အိမ်သို့ပြန်ရောက်သည်နှင့် လင်းလန်က အသားလုံးများကိုစတင်ပြုလုပ်လေသည် ။ အသားအချို့အား ကြက်ဥအနှစ်နှင့်ရောနယ်ပြီး နောက်တွင်လိုအပ်သောဟင်းခတ်အမွှေးအကြိုင်အရသာမူန့်များထည့်ကာ အလုံးလုံး၍ပြုတ်ထားလိုက်သည် ။


တစ်ချိန်တည်းတွင်ပင် အသီးအရွက်ကြော်နှင့်အတု ဂျုံနှင့်ကြက်သွန်နီတို့ကိုရောနယ်ကာ ကြက်သွန်နီပန်ကိတ်များကိုပါပြုလုပ်လိုက်သည် ။ မုန်လာဥနီပန်ကိတ်ကိုလည်း ဆီရွဲရွဲနှင့်ကြေည်လှော်ထားလေသည် ။ ဆီကုန်သောဟင်းများဖြစ်သော်လည်း တစ်နှစ်မှတစ်ကြိမ်ဆင်နွဲရသောဆောင်းလလယ်ပွဲတော်ဖြစ်သောကြောင့် အနည်းငယ်မျှကုန်ကျမည်ဆိုသော်လည်း ကုန်ကျခံနိုင်သည် ။


မကောင်းမကန်းအစားအသောက်များကိုစားသောက်ရခြင်းထက် ကောင်းမွန်သောအစားတစ်နပ်ကိုစားသောက်ရသည်မှာ ပို၍စိတ်ကျေနပ်ဖွယ်ကောင်းသည်ကအမှန်ပင် ။


Xxxxxx

Part 464


" ဝါး...အရမ်းမွှေးလိုက်တာ "


ကလေးများအလောတကြီးပြေးဝင်လာကြပြီး အထူးသဖြင့် စန်းဝမ်နှင့်ရှောင်ဝမ်တို့မှာ ဟင်းအိုးမှမျက်လုံးမခွာနိုင်ကြပေ ။ လင်းလန်က ကလေးများအတွက် အသီးအရွက်ကြော်အနည်းငယ်နှင့် ပန်ကိတ်အပိုင်းများအပြင် သကြားရည်နှင့်ပြုတ်ထားသည့် သစ်တော်သီးစွပ်ပြုတ်ကိုပါခပ်ပေးလိုက်သည် ။ 


" သား စားမေးပွဲမှာကောင်းကောင်းလုပ်ခဲ့ရဲ့လား "


တဝမ်၏မျက်နှာထားမှာ အမူအယာမဲ့ဖြစ်နေဆဲဖြစ်သောကြောင့် ပျော်နေသည်လော ဝမ်းနည်းနေသည်လောခန့်မှန်း၍မရနိုင်ပေ ။ လင်းလန် ရင်တုန်သွားရလေသည် ။


သူ့မျက်နှာထားက ဘယ်လိုဖြစ်နေတာလဲ?


မဖြေနိုင်ခဲ့လို့များလား ?


လင်းလန်က ပြုံးရင်းပြောလိုက်သည် ။


" သားမဖြေနိုင်ခဲ့ဘူးဆိုရင်လဲ ဘာမှမဖြစ်ပါဘူး စာလေ့လာတာက စာမေးပွဲတစ်ခုတည်းအတွက်မှာမဟုတ်တာ ဘာဘဲဖြစ်ဖြစ်အနာဂတ်မှာသေချာပေါက်အသုံးဝင်လာမှာ...လာ ကြက်သွားသတ်ရအောင် "


တဝမ်က မျက်နှာသေနှင့်ပင် လင်းလန်ထံသို့ စာမေးပွဲဖြေလွှာစာရွက်အားကမ်းပေးလိုက်ပြီး လင်းလန်ကိုကြည့်နေလေသည် ။ လင်းလန်က စာရွက်ကိုယူလိုက်ပါသော်လည်း သူမ၏စိတ်ထဲတွင်မူ တဝမ်၏အမှတ်မှာသိပ်မကောင်းဟုသာခံစားနေရသည် ။ ခြောက်ဆယ်ထက်မကျော်လွန်ဘူးဆိုလျှင်တော်င် ငါးဆယ်ကျော်လောက်တော့ရှိနိုင်လိမ့်မည် ။


