အပိုင်း ၄၆၅-၄၆၆
Viewers 22k

Part 465


ကလေးနှစ်ယောက်ပြုလုပ်နေစဥ်အချိန်တွင် လင်းလန်က ရေနွေးအိုးတည်ထားလိုက်ပြီး ထို့နောက်၌ ကြက်သေကိုရေနွေးဖျော၍အမွှေးနုတ်ကာကလီစာများဖယ်ရှားပြီးနောက် ကြက်သွန် ၊ ဂျင်းနှင့်အခြားသောဟင်းခတ်အမွှေးအကြိုင်များနှင့်ရေယနှပ်ကာနှပ်ထားလိုက်သည် ။

ထို့နောက်တွင် ကြက်သားစတူးချက်ရန်သာဆုံးဖြတ်လိုက်ကြသည် ။ မည့သူမျှကြက်စွပ်ပြုတ်ချက်ရန်မထောက်ခံကြပါချေ ။ လင်းလန်က မိူအချို့ကိုထပ်မံပေါင်းထည့်ပြီးနောက် စတင်ချက်ပြုတ်တော့သည် ။


ကြက်မှာအသက်နှစ်နှစ်ကျော်ပြီဖြစ်သောကြောင့် အသားမှာ ပုံမှန်ထက်မာနေမည်ဖြစ်၍နူးအောင်အချိန်ယူချက်ပြုတ်ရန်လိုအပ်သည် ။ ကြက်သားစတူးဟင်းချက်ပြုတ်နေစဥ်အတွင်းတွင် ခေါက်ဆွဲပြုတ်ရန်ရေနွေးတည်ထားလေသည် ။

ထို့ခေတ်မှခေါက်ဆွဲအမျိုးအစားများမှာ အများအားဖြင့်ဂျုံနှင့် ဆန်မူန့်ကိုရောနှောကာပြုလုပ်ထားခြင်းမျိုးရှိသကဲ့သို့ ပဲခေါက်ဆွဲများလည်းရှိပေသည် ။ ခေါက်ဆွဲပြုတ်ပြီးနောက် တွင်ခေါက်ဆွဲရည်အတွင် ပဲငံပြာရည်ထည့်ပြီးနောက် ခရမ်းချဥ်သီးအနှစ်နှင့်ကြက်သွန်ဖြူတို့အားရောမွှေလိုက်သည် ။


ထင်းထပ်ထည့်ရန်မလိုအပ်တော့ဘဲ မီးအေးအေးနှင့်သာဆက်နှပ်ထားပြီး ဟန်ချင်စုန့်ပြန်သောအခါတွင်အဆင်သင့်ဖြစ်လောက်ပီပင် ။ လင်းလန်က အားလုံးပြီးဆုံးပြီးနောက် တွင်လက်ခုပ်တီးကာပြောလိုက်သည် ။


" ကလေးတို့ ဒီနေ့ကအထူးပါတီပွဲနော် မင်းတို့ရဲ့ပါးပါးကို တဝမ်ရဲ့အောင်မြင်မူကြီးကိုပြသပေးရမယ် "


လင်းလန်၏ သရုပ်ပြမူများကိုအမြဲလိုလိုမြင်တွေ့နေရသောကလေးများမှာ အစီအစဥ်တင်ဆက်သည့်အသံနေအထားနှင့်အမူအယာများကိုရင်းနှီးနေပြီဖြစ်သည် ။ တဝမ်ပင်လျှင် လင်းလန်နှင့်ပူးပေါင်းကာ သရုပ်ဆောင်ပေးနေရသည် ။ ကလေးများက အတူတူကြိုတင်လေ့ကျင့်နေကြပြီး တဝမ်ကမနှစ်သက်ပါသော်ငြား မငြင်းဆန်ခဲ့ပါချေ ။


×××


ညနေခင်း ဟန်ချင်စုန့်ပြန်လာသည့်အချိန်တွင် လင်းလန်မှာ ကလေးတစ်သိုက်ကိုဦးဆောင်၍အူကြောင်ကြောင်လုပ်ရပ်များလုပ်နေကြောင်း တွေ့လိုက်ရလေသည် ။ လင်းလန်နှင့်ကလေးတစ်သိုက်မှာ ဘယ်ညာခွဲ၍စီးတန်းရပ်နေကြပြီး ဟန်ချင်စုန့်ကိုပြုံးပြကာ ပုံစံတကျအလေးပြုလိုက်သည် ။


