Part 491
"ငါ့ တူ၊တူမတွေ ဘယ်မှာလဲ...အဒေါ်က လက်ထပ်တာကို သူတို့က လာမကြည့်ဘူးလား"
လင်းလန်: နင်ဘယ်သူလဲ... နင့် ကိုယ့်ကိုကိုယ်မှတ်မထားဘူးလး... နင် သူတို့ကို ခုနကပဲ မောင်းထုတ်ခဲ့တာ မဟုတ်ဘူးလား...အတိတ်မေ့ရောဂါ ခံစားနေရတာလား...
ဟန်ကျင်းယုက အဘွားကြီးဟန်နှင့်အစ်ကိုကြီးဟန်ကို သူမမိသားစုက သူမကို မလေးစားဘူးဟု မကျေမနပ်ညည်းညူပြလေ၏။
"ငါကတော့ ငါတူ၊တူမလေးတွေကို သကြား တုံးလေးတွေ မျှပေးချင်သေးတယ်"
ထိုနေရာတွင်ရှိနေသည့် တဖူ၊ကောင်းလျန့်နှင့်ရှောင်ဖူတို့က သကြားစစ်တုရင်တုံး ဝေမျှမည်ဟု ကြားသည်နှင့် ချက်ချင်းပြေးလာပြီး "ဒေါ်လေး...ဒေါ်လေး"ဟုအော်ကြသည်။
တဖူ၏ဆံပင်များက ရှုတ်ထွေးနေပြီး ပေါင်းပင်များကဲ့သို့ဖြစ်နေလျက် သန်းများ တွားသွားနေသည်ကိုပင်မြင်နေရကာ ကောင်းလျန့်ကလည်း ညစ်ပတ်နေပြီး တဖူကနှပ်ချေးတွဲလဲဲဖြစ်နေသည်ကို ဟန်ကျင်းယု မြင်လိုက်ရ၏။
လင်းလန်၏ မိသားစုမှ ကလေးများနှင့် နှိုင်းယှဥ်ကြည့်ပါက မိုးနှင့်မြေကဲ့သို့အလှမ်းဝေးနေသည်။ ရုပ်မဆိုးမှန်းသိသာသည့်အပြင် ကြည့်ရသည်ကား သေအောင်ဆိုး၏။ အထူးသဖြင့် ဆောင်းဦးနှောင်းပိုင်းကတည်းက သူတို့ကရေမချိုးကြပေ။လအနည်းငယ်ကြာပြီးနောက်တွင် သဘာဝအလျောက် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် စူးရှသောအနံ့နှင့် မနှစ်မြို့ဖွယ်ကောင်းသောအနံ့များကို ရှိနေ ကြသည်။
သူမ နှာခေါင်းကို ချက်ချင်းအုပ်ပြီး စိတ်မရှည်စွာ လက်ဝှေ့ယမ်းကာပြောလိုက်၏။
“ထွက်သွား... နံစော် နေတာပဲ”
အစ်ကိုကြီးဟန်က မစောတော့သည်အတွက် မင်္ဂလာဝိုင်ကို စောစောသောက်သင့်သည်ဟုဆိုလိုက်သည်။
လီကျောက်လုံ နှင့် အခြားသူများ ယူဆောင်လာသော အစားအသောက်ပုံးတွင် မုန့်ချို၊ ဝက်ခေါင်းအသား၊ ငါး၊ ကြက်ဥမွှေ၊ စစ်ရှီအသားလုံးများ အပါအဝင် စုစုပေါင်း ဟင်းအမယ် ရှစ်မျိုး ပါဝင်ပြီး အကုန်လုံးက ရောက်ရှိလာချိန်တွင် အေးခဲနေကြပြီဖြစ်၏။ဟန်မိသားစုကအစားအသောက်တွေကမူ စားရန်အသင့်အတင့်ဖြစ်လေသည်။
အစ်ကိုကြီးဟန် ယခင်က အဘွားကြီးဟန် ၏အမိန့်အတိုင်း ဝိုင်ဝယ်ခဲ့ပြီး ဤပွဲတွင် လူတိုင်းသောက်စားရန် ဖြစ်လာခဲ့၏။
