အပိုင်း ၄၈၁-၄၈၂
Viewers 23k

Part 481


တဝမ်က အစားနည်း၏။ ဖမ်းရသည်ကိုပဲ နှစ်သက်ပြီး လေ့ကျင့်မှုက ပိုပိုပြီး ကျွမ်းကျင်လာသည်။ အသိုက်ကို မြင်သရွေ့တော့ သူလက်ထဲက လွတ်မည်မဟုတ်ပေ။


မိုင်စွေ့က  ပေါင်ကဲ့သို့သော သန့်ရှင်းသော အစိတ်အပိုင်းများကိုသာ စားလေသည်။


ရှောင်ဝမ်က လင်းလန် နှင့် ဟန်ချင်စုန့် တို့ကို နောက်ခြေထောက်နှစ်ချောင်းပေးကာဆို၏။


 "မားမား... အရသာရှိတယ်"


လင်းလန် အနည်းငယ်ရှက်သွားသော်လည်း သူမ ပြုံးကာ သားဖြစ်သူ၏ မျက်လုံးရွဲကြီးများကိုကြည့်ပြိး ပြောလိုက်သည်။


 "ကျေးဇူးပါ အချစ်ကလေး...ကျန်တာ ကိုယ့်ဘာကိုယ် စားလိုက်နော် "


ရှောင်ဝမ် လှည့်သွားသည်ကို အခွင့်ကောင်းယူပြီး ဟန်ချင်စုန့်၏ ပါးစပ်ထဲကို အကုန်လုံး ထည့်ကာ ပြောင်စပ်စပ်လေးပြောလိုက်၏။


 " ကျွန်မသားကြီးက ရှင့်ကို လေးစားတယ်... ကျေးဇူးပြုပြီး စားပေးပါဦး"


ဟန်ချင်စုန့်က သူမကို တစ်ချက်ကြည့်ပြီး အရိုးတွေကိုပါ ဝါးပြီး မျိုချလိုက်သည်။


 လင်းလန် : "... "

ကောင်းလိုက်တဲ့သွား...


  စန်းဝမ်က ထိုနေရာတွင်စားသောက်ခြင်းထဲမှာ ရစ်မူးနေပြီးဆိုလေ၏။

 "ဒါကသာ အသားတစ်လုတ်နဲ့ ဝိုင်တစ်ငုံဆိုရင်... အာ့-" 


 သူ့   စကားမဆုံးခင် တဝမ်ဆီက အရိုက်ခံလိုက်ရပြီး  ချက်ချင်းဆိုသလိုသူ့စကားများကိုပြောင်းလိုက်သည်။


 "ကျွန်တော်က အတွင်းရေးမှူးအဘိုးကို ဆိုလိုတာပါ ... သူဆို တစ်ယောက်တည်း နှံကောင်ခြေထောက်နဲ့ ဝိုင်နည်းနည်းပဲသောက်နိုင်တာ... လယ်ကြွက်မီးဖုတ်ရှိရင် နှစ်နှပ်လောက်စားနိုင်လိမ့်မယ်...ဟားဟား "


ရှောင်ဝမ်က အလွန်ကျက်သရေရှိစွာစားနေပြီး ခြေထောက်အသားကို သန့်ရှင်းသပ်ရပ်စွာ သုတ်ကာ ပြောလေ၏။

 "ပုစဉ်းရင်ကွဲတွေသာ ရှိမယ်ဆိုရင် တကယ်ကို အရသာရှိမှာပဲ"


 မိုင်စွေ့ ဆံပင်တွေ ပေါက်ကွဲတော့မလိုဖြစ်သွားသည်။


 "မောင်လေး...လယ်ကြွက်တွေက ပုစဉ်းရင်ကွဲထက်ကြီးတယ်...ဒါဖြင့် ငါတို့ နောက်ထပ်စားစရာတွေ ဘယ်မှာရနိုင်သေးလဲ"


စန်းဝမ်: "လယ်ကြွက် စားလေ"


 အားဝမ်: "အရင်နှစ်တွေက ကျိုင်းကောင်နဲ့ ကြွက်ပလိပ်ရောဂါတွေရှိခဲ့တယ်လို့ ကြားဖူးတယ်.. ကြောက်စရာကောင်းတယ်... ရွာတစ်ရွာမှာ လူတစ်ဝက်လောက်က အစာငတ်ပြီးသေကြတာ"


