Part 475
လင်းလန်က ပြောင်းဖူးတွေကို ခြွေပြီး ကြိတ်ချင်သည်။ သူတို့မိသားစုက မြန်မြန်စားနေလေရာ သူတို့အနေဖြင့် နေ့တိုင်း ကြိတ်ရမည်ဖြစ်ပြီး ကြိတ်ရန်အတွက် သိမ်းလည်းသိမ်းထားရဦးမည်ပင်။
"ချင်းယွမ် မင်းဘာလုပ်လာတာလဲ"
ဟန်ချင်းယွမ်က ရှေ့ကို အမြန်ပြေးလာပြီး တဝမ် ကို လက်မထောင်ပြ၏။
"တဝမ်... မင်းက ငါငယ်ငယ်က အဖြစ်ချင်ဆုံးလူ ဖြစ်လာတာပဲ ...အရမ်းမိုက်တယ် "
တစ်ရွာလုံးရှိ မလွှမ်းမိုးနိုင်သော ပြိုင်ဘက်များကို တိုက်ခိုက်သော၊အမေဖြစ်သူကို ပံ့ပိုးပေးသော ၊ညီအးအချင်းချင်း တွေ့ဆုံသောအခါတွင် အစ်ကိုကြီးဟု အခေါ်ခံရခြင်းကဲ့သို့သော ရည်မှန်းချက်ကြီးကြီးများမားရှိသော လူမျိုးပင်။
တဝမ်က ယခု အတော်လေးမိမိုက်နေပြီဖြစ်သည်။ အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်လူငယ်တွေက သူ့ကိုတွေ့ရင် အစ်ကိုတဝမ်ဟု ခေါ်ကြသည်။
တဝမ် : "... "
ဘာလို့ ဒီလောက်တုံးရတာလဲ...
ဟန်ချင်းယွမ်က လင်းလန် နှင့်တဝမ်တို့ကို လှည့်ပတ်ကာ လေးစားသဘောကျကြောင်း အခိုင်အမာဖော်ပြခဲ့ကာ စကားအနည်းငယ်ပြောပြီးနောက် ဟန်ချင်စုန့်၏ အေးစက်သောမျက်လုံးများက သူ့ကို အေးခဲသွားစေခဲ့သည်။ သူက ရယ်မောရင်းဆိုလိုက်သည်.
"တတိယအစ်ကို... ကျွန်တော် အရင်ဆုံး ဘာဖြစ်သွားလဲဆိုတာ သွားကြည့်လိုက်ဦးမယ်နော်"
ဟန်ချင်းယွမ် ထွက်သွားပြီးနောက် လင်းလန်က လျှိုမိသားစုအကြောင်း ဟန်ချင်စုန့်ကို ပြောပြလိုက်၏။
"သားမရှိတာနဲ့ပဲ ဘာလို့ မျိုးရိုးပြတ်မယ်လို့ တွေးရတာလဲ... သမီးမိန်းကလေးကရော လူမဟုတ်ဘူးလား"
လင်းလန်က အလွန်ဒေါသထွက်နေသည်။
ဟန်ချင်စုန့်က သူမ၏လက်ကို ဆုပ်ကိုင်ကာ ကျောကို ပွတ်သပ်ျက် တိတ်တိတ်ဆိတ်ဆိတ် နှစ်သိမ့်ပေးလာ၏။
လင်းလန်ကပြောပြန်သည်။
"သားတစ်ယောက်ရှိတာက မျိုးသုဉ်း မိသားစုမဟုတ်ဘူးလို့ ပြောကြတယ်လေ...လျှိုအားဟူမှာ သားအငယ်တစ်ယောက် ရှိတယ်မဟုတ်ဘူးလား...သူကပိုငယ်ပေမဲ့ သူကလည်း သားတစ်ယောက်ပါ... မျိုးရိုးပြတ်တဲ့မိသားစုလို့ ဘယ်လို လုပ် သတ်မှတ်လို့ရမှာလဲ... မိသားစုပိုင်ပစ္စည်းကို ခွဲမယ်ဟုတ်လား... အမေနဲ့သမီးကို နှင်ထုတ်ဖို့လား"
အားဝမ်: "မားမား အဲဒါ အနိုင်ကျင့်တာပဲ"
စန်းဝမ် နှင့်ရှောင်ဝမ်တို့ကလည်း ခေါင်းညိတ်ကာ "အနိုင်ကျင့်တာပဲ"
