အပိုင်း ၄၈၃-၄၈၄
Viewers 23k

Part 483


ထို့အပြင် ဟန်ရုံဖန်က သူတို့မျက်လုံးထဲတွင် ပိုပို၍ ခေတ်နောက်ကျလာသည်။ ဤလူနှစ်ယောက်သာမက အခြားမိန်းကလေးများကလည်း အခြားသူများအကြောင်း ပေါ့ပေါ့တန်တန်ပြောကြလျှင်လည်း သူက သူတို့ကိုငေါက်လိမ့်မည်ဖြစ်၏။


ထို့ကြောင့် သူတို့အနေဖြင့်  အခြားအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ မကျူးလွန်နိုင်တော့ဘဲ အရည်မရမဖတ်မရ ဇာတ်လမ်းများကိုသာ ပြောနိုင်တော့သည်။ လျှိုချွန်းချိုက်က အပြည့်အဝ တောက်ပနေပြီး သူတို့ကလည်း ပစ္စည်းများကို ဆက်လက်ပံ့ပိုးပေးနေသည်။


"လျှိုချွန်းချိုက်  ငါ့မိန်းမရဲ့ မိသားစုအကြောင်း မင်းကို ငါပြောပြမယ် ...မင်းမျက်လုံးပြူးသွားမယ်ဆိုတာ သေချာတယ်" 


ချန်ဖုယုက သူ့ဆေးတံကို တစ်ချက်ဖွာလိုက်၏။

ယောကျာ်းတွေက သူ့ကို မြန်မြန်ပြောပြရန်ဆိုကြသည်။

ရလဒ်တစ်ခုအနေဖြင့်  ချန်ဖုယုက ဟာသများပြောခြင်းကို စွဲလမ်းလာခဲ့ပြီး ဘလာဘလာနှင့် လိုရင်းကို အချိန်အတော်ကြာအောင် မရောက်နိုင်သောကြောင့် လျှိုချွန်းချိုက်  အလျင်လိုနေခဲ့၏။


  "ဟားဟား... မင်းက ဘယ်လို စိတ်တိုရမှန်းရော သိရဲ့လား...အပေါ်အကြောင်း ပြောတုန်းက ငါတို့သေအောင်လန့်မသွားဘူးနော်"


 တစ်စုံတစ်ယောက်က သူ့ကို လှောင်ပြောင်လိုက်သည်။


နောက်ဆုံးတွင် ချန်ဖုယုကို ဝမ်းချုပ်နေသကဲ့သို့ စကားအဆုံးသတ်ရန် တိုက်တွန်းပြီးနောက် အခန်းထဲရှိ အမျိုးသားများ ငြိမ်သက်သွားကြသည်။


အဆုံးမှာ လျှိုချွန်းချိုက်က​ပြောလိုက်၏။

   "မဖြစ်နိုင်ဘူး... ဒီလိုတိရစ္ဆာန်တွေရှိလို့လား"


ချန်ဖုယု: "ဘာလို့ မဖြစ်နိုင်ရမှာလဲ... လူတွေက 'ငါ့သမီးနဲ့ ငါအိပ်တာဘာဖြစ်လဲ'ဆိုပြီး ယုံကြည်ချက်ရှိရှိပြောကြလိမ့်မယ်... ဟုတ်လည်းဟုတ်တာပဲလေ"


"သူက ခွေးတစ်ကောင်ပဲ... ဒါကို ဘယ်လိုများ လုပ်နိုင်တုန်း" 


ယောက်ျားတွေက ကြိမ်းမောင်းလိုက်ကြသည်။

 "ချန်ဖုယု...လျှောက်ဝေဖန်မနေစမ်းနဲ့"


ချန်ဖုယုက တဟီးဟီးရယ်ကာဆို၏။

 "ဘာလို့ ကိုယ့်ဘာသာကိုယ် သွားမကြည့်လဲ...  သူတို့ရွာမှာ သူတို့မသိတာ ဘာမှမရှိဘူး"


 လျှိုချွန်းချိုက်က ဒေါသတကြီးပြောလေသည်။ "အဲ့ဒါက ငါတို့ရွာမှာသာဆိုရင် ဌာနခွဲအတွင်းရေးမှူးနဲ့ ကပ္ပတိန်လင်းက ဖမ်းပြီး ခွေးလိုနွားလို့ရိုက်လိမ့်မယ်"