" ညွှန်ကြားရေးမှူးကြီး အလုပ်ကြိုးစားခဲ့လို့ပင်ပန်းသွားခဲ့ရပြီ... အိမ်ပြန်လာတာကိုကြိုဆိုပါတယ် "


ဟန်ချင်စုန့်ကဘစက်ဘီးပေါ်မှ ဆင်းပြီးနောက် အူကြောင်ကြောင်ပုံစံလေးနှင့်မေးလိုက်သည် ။


" ဘာတွေဖြစ်ထားလို့လဲ "


လင်းလန်က ပြေးကာ ဟန်ချင်စုန့်၏ လက်မောင်းကိုဆွဲဖက်ရင်းပြောလိုက်သည် ။


" အရမ်း...အရမ်းကိုမှကောင်းတဲ့ကိစ္စတစ်ခုဖြစ်ထားတယ်လေ "


သူမ၏ သားမှာအလွန်ကြီးကျယ်သော ကိစ္စတစ်ခုကိုအောင်မြင်ခဲ့သည်​ဖြစ်၍ သေချာပေါက်ပင် အကြီးအကျယ်ဂုဏ်ပြုရမည့်ကိစ္စတစ်ခုပါပင် ။


ဒီနေ့ကို တစ်သက်လုံးမှတ်မိရအောင် ခမ်းခမ်းနားနားလုပ်ရမှာပေါ့...


သူမက တဝမ်အား အောင်မြင်မူ၏အရသာကိုခံစားကြည့်စေချင်သည် ။ ထိုမှသာအနာဂတ်တွင် မည်မျှခက်ခဲသည်ဖြစ်စေ သေမတတ်ကြိုးစားခဲ့ရသောနွေရာသီကာလကိုတွေးမိပြီး ထိုမှခံစားရသောအောင်မြင်မူနှင့် ဂုဏ်ယူမူအရသာကို အမှတ်ရပြီး ဇွဲမလျော့ပဲကြိုးစားစေလိုခြင်းဖြစ်သည် ။


သူ့တစ်မိသားစုလုံးက သူ့ကြောင့်အရမ်းဂုဏ်ယူနေရသည်ကိုလည်း အမှတ်ရနေစေချင်သည် ။ သူမက ဟန်ချင်စုန့်၏ လက်ကိုဖက်တွယ်ထားရင်း တဝမ်ကိုအချက်ပြကာပြောလိုက်သည် ။


" အဆင်ပြေပါတယ် "


တဝမ် "..."


တဝမ်က ရုတ်တရက်ရှေ့ထွက်လာပြီး ဟန်ချင်စုန့် ကို့စေ့စေ့ကြည့်ကာပြောလိုက်သည် ။


" ပါးပါး သား စတုတ္ထတန်းကိုကျော်တက်လို့ရပြီ "


တကယ်ကြီး!


ဟန်ချင်စုန့်က အံ့သြသွားပါသော်ငြား မျက်နှာအမူအယာကိုထိန်းထားကာ တဝမ်ကိုပြန်ကြည့်၍ ပြောလိုက်သည် ။


" အင်း...မဆိုးဘူး "


ပထမဆုံးအကြိမ် သူ၏အဖေထံမှချီးကျူးခံလိုက်ရသော တဝမ်မှာ အလွန်ပျော်ရွှင်လွန်း၍ ဟန်ချင်စုန့်၏မျက်နှာအမူအယာအားအတုယူထားသောအေးစက်စက်ပုံစံအတိုင်းမနေနိုင်ပါတော့ချေ ။ သူအမြဲတမ်းလေးစားအားကျခဲ့ရသောသူထံမှချီးကျူးခံလိုက်ရ၍ ဟန်ဆောင်မနေနိုင်တော့ဘဲ အားရပါးရပြုံးရီမိသွားလေသည် ။


လင်းလန်က တဝမ်ပြုံးနေပုံကိုကြည့်ကာပြောလိုက်သည် ။


" သားအသက်က ငယ်ငယ်လေးပဲရှိပါသေးတယ် မင်းတို့ပါးပါးကိုအတုယူပြီး မျက်နှာကြောသေနေတဲ့အမူအရာကြီးအတိုင်းလိုက်မနေစမ်းပါနဲ့... ကလေးလို့ ပျော်ပျော်ရွှင်ရွှင်ရီမောနေရမှာပေါ့ "


ပြုံရီနေသောတဝမ်မှာ ရုတ်တရက်ကြီး အေးစက်သောမူန်ကုပ်ကုပ်ပုံစံပြန်ဖြစ်သွားလေ၏ ။


လင်းလန် "..."


