အပိုင်း ၄၇၃-၄၇၄
Viewers 23k

Part 473


" ဝူချိုက်ရှန်း...ဘာတွေထပ်ပျောက်နေသေးလဲသေသေချာချာကြည့်လိုက်ဦး... တစ်ခုခုဖြစ်လို့ နင်မဖြေရှင်းနိုင်ရင်အုပ်ချုပ်ရေးမှူးဆီကိုသာသွားပြောလိုက် ... ဒီလိုမျိုး အလကားယူချင်နေကြတဲ့ပုံစံနဲ့သာဆိုရင် ငါတို့ရွာထဲမှာဘယ်လိုလုပ်စိတ်ချလက်ချနေနိုင်မှာလဲ... အိမ်အပြင်ထွက်တာနဲ့တစ်ခုခုပျောက်သွားမလားစိတ်ပူနေရလိမ့်မယ် "


ဝူချိုက်ရှန်းမှာ လင်းလန် သူမမိသားစုဘက်မှ ဝင်ရောက်ပြောဆိုဖြေရှင်းပေးမည်ကိုမမျှော်လင့်ထားခဲ့သောကြောင့် ထပ်တလဲလဲကျေးဇူးတင်နေတော့သည် ။ ထို့နောက် ပစ္စည်းပစ္စယများကိုပြန်လည်နေရာချနေသည့်အချိန်တွင် လင်းလန်က အိမ်ပြန်ရန်ပြင်နေလေသည် ။


အချို့သောလူကြီးများမှာ လျှိုအားဟူ ၏အသုဘအခမ်းအနားကိုကူညီပြင်ဆင်ပေးရန်အတွက် သူမ၏သဘောထားအားမေးမြန်းနေကြသည် ။


" အသုဘအခမ်းအနားကိုဘယ်လိုလုပ်မယ်စီစဥ်ထားလဲ ... မင်းတစ်ယောက်တည်းလုပ်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး မြန်မြန် ရုံးကိုလိုက်ခဲ့ပြီး အကူအညီပေးဖို့လူလိုက်ခေါ်ဦး... အခုပြင်ဆင်ထားမှမနက်ဖြန် အသုဘပွဲအတွက်အဆင်သင့်ဖြစ်နေမှာ "


ပုံမှန်အားဖြင့် ကျေးလတ်တွင်လူတစ်ဦးသေဆုံးသွားပြီဆိုပါက မိသားစုဝင်များကအလောင်းပြင်ဆင်သူထံအပ်နှံကာ သေဆုံးသူ၏ရုပ်အလောင်းကိုသန့်သန့်ရှင်းရှင်းဖြစ်စေရန် အခကြေးငွေပေး၍သန့်ရှင်းခိုင်းတတ်ကြသည် ။ ထို့နောက်တွင် သေသူ၏မျက်နှာပေါ်တွင်အဖြူရောင်ပိတ်စ သို့မဟုတ် စက္ကူစအားအုပ်၍ အခေါင်းအတွင်းသွင်းကာ မြေမမြုပ်မှီနောက်ဆုံးအနေဖြင့်မိသားစုဝင်များကြည့်ရူနူတ်ဆက်ရန်ထားလေ့ရှိသည် ။


ကံကောင်းစွာနှင့် ရွာသားများအလုပ်ရူပ်သောအချိန်ကာလမဟုတ်သောကြောင့် အသုဘအခမ်းနားကိုကူညီပြင်ဆင်ပေးရန်လူအလုံအလောက်ရှိနေသည် ။ 


တစ်နေကုန်နီးပါးငိုယိုနေသော ဝူချိုက်ရှန်း၏ မျက်လုံးများမှာ မက်မန်းသီးတစ်လုံးလို ရဲတွတ်နေသည် ။ သူမက မျက်ရည်များကိုသုတ်ပြီးနောက်ပြောလေသည် ။


" ဒါ...ဒါပေမဲ့ ကျွန်မှာ အုတ်ဂူဆောက်ပေးဖို့မပြင်ဆင်ရသေးဘူး ... အခမ်းအနားအတွက်ဘာပစ္စည်းမှာလည်းမဝယ်ရသေးဘူး တကယ်လို့ ဒီတိုင်းမြုပ်လိုက်မယ်ဆိုရင် တောခွေးတွေလာစားသွားမှာ ကျွန်မကြောက်တယ် "


