Part 477
လျှိုဝမ်ဟူက ရုတ်တရက်ပကြီး ပေါက်ကွဲသွားပြီးဆိုသည်။
"သူက ငါ့ညီအစ်ကိုလေ...ငါဒီလိုတရားလွန်တဲ့အလုပ်မျိူးမလုပ်ဘူးကွ"
လူအုပ်ထဲက တစ်ယောက်ယောက်က သရော်လိုက်၏။
"ဒါဆို ဘယ်လိုတရားလွန်တဲ့အလုပ်လုပ်ခဲ့တာလဲ"
လျှိုဝမ်ဟူက ချက်ချင်းပဲ သူက မတရားစွပ်စွဲခံရသည်ဆိုပြီးပြောတော့သည်။
"ဒုတိယညီ ငါ့အတွက် တစ်ခုခုကို အပ်ထားချင်တာ...အဲ့ဒါကြောင့် ငါသွား နားထောင်ခဲ့တာ... ငါ ဘယ်မှာ သေအောင် လည်ပင်းညှစ်လို့လဲ"
လင်းလန် : "လျှိုအားဟူက ရှင့်ကို ဘာအပ်ထားတာလဲ..."
လျှိုဝမ်ဟူ၏နှုတ်မှလွှတ်ခနဲထွက်လာ၏။
"...ဖတဆိုးလေးတွေနဲ့ မုဆိုးမကို စောင့်ရှောက်ခိုင်းတာပါပဲ... ငါလုပ်သင့်တာမဟုတ်ဘူးလား... ဒါပေါ့ ငါဂရုစိုက်မှာပေါ့... အားလုံးက ငါတို့ရဲ့လျှိုမိသားစုက ဆိုတော့ ပြင်ပလူတွေကို အခွင့်ကောင်းယူခွင့် မပြုနိုင်ဘူး"
လင်းလန်က လှောင်ပြောင်ပြောဆိုလိုက်သည်။
" ကောင်းကောင်း ဂရုစိုက်ပေးတာ ကောင်းပါတယ်... အိမ်ထဲမှာ ပိုက်ဆံနဲ့ စားစရာတွေကို သိမ်းထားပြီး သူတို့ မောင်းထုတ်ပစ်လိုက်တာ တော်တော်လေး ကောင်းတယ်နော်"
လျှိုဝမ်ဟူ၏ မျက်နှာက ခရမ်းရောင်ပြောင်းသွားသော်လည်း သူစကားမပြောနိုင်ပေ။
လာစမ်းပါ... ငြင်းဖို့ခက်တယ်မလား...
နောက်ဆုံးတွင် ဟန်ရုံဖန်ကဆိုလိုက်၏။ "အသေးအဖွဲကိစ္စနဲ့ မင်းငါ့ကို အနှောက်အယှက် ပေးနေတယ်...မင်းတို့အားလုံး ကြာပွတ်စာမိတော့မယ်နော် ... မင်းတို့က မိသားစုတွေ ခွဲထားတာ... မိသားစုတစ်ခုစီမှာ ကိုယ်ပိုင်ကိစ္စရှိတယ်...လျှိုအားဟူရဲ့ ဈာပနကို အစ်ကိုအကြီးဆုံးက ကူညီသင့်တယ်...မင်းက ထင်းနဲ့စားစရာတွေကို မပေးချင်ဘူးဆိုရင်တော့ တပ်မဟာက ကူညီပေးမှာပါ... ဆင်းရဲသားတွေကို တပ်မဟာက ကူညီပေးရင်တောင် လျှိုအားစူရဲ့ မိသားစုက အဲဒီအတွက် ပေးစရာ မလိုဘူး”
ထိုစကားပြီးသောအခါတွင် သူက အုပ်ချုပ်ရေးမှူးကိုပြောလိုက်သည်။