ကွမ်ဖူ၏ခယ်မနှင့် အဒေါ်တို့ကို ဤနေရာတွင် ဖိတ်ကြားထားသင့်သော်လည်း ဟန်ကျင်းယုက သူတို့ပျော်နေသည်ကို မမြင်လိုသောကြောင့် သဘာဝအတိုင်း ငြင်းဆန်ခဲ့သည်။
စားပြီးနောက်တွင် အစ်ကိုကြီးဟန်နှင့် ဟန်ချင်စုန့်တို့က ခန်းဝင်ပစ္စည်းကို စက်ဘီးတွင် ချည်နှောင်ကာ လျိုတချယ်ကို ကျန်အရာများကို သယ်ဆောင်ခိုင်းခဲ့သည်။
စုစုပေါင်း စက်ဘီးနှစ်စီးရှိပြီး ဟန်ချင်ဟွနှင့်ဟန်ကျင်းယုက တစ်စီးစီးကြပြီး လီကျောက်လုံက ခန်းဝင်ပစ္စည်းကို အခြားတစ်စီးပေါ်သို့တင်ပေးခဲ့၏။
သုံးနာရီထိုးခါနီးတွင် ဟန်ကျင်းယုက တရုတ်ဇီသီးများ၊ ခေါက်ဆွဲများနှင့် ဖက်ထုပ်များကို စားပြီးနောက် အပြင်သို့ထွက်ခဲ့သည်။
သာမာန်လူများသည် လက်ထပ်သည့်အခါ အချင်းချင်း ချစ်ကြပြီး အမေဖြစ်သူကို ပွေ့ဖက်ကာ ငိုကြသော်လည်း ဟန်ကျင်းယုကမူ လျိုဟောင်ကျဲ အကြောင်း တွေးကာ အမြန်လုပ်ရန်တိုက်တွန်းလျက် စက်ဘီးပေါ်ပြီးနောက် ပြန်လှည့်မကြည့်တော့ပေ။
ပထမချွေးမဟန်က လင်းလန်ကိုမကျေမနပ်ပြောလေ၏။
"သူက တကယ်ရက်စက်တာပဲ...သူက ငါတို့ကို ဂရုမစိုက်ဘူး... သူ့မိဘတွေကိုတောင် မလွမ်းဘူး "
ဒုတိယချွေးမဟန်က လှောင်ပြောင်ပြောဆိုသည်။ "အိုး... ကြည့်ရတာ ပျော်စရာကောင်းတုန်းပဲ"
သူမက ဟန်ကျင်းယုနှင့် တစ်အိမ်ထဲအတူနေထိုင်ခဲ့၏။ သူမက သူမ၏ယောင်းမနှစ်ယောက်ထက် ပိုသိပြီး အတင်းအဖျင်းပြောတတ်သော်လည်း လင်းလန်က အတင်းအဖျင်းပြောရသည်နှင် ဒုတိယချွေးမဟန်နှင့်ပေါင်းရသည်ကို မကြိုက်သည်ကားသနားစရာပင်။ ထို့အတွက် ဒုတိယချွေးမဟန်မှာ လေလုံးထွားရန် အခွင့်အရေးမရှိတော့သဖြင့် မွန်းကြပ်နေကာ အဆင်မပြေသလို ခံစားရသည်။
လင်းလန် သူမကို စပ်စုလိုစိတ်ဖြင့် မေးလာမည် စောင့်ဆိုင်းနေခဲ့ပြီး နီချောင်းခေါ်ကာ စကားအနည်းငယ်ပြောခဲ့သည်။ ရလဒ်အနေဖြင့် လင်းလန်က စလုံးရေးပင်စမလာပေ။ ယင်းက ဟန်ကျင်းယု၏ကိစ္စဖြစ်ပြီ သူမကိစ္စ မဟုတ်ပေ။
ပထမချွေးမဟန် ဟန်ကျင်းယု၏ ကျောကို ကြည့်ပြီး အနည်းငယ် မယုံနိုင်ဖြစ်နေ၏။ သူမက လင်းလန်၏ လက်မောင်းကို ကိုင်ကာ
"ယောက်မ... အဲဒါ အမှန်လို့ ထင်လား "
လင်းလန်က ပြုံးပြီး ပြောလိုက်သည်။
"အဲ့ဒါဆိုဘယ်ဟာက အတုလဲ"
ပထမချွေးမဟန်က စိတ်သက်သာရာရစွာသက်ပြင်းချ၍ ဆို၏။
"*အမိတာဘ"
နောက်ဆုံး၌ ကပ်ဘေးဆိုးကြီးကို အဝေးပို့နိုင်ခဲ့လေပြီ။