မိုင်စွေ့က ပြော၏။
"မားမား ယန်ယန်က သနားစရာလေး... သူ့ကို ကူညီကြရအောင်...သူ့အဖွားနဲ့ ဦးလေး သူ့ကို သစ္စာမဖောက်စေနဲ့”
အမျိုးသမီးဝူက ယန်ယန် နာခံမှုမရှိခြင်းနှင့် သစ္စာဖောက်ခြင်းအတွက် မကြာခဏ ကြိမ်းမောင်းခဲ့သည်။
လင်းလန်: "ဒါက လူ့ဘောင်ဟောင်း မဟုတ်ဘူး... လူတွေကို ဘယ်လိုလုပ်ပြီး ပေါ့ပေါ့တန်တန် ရောင်းလို့ရမှာလဲ...သူက ရောင်းချင်ပေမဲ့ ဘယ်သူမှ မရောင်းရဲဘူး"
ယခင်တုန်းက ကလေး ပြည့်တန်ဆာ သို့မဟုတ် အဖြစ်နှင့် ကလေးသတို့သမီးအဖြစ် ဝယ်ယူသည်များရှိခဲ့ကြသည် ယခုထိတိုင် တချို့က တိတ်တိတ်ဆိတ်ဆိတ်ဝယ်ယူကြတုန်းဖြစ်၏။ တခြားနည်းနှင့်ပြောရပါလျှင် ချွေးမတစ်ယောက်လို သတို့သမီးတစ်ယောက်အတွက် ဈေးမည်မျှပေးဝယ်ပါမည်နည်း။ များသောအားဖြင့် မသန်စွမ်းသူတွေ၊ လူမိုက်တွေနှင့် လူပျိုကြီးတွေပဲ ဝယ်ကြ၏။
မိုင်စွေ့ : "သူနဲ့ ချိုက်ဟွားက ကျောင်းတက်တာ ရက်နည်းနည်းပဲရှိသေးတယ်... ဒါပေမဲ့ သူ့အဖေ ထပ်ပြီးထားသွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး... မား ဘာလို့ သူ့ဘဝက ဒီလောက်ခက်ခဲနေရတာလဲ"
လင်းလန် သူမသမီးလေး မျက်နှာမှာ ညှိုး ငယ်နေသည့် အရိပ်အယောင်ကို မြင်လိုက်ရသည်။ တစ်ချိန်က မောက်မာသော ကလေးမလေးက အတွေးအမြင်ရှိပြီး သနားကြင်နာတတ်သော မိန်းကလေးတစ်ဦး ဖြစ်လာ၏။ သူမ မိုင်စွေ့ကို အလျင်အမြန် ပွေ့ဖက်ကာ ပြုံးပြီးပြောလိုက်သည်။
"ကောင်မလေး.. လူတိုင်းရဲ့ဘဝက သူတို့ရရှိထားတဲ့ဟာပဲ... တစ်ချို့လူတွေမှာ အမြဲတမ်း တိုးတက်နေပြီး အဆုံးအမှတ်မြင့်ပေမဲ့ တချို့လူတွေမှာကျ နိမ့်ကျတဲ့ အစမှတ်တွေ ရှိတယ်...တချို့လူတွေက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာကြပြီး ဆိုးဝါးတဲ့အဆုံးသတ်နဲ့ အဆုံးသတ်သွားကြတယ်..အဲ့ဒါကြောင့် သေဆုံးသွားတဲ့ သူတွေအားလုံးက အဲဒီနေရာမှာ ရှိနေတဲ့သူတွေရဲ့ သက်ပြင်းသံတွေပဲ...သမီးတို့လိုကလေးတွေး ရှေ့ကိုပြေဖို့ပဲ... အရမ်းကြီး စိတ်ပူနေဖို့ မလိုပါဘူး”
စန်းဝမ်: "ဟုတ်တယ်...ကျွန်တော်တစ်ခုသိတယ်... နောက်ဆုံးဧကရာဇ်တွေလိုမျိုးလေ... ဟားဟား... သူက ဧကရာဇ်မင်းရဲ့သားတော်ပဲ... ဒါပေမဲ့ နောက်ဆုံးမှာ ဘာဖြစ်သွားသလဲ"
လူတိုင်းက စန်းဝမ်ကို ကြည့်လိုက်ကြ၏။
မင်းဘာလို့ ဒီလောက် ထက်မြက်နေတာလဲ...