"နောင်မှာ ဒီလိုမျိုး ကြုံလာရရင် မင်း ကြာပွတ်နဲ့ ပြန်ရိုက်ခံလိမ့်မယ်...မင်းက အုပ်ချုပ်ရေးမှူးလေ...သေနေတာလား... လွန်ခဲ့တဲ့နှစ်ပေါင်း 800 လောက်ကအကွက်တွေ ကစားနေတုန်းပဲလား ...ဒီနေ့ တရားဝင်ပြောမယ် ...ရှင်းရှင်းပြောရရင် အနာဂတ်မှာ ယောက်ျားဖြစ်သူက ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့မိန်းမ သားသမီး ညီအစ်ကိုတွေကို ထားခဲ့ရင် တပ်မဟာက ကူညီပေးလိမ့်မယ်... မိန်းမဖြစ်သူအလုပ်မှတ်များရဖို့အတွက် ရေရှည်အလုပ်စီစဥ်ပေးမယ်... ကလေးတွေလည်းသူတို့လုပ်နိုင်တဲ့အလုပ်အတွက် အမှတ်အချို့ကိုလည်း ရလိမ့်မယ်... နှစ်ကုန်မှာ သူ့တို့ စားနပ်ရိက္ခာအတွက် သင်တင့်လျောက်ပတ်စွာ ထောက်ခံရလိမ့်မယ် ...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တပ်မဟာကလူတွေကို ငတ်အသေခံမဟုတ်ဘူး"
အဆုံးတွင် သူက ထပ်ဖြည့်ပြော၏။
" နောက်အိမ်ထောင်ပြုချင်တာက သူတို့ကိုယ်ပိုင်ကိစ္စပဲ...ကလေးတွေကို စနစ်တကျစီစဉ်ထားသရွေ့ ဘယ်သူကမှ ဝင်စွက်ဖက်စရာအကြောင်းမရှိဘူး”
ဤစကားလုံးတွေက အတွေးအမြင်သစ်ကိုဖော်ဆောင်နေပြီး လူအိုကြီးတစ်စု၏ မျက်နှာများ ပြန်အတွန်းခံလိုက်ရ၏။
လင်းလန်က ပြုံးလိုက်သည်။
လျှိုဝမ်ဟူက လျှိုအားဟူသည် သူဘာသာသူ နဂိုတည်းက သေတော့မည် ဖြစ်ကြောင်း၊သူ့ကြောင့် သေခြင်းမဟုတ်ကြောင်း နှင့်ယန်ယန်ကသူ့ကိုချောက်ချနေခြင်းဖြစ်ကြောင်း သက်သေထွက်ဆိုရန် ကျန်းမာရေးမှူးကိုဆွဲခေါ်လာခဲ့၏။
ကျန်းမာရေးမှူးက ဖြေးဖြေးချင်း ဆိုလေသည်။ "လျှိုအားဟူက ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေပြီး ဒီနှစ် သက်ရှင်မှာမဟုတ်ဘူး...ဒါပေမဲ့ နေ့ခင်းဘက် မရောက်ဖြစ်တော့တဲ့အတွက် မင်းသူ့ကို လည်ပင်းညစ်သလား မညစ်သလားတော့မသိပါဘူး"
သူသေတာကို နှေးလွန်းတယ်လို့ထင်နေတာလား...
လျှိုဝမ်ဟူ: "မင်း...မင်းဘာလို့ဒီလိုပြောနေတာလဲ..."
ကျန်းမာရေးမှူးက ချက်ချင်းပြန်ပြော၏။
"ရှင်ခြင်း နဲ့သေခြင်းဆိုတာ ကံကြမ္မာရဲ့ အဆုံးအဖြတ်ပါပဲ... စည်းစိမ်နဲ့ဂုဏ်ဆိုတာ ကောင်းကင်မှာရှိတယ်...လူတိုင်းမှာ သူ့ကံကြမ္မာနဲ့သူရှိကြတယ်...ဒီမရဏဘုရင်ရဲ့ ကံကြမ္မာက....."
"အချိန်နီးနေပြီ"
လျှိုကွေ့ဖာက က သူ့ကို လက်တစ်ဖက်ကမ်းလိုက်သည်။
မင်းက ကျန်းမာရေးမှူးလား အကဆရာလား...
ရှင်ခြင်းနဲ့ သေခြင်းက ကံကြမ္မာ နဲ့ စည်းစိမ် ဥစ္စာ အပေါ်မှာ တနေကုန် မူတည်တယ်...
