Part 479
အတင်းအဖျင်းမျိုးစုံရှိပြီး သူ့ထက် ဘယ်သူမှ ပိုမသိပေ။ မည်သို့ပင်ဖြစ်စေ သူက လျှိုချွန်းချိုက်သိသည့်ဟာတွေကိုသိပြီး လျှိုချွန်းချိုက်မသိသည့်ဟာတွေကိုလည်း သူသိသည်။
ကလေးတစ်ယောက်အနေဖြင့် အိမ်ထောင်ရေးဖောက်ပြန်သည်ကို နားမလည်သောကြောင့် ယောက္ခမဖြစ်သူက ချွေးမ အိမ်သာသွား၊ ရေချိုးသည်ကို ကြည့်သည်က ပျော်စရာဟု သူမထင်ပါချေ။ တကယ်တမ်းကျ တခြားသူတွေရေချိုးတာက ဘာများစိတ်ဝင်စားစရာကောင်းလို့လဲ...
သူတို့က မြစ်ထဲမှာ နေ့တိုင်းဖင်ရေဆေးကြသူတွေဖြစ်သဖြင့် တခြားသူတွေ ရေချိုးသည်ကို ကြည့်ရန် စိတ်ဝင်စားမနေပေ။
သူက လုံးဝ အလေးအနက်မထားခဲ့ချေ။
သို့သော် ချွေးမဖြစ်သူက အိမ်သာသွား၊ရေချိုးနေသည်ကို ချောင်းကြည့်သူ ဟဲလောင်စန်းက စန်းဝမ်၏နှုတ်သီးဖြင့် ဝင်တိုးမိပြီး စန်းဝမ်ကို အနက်ရောင် သကြားလုံးတစ်လုံးပေး၍ ချော့လေသည်။
“စန်းဝမ်... သကြားလုံး ပေးမယ်"
စန်းဝမ်က မအံ့သြဘဲ
"ကြွက်တွေကို ရေသွင်းပေးရသေးတယ်"
"တစ်ဖဲ့စား...ငါ မင်းနဲ့ပြောစရာရှိတယ်... ည မင်းတို့မိသားစုဘယ်လိုအိပ်လဲ"
စန်းဝမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"အနွေးကုတင်ပေါ်လှဲအိပ်တာပေါ့...မတ်တပ်ရအိပ်ရမှာလား"
ဟဲလောင်စန်းက အဝါနက်ရောင်သွားတွေနှင့် သွားဖြီးကာဆို၏။
"မင်းအဖေက မင်းအမေကို ဖိတာလား ဒါမှမဟုတ် မင်းအမေက မင်းအဖေကို ဖိတာလား"
စန်းဝမ် အံ့သြသွားပြီး
"အိုး...ခင်ဗျားတို့မိသားစုက အိပ်ချင်နေတာတောင် ထပ်အိပ်နေကြတုန်းလား...ဘယ်လိုများဖိတာလဲ"
ဟဲ့လောင်စန်းက စက်ဆုပ်ဖွယ်ကောင်းသော လှုပ်ရှားမှုများကို သူ့လက်များဖြင့် တုပ၍ လက်နှစ်ဖက်ကို ဟိုဟိုသည်သည်ထပ်ကာ လက်ဟန်ပြလိုက်သည်။
"ကြည့်...ဒီလိုမျိုး"
စန်းဝမ်က ငဖောင်ရိုးလေးဖြစ်ပြီး ဤကိစ္စတွင် အရွယ်နှင့်မလိုက်အောင်ထက်မြက်နေခြင်းမရှိပေ။ထို့ကြောင့် သူက ၎င်းကို ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းသည်ဟုသာမြင်ပြီး ရုတ်တရက် သတိထားမိသွား၏။
"အိုး ကျွန်တော် သိပြီး...ခင်ဗျားက ခင်ဗျားချွေးမအိမ်သာသွားတာကိုချောင်းကြည့်တာလေ...ခင်ဗျားက အဲ့ဒါကိုပြောချင်တာလား"
ထိုသို့ဆိုရင်း လက်ကလေးက အမူအရာလုပ်ပြ သည်။
ဟဲလောင်စန်း၏မျက်နှာသည် ဝက်အသည်းကဲ့သို့ ခရမ်းရောင်ဖြစ်နေပြီး သူ့ဘေးကလူက ရယ်မောကာဆိုလေ၏။
"လောင်စန်း... မင်းက တကယ်ကို သူရဲဘောကြောင်တာပဲ...မင်းသားက မင်းကို ဖယ်ပစ်ရမယ်ဆိုတာ သိတယ်
"ကျွတ်စ် ကျွတ်စ်... ဒီအဘိုးကြီး၊ နှစ်အတော်ကြာအောင် မုဆိုးဖိုဖြစ်နေတာက နှစ်ပေါင်းများစွာ မုဆိုးမ ဖြစ်ဖူးတဲ့ အဘွားကြီးထက် အများကြီး ပရောပရည်လုပ်တတ်တယ်...ဟားဟား...”
