အပိုင်း ၄၆၇-၄၆၈
Viewers 20k

Part 467


လင်းလန်က ဆံပင်သုတ်ရင်းအိပ်ချင်လာသောကြောင့် ဟန်ချင်စုန့်အား ဆံပင်သုတ်ပေးရန်ခိုင်းကာအိပ်ရန်ပြင်လိုက်သည် ။ သူမအိပ်ပျော်လုဆဲဆဲအချိန်တွင် ဟန်ချင်စုန့်က ပြောလာလေသည် ။


" ဆံပင်အစိုကြီးနဲ့မအိပ်နဲ့မကောင်းဘူး "


လင်းလန်မှာ အိပ်ချင်မူးတူးဖြစ်နေသည့်အပြင် ရေနံဆီမီးရောင်အောက်၌သူမ၏ အသွင်အပြင်မှာနူးနူးညံ့ညံ့နှင့်အလှလေးတစ်ယောက်ကဲ့သို့ဖြစ်နေလေသည် ။ ဟန်ချင်စုန့်က သူမအားအချိန်အတော်ကြာစိုက်ကြည့်နေသောကြောင့်စောင်ဖြင့်မျက်နှာကိုအုပ်ကာပြောလိုက်သည် ။


" ဘာလို့ကြည့်နေတာလဲ ရှင်မမြင်ဖူးဘူးလား "


" မဖုံးကွယ်ပါနဲ့...မင်းရဲ့ဒီလိုပုံလေးကို ကိုယ်တစ်ကယ်ကြိုက်တယ် "


ဟန်ချင်စုန့်၏ အသံမှာသံလိုက်ကဲ့သို့ဆွဲဆောင်မူရှိလှကာ အက်ရှနေပြီး သူ၏အသားမာတက်နေသောလက်ထိပ်များနှင့် လင်းလန်၏အသားတလျှောက်ပွတ်ဆွဲသွားသည်မှာ သူမအားဓာတ်လိုက်သကဲ့သို့ခံစားသွားရစေသည် ။


×××


ရက်အနည်းငယ်အတွင်းတွင် ဆောင်းလေတိုက်ခတ်၍နှင်းများကျဆင်းလာတော့မည်ဖြစ်၍ လင်းလန်က ဝါဂွမ်းအဝတ်များချုပ်ရန်ပြင်ဆင်နေလေသည် ။ သူမကသွေးပူလေ့ကျင့်ခန်းလုပ်နေသည့် ဟန်ချင်စုန့်ကို ကြည့်ကာပြောလိုက်သည် ။


" ဒီနေ့ အရမ်းအေးနေတယ် ရေသွားမကူးပါနဲ့လား ကလေးတွေအအေးပတ်ကုန်လိမ့်မယ် "


ဟန်ချင်စုန့်က ကလေးသုံးယောက်အား စိုက်ကြည့်လိုက်သောအခါ၌ တဝမ်ကမျက်နှာသေနှင့်ပြန်ဖြေလေသည် ။


" ရာသီဥတုကအဲ့လောက်လဲမအေးပါဘူး "


တဝမ်၏အမူအရာမှာမပြောင်းလဲသော်လည်း ရှောင်ဝမ်ကဒေါသထွက်သွားလေသည် ။


သေစမ်း! အစ်ကိုကြီးကတကယ် ရေအေးအေးကြီးထဲကိုဆင်းခိုင်းနေတာလား!


ဘဲတွေတောင်အေးလွန်းလို့ ရေထဲမဆင်းကြဘူးလေ!


လင်းလန်က မိုင်စွေ့ ၏ပုခုံးကိုပုတ်ကာမေးလိုက်သည် ။


" မနက်ခင်းလေ့ကျင့်ခန်းကို အတူတူသွားလုပ်သင့်တယ်ထင်တယ်နော် ရေကူးလိုက်ရင် တစ်ခါတည်းရေချိုးပြီးသားဖြစ်သွားတာပေါ့ "


မိုင်စွေ့က အရူးလုပ်မခံဘဲပြန်ပြောလိုက်သည် ။


" အေးတာနဲ့မအေးတာကိုတော့ခွဲခြားတတ်ပါသေးတယ် မားမားရယ် "