သူမစကားအမှားတစ်ခုခုပြောမိ၍ တဝမ်စိတ်ဆိုးသွားမည်စိုးသောကြောင့် အမြန်ပြောလိုက်သည် ။


" ဟားဟား...မားမားက စတာပါ မင်းတို့ရဲ့ပါးပါးကိုကြည့်ပါလား သူ့ပုံစံကအမြဲအေးတိအေးစက်ပုံစံဖြစ်နေပေမဲ့ နှလုံးသားလေးကနုနုလေးရယ် "


ထိုအချိန်၌ အရှက်လွန်ကာလိုက်လံဖာထေးနေရသောလင်းလန်မှာ မည်သူမျှနားမလည်နိုင်သောစကားတို့ကိုသာပြောဆိုနေတော့သည် ။ လင်းလန်က ဟန်ချင်စုန့်၏ မျက်နှာထားမှာ အနည်းငယ်စိတ်ရူပ်နေပြီမှန်းသတိထားမိသွား၍ အမြန်ပါးစပ်ပိတ်လိုက်ရလေသည် ။


စန်းဝမ်က မျက်လုံးလေးကလယ်ကလယ်ဖြင့်မေးလာလေ၏ ။


" မားမား...ပါးပါးကမားမားကိုဘာလုပ်ခဲ့လို့လဲ "


လင်းလန်က ဟန်ချင်စုန့်အား အကူအညီတောင်းလိုသောမျက်နှာထားလေးနှင့်မော့ကြည့်လိုက်သည် ။


မြန်မြန် တစ်ခုခုလုပ်ပါဦး!


ပြဿနာတက်တော့မယ်လို့!


ငြိမ်းချမ်းရေးဖော်ဆောင်သူကြီးရှောင်ဝမ်ကသာ ဝင်ရောက်ဖြန်ဖြေရလေသည် ။


" အခမ်းအနားကမပြီးသေးဘူးနော် "


အကြီးဆုံးအစ်ကိုကြီး၏ သတင်းပို့ချက်ပြီးနောက်တွင် အငယ်များ၏အတွေးအမြင်များကိုပြောပြရန်ကျန်ရှိသေးသည် ။ ထို့ကြောင့် ကလေးများပြောပြနေစဥ်အတွင်းတွင် လင်းလန်က ဟန်ချင်စုန့်၏လက်ကိုတွဲထားရင်းအဆက်မပြတ်ချီးကျူးပေးနေခဲ့သည် ။


ကလေးများက ပို၍ပင်တက်တက်ကြွကြွပြောဆိုလာကြပြီး သူတို့၏အစ်ကိုကြီးကဲ့သို့ စာကြိုးစားပြီး အနာဂတ်တွင်မိသားစုဂုဏ်တက်အောင်လုပ်မိဟုအထပ်ထပ်အခါခါဂတိပေးပြောဆိုနေကြတော့သည် ။ ရှောင်ဝမ်က တတ်သမျှမှတ်သဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ပြီး သူ၏တီးခတ်မူမှာ တဝမ်အတွက်ဂုဏ်ပြုလက်ဆောင်ပါပင် ။ 


အစီအစဥ်တစ်ခုမကျန်မှာ လင်းလန်၏အကြံဖြစ်ပြီး ဖခင်နှင့်ကလေးများကြားထဲမှဆက်ဆံမူကိုတိုးတက်စေရန်နှင့်မိသားစုအတွင်းစည်းလုံးညီညွတ်မူရှိစေရန်အတွက်ဖြစ်သည် ။ အသီးသီးဖျော်ဖြေတင်ဆက်ပြီးနောက်တွင် ကလေးများက ဟန်ချင်စုန့် ဘာလုပ်မည်ကိုသာစပ်စပ်စုစုကြည့်ရူနေကြတော့သည် ။