ကျန်းမာရေးမှူးက ပြုံးရုံသာပြုံးပြီး
"မင်းငါ့ကိုမပြောခိုင်းရင် ငါပါးစပ်ပိတ်ထားလိုက်မယ်"
ဟန်ရုံဖန်က အားနည်းသူတွေကို မျက်စိစုံမှိတ်မျက်နှာသာမပေးပါချေ။ယန်ယန်က လျှိုဝမ်ဟူကို တရားစွဲပေမဲ့ သက်သေမရှိသလို ကလေး၏ ဒေါသစကားသာဖြစ်သဖြင့် အတည်ယူ၍မရပေ။
စင်စစ်အားဖြင့် ဝူချိုက်ရှန်းက အယူခံမဝင်ခဲ့၊ဆိုလိုသည်မှာ လျှိုအားဟူက သူ့ဘာသာသူ သေဆုံးသွားခြင်းဖြစ်သည်။
သို့ရာတွင် ယန်ယန်၏ အော်ဟစ်သံက လျှိုဝမ်ဟူကို အတော်လေး ထိတ်လန့်သွားစေခဲ့ပြီး သူ့မွေးချင်းငယ်တွေကို လှည့်စားရန် ကြိုးစားဖို့ကို မဆိုထားနှင့်၊ သူ့လျှာကိုဆုံးရှုံးသွားကာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ရှင်းပြမရမှာကို စိုးရိမ်သဖြင့် အနာဂတ်မှာ အိမ်တံခါးကို ဘယ်တော့မှ လာဝံ့မှာ မဟုတ်ပါချေ။
ဟန်ရုံဖန်က ဤကိစ္စကို ဦးစီးဦးဆောင်အဖြစ် ဆက်လုပ်လာသည်နှင့်အမျှ ဤကိစ္စကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မည်ပင်။ဝမ်ချိုက်ရှန်းအနေဖြင့် တပ်မဟာရှိ သေချာသည့် ရေရှည်အလုပ်တစ်ခုတွင် ဝီရိယရှိရှိလုပ်နိုင်သရွေ့ သူမ နှစ်ကုန်တွေ့ဆုံပွဲပြုလုပ်နိုင်မှာဖြစ်သည်။
ထို့ပြင် ရွာက ပစ္စည်းတွေကို ကိုယ်တိုင်မချုပ်နိုင်ပါက စပါးအနည်းအကျဉ်းပေးကာ သူမကို ကူညီရန် တောင်းဆိုနိုင်၏။
ဤစကားကို ပြောသည့်အခါ ဟန်ရုံဖန်က ဘာမှမဟုတ်သလိုထင်ရသည့်အကြည့်နှင့် သူမကိုစိုက်ကြည့်နေသည်ဟုခံစားရသည်။
ငါ့ဘာငါ ချုပ်နိုင်ပါတယ်နော်..
ယန်ယန်က တပ်မဟာ၏ အစီအစဉ်ကို နားထောင်ပြီး တပ်မဟာက သူမကို ထောက်ခံကြောင်း မြင်သောကြောင့် ဒူးထောက်ကာ ဟန်ရုံဖန်ကို အကြိမ်အနည်းငယ် ကန်တော့လိုက်၏။
အုပ်ချုပ်ရေးမှူးက ချက်ချင်း သူမကိုဆွဲထူပြီး ပြောလိုက်သည်။
"ငါတို့ လူ့အဖွဲ့အစည်းသစ်က ဒီလိုမျိုး မကြိုက်ဘူး...မှားယွင်းစွပ်စွဲတယ်လို့ သတင်းပြန့်တာမကောင်းဘူး"
ယန်ယန်က ခေါင်းညိတ်ပြီး
"ကျေးဇူးတင်ပါတယ် အတွင်းရေးမှူး...အုပ်ချုပ်ရေးမှူး...ညွှန်မှူးနဲ့ ဆရာမလင်း.... ”
နောက်ဆုံးတွင် သူမ လင်းလန်ကိုကြည့်ကာဆို၏။
“အမျိုးသမီးလင်း ...သမီးကျောင်းမတက်နိုင်တော့ဘူး အဒေါ်နဲ့စာဖတ်လို့ ရမလား ...ကျောင်းသားတွေထက်တော်အောင် ကိုယ်ဘာကိုယ် သင်ယူခဲ့တယ်လို့သမီးကြားခဲ့တယ် ”
လင်းလန် ရုတ်တရက် အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရကာ ပြုံးပြီးပြောလိုက်သည်။
" ဟုတ်တယ်... မင်းက စာရေးတတ် ဖတ်တတ်တယ်...ဘာလို့ ငါတို့ ဝါဒဖြန့်အဖွဲ့နောက်ကို မလိုက်ရမှာလဲ "