သို့သော်လည်း အမှတ်ပေါင်းကိုကြည့်လိုက်သောအခါတွင် အရမ်းအံ့သြသွားရပြီး ဝမ်းသာအားရအော်ဟစ်နေလေတော့သည် ။


" တဝမ်... သားကတကယ်ကို တော်တာပဲ... အနာဂတ်မှာ သားရဲ့ညီတွေညီမတွေကသားကိုအတုယူကြလိမ့်မယ် ဘယ်လောက်ကောင်းလိုက်လဲ "


သူမကတုံ့ဆိုင်းမနေဘဲ ချီးကျူးစကားပြောဆိုလေသည် ။ တဝမ်မ​ဖြေနိုင်ဟုထင်ထားခဲ့သော စန်းဝမ် ပင်အမှတ်များကြောင့်လန့်သွားရသည် ။ မသိသာပါသော်ငြား တဝမ်၏ မျက်နှာထက်တွင်ရှက်ရွံ့မူကြောင့် နီမြန်းလာသည်ကိုသူမမြင်လိုက်ရသည် ။ 


မိုင်စွေ့နှင့်အားဝမ်တို့က တဝမ်အတွက်အလွန်ပင်ဝမ်းသာဂုဏ်ယူနေကြသည် ။


" အစ်ကိုကြီးက အရမ်းတော်တာပဲ ဒါဆိုအခု အစ်ကိုကစတုတ္ထတန်းကိုတက်လို့ရပြီပေါ့နော် "


" အစ်ကိုကြီး ကြိုးကြိုးစားစားစာလုပ်ခဲ့တာက တကယ်ကြီးအကျိုးရှိတာပဲ... "


အားလုံးထက်ပျော်ရွှင်နေသူမှာ အားဝမ်ပါပင် ။ တဝမ် စာလုပ်နေသည့်ကာလတစ်လျှောက်လုံးတွင် မေးခွန်းကူးရေးပေးသူမှာ သူဖြစ်သောကြောင့် အိပ်မက်ထဲတွင်ပင် မေးခွန်းများကူးနေရသည်ဟုမက်လေသည် ။ ထို့အပြင် အသည်းနှလုံးမရှိလှသောသူ၏အစ်ကိုကြီးမှာ မေးခွန်းများလွယ်လျှင်လည်းပြစ်တင်ပြောဆိုကာခေါင်းခေါက်တတ်သေးသည် ။


အမှန်ကို ခက်ခဲသည့်ကာလများပါပင်...


တဝမ်မည်မျှစာကြိုးစားသည်အား အခြားသူများမသိလျှင်တောင် သူအသိဆုံးပါပင် ။ ထို့အကြောင်းကို လင်းလန်ကိုသာပြောပြထားပြီး စန်းဝမ်ကိုတော့လျို့ဝှက်ထားခဲ့သည်။ စန်းဝမ်သာသိသွားပါက တစ်ရွာလုံးအနှံ့လျှောက်ဖြန့်ပစ်မှာ စိုးရိမ်သောကြောင့်ပင် ။ 


စန်းဝမ်က လက်ခုပ်တီးကာပြောလိုက်သည် ။


" အခု အေးအေးဆေးဆေးဝက်ခြေထောက်ကိုက်လို့ရပြီပေါ့နော် "


တဝမ်က စာမေးပွဲဖြေဆိုရန်သာအလေးအနက်ထားစာလုပ်နေသည့်အတွက် စန်းဝမ် မှာပြဿနာတစ်စုံတစ်ရာရှာရန်အသာထား အသံကျယ်ကျယ်နှင့်ပင်စကားမပြောရဲပါချေ ။ သူ၏အိပ်မက်ထဲတွင် ဝက်ခြေထောက်ကိုက်နေရသည်ဟုမြင်မက်လျှင်တောင် သူ၏အစ်ကိုကြီးက အညှာအတာမရှိကန်ထုတ်လိမ့်မည် ။