လူအုပ်ကြီးက ရယ်မောကြသည်။
ဟဲ့လောင်စန်း ရှက်လွန်း၍ မျက်နှာကိုဖုံးကာ ထွက်ပြေးသွားခဲ့၏။
စန်းဝမ်က ပဟေဠိဖြစ်နေဆဲပင်။
"ဘာလို့ထွက်ပြေးသွားတာလဲ...ထပ်နေတဲ့အကြောင်း မပြောတော့ဘူးလား"
တစ်စုံတစ်ယောက်က သူ့ကို ဆက်ပြီး စချင်သလိုမျိူးဆိုလာသည်။
"စန်းဝမ် မင်းအမေ....."
သူ့မားမားအကြောင်း ဆက်ပြောနေသည့်အခါ စန်းဝမ် ဒေါသထွက်သွား၏။
"ဘာလို့ မားမားကိုအဲ့လောက်အာရုံစိုက်နေကြတာလဲ... အဖေ့ကိုပြောပြီး ရိုက်ခိုင်းပစ်ချင်တယ်"
ထိုလူ ရှက်ရွံ့သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် အမြန်ထွက်သွားသည်။
စန်းဝမ် : "မပြေးနဲ့...ဖိတဲ့အကြောင်း မပြီးသေးဘူးလေ... "
တခြားသူတွေ ဘာမှ မပြောဝံ့ဘဲ အလျင်အမြန် ထွက်သွားကြ၏။ သူတို့အနေဖြင် တခြားမိန်းကလေး သို့မဟုတ် သူများချွေးမကို ကွယ်ရာတွင် တက်မက်ကြသော်လည်း လင်းလန်ကိုမူ သွားထိ၍မရပေ။ သူမမှာ အင်အားကြီးသည် ယောက်ျားရှိသည်ကိုမဆိုထားနှင့်၊ သူမကိုယ်တိုင်ကပင် ကြမ်းတမ်းပြီး သန်မာလှသည့် သားတစ်ယောက်လည်းရှိသည်။
သူတို့ သွားဆွ၍မရပေ။
စန်းဝမ် အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ လှည့်ကြည့်ကာ သူ့အစ်ကိုကြီးကို ထပ်အိပ်သည့်အကြောင်း တိတ်တိတ်ဆိတ်ဆိတ် မေးလိုက်သည်။
"အစ်ကိုကြီး ဘာဖြစ်လို့ သူတို့တွေက ထပ်အိပ်နေကြတာလဲ"
တဝမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းက ညကျရင် ခုန်ပေါက်နေတဲ့ ပဲစေ့လို့ပဲ ငါ့ပေါ်မှာ ခုန်ပေါက်နေတာလေ...အဲ့ဒါက ထပ်အိပ်နေတာပဲ မဟုတ်လား"
စန်းဝမ် ခေါင်းညိတ်လိုက်၏။
ဟုတ်သားပဲ...
ရှောင်ဝမ်က စိတ်ဝင်တစား မေးလာသည်။
"ညီလေး... မင်းဘာလို့ ပဲစေ့တွေလို ခုန်ရတာ လဲ... မင်း အိပ်နေတုန်း ဘုရားသခင်ကို ကပြနေသေးတာလား"
စန်းဝမ်: "မှားတယ်... ငါက အမြဲတမ်း ပွဲတော်အကြီးကြီးတည်နေတာကွ ... အရသာရှိတယ်၊ ဝက်လက်၊ ဝက်သားနှပ်၊ ငါးကြီး၊ မြွေသား....."
