အပိုင်း ၄၇၁-၄၇၂
Viewers 20k

Part 471


သူမက ပြောရင်းနှင့်ပင် အမျိုးသမီးဝူ ကိုကြည့်လိုက်လေသည် ။


" မားမားတစ်ခုခုပြောပါဦး မားမားဆုံးဖြတ်ချက်ကိုတစ်မိသားစုလုံးကအတည်ယူကြမှာပါ "


အမျိုးသမီးဝူကပြောလိုက်သည် ။


" အင်း... အပြင်လူတွေအကြောင်းကိုဂရုမစိုက်နဲ့... ငါတို့မိသားစုအတွင်းကပိုင်ဆိုင်မူတွေကို မိသားစုဝင်တွေကပဲ ထိန်းသိမ်းသင့်တယ်... ငါဒီအိမ်မှာနေမယ်ဆိုရင်တောင် ဘယ်သူဘာပြောရဲလဲ "


လျှိုဝမ်ဟူမှာ မဖုံးနိုင်မဖိနိုင်ပင်ပျော်ရွှင်နေတော့၏ ။

အမျိုးသမီးဝူက ဒီအိမ်မှာနေတော့မယ်ဆိုတော့ သူသွားချင်သွားလာချင်လာလို့ရပြီ ဘယ်သူကဝေဖန်ရဲမှာလဲ!


လင်းလန်က ထိုလျှိုမိသားစုကိုကြည့်ကာပြောလိုက်သည် ။


" တကယ်တော့လဲ ဒါကကိစ္စပြီးတော့မဟုတ်ပါဘူး စပြီးခွဲဝေမယ်ဆိုကတည်းက လျှိုအားဟူ နဲ့ ဝူချိုက်ရှန်းနဲ့က လျှိုမိသားစုဝင်တွေပဲလေ... လျှိုအားဟူက သေသွားပြီဆိုပေမဲ့ သူ့ဇနီးဖြစ်တဲ့ ဝူချိုက်ရှန်းကသက်ရှိထင်ရှားရှိနေသေးတယ်လေ အမွေတွေက သူမရဲ့လက်ထဲကိုပဲရောက်ရမှာပေါ့ "


ဝူချိုက်ရှန်းက ထိုင်ပြီး ငိုသာငိုနေသောကြောင့် လေသံမာမာနှင့်အော်လိုက်သည် ။


" ဝူချိုက်ရှန်း!"


တစ်ယောက်ယောက်မှ သူမ၏နာမည်အားအသံကျယ်ကျယ်နှင့်အော်ခေါ်လိုက်သည်ကိုကြားသောအခါမှ ဝူချိုက်ရှန်းက မျက်ရည်များကိုသုတ်ရင်းထလာကာ အူကြောင်ကြောင်နှင့်မေးလိုက်သည် ။


" အမ်...  ဘယ်သူခေါ်လိုက်တာလဲ "


လင်းလန် "..."


ဒီလိုပုံစံအတိုင်းဆိုရင် ရှင်တစ်ကယ်ပဲ နောက်အိမ်ထောင်ပြုသင့်တယ် မဟုတ်ရင် မနက်ဖြန်ထိတောင်အသက်ရှင်ကျန်နိုင်ပါ့မလားမသေချာဘူး !


ယန်ယန်က သူမ၏အမေဘက်မှဝင်ရောက်ကူညီချင်ပါသော်လည်း နည်းလမ်းစဥ်းစားမရသောကြောင့် အသံကျယ်ကျယ်ဖြင့်သာအော်ပြောလိုက်သည် ။


" မားမား မငိုပါနဲ့ ...ပါးပါး ဆုံးသွားပြီဆိုပေမဲ့ မောင်လေးနဲ့သမီးကျန်သေးတယ်လေ မားမားထပ်ငိုနေမယ်ဆိုရင်တစ်မိသားစုလုံးလုပ်ကြံခံရတော့မယ် "


သူမ၏ မောင်ငယ်လေးသည် ငါးနှစ်ကျော်ခြောက်နှစ်မျှသာရှိသေးသော်လည်း ငိုယိုနေခြင်းက ပြဿနာကိုဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပို၍ပင်ဆိုရွားစေနိုင်ကြောင်းနားလည်လေသည် ။