လူတစ်ယောက်ကပြောလိုက်၏။


 "ဒါဆို ကွန်မြူနတီကို သွားတိုင်ပါ့လား...ရဲတွေကို သူ့ကို ဖမ်းပြီး ခွေးခေါင်းဖြစ်အောင် ရိုက်ခိုင်းလိုက်"


 "အဲဒါက အလုပ်မဖြစ်မှာကို စိုးရတယ်... ဝေဖန်တိုက်ခိုက်ဖို့က အသုံးမဝင်ဘူး... ဝေဖန်ဖို့ ဘာအကြောင်းပြချက်နဲ့ သုံးမှာလဲ... တခြားသူတွေ မွေးထားတဲ့ ကလေးတွေကို သူတို့ဘာသူတို့ ကြိုက်သလို ဆူလို့ရိုက်လို့ရတယ်လေ...မင်းတို့ အိမ်မှာ ကလေးတွေကို ရိုက်နှက် ဆူပူကြိမ်းမောင်းတာတို့ တခြားသူတွေရဲ့ ခွင့်ပြုချက်ရှိလို့လား” 


သူတို့ အကုန်လုံးက ဤကိစ္စတွေကို ထိန်းချုပ်ဖို့ နည်းလမ်းမရှိဟုဆိုကြ၏။


လျှိုချွန်းချိုက်က လက်ရှိမှာ လင်းလန်၏ ဦးနှောက်ဆေးခြင်းကို ခံထားရသည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေ  သည်းမခံနိုင်တော့သဖြင့် လင်းလန်ကို ရှာရန် ပြေးထွက်လာခဲ့သည်။


ကလေးတွေက ရေချိုးပြီး ရေဒီယိုနားထောင်ရန် အနွေးကုတင်ဆီကိုသွားကာ မကြာခင် အိပ်ယာဝင်ကြတော့၏။


ခေါင်းလျှော်၊ဆံပင်ကိုအခြောက်ခံပြီးနောက် ဇာတ်လမ်းတိုလေးတွေရေးရန် အနွေးကုတင်ပေါ်မှာ ထိုင်လိုက်သည်။ ဟန်ချင်စုန့်က မီးဖိုထဲတွင် မီးသွေးနှစ်တုံးကို မီးရှို့ပြီး မြေအိုးငယ်တစ်ခုထဲတွင် ထည့်ကာ သံဆန်ခါဖြင့် ဖုံး၍ သူဆံပင်အ​ခြောက်ခံရန်ယူလာခဲ့၏။


သူမဘေးတွင်ထိုင်ကာ ဦးရေပြားကိုပွတ်သပ်၍ ဆံပင်ကိုမြန်မြန်ခြောက်အောင်ဆွဲဖွာပေးကာဆိုလေသည်။


 "မင်းဆံပင်တွေပိုရှည်လာအောင်လို့...နောင်ကျရင် ကိုယ်ပဲ အခြောက်ခံပေးမယ်"


 လင်းလန် : ... အဖြောင့်ယောက်ျားတိုင်းမှာ ဆံပင်ရှည်နဲ့ချစ်သူတစ်ယောက်ရဖို့ အိပ်မက်ရှိကြတာလား...


 "ကျေးလက်မှာ ဆံပင်အရှည်ထားရတာ အဆင်မပြေဘူး... ဖုန်တင်တယ်၊ ထုံးတယ်၊ ဆံသား ခြောက်တယ် ပြဿနာ အမျိုးမျိုးပဲ...ဆံပင်တိုရင် ပိုကောင်းတယ်ရှင့်" 


လင်းလန်က ဘောပင်ကို ချပြီး သူ့ရင်ခွင်ထဲပစ်ဝင်လိုက်ကာ သူရင်ဘက်၏ ပူနွေးမှု ခံစားလိုက်သည်။ ယင်းက အမြဲတမ်း ပူနွေးနေလွန်း၍ လူတွေကို အိပ်ငိုက်လာစေ၏။


သူတို့နှစ်ယောက် စကားများများစားစား မပြောကြသော်လည်း လေထုက နွေးထွေး၊အေးချမ်းပြီး အခန်းထဲတွင် မရေမရာ အငွေ့အသက်များ ရှိနေသည်။