လင်းလန်က သူ့ခေါင်းကိုပုတ်လိုက်ပြီး
"ဒါက တာဝန်ပဲ...ဧကရာဇ်မင်းမြတ်ရဲ့ မိသားစုမှာ မွေးဖွားလာတဲ့အတွက် လူတွေအားလုံးရဲ့ ကိုးကွယ်ဆည်းကပ်မှုကို ခံရတာမလို့ တိုင်းပြည် ပျက်စီးခြင်းရဲ့ အကျိုးဆက်တွေကို သဘာဝအတိုင်း ခံယူရလိမ့်မယ်... အနာဂတ်မှာ များများစာဖတ်ပါ...မင်းတို့မှာ အတွေးတွေ ရှိလာလိမ့်မယ်... ဟုတ်တယ်...မားမားရဲ့ အတွေးတွေက မားမားဟာတွေပဲ... မင်းတို့ရဲ့ အတွေးတွေက မင်းတို့ရဲ့ အတွေးတွေပဲ"
ရှောင်ဝမ်: "ကံကောင်းလိုက်တာ...ကျွန်တော်တို့က ဧကရာဇ်မင်း မဟုတ်ဘူး"
လင်းလန် သူ့ခေါင်းကိုလည်း ပုတ်လိုက်ပြန်ပြီး တိုးတိုးလေး ပြောလေသည်။
"ဒီခေါင်းစဥ်ကို ရပ်လိုက်ကြရအောင်...အပြင်မှာ ဘယ်တော့မှ မပြောရဘူးနော်... ပဒေသရာဇ်စနစ် ဖျက်သိမ်းရေး...သက်ကြီးလေးပါးကို ဖျက်ဆီးခြင်း အရင်းရှင်လမ်းတွေကို ဖြုတ်ချခြင်း အဲ့သလို ကိစ္စတွေကို အခုချိန်မှာ မားမားတို့ပြောလို့မရဘူး"
လင်းလန် ကလေးတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြချင်သည့် အကြောင်းအရာတချို့ရှိ၏။ကြိုပြီးပြောထားနိုင်မှ သူတို့က အနာဂတ်မှာ စွဲစွဲမြဲမဲမှတ်မိမှာဖြစ်ပေသည်။
ရှောင်ဝမ်က စပ်စုလာ၏။
"မားမား... အဲ့လိုဆို သားဘာပြောလို့ရလဲ"
"အင်း စား၊ အိပ်၊ အလုပ်၊ စာကျက်၊ ဆိုရှယ်လစ်စနစ်ကြီး၊ ကွန်မြူနစ်ပါတီ၊ ခေါင်းဆောင်ဥက္ကဋ္ဌ အမ်း....."
လင်းလန်က ပြုံးပြီး စာရင်းကို ဆက်ပြောသည်။
ရှောင်ဝမ်က ၎င်းကို သူ့လက်ချောင်းများဖြင့် လေးလေးနက်နက် ရေးချကာဆိုလေ၏။
"မားမား...သားမှတ်မိတယ်"
ညစာစားပြီးနောက် လင်းလန် ကလေးတွေကို အိမ်စာလုပ်ကာ စာအုပ်ဖတ်ခိုင်းလိုက်သည်။
ထိုအချိန်တွင် တုန်ဟွိုင်ဟွက ရောက်လာပြီးပြော၏။
"ညွှန်မှူးဟန် လင်းလန်...သွားကြစို့... တပ်မဟာ အစည်းအဝေး လုပ်နေတယ်... နင်တို့ကို လာတက်ဖို့ ဖိတ်ထားတယ်"
လင်းလန်က လျှိုအားဟူ၏မိသားစု ကိစ္စမှန်း သိသွားပြီးပြောလိုက်သည်။
"ကျွန်မတို့သွားလို့ သင့်တော်ပါ့မလား"
တုန်ဟွိုင်ဟွက သူမကို စလေ၏။
"ကြာပွတ်ကို ရမ်းပြီးရင် နင့်ကိုယ်နင် အလဟသတ်လို့ ခံစားရတော့မှာမဟုတ်ဘူး... အဆုံးမှာအမှတ် စုဆောင်းရဦးမှာပဲလေ... သွားရအောင်"
သူမက လင်းလန်၏လက်ကို ကိုင်ကာ ပြုံးပြုံးရွှင်ရွှင် ဆိုလိုက်သည်။
"အိုး နင် ငါ့ကို တစ်ယောက်ယောက်နဲ့ နှုတ်မဆက်ခိုင်းရမှာလဲ...ငါလည်းပွဲသွားကြည့်မယ်လေ"