လူတိုင်းက ယန်ယန်၏ဒေါသတကြီးအော်လိုက်သောအပြုအမူကြောင့်ကြောင်အသွားကြလေသည် ။ 


လျှိုမိသားစုမှာတော့ အုပ်ချုပ်ရေးမှူးအားသွားပြေးခေါ်လာသည့်အပြင် ဤကဲ့သို့ပြောဆိုလိုက်ခြင်းကြောင့်မုန်းတီးသောမျက်လုံးများနှင့်ကြည့်နေကြသည် ။ 


ယန်ယန်လို့ ဘာမှနားမလည်တဲ့ကလေးမလေးရဲ့ဦးနှောက်က ဒီလိုအကြံမျိုးတွေထွက်လာစရာအကြောင်းမရှိဘူး!


တစ်ယောက်ယောက်က နောက်ကွယ်ကနေသူမကိုသင်ပေးပြီး ကြိုးကိုင်နေတာပဲဖြစ်ရမယ် !


အဲ့ဒီလူကလဲ သေချာပေါက် ဟိုမိန်းမလင်းလန်ပဲ ဖြစ်ရမယ်!


လျှိုမိသားစုက လင်းလန်အား ပြဿနာရှာချင်ပါသော်လည်း ကံမကောင်းစွာနှင့် သူတို့တွင်ထိုကဲ့သို့သောလုပ်နိုင်သော အာဏာသော သတ္တိပါမရှိပေ ။ ထို့ကြောင့် အမျိုးသမီးဝူက သူမ၏ဒေါသများအား ယန်ယန် အပေါ်သို့သာပုံချနိုင်ပြီး မျက်နှာကိုရိုက်နှက်တော့သည် ။


" ဂြိုလ်ဆိုးမလေး နင့်အဖေကသေချာပေါက် နင့်အမေနဲ့နင့်ရဲ့လုပ်ကြံမူကြောင့်သေသွားတာပဲ ဖြစ်ရမယ်... နင်တို့က ငါ့ကိုတောင်သတ်ချင်နေကြတာလားဟမ်... လျှိုအားဟူက မသေခင်နင်တို့သားအမိနှစ်ယောက်ကိုရောင်းစားခဲ့သင့်တာ နင်တို့နှစ်ယောက်စလုံးက ငါတို့လျှိုမိသားစုဝင်မဟုတ်ဘူး "


လျှိုဝမ်ဟူနှင့် စွန်းအိုက်ဖန်းတို့မှာ ထောက်ခံပြောဆိုလာကြသည် ။


" ဟုတ်တယ် တကယ်ကျွေးတဲ့လက်ကိုပြန်ကိုက်တတ်တဲ့သတ္တဝါတွေ "


ယန်ယန်က အမျိုးသမီးဝူ၏ ရိုက်ချက်များကိုရှောင်ရန်ကြိုးစားပါသော်လည်း လျှိုဝမ်ဟူ ၏သားအကြီးဆုံးကသူမပုန်းမရအောင်ဆွဲထားလေသည် ။ တဝေ့မှာ အမျိုးသမီးဝူထံသို့ တုတ်တစ်ချောင်းပင်ယူသွားပေးလိုက်သေးသည် ။


အမျိုးသမီးဝူက တုတ်ဖြင့် ယန်ယန်နှင့်ဝူချိုက်ရှန်းတို့အား ရိုက်နှက်လာသည့်အခါတွင် ဝူချိုက်ရှန်းမှာ ယန်ယန်အားဖက်ထားရင်း ရိုက်ချက်များကိုသည်းခံနေသည် ။ 


လုံခြုံရေးခေါင်းဆောင်၏ ခါးတွင်ကြာပွတ်ရှိပါသော်လည်း အဖွားကြီးအားကြာပွတ်နှင့်ရိုက်ရန်မဖြစ်နိုင်သောကြောင့် လျှိဝမ်ဟူ၏ မျက်နှာကိုသာရိုက်ချလိုက်သောကြောင့် နာနာကျင်ကျင်အော်ဟစ်သံကြီးတစ်ခုထွက်ပေါ်လာလေသည် ။


လင်းလန်က အမျိုးသမီးဝူ၏ လက်ထဲမှတုတ်ကိုဆွဲယူလိုက်ပြီး ရိုက်ရန်ရွယ်သည့်ဟန်ပြကာပြောလိုက်သည် ။