ထိုအချိန်တွင် ရွာထဲတွင်လူသေဆုံးသွားပါက ဒီတိုင်းသာအခေါင်းသွင်း၍မြုပ်နှံလိုက်ကြသည် ။ မိသားစုကိုယ်ပိုင်သချ်င်းကိုဟန်မိသားစုကသာပိုင်ဆိုင်ပြီး သပ်သပ်ရပ်ရပ်အုတ်ဂူများစွာရှိသည် ။ လျှိုမိသားစုတွင် အုတ်ဂူမပြောနှင့်မိသားစုသချိုင်းပင်မရှိပါချေ ။ 


အချို့မိသားစုများမှာ တောအုပ်အတွင်း၌သေဆုံးသူကိုမြှုပ်နှံပေးတတ်ကြပြီး အချို့မှာမြုပ်နှံရန်နေရာမရှိသောကြောင့် အခြားသောမိသားစုများ၏သချိုင်းမြေအတွင်း ညသန်းခေါင်အချိန်တွင်သွားရောက် ခိုးဝှက်မြှုပ်နှံတတ်ကြသည် ။ 


အုတ်ဂူသာမပြုလပ်ထားပါက တောခွေးများတူးယူစားသောက်သွားရန် လွယ်ကူသည် ။ ဝူချိုက်ရှန်းမှာ အခေါင်းပြင်ဆင်ရန်ပင်အချိန်မရခဲ့သောကြောင့် အချိန်မှီပြုလုပ်ရန်မှာလည်းမဖြစ်နိုင်ပေ ။ ထိုအချိန်တွင်အခေါင်းများမှာ အလွန်စျေးကြီးသောကြောင့် ငွေးကြေးရှားပါးသောမိသားစုများမှာ ဖျာစုတ်နှင့်သာပတ်၍တွင်းတစ်တွင်းတူးကာဖြစ်သလိုမြုပ်နှံတတ်ကြသည် ။


ဝူချိုက်ရှန်းတွင် ပိုက်ဆံရှိပါသော်လည်း လိုအပ်သောပစ္စည်းများမှာ လွယ်လွယ်ကူကူရနိုင်လိမ့်မည်မဟုတ်ပေ ။ အရာအားလုံးကိုကြိုတင်ပြင်ဆင်ထားမှသာ အလွယ်တကူ ပြီးမြောက်နိုင်မည့်ခေတ်ပါပင် ။ 


လင်းလန်က ဝင်ရောက်အကြံပေးလိုက်သည် ။


" အခေါင်းလုပ်တတ်တဲ့တစ်ယောက်ယောက်တော့ရှိမှာပါ... သစ်သားအတွက်ကတော့ ကျွန်မတို့တွေစုဆောင်းထားတဲ့အထဲက နည်းနည်းချင်းစီထုတ်ကူညီပေးလိုက်ရင်ရတာပဲလေ "


ရွာသားအချင်းချင်း ကူညီရိုင်းပင်းသောစိတ်ဓာတ်ရှိကြသည်မှာ ဝမ်းသာဖွယ်ပင် ။ လူအချို့က ဝူချိုက်ရှန်း၏ သဘောတူညီမူဖြင့် အိမ်အတွင်းအသုံးပြုလို့ရမည့်သစ်သားများကိုစတင်ရှာဖွေကြပြီးနောက် သူမ၏သဘောတူညီမူဖြင့် အသုံးမလိုသောသစ်သားများကိုစုစည်းကာ အခေါင်းပြုလုပ်ရာ၌အသုံးပြုမည်ဖြစ်ပြီး အချို့သောလိုအပ်သည်များကို ရွာသားများနှင့်အိမ်နီးနားချင်းများမှဝိုင်းဝန်းကူညီပေးကြမည်ဖြစ်သည် ။


ဝူချိုက်ရှန်းကလည်း ပစ္စည်းများလိုအပ်နေသေးလျှင်ထပ်မံဝယ်ယူရန်အတွက်နှင့်အခေါင်းလက်ခအတွက် ပိုက်ဆံများအမြန်သွားထုတ်ယူလာပြီး သူမကြောင့် လင်းလန်အလုပ်ရှုပ်သွားမည်အားစိုးရိမ်နေသည် ။