လင်းလန်က သူမကို လက်မောင်းနှင့် ညင်သာစွာ ဆွဲခေါ် သွားကာပြောလိုက်၏။
" ဘာတွေပြောနေတာလဲ...တောင်းပန်ပါတယ်...ကျွန်မ အဲ့တုန်းက ဒေါသအရမ်းထွက်သွားလို့ပါ"
"ငါလည်း အရမ်းဒေါသဖြစ်နေပြီ... နင်လိုချင်ရင် ငါသူတို့ကို သွေးထွက်အောင် ငေါက်ပေးမယ်"
မှန်ပေသည်၊ သူမမှာ ကြာပွတ်နှင့်ရိုက်ရဲသည့် သတ္တိမရှိသဖြင့် လင်းလန်ကို ပို၍စွဲမက်စရာကောင်းသည့်လူဟုမြင်လာခြင်းပင်။
ဟန်ချင်စုန့်က တပ်မဟာကဖြစ်၍ တပ်မဟာ၏အရေးကိစ္စများကို ဖြေရှင်းပေးမည်ဖြစ်သော်လည်း သူက ကေဒါမဟုတ်သဖြင့် သူ့အတွက် မသင့်လျော်ဟု ဆိုသည်။
Xxxxxxx
Part 476
လင်းလန် တုန်ဟွိုင်ဟွနှင့် အတူသွားခဲ့၏။
တပ်မဟာဌာနချုပ်သို့ ရောက်သောအခါတွင် တပ်မဟာမှူး(အုပ်ချုပ်ရေးမှူး)၊ ဟန်ရုံဖန်၊ လျှိုကွေ့ဖာနှင့် အခြားသူများ ထိုင်နေပြီဖြစ်သည်။ ၎င်းတို့အောက်တွင် လျှိုဝမ်ဟူ၏မိသားစု၊ ဝူချိုက်ရှန် နှင့် သူ၏သမီးနှင့်သား၊ ပြည်သူ့စစ်များစွာ၊ တပ်မဟာကေဒါများနှင့် ကျန်းမာရေးမှူးများ ရှိနေ၏။
အမျိုးသမိးဝူက သူမခေါင်းကို အဝတ်တစ်ထည်နှင့်ပတ်ထားပြီး နဖူးက အညိုအမည်းစွဲနေကာ
ဆက်တိုက် တအိုးအိုး လုပ်နေလျက် ဒေါသထွက်၍ သေတော့မည်ဟုပြောနေသည်။
လျှိုဝမ်ဟူမှာ အချိန်အတော်ကြာ ချုပ်နှောင်ခံရပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျသွားပြီး စွန်းအိုက်ဖုန်းက သူ့ကို အားပေးနေခဲ့သည်။
တစန်းနှင့်တဝေ့တို့ကမူ မရောက်သေးပေ။
ဝူချိုက်ရှန်းက ကလေးတွေကို ခေါင်းပေါ်အဝတ်ဖြူပတ်ကာ ခေါ်လာပြီး ကလေးနှစ်ယောက်က သားသမီးဝတ်တ္တရားနှင့်အညီ ဝတ်ဆင်ထား၏။
သဘာဝအတိုင်း အိမ်မှာ အထည်အပိုမရှိပေ။ ၎င်းတွင် ချည်စချည်နတွေရှိနေဆဲပင်။ စောင်ပြဲသွားသဖြင့် ကြံရာကျပန်း ချုပ်ရိုးအနည်းငယ်လိုက်ကာ ကိုယ်ပေါ်တွင် ဝတ်ထားခြင်းမှန်းသိသာလေသည်။
ဝူချိုက်ရှန်း၏ မျက်လုံးများမှာ အလွန်ရောင်ရမ်းနေ၍ သူမ၏မျက်ဆံများကို မမြင်ရချေ။ ယခု သူမက အငိုရပ်သွားကာ အသက်ကယ်ကောက်ရိုးတစ်မျှင်ကဲ့သို့ သူမသားလေးကိုသာ ပွေ့ဖက်ထားသည်။
လျှိုဝမ်ဟူက သူတို့သားအမိသုံးယောက်ကိူ အသားထဲက ဆူးပင်တွေလို စိုက်ကြည့်နေ၏။
ယန်ယန်က သူမ၏ လက်သီးများကို ဆုပ်ထားပြီး အမေဖြစ်သူကို မှီကာ လျှိုဝမ်ဟူကို စူးရှစွာ ပြန်ကြည့်လိုက်သည်။
လျှိုဝမ်ဟူက ဒေါသတကြီးဖြင့် သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီးဆို၏။
"လူမိုက်..."
