အပိုင်း ၄၈၅-၄၈၆
Viewers 23k

Part 485


ထို့နောက်တွင်မူ လင်းလန် သွားသည့်အခါတိုင်း ဟန်ချင်စုန့်က သူမနှင့်အတူ လိုက်ပါရန် အစပြုလိမ့်မည်ဖြစ်ကာ စကားမပြောဘဲ ဘေးနားတွင် ထိုင်နေရုံဖြင့် ပရိသတ်ကို တုန်လှုပ်သွားစေခဲ့သည်။


လင်းလန်က သူကို မြို့ထဲက သားရဲဟု အရွှန်းဖောက်ခဲ့၏။


    ...


 အလုပ်ရှုပ်မှုများ လျင်မြန်စွာ ကုန်ဆုံးသွားကာ မျက်စိတစ်မှိတ်အတွင်း လူနာနှစ်၏ ဆယ့်နှစ်လမြောက်သို့ ဝင်ရောက်လာခဲ့သည်။


မနေ့ည၏ မြောက်လေက ကောင်းကင်နှင့်နေကို ဖုံးလွှမ်းထားသည့် ဝါဂွမ်းကို ဆုတ်ဖြဲပစ်လိုက်၏။ မနက်စောစော အိပ်ရာထသည့်အခါ ကောင်းကင်နှင့် ကမ္ဘာမြေကြီးက အလုံးစုံအဖြူရောင်သန်းနေကာ လောဘကြီးသည့် စာငှက်တွေပင် ပျောက်ကွယ်သွားခဲ့သည်။


 ထူထဲသော နှင်းပွင်ဖြူဖြူများပေါ်တွင် အညစ်အကြေးမရှိသန့်စင်နေပြီး ကလေးများ ဆော့ကစားရန် အကြိုက်ဆုံး အခြေအနေဖြစ်သည်။


လင်းလန်တစ်ယောက် ပြတင်းပေါက်စွန်းပေါ်တင်ထားသော ဂွမ်းကပ်အနွေးထည်ကို ဝတ်ကာ   ပြတင်းပေါက်ငယ်ကို မလိုက်၏။၎င်းနောက်  အပြင်ကိုကြည့်ရန် သစ်သားပေတံဖြင့် ကောက်ရိုးကန့်လန့်ကာ ကိုဖွင့်လိုက်သည်။ အေးစက်စက် လေပြင်းတစ်ချက် တိုးဝင်တိုက်ခတ်လာကာ သူမကို တုန်တုန်ယင်ယင်ဖြစ်သွားစေပြီး အော်ပြောလိုက်၏။


 “မြန်မြန် ထ...ထပြီး နှင်းဘောလုံးပစ်ရအောင်"


 သူမ၏အော်သံကြောင့် အရှေ့ခန်းမှ မှကလေးများ နိုးလာပြီး နှင်းတွေထူပိန်းနေအောင် ကျနေသည်ကို တွေ့သောအခါ တစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှားစွာအော်ဟစ်ကြသည်။စန်းဝမ်ကလည်း သူတို့ နှင်းဘောလုံးတိုက်ပွဲကစားကြမည်ဟုအော်လေ၏။


လင်းလန် ထိုအကြောင်းတွေးခါရှိသေး 

ဟန်ချင်စုန့်က သူမကို ခါးကနေဆွဲချလိုက်သဖြင့်  ပူနွေးနွေးရင်ခွင်ကြီးသို့ ပြန်လဲကျသွားရသည်။  သူမ လန့်ပြီး အော်မိသွားကာ ထိုမှသာ သူမ၏ခါးနှင့် ခြေထောက်များ အလွန်ပျော့ခွေနေသည်ကို ခံစားလိုက်ရသည်။


ညွှန်မှူးဟန်က ဒီနေ့ အလုပ်မဆင်းပေ။


 နှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် မနက် ခင်းလေ့ကျင့်ခန်း သွားရန် စောစော မထဘဲ ရှားရှားပါးပါး အပျင်းထူခြင်း ဖြစ်လေသည်။ 


