Part 489
အဖွားကြီးဟန်ကလည်း ထိုသို့တွေးခဲ့သော်လည်း ဟန်ကျင်းယုက နှာခေါင်းရှုံ့လျက်ဆို၏။
"ဒီလိုပွဲကြီးကို လာရတာ ကောင်းချီးတစ်ခုပဲ... ဘယ်သူက မပျော်ဘဲနေမှာလဲ... ခေါ်နေရဦးမှာလား"
သူမအမြင်အရ သာမန်အမျိုးသမီးတွေက ပျော်ပွဲရွှင်ပွဲများကို နှစ်သက်ကြပြီး လူတိုင်းပါဝင်ဆင်နွှဲလိုသောကြောင့် ခေါ်ဆိုရန်မလိုအပ်ပေ။ ခေါ်ရမယ်... ဘယ်လောက် ရှက်ဖို့ကောင်းလဲ...သူတို့ ဝိုင်းအုံလာရင် သူမ စိတ်အနှောက်အယှက်ဖြစ်နေရဦးမယ်...
သူတို့အားလုံး လာမည်ဆိုသည်က သေချာပြီး သူတို့ကို ဖိတ်ကြားရန် လုံးဝ မလိုအပ်သောကြောင့် သူမ မခေါ်ခဲ့ပေ။
သူမ အစ်ကိုကြီးဟန်ကို မခေါ်သလို သဘာဝအတိုင်း သူမသည် အမျိုးသမီးအုပ်စုထဲသို့ ဝင်လိမ့်မည်မဟုတ်ပေ။
ရလဒ်အနေဖြင့် ဟန်ကျင်းယု နောက်တစ်နေ့တွင် အိပ်ရာမှထကာ အချိန်အတော်ကြာအောင် စောင့်ခဲ့သော်လည်း တံခါးဝသို့ လာသူမရှိခဲ့ပေ။
ဟန်ကျင်းယု အံသြသွားသည် ။ယခုအချိန်တွင် သူမသည် လူကြိုက်မများကြောင်း သူမသတိမထားမိခဲ့ပေ။သူမကို အခြားသူများက မနာလို၍ သူမစိတ်ညစ်အောင် တမင်တကာပင် မလာကြခြင်းဖြစ်လောက်မည်ဟုထင်ခဲ့၏။သူမက အဖွားကြီးဟန်ကိုပင် ငိုယိုကာပြောလိုက်သေးသည်။
"လင်းလန်လုပ်တာပဲဖြစ်ရမယ်"
အစ်ကိုကြီးဟန်က ဆွံ့အသွား၏။ သူယခုကဲ့သို့ အရာမျိုး မမျှော်လင့်ထားခဲ့ပေ။
“မင်းရဲ့ တတိယယောက်မနဲ့ ဘာဆိုင်လို့လဲ... မဟုတ်တဲ့ စကားမပြောနဲ့”
ဟန်ကျင်းယု မူလက သူမကို အနှောက်အယှက်ပေးသော အမျိုးသမီး အများအပြားက သူမကို လာရောက် ဝိုင်းပွတ်သပ်ကြမည်ဟု စိတ်ကူးယဥ်ထားပြီး တံခါးဝကို ဘယ်သူမှ မလာဟု မည်သို့ သိပါမည်နည်း။ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲလို့...
သူမ လက်မမခံနိုင်ဘူး...