အစာငတ်ပြီး​သေသည်ဟု ကြားသောအခါ ရှောင်ဝမ်၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ခေါင်းခါကာဆို၏။


"ကြွက်တွေမများလွန်းစေနဲ့... ပုစဉ်းရင်ကွဲတွေက ပိုအရသာရှိတယ်...သူက အရိုးသေးသေးလေးဆိုတော့ ကိုက်ကောင်းတယ်...သူတို့အစားအသောက်တွေကို အန္တရာယ်မပြုနိုင်အောင် မနက်ဖြန် သားတို့နောက်ထပ် နည်းနည်းထပ်ဖမ်းကြမယ် ..."


သူတို့ကြွက်တွင်းနှိုက်သည့်အခါ

 တစ်ခါတစ်ရံ အစာအများအပြားကို တူးထုတ်နိုင်ခဲ့သည်။


အားဝမ် : "အခုက ပိုနည်းသွားပြီ...လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဖျက်ပိုးမွှားလေးကောင်ကို ဖယ်ရှားပေးတာကို ကျေးဇူးတင်ရမှာပဲ" 


လယ်ကြွက်များကို စားလိုက်သည်နှင့်  ပိုးမွှားလေးကောင်ကို သုတ်သင်ပြီးသားရသည်ကို စဉ်းစားလိုက်သောအခါ ရှောင်ဝမ် ပိုပိုပြီး အားတက်သရော စားတော့ကာ ပုစဥ်းရင်ကွဲထက်ပိုချိုသလို ခံစားလိုက်ရ၏။ မည်သို့ပင်ဖြစ်စေ    ကြက်သားစားသည့်အခါ သူ့စိတ်ထဲ၌ ဥဥပြီးရင် ကြက်ကို ဘာကြောင့်စားတာလဲဟု ညည်းတွားမိပေလိမ့်မည်။သို့သော် လယ်ကြွက်စားသည်က ဝန်လေးစရာလုံးဝမဟုတ်ပါဘဲ အန္တရာယ်ကို ဖယ်ရှားခြင်းဖြစ်သည့်အတွက် ပိုစားရမည်ပင်။


ညစာစားပြီးနောက် လင်းလန် မိုင်စွေ့ကိုခေါ်ကာ ဂွမ်းကပ်အထည်များကို ဆက်လက်ချုပ်ပေးခဲ့သည်။ ရှောင်ဝမ် သူ့အဖေနှင့်အတူ ကြိတ်စက်သို့သွားကာ တဝမ်က အားဝမ် နှင့်စန်းဝမ်ကို ထင်းအတွက် မြက်ခုတ်ရန် ခေါ်သွားခဲ့၏။


 ဟန်ချင်စုန့်   ထုတ်လုပ်ရေးအဖွဲ့သို့ မြည်းသွားငှားမနေဘဲ သူ့လာသူတွန်းလာခဲ့သည်။


 ဂေါ်ပြားကြီးတစ်ခု ပခုံးပေါ်တင်ကာရောက်လာသည့် လုချွမ်းဖန်နှင့် ကြုံသွား၏။ ဟန်ချင်စုန့်က ပြောင်းလာကြိတ်သည်ကိုမြင်သော်  ချက်ချင်းပင် ရှေ့သို့လှမ်းတက်ကာ ဂေါ်ပြားကိုချ၍ အနားကပ်ရန် ကြိုးပမ်းလာပြီး ကူတွန်းပေးရမလာဟုဆိုလာသည်။


 "အစ်ကိုချင်စုန့် လာကြိတ်တာလား " ဟု သူမက မေး၏။


ဟန်ချင်စုန့်က သူမကို မမြင်ပေ၊ တစ်ယောက်ယောက် စကားပြောနေသည်ကိုသာ ကြားလိုက်သည်။သူက မရပ်ဘဲ အင်းဟုသာ အသံပြုလိုက်၏။ အကြိမ်အနည်းငယ် တွန်းပြီးနောက်  တံမြက်စည်းဖြင့် လှည်းလိုက်ကာ ကြီးမားသော အပိုင်းအစများကို ဆက်၍ ရွေ့လျားသွားစေရန် ကြိတ်စက်လမ်းထဲသို့ လှဲထည့်လိုက်သည်။