လင်းလန်         ' ဒီလိုပဲဖြစ်သင့်တာ '


စန်းဝမ်က ရှောင်ဝမ်အနားသို့ကပ်ကာတိုးတိုးလေးပြောလိုက်သည် ။


" ဟေ့ ပါးပါးစိတ်ဆိုးနေတယ်ထင်လား "


ရှောင်ဝမ်က ခေါင်းခါလိုက်သည် ။


" မထင်ဘူး...ကြည့်လေ ဒေါသထွက်နေတဲ့ပုံစံမှမပေါက်တာ ငါတို့လုပ်သွားတာကလဲကောင်းတာပဲကို " 


ထိုနှစ်ယောက်က အားဝမ်နှင့်မိုင်စွေ့အားမေးလိုက်သည် ။


" ပါးပါးရော "


အားဝမ်နှင့်မိုင်စွေ့တို့က နှစ်နှစ်မျှပိုကြီးသည်ဖြစ်၍ အခြားသောဝမ်းကွဲများထက်ပို၍အခြေအနေကိုမှန်ကန်စွာသုံးသပ်နိုင်သည် ။ မိုင်စွေ့က ကောင်းကင်ကိုမော့ကြည့်ကာပြောလိုက်သည် ။


" နင်တို့တစ်ကယ်မသိဘူးလား... ပါးပါးရဲ့မျ်လုံးကအကြည့်တွေကသေချာပေါက်ပုံမှန်မဟုတ်ဘူးလေ ...မားမားကို အစိမ်းလိုက်ဝါးစားတော့မလိုကြီး "


ကလေးများက ရုတ်ရက်ဥာဏ်အလင်းရသွားသကဲ့သို့ နားလည်သွားကြလေသည် ။


မားမားမှန်တယ် သေချာပေါက်ပါးပါးကသာ နေရာတကာပြဿနာလိုက်ရှာချင်နေတာ!


Xxxxxx

Part 466


ဟန်ချင်စုန့်  ' တစ်ယောက်ယောက်ငါ့အကြောင်းမကောင်းပြောနေသလိုဘဲ '


လင်းလန်က ဟန်ချင်စုန့်၏ လက်ကိုတွဲကာ အသနားခံလိုသောအကြည့်များနှင့်မော့ကြည့်လိုက်သည် ။ ထိုအပြင် အူကြောင်ကြောင်အပြုံးမျိုးပါပြုံးပြလိုက်သေးသည် ။


ဟန်ချင်စုန့်က လင်းလန်ကိုပြန်လည်စိုက်ကြည့်နေပြီး သူ၏အကြည့်များမှာ အခြားသောအဓိပ္ပါယ်များစွာပါဝင်နေသည် ။ လင်းလန်က ထိုအကြည့်များအားနားလည်သဘောပေါက်လိုက်ပြီး လန့်သွားရသည် ။


သူတို့ မလူးလိမ့်ဖြစ်တာကြာပြီလေ...


ယခုနှစ်အတွင်း အိမ်ထောင်စုခွဲထွက်သည့်ကိစ္စအပြင် ဟန်ချင်စုန့်သည်လည်း အလုပ်အပြောင်းအလဲကိစ္စများနှင့် အလုပ်ရူပ်နေခဲ့ရသည့်အပြင် နှစ်ကူးကာလအတွင်း ဟန်ချင်ဟွ၏ အနှောင့်အယှက်ပေးမူကြောင့် သူမတို့နှစ်ဦးမှာ နီးနီးကပ်ကပ်နေထိုင်၍ပူစပ်ပူစပ်လေးများမပြုလုပ်ရသေးချေ ။


ပုံမှန်အားဖြင့် မိသားစုအတွင်းကိစ္စကောင်းကောင်းမွန်မွန်ဖြစ်ပွား၍ စားကောင်းသောက်ဖွယ်များချက်ပြုတ်ခဲ့ပါက အကြီးအကဲများထံဟင်းတစ်ခွက် ပို့ပေးရသည်မှာပုံမှန်ပါပင် ။ သို့သော်လည်း လင်းလန်မှာအဖွားကြီးဟန်နှင့် တစ်စက်ကလေးမျှမတည့်သောကြောင့် ဟင်းတစ်ခွက်မဆိုနှင့် ဟင်းတစ်ဖတ်မျှပင်ပေးရန်စိတ်ကူးမရှိပါချေ ။ 