နောက်ဆုံးတွင် အစ်ကိုကြီးဟန်အနေဖြင့် ပထမချွေးမဟန်၊ လင်းလန်၊ ဒုတိယချွေးမဟန်၊ကျန်းချိုက်ဟုန်နှင့် အခြားခယ်မတွေ၏ အဒေါ်တွေကို ခေါ်ရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
ဟန်ကျင်းယုက အခြားသူများအပေါ် အမြဲဂုဏ်ဝင့်တတ်၊ မထီမဲ့မြင်ပြုတတ်ကာ သူ့ယောက်မများကို ဆိုးဆိုးရွားရွား ဆက်ဆံတတ်သည်။အခြားသူများနှင့်ဆို ပို၍ ဆက်ဆံရေး ညံ့ဖျင်းပြီး အပေါက်ဆိုးလေရာ သဘာဝအတိုင်း သူမဆီလာပြီး အဆင်မပြေအဖြစ်မခံလိုကြပေ။ ယခု အစ်ကိုကြီးဟန်က သူတို့ကို ဖိတ်လာလေရာ သူတို့အနေဖြင့် ကူညီမည်ဟုသာပြောလိုက်ကြရသည်။
များမကြာမီ အမျိုးသမီး ခုနစ်ဦး ရှစ်ဦး ခန့်ရောက်လာပြီး ကူညီပေးခဲ့၏။
ဟန်ချင်စုန့်လည်း လာကြည့်ဖို့ လာကြည့်ခဲ့သည်။အမှန်တွင် သူတို့ အကူအညီ မလိုပေ။ညီမဖြစ်သူ အိမ်ထောင်ကျပြီး အစ်ကို နှင့်ယောက်မတို့ တက်ရောက်ရသည်က ပုံမှန်ဖြစ်၏။
ရလဒ်တစ်ခုအနေဖြင့် တစ်မနက်လုံးသာကုန်သွားသော်လည်း လျိုမိသားစုမှ မည်သူ့ကိုမျှ မမြင်ရပေ။
ဟန်ကျင်းယု ဒေါသထွက်လွန်း၍ ငိုယိုပြီး ဖိနပ်ကို လွှင့်ပစ်ကာ နောက်ထပ် အိမ်ထောင်မပြုတော့ဘူးဟုဆိုပါတော့သည်။
ကျန်းချိုက်ဟုန်နှင့် တခြားယောက်မတွေက ဟန်ကျင်းယုကို အမှုထမ်းပြီးသွားကာ သတို့သာ ဆွေမျိုးတွေကို ခေါ်လာပြီး လာကြိုမည်ကို စောင့်နေကြခြင်းဖြစ်၏။ နေ့လည်ထိတိုင် ရောက်မလာဟု သူတို့မည်သို့ သိပါမည်နည်း။ သူတို့ ဒီမှာ အချိန်ကုန်မခံနိုင်ပေ။ အိမ်ပြန်ပြီး သားသမီးတွေကို ချက်ပြုတ်ကျွေးမွေးရဦးမည်။
ပထမချွေးမဟန်က အစ်ကိုကြီးဟန်ကို ပြောလိုက်၏။
"လူတွေ လူကူကြတာလေ...သကြားတုံးနှစ်ခုတောင်မပေးနိုင်ဘူးလား ....."
သကြားလုံးတွေ၊မြေပဲတွေ၊သကြားတုံး တွေကို လက်လွှတ်ဖို့ ဝန်လေးတဲ့သူတွေက အဆင်မပြေနိုင်ဘူး ဟုတ်တယ်မလား...
အစ်ကိုကြီးဟန်က : "ကျင်းယုရဲ့ ခရီးဆောင်အိတ်ထဲမှာ အကုန်ပါတယ်...ယောက္ခမအိမ်သွားဖို့ မလုံလောက်လို့... မိဘအိမ်မှာ ခွဲထားခဲ့မှာ မဟုတ်ဘူး"
ပထမချွေးမဟန် : ဟီးဟီး ဟီးဟီး ထွက်သွားစမ်းပါ...
သူမက လင်းလန်ကိုတိုးတိုးလေးပြော၏။
“ ယောက္ခမအိမ်ကို မရောက်ဖူးသေးပါဘူး... အဲ့ဒါတောင် အမေ့မိသားစုကို လူလိုမဆက်ဆံဘူး”
အဒေါ်ဖြစ်သူရဲ့ လက်ထပ်ပွဲကို ဘာလို့အခွင့်ကောင်းမယူရမှာလဲ...တူနဲ့တူမလေး ကောင်းတာတစ်ခုခုစားရသင့်တယ်မလား...ေတာ်တော်ကောင်းတဲ့ဒေါ်လေးပဲ... သကြားလုံးတစ်ဗူးနဲ့ မြေပဲတစ်ဗူးကို ယောက္ခမအိမ်နဲ့ဝေမျှဖို့ သူ့လက်ထဲမှာ လက်ဝါးကြီးအုပ်ထားတယ်...
အဲ့ဒါက ယောက္ခမဘက်က လုပ်ရမှာမဟုတ်ဘူးလား...