ဂျူလိုင်လဆုံး၏ ရာသီဥတုမှာနေ့ဘက်တွင်ပူနွေးသော်ငြား ညဘက်၌အေးစိမ့်စိမ့်ရှိပြီး သြဂုတ်လအတွင်းတွင် နေ့ခင်းကြောင်တောင်အတွင်း၌ပင်အေးစိမ့်နေကာ ညဘက်တွင်ပြောင်းဖူးကဲ့သို့လူတစ်ကိုယ်လုံးအဝတ်များနှင့်လုံအောင်ထုပ်ထားရလေသည် ။


စက်တင်ဘာလအစောပိုင်းတွင် အအေးဓာတ်လျော့နည်းလာပါသော်လည်း အဝတ်အစားကိုမူလျော့ဝတ်၍မရသေးပေ ။


မနက်ခင်းကြီးမှာ ရေကူးရမှာတဲ့လား!


မျက်မှန်ဝတ်ထားပြီး ရေကူးရန်အဆင်မပြေသောကြောင့် ရှောင်ဝမ် ကရေထဲမဆင်းခဲ့ပေ ။ မျက်မှန်ချွတ်လိုက်ပါက လမ်းကိုပင်မမြင်နိုင်သောကြောင့်  ရေကူးရင်းလမ်းပျောက်နေမည်အား လင်းလန်စိုးရိမ်မိသည် ။


သူမ၏သားများက မြစ်ရေမှာနွေးကြောင်းပြောပါသော်လည်း လင်းလန်ကမယုံပေ ။ သို့သော်လည်း ဟန်ချင်စုန့်က မနက်ခင်းလေ့ကျင့်ခန်းလုပ်ရာ၌ ရေကူးခြင်းကိုထည့်သွင်းထားဆဲပါပင် ။ သူတို့သားဖတစ်သိုက်၏မနက်ခင်းအပြေးလေ့ကျင့်ခန်းလုပ်ကြသောပုံရိပ်မှာ ရွာသားများအတွက်အထူးအဆန်းမဟုတ်တော့ချေ ။


မနက်တိုင်းတွင် အရပ်ရှည်ခန့်ညားသောအမျိုးသားတစ်ဦးမှဦးဆောင်ပြီး ကလေးသုံးယောက်နှင့်အတူပြေးနေသည်အား မြင်တွေ့ကြရလိမ့်မည် ။ နောက်ဆုံး၌ ကောင်လေးများကအကျီချွတ်ကာ ရေကူးရန်မြစ်ထဲသို့ပြေးဆင်းကြကာ ရေကူးကြလိမ့်မည် ။


ထိုမြင်ကွင်းမှာ အလွန်ကြည့်၍ကောင်းပါသော်လည်း ဟန်ချင်စုန့်က သူတို့၏ဖခင်မဟုတ်သည့်အတွက် ဝမ်းသာနေကြသည် ။ 


ဘယ်သူကများ မိုးမလင်းခင်ထပြေးပြီး ရေအေးအေးကြီးထဲကိုခုန်ဆင်းချင်မှာလဲ?


....


ဆောင်းရာသီရိတ်သိမ်းချိန်အတွင်း၌ အလုပ်အလွန်များခဲ့သောရွာသားများမှာ ရိက္ခာများခွဲဝေပြီးနောက်တွင် လုပ်စရာအလုပ်မရှိတော့ဘဲအားလပ်နေကြတော့သည် ။ ဆန့်ကျင်ဘက်ဖြစ်စွာပင် ဖြန့်ချီရေးအဖွဲ့ဝင်များမှာ ရွာသားများအပန်းပြေစေရန် ဖျော်ဖြေတင်ဆက်မူများပြုလုပ်ရန်ပြင်ဆင်နေကြပြီးအလုပ်ရူပ်နေတော့သည် ။


အဖွဲ့အတွင်း၌ဖြစ်စေ အဖွဲ့ပြင်ပ၌ဖြစ်စေ လင်းလန် မှာအလုပ်အများဆုံးသောသူဖြစ်ပါသော်လည်း သူမ၏ကြိုးစားမူရလဒ်မှာများပြားသည်ပင် ။ အလုပ်ရမှတ်များပိုရသည့်အပြင် သူမ၏မိသားစုတွင်းစားသောက်ရန် ရိက္ခာအတွက်လည်းစိတ်ပူစရာမလိုအပ်ပါချေ ။