ရှောင်ဝမ် သွားရည်ကျတော့မလိုဖြစ်နေ၏။
"တတိယအစ်ကိုငယ်... နောင်ကျရင် သားကိုစားဖို့ ခေါ်သွားလို့ရမလား "
စန်းဝမ်က ချိုသာသည့် အပြုံးလေးနှင့် ရှောင်ဝမ်၏ခေါင်းကို ပွတ်သပ်ပြီး ဆိုလိုက်သည်။
"ရတာပေါ့...ငါ မင်းဒီညစားဖို့ခေါ်သွားပေးမယ်... ဒါပေမဲ့ မင်းစားဖို့တော့ ပေးရမှာပေါ့"
ရှောင်ဝမ် : "ပိုက်ဆံပေးရမှာလား"
"ဟုတ်တယ်လေ... မင်းက ငါနဲ့အတူတူစားချင်တယ်... ဒါပေမဲ့ ပေးစရာမရှိဘူးလား"
ရှောင်ဝမ်က သူ့အိတ်ကပ်ထဲကဆွဲထုတ်ကာပြော၏။
"သားမှာ နှစ်ဆင့်ရှိတယ်"
သြဂုတ်လ ၁၅ ရက်နေ့တုန်းက လင်းလန် အကြီး သုံးယောက်ကို တစ်ပြားစီ၊စန်းဝမ်အတွက် ငါးဆင့်နှင့် ရှောင်ဝမ်က်ု နှစ်ဆင့်ပေးခဲ့သည်။
စန်းဝမ်က ထိုဟာကို ယူလိုက်ပြီးဆို၏။
" ဒီညစားဖို့ခေါ်သွားပေးမယ်"
ရှောင်ဝမ်က ၎င်းကို စောင့်မျှော်နေပြီး ခဏအကြာတွင်ပြောလေသည်။
"တတိယအစ်ကိုငယ်... မားမားတို့ရော အစ်ကိုတွေရောအစ်မကိုရော အတူခေါ်သွား"
စန်းဝမ်က ပဟေဠိဆန်ဆန်ပြောလိုက်၏။
"မရဘူး... ငါက အကြီးတွေကိုခေါ်သွားလို့မရဘူး...တစ်ကြိမ်မှာ တစ်ယောက်ပဲ ခေါ်လို့ရတယ်"
ရှောင်ဝမ်အနေဖြင့် ထိုစကားကိုကြားသောအခါ လက်လျှော့ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ သူ ပိုစားရန်နှင့် ပြန်လာသည့်အခါမားမားကိုပြောရန်သာ တွေးလိုက်သည်ါ
ရလဒ်အနေဖြင့် ရှောင်ဝမ် စိတ်လှုပ်ရှားလွန်ပြီး ညဘက်အိပ်မပျော်နိုင်ဖြစ်သွား၏။ နောက်ဆုံးမှာ အိပ်ပျော်သွားပြီး စန်းဝမ်နှင့် ဝက်လက်စားနေသည်ဟု အိပ်မက်မက်ပြီး သူ့ပါးစပ်ထဲကနေ သွားရည်တွေယိုနေသည်။
နောက်တစ်နေ့ နိုးလာသောအခါတွင် ရှောင်ဝမ်က က သူဆီလာ၍ သူ့ကိုဘာကြောင့် ပွဲတော်ကြီးတည်ရန်ခေါ်မသွားသလဲမေးမည်ဟု စန်းဝမ်ကတွက်ချက်ထားပြီး မနေ့ညက သူ့ကို အိမ်မက်မက်ရန်ခေါ်သွားပြီးပြီးဖြစ်သော်လည်း မေ့သွားပြီးမမှတ်မိခြင်းဟု လိမ်ညာရန် ကြံစည်ထားပြီးဖြစ်၏။(သူက ရှောင်ဝမ်လာမေးရင် လိမ်ပြောမလို့ ကြံထားတာ ငဆိုးကောင်)
သို့သော် ရှောင်ဝမ်က ကျေနပ်သောမျက်နှာဖြင့်ဆိုလာသည်။
"အစ်ကိုငယ်... ဝက်လက်စားဖို့ ခေါ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဝက်လက်ကြီးတွေက ကင်နေတုန်းပဲ... အဆီတွေအပြည့်နဲ့... အဆီရောအသားရောပါတယ်... ဝက်အရေခွံကလည်း အရမ်းကောင်းတာပဲ"
စန်းဝမ်: “………” သွားရည်ယိုနေ...