လင်းလန်၏စကားကြောင့်သာ မဟုတ်လျှင် ထိုလူများမှာ ပွဲတစ်ပွဲရပ်ကြည့်နေရသကဲ့သို့ပင် သူတို့နှင့်မသက်ဆိုင်ဟုဆိုကာ သူမ၏မိသားစုမတရားခံနေသည်ကိုဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ ။ ထို့အပြင် အုပ်ချုပ်ရေးမှူးနှင့်အကြီးအကဲများမှာလည်း သူမဘက်မှဝင်ရောက်ကာကွယ်ပြောဆိုပေးလိမ့်မည်မဟုတ်ပါချေ ။ 


အိမ်တစ်အိမ်လုံး ဗလာဖြစ်သည်အထိလုယက်ခံရနိုင်သည့်အပြင် စားစရာမရှိသည့်အတွက် သူမ၏သားနှင့်သမီးအားစောင့်ရှောက်နိုင်ရန် နောက်အိမ်ထောင်ပြုခြင်းမရှိပါက လျှိုဝမ်ဟူ ၏လက်ထဲသို့သာထည့်ပေးလိုက်ရလိမ့်မည် ။ 


သူမက တုံးအသည်ဆိုသော်ငြား လင်းလန်ကသာ သူမဘက်တွင်ရပ်တည်ပေးနေသည့်တစ်ဦးတည်းသောသူဖြစ်ကြောင်းကိုတော့ရှင်းလင်းစွာသိသည် ။ ယခုမူ သူမ၏ဘက်တွင် ရပ်တည်ပေးသောသူများရှိနေပြီဖြစ်သောကြောင့် လျှိုဝမ်ဟူ၏ ခြိမ်းခြောက်မူကိုမကြောက်ရွံ့တော့သကဲ့သို့ သူမ၏သားသမီးများကိုကိုယ်တိုင်စောင့်ရှောက်နိုင်သည်ဟု ယုံကြည်ချက်ရှိလာရသည် ။ 


သူမ၏ သမီးကိုကိုယ်တိုင်မြေတောင်မြှောက်ပေးနိုင်ပြီဖြစ်သည် ။


" ကျေးဇူးတင်ပါတယ် ...ခေါင်းဆောင်လင်း "


လင်းလန်သည်လည်း အသင်းခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့် အရွယ်ရောက်ပြီးလူကြီးများက ခေါင်းဆောင်ဟုခေါ်ဆိုကြပြီး ကလေးများက ဆရာမလင်းဟုခေါ်ရသည်ကိုနှစ်သက်ကြသည် ။


" မလိုပါဘူး ဒါကလမ်းကြုံလို့ကူညီတာပါ "


လင်းလန်က ကိုယ့်ဂုဏ်ကိုယ်ဖော်ကာစကားများများပြောရန်စိတ်ကူးမရှိပါချေ ။ ကျေးရွာလူကြီးများမှာလည်း ဝူချိုက်ရှန်းကို ကူညီရန်အသင့်ဖြစ်နေသောကြောင့် မုဆိုးမဖြစ်သွားသောသူမအားမည်သူမှအနိုင်ကျင့်ရဲမည်မဟုတ်ပေ ။


လင်းလန် လှည့်ကြည့်လိုက်သောအခါတွင် လူအုပ်ထဲ၌ ယန်ယန်နှင့်အတူတူရပ်နေသော ချိုက်ဟွားကိုတွေ့လိုက်ရသည် ။ သူမနှင့်ယန်ယန်မှာ အမြဲတတွဲတွဲရှိနေတတ်ကြသော်လည်း အတူမတွေ့ရသည်မှာကြာပြီဖြစ့သည် ။


ကလေးနှစ်ယောက်စလုံးမှာကျောင်းတက်နေကြပြီဖြစ်သော်လည်း ယန်ယန်က ဖျားနာနေသောသူမ၏အဖေကိုပြုစုရန်ခွင့်ယူထားသောကြောင့် ချိုက်ဟွားတစ်ယောက်တည်းသာ ကျောင်းသွားကျောင်းပြန်လုပ်နေရလေသည် ။


လင်းလန် သူမတို့ကိုကြည့်နေသည်အားသတိထားမိသောအခါတွင် ချိုက်ဟွားက သူမအားပြုံးပြပြီးနောက် အားရပါးရလက်မထောင်ပြလာလေသည် ။


လင်းလန်က များများစားစားမတွေးမိပါဘဲ နောက်ကျနေပြီဖြစ်သောကြောင့် မိဘများစိုးရိမ်နေမည်စိုး၍ ကလေးများကိုအိမ်ပြန်ကြရန်သာပြောဆိုလိုက်သည် ။ 