(T/N-မဟာယနဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်သောဗုဒ္ဓ)
ဒုတိယယောက်မက ပြုံးပြီးပြောသည်။
“ယောက်မ နံ့သာပေါင်း မီးရှို့ရမယ်...သူ့ကိုသူများအိမ်တွေကို သွားပြီး အန္တရာယ်ပြုခွင့်ပေးလိုက်လို့လေ"
ဒုတိယအစ်ကိုဟန်က သူ့ညီမကို ဆဲဆိုသံကြားသောအခါ သည်းမခံနိုင်ဆဲဖြစ်သဖြင့်ပြောလိုက်၏။
“ဘာလုပ်နေတာလဲ အဘွားကြီးတွေ ”
ဒုတိယချွေးမဟန်က အဖွားကြီးဟန်ကို နှစ်ထောင်းအားရစွာ စိုက်ကြည့်လိုက်သည်။
သူ့သမီးက ရှေ့မှာမရှိတော့ဘူးဆိုတော့ ဘယ်သူနဲ့နေမလဲကြည့်ရသေးတာပေါ့...တော်ကြီးကို မွန်းပြီးသေအောင်လုပ်ပစ်မယ်...
လင်းလန်က သူတို့နှင့် စကားပြောရန် စိတ်မ၀င်စားဘဲ သူမမှာ ဘာမှလုပ်စရာမရှိသည့်အခါ အိမ်ငယသို့သာပြန်သွားလိုက်၏။ဟန်ကျင်းယု လက်မထပ်ခင်က အားလုံးသည် သူမအိမ်ထောင်မပြုဘဲ ပြည့်တန်ဆာဖြစ်သည်ဆိုသည့်နေ့တစ်နေ့ကို ကြားလိုက်ရမှာ စိုးရိမ်ပြီး စိတ်တွေ ချောက်ချားသွားကြသည်။ယင်းက တကယ်ကို စိတ်ညစ်စရာကောင်း၏။
...
ဒုတိယနေ့မှာ ကလေးတွေက ကျောင်းသွား၊ ဟန်ချင်စုန့်က အလုပ်သွား ပြီး လင်းလန်က မနက်ခင်း အိမ်မှာ ရှောင်ဝမ်နှင့်စန်းဝမ်အတွက် အင်္ကျီချုပ်၏။ သူမက လင်းမိန်ပေးသော အထည်စအချို့ကို သိမ်းဆည်းကာ တစ်ခုခုကို ချုပ်ရန် တွဲထားသည်။
စန်းဝမ်၏အဝတ်အစားများက အလွယ်တကူ ညစ်ပတ်သွားကြ၏။ အခုလို ရာသီဥတုမှာ လျှော်ရ မလွယ်သောကြောင့် ကလေးအတွက် ဂါဝန်ကို ဇောက်ထိုးထားဝတ်ပေးခဲ့ပြီး သူမရင်ဘတ်မှာ ပတ်ထားပါက ညစ်ပတ်မှုမရှိအောင် ၀တ်ထားနိုင်ကာ နှစ်ရက်အတွင်း လျှော်ရန် လုံလောက်လေသည်။
ဟောင်ယွမ်နှင့် ပုလွေ၊ဘာဂျာမှုတ်ခြင်းအပြင် ရှောင်ဝမ်က လင်းလန်ပြန်ယူလာသည့် စျေးပေါသည့်ရေဆေးတွေကို လိမ်းကျံခြယ်သရသည်ကိုလည်း နှစ်သက်၏။ သူက စိတ်ဝင်တစား ဆွဲပြီး လင်းလန်ကမူ အဝတ်အစားတွေအလွယ်တကူညစ်ပတ်သွားနိုင်လျှင်ပင် သဘာဝအတိုင်း မကန့်ကွက်ပါချေ။
သူမက အပ်ချုပ်စက်နင်းရန် အာရုံစူးစိုက်နေချိန်တွင် သူမနောက်မှ ဟန်ချင်ဟွ၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။
"မရီး... အိမ်မှာရှိလား"
လင်းလန်က မသိစိတ်ဖြင့် လက်ထဲက စူးချွန်ကို ဆုပ်ကိုင်လိုက်ပြီး ပုံမှန်အသံဖြင့်ပြောလိုက်၏။