ယန်ယန်: "သောက်ဖျင်း"
လျှိုဝမ်ဟူက သူ့ကိုရိုက်တော့မည်ပြုသည်။
ဟန်ရုံဖန်က ချောင်းဟန့်လိုက်ပြီး
"ပြဿနာမရှာနဲ့"
လျှိုဝမ်ဟူက ချက်ချင်း ပြန်ဆုတ်လိုက်ပြီး ယန်ယန်ကို မကျေမနပ် တံတွေးနှင့်လှမ်းထွေးလေသည်။
ယန်ယန်ကလည်း ချက်ချင်းပင် တံတွေးနှင့် ပြန်ထွေးလိုက်သည်။
အပြင်ကလူအုပ်ထဲရှိ ချိုက်ဟွားက ယန်ယန်ကို မျက်တောင်ခတ်ပြပြီး သူမကို စိတ်မြန်လက်မြန်မလုပ်ရန်နှင့် ယခုလောလောဆယ် သည်းခံရန် အမူအရာပြလိုက်၏။ သူမ ယန်ယန်၏ဘေးတွင် ဝင်ထိုင်ချင်သော်လည်း သက်ဆိုင်ရာလူအားလုံးပါဝင်နေသည့်အတွက် သနားစရာပါပင်။ သူမဝင်သွားပါက လျှိုဝမ်ဟူက မနာလိုဖြစ်ကာ သူမ၏လူကြီးများနှင့် စကားများသည့်အချိန်ရောက်လာသည့်မခါ သူမ၏မိဘများက သူမကို ထပ်ပြီး ဆူကြပေလိမ့်မည်။
ထို့ကြောင့် သူ အပြင်မှာပဲနေပြီး စောင့်ကြည့်နေနိုင်ရုံရှိသည်။
အမျိုးသမီးဝူက ခေါင်းမော့ကာ အော်ဟစ်လိုက်၏။
“ငါ့သားသေပြီ... ဒါပေမဲ့ ငါမသေသေးဘူး... ငါက လူအိုကို ပြုစုစောင့်ရှောက်နေရတုန်းပဲ”
လင်းလန် သူမကို အလွန်အမင်း အထင်သေးစွာကြည့်လိုက်သည်။ဤကဲ့သို့သော အဘွားကြီးမျိူး သူမတစ်ခါမှ မမြင်ဖူးပေ။ သားဖြစ်သူ ဆုံးပါးသွားလေရာ မိဘမဲ့များနှင့် မုဆိုးမများက ဆွေမျိုးများ မဟုတ်ကြတော့သလိုမျိုး သူမမြေးများကိုလည်း ချစ်ခင်မှုမရှိပေ။
လျှိုဝမ်ဟူကလည်းပြောလေသည်။
"မှန်တယ်...ဒါကြောင့်မို့လို့ ငါတို့က မိသားစုကိုယူပြီး အဘိုးကြီးကို လူအိုတစ်ယောက်ရသင့်တဲ့ အရာအားလုံးကို ပေးခဲ့တာ...သူ့အနေနဲ့ နောက်အိမ်ထောင်ပြုချင်တယ်ဆိုရင်တော့ သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်...ဒါပေမဲ့ ငါတို့ရဲ့ လျှိုရဲ့အိမ်ဟောင်း ၊ပိုက်ဆံနဲ့အစားအသောက်တွေကိုတော့ အပိုင်သိမ်းနိုင်မှာ မဟုတ်ဘူး"
ဝူချိုက်ရှန်း စကားပြောချင်ပေမဲ့ မည်သို့ပြောရမှန်းကို မသိသလို လူတိုင်းရှေ့မှာ အမြဲရှက်စရာကောင်းလွန်းသည်ဟု သူမခံစားရ၏။
ယန်ယန်က ပြန်ပက်လိုက်သည်။