သကြားတုံးသည် အမှန်တကယ်ရရှိရန်ခဲယဉ်းသော သကြား၊ကြက်ဥနှင့်ဂျုံမှုန့်တို့ဖြင့်ပြုလုပ်ထားခြင်းဖြစ်၏။ စင်တီမီတာဝက်ခန့်ထူသောကိတ်မုန့်ကိုထုတ်ကာ ဓားဖြင့်လှီးဖြတ်ပြီး ဖွဲနုထည့်ကာ အိုးကြီးတစ်လုံးထဲတွင် မွှေကြော်ရသည်။ ကြော်ပြီးပါက အရသာက ကြွပ်ရွ ချိုမြိန်ကာ မွှေးပြီး ကလေးတွေ အကြိုက်ဆုံးပင်။
တစ်ယောက်ယောက် လက်ထပ်ပြီးသည့်အခါ သူတို့အားလုံး ပျော်ပျော်ပါးပါး သွားကြပြီး ယင်းက သူတို့လိုချင်သည့်ဟာဖြစ်၏။
ဟန်ကျင်းယုက တကယ်ကို အလုံပိတ်သိမ်းထားတယ်....
ဤသည်က တကယ့်ကို ရှားလှသည်။သူမက စည်းမျဥ်းတွေကို နားမလည်ရင်တောင် အဘွားကြီးဟန်ကတော့ နားလည်းရမှာမဟုတ်ဘူးလား...
လင်းလန်က ဘာပြန်ပြောရမှန်းကို မသိတော့ပေ။
"ထားလိုက်ပါ... ထားလိုက်...သူလုပ်ချင်တာ လုပ်ပါစေ... သူ့ကို လွှတ်လိုက်ရတော့မှာပဲဟာ... ဂရုမစိုက်ဘူး"
အဆုံးမှာကား လျိုဟောင်ကျဲက နေ့လည်ထိတိုင် မရောက်သေးချေ။
ဟန်ကျင်းယုက သေလုမြောပါး ငိုနေပြီဖြစ်ပြီး အခြားသူများ၏အိမ်မှ ယောင်းမနှင့် အဒေါ်များက သူတို့အား သဘာဝအတိုင်း အနှောင့်အယှက်မပေးချင်သောကြောင့် အားလုံးက အကြောင်းပြချက်ကိုယ်စီဖြင့် အိမ်ပြန်ခဲ့ကြသည်။
မကြာခင်မှာပဲ မိသားစုထဲမှာ ညီအစ်ကို မောင်နှမ အနည်းငယ်သာ ကျန်တော့၏။
ဟန်ချင်ဟွက ဒေါသတကြီးပြောသည်။
"ဒီလျိုဟောင်ကျဲကတော့... တတိယအစ်ကို...သွားကြည့်ရအောင်"
ဟန်ချင်စုန့်ကဆိုလိုက်သည်။
"ခဏစောင့်ဦး... လက်ထပ်ဖို့ ကတိပေးထားတဲ့အတွက် ကတိကို ဖျက်မှာမဟုတ်ဘူး"
သူက ပြည်သူ့လုံခြုံရေးဗျူရိုက မဟုတ်သည်ကို မပြောနှင့်၊သတို့သမီး၏မိသားစုမှာ ညီအကိုလေးယောက်နှင့်ပင် သိပ်ပြီး ပေါ့ဆနေရဲမှာမဟုတ်ချေ။တစ်ခုခုဖြစ်နေသည်ပဲ ဖြစ်ရမည်။
ထိုအချိန်တွင် ဟောင်ထျန်းနှင့်တဝမ်တို့ ညီအကို မောင်နှမတွေလည်း ရောက်လာကြ၏။ အဒေါ်ဖြစ်သူက အိမ်ထောင်ပြုသည်ဖြစ်လေရာ တူတွေ တူမတွေအနေဖြင့်လည်း လာတွေ့ရပေမည်။
ဟန်ကျင်းယုက အခန်းထဲတွင် အလွန်စိတ်လှုပ်ရှားနေပြီး သူတို့ကိုမြင်သောအခါတွင် သူမ ဒေါသပြန်ထွက်လာပြန်ကာဆိုလိုက်သည်။
"လူတွေကို ရှေ့ကိုပဲတိုးကြတာ နောက်ပြန်ဆုတ်ခိုင်းတာမဟုတ်ဘူး... မင်းတို့ ဘာလို့ဒီကိုရောက်နေတာလဲ... စိတ်အနှောက်အယှက်ဖြစ်ဖို့ မလုံလောက်သေးဘူးလား"
သူမက ထိုသို့ပြောသည့်အခါ တဝမ်က လှည့်ပြီး သူ့ညီ/ညီမငယ်တွေကို ခေါ်ထွက်သွား၏။အဒေါ်ဖြစ်သူလက်ထပ်သည်ကိုပင် သားသမီးတွေကို မလွှတ်ဟူ၍ လူတွေက သူ့မိဘတွေကို ကျင့်ဝတ်မသိတတ်ဟုစွပ်စွဲမည်စိုးသဖြင့် ယဉ်ကျေးမှုအရသူတို့ဤကို လာခဲ့ခြင်းဖြစ်သည်။ သူတကယ်မလာလျှင်လည်း သူ့အဒေါ်က တကယ်အလေးအနက်ယူနေဦးမည်ဖြစ်၏။
တဝမ်ထွက်သွားသည်ကိုမြင်သောအခါ ဟန်ကျင်းယု ဒေါသထွက်လာပြန်သည်။
"စကားလေးတစ်ခွန်းတောင်အပြောမခံဘူး... မင်းမျက်လုံးထဲမှာ ငါ့ကိုအဒေါ်လို့ရောမြင်သေးရဲ့လား...ဒီနေရာမှာ မင်းလိုငယ်တဲ့လူရှိလို့လား"
စာရေးသူမှာ ပြောစရာရှိပါတယ်..
