Part 493
သူပြောနေရင်း နောက်ဆုတ်သွားကာ အနောက်ခန်းတံခါးဆီတိုင် ပြန်ဆုတ်လျက် လင်းလန်ဘက်သို့လှည့်ကာ ရယ်၍ဆို၏။
“မရီး... ဒီမှာ ရပ်နေရတာ ကောင်းပါတယ်...မရီးအတွက် အပေါ်ယံမှာ ကျွန်တော်နဲ့ရယ်မောစကားပြောနေရတာအဆင်ပြေပုံရပေမဲ့ စိတ်ထဲမှာ ကျွန်တော့်ကိုမယုံတဲ့အတွက် သံသယဖြစ်နေတာပဲဖြစ်ရမယ်"
သူမက တတိယအစ်ကိုကို သေချာပေါက်သွားတိုင်လိမ့်မည်။
"ထွက်သွား... ယောက်ျားနဲ့ မိန်းမကြား သံသယမဖြစ်အောင် ဘယ်လိုရှောင်ရမှန်း အခြေခံလေးတောင် မသိဘူးလား"
ဟန်ချင်ဟွ သူမ၏အမူအရာကိုကြည့်ကာ အသံတိုးတိုးလေးဖြင့်ဆိုလေသည်။
"မရီး...မရီးကျွန်တော့်ကိုမုန်းနေသေးရင် ရိုက်ပစ်ပါ...ကျွန်တော့်ကို တကယ်ထိုးချင်ရင်လည်း(စူးချွန်နဲ့၊လက်သီးမဟုတ်) ထိုးလို့ရတယ်"
သူက နောက်လှည့်ပြီး လင်းလန်ကိုကျောပေးလိုက်၏။
"မရီးကြိုက်သလို ထိုးလို့ရတယ်... မရီးစိတ်ဖြေပြီးရင်တော့ ကျွန်တော့်ကိုသံသယမဝင်တော့ဖို့ ကျွန်တော်မျှော်လင့်တယ်...ကျွန်တော်က လူကောင်းမဟုတ်ပေမဲ့ သားရဲမဟုတ်ပါဘူး...ကျွန်တော် မှန်လား မှားလားမသိဘူး...အိမ်ပြန် ဇနီးတစ်ယောက်နဲ့လက်ထပ်ပြီး ဘဝတစ်ခုတည်ဆောက်ချင်သေးတယ်...ကျွန်တော် ကျွန်တော့်မရီးနဲ့ ရန်သူလို အဖြစ်မခံနိုင်ဘူး”
သူက ခါးပင်ကုန်းပြီး လက်ကို ဒူးပေါ်ထောက်ကာတိုက်တွန်းလာသည်။
"မရီး...မရီးထိုးပစ်လို့ရပါတယ်... ကျွန်တော် နာကျင်ရမှာ မကြောက်ပါဘူး...ထိုးပြီးရင်တော့ စိတ်အေးအေးထားပြီး ခွင့်လွှတ်ပေးပါ...ကျွန်တော့်ကို မမုန်းပါနဲ့တော့"
(ဒွာမာကင်း)
"သွားတော့..."
