အပိုင်း ၄၈၇-၄၈၈
Viewers 23k

Part 487


စန်းဝမ် နှင့်ရှောင်ဝမ်တို့ကလည်း တစ်ပန်းကန်သောက်ခဲ့ပြီး ရှောင်ဝမ်က ရှောင်ပိုင်ကို တချို့ပေးချင်ကာ စန်းဝမ်၎င်းနှင့်ခွဲရန် ဝန်လေးနေသည်။


"အစ်ကိုရှောင်ဝမ်...အခုသောက်ရအောင်... ညထိစောင့် အာ...မင်းနားလည်တယ်မလား" 

ညဘက် အိပ်မက်မက်သည့်အခါ ရှောင်ပိုင်ကို သောက်ခိုင်း၍ရပြီး ကြိုက်သလောက်သောက်နိုင်၏။


ရှောင်ဝမ်က ဂီတနှင့် အနုပညာမှလွဲ၍ အခြားအရာများကို နားလည်ရန် နောက်ကျနေသော်လည်း သို့မဟုတ် သူက သိပ်ဂရုမစိုက်သော်လည်း သူက မတုံးပေ။ အိပ်မက်ထဲမှာ ပွဲနေတာ်အကြီးကြီးစားရသည့်ကိစ္စက နှစ်ရက်လောက်အရူးလုပ်၍ရပေသည်။ တစ်နှစ်လုံး မည်သို့အရူးလုပ်၍ရပါမည်နည်း။


ရှောင်ဝမ်: "ညီလေးရှောင်စန်း...ရှောင်ပိုင်က မင်းရဲ့သားလို့ ပြောခဲ့တာမဟုတ်ဘူးလား... တွန့်တိုမနေပါနဲ့"     


 စန်းဝမ် :  "မင်းကလည်း ရှောင်ပိုင်ကို မင်းညီလေးလို့ ပြောသေးတာပဲလေ"


အဆုံးတွင် လင်းလန် ပြုတ်ထားပြီး အရသာသိပ်မရှိတော့သော သစ်တော်သီးနှင့်ဟော်သွန်းသီးများကို ဝမ်ဝမ်နှင့်ရှောင်ပိုင်စားရန် ခွေးစာခွက်ထဲထည့်ပေးလိုက်ရ၏။


ဝမ်ဝမ်ကမစားသော်လည်း ရှောင်ပိုင်က လာသမျှကို မငြင်းဘဲ ရှောင်ဝမ်နှင့် တွဲစားလေ့ရှိသောကြောင့် အရာရာကို မြည်းစမ်းကြည့်လိမ့်ပေမည်။


စွတ်ပြုတ်သောက်ပြီးနောက် ဟန်ချင်ဟွက သူ့အစ်ကိုနှင့်မရီးကို သွားလည်ရန်ခေါ်လေသည်။


 "အားလုံးသွားကြရအောင်... ကလေးတွေလည်း လိုက်ခဲ့... ကံမကောင်းစွာနဲ့ ငါတို့ရဲ့ စိုက်ခင်းက ဘာမှ မထူးခြားတာမရှိဘူး    ငါတို့က စပါးကတ်တီအနည်းငယ်ကလွဲလို့ ဘာမုန့်မှ မယူလာဘူး"    

 

ဟန်ချင်စုန့်: "မင်းမိဘတွေဆီ စပါးနှစ်ကတ်တီ ယူလာဖို့ စဉ်းစားတာ ကောင်းပါတယ်"     


ဟန်ချင်ဟွက ရယ်လေ၏။


လင်းလန် အချိန်ကိုကြည့်ပြီးပြောလိုက်သည်။


 “ထမင်းချက်ချိန်နီးနေပြီ...ရှင်တို့အရင်သွားလိုက်လေ...ကျွန်မအကူအညီလိုမှအဲ့ဒိကိုလာတော့မယ်"

ထုံးစံအတိုင်း လင်းလန် ထိုကို ရက်အနည်းငယ်ကြာ သွားရန် စိတ်မဝင်စားပေ။ယခင်တုန်းက အဘွားကြီးဟန်၏အခန်းက အေးပြီးဆီးနံ့တွေလည်းရှိ၏။ရှောင်ဝမ်၏ စကားအရ အိမ်ကနေ မအဖွားဆီသွားရသည်က နွေးထွေးသည့်အိမ်ကနေ ရေခဲတိုက်တစ်ခုဆီသွားရသလိုမျိုးဖြစ်သဖြင့်မသွားချင်ဟူ၍ပင်။