"ဘာကို ခင်ဗျားတို့လျှိုမိသားစုလဲ... လျှိုမိသားစုဟောင်းကို ခင်ဗျားက ဘယ်လောက် ကိုယ်စားပြုလို့လဲ...ကျုပ်အစ်ကိုနဲ့ ကျုပ်က လျှိုမိသားစုဟောင်းက မဟုတ်ဘူလား...ကျုပ်တို့ မိသားစုရဲ့ အစားအသောက်က ကျုပ်အမေနဲ့ ကျုပ်အဖေရဲ့ အလုပ်မှတ်တွေက ရတာမဟုတ်ဘူးလား... ခင်ဗျားက မတစ်မှတ် ပေးလို့လား... ဘာလို့ ခင်ဗျားကို မျှရမှာလဲ"
"ဒါဆို ငါကရော... ငါက နင့်အဖွား... အဲ့ဒါကြောင့် ငါ့ကို အမှတ်တွေပေးရမယ်"
အမျိုးသမီးဝူ စိတ်တိုနေ၏။ဤမြေးမကို ကြည့်လေလေ သူမ သည်းမခံနိုင်လေပါပင်။
ယန်ယန်က ဒေါသတကြီးနှင့်ပြောလိုက်သည်။
"ခင်ဗျားက မိန်းမအိုကြီး... ကျုပ်အဖွားမဟုတ်တော့ဘူးးး..."
ဤတစ်ခါ သူမက ပျားအုံကို ဓားနှင့်ထိုးမိလိုက်ပြီး အမျိုးသမီးဝူနှင့် လျှိုဝမ်ဟူတို့က ယန်ယန်ကို ထပ်ပြီး အော်ဟစ်ဆူပူပါတော့၏။
လင်းလန်: "ပါးစပ်ပိတ်ထားစမ်း”
သူမ ပြောလိုက်သည်နှင့် တုန်ဟွိုင်ဟွကလည်း
ချက်ချင်းဆိုသလို တံတွေးစင်အောင်ပြောတော့သည်။
“ရှင်တို့မိသားစုက ဘာပြောထားလဲ...ရှင်ကဘာလို့ ခွဲထွက်ချင်ရတာလဲ...မိသားစုတိုင်းက မိသားစုပဲလေ... မိသားစုရဲ့သား သေရင် အသက်ကြီးတဲ့သူက မြေးတွေကို ပြုစုပျိုးထောင်ပေးနေကြတဲ့တဲ့လူတွေချည်းပဲ...ရှင်ဘယ်လိုများလုပ်နိုင်ရတာလဲ.. . အဘွားကြီး ရှင့်မှာ ဘယ်လိုမှ လူသားခံစားချက် လုံးဝမရှိဘူး... သားသမီးတွေရဲ့ ရိုးတွင်းခြင်ဆီတွေကိုတောင် ညှစ်ထုတ်တော့မှာလား"
တုန်ဟွိုင်ဟွ ယခင်က လိုက်မမီခဲ့သဖြင့် ယခုချိန်မှာသဘာဝအတိုင်း သူမ နောက်ကျကျန်နေတော့မှာ မဟုတ်ပေ။ သူမ အမျိုးသမီးဝူကို ငေါက်ကာ မျက်လုံးလှန်ပြလိုက်သည်။
သားသမီးမြေးမြစ်တွေရဲ့ ရိုးတွင်းခြင်ဆီစုပ်တဲ့ အင်မော်တယ်အိုကြီးလိုမျိုး ဘာလို့များဖြစ်လာရတာလဲ...
တုန်ဟွိုင်ဟွက လျှိုဝမ်ဟူနှင့်စွန်းအိုက်ဖန်ကို ထပ်ပြီး ကြိမ်းမောင်းလိုက်၏။
"လူတိုင်းက ညီအကိုတွေဆိုတာက မွေးချင်းတွေလို့ ပြောကြတယ်...နင်တို့က နင်တို့ရဲ့ ညီအစ်ကိုတွေကို ကိုယ့်ဖာသာ ခုတ်ထစ်ချင်နေကြတာ... ငါတို့ ရှန်ရွေ့ ရွာကို တကယ်အရှက်ရစေတယ်..."