ထိုနေ့တွင် လင်းလန်က လျှိုချွန်းချိုက်အား အဖွဲ့နှင့်အတူပူးပေါင်းဆောင်ရွက်ရန် ပစ္စည်းများသယ်ကာလိုက်သွားစေသည် ။ ဤတစ်ကြိမ်တွင် ပန်းသီးများနှင့် ဂျုံကီလိုဝက်ကိုမျှဝေပေးပြီး တစ်လမ်းလုံးပစ္စည်းများ သယ်လာခဲ့ရသည် ။


ပုံမှန်အားဖြင့်လူတိုင်းက ပိုက်ဆံပေးရုံဖြင့်အဆင်ပြေသည်ဟုပြောဆိုမည်ဖြစ်သော်လည်း လင်းလန်ကတော့ သူမ၏လုပ်အားနှင့်ကြိုးစားအားထုတ်မူအတွက်အစားအစာရိက္ခာများကိုသာတောင်းဆိုလေသည် ။ ဤခေတ်အခါအတွင်း ပိုက်ဆံရှိပါသော်လည်း တစ်ခါတစ်ရံ ၌အစားအသောက်ဝယ်ယူရန်မှာပိုက်ဆံရှိရုံဖြင့်မရနိုင်ပေ ။


" အိမ်ပြန်လိုက်ပို့ပေးရဦးမလား "


" ရပါတယ်... အစောကြီးရှိသေးတာပဲ ကိုယ့်ဘာသာပြန်လို့ရပါတယ် "


လင်းလန်က လက်ပြကာကျေးဇူးတင်နူတ်ဆက်ပြီးနောက်တွင် တောင်ဘက်သို့ဦးတည်သွားလေသည် ။ ရွာ၏အနောက်ဘက်ကိုသွားမည်ဆိုရင် အထူးသတိထားသင့်ကြောင်းသတိပေးချက်ထုတ်ပြန်ထားပြီး ရွာ၏တောင်ပိုင်းနှင့်အလယ်ပိုင်းတို့မှာ သွားလာရအလွယ်ကူဆုံးပါပင် ။ 


အချို့သောနေရာများတွင်လမ်းများသည်ဆိုးရွားစွာပျက်ဆီးနေပြီး လမ်းလျှောက်ရန်ပင်မလွယ်ကူပါချေ ။ လင်းလန်က အဆိပ်ရှိအကောင်များကိုသတိထားကာလျှောက်နေပြီးချိုင့်ဝှမ်းတစ်ခုနားသို့ရောက်သောအခါတွင် ငိုကြွေးသံများကိုကြားလိုက်ရသည် ။


ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်သေဆုံးသွားသောအသုဘအိမ်မျိုးမှာတွင်သာ ဤကဲ့သို့ငိုကြွေးချင်းမျိိုးကိုကြားရလိမ့်မည် ။ 


လင်းလန်က ခဏမျှရပ်ကာအသံကိုအာရုံစူးစိုက်၍နားထောင်လိုက်သည် ။ မကြာခင်မှာပင် အမျိုးသမီးကြီးတစ်ဦးက အော်ဟစ်ရင်းပြေးထွက်လာလေသည် ။


" လူသေသွားပြီ... လူသေသွားပြီ...ရွာသားတွေကိုအကူအညီတောင်းပြီးအသုဘအခမ်းအနား လုပ်ရမယ် "


သူမ၏အော်သံကြားသည်နှင့်တစ်ပြိုင်နက် အိမ်နီးနားချင်းများလည်း ထွက်လာကာ ထိုအမျိုးသမီး၏နားတွင်ဝိုင်းအုံလာကြသည် ။ အချို့သောသူများဆိုလျှင် ဂေါ်ပြားနှင့်ပေါက်တူးများပင်ကိုင်ဆောင်လာကြသေးသည် ။ 

 


လင်းလန်ကထိုလူများမှာ အနည်းငယ်ထူးဆန်းနေကြောင်းခံစားမိနေသည် ။ အိမ်နီးနားချင်းတစ်ယောက်သေဆုံးသွားပါက အသုဘအခမ်းအနားအတွက်ကူညီဆောင်ရွက်ပေးကြမှာပုံမှန်ဖြစ်ပါသော်လည်း ဤလူများမှာမူစိတ်လူပ်ရှားနေကြသောအမူအယာများလည်းရှိနေလေသည် ။


ဘာတွေဖြစ်နေတာလဲ?