အပူချိန်နိမ့်ရုံတင်မကဘဲ လေထုကလည်း ညစ်ပတ်နေသည်။ကလေးတွေက အထိခိုက်မခံဆုံးဖြစ်ပြီး သဘာဝအတိုင်း မသွားချင်ကြပေ။


ဟန်ချင်စုန့်နှင့်ဟန်ချင်ဟွတို့ ထိုသို့သွားခဲ့ကြသည်။ လမ်းမှာ ဟန်ချင်ဟွက ပြုံးပြီးပြောလာ၏။


 "တတိယအကို...ဆရာဖန်က အဲ့ဒါကို မင်းအတွက် ဂရုစိုက်ပေးဖို့ ငါ့ကို တောင်းဆိုတယ်"


  "ပြည်သူ့လုံခြုံရေးဗျူရိုကလူတွေ ခြံမှာနေနေကြတာရှိတယ်... သူ့မှာ လုပ်စရာရှိမရှိ တိုက်ရိုက်ပြောလို့ရတယ်”

 

 “ဟားဟား...တတိယအစ်ကို သူက ယဉ်ကျေးနေရုံပါ..."


သူတို့တို့ရောက်သည့်အခါ မိသားစုတစ်စုလုံး လက်ထပ်မည်ကိစ္စကို ဆွေးနွေးနေကြသည်။


ရှေးယခင်က အိမ်ထောင်ပြုရန် စည်းမျဉ်းများစွာရှိခဲ့သော်လည်း ယခုအခါ အစားအသောက်နှင့် အဝတ်အစားများ ရှားပါးလာကာ ယင်းပကာသနများက လူကြိုက်များခြင်းမရှိတော့ပေ။ အခြေခံအားဖြင့် သတ်မှတ်နေ့ရက်ရောက်သောအခါ သတို့သားက သတို့သမီးကို စက်ဘီး သို့မဟုတ် ရထားဖြင့် လာကြိုမည်ဖြစ်ပြီး သတို့သမီးမိသားစု၏အစ်ကိုကြီးက ဇနီးကိုခေါ်၍ သူတို်နှစ်ယောက်နှင့်လိုက်သွားကာ သတို့သားဘက်မှမိသားစုနှင့်ထမင်းစားပြီးနောက် ပြန်လာမည်ဖြစ်သည်။


အိမ်ပြန်ရန်ဆိုသည်က လူတိုင်း၏အဆင်ပြေမှုပေါ်မှာ မူတည်၏။


ခန်းဝင်ပစ္စည်း ကြိုပို့စရာ မလိုသလို စုစုပေါင်း ဝန်ထုပ်ဝန်ပိုးလည်း မရှိပါချေ။မင်္ဂလာဆောင်နေ့မှာ ညီအကိုတွေက ပို့ပေးရုံနှင့် လုံလောက်ပေသည်။


အဖွားကြီးဟန်ကဆို၏။

 “မင်တို့ညီမ အိမ်ထောင်ကျပြီမို့ မင်းညီအကိုလေးယောက် သွားကြည့်ရမယ်”


ဟန်ချင်စုန့်ပြောလိုက်သည်။

 “အစ်ကိုကြီး... စတုတ္ထညီ သွားလို့ရတယ်"


အစ်ကိုကြီးဟန်က ခိုးကြောင်ခိုးဝှက် မျက်လုံးတစ်စုံနှင့် အဓိပ္ပာယ်မရှိသည့်စကားတွေပြောတတ်သည့် ဒုတိယအစ်ကိုဟန်နှင့်မတူဘဲ သူ့တာဝန်ကို ကျေပွန်ကာ ထိုကိုသွားသည့်အခါတွင်လည်း စကားများများစားစားမပြောပေ။ထို့အပြင် လူတော်တော်များများက စားကြမည်ဖြစ်သော်လည်း မချမ်းသာကြသဖြင့် ပိုက်ဆံသိပ်မသုံးကြချေ။