အောင်မြင်တဲ့ယောက်ျားနောက်ကွယ်မှာ ကြီးမြတ်တဲ့မိန်းမရှိရမယ်၊ အောင်မြင်တဲ့မိန်းမတစ်ယောက်ရဲ့နောက်မှာ ယောက်ျားတစ်ယောက်ရှိရမယ်လို့ပြောကြတယ်... ညွှန်မှူးဟန်က ဆရာမလင်းရဲ့နောက်ကွယ်မှာ ယောက်ျားပါ...
ညွှန်မှူးဟန်: မစ္စလင်းရဲ့ရှေ့ရောနောက်ရောက ယောက်ျားတွေ အားလုံးက ငါပဲ ...
စန်းဝမ် : ကျွန်တော့်မားမားရဲ့ယောက်ျားနဲ့ကောင်လေးက ကျွန်တော့်အဖေပဲဖြစ်ရမယ်... သူများတွေစိတ်မပူပါနဲ့...ကိုယ့်ကိုကိုယ်သာ ရှေ့သွားတွေကို လောက်လေးခွနဲ့အပစ်မခံရအောင် သတိထားပါ ~~~
Xxxxxxx
Part 490
သူတကယ်မလာလျှင်လည်း သူ့အဒေါ်က တကယ်အလေးအနက်ယူနေဦးမည်ဖြစ်၏။
တဝမ်ထွက်သွားသည်ကိုမြင်သောအခါ ဟန်ကျင်းယု ဒေါသထွက်လာပြန်သည်။
"စကားလေးတစ်ခွန်းတောင်အပြောမခံဘူး... မင်းမျက်လုံးထဲမှာ ငါ့ကိုအဒေါ်လို့ရောမြင်သေးရဲ့လား...ဒီနေရာမှာ မင်းလိုငယ်တဲ့လူရှိလို့လား"
အဖွားကြီးဟန်ကလွဲ၍ သူမကို ကူညီမည့်သူမရှိပေ။ ပထမချွေးမဟန်က ဟောင်ထျန်းနှင့်ကုမိန်ကိုပင် ထွက်သွားခိုင်းလိုက်ပြီး သူမမျက်နှာကို မထောက်ပေ။
လူကြီးများက ဤနေရာကို မိသားစု တာဝန်အရရောက်နေခြင်းဖြစ်ပြီး သူမ မည်မျှပင် အဖြစ်ဆိုးသည်ဖြစ်စေ လူတွေက ရယ်မောကြပေလိမ့်မည်။
ဟန်ကျင်းယု အိမ်မှာ ငိုယိုပြီး စိုးရိမ်တကြီးဖြစ်နေခဲ့၏။နောက်တစ်နာရီလောက်ကြာသောအခါ ယောက်ျားနှစ်ယောက်နှင့်မိန်းမနှစ်ယောက်ရောက်လာခဲ့သည်။ထိုလူရောက်လာသည်ကိုတွေ့သောအခါ ဟန်ကျင်းယုက သူမခေါင်းကိုလှည့်ပြီး လက်မထပ်ဘူးဟုအော်ဟစ်လျက် အိမ်ထဲကို ပြေးဝင်သွား၏။
ထုံးစံအတိုင်း သူမကို ဘယ်သူကမှ ဂရုမစိုက်ဘဲအစ်ကိုကြီးဟန်နှင့် ဖျော်ဖြေရေးသမားတွေက သူမကို လာကြိုဆိုကြသည်။
ယောက်ျားနှစ်ယောက်ထဲက တစ်ယောက်က နူးညံ့သိမ့်မွေ့ပြီး နောက်တစ်ယောက်က အရပ်ရှည်ပြီး တုတ်ခိုင်၏။ အမျိုးသမီး နှစ်ယောက်ထဲက တစ်ယောက်က မြို့သူတစ်ယောက်လို ပြုံးပြုံးရွှင်ရွှင်နှင့်ဖြစ်ပြီး အခြားတစ်ယောက်က ညိုတုတ်တုတ်ဖြင့် တောသူတစ်ယောက်နှင့်တူသည်။
သူတို့က စက်ဘီးကိုတွန်းပြီး အစားအသောက်ပုံးနှစ်ပုံးကို သယ်သွားကြ၏။