ဤသည်က ရိက္ခာကတ်တီ အနည်းငယ်ရရန် ကူညီပေးနိုင်၏။
မှန်သည်ပင်၊ယန်ယန် ဝမ်းသာအားရဖြစ်သွားပြီး ဆိုလေ၏။
"သမီးအလုပ်မှတ်တွေ မလိုချင်ပါဘူး... ပညာတချို့ပဲ သင်ယူချင်ပါတယ်"
လင်းလန်နှင့် တုန်ဟွိုင်ဟွတို့က ရက်ရောကြောင်း သူမသိသည်။ သူတို့သာ အလုပ်မှတ်တွေ မလိုပါက စားစရာတွေကို သဘာဝအတိုင်းပေးလိမ့်ပေမည်။
တုန်ဟွိုင်ဟွကလည်း သဘောတူ၏။
"ဒါပေမဲ့ မင်းရဲ့ အရည်အချင်းပေါ်မှာလည်း မူတည်တယ် ...မင်းမှာ အဲဒီအရည်အချင်း မရှိဘူးဆိုရင် ကြိုးစားရလိမ့်မယ်"
ယန်ယန် သူမကြိုးစားပါ့မည်ဟု ပြောခဲ့သည်။
ဟန်ရုံဖန်က ထပြီးပြော၏။
"ပြီးပြီ... အိမ် ပြန်အိပ်ရအောင်...မနက်ဖြန် ဂျုံပျိုးပင်တွေကို ကြည့်ပြီး ပြန်စိုက်ရမယ်"
သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဦးစွာ ထွက်ခွာသွားပြီး အုပ်ချုပ်ရေးမှူးက နောက်က လိုက်သွားခဲ့သည်။
လျှိုကွေ့ဖာက လျှိုဝမ်ဟူကိုပြောလိုက်၏။
"အနာဂတ်မှာ ယန်ယန်နဲ့ တခြားသူတွေနဲ့ ဝေးဝေးနေ...လူတွေက မင်းကို ခိုးပြီး ရိုက်နှက်တယ်လို့ ထပ်စွပ်စွဲရင် ငါ မင်းကို ယဉ်ကျေးနေမှာ မဟုတ်ဘူး"
လျှိုဝမ်ဟူ ဒေါသထွက်လွန်း၍ သူ့ခြေဖဝါးကနေ အထက်တိုင် ပူလောင်လာသည်။ ဘယ်သူ့ကိုမှ မထိဝံ့သလို ယခုအချိန်တွင် ကြမ်းတမ်းသော စကားလုံးများကိုပင် မပြောဝံ့သောကြောင့် ခရမ်းရောင်ပြောင်းနေသော မျက်နှာအိုကြီးဖြင့် ထွက်ခွာသွားရုံသာတတ်နိုင်ခဲ့သည် ။
Xxxxxx
Part 478
စွန်းအိုက်ဖန်က အမျိုးသမီးဝူကို တွဲကာ သုတ်သီးသုတ်ပျာ နောက်ကလိုက်သွား၏။
ယန်ယန်က လင်းလန်ဆီ ပြေးသွားပြီး ဦးညွှတ်လိုက်သည်။
“အမျိုးသမီးလင်း ကျေးဇူးတင်ပါတယ်”
လင်းလန်က ကမန်းကတန်း တားလိုက်ပြီး
“မင်း ငါ့ကို ကျေးဇူးတွေ အကြိမ် အများကြီးတင်နေတာပဲ ...ကောင်းပါပြီ... အိမ်ကိုမြန်မြန်သွား... မင်းလုပ်စရာရှိရင် ခေါင်းဆောင်ကို ပြောလိုက်"
မည်သို့ပင်ဖြစ်စေ သူမ ကေဒါမဟုတ်သဖြင့် တချို့ကိစ္စတွေကို စီမံခန့်ခွဲရသည်က မလွယ်ကူပေ။ တုန်ဟွိုင်ဟွက အမျိုးသမီးခေါင်းဆောင်ဖြစ်ပြီး အမျိုးသမီးနှင့် ကလေးတွေကို စီမံခန့်ခွဲရန် တာဝန်ယူထား၏။
ယန်ယန်က တုန်ဟွိုင်ဟွကို ဦးညွှတ်ပြန်သည်။
တုန်ဟွိုင်ဟွက အမြန်ဆိုလိုက်၏။
" တစ်ယောက်ယောက်ကို ခေါ်သွား... ကောင်းပြီ...နောက်မှတစ်ခုခုပြော...ဒီလူယုတ်မာတွေကို ငါငေါက်မငေါက်ကြည့်ရအောင်"
သူက လင်းလန်ကို သူမလက်မောင်းထဲ ဆွဲသွင်း လိုက်ပြီးပြောသည်။
"သွား... ငါ နင့်ကို ပြောစရာရှိတယ်... နင်က ငါ့အတွက် ရှားပါးပစ္စည်းလေးပိုပိုဖြစ်လာပြီ"
လင်းလန်: "..."