ဟန်ကျင်းယု မူလက အနွေးကုတင်ပေါ်မှာ စိတ်ဓာတ်ကျနေသော်လည်း ဟန်ချင်စုန့် ပြောသည်ကိုကြားရသောအခါတွင် သူမက ချက်ချင်း ခေါင်းမော့ကာပြောလေ၏။


 "အစ်ကို မသွားဘူးလား"


 ဟန်ချင်စုန့် ပြောလိုက်သည်။


 "ငါက လိုက်ဖို့ အရည်အချင်း မရှိဘူး... တခြားသူတွေကို ဖိအားပေးဖို့လည်း အရည်အချင်းမရှိဘူး"


ဟန်ကျင်းယု မပျော်ပေ။

 "အမေ... တတိယအစ်ကိုက ဘယ်လိုမှ မသွားနိုင်ဘူးလား"


တတိယအစ်ကိုသွားပါက သူမကို အထောက်အကူပေးနိုင်ပြီး သိက္ခာမကျအောင်လုပ်နိုင်မည်ဖြစ်၏။ တတိယအစ်ကို မသွားဘူးဆိုပါက လျိုမိသားစုက သူမကို အလေးအနက်ထားပါမည်လော။ ထို့အပြင်သူမက သူမ၏ တတိယအစ်ကိုအား လျိုဟောင်ကျဲကိုမျက်နှာရအောင်လုပ်ပေးရန် လိုလားဆဲဖြစ်သည်။ အချိန်တန်သောအခါ လျိုဟောင်ကျဲ ၏လုပ်ဖော်ကိုင်ဖက်များ၊ ခေါင်းဆောင်များနှင့် အိမ်နီးချင်းများက သူမ၏ တတိယအစ်ကိုဖြစ်သူက ပြည်သူ့လုံခြုံရေးဗျူရို၏ညွှန်မှူးဖြစ်ကြောင်း၊ သူမ မည်မျှမျက်နှာကြီးကြောင်း သိစေချင်၏။


 သို့ပေမဲ့ ဟန်ချင်စုန့်က သူ့အနေဖြင့် အလုပ်ရှုပ်နေသည်ဟု မပြောခဲ့ဘဲ သူ၏ထူးခြားအဆင့်အတန်းက  တခြားသူတွေကို ဖိအားမပေးဟုဆိုသည်အတွက် သူမ လက်မခံ၍မရပေ။ သူမအနေဖြင့် ဟန်ချင်စုန့်ကို သူမမျက်နှာရအောင် ဖိအားပေးလုပ်ခိုင်းရန် အဖွားကြီးဟန်ကို တိတ်တိတ်လေး ချွဲရုံသာတတ်နိုင်သည်။


အဖွားကြီးဟန်က သူမ၏တတိယသားကို ကြည့်ပြီး မကျေမနပ်ဆိုလိုက်၏။


 "တတိယသား...မင်းက တကယ်လွန်တယ်... ဒါက မင်းညီမလေးပါ... အိမ်ထောင်ပြုပြီးတာနဲ့ သူ့ကို စွန့်လွှတ်လိုက်တာမှန်ရဲ့လား"


ဟန်ချင်စုန့်က ပြောလိုက်သည်။


"ကျွန်တော်က မသွားတာမဟုတ်ဘူး...ကျွန်တော့်ရဲ့အနေအထားကမသင့်လျော်တာ...အဲ့ဒါအပြင် တာဝန်တွေကလည်းရှိနေတာ့ ကိုယ့်ကိုယ်ထိန်းချုပ်ဖို့မေ့ပြီး မင်္ဂလာပွဲကို အနှောက်အယှက်ဖြစ်စေလိမ့်မယ်"


သူ့မှာ လုပ်ငန်းခွင်ရောဂါရှိနေရင်ဘယ်လိုလုပ်မလဲ...