" ရှင်သေပြီပဲ အဖွားကြီး... အခုကဘယ်ခေတ်တောင်ရောက်နေပြီလဲ ရှင့်ရဲ့ရှေးရိုးစွဲနေတဲ့အယူအဆနဲ့အမူအကျင့်တွေကို ခွေးကျွေးပြီးစွန့်ပစ်လိုက်တော့... သားသမီးလုပ်စာထိုင်စားရတာအားမရလို့ မြေးတွေကိုပါခွဲခြားပြီးခိုင်းစားနေတာမဟုတ်လား ရှင့်လိုလူမျိုးတစ်ယောက်အသက်ရှင်နေတာက အစားအစာတွေနဲ့လေကိုဖြုန်းတီးနေသလိုပဲ... ခေါင်းဆောင် သူတို့တစ်မိသားစုလုံးကိုမြန်မြန်ဖမ်းပြီး ခရိုင်မှာ အကြမ်းဖက်မူနဲ့တိုင်ချက်ဖွင့်ရမယ် ဒီလိုလူမျိုးတွေအတွက် ရွာမှာဆုံးဖြတ်ပေးလိုက်မယ်ဆိုရင် အရမ်းသက်ညှာလွန်းရာကျနေတယ် "


လင်းလန်၏ စကားများအားကြားသောအခါတွင် ယန်ယန်မှာ ကိစ္စတစ်ရပ်လုံးကိုရှင်းရှင်းလင်းလင်းသိမြင်နားလည်သွားပြီးလျှိုဝမ်ဟူ အားလက်ညှိုးထိုးကာကျိန်ဆဲလေတော့သည် ။


" ဦးလေးကအမြဲတမ်း သမီးတို့မိသားစုဆီကနေအမြတ်ထုတ်ချင်နေတာ... ရိက္ခာခွဲဝေတဲ့အချိန်တိုင်း အိမ်မှာလာကပ်စားပြီး အစားအစာတွေကိုလည်းယူသွားသေးတယ် ... အဖေက အရမ်းရိုးသားတော့ လှည့်စားချင်တိုင်းလှည့်စားလို့ရတယ်ဆိုပြီး အထင်သေးနေခဲ့တာလေ... ဦးလေးက သူ့အပေါ်အမြတ်ထုတ်နေတယ်လို့တောင် တစ်ခါလေးမှတွေးဖူးတာမဟုတ်ဘူး မိသားစုဝင်အချင်းချင်းကူညီရမယ်လို့ပဲပြောနေခဲ့တာ... ဒါကအဖေ့ကိုပြန်ပြီးကျေးဇူးဆပ်တဲ့နည်းလမ်းလား...လူယုတ်မာ... လူယုတ်မာကြီး ... အိမ်ကိုတောင် သိမ်းချင်သေးတယ်... ပိုက်ဆံတွေနဲ့အစားအစာကိုတောင်လိုချင်နေသေးတယ်... "


ယန်ယန်က မူးမေ့လဲမတတ်အော်ဟစ်ငိုယိုနေပြီး မတရားခံခဲ့ရသည်များကို ဆက်ပြောပြရန်အင်အားမရှိပါတော့ချေ ။ သူမ၏ခန္ဓာကိုယ်လေးမှာ တသိမ့်သိမ့်တုန်ယင်နေပြီး ပွဲကြည့်နေသောလူအုပ်ကြီးကြားထဲမှ သူမ၏အဒေါ်ဖြစ်သူအား မျက်ထောင့်နီများဖြင့်စိုက်ကြည့်နေလေ၏ ။


ပုံမှန်အားဖြင့် ဆွေမျိုးသားချင်းတစ်ဦးသေဆုံး၍အမွေဆက်ခံမည့်သူမရှိလျှင်သို့မဟုတ် ဇနီးမယားနှင့်ငယ်ရွယ်သောကလေးများသာကျန်ရှိခဲ့မည်ဆိုလျှင်  ထိုသူ၏သွေးရင်းဖြစ်သောမောင်နှမများမှာ အမွေကိုယာယီထိန်းသိမ်းဆက်ခံခွင့်ရှိသည် ။ 