လုချွမ်းဖန်  : "ကျွန်မ ကူညီမယ်" 

သူမက ရှေ့ကိုကိုင်းကာ ကြိတ်စက်ပေါ်က တံမြက်စည်းကို ဆွဲကိုင်လိုက်၏။


ဟန်ချင်စုန့်: "မလှုပ်နဲ့"


လုချွမ်းဖန်  တံမြက်စည်းကိုထိတော့မည်ဖြစ်သော်လည်း သူ၏ထည်ဝါသောအသံကြောင့် ထိတ်လန့်သွားပြီး သူမ၏လက်ကို အမြန်ရုတ်လိုက်သည်။


ဟန်ချင်စုန့် သူမကို ရွာမှမိန်းကလေး သို့မဟုတ် အခြားတစ်ယောက်ယောက်ဟု ထင်သဖြင့် ယခင်က သူမပြောသမျှကို အာရုံမမစိုက်ခဲ့သော်လည်း  ယခု သူမက ရှေ့ကိုကိုင်းလာ၍ တစ်ချက်ကြည့်လိုက်သောအခါ တရားစွဲသည့် အမျိုးသမီးကြောင်း သိလိုက်ရသည် ။


 သူက မျက်မှောင်ကြုတ်ပေမဲ့ ဘာမှဆက်မပြောဘဲ ဆက်ပြီး ကြိတ်နေလိုက်၏။


လုချွမ်းဖန်:"ချင်စုန့်....."


သူမအစ်ကိုဟု မခေါ်နိုင်ခင်မှာ ဟန်ချင်စုန့်က လေးလေးနက်နက် ပိတ်ပြောလိုက်၏။


 "မင်းရဲ့ အသက်အရွယ်အရ မင်းငါ့ကို ဦးလေးလို့ ခေါ်သင့်တယ်"


လုချွမ်းဖန်: "..." 


ကတ်းစေနည်းပြီး လက်စားချေတတ်လိုက်တဲ့လူ...

 သူမက သူမနှင့်တူမျိုးဆက်တူပြီး သူမထက် ကြီးသော ယောကျာ်းများအားလုံးကို အစ်ကိုခေါ်ပြီး မည်သူမှ မငြင်းကြပဲ အဘယ်ကြောင့် သူကျမှ အပိုဆာလာများ ရှိနေသေးသနည်း။


သို့ပေမဲ့ သူမ သူ့ကို ကြိတ်သည့်နေရာ ကူညီချင်နေဆဲဖြစ်၏။သူမ စိတ်ဆိုးမသွားဘဲ နှုတ်ခမ်းပဲစူလိုက်ကာ ထိုနေရာ၌ ရပ်၍ ရှောင်ဝမ့်ကို စကားပြောနေလေသည်။


ရှောင်ဝမ်က သူ့ဘေးနားရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်ကာ   သူ့အဖေက ကြိတ်ဆုံကို တွန်းရန် ခွန်အားရှိစေအောင် ဘာဂျာမှုတ်ပေးနေ၏။


"ရှောင်ဝမ် ... မင်းအမေ အိမ်မှာ ဘာလုပ်နေတာလဲ "


ရှောင်ဝမ် : "ဂွမ်းကပ်အထည်တွေချုပ်နေတယ်"


လုချွမ်းဖန်က သိသိသာသာကို လှောင်ပြောင်ရယ်မောလိုက်ပြီးဆိုသည်။

 "ဂွမ်းကပ်အထည်တွေ ချုပ်နေတာလား "


ရှောင်ဝမ်က အလွန် အာရုံခံစားတတ်သည့် ကလေးတစ်ယောက်ဖြစ်၏။ သူမ စိတ်တိုနေမှန်း ချက်ချင်းခံစားလိုက်ရသည်။မပျော်မရွှင်ဖြင့် လုချွမ်းဖန်ကိုကြည့်ကာပြောလိုက်၏။