 ထိုအချိန်တွင် လျှိုချွန်းချိုက်၏ တံခါးခေါက်သံထွက်ပေါ်လည၏။


 "အစ်မလင်း...အစ်မလင်း"


ဟန်ချင်စုန့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမအမေဘက်မှမိသားစု၏ ဆွေမျိုးမဟုတ်ပါက၊  ဆက်ဆံရေး အလွန်ရင်းနှီးခြင်းမရှိဘဲ  သက်ကြီးဝါကြီးဂုဏ်တပ်ခေါ်လေ့ မရှိကြပေ။ လျှိုချွန်းချိုက်  နှင့် အခြားသူများက လင်းလန်ကို အလွန်လေးစားသောကြောင့် သူတိုအနေဖြင့် သူမနှင့် ရင်းနှီးချင်ပြီး အစ်မဟုလည်း ခေါ်ချင်ကြသည်။


 "ဘယ်သူလဲ" 


လင်းလန်က ရှင်းရှင်းလင်းလင်းမကြားရသေးပါချေ။


 ဟန်ချင်စုန့်: "လျှိုချွန်းချိုက်...ကိုယ်သွားကြည့်လိုက်မယ်"


လင်းလန်: "သူ့မှာ လုပ်စရာရှိရင် သူ့ကို ဝင်ခိုင်းလိုက်လေ " 


လျှိိုချွန်းချိုက် သူမဆီ နောက်ကျမှ လာသည်က မရှိသလောက်ရှားသဖြင့် တစ်ခုခုဖြစ်နေပြီဟု လင်းလန်ထင်မိသည်။  သူမသာ ဤစကားကို  မပြောပါက သူက မောင်းထုတ်လိုက်မည်ဖြစ်ကြောင်းမှန်းဆ၍ရ၏။


ဟန်ချင်စုန့် သည် တံခါးကိုသွားဖွင့်သော်လည်း လျှိုချွန်းချိုက်ကို အဝင်မခံပေ။


"ပြော"


လျှိုချွန်းချိုက်  အခန်းထဲမှာ မီးလင်းနေသေးသည်ကို တွေ့လိုက်ရသဖြင့် ခေါင်းညိတ်ပြီး ပြုံးကာပြောသည်။


 "ညွှန်မှူးဟန်...အစ်မ လင်း မအိပ်သေးဘူးမလား" 

 

ဟန်ချင်စုန့်က  မျက်နှာတစ်ချက်မှမပျက်ဘဲဆို၏။

 "အိပ် သွားပြီ"


လျှိုချွန်းချိုက်  ၎င်း​ကို မယုံပေမဲ့ ဟန်ချင်စုန့်၏ ခန့်ညားတည်ကြည်သော အကြည့်အောက်မှာ သူ အတင်းဝင်မဝင်ရဲသည့်အတွက် ဟန်ချင်စုန့်ကို ချန်ဖုယုပြောသည့်ဟာကို ပြောလိုက်ရတော့သည်။


 "ညွှန်မှူးဟန်...အဲ့ဒါကို  သားရဲလို့ထင်လား"


ဟန်ချင်စုန့်:"ငါတော့ သူကို ပစ်သတ်လိုက်ဖို့ပြောချင်တယ်... ဒါပေမဲ့ ဥပဒေကို ကျော်လွန်လို့မရဘူး"


လျှိုချွန်းချိုက် : "ဒါဆို သူ့ကို ဖမ်းပြီး ပြစ်ဒဏ်ချလိုက်တာ အဆင်ပြေတယ်"


ဟန်ချင်စုန့်:  "သူ့သားသမီးတွေက ဘယ်မှာလဲ...မင်း သူတို့ကို ကျွေးမွေးထားတာလား"


သားသမီးများသည် မိဘများ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုမဟုတ်ပေ။ သို့သော် သားသမီးများကို မိဘများက ပျိုးထောင်ပေးရန် လိုအပ်သောကြောင့် မိဘများစွာက သူတို့သားသမီးများကို သူတို့ပိုင်သည်ဟု ယူဆကြသည်။ သူတို့မှာ ရှင်ခြင်းနှင့်သေခြင်းကို ဆုံးဖြတ်နိုင်စွမ်းရှိပြီး အဘယ်သူမျှ မစွက်ဖက်နိုင်ဟုတရားသေမှတ်ထားကြ၏။


လျှိုချွန်းချိုက်  ဆွံ့အသွားခဲ့ပြီး

 "ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ... ဒီလိုမျိုး မဖြစ်လို့မရဘူးလေ ....."