သို့သော်လည်း တရုတ်ရိုးရာဓလေ့များအရ လက်ထပ်၍အခြားမိသားစုထဲသို့ဝင်ရောက်သွားသော သမီးမိန်းကလေးများမှာ အမွေဆက်ခံသူစာရင်းတွင်ပါဝင်ခွင့်မရှိပါတော့ချေ ။ ထို့ကြောင့် အမွေခွဲဝေရာတွင် ညီအစ်ကိုအရင်းများသာရပိုင်ခွင့်ရှိလေသည် ။


အမျိုးသမီး များမှာအရေးမပါပေ ။ လင်းလန်က ယန်ယန်ကိုသာကြည့်နေပြီးဘာမှပြောမလာပါချေ ။ ပွဲကြည့်နေသူများမှာ လျှိုမိသားစု၏ မတရားမူများကိုဆက်တိုက်ထောက်ပြပြောဆိုလာလေ၏ ။


" သူတို့က မောင်နှမအရင်းရဲ့သွေးသားတွေအပေါ်ကိုဆက်ဆံတဲ့ပုံက အရမ်းကိုတရားမျှတရမူမရှိတာပဲ... မပူနဲ့ ယန်ယန် သမီးဘက်ကထောက်ခံတယ် "


" အင်းလေ အဲ့ဒီအဖွားကြီးဘယ်သူ့ကိုထပ်ပြီးရိုက်ရဲသလဲဆိုတာကြည့်ကြသေးတာပေါ့... ထပ်ပြီးသောင်းကျန်းရဲရင်အကုန်ဝိုင်းရိုက်ကြမယ် "


ယန်ယန်၏ စွပ်စွဲချက်မှာတိကျသည့်အပြင် လျှိုမိသားစုတစ်ခုလုံး၏မတရားဆက်ဆံမူများအားတစ်ရွာလုံးသိအောင်ကြေငြာလိုက်သကဲ့သို့ဖြစ်သွားသည့်အတွက် မကျေနပ်သော်ငြားအံကြိတ်သည်းခံနေရသည် ။


Xxxxxxxx

Part 472


ယန်ယန်၏ စွပ်စွဲချက်မှာတိကျသည့်အပြင် လျှိုမိသားစုတစ်ခုလုံး၏မတရားဆက်ဆံမူများအားတစ်ရွာလုံးသိအောင်ကြေငြာလိုက်သကဲ့သို့ဖြစ်သွားသည့်အတွက် မကျေနပ်သော်ငြားအံကြိတ်သည်းခံနေရသည် ။

လျှိုဝမ်ဟူ က ဝူချိုက်ရှန်းကို အချိုသတ်ကာချော့မော့ပြောဆိုလာလေသည် ။


" ခယ်မလေး အတိတ်တုန်းက နင်တို့လင်မယားကိုငါတို့ဘယ်လိုဆက်ဆံပေးခဲ့လဲဆိုတာကိုမမှတ်မိဘူးလား... ဘယ်လိုလုပ်ပြီး ငါတို့ကိုဒီလိုပြန်စွပ်စွဲနိုင်ရတာလဲ... မင်းက ငါတို့လျှိုမိသားစုဝင်တစ်ယောက်နဲ့လက်ထပ်ထားခဲ့ပြီး လျှိုမိသားစုရဲ့ ဂုဏ်သိက္ခာကမင်းနဲ့လည်းသက်ဆိုင်တယ် စကားတစ်ခွန်းမပြောခင်သေသေချာချာစဥ်းစားသင့်တယ်မဟုတ်ဘူးလား... "


ဝူချိုက်ရှန်း၏ အကျင့်စရိုက်အရ အနည်းငယ်မျှခြိမ်းခြောက်ခံရရုံဖြင့် ငိုယိုကာဘာတစ်ခွန်းမှပြနိချေပပြောဆိုနိုင်မည်မဟုတ်ပါချေ ။ သို့သော်လည်း ရွာသားများအပြင် လင်းလန်ကပါ သူမတို့သားအမိဘက်တွင်ရှိနေသောကြောသ့် လျှိုဝမ်ဟူ မသမာသောလုပ်ရပ်တစ်ခုခုလုပ်မည်ဆိုလျှင်ပင်နှစ်ခါပြန်လည်စဥ်းစားရလိမ့်မည် ။ 