လျိုဟောင်ကျဲနှင့်သားအမိနှစ်ယောက်ကြားက ကိစ္စက ရာဇဝတ်မှုမဟုတ်သော်လည်း ဟန်ချင်စုန့်၏အမြင်၌မူ  ကောင်းသည့်ကိစ္စလည်းမဟုတ်ပါချေ။


လော့ဟိုင်ချန် သိပြီးနောက်မှာ ဟန်ချင်စုန့်က ဟန်ကျင်းယုကို လိမ္မာပါးနပ်စွာ ပြောပြခဲ့ပြီး လက်ထပ်ပွဲကို ဖျက်သိမ်းသင့်သည်ဟု အကြံပြုခဲ့သည်။ ဟန်ကျင်းယုက  ထိုကိစ္စက ကြီးကြီးမားမားမဟုတ်မှန်း သူမသိကြောင်း၊ လျိုဟောင်ကျဲက ကြင်နာသောကြောင့် သူမကို ဝန်ခံပြီးသားဖြစ်ကြောင်း ပြောခဲ့၏။သူမက ဟန်ချင်စုန့်ကို လျိုဟောင်ကျဲက လင်းလန် ကြောင့် ပြဿနာဖြစ်စေခဲ့ခြင်းရှိမရှိဖော်ထုတ်ရန် သူ၏အာဏာကိုအသုံးပြုရန်ပါ အထွန့်တက်ခဲ့သေးသည်။


ဥပမာအားဖြင့် ဟန်ချင်စုန့် သဘာဝအတိုင်း ဝင်ရောက်စွက်ဖက်ခြင်း ပြုလိမ့်မည်မဟုတ်ပေ။ အတင်းအဓမ္မ ခွဲရန်က ဝေးရော့ပင်။ သို့ပေမဲ့ ယင်းက သူ လျိုဟောင်ကျဲ နှင့် ပေါင်းသင်းဆက်ဆံလိုသည်ဟု မဆိုလိုချေ။


 ဟန်ချင်စုန့်၏ ငြင်းဆိုချက်ကို မြင်သောအခါ ဟန်ချင်ဟွ အခိုင်အမာ ဝင်ဆိုလိုက်၏။


 "ထားလိုက်ပါ...တတိယအစ်ကိုက အရမ်းအလုပ်များနေပြီး တကယ်ကို အဆင်မပြေဘူး..

  အစ်ကိုအကြီးဆုံးနဲ့ငါ သွားရင်ရပြီ"


 ဒုတိယအစ်ကို ဟန်က ပြောလာသည်။


"ငါလည်း အတူတူသွားလိုက်မယ်" 

ဒုတိယအစ်ကိုဟန်အနေဖြင့် တစ်ချိန်လုံး လျစ်လျူရှုခံခဲ့ရသဖြင့် နောက်ဆုံးတွင် ထပြောလိုက်ခြင်းပင်။


 

Xxxxxxx

Part 488


လက်ထပ်ပြီး မင်္ဂလာဆောင်ခြင်း သို့မဟုတ် မင်္ဂလာပွဲလုပ်ရန် မြို့ကိုသွားရသည်က အလွန်ကောင်းလှ၏။ပြန်လာသည့်အခါ ရက်အတော်ကြာအောင် ကြွားနိုင်ပေလိမ့်မည်။


ဟန်ကျင်းယု : "ဘာသွားလုပ်မှာလဲ...နင်က စားဖို့ပဲသိတာလေ"


ဒုတိယအစ်ကိုဟန်က ချက်ချင်းရှက်သွားပေမဲ့ စိတ်အနှောက်အယှက်မဖြစ်လဲ့ပေ။ သူက ပြုံးပြီးပြောလေသည်။


 "နင်ကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်.. ဘယ်သူက နင်လက်ထပ်ရင်မစားမှာမလို့လဲ"


အဖွားကြီး ဟန်ကပြောလာပြန်၏။

 "ဒါဆို အနွေးကုတင်ဖိဖို့ ကလေးတစ်ယောက် လွှတ်ရမှာပေါ့"


အနွေးကုတင်ဖိသည့် ကောင်လေးတွေက ယေဘုယျအားဖြင့် လေးငါးနှစ် အရွယ် ကောင်လေးတွေဖြစ်ပြီး ကောင်းကောင်းမသိတတ်ကြသေးသော်လည်း ချစ်စရာကောင်းကြသည်။ သူတို့က ရှောင်ဝမ်ကိုဖြစ်စေချင်ကြ၏။