လင်းလန် စိတ်လျော့လိုက်၏။
ခဲ့ သူမ ယခု စိတ်တွေအတော်လေး ရှုပ်ထွေးနေပြီး ဟန်ချင်ဟွ ချဉ်းကပ်လာသည်ကို သူမမြင်လိုက်ရသောအခါ ပေါက်ကွဲသွားခဲ့သည်။
သူမလေသံ၏ ပျော့သွားသည်ကိုကြားရသောအခါ ဟန်ချင်ဟွက သူမကိုလောဆော်လိုက်၏။
"မရီး ကျေးဇူးပြုပြီး ပြောပါ...ဒါမှမဟုတ် ကျွန်တော် မရီးအတွက် ဒူးထောက်ပေးပါ့မယ်"
သူက လှည့်ပြီး လင်းလန်ကို ဒူးထောက်လိုက်လေသည်။
လင်းလန်က သူ့ဒူးထောက်တာကို လက်မခံဘဲ ဘေးကိုရှောင်ပြီး ပြောလိုက်၏။
“မင်းသွားပါတော့... ငါက ဒီလိုပဲ ပြောနေဦးမှာပဲ... မင်းရဲ့ အကွာအဝေးကို ထိန်းထား...မင်းအစ်ကိုကို လာတွေ့တာကို ငါတားမှာ မဟုတ်ဘူး...ဒါပေမဲ့ ငါ့ရှေ့မှာ တစ်ယောက်တည်း ပေါ်မလာနဲ့"
ဟန်ချင်ဟွကသာ သိတတ်သောသူဖြစ်လျှင် သို့မဟုတ် မကောင်းသော ရည်ရွယ်ချက်မရှိပါက ဟန်ချင်စုန့် အိမ်တွင်မရှိမှန်းသိလျှင် အိမ်ထဲသို့ဝင်လိမ့်မည်မဟုတ်ပေ။ သူအိမ်ထဲသို့ဝင်ကတည်းက လင်းလန် သူ့တွင် မကောင်းသောရည်ရွယ်ရှိနေသည်ဟု သံသယရှိစရာအကြောင်းရှိပေသည်။
သူမှာ မည်သို့မျှ မကောင်းသည့် အဓိပ္ပာယ်မရှိလျှင်ပင် လင်းလန်အနေဖြင့် သံသယဖြစ်ခြင်းအတွက် အပြစ်ရှိဟည်ဟု မခံစားရပေ။
ဟန်ချင်ဟွက ရိုးရိုးသားသားနှင့်ဖြူစင်ဟန်ဖြင့် ဒူးထောက်လျက် နှစ်လှမ်းတက်ကာဆို၏။
"မရီး... ဘာလို့ ကျွန်တော့်ကို ခွင့်မလွှတ်တာလဲ...ကျွန်တော်က အမြဲတမ်းမသိနားမလည်ခဲ့တာမလို့ အမှား လုပ်ခဲ့မိတာကို ခွင့်လွှတ်ပေးပါ"
သူက ပြောရင်းဆိုရင်း သူ့ကိုယ်သူ ပါးရိုက်ပါတော့သည်။ ပါးရိုက်ရင်းပင် ငိုယိုကာပြော၏။
"မရီး...ကျွန်တော် မှားသွားတာပါ... ခွင့်လွှတ်ပေးပါ... တစ်သက်လုံး အိမ်မပြန်ဘဲမနေနိုင်ဘူး... တတိယအစ်ကိုကိုလည်း အဆုံးရှုံးမခံချင်ဘူး...ဝူး ဝူးးဝူးးးး"
လင်းလန်က မျက်မှောင်ကြုတ်ကာ ပြတ်ပြတ်သားသားပြောလိုက်သည်။
"ဟန်ချင်ဟွ... မင်းသရုပ်ဆောင်နေတာလား မြန်မြန်ထွက်သွားစမ်း"
သို့ပေမဲ့ ဟန်ချင်ဟွ ငြင်းဆန်ကာ တံခါးရှေ့ကနေပိတ်ထားသဖြင့် လင်းလန် ထွက်သွား၍မရဖြစ်နေ၏။
ထိုအချိန်တွင် အစ်ကိုကြီးဟန်ရောက်လာပြီး ဝိုင်းထဲကနေလှမ်းခေါ်သည်။ အိမ်ထဲတွင် လှုပ်ရှားသံအချို့ကို ကြားလိုက်သဖြင့် "စတုတ္ထညီ... အိမ်ထဲမှာ ဘာလုပ်နေတာလဲ" ဟု အော်လိုက်သည်။
သူ ပင်မခန်းထဲသို့ လျင်မြန်စွာ လှမ်းဝင်လိုက်ရာ ဟန်ချင်ဟွက မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေပြီး လင်းလန် အပ်ချုပ်စက်ရှေ့၌ အေးခဲနေသကဲ့သို့ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
အစ်ကိုကြီးဟန်က အံဩသွား၏။
" စတုတ္ထညီ...မင်းထပ်ပြီး ပြဿနာရှာပြန်ပြီလား"
ဟန်ချင်ဟွက ငိုပြီး အစ်ကိုကြီးဟန် ခြေထောက်ကိုဖက်ထားရင်းဆိုလေသည်။
“အစ်ကို...ငါအမှားလုပ်မိလို့ စိတ်ရင်းနဲ့ နောင်တရပါတယ်... ငါ့ကို အခွင့်အရေးတစ်ခုပေးပါ...ငါ့ကို မငြင်းပါနဲ့ အစ်ကို...ငါမင်းကို မဆုံးရှုံးချင်ဘူး"
(ဘာလား...)