အစ်ကိုရှောင်ဝမ် ... ငါ့ကိုစားဖို့ခေါ်သွားပေးပါ...
ထိုအချိန်မှစ၍ ညီအကိုနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အတူတူစားကြသောက်ကြ၏။ စန်းဝမ်၏နောက်ဆုံးသောဆင့်အနည်းငယ်ကို ရှောင်ဝမ်ထံ မှ ရရှိခဲ့သည်။
အကြောင်းမှာစန်းဝမ်က အရသာရှိသည့်အရာတွေကိုပဲ စား၍ပင်။ဝက်လက်ကြီးတွေ... ဝက်သားနှပ်တွေ...အရသာကိုရှိနေတာပဲ...
ရှောင်ဝမ်က ဝိုးခနဲဖြစ်သွားရ၏။ ငါးကြီး၊ ငါးအရေခွံကြော်၊ ငါးစွပ်ပြုတ်က ဖြူဖွေး မွှေးပျံ့ပြီး ချိုသည်။ ငါးမျက်လုံးက အရည်ရွှမ်းပြီး အရသာရှိ၏။ ငါးပါးဟက်က နူးညံ့တဲ့ အသားတစ်ပိုင်းပါသဖြင့် စားရသည်က အရသာရှိ၏။ ရေဘဝဲကြော်က ကြွတ်ဆတ်ပြီး အရသာရှိသည်။ ဝက်သားနှပ်က အဆီများပြီး စေးထန်းနေ၏။ အဆီနည်းအသားက နူးညံ့နေပြီး အရေခွံ့က ပျော့ပျောင်းသည်။(အိမ်မက်ထဲမှာ😄)
ထို့ကြောင့် လင်းလန်တို့မိသားစုသည် မနက်တိုင်း ပိုပျော်ကြရ၏။ညီအကိုနှစ်ယောက် ညစာဘာစားကြလဲမေးပြီး အိမ်မှာမစားရသေးသော ဟင်းပွဲတွေရှိလာသည့်အခါ အားဝမ်က သူ့ကိုယ်ပိုင်ဟင်းချက်နည်းတွေကို ထပ်ဖြည့်ရန်မှတ်ထားလိုက်၏။
...
Xxxxxxx
Part 480
ရက်အတော်ကြာ မိုးဆက်တိုက်ရွာနေပြီး ကွန်မြူနတီအဖွဲ့ဝင်များ နေအိမ်များနှင့် တပ်မဟာ ဌာနချုပ်၏ တံစက်မြိတ်များအောက်တွင် စုဝေးကာ ဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ကြသည်။
လင်းလန် သူမကိုယ်သူမ နှစ်ရက် အနားယူရန် စီစဉ်ခဲ့သည်။သူမ ဂွမ်းကပ်အထည်များ ချုပ်ရမည်ဖြစ်ပြီး အောက်တိုဘာလနောက်ပိုင်း အေးလာသောအခါတွင် ထိုဂွမ်းကပ်အထည်များကို
၀တ်ထားရမည်ဖြစ်၏။
သူမ ချုပ်မပြီးသေးပေ။
ဟန်ချင်စုန့်က လွန်ခဲ့သော နှစ်ရက်က အလုပ်မသွားသောကြောင့် အိမ်တွင် ကူညီပေးခဲ့သည်။
ဤနှစ်တွင် စောင်အတွက်ဟန်ချင်စုန့်ဆီမှ အကူအညီမလိုခဲ့ချေ။အကြောင်းမှာ ပထမချွေးမဟန်၊ရှုယွမ် နှင့် အခြားအမျိုးသမီးများ လာရောက်ကူညီကြပြီး လျင်မြန်စွာ ကောင်းကောင်းမွန်မွန် ချုပ်ကြသောကြောင့် ဟန်ချင်စုန့်အနေဖြင့် ဝင်ပါစရာ နေရာမရှိပေ။
သို့ရာတွင် သူမနှင့်ဟန်ချင်စုန့်တို့ မိသားစုခုနစ်ယောက်၏ ဂွမ်းကပ်အနွေးထည်တွေကို မခွဲထုတ်လျှင်ပင် ကလေးများ၏အဝတ်အစားတွေအားလုံးကို ခွဲထုတ်ပြီး လျှော်ဖွပ်ကာ ပြန်ချုပ်ကြရ၏။
လင်းလန်သည် အပ်ချုပ်စက်ဖြင့် အစွန်းတွေလည်အောင် တာဝန်ယူပြီး ဟန်ချင်စုန့်ကို ဂွမ်းစောင်ချုပ်ခိုင်းလိုက်သည်။ သူမပြီးသောအခါ ရှောင်ဝမ်၏ဟာတွေကို သွားချုပ်မည်ဖြစ်၏။ မနှစ်တုန်းကအကြောင်းကိုတွေးကာ စောင်ချုပ်နေရင်း လင်းလန် ဟန်ချင်စုန့်ကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။ အလှတရားဟာ ကြည့်ရှုသူ၏မျက်လုံးထဲမှာ ရှိသည်ဟု လူတွေပြောကြသဘ်က အံ့သြစရာ မရှိပါချေ။
ပိုပိုပြီး ချောလာတယ်...