လင်းလန်က ကလေးများကို ဟင်းပွဲများပြင်ဆင်ခိုင်းလိုက်ကာ စားပွဲပြင်ခိုင်းလိုက်သည် ။ ထိုမှသာစားသောက်ပြီးအချိန်တွင် မိသားစုအတူတူလကြည့်ရူခံစားနိုင်မည်ဖြစ်သည် ။ 


ကြက်သားစတူး၏အနံ့မှာ အလွန်မွှေးကြိုင်လှပြီး ဓာတ်မြေသြဇာများအသုံးပြုခြင်းမရှိသော ခြံထွက်ဟင်းသီးဟင်းရွက်များ၏ အရသာမှာလည်း လတ်ဆတ်လှသည် ။ ကလေးများအနှစ်သက်ဆုံးဖြစ်သည့် ခရမ်းချဥ်သီးမှာလည်းမပါမဖြစ်ပါပင် ။ 


စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်ကြပြီး တစ်မိသားစုလုံးမှာ ကြက်သားစတူးနှင့်မိူရောစပ်ထားသောဟင်းနံ့ကြောင့် စိတ်ကျေနပ်မူအပြည့်အဝရနေကြသည် ။ မူးဝေနေသော ရှောင်ဝမ်ပင်လျှင် အစားအသောက်အနံ့ကြောင့် တက်ကြွလာလေသည် ။


စန်းဝမ်က ကျယ်လောင်စွာအော်ဟစ်ရင်း စားပွဲဝိုင်းတွင်ဝင်ထိုင်ကာ သစ်တော်သီးစွပ်ပြုတ်တစ်စွန်းကိုခပ်သောက်လိုက်သည် ။ 


" အသား...အသား စားရတဲ့ဘဝကြီးကအရမ်းကျေနပ်ဖို့ကောင်းလိုက်တာ "


ရှောင်ဝမ်က စန်းဝမ်အားစိုက်ကြည့်ကာပြောလိုက်သည် ။


" ငါရုတ်တရက်ကြီး ကြက်သားစတူးလို့ စာသားရေးပြီး သီချင်းတောင်စပ်ဆိုချင်လာတယ် "


စန်းဝမ်က ကြက်သားနှင့် ထမင်းအလုပ်လိုက်စားပြီးနောက် မျက်လုံးပြူးမျက်ဆံပြူးနှင့်​ပြောလိုက်သည် ။ 


" ငါတို့မားမား နေ့တိုင်းဆိုနေသလိုပုံစံလား "


စန်းဝမ်က လည်ချောင်းရှင်းကာသီချင်းစတင်သီဆိုတော့သည် ။


" ငါမင်းကိုယုံခဲ့တယ်...အိုး...ယုံခဲ့တယ်...မင်းအတွက်ဥတွေဥပေးခဲ့တယ်... အူး...ဥပေးခဲ့တယ်...ဒါပေမဲ့ မင်းကဘာလို့ငါ့ကိုသစ္စာဖောက်ရတာလဲ... မင်းအတွက်ဥဥပေးခဲ့ပေမဲ့ မင်းကငါ့ဘဝကိုစတူးဟင်းအဖြစ်အဆုံးသတ်ပစ်ခဲ့တယ်...အူး အူး "


မိုင်စွေ့က ရီရလွန်း၍ သူမ၏ဗိုက်ကိုဖိထားရင်းခေါင်းပင်မဖော်နိုင်တော့ချေ ။ အားဝမ်သည်ပင် သူမ၏ပုခုံးကိုကိုင်ရင်း အားရပါးရရီမောနေပြီး လင်းလန်လည်းချွင်းချက်မဟုတ်ပေ ။ သူမကရီမောနေရင်းပြောလေသည် ။


" ဟား ဟား...မင်းတို့ကောင်လေးတွေကတကယ်ရီစရာပြောတာပဲ... ကြက်သားဟင်းကိုကြည့်ပြီးစားတောင်မစားရက်တော့ဘူး...ဟားဟား...အရမ်းသနားဖို့ကောင်းတာပဲ "