မည်သူမှမထင်ထားသည်မှာ လျှိုဝမ်ဟူ၏ သားမှာအံကြိတ်ကာသူမအားကျိန်ဆဲလာခြင်းကိုပင် ။


" နေရာတကာဝင်ပါတဲ့မိန်းမကြီး ခင်ဗျားသေသေချာချာနေသင့်တယ် တစ်နေ့မှာခင်ဗျားဘယ်လိုပုံစံနဲ့သေသွားမလဲဆိုတာမသိနိုင်ဘူးလေ "


လင်းလန်က ခေါင်းလှည့်ကာဆူပူရန်ပြင်လိုက်သော်လည်း သူမဘာမှမပြောရသေးခင်မှာပင် ' ခွပ် ' ဟူသောအသံအကျယ်နှင့်အတူ ထိုကောင်လေးမှာ နာကျင်စွာအော်ရင်းလဲကျသွားသည်ကိုသာတွေ့လိုက်ရသည် ။ ပါးစပ်အားအုပ်ကာထားပြီးသူ၏ လက်ချောင်းများကြားမှသွေးများစီးကျနေလေသည် ။


ထိုအချိန်တွင် တဝမ်က သူ၏လက်ဆစ်များကိုချိုးရင်း ထိုကောင်လေး၏ဝမ်းဗိုက်ကိုတစ်ချက်တည်းဖြင့် ကန်ထည့်လိုက်သည်မှာ လူပါတစ်ခါတည်းလွင့်ထွက်သွားပြီး ဖုန်တောထဲတွင်လဲနေကာချောင်းတဟွတ်ဟွတ်ဆိုးနေတော့သည် ။


တဝမ်က ရင်ဘတ်ပေါ်တွင်ခြေထောက်ဖြင့်တက်နင်းထားရင်း အလွန်ထိန်းချုပ်နေရသောလေသံဖြင့် အေးစက်စက်ကြည့်ကာမေးလိုက်သည် ။


" မင်းသာ ဘယ်လိုပုံစံမျိုးနဲ့​သေချင်လဲငါ့ကိုပြောစမ်းပါ "


( TN / တဝမ်က ကျွန်မရဲ့အနာဂတ်ယောက်ျားပါကျယ်မေ့တို့)


Xxxxxxx

Part 474


တစန်း၏ မျက်နှာက နာကျင်မှုကြောင့် ဖြူဖျော့သွားခဲ့သည်။


တဝမ်က ပထမဆုံး သူ့ပါးစပ်ကို လောက်လေးခွနှင့် ပစ်ခဲ့သဖြင့်  သွေးတွေ စတင်ထွက်လာကာ ၎င်းနောက် တဖန် အကန်ခံလိုက်ရပြန်၏။ နာကျင်လွန်း၍ သူထွက်ပြေးလုနီးပါးဖြစ်လေရာ အဘယ်မှာ စကားပြောနိုင်တော့မည်နည်း။


အသက် ဆယ့်ငါးနှစ်အရွယ် တစန်းကို အသက်ဆယ့်နှစ်နှစ်အရွယ် တဝမ်က ကန်ထုတ်ခဲ့ပြီး ရောက်ရှိလာသူအားလုံး ပင်သက်ရှိုက်မိသွားကြသည်။


တစ်ဖက်တွင် တဝေ့တစ်ယောက် ကြောက်မက်ဖွယ်ကောင်းသော တဝမ်ကို ထိတ်လန့်လွန်း၍ နေရာတွင်ပင် ကြက်သေ​သေသွား၏။ သူ့စိတ်ထဲတွင် အကြောက်ဆုံးသော နတ်ဆိုးကို ရင်ဆိုင်နေရကာ လုံးဝမလှုပ်ဝံ့ပေ။ယခု သူကြောက်လွန်း၍ သူ့ဘောင်းဘီထဲသေးပေါက်ချမိလိုက်သည်။ ဆိုးလုဖြစ်နေပြီးသား အိပ်မက်ဆိုးက ပို၍ပင်ဆိုးလာ၏။ သူက မြေကြီးပေါ်တွင်ထိုင်ပြီး ငိုနေကာ ဉာဏ်မျက်စိရှိသူတိုင်း ဤဘဝတွင် ထိုကလေးက အသုံးမဝင်ကြောင်း မြင်နိုင်သည်။