 သူမကို သူ့လက်နှစ်ဖက်နှင့်ရစ်ပတ်ပြီး တရှိိုက်မက်မက် နမ်းလိုက်၏။


 "နည်းနည်းလောက်အိပ်လိုက်ဦး...ကိုယ်နှင်းတွေသွားလှည်းလိုက်ဦးမယ်"


ကလေးများက တယောက်ပြီး တယောက်ထပြီး ခြံထဲသို့ ပြေးကာ ဆော့ကစားကြသည်။


မကြာမီ တဝမ်က စန်းဝမ်ကိုရိုက်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်၏။


မိုင်စွေ့က  မီးဘောလုံးကဲ့သို့ နွေးထွေးသော အနီရောင်ပဝါကိုခြုံ ထားပြီး လက်ခုပ်တီးကာ ပြုံးလျက်ဆို၏။


 "မားမား မနိုးစေနဲ့... ခဏလောက် အိပ်ပါစေ" 


စန်းဝမ်က ပြတင်းပေါက်အပြင်ဘက်ရှိ ကောက်ရိုးကန့်လန့်ကာကိုဖွင့်ကာ  သူမားမားနှင့်သူ့အဖေ ထပ်အိပ်နေကြသလားဆိုသည်ကို ကြည့်ချင်သော်လည်း တဝမ်က သူ့ကို လည်ပင်းကနေဆွဲ၍  နှင်းတောထဲ ပစ်ချလိုက်သည်။


စန်းဝမ် စတင် တက်ကြွလာပြီး ရှောင်ဝမ် နှင့် ရှောင်ပိုင်တို့အား အစ်ကိုကြီးကို နှင်းဘောလုံးများ နှင့် ကူပစ်ပေးရန်အတွက် အတူခေါ်ဆောင်သွားခဲ့သည်။


သူတို့ တံခါးအပြင်ဘက်မှာ တလမ်းလုံး ကစားကြ၏။လာသမျှလူများကို နှင်းဘောလုံးများဖြင့်ပစ်ကြကာ  အနီးနားက ကလေးတချို့ကပင် သူတို့လှုပ်ရှားမှုကို ကြားပြီး ပြေးလာ ဆော့ကစားကြသည်။


ဟန်ချင်စုန့် ထသွားပြီးနောက် လင်းလန်လည်း အိပ်မပျော်ပေ။ သူမ နိုးနေပြီသားဖြစ်သဖြင့် အိပ်မပျော်နိုင်ပေ။


သူမလည်း အ၀တ်အစားဝတ်ကာ မြေကြီးထဲဆင်း၍  လူတိုင်းနှင့်အတူ နှင်းများ သွားရှင်းခဲ့သည်။


နှင်းတွေက ပျော်စရာကောင်းသော်လည်း လမ်းကို ပြောင်စင်အောင် ရှင်းမထားပါက ချော်လဲနိုင်ကျိုးပဲ့နိုင်၏။


လင်းလန်က သပ်ရပ်စွာ ၀တ်ဆင်ကာ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားပြီး သူမ ဒီဇိုင်းထုတ်ထားသည့် ဂွမ်းလက်အိတ်ကို ဝတ်ဆင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ 


ဟန်ချင်စုန့်က ခြံဝင်းအတွင်းရှိ နှင်းများကို စတင်ရှင်းလင်းနေပြီဖြစ်ပြီး သူမ နှင်းများကိုကူကော်ပေးရန်အတွက်  ဂေါ်ပြားတစ်ခုလည်း ယူခဲ့သည်။


ကလေးတွေက အပြင်မှာ နှင်းဘောလုံးတွေနှင့် ကစားရင်း ပျော်နေကြ၏။


နူးညံ့ပျော့ပျောင်းသောနှင်းများက သကြားဖြူကဲ့သို့ပင်ဖြစ်နေပြီး ရှောင်ဝမ် ၎င်းကို အလွန်မှော်ဆန်သည်ဟု တွေးကာ ဝမ်ဝမ် နှင့်ရှောင်ပိုင်တို့ကို  နှင်းထဲတွင်လူးလိမ့်ပျော်ပါးရန် ဦးဆောင်ခေါ်သွားသည်။ 