ရှောင်ဝမ်က ချောမောပြီး သန့်ရှင်းပြီး နှုတ်ချိုသည်။ သူ့ကို တစ်ညလောက် အိပ်ခိုင်းပြီး အနွေးကုတင်ဖိစေ ခြင်းသည် မဂ်လာရှိသည်ပင်။


အစ်ကိုကြီးဟန်က ဟန်ချင်စုန့်ကို ကြည့်ပြီး သူ့ပါးစပ်ကို ဖွင့်၍ ရှောင်ဝမ်ကို သွားခိုင်းတော့မည်ပြုချိန်တွင် ဟန်ချင်စုန့်ကပြောလိုက်သည်။


 "ရှောင်ဖူ...ရှောင်ဝမ်က ငယ်သေးတယ်... သူ့အမေနဲ့ခွဲရရင် ငိုလိမ့်မယ်" 


ဟန်ကျင်းယုအတွက် အနွေးကုတင်ကိုဖိရန်မပြောလေနှင့်၊ တခြားတစ်ယောက်အိမ်ကိုသွားပြီး ရွာသားတွေမမြင်ရဘဲ အနွေးကုတင်ဖိရလျှင် လင်းလန်ပျော်မှာမဟုတ်ပေ။


ဟန်ချင်စုန့်က လင်းလန်အကြောင်းကို သိသောကြောင့် သူမအတွက် ပြောလိုက်ခြင်းပင်။


ဟန်ကျင်းယု လုံးဝမကျေမနပ်ဖြစ်သွားပြီး

 "ဘာဖြစ်လို့လဲ...တစ်ခုခုဖြစ်မှာကို ကြောက်နေတာလား...ငါက မထွက်သွားရသေးဘူး ...ငါ့ကို  ကံဆိုးတယ်လို့ သတ်မှတ်ထားတာလား...ဝင်မပတ်သတ်ရဲတာလား"


အဖွားကြီးဟန်လည်း မပျော်ပေ။


ဟန်ချင်ဟွ နှင့်အစ်ကိုကြီးဟန်တို့က အမြန်ကြားဝင်ဖြန်ဖြေကြပြီး အစ်ကိုကြီးဟန်က ရှောင်ဝမ် ကို လွှတ်လိုက်ခြင်းသည် မဆိုးကြောင်း ဟန်ချင်စုန့်ကို စည်းရုံးချင်၏။မည်သို့ပင်စေ သူနောက်မှ လိုက်သွားမည်ပင်။


ဟန်ချင်စုန့်က သူ့ကို အခွင့်အရေးမပေးပေ။


 "ဒါဆိုဒါပဲ..အစ်ကို ကျွန်တော့်ကို လွှတ်ဖို့ အတင်းအကြပ်ပြောရင် ကျွန်တော်မသွားတော့ဘူး...လော့ဟိုင်ချန်နဲ့လျှိုကျန့်ယွမ်ကို အစ်ကိုနဲ့အတူ ခေါ်သွားရမှာက မလွဲမသွေပဲ...သူတို့က နေရာကိုသေချာစစ်ဆေးပြီး တခြားသူတွေကို ကြောက်လန့်စေလိမ့်မယ်...သူများတွေအတွက်မကောင်းဘူးအဲ့ဒါက"


ဟန်ကျင်းယု ဒေါသထွက်လွန်း၍ မျက်ရည်တွေကျလာ၏။


 “ထားလိုက်... ထားလိုက်ပါတော့...နင်က ငါ့ကို ညီမလေးတစ်ယောက်လို မဆက်ဆံဘူး...ငါ မင်းကို တောင်းဆိုနေလို့လား... ငါက ခွေးဝဲစားမဟုတ်ဘူး"


သူမ သေချာတွေးကြည့်ပြီးပြီဖြစ်သည်။ လျိုဟောင်ကျဲက သူမကို အနည်းငယ်အထင်သေးပြီး  သူမကို ဦးနှောက်မဲ့သည့် ပန်းအိုးတစ်လုံးဟုပင် ဟာသလုပ်လိမ့်မည်ဖြစ်ကာ သူမ မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။ တတိယအစ်ကိုကို သူမကို အထောက်အပံ့ပေးရန်နှင့် တလက်စတည်း သူ့ကိုပါအထောက်အပံ့ပေးရန်တောင်ဆိုချင်ခဲ့၏။ထိုမှသာ လျိုဟောင်ကျဲက သူမကိုအထင်ကြီးလမ့်မည်ဖြစ်သည်။