"မင်းနဲ့ အစ်ကိုကြီး အခုမှ ပြန်လာတာလား...လျို မိသားစု ဘယ်လိုနေလဲ"
ဟန်ချင်ဟွက အနောက်ခန်း တံခါးဝမှာ ရပ်ကာ သူမကို ပြုံးပြပြီးဆိုလာသည်။
"တော်တော်လေး ကောင်းပါတယ် ...ကျွန်တော် အပြင်ဘက်ကနေအော်ခေါ်နေတာ...မရီးကမကြားလို့ ဝိုင်းထဲမှာ စက်ဘီးထားပြီး မဂ်လာကိတ်နဲ့ သကြားတုံးတွေ တလက်စတည်း ယူလာပေးလိုက်တာ"
လင်းလန်က အပြင်ထွက်ပြီး စကားပြောချင်သော်လည်း သူမပြန်လှည့်လိုက်သည့်အခါ တံခါးကို ပိတ်ရပ်နေသည့် ဟန်ချင်ဟွကို တွေ့လိုက်ရသဖြင့် ဂရုမစိုက်ဟန်ဆောင်ကာ စူးချွန်ကို ကိုင်၍ အဝတ်အစားတွေ ဆက်ချုပ်နေလိုက်၏။
"မင်း စားပွဲပေါ်တင်ထားလို့ရတယ်... ငါကအလုပ်များနေလို့ မင်းနဲ့စကားပြောနိုင်မှာမဟုတ်ဘူး"
ကျေးလက်နေပြည်သူတွေ၏ ခြံတံခါးတွေက နေ့ခင်းဘက်ဆို အမြဲပွင့်နေသော်လည်း အများစုက သူများ အိမ်သွားသည့်အခါ တံခါးဝကနေအော်ခေါ်ပြီး အိမ်ရှင်က အထွက်ကို စောင့်နေကြပေလိမ့်မည်။ဆက်ဆံရေး ပိုကောင်းလာလျှင် ဝိုင်းထဲသွား၍ ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် အိမ်ထဲသို့ ဝင်ကြလိမ့်မည်။ လူအများစုသည် အခြားသူများ၏ အိပ်ခန်းထဲကို ပေါ့ပေါ့တန်တန် ဝင်ကြထွက်ကြခြင်းမရှိပေ။ တစ်ခုခု ပျောက်ဆုံးသွားပါက ပြောရန်ခက်ပြီး အဓိကအချက်မှာသံသယမဖြစ်စေရရန်ဖြစ်၏။
Xxxxxx
Part 492
အထူးသဖြင့် လင်းလန် နှင့် ဟန်ချင်ဟွ တို့သည် ရန်ပွဲများ ဖြစ်ထားသေးသောကြောင့် မကောင်းသော ရည်ရွယ်ချက်များရှိသည်ဟု သံသယမဖြစ်စေရန် သံသယကို ရှောင်ရှားရန် ပို၍ပင် လိုအပ်ပေသည်။
ထို့ကြောင့် ဟန်ချင်ဟွက ရုတ်တရက်ကြီး ဝင်လာကတည်းက လင်းလန် ချက်ချင်း သတိထားခဲ့သော်လည်း သူမ လျင်မြန်စွာ ငြိမ်သက်သွားသည်။ ရွာမှာဆို ဟန်ချင်ဟွက ဘာမှ မလုပ်ဝံ့သလို သူမအပေါ် ရန်ငြိုးထားတာမျိုးလည်း လင်းလန် မခံစားရပေ။သူမကို တကယ်ထိပါးချင်သည်ဆိုပါက သူ့အနေဖြင့် သည်းမခံနိုင်သောနာကြည်းမှုတွေနှင့် သေဖို့ပြင်ထားရမည်ဖြစ်၏။ထို့ကြောင့် သူမက ဟန်ချင်ဟွမလုပ်ဟု တထစ်ချတွေးထားခြင်းဖြစ်သည်။
သူမ မကြောက်တော့ပေ။
လင်းလန်က နောက်ပြန်လှည့်ကြည့်ပြီးနောက် ထိုင်ခုံပေါ်တွင် ဆက်လက်လုပ်ဆောင်နေပြီး သူမျှော်လင့်ထားသလို ထိတ်လန့်တုန်လှုပ်ခြင်းမရှိသည်ကို ဟန်ချင်ဟွမြင်လိုက်ရ၏။ သူက အခန်းထဲသို့ဝင်ကာ သူ့ပစ္စည်းများကို အနွေးကုတင်ပေါ်တင်ကာ တံခါးနားက အနွေးကုတင်စွန်းတွင် ထိုင်လိုက်သည်။