ဝမ်ဝမ်၏ခွေးပေါက်လေးများထဲတွင် လေးကောင်ကို ပေးပစ်ခဲ့ပြီး ရှောင်ပိုင်တစ်ကောင်သာ ကျန်ခဲ့သည်။ အဓိကအကြောင်းအရင်းမှာ ရှောင်ပိုင်က အလွန်အားနည်းသဖြင့် တခြားသူတွေက သူ့ကို မထောက်ပံ့နိုင်တော့မှာစိုးပြီး  မလိုချင်ကြပေ။ ထို့ကြောင့် ကလေးတွေက သူ့ကိုသနားကြသဖြင့် လင်းလန် သူ့ကို ဆက်ထားကာ နို့တိုက်မွေးခဲ့ပြီး ယခု အရွယ်ရောက်လာပြီဖြစ်၏။


သေးနုပ်သော ကိုယ်လုံးကိုယ်ပေါက်ကြောင့် သူသည် မိုက်မဲပြီး ချစ်ဖို့ကောင်းပုံရလေသည်။ ပျင်းရိကာ နှေးကွေးပြီး သူဘာပဲလုပ်လုပ် နှေးကွေးသည်။


ရှောင်ဝမ်က သစ်ကိုင်းများပေါ်ရှိ နှင်းများဆီသို့ ခြေဖျားထောက်ကာထိတွေ့လိုက်၏။ ရုတ်တရက် စန်းဝမ်က သူ့လည်ပင်းပေါ်သို့ နှင်းဘောလုံးကို ပစ်ချလိုက်ပြီး သူ့ကို ခုန်ပေါက်သွားစေသည်။


 "ရှောင်ပိုင် သွား..." 


ရှောင်ဝမ်က နှင်းဘောလုံးတွေကိုလုပ်ပြီး စန်းဝမ်ကို ပစ်ပေါက်ရင်း ရှောင်ပိုင်ကို အမိန့်ပေးလိုက်၏။


စန်းဝမ်က ရှောင်ပိုင်ခေါင်းပေါ်ရှိ နှင်းဘောလုံးကို ခွဲလိုက်ရာ ပေါက်ကွဲသွားကာ အဖြူရောင် အမွေးများနှင့် နှင်းဖြူများ ရောနှောသွားခဲ့သည်။


ရှောင်ပိုင်က အတိုက်ခံရခြင်းကြောင့် အနည်းငယ် မူးဝေနေပြီး ခေါင်းယမ်းကာ ပတ်ပတ်လည်ကို ကြည့်လိုက်၏။၎င်းနောက် သူ့ခန္ဓာကိုယ်က ရုတ်တရက်  တွန့်လိန်သွားကာ နှင်းတောထဲ လဲကျပြီး လှုပ်ရှားမှုရပ်တန့်သွားသည်။


ရှောင်ဝမ် : "တတိယအစ်ကို...အစ်ကို ရှောင်ပိုင်ကိုသေအောင်ရိုက်မိသွားပြီ...သူ သေသွားပြီ"

 

စန်းဝမ်က ၎င်းကိုကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။


 "ငါ့ကို မလိမ်ပါနဲ့ကွာ...ရှောင်ပိုင်က သေချင်ယောင်ဆောင်လိမ့်မယ်...ငါသိတယ်"


ထို့နောက် မိုင်စွေ့က ရှောင်ဝမ်ကို စန်းဝမ် ပေါ်ရှိ နှင်းဘောလုံးကိုရိုက်ခွဲရန်  ကူညီပေးခဲ့ပြီး စန်းဝမ်က သူ့ကိုယ်သူ နှင်းမုန်တိုင်းထဲသို့ ပစ်လှဲလိုက်ကာ မလှုပ်မယက်နေလေသည်။


 မိုင်စွေ့က  အကျယ်ကြီး အော်ရယ်လိုက်ပြီး

 "ငါ့ကို ဟန်ဆောင်မနေနဲ့ ... ထပြီး တိုက်စမ်း"


သူမက တံမြက်စည်းကို ပစ်ချကာ ပြေးသွားပြီး စန်းဝမ်က၏ လည်ပင်းပေါ်ကို နှင်းများကို ပံုလိုက်သည်။