ရှင့်ရဲ့စကားတွေ ဒီလောက်မရှင်းမလင်းဖြစ်မနေပါနဲ့ ...ကျွန်မမိသားစုအကြီးအကဲကို မကြားစေနဲ့... သူ မနာလိုဖြစ်လိမ့်မယ်...
နှစ်ယောက်သား တလမ်းလုံး တွတ်ထိုးလာကြပြီး တုန်ဟွိုင်ဟွက လမ်းဆုံသို့ရောက်သောအခါ လင်းလန်၏အိမ်နောက်သို့ လိုက်ချင်သလိုမျိုး လင်းလန်၏လက်ဆုပ်ကိုင်ထားဆဲဖြစ်သည်။
လင်းလန်က သူမလက်ကို ပွတ်သပ်ပြီး
"ခေါင်းဆောင်...ကျွန်မ အိမ်မှာ အနားယူသင့်ပြီ... မနက်ဖြန်မှ ကျွန်မတို့ စကားပြောမယ်"
တုန်ဟွိုင်ဟွ: " ငါနင့်ကို ငါ့အိမ်ကို ဖိတ်ချင်နေတုန်းပဲ"
လင်းလန်က ပြုံးပြီး "နောက်တစ်ခါပေါ့ " ဟုပြောလိုက်သည်။
သူမ ကြာပွတ်နှင့်ရိုက်လိုက်သောအခါ တုန်ဟွိုင်ဟွက သူမက သူ(တုန်ဟွိုင်ဟွ)အမြဲလုပ်ချင်နေခဲ့ပြီး မအောင်မြင်ခဲ့သည့် တစ်စုံတစ်ခုကို ပြီးမြောက်ခဲ့သလိုမျိုး သူမအပေါ် ပို၍ စိတ်အားထက်သန်လာသည်ဟု လင်းလန်ခံစားရ၏။
အိမ်ပြန်ရောက်သည့်အခါ ဝူချိုက်ရှန်းက သူမသား ၊ယန်ယန်နှင့် ချိုက်ဟွားတို့ကို တူတူပွေ့ဖက်လိုက်သည်။
ဝူချိုက်ရှန်း ရှေ့ကနေသွား၍ ကောင်မလေး နှစ်ယောက် အိမ်သို့ အမြန်ပြန်ရန် အချက်ပြခဲ့သည်။
သို့ပေမဲ့ ချိုက်ဟွားက ယန်ယန်၏လက်ကို ဆွဲကာတားလိုက်ပြီးတိုးတိုးလေးပြော၏။
"နင်ဘာလို့ငါ့စကားနားမထောင်တာလဲ...လျှိုဝမ်ဟူကို ထိပ်တိုက်ရင်မဆိုင်နဲ့...နင် သူ့ကိုမရိုက်နိုင်ဘူး...နင့်အမေက သေချာပေါက် နောင်ကျရင် နောက်အိမ်ထောင်ပြုလိမ့်....."