အစ်ကိုကြီဟန် အနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်သွား၏။
"ညီနဲ့ ညီမ ဘာတွေပြောနေတာလဲ "
လင်းလန် မျက်ခုံးပင့်လိုက်သည်။ ယခုလိုဖြစ်လာမည်ဟု သူမ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။ တကယ်ကို...နုံအလွန်းတယ်...
သူက(ဟန်ချင်ဟွ) ဟန်ချင်စုန့်ရှေ့တွင် သရုပ်ဆောင်ပါက ဂရုစိုက်ဦးမည်ဖြစ်သော်လည်း အစ်ကိုကြီးဟန်ရှေ့တွင် သရုပ်ဆောင်နေလျှင်မူ အစ်ကိုကြီးဟန် ပြောသည်ကို သူမဂရုမစိုက်ပေ။
လင်းလန် သရော်လိုက်၏။
“ကဲ အခုသွားစမ်းပါ... နောင် မင်းရဲ့ တတိယအစ်ကိုက အိမ်မှာ မရှိရင် ငါ့ဆီ မလာနဲ့”
အစ်ကိုကြီးဟန်က လင်းလန် အိမ်မှာ အလုပ်လုပ်နေသည်ကို စတုတ္ထညီက ဝင်လာပြီး ယင်းက စိတ်ဆိုး စေသည်ဟု ထင်သွားသည်။သူက စတုတ္ထညီအတွက် အလျင်အမြန် ဖာထေးပေးလိုက်၏။
“ညီလေးကို စိတ်မဆိုးပါနဲ့... သူက ကလေးပဲရှိသေးတာ ...မရီးအိမ် သွားတာက ပုံမှန်ပါပဲ ...ဟုတ်တာပေါ့... မဟုတ်ဘူး... မဟုတ်ဘူး...ငါ သူ့ကိုဆူလိုက်မယ်"
သူက ဟန်ချင်ဟွကို ဆွဲထူလိုက်ပြီး
"လာလေ...တတိယခယ်မလေးက စိတ်ဆိုးနေတယ် သွားမရှုပ်နဲ့... တကယ်ပါပဲ..အကြီးမဟုတ်မငယ်မဟုတ်နဲ့"
ဟန်ချင်ဟွက လင်းလန်ကို ဆက်ပြီး တောင်းပန်နေပြီး ခွင့်လွှတ်ပေးရန်ပြောနေသော်လည်း လင်းလန်က သူ့ကို ဂရုမစိုက်ဘဲ လှည့်ပြီး အဝတ်အစားတွေ ဆက်လုပ်ရန် ထိုင်နေလိုက်၏။
အစ်ကိုကြီးဟန်က ဟန်ချင်ဟွကို တံခါးအပြင်ဘက် ဘယ်သူမှမရှိသည့်နေရာဆီ ဆွဲထုတ်ပြီးပြောလိုက်သည်။
“စတုတ္ထညီ... မင်းက တတိယခယ်မနဲ့ ပြဿနာဖြစ်ထားတာ...မင်းက ပြင်မယ်ဆိုရင်တောင် သးက အဆင်မပြေဖြစ်နေဦးမှာပဲ... မင်းသူ့ဆီ မသွားသင့်ဘူး...သူတစ်ယောက်တည်းအိမ်မှာရှိနေတာ မင်းကိုတွေ့တော့ ကြောက်သွားမှာမဟုတ်ဘူးလား"
ဟန်ချင်ဟွက ဝမ်းနည်းပူဆွေးစွာပြောလေ၏။
"သူကကြောက်လို့လား... အစ်ကိုကြီး မမြင်ဘူးလား...ဘာကိုကြောက်တာလဲ...ငါက မုန့်နဲ့သကြား တုံးတွေသွားပို့တာ... ပစ္စည်းတွေအနွေးကုတင်ပေါ်တင်ပြီး မထွက်ခင် သူ့ကို နှုတ်ဆက်ချင်ခဲ့တာ...သူက မမြင်ချင်ယောင်ဆောင်ပြီး ဒေါသတကြီးငါ့ကို စူးချွန်နဲ့ထိတယ်...သူငါ့ကို မုန်းတယ်ထင်လား... ငါ့ကိုသတ်မှာလား"