 ဟန်ချင်စုန့် : "မနက်ဖြန် သူ့မှာ တန်ပြန်တော်လှန်တဲ့ ဒါမှမဟုတ် ထင်ရှားတဲ့ အပြုအမူ ရှိမရှိကို သိဖို့အတွက် တစ်ယောက်ယောက်ကို သူတို့ရဲ့ တပ်မဟာဆီ လွှတ်လိုက်မယ် “


လက်ရှိမှာ သူလျှိုသို့မဟုတ်တန်ပြန်တော်လှန်သည့် အပြုအမူများမရှိသေးသရွေ့ ပြည်သူ့လုံခြုံရေးဗျူရိုက တပ်မဟာကိစ္စတွေမှာ ဝင်စွက်ဖက်ရန် အဆင်မပြေပေ။ အထူးသဖြင့် အချို့သော အမျိုးသားများသည် ၎င်းတို့၏ ဇနီးနှင့် သားသမီးများကို ရိုက်နှက်ကြပြီး တပ်မဟာက ၎င်းကို မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် တိုက်ရိုက်မလုပ်ဆောင်နိုင်ပါက ကွေ့ပတ်သွားရုံသာတတ်နိုင်သည်။ ၎င်းကို တပ်မဟာမှ ကြားဝင်ပြီး အိမ်နီးချင်းများက ကြီးကြပ်ရန် လိုအပ်၏။


လျှိုချွန်းချိုက် နားမလည်သော်လည်း ဟန်ချင်စုန့်က သူ့ကို ရှင်းပြရန် စိတ်မ၀င်စားပေ။


"ပြန်သွားပြီး ကိုယ့်ဘာသာစဉ်းစားကြည့်...." 

ဟန်ချင်စုန့်က တံခါးကို ပိတ်လိုက်သည်။


Xxxxxxx

Part 484


လျှိုချွန်းချိုက်  တံခါးအပြင်ဘက်တွင် ငြိမ်ငြိမ်လေး  ခဏလောက် ရပ်နေပြီး ခေါင်းကိုကုတ်ကာ တွေးတောနေပုံရသည်။ထိုရွာတွင် ဟန်ရုံဖန်ကဲ့သို့ ဌာနခွဲအတွင်းရေးမှူးတစ်ယောက်လစ်လပ်နေပုံရသည်။သူတို့သာ သူတို့၏ ဌာနခွဲအတွင်းရေးမှူးအား  ထိုရွာကို စီမံခန့်ခွဲပြီး တစ်ယောက်ချင်းစီကို တင်းတင်းကြပ်ကြပ် ကြပ်မတ်ခိုင်းလိုက်ပါက ၎င်းတို့ကို နှိမ်နင်းနိုင်မှာဖြစ်၏။


ဟန်ချင်စုန့်  အခန်းထဲပြန်ရောက်သောအခါ လင်းလန်၏ဆံပင်များသည် လုံးဝခြောက်သွေ့လုနီးပါးဖြစ်နေသည်။


သူမက သူ့ကို တစ်ချက်ကြည့်ကာမေး၏။

  "ဘာဖြစ်တာတဲ့လဲ"


ဟန်ချင်စုန့် : "ဘာမှမဟုတ်ပါဘူး...ကိုယ်တို့ရွာကမဟုတ်ဘူး...မနက်ဖြန် လော့ဟိုင်ချန်ကို တစ်ယောက်ယောက်ခေါ်ပြီး သွားကြည့်ခိုင်းလိုက်မယ်"


လင်းလန်က  အပြုံးလေးနှင့်ပြောလာသည်။

"လျှိုချွန်းချိုက်က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်... သူဘာကိစ္စလဲဆိုတာ  သတင်းပို့နိုင်တယ်ပေါ့"


ဟန်ချင်စုန့်က အသေးစိတ်မပြောဘဲ မီးသွေးအင်တုံကို တံခါးဝမှာယူကာ ဖိနပ်ချွတ်၍ ပုဝါကို အနွေးကုတင်ပေါ်တင်ပြီး သူ့မိန်းမကို ရင်ခွင်ထဲထည့်လျက် အိပ်တော့၏။