"အနည်းဆုံးတော့ ငါ့အမေက အခုလုပ်မှာ မဟုတ်ဘူးလေ "
ယန်ယန်က ချိုက်ဟွားကို ဖြတ်ပြောလိုက်သည်။
"ငါ့မောင်လေးကို ထောက်ပံ့နိုင်ရင် ငါ့အမေနောက်အိမ်ထောင်ပြုချင်တာက ကိစ္စမရှိပါဘူးဟာ"
ချိုက်ဟွား အံ့အားသင့်သွား၏။ ယန်ယန်က သူမစကားကိုဖြတ်ပြောလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။ ယန်ယန်က ယခင်က သူမစကားကို အမြဲနားထောင်ခဲ့၏။
တစ်ခုခုတော့ ပြောင်းလဲသွားပြီ။
ချိုက်ဟွားက မပျော်မရွင် ဆိုလိုက်သည်။
"ဒါဆို လင်းလန်က နင့်ကို ကူညီနေတယ်လို့ နင်တကယ်ထင်နေတာလား...ငါပြောမယ်... သူက လူကောင်းတစ်ယောက်လို ဟန်ဆောင်နေတာ... သူလိုလူမျိုးက သူ့ဗီဇကို မပြောင်းလဲနိုင်ဘူး...သူလိုချင်တာ....."
"ချိုက်ဟွား"
ယန်ယန်က မျက်နှာထားတည်တည်နှင့် လေးလေးနက်နက် ပြောလိုက်၏။
"အမျိုးသမီးလင်းအကြောင်း မကောင်းပြောမနေနဲ့...မဟုတ်ရင် ငါ နင့်သူငယ်ချင်းလုပ်တော့မှာ မဟုတ်ဘူးးး..."
ချိုက်ဟွား ကြောင်အမ်းသွားပြီး ဒေါသများ ပေါက်ကွဲထွက်လာသည်။ ယန်ယန်၏ စိတ်နေစိတ်ထားက တစ်ရက်အတွင်း သိသိသာသာ ပြောင်းလဲလာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
သူမ စိတ်ခံစားချက်ကို ချက်ချင်းချိန်ညှိလိုက်ပြီး
အပြုံးတစ်ခုနှင့်ဆိုလိုက်၏။
"ကောင်းပြီ...ငါ မပြောတော့ဘူး... နင်က ဖြူစင်ပြီး ကြင်နာတတ်တော့ လူတိုင်းက ကောင်းတယ်လို့ထင်နေတာ ငါသိတယ်...သွားကြရအောင်...ငါ နင့်အတွက် သင်ခန်းစာတွေ ပြန်သင်ပေးရမယ်... ဒီရက်ပိုင်း နင်သင်ခန်းစာတွေ အများကြီး လွတ်သွားတယ်"
စာပြန်သင်သောအခါ...
ယန်ယန်: ."...ဒါပေမဲ့ ချိုက်ဟွား ဒီစကားလုံးတွေ မှားရေးထားတာလား"
ချိုက်ဟွား: "!!!"
"ကြည့် ... မှားကိုမှားနေတာပဲ "
" ငါနင်ကို သတိရနေလို့ ဆရာ ပြောတာတော့ မကြားလိုက်ဘူး...ဒါပေမဲ့ အဲဒါတွေ အကုန်သိပါတယ်...စုတ်ချက်တစ်ချက် နှစ်ချက်လောက်ပဲ ကွာတာပါ "
" စာကြိုးစားရမယ်... ငါတို့ မိုင်စွေ့ နဲ့အားဝမ်ဆီက သင်ယူရမယ်"
"ဟီးဟီး...နင် တဝမ်ဆီကနေသင်ဖို့ပြောချင်တာမလား... ဒီကလေးက အရမ်းအံ့သြစရာကောင်းတယ်...သူက စတုတ္ထတန်းကိုအတန်းတင်းခံ ယရမယ်လို့ပြောတယ်... ဒီနေ့ နင့်ကို သူကူညီခဲ့တယ်လေ... နင်သူ့ကို မလေးစားဘူးလား"
"ဟုတ်တယ် တဝမ်က အရမ်းမိုက်တယ်... ဒါပေမဲ့ သူက ငါ့ကို ကူညီတာမဟုတ်ဘူး... ဆရာမလင်းကို ကူညီတာ...ငါလည်း မြန်မြန်ကြီးချင်တယ်... စာကြိုးစားပြီး အမေ့ကိုထောက်ပံ့နိုင်အောင်လုပ်မယ်"
ယန်ယန်ကြည့်ရသည်မှာ စိတ်ပိုင်းဖြတ်ထားပုံရသည်။
ချိုက်ဟွား: "..."