အစ်ကိုကြီးဟန်က သက်ပြင်းချပြီး
"နည်းနည်းတော့ စိတ်ပူလွန်သွားတာပေါ့... သူက မင်းကို ကောင်းကောင်းမသိဘူးလေ...အဲ့ဒါကြောင့်နောင်မှာ မင်းနဲ့ ပိုအဆက်အဆံလုပ်ရင် ကောင်းမယ်"
သူတို့ လင်းလန်ကို လာရှာသည့် ရှုယွမ်အမေနှင့်တိုးသွားပြီး စကားပြော ရပ်သွားကြသည်။
ရှုယွမ်အမေက သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်ပြီး ဟန်ချင်ဟွ၏ မျက်နှာမှာ အနီရောင် လက်ရာတွေ အများကြီး ရှိနေသည်ကို တွေ့လိုက်ရ၏။
"ချင်ဟွ...မင်းဘာဖြစ်တာလဲ"
ဟန်ချင်ဟွက သူ့မျက်နှာကို အုပ်ပြီးပြုံးကာပြောသည်။
"မရီးက ကျွန်တော့်ကိုရိုက်လိုက်တာ"
"မင်း ရမ်းကားပြန်ပြီလား"
ဟန်ချင်ဟွက ချက်ချင်း ခေါင်းခါပြီးဆို၏။
"မဟုတ်ဘူး...တကယ်မဟုတ်ဘူး...ကျွန်တော့်အစ်ကို သက်သေခံပေးလို့ရတယ်"
......
လင်းလန်က ထိုအကြောင်းကို ဂရုမစိုက်တော့ပဲ
မိုင်စွေ့နှင့်အားဝမ်ကို အိမ်စာတွေလုပ်၊ စာအုပ်တွေဖတ်ခိုင်းပြီး သူမက ရှောင်ဝမ် အတွက် အဝတ်အစားလဲပေးခဲ့သည်
အပ်ချုပ်စက်အကူအညီဖြင့် အဝတ်အထည်များက လှပပြီး တာရှည်ခံသောကြောင့် လင်းလန် ရှောင်ဝမ်ကို ၎င်းတို့အား ပန်းချီဆွဲသည့်အခါဝတ်ရန် တောင်းဆိုခဲ့သည်။
ရှောင်ဝမ်က သူတို့ မိသားစု၏ပုံတူကြီးကို ရေးဆွဲနေဆဲဖြစ်ပြီး ၎င်းကို တွေးကြည့်သောအခါတွင် တစ်စုံတစ်ခုကို ထိုပေါ်မှာ ရေးဆွဲခဲ့သည်။ စာရွက်မပြည့်သောအခါတွင် သူ ပန်းချီကားကို အပြီးမသတ်နိုင်ဟု ထင်ရ၏။ လင်းလန်လည်း ယင်းက အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ထင်မြင်မိသည်၊ စကားတစ်ခွန်းမှ မပြောဘဲ ဘေးကနေပဲ ကြည့်နေလိုက်သည်။
...
ဟန်ချင်စုန့် ညနေငါးနာရီတွင် ကွန်မြူနတီမှ အိမ်သို့ပြန်လာချိန်တွင် ရွာအဝင်ဝတွင် လမ်းလျှောက်နေသော ဟန်ချင်ဟွကိုတွေ့လိုက်ရ၏။
"စတုတ်ထညီ..."
ဟန်ချင်ဟွက သူ့အသံကိုကြားသောအခါ ချက်ချင်းပင် ပြေးလာကာ ပြုံး၍ဆိုသည်။ "တတိယအစ်ကို...မင်းအလုပ်ဆင်းပြီလား..