 စန်းဝမ်က   အအေးမကြောက်ပေ။


သူက မိုင်စွေ့ကို ပြန်လုပ်အရန် အခွင့်ကောင်းယူကာ  နှင်းလက်တစ်ဆုပ်စာ။ပြီး မိုင်စွေ့၏ 

ပဝါထဲကို ထည့်လိုက်၏။


  "အားး——" 


မိုင်စွေ့ နှင်းတွေပေါ်မှ ရုတ်တရက် ထခုန်လိုက်ပြီးအော်ဟစ်လေသည်။


 "အေးတယ်... အေးတယ်... "


သူမက လင်းလန်ဆီ အမြန်သွားပြီး သူမပဝါထဲက နှင်းတွေကို  ခါထုတ်ပေးအကူအညီတောင်းလိုက်၏။ လင်းလန် ဂွမ်းကပ်အနွေးထည်ထဲက နှင်းတွေကို ကြည့်လိုက်သည်။


လင်းလန်:    "အိမ်ထဲသွားပြီး ချွတ်ခါလိုက်...  အရည်ပျော်သွားရင် မလွယ်ဘူး" 


လင်းလန် နှင်းတွေကို ကော်ပစ်ရန်အတွက် ဟန်ချင်စုန့်နောက်ကို လိုက်သွားပြီး မြေပြင်ကို ရှင်းလင်းလိုက်၏။


စန်းဝမ်က သူ့ခြေထောက်တွေကို ဆောင့် နင်းပြီး လက်နှစ်ဖက်ကို မြှောက်ကာကြွေးကြော်လိုက်သည်။


 "ဟားဟား... ငါက ရှုံးပွဲမရှိကွ"


 သူက ရှောင်ဝမ်၊ရှောင်ပိုင်နှင့် မိုင်စွေ့တို့ကို အနိုင်ယူခဲ့၏။


သူဂုဏ်ယူနေချိန်မှာပဲ သူ့မျက်နှာပေါ်မှာ ခပ်လျော့လျော့ နှင်းဘောလုံးတစ်ခုပေါက်ကွဲသွားပြီး သူ့မျက်နှာက ရုတ်ချည်းနှင်းများနှင့်ဖုံးလွှမ်းသွားသည်။


 "အားးး...အရမ်းအေးတာပဲ" 


စန်းဝမ်က သူ့အစ်ကိုကြီးဆီသို့ အော်ပြီး ပြေးသွားလိုက်သည်။


 "ကျွန်တော့်ကို အလစ်တိုက်တယ်ပေါ့... လက်စားချေမယ်ရားးး"


 

Xxxxxx

Part 486


သူက တဝမ် ဆီကို ပြေးသွားရင်း ခုန်လိုက်ကာ   နှင်းတွေ လှည်းနေသည့်အားဝမ်၏  လည်ပင်းထဲကို နှင်းဘောလုံးတစ်ခု ထည့်ပေးလိုက်၏။ 


ရလဒ်အနေဖြင့်  တစ်မိသားစုလုံးက သူ့ကို  လာရိုက်ကြပြီး မရပ်မနား လိုက်ဖမ်းနေကြတော့သည်။


နှင်းဘောလုံးတစ်လုံးက လင်းလန်ဆီသို့ ရုတ်တရက် ပစ်ဝင်လာရာ ဟန်ချင်စုန့်က ၎င်းကို ဖမ်းကိုင်လိုက်ပြီး အမြန်လက်ဖြင့် ပြန်ပစ်လိုက်သည်။


 "ဖုန်းးးး"


စန်းဝမ် နှင်းထဲကို တစ်ခါတည်း  ပြုတ်ကျသွားသည်။


    

ထိုသို့သက်ဝင်လှုပ်ရှားနေစဥ်တွင်  လူတစ်ယောက် အပြင်ကနေ ဝင်လာပြီးဆို၏။


 "ဟားဟားး...တအားတွေအသက်ဝင်နေတာပဲ...ငါလည်းဆော့ချင်တယ်လေးးး"

 

သူက နှင်းဘောလုံးကို ဆွဲယူပြီး တဝမ်ကို ပစ်လိုက်သည်။ 


တဝမ်က သူ့ခေါင်းကို ရှောင်လိုက်ပြီး ဟန်ချင်ဟွ  ဖြစ်သည်ကို မြင်သောကြောင့်ပြောလိုက်၏။


 "စတုတ္ထဦးလေး ပြန်လာပြီ..."