ယန်ယန် ငိုတော့သည်။
လင်းလန်က ပြောလိုက်သည်။
"ဒါဆို လျှိုအားဟူက ဘယ်လိုသေတာလဲ... ဒီရက်ပိုင်းမှာ တစ်ယောက်မှ မရှိတာ ဘာကြောင့်လဲ"
သူမ ထိုဟာကို တစ်ခါမှ မကြားခဲ့မိပေ။
လျှိုကွေ့ဖာ: "ကျန်းမာရေးမှူးနဲ့ ပြခဲ့တာ... ပြီးခဲ့တဲ့လက သိပ်မကောင်းဘူး...အရေးပေါ်အခြေအနေဖြစ်ခဲ့တယ်... ရင်ဘတ်နာတယ်လို့ ပြောပြီး ရုတ်တရက် အသက်မရှူနိုင်တော့ဘူး"
လင်းလန်: "ဘာလို့ ခရိုင်ကို သွားမပြတာလဲ"
ယန်ယန်က အမျိုးသမီဝူနှင့်လျှိုဝမ်ဟူတို့ကို ချက်ခြင်းစိုက်ကြည့်ကာ ဆိုလေသည်။
“ခင်ဗျားတို့က ကျုပ်အဖေကို သတ်ခဲ့တာ...ကျုပ်အမေက ကျုပ်အဖေကို ခရိုင်ဆေးရုံကို ပို့မယ်လို့ ပြောခဲ့ပေမဲ့... ခင်ဗျားတို့အားလုံးက ဆေးခန်းသွားတာက ဘာမှကောင်းတာမရှိဘူး...ဘာမှမဖြစ်ရင်တောင် ရောဂါရှာတွေ့လိမ့်မယ်ဆိုပြီး အခိုင်အမာပြောနေကြတာလေ...သွားခွင့်မပြုကြဘူး... ကျုပ်အဖေရဲ့ ပိုက်ဆံကုန်မှာကို ကြောက်နေတယ်ဆိုတာ ကျုပ်နားလည်သွားပြီး...ကျုပ်အဖေသေပြီး ကျုပ်တို့မိသားစုရဲ့ ပိုက်ဆံနဲ့ စားနပ်ရိက္ခာတွေကို အပိုင်သိမ်းနိုင်ဖို့ ခင်များတို့မျှော်လင့်စောင့်စားနေကြတာလေ ...ခင်ဗျားတို့က လူယုတ်မာတွေ...ကျုပ်ခင်ဗျားတို့ကို တရားစွဲချင်တယ်...”
သူမက ဝူချိုက်ရှန်းဆီက ထွက်လာကာ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး ပြောလေ၏။
“အတွင်းရေးမှူးနဲ့အုပ်ချုပ်ရေးမှူးကြီးတို့...ကျုပ် လျှိုဝမ်ဟူနဲ့ အဘွားကြီးကို တရားစွဲချင်ပါတယ်...သူတို့အဖေ့ကို သတ်လိုက်ကြတာ ...နေ့လည်ခင်းမှာ လျှိုဝမ်ဟူက အဖေနဲ့ စကားပြောနေတာကို ကျုပ်တွေ့လိုက်ရတယ် ... သူက သူ့လက်ကို အဖေ့လည်ပင်းမှာ တင်လိုက်ပြီး အဲ့ဒီနောက် ...အဲဒီနောက် အဖေ့ကို သတ်ပစ်လိုက်တယ်...ကျုပ်အဖေကို လည်ပင်းညှစ်သတ်ပစ်ခဲ့တာ လျှိုဝမ်ဟူပဲ..."
" နင် ...မတရားမစွပ်စွဲနဲ့..."
လျှိုဝမ်ဟူက ရုတ်တရက်ပကြီး ပေါက်ကွဲသွားပြီးဆိုသည်။
"သူက ငါ့ညီအစ်ကိုလေ...ငါဒီလိုတရားလွန်တဲ့အလုပ်မျိူးမလုပ်ဘူးကွ"
လူအုပ်ထဲက တစ်ယောက်ယောက်က သရော်လိုက်၏။
"ဒါဆို ဘယ်လိုတရားလွန်တဲ့အလုပ်လုပ်ခဲ့တာလဲ"
xxxxxxxx