 "ဟုတ်တယ်" 


 လုချွမ်းဖန်က ပြုံးပြီး 

 "မင်းအဖေချုပ်တာမဟုတ်ဘူးလား" 


ရှောင်ဝမ် သူမကိုလျစ်လျူရှုထားလိုက်သည်။သူက ယဥ်ကျေးလိမ္မာသောကလေးတစ်ယောက်ဖြစ်ပြီး တခြားသူတွေအပေါ်ဒေါသမထွက်တတ်ပေ။ သူမက လန့်ထုန်၏အမေဖြစ်ကြောင်း သူသိသော်လည်း သူမအပေါ် ရိုင်းစိုင်းနေမှာမဟုတ်ပေ။ဥပေက္ခာပဲပြုထားလိုက်ပေမည်။


လုချွမ်းဖန် မသက်မသာခံစားရ၏။ အထူးသဖြင့် ယခုအချိန်တွင် လင်းလန်က ဇာတ်ခုံပေါ်တွင် ရှိနေပြီး ပိုပို၍ လောဘကြီးလာကာ ညဉ့်နက်သန်းခေါင်တွင်ပင် အသားနှပ်စားနေရသေးသည်။ လောဘကြီးလွန်းသဖြင့် သူတခါမှ မကြားဖူးပေ။ သူမ ကွန်မြူနတီတစ်ခုလုံးတွင် အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်၏။ ထိုနေ့(ညဘက်အသားနှပ်စားတဲ့နေ့)က အိမ်မှာ ဟန်ချင်စုန့်ရှိမရှိ နှင့်  သူ့မိန်းမက လောဘကြီးပြီး သူနှင့်လုံးဝ မထိုက်တန်ဘူးဆိုသည်ကို သိမသိ(ဟန်ချင်စုန့်သိမသိ) သူမ မသိပါချေ။ 


 သူမက ရည်ရွယ်ချက်ရှိရှိ အသံကျယ်ကျယ်ဖြင့်မေးလိုက်၏။


 "ရှောင်ဝမ် မင်းအမေက ညသန်းခေါင်မှာ အသားနှပ်စားတယ်လို့ ငါကြားတယ်... မင်းရောစားရလား"


Xxxxxxxx

Part 482


ရှောင်ဝမ်က သူ့အဖေကို တစ်ချက်ကြည့်လိုက်ရာ ဟန်ချင်စုန့်က ကြိတ်နေတုန်းဖြစ်ပြီး  သူတို့ကို အာရုံစိုက်ပုံမရပေ။


ရှောင်ဝမ် မျက်မှောင်ကြုတ်လိုက်ပြီး ပြန်မဖြေပေ။


နောက်တစ်နေ့တွင် သူစားခဲ့ရသော်လည်း တတိယအစ်ကိုက ၎င်းကို တစ်ညလုံးစားခဲ့ကြောင်း သူ့ကို လိမ်လည်ပြောဆိုခဲ့သည် ယင်းက သူ့ကို ရက်အတော်ကြာ နှမြောတသစောင့်မျှော်စေခဲ့ကာ သူ့အမေပြောခဲ့သည့် ဖော့ဖိုင်အဖြစ် ပြောင်းလဲသွားတော့မည်ဟု ခံစားခဲ့ရသည်။


ယင်းက တကယ်ကို စိတ်ပျက်စရာပင်။


လုချွမ်းဖန်က သူ့ကိုပြောင်၏။


  "မင်းမစားရဘူးထင်တယ်... အသားတစ်အိုးမစားရတာ သနားစရာပဲ... မင်းအမေက တကယ်လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တယ်.. ဘာလို့မင်းကို မပေးချင်ရတာလဲ... မင်းအဖေ မသိဘူးလား"


"မဟုတ်ဘူးးး..."


ရှောင်ဝမ်၏ မျက်နှာလေး ရှုံ့တွသွားပြီး သူ့အမေ မကောင်းကြောင်းကြားရသောအခါ ချက်ချင်း စိတ်တိုလာသည်။သူက လုချွမ်းဖန်ကို အနက်ရောင်မျက်လုံးရွဲကြီးတွေနှင့် ကြည့်ပြီး ဆိုလိုက်၏။


 " အဖေသိတာပေါ့..  အဲဒါ သားမားမားရဲ့ ကျန်းမာရေးအတွက်... မားမားကလည်း သားအတွက် ပန်းကန်အကြီးကြီးတစ်ပန်းကန် ချန် ထားခဲ့တယ်”


ဟမ့်...ခင်ဗျားကို လျစ်လျူရှုပစ်မယ်...