ဟန်ကျင်းယု၏ယောက္ခမမိသားစုမှပြောခဲ့သော လက်ဖွဲ့များသည် စက်ဘီး၊ ရေဒီယိုနှင့် နာရီများပါဝင်ပြီး သဘာဝအတိုင်း ဟန်မိသားစုထံ ပေးပို့ရန်မလိုအပ်ပေ။သူ့ဆွေမျိုးတွေကို ကြိုဆိုရန် စက်ဘီးစီးရသောကြောင့် လျိုဟောင်ကျဲက သူလက်ထပ်ပြီးချိန်မှာ သူ့နာရီကို ဟန်ကျင်းယုဝတ်ရန် ကို ပေးခဲ့ပြီး ရေဒီယိုကို အိမ်သစ်မှာ သိမ်းဆည်းခဲ့သည်။
ထို့ကြောင့် သတို့သမီးအိမ်မှာ သတို့သမီးနှင့် သတို့သားအတွက် ကျွေးမွေးရန် အစားအသောက်နှစ်မျိုးကို ဤသို့ယူလာပေးခဲ့၏။ ပြောရမည်ဆိုပါက လူတော်တော်များများမှာ ထိုပစ္စည်းများ မရှိကြသည့်အတွက် မဆိုးလှပေ။
အစ်ကိုကြီးဟန်က မေးလိုက်သည်။
"လျိုဟောင်ကျဲ ဘယ်မှာလဲ”
သူက ချွေးတွေကို သုတ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေး တောင်းပန်လိုဟန်ဖြင့် ပြောလာ၏။
“အမ်း … ဒါလည်း ကံမကောင်းတာလို့ပြောရမှာပေါ့... ဟောင်ကျဲက လမ်းမှာ စက်ဘီးစီးရင်း ကျောက်တုံးပေါ် လဲကျသွားတာ...ခြေထောက်ညှပ်ပြီးအဆစ်လွဲသွားလို့ ဒီကို လာလို့မရတော့ဘူး... တစ်ယောက်ယောက်က သူ့ကို ဆေးရုံခေါ်သွားတယ်... ပြီးရင် ဟောင်ကျဲ ဆွေမျိုးတွေကို တွေ့ရအောင် စက်ဘီးတွန်းပို့ပေးလိမ့်မယ်"
မြို့သူ အမျိုးသမီးကလည်း ဟုတ်သည်ဟုဆိုလေ၏။
၎င်းကို အခန်းထဲရှိ ဟန်ကျင်းယု ကြားသောအခါ ဒေါသတကြီးပြောလိုက်သည်။
"ဒါက ငါ့အတွက် လထူးလမြတ်လေ... ငါ့ကို အပြစ်ပြောလို့ မရဘူး"
"ညီမ...နောက်ကျနေပြီ... ငါတို့ အမြန်လုပ်ရမယ်... ဘာလို့ စောစောထမင်း မစားရမှာလဲ... ”
ကြင်နာတတ်သော အမျိုးသမီးက ပြတင်းပေါက်ကနေ လှမ်းဖြောင့်ဖြ၏။
အခန်းထဲရှိ အဖွားကြီးဟန်နှင့်ဟန်ကျင်းယုတို့က အင်တင်တင်ဖြစ်နေတုန်းပင်။
အစ်ကိုကြီးဟန်က ပထမချွေးမဟန်နှင့် လင်းလန်တို့ကို သူတို့အား ဖြောင့်ဖြပေးစေလိုသောသဘောဖြင့် စိုးရိမ်တကြီးကြည့်လိုက်သည်။
လင်းလန်က မလှုပ်၊သူမ တစ်ယောက်တည်း မသွားချင်ပေ။ ပထမချွေးမဟန်က တုံ့ဆိုင်းနေသည်။ သူမအနေဖြင့်မူ ဟန်ကျင်းယုကို မုန်းသော်လည်း ယင်းက ဟန်မိသားစုဟောင်း၏ မျက်နှာနှင့်လည်း သက်ဆိုင်နေ၏။