ဝူချိုက်ရှန်းက အချိန်ခဏမျှကြာပြီးနောက်ခေါင်းငြှိမ့်ပြလိုက်သည်နှင့် ယန်ယန်က ဒေါသတကြီးအော်ဟစ်လာလေသည် ။


" ဦးလေးတို့ လျှိုမိသားစုတစ်ခုလုံးက အမြဲတမ်း အဖေသေသွားဖို့ကိုမျှော်လင့်နေကြတာမဟုတ်လား...ဒါမှ အမေ့ကိုဖိအားပေးပြီး ကျန်တဲ့ပစ္စည်းတွေကိုလက်ဝါးကြီးအုပ်လို့ရမှာလေ... အိမ်ကိုတောင်တောင်းယူရဲကြတာ တစ်စက်ကလေးမှအရှက်မရှိကြဘူးလား... "


ယန်ယန်၏ အဆူခံလိုက်ရသဖြင့် ဝူချိုက်ရှန်းမှာ ခေါင်းငုံ့၍သာငိုနေတော့သည် ။ ယန်ယန် အကြီးအကျယ်သေားင်းကျန်းနေပုံအား လင်းလန်တစ်ခါမျှမမြင်ခဲ့ဘူးပေ ။ ပုံမှန်အချိန်များတွင် လိမ္မာရေးခြားရှိပြီး သိမ်မွေ့သောကလေးမလေးမှာ သူမ၏ကြမ်းတမ်းသောတစ်ဖက်ခြမ်းအားဖွင့်လှစ်ပြသလာလေသည် ။


လုံခြုံရေးခေါင်းဆောင်က လျှိုဝမ်ဟူအားကြာပွတ်နှင့်ရိုက်နှက်ပြီးသည့်နောက်တွင် လင်းလန်က သူ၏လက်ထဲမှဆွဲလုကာ ခြိမ်းခြောက်သည့်ဟန်ဖြင့်အကြိမ်အနည်းငယ် လွှဲရိုက်လိုက်သေးသောကြောင့် ကြာပွတ်မှာသူမ၏လက်ထဲတွင်ရှိနေဆဲပင်ဖြစ်သည် ။


ရွာထဲ၌ ကြာပွတ်ကိုင်ဆောင်ကာရိုက်နှက်ခွင့်ရှိသူမှာ ဟန်ရုံဖန်နှင့် လုံခြုံရေးခေါင်းဆောင်တို့သာဖြစ်ရာ လင်းလန်မှာ ယူရိုက်ရဲသည့်သတ္တိရှိသည်ဟု၍ပင်ထင်မထားခဲ့ပေ ။


မယုံနိုင်စွာပင် လင်းလန် ကြာပွတ်လွှဲယမ်းကာရိုက်နှက်နေပုံမှာမိမိုက်လွန်းလှပင် လုံခြုံရေးခေါင်းဆောင်ပင် ကြည့်၍အလွန်ကောင်းသည်ဟုထင်မိပြီး လက်မအကြီးကြီးပေးလိုက်လေသည် ။


နောက်တစ်ခေါက်လောက်ထပ်ရိုက်ရင်ကောင်းမှာပဲ...တစ်ကယ်ကြည့်လို့ကောင်းလိုက်တာကို...


လျှိုဝမ်ဟူက ခေါင်းငုံ့ကာငိုနေသော ဝူချိုက်ရှန်းကိုကြည့်လိုက်ပြီး ယန်ယန်၏စကားများကြောင့် အလွန်ဒေါသထွက်လာရပြီး လက်ညှိုးထိုးကာကျိန်ဆဲလေသည် ။


" နင်...နင် သေသင့်တဲ့ဟာလေး ငါကနင့်ရဲ့ဦးလေးအရင်းခေါက်ခေါက်နော်... ငါကနင့်ကိုကာကွယ်ပေးဖို့ကြိုးစားနေတာကိုတောင် နင်ကဘာလို့မိသားစုဝင်အချင်းချင်းစွပ်စွဲပြောဆိုနေရတာလဲ ...နင့်အဖေကသေသွားပြီလေ ဒါကြောင့်မို့လို့ သူပိုင်တာတွေကိုအပြင်လူမယူနိုင်အောင် ငါသိမ်းထားပေးချင်တာလေ ဘာဖြစ်လဲ "