သားမားမားကို လောဘကြီးတယ်လို့ ပြောရတယ်လို့...


 သူ မပျော်မရွှင်ဖြစ်နေသည်ကို မြင်သောအခါ   သူကလည်း တခြားကလေးတွေလိုပါပဲဟု လုချွမ်းဖန်တွေးလိုက်သည်။ သူ့ကို သာမန်ကာလျှံကာ  ချော့လိုက်ပါက သူ့မိဘတွေအကြောင်း မကောင်းပြောနိုင်ပြီး သူ့ကိုယ်သူအရွေးချယ်ခံဟုပင် တွေးပေလိမ့်ဦးမည်။


"စိတ်မညစ်ပါနဲ့ ... ငါမင်းကို သကြားလုံးတစ်ပိုင်းပေးမယ်" 


ထိုသို့ဆိုကာ သူမ အိတ်ကပ်ထဲက သကြားလုံးတွေကို ထုတ်ယူဟန်ဆောင်လိုက်သော်လည်း  သဘာဝအတိုင်း သူမမှာရှိမနေပေ။ ယင်းက ကလေးတွေကိုချော့ရန်အတွက် လူကြီးတွေ၏လှည့်စားမှုတစ်ခုသာဖြစ်၏။


 မထင်မှတ်ပဲ ရှောင်ဝမ်က ရုတ်တရက် ဒေါသထွက်သွားသည်။ သူက မြေကြီးပေါ် ခုန်ဆင်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။


 "ခင်ဗျားက လျှာရှည်တဲ့သူပဲ...ခင်ဗျားနဲ့ မကစားချင်ဘူး"


လျှာရှည်သည့်အမျိုးသမီးဆိုသည်မှာ တတိယအစ်ကိုငယ် စန်းဝမ်သူ့ကို သင်ပေးထားသည့်စကားလုံးဖြစ်သည်။


 "ငါတို့အမေအကြောင်းမေးပြီး မကောင်းပြောတတ်သေးတဲ့ အမျိုးသမီးတွေက လျှာရှည်တဲ့သူတွေပဲ...ယောကျာ်းတွေဆိုရင် အပေါစားဟာသယောကျားပဲ... သူတို့နဲ့ မကစားနဲ့... သူတို့ကို လျစ်လျူရှုလိုက်...သူတို့က ဆိုးတယ်" 


 ရှောင်ဝမ် ထိုစကားတွေကို အမြဲမှတ်ထားခဲ့၏။


စကားပြောပြီးနောက် သူ ဟန်ချင်စုန့်ဆီပြေးသွားတော့သည်။


လုချွမ်းဖန်တစ်ယောက်    ချက်ချင်းပင်  သူမအား တစ်စုံတစ်ယောက်က ဓားနှင့်​ထိုးသတ်လိုက်သကဲ့သို့ အံ့အားသင့်သွားကာ သူမ၏ပါးပြင်များ နီမြန်းလာသည်။ မည်သို့ပင်ဖြစ်စေ သူမက ကြွက်စုတ်(ဆိုးတဲ့မိန်းမ)နှင့်မတူသည့် အရေပါးသူဟုပြော၍ရပေ၏။ယခုလို ကလေးတစ်ယောက်ဆီကနေ ကဲ့ရဲ့ ခံရသည်က တကယ်ကို ရှက်ဖွယ်လိလိဖြစ်လေသည်။


တခြားအမျိုးသမီးတွေ ရောက်လာသည်နှင့်ကြုံသွားပြီး ရှောင်ဝမ်က သူမကို ကြိမ်းမောင်းသည်ကို ကြားသောအခါ  အားလုံးက သူမကို စုပ်စုလိုစိတ်ဖြင့် စိုက်ကြည့်နေကြ၏။