ဟန်ချင်ဟွက ပြုံးပြီးပြောသည်။


 "ဟုတ်တယ်...မင်းတို့ဒေါ်လေးလက်ထပ်တော့ ငါပြန်လာချင်တာပေါ့... မင်းတို့တွေ တော်တော်လေး ပျော်နေကြတာပဲ...လာလာ အတူတူကစားကြရအောင်... ငါငယ်ငယ်တုန်းကဆို နှင်းဘောလုံးပွဲတွေကို အကြိုက်ဆုံးဘဲ"


တဝမ်က ပြောလာ၏။


 "ကျွနိတော်တို့ နှင်းတွေကို အရင်ကော်ပစ်ရဦးမှာ"  ထိုသို့ဆိုကာ သူက ဂေါ်ပြားကို ဟန်ချင်ဟွ 

 ကို ပေးလိုက်သည်။


ဟန်ချင်ဟွ : "..."


 ဟန်ချင်စုန့် နှင့်လင်းလန်တို့က သူနှင့် အာလာပသလ္လာပများ အပြန်အလှန်ဖလှယ်ကြပြီးနောက် သူ့ကို အခန်းထဲတွင် စကားပြောခိုင်းသည်။


ဟန်ချင်ဟွက ပြုံးပြီး ပြော၏။


 " အပြင်မှာ နှင်းတွေကို အရင် လှည်းရအောင်... မှောင်တော့ လမ်းက ချောတယ်...​လဲရင် မကောင်းဘူး"


တဝမ်က လင်းလန်၏လက်ထဲက တံမြက်စည်းကို ယူပြီး ဟန်ချင်ဟွနှင့်နှင်းတွေ ရှင်းရန် အပြင်ကို ထွက်သွားသည် ။တစ်အိမ်လုံး သန့်ရှင်းလုနီးနီးနီးဖြစ်သွားပြီး ဟန်ချင်စုန့်က လင်းလန်ကို အထဲမှာ နွေးနွေးထွေးထွေးသွားနေရန်ပြောပြီး နှင်းတွေကို အတူတူ ရှင်းရန် ထွက်သွားခဲ့သည်။


မနက်စာစားချိန်မရောက်မီ လင်းလန်က မိုင်စွေ့ ကို အိမ်ပြန်လာပြီး အဖုံးပါအိုးဇောက်လေးတစ်လုံးထဲမှာ စွတ်ပြုတ် ပြုတ်ရန် လှမ်းခေါ်လိုက်၏။နှင်းတွေကျသည့်နေ့တွေမှာ ယခုလိုတစ်ပန်းကန်လောက်စားရသည်က နွေးနွေးထွေးထွေးနှင့် အဆင်ပြေလေသည်။


မိုင်စွေ့က တိုးတိုးလေး ပြော၏။


 "မားမား... မနေ့ကညနေက ဒေါ်လေး 

 ကိုတွေ့လိုက်တုန်းက  သူသိပ်မပျော်ဘူး"


 "သူက ပျော်,ခဲ့ပါတယ်"


လင်းလန် ဟန်ကျင်းယု ပျော်၊ မပျော်ကို ဂရုမစိုက်ပေ။ သူမက ထင်ရာစိုင်းတတ်ပြီး ခေါင်းမာသည်။ ယခုအချိန်မှာ ချစ်မိသွားပြီးနောက် IQ က လုံလောက်လေရာ ဟာသဖြစ်မည်က မလွဲမသွေပင်။ စေ့စပ်ပြီးနောက် သူမက အိမ်သို့ ပြေးကာ အငြိမ်းစားယူခြင်း၊ အိမ်ထောင်မပြုခြင်း၊ ညစ်ညမ်းခြင်းကဲ့သို့သောအရာများကို ဆယ်ကြိမ်ထက်မနည်း ပြောခဲ့သည်။ အမြဲတမ်း တကိုယ်ကောင်းဆန်ပြီးတဇွတ်ထိုးလုပ်တတ်သူက ရုတ်တရက် ပြောင်းလဲရန် မည်သို့မျှော်လင့်၍ရပါမည်နည်း။ မဖြစ်နိုင်ပေ။