နောက်ဆုံး၌ ယန်ယန်က ငယ်ရွယ်သောကလေးမလေးဖြစ်သည့်အပြင် ရန်ဖြစ်သည့်အတွေ့အကြုံအနည်းငယ်မျှသာရှိသောကြောင့် ဒေါသထွက်လွန်း၍တစ်ကိုယ်လုံးတုန်ရီနေပါသော်ငြား ခွန်းတုံ့ပြန်ရန်စကားလုံးရှာမရပါတော့ချေ ။  


သူမ၏အဖေ နေမကောင်းဖြစ်ခါစကာလများတွင်လျှိုဝမ်ဟူက လူကောင်းယောင်ဆောင်ကာ ဂရုတစိုက်ရှိပုံဖြင့် ဟန်ဆောင်နေထိုင်ခဲ့ပါသော်ငြား အချိန်ကြာလာသည်နှင့် ထိုမျက်နှာဖုံးကွာကျလာခဲ့သည် ။


ဝူချိုက်ရှန်းမှာ စီးပွားရေးကိုဦးစီးဦးဆောင်မပြုနိုင်သည့်မိန်းမသားဖြစ်သည့်အတွက် သူ့အားဦးဆောင်လုပ်ကိုင်ခွင့်လွှဲပြောင်းပေးရန် အမြဲတစေလာရောက်ပြောဆိုနေခဲ့သော်လည်း လျှိုအားဟူ ကသဘောမတူခဲ့ပါချေ ။


နောက်ဆုံး၌ သူတို့၌ ကျေးရွာခေါင်းဆောင်တစ်ဦးအားဆန့်ကျင်ရလောက်သည်အထိတစ်ယောက်မှသတ္တိမရှိကြပေ ။ လျှိုဝမ်ဟူ ၏သားအကြီးဖြစ်သူမှာ အေးစက်စက်စိုက်ကြည့်နေပြီးနောက် အသက်အရွယ်နှင့်မလိုက်ဖက်သောစကားများကိုပြောလာလေသည် ။ 


" ဟမ့် ...ငါသာနောက်ထပ်နည်းနည်းလေးအသက်ကြီးလာလို့ တိုက်ခိုက်တတ်လာရင် သူတို့တွေအကုန်လုံးကိုသတ်ပစ်မယ် "


ထိုကောင်လေးမှာ အထူးသဖြင့် မုန်းတီးစွာနှင့်လင်းလန်ကိုစိုက်ကြည့်နေလေ၏ ။ တဝေ့က ကြောက်ကြောက်နှင့်ပြန်ရန်ပြောလေသည် ။ 


" အစ်ကို အိမ်ပြန်ရအောင်နော် "


လျိုကွေ့ဖာက ငိုယိုနေသော စွန်းအိုက်ဖုန်းနှင့်အမျိုးသမီးဝူတို့ကိုလျှစ်လျှူရူကာထွက်သွားလေသည် ။ အမျိုးသမီးဝူက ရင်ဘက်ကိုထုရင်းမြေတွင်းလူးလှိမ့်ကာ သူမ၏သားတစ်ယောက်သေဆုံးပြီးအရိုးပင်မအေးသေးခင် တစ်ရွာလုံးက သူမတို့တစ်မိသားစုလုံးအားဝိုင်းဝန်းအနိုင်ကျင့်နေကြသည်ဟုပြောဆိုနေလေသည် ။ 


လင်းလန်က အမျိုးသမီးဝူအား လေသံမာမာနှင့်ပြောလိုက်သည် ။ 


" အပိုတွေလုပ်မနေစမ်းပါနဲ့ ...သားအငယ်ဆီကအိမ်ကို သားအကြီးကလာလုနေတာကမှတစ်ကယ်ရွှံဖို့ကောင်းတာလေ "


လင်းလန်၏ စကားလုံးများမှာ အညှာအတာမရှိသောကြောင့် လျှိုဝမ်ဟူ၏ သားများအတွက်မျက်နှာတည့်တည့်အားဖြတ်ရိုက်လိုက်သလိုပင် ။ သို့သော်လည်း မျက်နှာချင်းဆိုင်မပြောနိုင်သောကြောင့် နောက်ကွယ်မှသာတိတ်တဆိတ်ကျိန်ဆဲရင်း ရိုင်းစိုင်းသောစကားများကိုပြောဆိုနေလေသည် ။ 