ဟန်ချင်စုန့် သူမ၏ ခိုးကြောင်ခိုးဝှက် အကြည့်တွေကို သည်းမခံနိုင်ပေ။ သူမ ပြုံးပြီး သူ့ကို ထပ်ကြည့်လာပြန်ရာ ဟန်ချင်စုန့် အပ်ကို အပ်ချည်လုံးထဲထိုးထည့်ပြီး သူမကို ဖမ်းလိုက်၏။
လင်းလန် လန့်ဖျပ်သွားသည်။
"သတိထားလေ..."
"မထားဘူး"
ဟန်ချင်စုန့် သူမကို သူ့ပေါင်ပေါ် ပွေ့တင်ကာ ငုံ့ကြည့်လျက်ဆိုလိုကိ၏။
"လာ...ကိုယ့်ကိုပြောင်ပြောင်တင်းတင်းကြည့်"
လင်းလန်: "..."
ရှင့်ရဲ့ မျက်လုံးတွေက ရေတွင်းတွေလို နက်ရှိုင်းနေတာလေ... ဘယ်သူကြည့်ရဲမှာလဲ...
ဟန်ချင်စုန့်က သူမကို ဖက်ကာ မူးဝေနေအောင် နမ်းရှိုက်လာပြီး သူမကြယ်သီးတွေကို စဖြုတ်လေတော့သည်။
လင်းလန် : "ဟေး ရှင်...နေ့ခင်းကြောင်တောင်ကြီးလေ"
ဟန်ချင်စုန့်: "တိမ်ထူပြီး မိုးရွာနေတယ်...ဘေးမှာ
ဘယ်သူမှမရှိဘူး"
"..."
သူ ဒီနေ့အိပ်ယာထနောက်ကျပေမဲ့ လင်းလန်က သူ့မျက်နှာကို ရှောင်ဖယ်ကာ ရည်ရွယ်ချက်ရှိရှိ တစ်ဖက်ကို မျက်စောင်းထိုးလိုက်သော်လည်း သူမမျက်လုံးထဲတွင် ငြိတွယ်မှုတစ်ခု သူ့ကို ထပ်တူကျီစယ်နေသည်။
သူ သူမကို စနေခြင်းသာဖြစ်သော်လည်း သူ့ကို ဤကဲ့သို့ ကြည့်နေခြင်းကို မခံနိုင်ပေ။
သူတို့ နှစ်ယောက် ဘေးချင်းကပ်လျက် လဲလျောင်းနေခဲ့ကြပြီး အပြင်မှ ကလေးများ၏ ရယ်မော ရယ်မောသံများ ထွက်ပေါ်လာ၏။ ယနေ့ သူတို့ကျောင်းမတက်ကြပေ။
လင်းလန် ချက်ချင်းပင် သူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး သူမ၏ စကတ်နှင့် ဆံပင်ကို သပ်ရပ်အောင်လုပ်ကာ အလျင်အမြန် အနွေးထည်ချုပ်ယောင်ဆောင်လိုက်သည်။
ရှောင်ဝမ်က စန်းဝမ်၏လက်ကို ဆွဲပြီး အရင်ဆုံးပြေးဝင်လာ၏။.