ဟန်ကျင်းယု၏ မင်္ဂလာပွဲကို လူနာနှစ်၏ဆယ့်နှစ်လမြောက် ခြောက်ရက်နေ့မှာ သတ်မှတ်ထား၏။ ပထမချွေးမဟန်နှင့် ဒုတိယချွေးမဟန်က သူမကို စောင်တစ်ထည် ကူချုပ်ပေးခဲ့ပြီး သူမကလည်း အဝတ်အစားတစ်စုံလုပ်ပေးခဲ့သည်။ထို့မတိုင်ခင် သူမမှာ သာမန်လယ်သူမများထက် များစွာသာလွန်သော သားရေဖိနပ်တစ်ရံလည်းရှိသည်။


အခြားမည်သူမျှမရှိသော အရာများလည်း ရှိသေး၏။


၎င်းကိုမှ   မပျော်သေးပါက လင်းလန် မည်သိုလပျော်ရမှန်း မသိတော့ပေ။ ကလေးတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ဒေါသထွက်ချင်တိုင်း ထွက်နေရမည်လော။


လင်းလန် စွတ်ပြုတ် ချက်ပြီးသည်နှင့် မိုင်စွေ့က သူတို့ကို(ကျန်သူတွေ) စွတ်ပြုတ် သောက်ရန်ခေါ်လိုက်သည်။


ဟန်ချင်စုန့်နှင့် တခြားသူတွေကလည်း ညဘက်မှာ အလွန်အေးပြီး ချောမနေစေရန် နှင်းတွေကို ရှင်းလင်း၍ ပြီးသွားကြလေပြီ။ မိုင်စွေ့၏ လှမ်းအော်သံကိုကြားသောအခါ ဟန်ချင်စုန့်က သူ့ညီကို အိမ်ပြန်ပြီး အနားယူရန် ခေါ်လိုက်၏။


ဟန်ချင်ဟွက ယဉ်ကျေးမနေဘဲ အိမ်ထဲသို့ လိုက်သွားခဲ့သည်။


လင်းလန်က အိုးကို စားပွဲပေါ်တင်ထားပြီးဖြစ်ကာ အခန်းက အငွေ့တထောင်းထောင်းနှငွ  နွေးထွေးကာ အိမ်၏အငွေ့အသက်များရှိနေသည်။


 “မရီး ...မရီးက ဘဝကို ကောင်းကောင်းနေတတ်တာပဲ"


ဤအချိန်မှာ ရေနွေးတစ်လုတ်ဆိုလျှင် ကောင်းနေပြီဖြစ်သော်လည်း  စွတ်ပြုတ် 

ပင်ဖြစ်နေ၏။


လင်းလန်က အပြုံးတစ်ခုနှင့်ဆိုလိုက်သည်။. 


"မင်းက ဆင်းရဲတဲ့ရက်တွေကိုပဲအာရုံစိုက်နေတာပဲ.... စားစရာပြတ်လပ်မှုမရှိရင် ဘာမှထွေထွေထူးထူးဖြစ်စရာမလိုပါဘူး"


ဟန်ချင်ဟွ စားရေရိက္ခာပြတ်လပ်မှုမရှိတဲ့ဘဝမှာ ရှင်သန်နေရသလိုပဲဟုတွေးရင်း ရယ်မောလိုက်၏။


လင်းလန် ပြုတ်ထားသည်က တရုတ်ဆီးသီးနှင့် သစ်တော်သီးရေဖြစ်ပြီး သကြားထပ်ထည့်ထားသဖြင့် ချိုချဉ်အရသာရှိလေသည်။


သူမက ဟန်ချင်ဟွကို ပန်းကန်လုံးတစ်လုံး ပေးလိုက်၏။


ဟန်ချင်ဟွက ချက်ချင်း လက်နှစ်ဖက်နှင့် ကိုင်လိုက်ပြီး "ကျေးဇူးတင်ပါတယ် မရီး" ဟု ပြုံးပြုံးလေးဆိုသည်။ သူက ခေါင်း လှည့်ပြီး ဟန်ချင်စုန့်ကိုပြောလိုက်၏။