လျှိုဝမ်ဟူကို ခေါ်ဆောင်သွားသောကြောင့် အမျိုးသမီးဝူနှင့် စွန်းအိုက်ဖုန်းတို့က စိုးရိမ်တကြီး ငိုယိုနေကြ၏။ ယခု တစန်း သွေးအန်သည်အထိ ကန်ကျောက်ခံရသည်ကို တွေ့သောအခါ သူတို့အလန့်တကြားဖြစ်လွန်း၍ တဝမ်ကို ရိုက်နှက်ကာ ဆွဲလိုကြသည်။


 တဝမ်က မျက်မှောင်ကြုတ်ကာ အေးစက်စွာပြောလိုက်၏။


 "ဝေးဝေးသွား...မယုံချင် မယုံချင်နေ...သူ့ကိုဖျက်ဆီးပစ်လိုက်မယ်"


 မိန်းမနှစ်ယောက် မလှုပ်ဝံ့ဘဲ လင်းလန်ကို ထပ်ပြီး ငိုယိုပြပါတော့သည်။


အားဝမ်က ရှောင်ဝမ်ကို ကျောပိုးထားပြီး မိုင်စွေ့က စန်းဝမ်ကို ဦးဆောင်၍ ကလေးများစွာက လင်းလန်အနားမှာ ရပ်ကာ တဝမ်ကို အားပေးနေကြ၏။


 စန်းဝမ်က အော်ပြောလိုက်သည်။

 "မင်းကို ရိုက်နှက်ရမှ ငါကျေနပ်မယ်"


ရှောင်ဝမ်: "ကျေနပ်မယ်..."


 လင်းလန်  ကလေးတွေက သူမကို ကူညီရန် ပြေးလာသည်ကို မြင်သောအခါ ရယ်ပြီး နူးညံ့စွာ ပြောလိုက်၏။


 "မားမား မထိခိုက်ပါဘူး...အကုန်အဆင်ပြေတယ်... အိမ်ပြန်ကြရအောင်"


 လင်းလန်၏အသံကိုကြားပြီးနောက် တဝမ် သူ့ခြေထောက်ကို ပြန်သိမ်းကာ မြေကြီးပေါ်မှ တစန်းကို အထင်သေးစွာကြည့်ပြီးပြောလိုက်သည်။


 "မင်းအသံကိုမကြားရစေနဲ့...ကြားတာနဲ့မင်းကို ရိုက်မယ်"


 တစန်းက သူ့ဗိုက်ကိုလက်နှင့်ဖိကာ မြေကြီးပေါ်မှာ မရပ်မနား ချောင်းဆိုးနေပေမဲ့ သူစကားမပြောရဲပေ။ တဝမ် ရှေ့မှာ ရှိနေသရွေ့ သူနှုတ်ဆိတ်နေရမည်ဖြစ်၏။


တဝမ်  ထွက်သွားသောအခါ သူ့ကို တစ်ချက် ကြည့်လိုက်သည်။ တဝေ့မှာ နဂိုတည်းက ကြောက်နေပြီသားဖြစ်လေရာ   ယခု တဝမ်က သူ့ကိုကြည့်နေသည်ထင်ပြီး မူးလဲသွား၏။


လင်းလန်က ကလေးတွေကို အိမ်ပြန်ခေါ်သွားသည်။


လမ်းမှာ စန်းဝမ်က လင်းလန်ကို တိုးတိုးလေးပြောလာ၏။


"မားမား ...ကျွန်တော်တို့ ကျောင်းကနေ အိမ်ပြန်ရောက်တော့ မားမားကို မတွေ့ဘူးလေ...မားမား ဝါဒဖြန့်မယ်ဆိုတာ ကျွန်တော့်တို့သိတယ်...အဲ့ဒါကြောင့် အိမ်မှာပဲနေပြီး လိမ်လိမ်မာမာ အလုပ်လုပ်တယ်.. အစ်ကိုကြီး နဲ့ ကျွန်တော် က ကိုင်းတွေကို ခုတ်နေတာ...ရှောင်ဝမ်က နားကောင်းတော့ မားမားနောက်မှာ ရန်ဖြစ်နေတယ်လို့ လူတွေပြောတာကြားလိုက်တယ်...