တဝမ်ပင်လျှင် မတတ်နိုင်စွာရီမောမိပြီး ကြက်သားကိုသာအငမ်းမရပြန်ငုံ့စားနေသည့် စန်းဝမ်အား ဖြတ်ရိုက်ထည့်လိုက်သည် ။ ဟန်ချင်စုန့်က နူတ်ခမ်းကိုကိုက်ထားရင်း ပုခုံးတသိမ့်သိမ့်တုန်သည်အထိရီမောနေသော်လည်း လင်းလန်အားကြည့်သော သူ၏မျက်ဝန်းများမှာ အခြားသောအဓိပ္ပါယ်များစွာပါဝင်နေသည် ။


ကလေးတစ်ယောက်ကဲ့သို့အားပါးတရရီမောနေသော သူမ၏ပုံစံလေးမှာ အလွန်လှပပြီး သက်တောင့်သက်သာရှိမူကိုပေးစွမ်းနေသည် ။ အလွန်ငယ်ရွယ်သေးသော ရှောင်ဝမ်လေးမှာလူကြီးများရီမောနေသောအကြောင်းအရင်းအားနားမလည်ပါသော်လည်း လူတိုင်းရီမောနေသောကြောင့် သူသည်လည်းပျော်ပျော်ရွှင်ရွှင်လိုက်ရီမောနေလေသည် ။ 


သို့သော်လည်း စန်းဝမ်တစ်ယောက်တည်းသာ အငမ်းမရစားသောက်နေသောကြောင့်ပြောလိုက်သည် ။


" အစ်ကို လူတိုင်းရီမောနေကြတဲ့အချိန်မှာ ဘာလို့တစ်ယောက်တည်းစားသောက်နေရတာလဲ "


စန်းဝမ်က ကြက်သားတစ်တုံးကို လင်းလန်၏ပန်းကန်းထဲသို့အမြန်ထည့်ပေးရင်းပြောလိုက်သည် ။ 


" မားမားအတွက် သားလုထားပေးတာ "


လင်းလန်က ပန်းကန်လုံးကိုကိုင်ရင်းပြောလိုက်သည် ။


" အင်း...ကြက်သားကအရမ်းကောင်းတယ် သားတို့အကုန်လုံးများများစားသင့်တယ်နော် "


ဤခေတ်အခါမှကြက်သားများက နောင်တွင်ပေါ်ပေါက်လာမည့် ဟော်မုန်းဆေးထိုးထားသည့်မွေးမြူရေးကြက်သားများ မယှဥ်နိုင်လောက်အောင်အာဟာရပြည့်ဝကောင်းမွန်လေသည် ။ အဆီတစ်ထပ်အသားတစ်ထပ်ဖြစ်နေသောကြောင့်ကြက်သားတစ်ခုတည်းအရသာရှိသည်မဟုတ်ဘဲ ကြက်အရေခွံသည်လည်းအလွန်နူးညံ့ကာအရည်ရွှမ်းလေသည် ။


ဝါးလိုက်သည့်အခါတိုင်း အရသာစိမ့်ထွက်လာပြီး မွှေးပျံ့ကာအရသာရှိလှသည် ။ လင်းလန်က ကလေးများကိုသာများများစားရန်တိုက်တွန်းနေခဲ့သောကြောင့် စားသောက်ပြီးသည့်အချိန်တွင် လူတိုင်းမှာခြံဝန်းလေးထဲ၌ပူဖောင်းနေသောဗိုက်ကလေးကိုပွတ်ရင်းထိုင်နေကြပြီး လင်းခန်ပြင်ဆင်ပေးထားသည့် လမုန့်များနှင့်ပန်းသီးများအား မည်သူမျှထပ်မစားနိုင်ကြတော့ပေ ။


ဆောင်းတွင်း၌ လယ်ယာစိုက်ပျိုးရန်မလိုအပ်တော့သဖြင့်ကလေးများမှာ ရေဒီယိုနားထောင်သည်ကလွဲ၍ လုပ်စရာအလုပ်မရှိကြတော့ချေ ။ ထိုအခါတဝမ်က ပြောင်းဖူးအခွံခွာရန်နှင့်အစေ့ချွေခြင်းတို့မှ အလာပ်ရမှတ်များစုဆောင်းရန်အတွက် မောင်နှမများကိုခေါ်သွားလေ့ရှိသည် ။ 