တဝေ့က တဝမ်၏ဆုံးမခြင်းကိုခံရပြီးသည့်နောက်မှစ၍ နေ့တိုင်းကျိန်ဆဲနေခဲ့သည် ။


" တဝေ့ ကြည့်နေစမ်းပါ အစ်ကိုက...တဝမ်ကိုသတ်ပြီးမင်းအတွက်လက်စားချေပေးမယ် ...ဒီလိုလုပ်ရင်ရော သူတို့အိမ်ရှေ့မှာ ကျင်းအကြီးအကြီးသွားတူးထားလိုက်မယ်လေ ဒါမှအိမ်အပြင်ထွက်တာနဲ့ ကျင်းထဲပြုတ်ကျသွားကြမှာ အဲ့ဒီအခါကျရင်ငါတို့ကအမိုက်တွေနဲ့ပစ်ပေါက်ပြီးခွေးတွေလိုဆဲဆိုကြမယ်... သူတို့အိမ်ကယောက်ျားလေးတွေကိုတစ်စစီခုတ်ပြီးခွေးစာကျွေးပစ်မယ် ဟိုပိန်ပိန်ညောင်ညောင်မိန်းမနှစ်ယောက်ကိုတော့ ပြည့်တန်ဆာအိမ်မှာသွားရောင်းစားပစ်မယ် "


ထိုကောင်လေးမှာ ရိုင်းစိုင်းသောစကားများကိုပြောဆိုနေပါသော်လည်း တဝမ်၏ရှေ့တွင်ပင်ခေါင်းမော့၍ဖြတ်မလျှောက်ရဲပေ ။ တဝေ့မှာ နားထောင်ရသည်ကိုပင် ပင်ပန်းနေပြီဖြစ်သည် ။


ပြဿနာကောင် လျှိုဝမ်ဟူကိုခေါ်ထုတ်သွားသည်နှင့် လူအကြီးအချို့မှာ အလျှိုလျှိုပြန်သွားကြပြီဖြစ်သည် ။ လင်းလန်က သူများပစ္စည်းအချောင်လိုချင်နေသောအိမ်နီးချင်းများကို​ပြောရန်လည်း​မမေ့ပေ ။


" သူများအိမ်ကပစ္စည်းကိုယူထားတဲ့ဘယ်သူမဆို ချက်ချင်းပြန်ပေးသင့်တယ်နော်... ဒါမှမဟုတ်ရင် တရားစွဲဆိုတဲ့အလာသေချာပေါက် ပါမှာပဲ... အဖမ်းမခံချင်ဘူးဆိုရင် မြန်မြန်ပြန်ပေးထားကြ...သူများပိုင်တဲ့ပစ္စည်းကို သဘောမတူပဲယူထားတာက သေချာပေါက် ခိုးမူမြောက်တယ်နော် "


လင်းလန်၏ စကားမှာမှန်ကန်သောကြောင့် ယူထားသည့်လူများမှာကြောက်ကြောက်လန့်လန့်ဖြင့် ပစ္စည်းများပြန်လာထားကြသောကြောင့် ခြံဝန်းလေးထဲတွင်ရူပ်ယှက်ခက်နေတော့တော့သည် ။ အချို့သောစိတိထားကောင်းသည့်သူများမှာ ဝူချိုက်ရှန်းကို ပင်စိုးရိမ်စွာမေးမြန်းလာကြသေးသည် ။


" ဝူချိုက်ရှန်း...ဘာတွေထပ်ပျောက်နေသေးလဲသေသေချာချာကြည့်လိုက်ဦး... တစ်ခုခုဖြစ်လို့ နင်မဖြေရှင်းနိုင်ရင်အုပ်ချုပ်ရေးမှူးဆီကိုသာသွားပြောလိုက် ... ဒီလိုမျိုး အလကားယူချင်နေကြတဲ့ပုံစံနဲ့သာဆိုရင် ငါတို့ရွာထဲမှာဘယ်လိုလုပ်စိတ်ချလက်ချနေနိုင်မှာလဲ... အိမ်အပြင်ထွက်တာနဲ့တစ်ခုခုပျောက်သွားမလားစိတ်ပူနေရလိမ့်မယ် "


Xxxxxxx