သူမအားတွေ့သည်နှင့်နူတ်ဆက်လာကြသည် ။


" အိုး...ဒါက ခေါင်းဆောင်လင်းမဟုတ်လား... လျှိုအားဟူ ဆုံးသွားလို့ အသုဘအခမ်းအနားကိုကူညီပေးမလို့ပါ "


လင်းလန် အံ့သြသွားရသည် ။


" လျှိုအားဟူမှာ တခြားဆွေမျိုးသားချင်းမရှိဘူးလား "


ဒီလိုအခမ်းအနားမျိုးက သူစိမ်းတွေလုပ်ပေးဖို့တကယ်သင့်တော်လို့လား?


အမျိုးသမီးက အဓိပ္ပါယ်ဖော်ရခက်စွာပြုံးလိုက်ပြီးနောက် လင်းလန်အား ဘာမျှဆက်မပြောတော့ဘဲ ပြေးထွက်သွားလေသည် ။


မကြာမီမှာပင် သတင်းကြားသောရွာသားများရောက်ရှိလာကြပြီးတီးတိုးပြောဆိုနေကြသည် ။


" မင်းဘာလုပ်တာလဲ... ဒါကငါအရင်တွေ့တာ "


" ဘာပေါက်ကရတွေပြောနေတာလဲ ငါဒီဟာလေးကိုမျက်စိကျနေတာ နှစ်လလောက်ရှိနေပြီ "


" ငါက သူရဲ့အဒေါ်ပဲ "


" ငါက ငယ်သေးပေးမဲ့ အမျိုးစပ်မယ်ဆိုရင် သူ့အဒေါ်တော်တယ် "


လင်းလန်မှာ လည်းမတွေးတတ်ပါတော့ချေ ။ သူမက ငိုသံကြားသောကြောင့်သာရပ်ကြည့်နေမိတာဖြစ်ပြီး ဤလူများက အမြန်ပင်ရောက်လာကြကာ အသုဘအတွက်ပြင်ဆင်ရမည့်အစားအငြင်းပွားနေကြသည် ။


Xxxxxxx

Part 468


လင်းလန်က အတိတ်မှအကြောင်းအရာများအားမသိသောကြောင့် အချိန်ရသောအခါမှသာတုန်ဟွိုင်ဟွကိုမေးကြည့်မည်ဟု စိတ်ကူးထားလိုက်သည် ။ ထိုအချိန်တွင် မိန်းမငယ်လေးတစ်ယောက်ကငိုယိုကာပြေးထွက်လာသည်ကိုမြင်လိုက်ရသည် ။


" ဘာလုပ်ကြတာလဲ ပြန်ပေးကြစမ်း ဒါငါ့မိသားစုပိုင်တဲ့ပစ္စည်းတွေ "


လင်းလန် ကြည့်လိုက်​သောအခါတွင် ယန်ယန်ဖြစ်နေကြောင်းတွေ့လိုက်ရသည် ။ သူမက ပစ္စည်းများယူရန်ပြင်ဆင်နေကြသောသူများထံမှပြန်လည်၍ လုယူနေသည် ။


သူမ၏အဖေအရင်းမှာ ဆုံးပါးသွားသည့် လျှိုအားဟူဖြစ်ပုံရသည် ။ လျှိုအားဟူ မှာသေဆုံးသွားပြီဖြစ်သောကြောင့် ယန်ယန်၏မိခင်မှာ သေချာပေါက်ပင်နောက်အိမ်ထောင်ထပ်ပြုလိမ့်မည်ဖြစ်ပြီး သုမ၏အမည်မှာလည်း မျိုးရိုးနာမည်ပြောင်းလဲ၍ ဖြစ်တည်သွားလိမ့်မည် ။


ထိုအချိန်တွင် ထူးဆန်းသောမျိုးရိုးနာမည်နှင့်အမျိုးသမီးက ထွက်လာကာ ပြောလိုက်သည် ။


" ဘာဖြစ်လဲသေတဲ့လူကသေသွားပြီလေ "


သေတဲ့လူကသေသွားပြီ!