"မားမား ... ဒီနေ့ သားတို့ကို ကြွက်ကြီးလေးကောင် ကျွေးလိုက်တာ... အရသာရှိတယ်.. မားမားတကယ် မစားချင်ဘူးလား"
လင်းလန်က ခေါင်းခါလိုက်သည်။
"..."
ငါ ဒီခေါင်းစဥ်ကိုငြင်းချင်တယ်...
သူမသည် ခရုခွံများနှင့် ပိန်ပါးရှည်လျားသော အရာများကို မုန်းတီးသည်။
ကလေးတွေက အကြောက်အလန့်မရှိကြပေ။ မြွေကိုပင် မကြောက်လေရာ လယ်ကြွက်ကိုဆိုပြောစရာပင်မလိုချေ။ ဆောင်းဦးရာသီတွင် လယ်ကွင်းများ၌ လယ်ကြွက်များက ထွားလာပြီး အချိန်ရသောအခါ ကလေးများက အသိုက်များကိုရေ ဖြည့်ကြမည်ဖြစ်သည်။ လောင်းချပြီးသည်နှင့် လေကွယ်ကိုသွား၍ စားရန် မီးကင်ကြမည်ဖြစ်၏။ ကြွက်တွေက ရွံစရာကောင်းသော်လည်းအသားကမူ စားကောင်းပေသည်။ ထိုသည်က ကလေးတွေအတွက် ရှားရှားပါးပါး စားရသည့်အသားလည်းဖြစ်၏။
စန်းဝမ်နှင့် အခြားသူများက သဘာဝအတိုင်း အပျော်သဘောဖြင့် မနေနိုင်ဘဲ ရေဝင်လောင်းမိကြပြီး အများဆုံး ဖမ်းမိခဲ့ကြသည်။
သူတို့က ၎င်းကို ချက်စားရန်ပြန်ယူလာပြီး မီးဖိုထဲထည့်ပြီး ကင်လိုက်ကြ၏။ လင်းလန်က မစားချင်သော်လည်း သူတို့ကို မတားပါချေ ။မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်၌ ကြွက်တွေအကုန်လုံးက ကောက်နှံတွေချည်းစားကြလေရာ မညစ်ပတ်ပါချေ။ချက်ပြီးပါက အနံ့အလွန်မွှေးသည်။
ရှောင်ဝမ် : "မားမား... ဘယ်အချိန်မှာ ချက်ရမှာလဲ"
မီးဖုတ်လိုက်ရုံနဲစားလို့ရတယ်လေ...
လင်းလန် : "..." ညီအစ်ကိုရှောင်ဝမ် မင်းကတော့ ဆိုးဆိုးရွားရွား သင်ယူထားတာပဲ..
မနေ့ညက မိုးရွာထားသဖြင့် အပြင်မှာ လေအေးတွေ တိုက်ခတ်နေ၏။ လင်းလန် သူမအဝတ်အစားတွေကို ပိုက်ပြီး နာရီကို တသ်ချက်ကြည့်လိုက်သောအခါ ဆယ့်တစ်နာရီ ထိုးနေလေပြီ။ သူမက ပြုံးပြီးပြောလိုက်သည်။
"မီး"
မိုင်စွေ့နှင့်အားဝမ်တို့က ချက်ချင်း သွားပြင်ဆင်ကြ၏။
ယခု ဒုက္ခများသည့် ဟင်းများမရှိသရွေ့သူတို့နှစ်ဦးပူးပေါင်းဆောင်ရွက်လိမ့်မည်ဖြစ်ပြီး မိုင်စွေ့က မီးမွှေးကာ အားဝမ်ကချက်ပြုတ်ရန် တာဝန်ယူမည်ဖြစ်သည်။
အားဝမ်က မီးဖိုကိုကြည့်လိုက် တောင်ဘက်ခန်းရှိ မြက်ခင်းပြင်ကိုကြည့်လိုက်ဖြင့် လင်းလန်ကို ပြော၏။