  လင်းလန် သူအနည်းငယ်ငြိမ်နေသည်ဟု ခံစားရသည်။သူက သာမန်နေ့များတွင် အလွန်နှုတ်ဆိတ်ပြီး တစ်နေ့ကို စကားအနည်းငယ်ပင်ပြောလေ့မရှိ သော်လည်း သူတို့နှစ်ဦးကြားရှိ  ဖွင့်ဟရန်မလိုသော အပြန်အလှန် နားလည်မှုကြောင့် တစ်စုံတစ်ခု မှားနေပြီဟု သူမ ခံစားနေရဆဲဖြစ်သည်။ 


သူက တစ်စုံတစ်ရာကို ဖိနှိပ်နေပုံရ၏။ မှန်သည်ပင်၊ ရမ္မက်မဟုတ်ပေ။ သူက သူကိုယ်သူ အနွေးကုတင်ပေါ်မှာ ဘယ်တုန်းကမှ ထိန်းချုပ်ထားလေ့မရှိပေ။


ဒေါသများလား...


သူ ဒေါသထွက်နေ၏။


လင်းလန်က နောက်ပြန်လှည့်ကာ သူမကိုယ်သူမ အားယူထကာမေးလိုက်သည်။


 “စုန့်ကော... ဘာဖြစ်နေတာလဲဟင်"


ဟန်ချင်စုန့်က သူ့လက်ကြီးကို သူမစွပ်ကျယ်ထဲကို ထည့်ပြီး သူမကို နောက်ကျောကနေ ပြန်ဆွဲကာဆို၏။


 “အိပ်တော့... ဒီညမင်းကို နားခွင့်ပေးမယ်"


 လင်းလန်၏ မျက်နှာ ရုတ်တရက် ပူနွေးလာသည်။ သူမက သူ့ကို ဂရုစိုက်ပေးခြင်းသာဖြစ်ပြီး သူနှင့်တစ်ခုခုလုပ်လို၍မဟုတ်ပေ။


သို့ပေမဲ့ သူက သူမကို လွှတ်ပေးချင်သည်ဆိုလေရာ ယင်းက သူဆန္ဒသာဖြစ်သည့်အတွက် သူမ ချက်ချင်း သူ့လက်မောင်းကြားထဲ လှိမ့်ဝင်ပြီး သက်တောင့်သက်သာ အရှိဆုံး အနေအထားနှင့် တိုးဝှေ့ပူးကပ်ကာ သူ့ညှပ်ရိုးကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ 


 သူမနောက်ကျောကို အသာအယာပွတ်သပ်နေသော လက်ကြီးက အားတွေပါလာပြီ သူမကို သူဆီသို့ ပြင်းပြင်းထန်ထန် ဖိကပ်လာတော့၏။


 လင်းလန်က သက်ပြင်းတစ်ချက်ချကာ ခိုးခိုးခစ်ခစ်လိုက်သည်။


 "အိပ်တော့... အမ်း....." 


 သူက သူမကို အမောတကော နမ်းရှိုက်လာပြီး သူ၏အက်ရှရှအသံက သူမနှုတ်ခမ်းဖျားမှာ ပူလောင်ပြင်းပြသည့်အသက်ရှုငွေ့ဖြင့် စွဲထင်လာစေ၏။


  "မင်း မပင်ပန်းရင် ကိုယ်​တို့ ဆက်လုပ်လို့ရတယ်"


 လင်းလန် မျက်လုံးများကို ချက်ချင်းမှိတ်ပြီး သူ့ရင်ခွင်ထဲတွင် နာခံမှုအပြည့်ဖြင့်ဝင်ခွေလိုက်သည်။

 "... ပင်ပန်းနေပြီ"


သူမ ပင်ပန်းလွန်းသဖြင့် တစ်နေကုန် မျက်လုံးပင်မဖွင်နိုင်ခဲ့ပေ။

ဝဝလင်လင်မစားရတဲ့ ဝံပုလွေကြီးကျနေ...


    ...