လင်းလန်က လန့်သွားကာမေးလိုက်သည် ။


" ယန်ယန်မှာ မောင်လေးတစ်ယောက်ရှိသေးတယ်မဟုတ်လား... ဘယ်လိုလုပ်ပြီး ..."


" ဪ... အဲ့ဒီကလေးသေးသေးလေးလား... သူ့အမေက သူ့ကြောင့်နောက်တစ်ကြိမ်လက်ထပ်လို့မရမှာကြောက်တယ်လေ အဲ့တာကြောင့်ဝမ်းကွဲတစ်ယောက်နဲ့လက်ထပ်ပြီးဆွေမျိုးအချင်းချင်းပြန်ယူလိုက်ကြတာ "


ဒီလိုကြီးလဲဖြစ်နိုင်တာပဲလား!


လင်းလန်မှာ သူ၏လောကကြီးအပေါ်သုံးဖက်မြင်သည့်အမြင်လေး လေနှင့်အတူလွင့်ပါသွားသလိုခံစားလိုက်ရသည် ။


လူတစ်ယောက်သေဆုံးသွားသည်နှင့် ကျန်ရစ်သောပစ္စည်းများအား မိသားစုဝင်များကပြန်လည်ခွဲဝေယူလိုက်ကြမည်ဖြစ်သည် ။ သို့သော်လည်း အမွေခွဲဝေမူတွင်အမျိုးသမီးများအတွက်မပါရှိတတ်ပေ ။ လျှိုအားဟူ ကအငယ်ဆုံးဖြစ်ပါသော်လည်း သူ့တွင်သားတစ်ယောက်ကျန်ရစ်ခဲ့သည် ။


လင်းလန်က ဒေါသတကြီး ပြောလိုက်သည် ။


" သူ့ရဲ့အစ်ကိုကြီးကဘယ်မှာလဲ လာတောင်မကြည့်ဘူးလား "


" ဟား...ဟား..."


အမျိုးသမီးကြီးက ကျယ်လောင်စွာရီမောလိုက်လေသည် ။


" သူကရော အသက်ရှင်တဲ့အချိန်တုန်းက မိသားစုကိုထောက်ပံ့ခဲ့လို့လား "


ဝူချိုက်ရှန်းမှာ သူမဦးလေး၏စောင့်ရှောက်ပေးမူကြောင့်သာ အသက်ရှင်နေရသည်ဖြစ်ပြီး အမျိုးသမီးတစ်ယောက်အနေနှင့် ကလေးနှစ်ယောက်ကိုပြုစုပျိုးထောင်ပေးနိုင်မည်မဟုတ်ပါချေ ။ 


အခြားသောသူများကလည်းထောက်ပြပြောဆိုလာကြသည် ။


" ဝူချိုက်ရှန်း ကလား ဝမ်းနည်းတဲ့အမူအယာရှိဖို့မပြောနဲ့ ပျော်လွန်းလို့ထမကတာကမှအံ့သြဖို့ကောင်းနေပြီ "


လူအချို့က လှောင်ရီလာကြသည် ။


ထိုသူများ၏ လွန်ကျူးသောစကားများကြောင့် လင်းလန်ကဒေါသထွက်လာကာအကျယ်ကြီးအော်လိုက်သည် ။


" ယန်ယန် "


အခြားသူများထံမှ ပစ္စည်းများပြန်လုယူနေသည့် ယန်ယန်မှာ လင်းလန်အား တွေ့သည်နှင့်ငိုယိုရင်းတိုင်တောလာလေသည် ။


" ဆရာမလင်း...သမီးကိုကူညီပါဦး... သူတို့ကအဖေ့ရဲ့ ပစ္စည်းတွေကိုအပိုင်သိမ်းဖို့လုပ်နေကြတယ် "


လင်းလန်က ယန်ယန်ထံမှပြန်ဆွဲလုနေသည့်အမျိုးသမီးအားအော်လိုက်သည် ။


" ရှင်ကဘာလို့ကလေးနဲ့ပြိုင်လုနေတာလဲ... သတ္တိရှိရင် အုပ်ချုပ်ရေးမှူးဆီသွားပြီးပစ္စည်းတွေကိုရသင့်လားမရသင့်လားဆုံးဖြတ်ခိုင်းလိုက်လေ "