လုချွမ်းဖန် ဒေါသတကြီး ခြေဆောင့်လိုက်ပြီး  ရှက်လည်းရှက်ကာ တခြားအမျိုးသမီးတွေရှေ့မှာ မျက်နှာပျက်ရမှာကိုလည်း ကြောက်သည့်အတွက် သူမ အလျင်အမြန်ရှင်းပြလိုက်သည်။


 “ကလေး...မင်းးမှာ တကယ်ကို ဆုံးမသွန်သင်ထားမှုမရှိဘူးပဲ... မင်းက ငါ့ဆီကနေ သကြားလုံးတောင်းတယ်...ငါမှာ အခုလောလောဆယ် မရှိဘူးလေ... မင်းငါ့ကိုဘာလို့ လျစ်လျူရှူရတာလဲ"


  သူမ စိတ်တိုပြီး ကြိတ်ဆုံကျောက်ကို မတွန်းချင်တော့ဘဲ ဂေါ်ပြားကြီးထမ်းကာထွက်သွားတော့၏။


ရှောင်ဝမ်က ဟန်ချင်စုန့်ကို ဝမ်းနည်းစွာပြောလိုက်သည်။


 "အဖေ...သူက မားမားကးမကောင်းကြောင်း​ပြောနေတာ...သားသူ့ကို ပြန်ဆူတာက ရိုင်းသွားလားဟင်"


ဟန်ချင်စုန့်က သူ့ကိုကြည့်ကာ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီးဆို၏။


 "နောက်တစ်ခါ မင်းမားမားကို မကောင်းပြောတဲ့သူဘယ်သူမဆို...ပါးကိုသာတန်းရိုက်ပစ်လိုက်... အဖေ သားအတွက်ဖြေရှင်းပေးမယ်"


ရှောင်ဝမ်က လုချွမ်းဖန်ကို ချက်ချင်း လက်ညှိုးထိုးပြပြီးပြောလေသည်။


 "သူပဲ... သားမားမားကို လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်လို့  သားကို အသားနှပ်ပေးမှာမဟုတ်ဘူးလို့ပြောတာ...သူက မကောင်းတဲ့မိန်းမကြီး"


လုချွမ်းဖန်  ရှက်လွန်း၍ နေရာတစ်ရာရှာပြီးပုန်းချင်မိ၏။ သဘာဝအတိုင်း ဝန်ခံရန် ငြင်းဆန်ကာ သူ့မပခုံးပေါ်တွင် ဂေါ်ပြားကြီးကို ထမ်း၍အမြန်ပြေးထွက်သွားသည်။


 တခြားအမျိုးသမီးတွေကလည်း ပွဲကြည့်ကာ ရယ်နေကြ၏။ သူတို့ထဲက အချို့ကလည်း နောက်ကွယ်မှာ  လင်းလန်က ညဘက်အသားစားသည်က လောဘကြီးလွန်းသည်ဟု စိတ်အားထက်သန်စွာပြောကြသော်ငြား  သူမသားသမီးတွေဆီ သွားပြီး ပြောနေမှာတော့မဟုတ်ပေ။ သဘောထားကွဲလွဲမှုတွေဖြစ်သွားလိမ့်မည်မဟုတ်ပါလော။


သို့ပေမဲ့  ဤ​​​အဖြစ်အပျက်အပြီးမှာ ရှန်ရွေ့ ရွာမှာရှိသည့် ဘယ်သူကမှ လင်းလန်အကြောင်းကို သူမသားသမီးတွေဆီ မမေးမြန်းရဲကြတော့ပေ။  မကောင်းကြောင်း ပြောရန်ကား ဝေးရော့ပင်။ 


ညွှန်မှူးဟန်ဆီကနေ တကယ်ပါးရိုက်ခံချင်ပါက

အရှက်မရှိမှသာဖြစ်ပေလိမ့်မည်။


....