သူက လင်းလန်ကို အနောက်ကနေ လှမ်းကြည့်လိုက်ပြီး ပြုံးပြုးရွှင်ရွှင်ဆိုလိုက်၏။
"မရီး... ဒီသကြားတုံးက အရသာရှိတယ်...မြည်းကြည့်"
လင်းလန်က ခဏရပ်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မင်းညီမ သူလက်ထပ်ပြီးချိန်မှာတောင် ယူမသွားချင်ဘူး... ထွက်လာတော့ မင်းကို တောက်လျှောက်ပြန်သယ်လာဖို့ အနှောင့်ယှက်ပေးမိတာပဲ... ဟုတ်ပြီ... သွားနှင့်လေ...ငါလည်းဒီမှာအလုပ်ရှုပ်နေလို့"
ဟန်ချင်ဟွက မသွားဘဲ ဆက်ထိုင်နေရင်း သူ့အစ်ကိုအကြီးဆုံးနှင့် မင်္ဂလာဆောင်သွားသည်က ဘယ်လို၊ လမ်းက ဘယ်လို ၊လျိုမိသားစုက ဘယ်လို၊ မြို့ထဲမှာ ဘာတွေဖြစ်နေလဲ၊ သူတို့ ညဘက် ဧည့်ဆောင်မှာ ဘယ်လိုနေထိုင်ခဲ့သည် စသည့်အကြောင်းတွေ ထိုင်ပြောနေခဲ့သည်။
လင်းလန်က မျက်မှောင်ကြုတ်ကာ
“ဒီမှာ ငါအလုပ်များနေတယ်...မင်းစကားနားမထောင်ဖို့ အချိန်မရှိဘူး...မင်းရဲ့ တတိယအစ်ကို ပြန်လာတာကို ဘာလို့ မစောင့်တာလဲ”
ဟန်ချင်ဟွက ရုတ်တရက် ရယ်မောလိုက်ပြီး
“မရီး...ဘာလို့ ကျွန်တော့်ကိုဘာလို့ပြန်မကြည့်ရဲတာလဲ...ကျွန်တော့်ကိုကြောက်နေတာလား"
လင်းလန်က သရော်၏။
"ဘာလို့ကြောက်ရမှာလဲ"
သူမက သူ့ကို မကြည့်ရုံတင်သာမက အပ်ချုပ်စက်နှင့် အလုပ်ဆက်လုပ်နေပြီး အခန်းထဲတွင် တချောက်ချောက် အသံတစ်ခု ထွက်ပေါ်လာသည်။
သူမက အေးဆေးတည်ငြိမ်နေသော်လည်း သတိမပြတ်ထားနေပြီး အထူးသဖြင့် အပ်ချုပ်စက်က ပြောင်လက်နေအောင်သုတ်ထား၍ ရောင်ပြန်ဟပ်နိုင်သောကြောင့် သူမနောက်မှ ဟန်ချင်ဟွ၏ လှုပ်ရှားမှုတိုင်းကို ရောင်ပြန်ဟပ်နိုင်၏။
ဟန်ချင်ဟွက လုပ်သားပြုပြင်ပြောင်းလဲရေးစိုက်ခင်းအကြောင်း ပြောပြန်သည်။
"ကျွန်တော် အဲဒီကို အရင်သွားတုန်းက အရမ်းခက်ခဲတယ်... မနက်ခင်ဆိုမထနိုင်တော့ တစ်နေကုန် အလုပ်မပြီးဘူး...ဝဝလင်လင်လည်းမစားရ...မရီးမသိဘူး... အတော်လေး သနားစရာကောင်းတာ "
အသံထဲမှာ နာကျည်းမှု အနည်းငယ်ပါနေသော်လည်း စက်သံတချောက်ချောက်ကြောင့်သိပ်မသိသာပေ။
လင်းလန်က သူမမကြားလိုက်သလို ဟန်ဆောင်ကာ ခဏရပ်ပြီးပြောလိုက်သည်။