ဆောင်းရာသီတွင် နေ့တာတို၍ညတာရှည်သောကြောင့် သူမတို့မိသားစုစတင်စားသောက်ကြသည့်အချိန်တွင် မိုးမချုပ်သေးသော်လည်း ယခုမူ လပင်ထွက်လာနေပြီဖြစ်သည် ။ ကောင်းကင်အလယ်သို့မရောက်ရှိသေးသော်ငြား အေးချမ်းသောလရောက်မှာ ပတ်ဝန်းကျင်တစ်ခွင်ထွန်းလင်းနေပြီပင် ။


ဟန်ချင်စုန့်က လင်းလန်၏နောက်တွင်ထိုင်နေကာ သူမ၏မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်းတွေးတောနေလေသည် ။ ဤညတွင်သူ၏ကလေးများနှင့်အတူပျော်ပျော်ရွှင်ရွှင်ရီမောခဲ့ရပြီး တစ်သက်တာတွင်အအေးချမ်းဆုံးဆောင်းလလယ်ပွဲတော်ညပါပင် ။


လင်းလန်အား ရှင်းလင်းသန့်ရှင်းရန်ကူညီပေးပြီးနောက်တွင် ခြံဝန်းထဲတွင်လကြည့်နေကြသောကလေးများလည်းပြန်လာကြပြီဖြစ်သည် ။ လင်းလန်က မိုင်စွေ့နှင့်အတူရေချိုးရန်အတွက်ရေနွေးနွေးအိုးတည်ရန်ပြင်ဆင်လိုက်သည် ။


ယခုအိမ်တွင် ရေချိုးခန်းပါထည့်သွင်းတည်ဆောက်ထားသောကြောင့် ရေချိုးရသည်မှာလုံလုံခြုံခြုံနှင့်အဆင်ပြေသွားပြီဖြစ်သည် ။ လင်းလန်က မိုင်စွေ့နှင့်အတူရေချိုးဇလုံထဲတွင်ထိုင်၍ သူမအားခေါင်းလျှော်ပေးပြီးနောက် ရေဆက်ချိုးနေလိုက်သည် ။


သူမရေချိုးပြီးသည့်အချိန်တွင် မိုင်စွေ့က ခေါင်းသုတ်ရင်းကုတင်ပေါ်တွင်ထိုင်နေလေသည် ။ ထိုခေတ်တွင်ဆံပင်အခြောက်ခံစက်များမပေါ်ပေါက်သေးသောကြောင့် ဆံပင်အရှည်ကြီးအား တဘတ်နှင့်သာခြောက်သွေ့အောင်ထိုင်သုတ်ရသည်မှာ အလွန်ခက်ခဲလှသည် ။


ပုံမှန်အားဖြင့် လင်းလန်မှာ နေ့လည်ခင်း၌သာခေါင်းလျှော်လေ့ရှိသော်လည်း ယနေ့တွင်အလုပ်များသွားခဲ့သောကြောင့်မလျှော်ခဲ့ရချေ ။ သူမ၏ဆံပင်မှာအနည်းငယ်တိုသော်လည်း ချွေးထွက်ထားရသောကြောင့်စေးကပ်ပြီးနေလို့နေလို့မကောင်း၍ ညအိပ်ခါနီးမှခေါင်းလျှော်လိုက်ရခြင်းဖြစ်သည် ။


မိုင်စွေ့၏ဆံပင်အားသုတ်ပေးပြီးသည့်နောက်တွင် ဟန်ချင်စုန့်မှာရေချိုးပြီးသွား၍ အခန်းထဲသို့ဝင်လာပြီဖြစ်သည် ။ သူ၏ဆံပင်မှာတိုသည့်အပြင် ခန္ဓာကိုယ်အပူချိန်မှာလည်းမြင့်သောကြောင့်အချိန်တိုအတွင်း၌ပင်ခြောက်သွေ့သွားနိုင်သည် ။


Xxxxxxx