ရက်အနည်းငယ်အတွင်းမှာပင် ရာသီဥတုက ခိုက်ခိုက်တုန်အောင် အေးနေပြီး တစ်စက်စက်ကျနေသော ရေများက ရေခဲအဖြစ်သို့ ပြောင်းလဲသွားသည်။ အဖွဲ့ဝင်များသည် ဆောင်းရာသီမုဒ်ကို ထပ်မံဖွင့်ထားကာ အပြင်မထွက်ရာမလိုလျှင် လုံးဝအပြင်မထွက်ကြတော့ပေ။


မှန်ပေ၏၊  ပေါင်းစုရလွယ်သည့် ယောက်ျားတွေလည်း ရှိကြသည်။ ဘယ်လိုအခြေအနေမျိုးမှာမှ သူတို့ဆုံသည်ကို မတားနိုင်ပါချေ။ အလုပ်များသည့်ရာသီမှာ အနားယူသည့်အခါ အတူတူနားကြပြီး အားလပ်ရာသီမှာ သွား၍အဆင်ပြေသည်နေရာကို အတူတူသွားကြသည်။


ယခုအချိန်တွင် သူတို့ တပ်မဟာဌာနချုပ်၌

 စုရုံးနေကြ၏။  တပ်မဟာဌာနချုပ်တွင် ဆင်းလာသော အလုပ်အဖွဲ့အတွက် ပြင်ဆင်ထားသည့် အနွေးကုတင်ပါ အခန်းသုံးခန်းရှိသည်။


 အနားမှာ ဘယ်သူမှမရှိသည့်အခါ ယောက်ျားတွေက အနွေးကုတင်ကို အပူသွားပေးကြမည်ဖြစ်ပြီး ၎င်းနောက်  တစ်ဒါဇင် သို့မှမဟုတ် ဒါဇင်နှင့်ချီသောယောကျာ်းတွေက  ထိုမှာ စုပြီး အရေမရအဖတ်မရစကားတွေပြောကြ၏။


ဟန်ရုံဖန် ကြပ်မတ်နေသော်လည်း သူတို့ကို မတားဆီးနိုင်ခဲ့ပေ။သူတို့ကို မိမိတို့မျက်စိရှေ့မှာက်မှာပင် စုစည်းကာ ရေဒီယို နားထောင်ခြင်း၊ ခေတ်မမီသော သတင်းစာများဖတ်ခြင်းနှင့် ပါတီ၏ မူဝါဒများကို ဝါဒဖြန့်ခြင်းတို့က နောက်ကွယ်မှာ  လျှောက်လုပ်ခွင့်ပြုထားခြင်းထက်ပိုကောင်းပေသည်။


ဟဲလောင်စန်းကို စန်းဝမ်က ရန်စလိုက်ပြီး လုချွမ်းဖန်ကို ရှောင်ဝမ်က အပြစ်တင်လိုက်ကတည်းက ယခုတွင် သူတို့ လင်းလန်နှင့်ဟန်ချင်စုန့်အကြောင်းကို နောက်ကွယ်မှာ တီးတိုးသဖန်းပိုးမထိုးရဲကြတော့ပေ။


 ......


(စာရေးသူမှာ ပြောစရာတစ်ခုရှိပါတယ်

နှစ်ပေါင်းများစွာကြာသောအခါ မိသားစုသည် အသိုင်းအဝိုင်းအတွင်းရှိ အကျော်ကြားဆုံး ကိုယ်ပိုင်မီးဖိုချောင်တွင် ညစာစားရန် စုဝေးခဲ့ကြသည်။


 စားပွဲကြီးတစ်ခုတွင် ပင်လယ်သခွားသီး၊ ပင်လယ်ခရု၊ ပင်လယ်နှင့်တောင်များဆီက ရှားပါးစားဖွယ်များနှင့်း ပြည့်နေသည်။ 

စန်းဝမ်က  ၎င်းကို မြည်းစမ်းပြီး သက်ပြင်းချကာဆို၏။

 "ငယ်ငယ်တုန်းက အစ်ကိုရှောင်ဝမ် ငါ့ကို စားဖို့ခေါ်သွားခဲ့တဲ့ဟာက  အရသာအရှိဆုံး အစားအစာပဲ ဖြစ်နေတုန်းပဲ"


" အရမ်းကောင်းတယ်...အလားအလာရှိတဲ့ ဆင်းရဲသား လယ်သမားလေးရဲ့ မူလဇာစ်မြစ်ကကော ဘယ်လိုလဲ")


Xxxxxxxx