အစ်ကိုကြီးကအဲ့ဒါကိုလည်းကြားရော  သူ့လောက်လေးခွနဲ့ အလောသုံးဆယ်ပြေးသွားရော...မြန်လွန်းလို့ ကျွန်တော်တို့ လိုက်တောင်မမှီဘူး"


 ထုံးစံအတိုင်း သူပြောသလို   ချဲ့ကားလွန်းမနေပါချေ။တဝမ်က ရှောင်ဝမ် စကားကို ကြားပြီးနောက် ထင်းကို အိမ်ကနေ အရင်ယူကာ မထွက်ခင် အခြောက်လှန်းရန် တံခါးမှာ ထားခဲ့ပါသေးသည်။


မှန်သည်ပင်၊သူ လမ်းလျှောက်သည်က မြန်ပြီး  အားဝမ်၊မိုင်စွေ့နှင့်ရှောင်ဝမ်တို့ သေချာပေါက် မလိုက်နိုင်ပေ။ စန်းဝမ်အနေဖြင့် အသဲအသန်လိုက်နေလျှင် မြေကိုပဲ စားရပေလိမ့်မည်။(ချော်လဲမယ်ပြောတာ)


ကံကောင်းထောက်မစွာဖြင့် သူ ပွဲတစ်ခုလုံးကိုကြည့်ရှုခဲ့ရသည်။


 စန်းဝမ်က သူ၏စိတ်ကျေနပ်မှုကိုဖော်ပြလိုက်  "အစ်ကိုကြီး... နောက်တစ်ခါ အော်ပရာမှာ သီချင်းဆိုရင် ယန်ဇီရုန်တီးလို့ရတယ်"


 တဝမ်က သူ့ကို စိုက်ကြည့်ရင်း

 "မင်းက ယန်ဇီရုန် နဲ့တူတယ်လို့ ငါထင်တယ်" 

 

ဝူချိုက်ရှန်းကို ထောက်ပံ့သည့် တပ်မဟာရှိသဖြင့် လျှိုဝမ်ဟူက ယာယီဖမ်းဆီးခံခဲ့ရပြီး အမျိူးသမီးဝူနှင့်စွန်းအိုက်ဖုန်းတို့ ဘာမှမလုပ်ဝံ့သည့်အတွက် ဘယ်သူမှ ထပ်ပြီး ဒုက္ခမပေးရဲတော့ပါချေ။ ပစ္စည်းခိုးယူသူများသည် အခြားသူများကိုကြည့်ရမည်ကို ရှက်ကြပြီး ပစ္စည်းများကို တိတ်တဆိတ်ပြန်ပစ်ကြခြင်းသော်လည်းကောင်း တံခါးပေါက်တွင် ထားခဲ့ခြင်းသော်လည်းကောင်း 

ပြုလုပ်ကြ၏။


ထိုနေရာတွင် အုပ်ချုပ်ရေးမှူးက  လူတွေကို ခေါင်းတလားလုပ်ခိုင်းသည်။ ဟန်ရုံဖန်၊ဟန်ချင်စုန့်နှင့်ဟန်ချင်းယွမ်တို့လည်းး ကွန်မြူနတီကနေ ရွာသို့ ပြန်လာကြသည်။


 တပ်မဟာဌာနချုပ်သို့ ရောက်သည်နှင့် တပြိုင်နက် ငိုယိုညည်းညူနေသော ယန်ယန်က သူမကို တားလာ၏။


 ထိုနေရာရှိ အဖွဲ့ဝင်အချို့ကလည်း သူမ၏ ငိုကြွေးခြင်းက လုံလောက်အောင်မကောင်းဘဲ ဇာတ်လမ်း၏ပြီးပြည့်စုံမှုကို ပျက်ပြားစေသည် ဟု ထင်ကာ သူမအတွက် စတင်ပြောဆိုပေးကြသည်။


ဝါဒဖြန့်အဖွဲ့၏ လွှမ်းမိုးမှုဖြင့် ဤလူများသည် အထူးသဖြင့် လင်းလန်က လူတွေကို ကြာပွတ်နှင့် ရိုက်သောအခါနှင့် တဝမ်က တစန်းကို ကန်လိုက်သောအခါတွင် အလွန်လျင်မြန်ပြီး ကွက်ကွက်ကွင်းကွင်း ပြောဆိုကြသည်။


စကားပြောပြီးသည့်အခါ ချန်ဖုယုက ပြုံးပြီး "အတွင်းရေးမှူး... ကပ္ပတိန်လင်းရဲ့ ဝါဒဖြန့်မှုမှာ မင်းရဲ့ဟန်ပန်ရှိတယ်... အဲ့ဒီကြာပွတ်လေးကို  ဝှေ့ယမ်းလိုက်တဲ့ပုံစံက... ကျစ်...ကျစ်..."