 " လယ်ထဲက မိန်းကလေးချင် အာ... ရဲဘော်ချင်... ငါ အခုချိန်မှာ  သခင်မလေးလို မခေါ်ချင်ဘူး...အဲ့ဒါက အရင်းရှင်တွေ လုပ်ကြတာ ဟားဟား....သူက တစ်နေကုန် နတ်သမီးလေးလိုနေပေမဲ့...ငါ့မရီးက အတော်လေး ထူးခြားတယ်လို့ထင်တယ်...မတူဘူး"


ထုံးစံအတိုင်း  လင်းလန်က မိန်းကလေးချင်က ဘာလဲဆိုသည်ကို မသိပါချေ။


ဟန်ချင်စုန့်က တင်းမာစွာပြောလိုက်သည် ။


 "မင်းမရီးက ပစ္စည်းမဲ့လူတန်းစား၊ ဆင်းရဲသားနဲ့ အလယ်အလတ် လယ်သမားတွေရဲ့ သနားစရာကောင်းတဲ့ ဘဝနဲ့ နေရတာ... သူက ဘူဇွာမိန်းမနဲ့ လုံးဝ မတူဘူး"


လင်းလန်က သူတို့ကို တစ်ချက်ကြည့်ကာ

 "မိန်းကလေးချင်..."


ဟန်ချင်ဟွ တစ်ခုခုကို  ပြောလိုက်သည်ကို  သူမ ယောင်ဝါးဝါး ခံစားလိုက်ရသည် ။မိန်းကလေးချင်က တစ်ခုခုကိုဆိုလိုတာလား....


ဟန်ချင်ဟွက ကျွန်တော်သိတာတွေကို အစ်ကိုက မရီးကိုမေးခွင့်ပြုမှာမဟုတ်ဘူးဟု ပြောနေသကဲ့သို့  ဟန်ချင်စုန့်ကိုပဲ တစ်ချက်ကြည့်လိုက်ပြီး ရွှတ်နောက်နောက် ပြုံးပြကာ လင်းလန်ကို ပြောမပြပေ။ 


ဟန်ချင်စုန့်က လင်းလန်၏ လက်ဖက်ရည်ခွက်ထဲက စွတ်ပြုတ်ချိုချိုတစ်ခွက်ကို တစ်ငုံသောက်ပြီး လေပူတွေကို အလဟသ ရှူထုတ်လိုက်ကာ လင်းလန်ကိုပြော၏။


 "ကျန်းဟေးလုက က အရင်းရှင်လမ်းပြ တစ်ယောက်ကို ချစ်မိပြီး တော်လှန်ရေးသမားလို့ သံသယအဖြစ်ခံရလို့ ကိုယ် သူ့ကို ကြိမ်းမောင်းခဲ့တယ်... သူ့အတိတ်ကအမှားတွေကို သူပြင်လိုက်ပြီ...  မကြာသေးခင်ကမှ အသံကျယ်ပြီးထက်မြက်တဲ့ ချွေးမတစ်ယောက်အဖြစ်နဲ့ စေ့စပ်လိုက်တာ...မဆိုးပါဘူး...သူ(မ) တော်တော်ကို အရည်အချင်းရှိတဲ့ သူတစ်ယောက်ပါ"


ယခုလို အတင်းအဖျင်းကိုကြားသောအခါ လင်းလန်က ရယ်လေသည်။


ဟန်ချင်ဟွ: "..." 


မိန်းကလေးချင်က ရုပ်ရှင်ကြည့်ခြင်းနှင့် နိုင်ငံခြားစာအုပ်ဖတ်ခြင်းကို နှစ်သက်သောကြောင့် ယုတ်ညံ့သော ရည်ရွယ်ချက်ရှိသူများမှ အရင်းရှင်လမ်းပြအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သူမက တော်လှန်ရေးသမားမဟုတ်ပေ။


သို့သော်သူ စကားမပြောဘဲ စွတ်ပြုတ်ကို တိတ်တိတ်လေး သောက်လိုက်သည်။


Xxxxxxxx