"စတုတ္ထလေး ဒီမှာကြည့် ငါကအလုပ်ရှုပ်နေတာ ...မင်းအသံရှင်းရှင်းလင်းလင်း မကြားရဘူး... မင်းအရင်ပြန်သွားသင့်တယ်"
ဟန်ချင်ဟွက စကားရပ်လိုက်ပြီး ထိုင်ပြီးပဲ သူမကိုကြည့်နေ၏။
လင်းလန်က သူ တံခါးရှေ့ကနေ ပိတ်ပြီးနေနေသည်ဟု ထင်သည့်အတွက် အပြင်ထွက်ချင်ပါက သူ့ကို အရင်ဖြတ်ပြီးထွက်ရလိမ့်မည်ဖြစ်ကာ ထိုသို့ဆိုလျှင် မှားသွားပေလိမ့်မည်။ထို့ကြောင့် သူ့ကို သတိမထား ဟန်ဆောင်ပြီး အလုပ်ဆက်လုပ်နေလိုက်သည်။
ရုတ်တရက် ဟန်ချင်ဟွက မတ်တပ်ထရပ်ပြီး သူမဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရ၏။
လင်းလန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး စူးချွန်ကို တင်းတင်းကျပ်ကျပ်ဖျစ်ညစ်လိုက်သည်။
ဟန်ချင်ဟွက သူမထံသို့ လက်လှမ်းလာသည်ကိမြင်လိုက်သောအခါ သူမခန္ဓာကိုယ်ကို စောင်းလိုက်ကာ သူမ၏လက်ထဲတွင်ရှိသော စူးချွန်းဖြင့် သူ့ကို အားထည့်၍ ထိုးလိုက်သည်။
ဟန်ချင်ဟွက ၎င်းကို သူ့လက်မောင်းဖြင့် ပိတ်ဆို့ထား၏။သူက ဂွမ်းထည်အထူကြီးဝတ်ထားပြီး အချိန်အတော်ကြာသည့်တိုင် ဖောက်နိုင်မှာမဟုတ်ပေ။သူက လင်းလန်၏လက်ကောက်ဝတ်ကိုဆွဲကာ ကတ်ကြေးသေးသေးနှင့် အခြားအရာများကို အခြားလက်ဖြင့် မြေကြီးပေါ် တွန်းချပစ်လိုက်သည်။
သူမလက်ထဲက တောက်ပနေသည့် စူးချွန်ကို မြင်သောအခါ သူမျက်နှာက ချက်ချင်း အေးစက်သွာပြီးမာန်လိုက်၏။
"လင်းလန်... မင်းက တကယ်ကို ရက်စက်တာပဲ... ငါ့ကို ပြုပြင်ပြောင်းလဲရေး လုပ်ခိုင်းဖို့ ပို့လိုက်တာကို ထည့်မတွက်ဘူး... ဒါတောင် မင်း ငါ့ကို သတ်ချင်သေးတာလား ဟမ်"
သို့သော် လင်းလန်က သူ့ကိုအဓိပ္ပါယ်မရှိသည့်ဟာတွေ ပြောနေမည့်အစား ဘယ်ဘက်လက်ဖြင့် သူ့ခေါင်းကို လည်ထွက်သွားအောင် ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သည်။
"ဒီကနေ ထွက်သွား...မဟုတ်ရင် မင်းကို အလုပ်ကြမ်း စခန်းမှာ တစ်သက်လုံး နေခိုင်းလိုက်မယ်"
ဟန်ချင်ဟွ၏ နှလုံးသားက ရန်လိုမှုအပြည့်ဖြစ်သွားပြီး ယောက်ျားနှင့်မိန်းမကြားက ခွန်အားကွာခြားချက်ကို အသုံးပြု၍ သူမ၏လက်တွေကို ချုပ်နှောင်ကာ သူမကို အပ်ချုပ်စက်ပေါ်မှာ ဖိလျက် ငုံ့ကြည့်လိုက်၏။သူမက ဘာလို့ ဒီလောက်ဆိုးနေရတာလဲ... အရမ်းဆိုးလွန်းတယ်... ဒီရက်စက်လိုက်တဲ့မိန်းမကတော့...