တစ်ခါကရုတ်တရက်ဆိုသလိုပင် တဝမ်က သူအားညသန်းခေါင်ကြီး ထရိုက်နှက်ခဲ့သည် ။ သူ့မှာ အိပ်ချင်မူးတူးဖြင့် ဘာကြောင့်အရိုက်ခံရသလဲနားမလည်နိုင်ခဲ့ပါချေ ။ 


တဝမ်ကို ပြန်လည်ပြောဆိုသောအခါတွင် တဝမ်က အကျီဆွဲချကာသူ၏ပုခုံးပေါ်မှ ခပ်နက်နက်သွားရာကြီးကိုလက်ညိုးထိုးပြလိုက်သည် ။ ထိုအခါမှ သူညတိုင်းအားရပါးရကိုက်ဖဲ့နေခဲ့သော ဝက်ခြေထောက်ကြီးမှာ တဝမ်ဖြစ်ကြောင်း သိသွားရခြင်းဖြစ်သည် ။


စန်းဝမ်က ထပ်အရိုက်ခံရမည်စိုးသောကြောင့် မျက်နှာပြောင်တိုက်ကာပြောလိုက်သည် ။


" အစ်ကိုကြီးက ပါးပါးလိုအရမ်းတော်တာပဲ "


ရှောင်ဝမ်ကလည်း အားကျနေသည့်လေသံနှင့်ပြောလိုက်သည် ။


" အင်း...ဟုတ်တယ်...သားသာဆိုရင် အစ်ကိုကြီးလိုလုပ်နိုင်မှာမဟုတ်ဘူး "


လင်းလန်က ရှောင်ဝမ်၏ ခေါင်းလေးကိုပုတ်ပေးကာနှစ်သိမ့်လိုက်လေ၏ ။


" သားကငယ်သေးလို့ပါ သားကြီးလာရင်သားအစ်ကိုကြီးထက်ပိုတော်လာမယ်ဆိုတာသေချာတယ် "


ထို့နောက် သုမကလက်ခုပ်တီးကာကလေးများကိုဆော်သြလိုက်သည် ။


" ကဲကဲ... မင်းတို့အစ်ကိုကြီးရဲ့အောင်မြင်မူကိုဂုဏ်ပြုဖို့အတွက် မားမားတို့ကြက်သားစားကြမယ် ဒါ့ကြောင့် မင်းတို့အစ်ကိုကြီးကိုသေသေချာချာဂုဏ်ပြုပေးရမယ်နော် "


လင်းလန်မှာ တဝမ်၏အောင်မြင်မူကြောင့်အလွန်ကျေနပ်အားရနေပြီး တဝမ်ကိုယ်တိုင်လည်းပျော်ရွှင်နေသည်ပင် ။


ထိုကြက်မမှာ ဟန်ချင်စုန့်ဝယ်လာခဲ့ခြင်းဖြစ်ပြီး ဥတစ်လုံးမျှသာဥပေးခဲ့ပြီး နောက်ပိုင်းတွင် လင်းလန်မည်မျှခခယယပြောဆိုပါစေ ဥမဥတော့ပေ ။ သတ်စားမည်ဆိုသောအခါမှဥတစ်လုံးထပ်ဥပေးခဲ့ပြီး ယခုမူအနာဂတ်၌ဥဥရမည့်အခွင့်အရေးမရှိနိုင်တော့ပါချေ ။


ဥမဥပေးသောကြက်တစ်ကောင်အားဆက်လက်ကျွေးမွေးထားရသည့်အကြောင်းအရင်းမှာ သေချာပေါက် သတ်စားဖို့ပါပင် ။


အစီအစဥ်မှာ ကလေးများအလုပ်ပြီးသည့်အချိန်တွင် ကြက်သတ်ကာဟင်းအတူချက်ကြမည်ဖြစ်ပြီး ညနေဟန်ချင်စုန့် ပြန်လာမှ မိသားစုတစ်စုလုံးအတူတူစားသောက်ကြမည်ဖြစ်သည် ။


" ကြက်သား....ကြက်သား..."