"မားမား... ဒီနှစ်ရက်လုံး ...ကျွန်တော် မီးမွှေးဖို့ ကျူပင်နဲ့ မြက်ပင်တွေကို ခုတ်ရဦးမယ်"
လင်းလန်က ခေါင်းညိတ်ပြီး
"ဒုတိယအစ်ကိုက ငါတို့မိသားစုရဲ့ အိမ်ထိန်းကြီးပဲ... မင်းမရှိရင် ငါတို့ဘာလုပ်ရမှန်းကိုမသိတော့ဘူး... အလျင်စရာမလိုဘူး"
အားဝမ်က သူမကို ကူကြည့်ပေးခဲ့သည်။ မိသားစုက ဟင်းမချက်ခင်မှာ ထိုမြက်တွေရှိကြောင်းမသိခဲ့ပေ။
ဟန်ချင်စုန့်ကပြောလာ၏။
"နေ့လည်မှာ ကြိတ်စက်ကို သွားကြိတ်မယ်"
ယခုအချိန်၌ ကန်စွန်းဥတွေကို ခွဲဝေထားပြီး လူအများစုက ညဘက်မှာ ကန်စွန်းဥကို ချက်ပြုတ်ကာ နောက်နေ့စားကြသည်။ အထူးသဖြင့် လယ်ယာအလုပ်မလုပ်လျှင်ပင်၊ အမျိုးသားတွေနှင့်ကလေးတွေက ခေါက်ဆွဲစားကြပြီး အမျိုးသမီးတွေက အခြေခံအားဖြင့် ကန်စွန်းဥစားကြကာ ယင်းက သူတို့ကို ရင်ပူစေ၏။
လင်းလန် သူမတို့မိသားစုကို ဆာလောင်မှုပြေပျောက်စေရန် ကန်စွန်းဥကို မစားစေချင်ခဲ့ပေ။သူမ ညဘက်တွင် ကန်စွန်းဥများကို အမြဲပြုတ်ပြီး နေ့လယ်အချိန်တွင် ပန်ကိတ်နှင့် တွဲစားရန် ပန်ကိတ်ကို ပြုလုပ်ခဲ့သည်။ ပုံမှန်အားဖြင့် ပြောင်းနှံမှုန့်၊ ပြောင်းမှုန့်နှင့် ဂျုံမှုန့် အမျိုးမျိုးတို့ကို လျင်မြန်စွာ စားသုံးနိုင်သောကြောင့် ကြိတ်ချေရန် လုံ့လစိုက်ထုတ်ရ၏။
မိုင်စွေ့က မီးမွှေးပြီးသည့်အခါ စန်းဝမ်က လယ်ကြွက်တွေကို မီးဖိုထဲထည့်ပြီး အောက်ဆုံးမှာ မြှုပ်လိုက်သည်။ခဏ အကြာ၌ ကန်စွန်းဥနှင့် ပိန်းဥတွေကို မီးဖုတ်သလိုမျိုး ထင်းချောင်းနှင့် ဆွဲထုတ်ပြီး မြေကြီးပေါ်မှာလိမ့်လိုက်သည်။
မည်းမည်းသဏ္ဍာန်လေးခု...
လင်းလန်က တစ်ချက်ကြည့်လိုက်ရာ ကန်စွန်းဥမီးဖုတ်နှင့် တကယ်တူ၏။
ဟားဟား...
ကလေးအနည်းငယ်က မီးဖိုရှေ့တွင် စတင်လှုပ်ယမ်းကာ ပုတ်ကြပြီးပြာတွေကိုခါချလိုက်သည်။ ဤအဆင့်ကို အားဝမ်က လုပ်ဆောင်လေ့ရှိ၏။ သူက သန့်စင်သော ပြောင်းဖူးခွံအနည်းငယ်ကို အရင်ပြင်ဆင်ပြီးနောက် မီးဖုတ်ထားသောလယ်ကြွက်၏ စား၍ရသော အသားများကို ခွဲခြမ်းကာ တစ်ခုပြီးတစ်ခု စီစဉ်ပေးသည်။
စန်းဝမ် နှင့်ရှောင်ဝမ်တို့ သူ့အကျွေးကို စောင့်ဆိုင်းရင်း သွားရည်ယိုလျက် သူ့ဘေးတွင် ထိုင်နေကြသည်။
Xxxxxxx