ဟန်ချင်စုန့်က သူမအရင် ဝင်သွားပြီး ဟန်ကျင်းယုကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။
"မင်း လက်မထပ်ချင်ဘူးဆိုရင် ထားလိုက်... အခုမှနောင်တရဖို့ အရမ်းနောက်ကျသွားပြီ"
သူက အမှန်အတိုင်းပြောနေသော်လည်း ဟန်ကျင်းယုကမူ သူက သူမကို ဟာသလုပ်နေသည်ဟု ထင်ပြီး ချက်ချင်း မြေပြင်ပေါ်က ခုန်ချကာပြောလေ၏။
"ငါက ပစ္စည်းတွေ ထုပ်ပိုးနေတယ်မဟုတ်ဘူးလား"
ဟန်ချင်ဟွက ရယ်ပြီးဆိုလိုက်သည်။
"ထုပ်ပိုးလိုက်...မြန်မြန်ထ..မင်္ဂလာအချိန်ကို အလွတ်မခံနဲ့"
အပြင်မှာ ရောက်လာသည့်လူအနည်းငယ်ကပဲ ဆွေမျိုးတွေကို ကြိုဆိုရန် နှင့် ဟန်မိသားစုကို နှုတ်ဆက်ရန် အချိန်ရပြီး သူတို့အကုန်လုံးကလည်း ဟန်ကျင်းယုကို သိကြသည်။
နူးညံ့သိမ်မွေ့သူနှစ်ယောက်က လင်မယားဖြစ်ပြီး ယောက်ျားဖြစ်သူမှာ လျိုဟောင်ကျဲ၏ စက်ရုံမှ လုပ်ဖော်ကိုင်ဖက် လီကျောက်လုံဖြစ်သည်။တုတ်တုတ်ခိုင်ခိုင်များမှာလည်း လင်မယားဖြစ်ပြီး လျိုဟောင်ကျဲ၏ မွေးရပ်မြေမှ ဝမ်းကွဲ လျိုတချယ်တို့ ဖြစ်သည်။
တောင်းပန်နေစဉ် လီကျောက်လုံက သူ့အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို အဘိုးကြီးဟန် နှင့် အစ်ကိုကြီးဟန်တို့နှင့် မျှဝေရန် ထုတ်ယူလိုက်သည်။
အဘိုးကြီးဟန်က စီးကရက်ကို တွန့်ဆုတ်စွာမယူခင် ခေါင်းယမ်းပြသေးသော်လည်း သူတကယ်တော့ မငြင်းချင်ပေ။ အစ်ကိုကြီးဟန်က ဆေးလိပ်မသောက်ပေ။ ဒုတိယအစ်ကိုဟန်ကလည်း ဆေးလိပ်မသောက်သော်ငြား စီးကရက်အနည်းငယ်ကို ယူကာ နားရွက်ကြားမှာ တစ်လိပ်စီ ညှပ်ထားလိုက်သည်။ ကျေးလက်သို့သွားသော ကေဒါများ ယခုလိုလုပ်သည်ကို သူမြင်ဖူး၏။
လီကျောက်လုံက ဟန်ချင်စုန့်ကို စီးကရက်တစ်လိပ်ကို ပေးလိုက်ပြန်သော်လည်း ဟန်ချင်စုန့်က ခေါင်းခါသည်။
"တော်ပြီ"
လီကျောက်လုံက ပြုံးရုံသာပြုံးပြီး အဘိုးကြီးဟန်အတွက် မီးခြစ်ဆံတစ်ခုခြစ်ကာ စီးကရက် မီးညှိပေးလိုက်ကာ ဒုတိအစ်ကို ဟန်အတွက်လည်း မီးညှိပေးလိုက်သည်။ သူက စီးကရက်တစ်လိပ်သောက်ရင်း လူတချို့နှင့် စကားပြောနေ၏။သူက ကြင်နာတတ်ပြီး လယ်လုပ်ငန်းအကြောင်း၊ အလုပ်မှတ်၊ ရွာရှိ ရိတ်သိမ်းမှုနှင့် လာမည့်နှစ် နှင်းကျပြီးနောက် စပါးရိတ်သိမ်းချိန်အကြောင်းတွေကို ပြောလေသည်။ဤသည်က ရွာသူရွာသားတွေ ဝင်ပြောချင်ကြသည့်ခေါင်းစဥ်တွေပဲဖြစ်၏။