ဟန်ချင်စုန့် လင်းလန်ကိုအသေးစိတ် မရှင်းပြသော်လည်း လျှိုချွန်းချိုက်ကို ဝတ်ကျေတမ်းကျေပဲလုပ်မပေးချေ။ နောက်နေ့ အလုပ်ရောက်ရောက်ချင်း စွန်းကျောက်ဝမ်ကို ထိုကိစ္စအကြောင်းပြောပြီး လော့ဟိုင်ချန်နှင့် လိုက်သွားခိုင်းလိုက်၏။သူတို့က အရပ်ဘက်နှင့် စစ်ဘက် နှစ်ဖက်စလုံးတွင် တာဝန်ရှိပြီး တစ်ယောက် အပြောတာဝန်ယူကာ တစ်ယောက်က  ခြိမ်းခြောက်ရန်တာဝန်ယူပြီး လိုအပ်ပါက ရိုက်နှက်နိုင်သည်။


သူ လော့ဟိုင်ချန်ဒေါသထွက်ပါက သူကိုယ်သူပင်ကြောက်ရပြီး အတော်လေးရက်စက်၏။


စွန်းကျောက်ဝမ်နှင့် လော့ဟိုင်ချန်က လုပ်ဖော်ကိုင်ဖက်များဖြစ်လာပြီး သူမျှော်လင့်ချက်များအတိုင်းလုပ်ဆောင်ကာ ထိုနေ့တွင်ပင် ထိုကိစ္စကို ဖြေရှင်းခဲ့သည်။ ထိုအမျိုးသားသည်  လှောင်ပိတ်ခံရကာ ရက်အနည်းငယ်ကြာအောင် အစာငတ်ခဲ့ပြီး စားရသည့် အကြိမ်အနည်းငယ်နှင့်အညီ ရိုက်နှက်ခံရကာ ခြိမ်းခြောက်ခံခဲ့ရသည်။


အခြေခံအားဖြင့်လည်း သူ့ကို အမြန် ဖျက်သိမ်းစေခဲ့၏။


၎င်းနောက် ရွာမှာ အပြင်ထွက်လုပ်ရသည့် အလုပ်မှန်သမျှ သွားလုပ်ခိုင်းပြီး တနှစ်ကို ၃၆၅ ရက် ခိုင်းပြီး အိမ်မှာ ပျင်းရိနေရန်ခွင်မပြုခဲ့ပေ။


 အိမ်ပြန်ရောက်သည်နှင့် အမျိုးသမီးခေါင်းဆောင် နှင့် ကျေးရွာ ကေဒါများကို တစ်နေ့လျှင် နှစ်ကြိမ် နံနက်နှင့် ညနေ နေအိမ်သို့ သွားပြီး ကလေးတွင် မူမမှန်မှု တစ်စုံတစ်ရာ ရှိလျှင် သူကို ဖမ်းဆီးရန် စီစဥ်ပေးခဲ့သည်။ ထို့နောက် သူက သူ့သားသမီးများကို  လိင်ပိုင်းဆိုရာထိပါးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း သို့မဟုတ် ရိုက်နှက်ခြင်းကို မြင်သူတိုင်းသည် စုပြုံ တိုက်ခိုက်နိုင်ပြီး သတင်းပို့ခြင်းအတွက် ဆုလာဘ်များ ရရှိမည်ဖြစ်ကြောင်း အိမ်နီးချင်းများအား ပြောပြခဲ့၏။


 ဤသည်က ထိုလူကို အလွန်ကြောက်လန့်သွားစေပြီး တပ်မဟာတွင်အလုပ်ရသောအခါတွင် သူ အလုပ်သွားပြီး အိမ်မှာနေစရာမလိုလျှင် အိမ်မှာ ပေါ်ပင်ပေါ် မလာတော့ပေ။


ဤသည်ကလည်း နည်းလမ်းတစ်ခုဖြစ်ပြီး တစ်စုံတစ်ယောက် တာဝန်ယူထားသရွေ့ သူရဲဘောကြောင်သည့် လူယုတ်မာ သူ့ကိုယ်သူ အမြဲတမ်း ချုပ်တည်းထားပေးလိမ့်မည်။ စင်စစ်အားဖြင့် ထိုဖခင်ဖြစ်သူက ရက်စက်တဲ့ပုံမပေါ်ဘဲ အပြင်မှာ ရိုကျိုးတတ်ပြီး အိမ်၌တွင်သာ ဇနီးနှင့်သားသမီးတွေကိုသာ ရိုက်နှက်ဆုံးလေ့ရှိ၏။ သူ့ဇနီးသေဆုံးသွားသည့်အခါ သားသမီးတွေအပေါ် သူ့ကိုယ်သူ ချုပ်တည်းမထားတော့ပေ။