ရလဒ်အနေဖြင့် တတိယအစ်ကိုက လုံးဝ မသွားပါချေ။ သူမ မည်သို့ ဒေါသမဖြစ်ဘဲနေနိုင်မည်နည်း။


ရှောင်ဝမ်ကိုပင် အနွေးကုတင်ဖိသည့်ကောင်လေးအဖြစ်ပင် လုပ်ခွင့်မပြုပေ။ သူမက ဂရုစိုက်လို့လား...


သူမက ဒေါသတကြီးဖြင့်

 "ထားလိုက်...ဘာကိုအနွေးကုတင်ဖိရမှာလဲ... မလိုပါဘူး...ငါ့မှာအနွေးကုတင်တောင် မရှိဘူး...ဘာကိုဖိရမှာလဲ... ငါတို့က မြို့မှာ အိပ်တာ" 


သူမကိုစကားကို ကြားသောအခါ ဟန်ချင်စုန့်က ဘာမှပြန်မပြောပေ။ အချိန်ရောက်ပါက စက်ဘီးပေးမည်ဟုသာပြောပြီး ထွက်သွား၏။


 "အမေ... တတိယအစ်ကိုက သမီးကို သူ့ညီမလို့ လုံးဝမသတ်မှတ်ဘူး" 


ဟန်ကျင်းယုက အဖွားကြီးဟန်ကို ဖက်ပြီးအော်ဟစ်ငိုယိုပါတော့သည်။


သူမကသမီး အိမ်ထောင်ဖက် ကိုရှာတွေ့သည့်အတွက် အဖွားကြီးဟန်ပျော်နေပြီး တောက်ပသောမျက်နှာရှိနေသော်လည်း သူမ စိတ်လည်းညစ်နေ၏။ သူမလက်ထဲမှာကိုင်ထားသည့် ရတနာကို တခြားသူဆီ ပေးဆောင်ရန်နှင့် တခြားယောက်ျားတွေကို ကျွေးမွေးရန် အမြဲတွန့်ဆုတ်နေခဲ့သည်။ ထို့အပြင် လျိုဟောင်ကျဲက သူမသမီးကဲ့သို့  ရွှေခက်ရွေလက် ကျောက်စိမ်းရွက်ကို  သူမလိုမျိုး ရတနာတစ်ပါးအဖြစ် မဆက်ဆံသောကြောင့် အဖွားကြီးဟန် သူမ၏နှလုံးသားထဲတွင် မပျော်ရွှင်နိုင်ပေ။


သူမသည် သူမ၏ တတိယမြောက်သားကို သမီးဖြစ်သူအား ထောက်ပံ့စေလိုသော်လည်း ဟန်ချင်စုန့်က သဘောမတူပေ။


သားအမိနှစ်ယောက် ပွေ့ဖက်ပြီး ငိုကြသည်။

ဟန်ချင်ဟွက သူမကို မဖြောင့်ဖြတော့ဘဲ ဘေးကနေ သက်ပြင်းချလိုက်၏။


အစ်ကိုကြီးဟန်က မမြင်ရက်သည့်အတွက်ပြောလိုက်သည်။


 “မင်းရဲ့ တတိယအစ်ကိုအကြောင်း မပြောစမ်းနဲ့...  မင်း သူတို့ကို ယွမ်ငါးရာ အကြွေးကျန်သေးတယ်…မင်းအစ်ကိုကြောင့် မဟုတ်ရင်...."


 “အစ်ကို... အစ်ကိုကတောင် ငါ့အပေါ် ဒီလိုမျိုးပြောနေတယ်ပေါ့... " 


ဟန်ကျင်းယု ရူးသွပ်သွားပြီး တဟင့်ဟင့်နှင့်ငိုတော့၏။


 "ငါအိမ်ထောင်မပြုတော့ဘူး... ငါအိမ်ထောင်မပြုတော့ဘူး..."