စန်းဝမ်၏ မျက်လုံးများမှာ တလက်လက်တောက်ပနေလေသည် ။


" ဒုတိယအစ်ကို ကြက်သားကိုဘယ်လိုချက်မှာလဲ ...ကြက်သားနော်... ကြက်သား "


စန်းဝမ်က ရှောင်ဝမ့်ကို ချီမကာ ဝမ်းသာအားရအော်ဟစ်ပြီးနောက် တဝမ်ကိုပြောလိုက်သည် ။


" အစ်ကိုကြီး...အစ်ကိုကြီး... လှည့်ကြမယ်လေ "


လှည့်ခြင်းဆိုသည်မှာ လူကြီးတစ်ယောက်က ကလေး၏ခါးကိုဖက်၍ အားနှင့်လွှဲယမ်းလိုက်သည့်အခါတွင် ကလေး၏ခြေထောက်များမှာ လေထဲတွင်ဝဲနေသောအနေအထားမျိုးပင်ဖြစ်သည် ။


တဝမ်က အသက်အရွယ်နှင့်မလိုက်အောင်အလွန်သန်မာသောကြောင့် ရှောင်ဝမ်ကိုဖက်ထားသော စန်းဝမ်ကိုဖက်၍ချီမလိုက်ပြီး နှစ်ယောက်စလုံးကိုလွှဲယမ်းလိုက်သည် ။ ညီအစ်ကိုနှစ်ယောက်မှာ အသက်ထွက်မတတ်အော်ဟစ်နေကြတော့သည် ။


စန်းဝမ်မှာ စိတ်လူပ်ရှားသောကြောင့်ဖြစ်ပြီး ရှောင်ဝမ်မှာ အနည်းငယ်ကြောက်နေသောကြောင့်ဖြစ်သည် ။ တဝမ်ချပေးလိုက်သောအခါတွင် စန်းဝမ်မှာ ယိုင်တိုင်တိုင်ဖြစ်နေလေသည် ။ ရှောင်ဝမ်မှာလည်း မူးနောက်နေပြီးကြမ်းပြင်ကိုကြည့်လိုက်သောအခါရေလိူင်းများကိုတွန့်လိမ်နေကာ စကားတစ်ခွန်းကပြေညနိုင်လိုက်ပြီးနောက် ဖင်ထိုင်ရက်လဲကျသွားတော့သည် ။


" မူး...မူးလိုက်တာ "


အားဝမ်က ပြေးကာကူညီမည်အပြုတွင် တဝမ်ကပြောလိုက်သည် ။


" ထားလိုက် သူ ခဏနေအဆင်ပြေသွားလိမ့်မယ် "


မူးဝေနေဆဲဖြစ်သောကြောင့်သွားထူပေးလဲအလကားပါပင် ။ အမူးပြေသည်အထိထိုင်ခိုင်းထားလိုက်ခြင်းကပိုကောင်းသည် ။ နေ့လည်ခင်းအတွက် ရိုးရှင်းစွာစားသောက်ခဲ့ကြပြီး ပန်ကိတ်များနှင့် သစ်တော်သီးစွပ်ပြုတ်တို့ဖြစ်သည် ။ စားသောက်ပြီးနောက်တွင် ကလေးများမှာအလုပ်ရမှတ်များအတွက်မြက်နုတ်ရန်ထွက်သွားကြလေသည် ။


အလုပ်ပြီး၍ပြန်ရောက်လာကြသောအခါ လင်းလန်က တဝမ်နှင့်အားဝမ်တို့အားကြက်သတ်ခိုင်းလိုက်သည် ။ ကလေးနှစ်ယောက်ပြုလုပ်နေစဥ်အချိန်တွင် လင်းလန်က ရေနွေးအိုးတည်ထားလိုက်ပြီး ထို့နောက်၌ ကြက်သေကိုရေနွေးဖျော၍အမွှေးနုတ်ကာကလီစာများဖယ်ရှားပြီးနောက် ကြက်သွန် ၊ ဂျင်းနှင့်အခြားသောဟင်းခတ်အမွှေးအကြိုင်များနှင့်ရောကာနှပ်ထားလိုက်သည် ။


Xxxxx