သူက ခါးခါးသီးသီးနှင့်ဆိုလိုက်သည်။
" ဘာလို့ ဒီလောက်ဆိုးနေရတာလဲ အမျိုးသမီး...ဆိုးလိုက်တာ"
လင်းလန်က အော်ရန် ပါးစပ်ကိုဖွင့်လိုက်သောအခါ ဟန်ချင်ဟွက ချုပ်ထားသည်ကို အမြန်လွှတ်လိုက်ပြီး သူ့လက်တွေကိုမြောက်ကာပြော၏။
"မအော်နဲ့... နားလည်မှုလွဲတာပါ... နားလည်မှုလွဲတာ..."
လင်းလန်က သူကို အေးစက်စွာ စိုက်ကြည့်ရင်း "နားလည်မှုလွဲတာလား...မင်းငါ့နားကို ဘာလို့ ခိုးကပ်လာတာလဲ... မင်းကသာ အကွာအဝေးကို ထိန်းထိန်းသိမ်းသိမ်းနေရင် ငါမင်းကိုပြေးပြီး ထိုးပါ့မလား..."
ဟန်ချင်ဟွ၏မျက်နှာတွင် အပြစ်ရှိစိတ်အနည်းငယ် ဖြတ်ပြေးသွားပြီး တောင့်တောင့်ကြီး ဆိုလေသည်။
" နေ့ခင်းကြောင်တောင်ကြီး... ခင်ဗျားအိမ်မှာလည်းဖြစ်သေးတယ်...ကျွန်တော်က ခင်ဗျားကို ဘာလုပ်နိုင်မှာလဲ.. စကားတစ်ခွန်းမှ မပြောဘဲ စူးနဲ့ထိုးတာက ခင်ဗျားလေ... လည်ပင်းကိုထိရင် ကျွန်တော် သေမှာ”
“ရပ်စမ်း...အခု ချက်ချင်းထွက်သွားးးးး..."
လင်းလန်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ပြောင်းလဲလိုက်ပြီ...ခင်ဗျားကိုတောင်းပန်မယ်... ခင်ဗျားဘာလိုချင်သေးလဲ... မတစ်သက်လုံး ဘယ်တော့မှ ခွင့်မလွှတ်တော့ဘူးလား"
သူက သူမကို ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး ၎င်းနောက် တစ်စုံတစ်ခုကို သတိရသွားကာ ခေါင်းကိုကုတ်လျက်အကူအညီမဲ့စွာဆို၏။
“မရီး...ကျွန်တော့်မှာ တကယ်မလိုတမာစိတ်မရှိဘူး... တကယ်ပြောင်းလဲသွားပါပြီ...ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
လင်းလန်က အေးစက်စွာပြောလိုက်သည်။
“မင်း လေလုံးထွားနေစရာ မလိုဘူး...မလိုတမာစိတ်ရှိမရှိမင်းသိမှာပေါ့...မလိုတမာစိတ်မရှိရင်တောင် သံသယကို ဘယ်လိုရှောင်ရမယ်ဆိုတာ နားလည်ရဲ့လား ...အခုချက်ခြင်းထွက်သွားပါ”
ပြုပြင်ပြောင်းလဲပြီးပြီပေါ့... လုံးဝကိုမထင်ရဘူးနော်...
ဟန်ချင်ဟွ သူ၏ ယခင်ဒေါသတို့ကို ဖိနှိပ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ချော့မော့သော အပြုံးတစ်ခုနှင့်အတူ လက်မြှောက်ကာ အရှုံးပေးသည့် အမူအရာဖြင့်ဆိုလိုက်သည်။
"မရီး...မရီး... စိတ်လျော့...ကျွန်တော်က တကယ် ဘယ်လိုအဓိပ္ပါယ်နဲ့မှမဟုတ်ဘူး... မရီးဝတ်ထားတဲ့အဝတ်အစားတွေက ထူးဆန်းနေတာတွေ့လို့ ကြည့်ချင်ရုံပါ...ခင်ဗျားက ကျွန်တော့်မရီးလေ... ထိဝံ့ပါ့မလား...တတိယအစ်ကိုက ကျွန်တော့်ကို ခုတ်ပစ်မှာမကြောက်ဘူးထင်နေလား...မရီးက စိတ်လှုပ်ရှားလွန်းပြီး နားလည်မှုလွဲသွားတာ ”
Xxxxxxx