ထိုအမျိုးသမီးကလင်းလန်ကိုမြင်သောအခါ အနည်းငယ်ထိတ်လန့်သွားပါသော်လည်း လေသံမာမာနှင့်ပြောလိုက်သည် ။


" ဒါကငါတို့လျှိုမိသားစုရဲ့ ကိစ္စ...နင်တို့ဟန်မိသားစု ဝင်ပါစရာဘာအကြောင်းမှမရှိဘူး ".


ရွာ၏ဓလေ့ထုံးစံမှာဤကဲ့သို့ဖြစ်သည် ။ မိသားစုအတွင်းဆွေမျိုးသားချင်းများအတွင်း သို့မဟုတ် မျိုးရိုးတူသောဆွေမျိုးများအတွင်းရှိ မိသားစုပြဿနာများနှင့်အခြားသောကိစ္စရပ်များအား အပြင်လူမှဝင်ရောက်စွက်ဖက်ခွင့်မရှိချေ ။


ထို့ကြောင့် အမွေခွဲဝေရေးကိစ္စတွင် ဟန်ရုံဖန်သာဝင်ပါမည်ဆိုပါက လျှိုမိသားစုဘက်မှလက်ခံမည်မဟုတ်သကဲ့သော အတင်းပြောလိုသောသူများက ဝူချိုက်ရှန်းနှင့် ဟန်ရုံဖန် ကိုပင်တိတ်တိတ်ပုန်းဆက်ဆံရေးရှိနေသည်ဟုပင် သမုတ်လာနိုင်သေးသည် ။


လင်းလန်က အေးစက်စွာပြောလိုက်သည် ။ 


" ဒါက ရွာရဲ့ကိစ္စပဲ ဘယ်လိုလုပ်ပြီးတော့ ရှင်တို့လျှိုတစ်မိသားစုတည်းရဲ့ ကိစ္စဖြစ်သွားရတာလဲ... ယန်ယန် လုံခြုံးရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးမူကိုဒီအကြောင်းသွားတိုင်... တကယ်လို့ သူတို့ကမဖြေရှင်းပေးဘူးဆိုရင် ငါတို့ခရိုင်အထိတက်တိုင်ကြတာပေါ့ အဲ့ဒီအခါမှဘယ်သူကအဖမ်းခံရမလဲဆိုတာငါသိချင်သေးတယ် "


လင်းလန်၏ စကားကိုကြားသောအခါ ထိုအမျိုးသမီးကြီးမှာ တုန်လူပ်သွားလေသည် ။ ယန်ယန်က သူမ၏အဖေအားပြုစုစောင့်ရှောက်နေခဲ့ပြီး သူမ၏အဖေသေဆုံးသည်နှင့်အိမ်နီချင်းများက အိမ်အတွင်းသို့အတင်းဝင်ရောက်လာပြီး ပစ္စည်းများကိုလာလုယူကြခြင်းဖြစ်သည် ။


အချို့က ပစ္စည်းအသေးအမွှားလေးကအစယူလိုကြပြီး သူမအဖေ၏စောင်ကိုပင်အလွှတ်မပေးကြချေ ။ သူမ၏ ဦးလေးနှင့်အဒေါ်များမှာ ပို၍ပင်ဆိုးသေးသည် ။ သူမ၏အဖေအားဖိအားပေးကာ ပိုက်ဆံနှင့်ပစ္စည်းဥစ္စာများကိုခွဲဝေယူချင်နေကြသည် ။


သူမ၏အမေမှာ စိတ်ဆင်းရဲသောကြောင့်ငိုယိုနေရပြီး သူမဘာမျှမလုပ်ပေးနိုင်ချေ ။ ပစ္စည်းများကိုပြန်လည်လုယူရန်ကြိုးစားပါသော်လည်း အချို့သောအရာများမှာ သူများလက်ထဲသို့ပါသွားပြီဖြစ်သည် ။


ဘာလို့ ဒီလိုဖြစ်ရတာလဲ?


ဘာလို့မတရားခံနေရတာလဲ?