ယခုအချိန်မှာ တပ်မဟာ၏ အခြေအနေက ပို၍ကောင်းကောင်းမွန်မွန် ထိန်းချုပ်လာနိုင်နေပြီဖြစ်သည်။ ပါးစပ်ကနေ  ဆဲဆိုကျိန်ဆဲနိုင်သေးသော်လည်း အနည်းဆုံး ကလေးကို မတိုက်ခိုက်ရဲတော့ပေ။


နောက်ပိုင်းတွင် လင်းလန် သိသွားသောအခါ မကျေမနပ်ဆိုလေသည်။


 "သူတို့တပ်မဟာရဲ့ ကေဒါတွေက ဘာတွေစားနေကြတာလဲ...အမြဲတမ်းဂရုမစိုက်ကြဘူးလား"


 အတင်းအဖျင်းပြောကြသည် ယောက်ျားမိန်းမ တော်တော်များများ ထိုရွာမှာမရှိဟု သူမ မယုံပေ။ ဘယ်သူမှသိတဲ့သူမရှိဘူးလား...


ပြောင်ပြောင်ဘွင်းဘွင်း ပြောရလျှင် ကျေးလက်တောရွာတွင် ဤကဲ့သို့ ဟာလာဟင်းလင်းအိမ်၌ တစ်စုံတစ်ယောက် လေလည်လျှင်ပင် အိမ်နီးနားချင်းများက ပြတ်ပြတ်သားသားကြားနိုင်သည်။


 ဟန်ချင်စုန့်က သူမကို ဒေါသမထွက်ရန်ပြောပြီး  သူမနောက်ကျောကိုပွတ်သပ်ပေးလာ၏။


 "ကိုယ်တို့ တပ်မဟာအသီးသီးရဲ့ လုံခြုံရေး ပညာပေးမှုတွေနဲ့ကင်းလှည့်မှုတွေကို အားကောင်းအောင်လုပ်မှာပါ...မင်းရဲ့ ဝါဒဖြန့်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်းပြောမယ်"


ထို့ကြောင့် လင်းလန်မှာ နောက်ထပ်တာဝန်တစ်ခုတိုးလာပြီး တုန်ဟွိုင်ဟွ၊ လျှိုချွန်းချိုက် ၊ ရှုယွမ် တို့ကိုစုစည်း၍ အနီးနားရှိကျေးရွာများမှ အဓိကအဖွဲ့ဝင်များကို စုဆောင်းကာ ကွန်မြူနတီအတွက် ဝါဒဖြန်ရေး  အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းခဲ့သည်။ ၎င်းနောက် ဘေးကင်းလုံခြုံရေးပညာပေးရန်နှင့် ဝါဒဖြနရန် ပြည်သူ့လုံခြုံရေးဗျူရိုနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့၏။


 အလုပ်မှတ်များနှင့် အစားအသောက်များသာမက ငွေပါရသဖြင့် လူတိုင်း အလုပ်များပြီး ပျော်ရွှင်နေကြသည်။


ပြင်ပရွာတွေမှာ တရားဥပဒေစိုးမိုးရေးက 

ရှန်ရွေ့ ရွာလောက် ကောင်းပါချေ။ ရွာထဲမှာ အချောင်ခိုသူတွေ၊လူလိမ်လူကောက်တွေ အစုလိုက် အပြုံလိုက် ရှိသဖြင့်  ရွာရှိကေဒါတွေကို ခေါင်းကိုက်စေ၏။ 


ဝါဒဖြန့်ရေးအဖွဲ့ သွားသည့်အခါ ချောမောလှပသည့် မိန်းကလေးတွေနှင့် ချွေးမတွေ ပါသွားသဖြင့် သူတို့ မရိုးဖြောင့်သောအတွေးများမရှိဘဲမနေနိုင်ကြပေ။


 ရလဒ်အနေဖြင့် ဟန်ချင်စုန့်က ကွန်မြူနတီတွင် အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံးနှင့် အကျော်ကြားဆုံးဆိုသောပုဂ္ဂိုလ်ထံမှ သွားတစ်ဝက်ကို ကန်ထုတ်ပစ်ခဲ့သည် လူရမ်းကားများကို တိုက်ထုတ်ရန် အစည်းအဝေးကျင်းပကာ ဖမ်းဆီးခဲ့ကြသည်။


Xxxxxxx