အဖွားကြီးဟန်က လွဲ၍ ဘယ်သူမှ သူမကို မချော့ကြဘဲ သူမဘာသာတစ်ယောက်တည်း တဟင့်ဟင့်လု​ပ်ခိုင်ထားကြသည်။ ဝအောင်ငိုပြီးသောအခါရပ်တန့်သွားလိမ့်မည်။


ဟန်ကျင်းယုက   သူမ လက်ထပ်မှာမဟုတ်ဘူးဟုအကြိမ်တစ်ရာ ပြောခဲ့သော်လည်း ပဉ္စမနေ့ရောက်သည့်အခါမှာ သူမက တခြားသူတွေထက် ပိုစိတ်လှုပ်ရှားနေပြီး အဝတ်အစားတွေထဝတ်နေ၏။


 ဒုတိယချွေးမဟန်က လှောင်လိုက်သည်။ "သူတို့ မနက်ဖြန် မရောက်မချင်း လာမှာမဟုတ်ဘူး... နင်ဘာလို့ ဝတ်နေတာလဲ"


 ဟန်ကျင်းယု: "နင် မနာလိုဖြစ်နေတာပဲဖြစ်ရမယ်" 


ဒုတိယချွေးမဟန်က နှုတ်ခမ်းမဲ့ကာပြော၏။

"ငါက မနာလိုဖြစ်ရမယ်ပေါ့...နင်ဘဝက ဘယ်လိုမလို့လဲ... ကောင်းမွန်တဲ့အစားအသောက်စားဖို့ မြို့ကလူကိုလက်ထပ်လိုက်တာလေ"


 သူမ၏မှတ်ချက်များက သဘာဝအတိုင်း ပုတ်ခတ်ပြောဆိုခြင်းပင်။လျိုဟောင်ကျဲက ကောင်းမွန်သည့်အထောက်အပ့ံရမည်ဖြစ်ေသာ်လည်း ဟန်ကျင်းယုက မရပေ။ သူမ၏အိမ်ထောင်စုစားရင်းက ဆင်ခြေဖုံးရပ်ကွက် ကွန်မြူနတီမှာသာ မှတ်ပုံတင်ခဲ့သည့်အတွက်  ထိုမှာပဲ အလုပ်မှတ်တွေရရန် အလုပ်ရမည်ဖြစ်၏။


ဟန်ကျင်းယု  သူမပျော်နေသဖြင့် ထိုဟာကို မကြားလိုက်ဘဲ ဒုတိယယောက်မက သူမကို မနာလိုဖြစ်နေသည်ဟုပဲထင်ခဲ့သည်။ အဝတ်အစားဝတ်ပြီးနောက် ညဘက်တွင် မျက်နှာကို သစ်ရန် စိတ်မ၀င်စားသောကြောင့် တစ်ညလုံး သူမအဝတ်အစားဖြင့် အိပ်ခဲ့သည်။ နောက်နေ့မနက်စောစော မိုးမလင်းခင် အိပ်ရာထလိုက်၏။


 မနေ့ညက အစ်ကိုကြီးဟန်က သူမနှင့်အဖွားကြီးဟန်ကို သတိပေးခဲ့သည်။


 "ခယ်မတွေနဲ့ အဒေါ်တချို့ဆီ အရင်သွားပြီး သဘောတူညီချက်ရအောင်လုပ်သင့်လား... မနက်ဖြန်မနက် ငါ့ညီမအတွက် သေတ္တာဖွင့်ဖို့ လာအောင်လေ"


လက်ထပ်ပြီးသောအခါ တစ်မိသားစုတည်းရှိ  အဒေါ်များနှင့် ယောင်းမများတို့သည် သတို့သမီးအား နှုတ်ဆက်ရန် လာရောက်ကြပြီး သတို့သမီးအား ခန်းဝင်ပစ္စည်းကူထုပ်ပေးကာ မျက်နှာကိုခြယ်သ၊ ဆံပင်ကို ဖြီးသင်၍ သပ်သပ်ရပ်ရပ် သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ သူမနှင့်အတူ သတို့သားက လက်ထပ်ရန်လာသည်အထိ စောင့်ပေးကြသည်။


Xxxxxxx