ဟန်ရုံဖန်က ခပ်တိုတိုးနှာမှုတ်ကာ

 "မင်းပွဲကြည့်နေတာလား"


ဟန်ချင်စုန့် မူလက လင်းလန် ပါဝင်ခဲ့သည်ကိုကြားသိသဖြင့် သူမထိခိုက်မည်ကို အနည်းငယ်စိုးရိမ်သောကြောင့် အိမ်သို့အလျင်စလိုမပြန်ဘဲ နားစွင့်လိုက်၏။ သူ့ဇနီးက တစ်ယောက်ယောက်ကိုရိုက်နေသည်ဟု ကြားသောအခါတွင် တင်းတင်းကျပ်ကျပ်စေ့ထားသော နှုတ်ခမ်းများ ပြေလျော့သွားကာ ချန်ဖုယုကိုကြည့်လိုက်သည်။  သူ့မျက်လုံးတွေမှာ အလုံးစုံ ကြင်နာမှုတွေရှိနေ၏။


တဝမ်က သူ့မွေးချင်းငယ်တွေကို ခေါ်လာပြီး သူ့အမေကို ကူညီကာ  တစန်းကို သွေးအန်သည်အထိ ကန်ကျောက်ခဲ့သည်ဟု ကြားသောအခါ သူကပြောလိုက်သည်။

 “သူ သွေးအန်တာက အမှန်လား"

 

တဝမ်က ထိုမျှထိ မရေမရာမဟုတ်ဟုသူခံစားရသည်။ သူတဝမ်ကို ခွန်အားကို ထိန်းချုပ်ရန် စတင်လေ့ကျင့်ပေးနေပြီဖြစ်၏။

 


ချန်ဖုယု ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီးဆိုသည်။


 "ဒါက ကန်လို့ သွေးအန်တာမဟုတ်ဘူး... လောက်လေးခွက ကျောက်တုံးတွေကြောင့် နှုတ်ခမ်းပေါက်သွားတာ... သူ့ကို ဘယ်သူက  ဒီလောက်စျေးပေါပါလို့  ပြောလို့လဲ"


ဟန်ချင်စုန့်၏ မျက်နှာက မာကျောသွားပြန်ကာ "အမှန်အတိုင်း သတင်းပို့ပါ"


 ချန်ဖုယု မသိစိတ်ဖြင့်  ကျောကို မတ်မတ်ထားကာ ကိုယ်ကိုဖြောင့်ဖြောင့်ရပ်ပြီးပြောလိုက်သည်။

 "ဟုတ်ကဲ့ပါ ညွှန်မှူးဟန်..."


ဟန်ချင်စုန့် ဟန်ရုံဖန်ကို အလုပ်သွားခိုင်းလိုက်ပြီး သူက အိမ်အရင်ပြန်မည်ဟုပြောလိုက်၏။


ဟန်ချင်းယွမ်: "တတိယအစ်ကို...ဘာလို့သွားမကြည့်တာလဲ"


ဟန်ချင်စုန့်: "အမှုကို ပြည်သူ့လုံခြုံရေးဗျူရိုကို သတင်းပို့...မင်းကအဲ့ဒါကို ကိုင်တွယ်ရမယ့်သူပဲ"


 ဗျူရို၏ညွှန်မှူးက ကိစ္စအားလုံးကိုကိုင်တွယ်ရမည်မဟုတ်ပေ။


 ဟန်ချင်းယွမ်က ရယ်ကာ သူ့နောက်ကနေအမှီလိုက်ပြီးဆိုလေသည်။


 “တတိယအစ်ကို...ကျွန်တော်  အစ်ကိုနဲ့အတူတူလိုက်မယ်”


  ဟန်ချင်စုန့်: “အတူတူလား...” 


ဟန်ချင်းယွမ်က ခေါင်းညိတ်ပြပြီး

 “ကျွန်တော့်မရီးကို လေးစားကြောင်း ပြရမယ်လေ"


သူက လင်းလန်၏အိမ်ထဲကို လျှပ်တပြက်ပြေးဝင်လာပြီးပြော၏။


 "မရီး...မရီးက အံ့သြစရာပဲ"


Xxxxxxxxx