လင်းလန်က သူမ၏ပုခုံးလေးကိုတစ်ချက်ပုတ်ကာနှစ်သိမ့်ပေးပြီးနောက် သူမ၏မျက်ရည်များကိုသုတ်ပေးလိုက်သည် ။


" ကျေးဇူးတင်ပါတယ် ဆရာမလင်း သမီးအုပ်ချုပ်ရေးမှူးဆီသွားလိုက်ဦးမယ် "


သူမက ငိုရင်းပြေးထွက်သွားလေသည် ။ အချို့သောသူများက လင်းလန်ကိုပင် သွေးဆောင်ရန်ကြိုစားကြသေးသည် ။


" ခေါင်းဆောင်လင်း ကျွန်မတို့က သူ့ဆီကနေအမြတ်ထုတ်ချင်တာမဟုတ်ရပါဘူး မသိတဲ့သူဆိုရင် ဝိုင်းအနိုင်ကျင့်နေတယ်လို့တောင်ထင်ကြလိမ့်မယ် "


လင်းလန်က အေးစက်စက်ဖြင့်တစ်ချက်စိုက်ကြည့်ကာပြောလိုက်သည် ။


" ရှင်တို့က တကယ်ကောင်းတဲ့အိမ်နီးချင်းတွေသာဖြစ်မယ်ဆိုရင် မကောင်းတဲ့ဆွေမျိုးတွေနဲ့ပေါင်းပြီး ကလေးကိုအနိုင်ကျင့်စရာလား "


" အဲ...အဲ့လိုမဟုတ်ပါဘူး "


ထိုလူများမှာ လင်းလန်အပေါ်အမြင်ကောင်းရှိသည့်အပြင် ဟန်ချင်စုန့်၏ ရာထူးအာဏာကြောင့်လည်း လင်းလန်အား ရိုင်းရိုင်းစိုင်းစိုင်းမပြောရဲကြပါချေ ။ ထို့အပြင် မိသားစုအတွင်းအမွေခွဲဝေမူကို မည်ကဲ့သို့စီရင်ဆုံးဖြတ်ပေးမည်ကိုလည်းအလွန်သိချင်နေကြသည် ။ 


" ဘာလို့ မိသားစုတွင်းကိစ္စကိုမိသားစုအချင်းချင်းမဖြေရှင်းရဘဲ သူများတွေဝင်စွက်ဖက်တာခံရမှာလဲ "


မျိုးရိုးနာမည်တူရှိသော်ငြားသွေးရင်းသောမိသားစုဝင်မဟုတ်သရွေ့ အချို့သို့သောသူများမှာဘေးထွက်နေသင့်ပေသည် ။ ဥပမာ တစ်ဝမ်းကွဲဆွေမျိုးများနှင့် အသက်ကြီးသောဆွေမျိုးများပင် ။


ပုံမှန်အားဖြင့် သွေးချင်းမောင်နှမများနှင့် ဆွေမျိုးသားချင်းတစ်ဖြစ်လဲအိမ်နီးနားချင်းများကသာ အရင်းနှီးဆုံးဖြစ်လေသည် ။ 


" ရှင်တို့အားလုံးက ရွာတစ်ရွာတည်းမှာစုနေတာမဟုတ်ဘူးလား... ရှင်တို့ရဲ့ကိစ္စတွေအကုန်လုံးကို အုပ်ချုပ်ရေးမှူးကစီမံခန့်ခွဲပေးနေရတာလဲ အခုလိုမတရားတဲ့ကိစ္စမျိုးမှာဆို သေချာပေါက်အုပ်ချုပ်ရေးမှူးဆီမှာတရားမျှတရားမူသွားရှာရမှာဘဲ "


လင်းလန်မှာအမှန်ပင်ဒေါသတကြီးဖြစ်နေလေသည် ။


" ရှင်တို့ကိုယ်ရှင်တို့ ပြန်ကြည့်ကြစမ်းပါဦး အိမ်နီးနားချင်းဖြစ်နေရက်နဲ့​တောင်မှ သူများမိသားစုက ပိုင်ဆိုင်မူတွေကို အချောင်လိုချင်နေကြသေးတယ် ဘယ်လောက်တောင်အရှက်မရှိလိုက်လဲ "


Xxxxxx