ဟန်ချင်စုန့်: "လျိုဟောင်ကျဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားလား"
လီကျောက်လုံက ခါးသီးစွာ ပြုံးလိုက်ပြီး
"နည်းနည်းတော့ ပြင်းတယ်...သူ့ခြေကျင်းဝတ်က အဲဒီတုန်းက ရောင်နေတာ...သူက အံကြိတ်ပြီး ဆက်လုပ်ချင်နေသေးတာ... ဒါပေမယ့် အရမ်းရှက်စရာကောင်းလို့ သူ့ကိုမလာခိုင်းလိုက်တာလေ...မြင်မကောင်ရှုမကောင်းမဖြစ်အောင်လို့"
ဟန်ချင်စုန့်က ခေါင်းညိတ်ပြီး
"ကြွက်သားနဲ့အရိုးတွေနာနေတာ... သူတို့ကို သေချာဂရုစိုက်ပါ"
ထိုနေရာ၌ လီကျောက်လုံ၏ဇနီးက လျိုဟောင်ကျဲ ဒဏ်ရာရသွားသည့်အကြောင်း ရှင်းရှင်းလင်းလင်းပြောပြသည် ဟန်ကျင်းယု ကြားခဲ့ရ၏။ ယခုမူ သူမက ဒေါသမထွက်ဘဲ သေမတတ်စိတ်စောနေကာ ချက်ချင်း ထွက်သွားချင်နေသည်။
လီကျောက်လုံ၏ဇနီးက ဘာပဲဖြစ်ဖြစ် အခမ်းအနားကျင်းပရသည်က ထုံးစံဖြစ်ပြီး စားရမည်ပြော၏။
ဟန်ကျင်းယု ဆန္ဒစောလာပြီး အဖွားကြီးဟန် မြန်မြန်ထဖို့ တိုက်တွန်းကာ ပထမချွေးမ၏အံကြိတ်မှုကိုလည်း မကျေမနပ်ဖြစ်နေသည်။
"ဘာလုပ်နေတာလဲ...တစ်မနက်လုံး ဘာတွေလုပ်နေမှန်းမသိဘူး"
သူမက ထိုသို့ပြောရင်း လင်းလန်ကို ခက်ထန်သောအကြည့်တစ်ချက်ပေးလိုက်၏။
"ငါ့ကို အမိန့်ပေးဖို့ မမျှော်လင့်နဲ့"
ဟန်ချင်ဟွက သူမကို တွန်းလိုက်ပြီး
"ညီမလေး... အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့...နင်လက်ထပ်ပြီးရင် ငါတို့တွေ တစ်နှစ်ပတ်လုံး မတွေ့ရတော့ဘူးဆို...အဲအခါကျမှ နင့်ရဲ့အစ်ကိုနဲ့ယာက်မက ဘယ်လောက်ရင်းနှီးမှန်းနင်သိလိမ့်မယ်"
"ငါပြောတာက သူတို့ပိုက်ဆံရော အသားရောကုန်မှာမှမဟုတ်တာ"
ဟန်ကျင်းယု မခံမရပ်နိုင်ဖြစ်နေသည်။ ယောက်မသုံးယောက်ကလွဲ၍ သားသမီးတွေကို သူမမတွေ့ရပေ။ ကုမိန်ကိုမပြောနှင့်၊ တဝမ်နှင့်မိုင်စွေ့ကိုပင် မမြင်ရပေ။
"ငါ့တူ၊တူမတွေ ဘယ်မှာလဲ...အဒေါ်က လက်ထပ်တာကို သူတို့က လာမကြည့်ဘူးလား"
Xxxxxxx