ဝူချိုက်ရှန်းတို့သားအမိကိုကူညီခြင်းကြောင့် လင်းလန်၏ အကြောင်းက ပွထသွားခဲ့၏။ အချို့ကသူမကိုချီးကျူးကြသော်လည်း အချို့ကသူမကို အခြားသူများ၏အလုပ်တွင်ဝင်ရောက်စွက်ဖက်နေသည်ဟုထင်မြင်ကြသည်။
မူလက သူမကို မကြိုက်သည့်လူတချို့က သူမကို ပိုပြီး မနာလိုဖြစ်ကြ၏။
၎င်းနှင့်ပတ်သတ်၍ အာရုံမစိုက်သူများကပင် လင်းလန်၏ကလေးများက အခြားသူများ၏ကလေးများနှင့်ယှဥ်လျှင် ချော့ရလွယ်ကူသည်ဟု ထင်မြင်နေကြပြီး ကလေးများ အား တစ်ခုခုပြောခြင်းဖြင့် လူကြီးများကို ဆဲဆိုခြင်း၏ ပျော်ရွှင်မှုကို အမြဲရလိုကြသည်။
အဓိကအချက်မှာ လင်းလန်၏မိသားစုမှ ကလေးများသည် သရဲတစ္ဆေများဖြစ်ပြီး ၎င်းတို့သည် အခြားမိသားစုများ၏ မိုက်မဲသော ကလေးများနှင့် မတူကြပေ။ အခြားကလေးများက သကြားလုံးတစ်လုံးပေးရုံဖြင့် အနွေးကုတင်ပေါ်ရှိ မိဘများအကြောင်း အားလုံးကို ပြောပြနိုင်ပြီး သူတို့မိသားစုအတွင်းရှိ ကလေးများကမူ အလွန်ပါးစပ်လုံကြ၏။
တဝမ်မှာ မျက်နှာမည်းနှင့်ဖြစ်သဖြင့် ဘယ်သူမှ မမေးရဲကြသည်မှာ ထည့်ပြောစရာပင်မလိုချေ။ မိုင်စွေ့နှင့်အားဝမ်က ထက်မြက်ပြီး လူတွေကို မေးရန် အခွင့်အရေးမပေးပေးပေ။ စန်းဝမ်ကဲ့သို့သော မျောက်မည်းကမူ တချို့လူတွေက သူ့ကိုပါးစပ်ဖွားသည့်အတွက် တစ်ခုခုပြောလျှင်လည်း အလိမ်အညာပဲဖြစ်လိမ့်မည်ဟုတွေးကြသည်။
နောက်ဆုံးတွင် စန်းဝမ်က ကွေ့ပတ်နေပြီး သူ့အကြောင်းနည်းနည်းသာပြော၏။အများဆုံးအနဖြင့် သူ့အဖေက စောင်တွေချုပ်ကြောင်း၊သူတို့ ညဘက်မှာ အသားစားကြကြောင်း၊ သူ့အမေက သကြားရေလုပ်ပေးကြောင်း စသည်တို့ဖြစ်သည်။ အထူးသဖြင့် ကလေးတွေက အတူတူ ကစားကြပြီး တခြားကလေးတွေကို စန်းဝမ်က ချော့သည်အခါ သူတို့ဟာ အရာအားလုံးကို သဘာဝအတိုင်း ပြောပြတတ်ကြသည်။
ဘယ်သူက ကြက်ဥပုပ်ကို တစ်ပတ်လောက်စားခဲ့တာ....
ဘယ်သူက ဆောင်းရာသီတစ်လျှောက်လုံး ရေမချိုးတာ...ခြေအိတ်တွေက သံလိုဖြစ်သွားပြီး မတ်တပ်ရပ်နိုင်... မတော်တဆ ထိမိလို့ ကွဲသွား...
ဘယ်သူ့ယောက္ခမက ချွေးမအိမ်သာသွားသည်ကို ချောင်းကြည့်တာ...
အတင်းအဖျင်းမျိုးစုံရှိပြီး သူ့ထက် ဘယ်သူမှ ပိုမသိပေ။
မည်သို့ပင်ဖြစ်စေ သူက လျှိုချွန်းချိုက်သိသည့်ဟာတွေကိုသိပြီး လျှိုချွန်းချိုက်မသိသည့်ဟာတွေကိုလည်း သူသိသည်။(လျှိုချွန်းချိုက်ကိုရွာဆော်လို့သူတို့ကသတ်မှတ်ထားတာပါ)
Xxxxxxxx