မိဘတွေက မင်းကိုအိမ်မှာစကားပြောရအောင် စောင့်နေတယ်"
ဟန်ချင်စုန့်: "ခဏနေဦး... ကလေးတွေကို ထင်းအရင်ကူသယ်လိုက်ဦးမယ်"
ဤရက်တွေမှာ တဝမ်က ကျောင်းဆင်းလျှင် တချို့နေရာများသို့သွား၍ ပမ်းပပ်မြက်သွားရိတ်လေ့ရှိ၏။
ဟန်ချင်ဟွ လင်းလန်က သူ့အကြောင်းကိုတိုင်မည်စိုး၍ တတိယအစ်ကိုဖြစ်သူကို စောစော နှုတ်ဆက်ချင်ခဲ့သော်လည်း ခဏကြာသည့်တိုင် မည်သို့ပြောရမည်ကို မသိခဲ့ပေ။
သူ့ဦးနှောက်က မသွက်သည် မဟုတ်သော်လည်း ဟန်ချင်စုန့်က သူ့ကို အခွင့်အရေးမပေးဘဲ ခြေလှမ်းကျဲကျဲဖြင့် ခပ်မြန်မြန်လျှောက်သွားသည်။
ဟန်ချင်ဟွ အိမ်ပြန်ရန်ကလွဲလို့ ရွေးစရာမရှိတော့ပေ။
အိမ်ပြန်ရောက်သောအခါ ဟန်ချင်စုန့်နှင့်တဝမ်က ထင်းသယ်ပြီး စန်းဝမ်က တံစဉ်ကို ကိုင်ထား၏။
စန်းဝမ် အိမ်ထဲသို့ အမြန်ပြေးသွားသောအခါ ရှောင်ဝမ်က ကွက်လပ်ထဲတွင် ဂျုံလုံးများနှင့် လာ့ပါးယာဂုပြုတ်ပန်းကန်အများအပြားကို ရေးဆွဲပြီးနေပြီ ဖြစ်သည်။
ယာဂုပန်းကန်ဘေးမှာ ပါးစပ်ကြီးတစ်ပေါက်ရှိနေပြီး ဘယ်သူကဘယ်သူလဲဆိုသည်ကိုမပြောပေမဲ့ သူတို့မိသားစုက စန်းဝမ်မှန်း တစ်ချက်ကြည့်လိုက်သည်နှင့်ပြောနိုင်၏။
စန်းဝမ် ၎င်းကိုကြည့်ချင်သော်လည်း ရှောင်ဝမ်က. အလျင်အမြန် ဖယ်လိုက်ပြီးမပြပေ။
"တရုတ်နှစ်သစ်ကူးပြီးရင် ပြမယ်"
ဤသည်က သူ သူ့မိသားစုအတွက်ပေးသည့် နှစ်သစ်ကူး လက်ဆောင်ပင်။
စန်းဝမ်က ပြုံးပြီး
"အစ်ကိုရှောင်ဝမ်... ငါ့ကို မမေ့နဲ့နော်... မင်း အစာကောင်းတွေ စားတဲ့အခါ ငါ့ကို ချန်မထားပါနဲ့... "
ရှောင်ဝမ်၏ အိပ်မက်က ပိုအရသာရှိသည်ကို သိသည့်အတွက် စန်းဝမ်အနေဖြင့် သူ့ညီလေးကို နေ့တိုင်း အိပ်သည့်အခါ သူ့ကိုခေါ်သွားရန် မမေ့ဖို့ ပြောနေရသည်။
ညစာစားချိန်မှာ ကောင်းလျန့်ရောက်လာပြီး ခေါ်၏။
"တတိယဦးလေး... အဖွားနဲ့ အဘိုးက စားဖို့ခေါ်ခိုင်းလိုက်တယ်"
ဟန်ချင်စုန့်ကပြောလိုက်သည်။
"စားပြီးမှလာခဲ့မယ်လို့ပြန်ပြောချေ"
ကောင်းလျန့်က လင်းလန်၏စားပွဲပေါ်က စားစရာတွေကို ကြည့် လိုက်၏။ ကိုယ့်အိမ်ထက်စာလျှင်ပိုကောင်းနေသည်ကိုတွေ့ရသဖြင့် တံတွေး မျိုချပြီး လင်းလန်က သူမကို ညစာစားရန်ဖိတ်မည်ကို စောင့်နေသော်လည်း လင်းလန်က သူမကိုမေးမဲမေးလာပြီး ညစာစားရန်မနေခိုင်းချေ။
ကောင်းလျန့်က တံခါးဝတွင် မတ်တပ်ရပ်နေသည်ကနေ အနည်းငယ်လမ်းလျှောက်လိုက်ပြီး နေသည်လည်းမဟုတ် မနေသည်လည်းမဟုတ်လုပ်နေသည်။
မိုင်စွေ့က ယခင်က သူမ၏မဟုတ်တရုတ်များကြောင့် သူမနှင့် အဆင်မပြေသဖြင့်ပြောလိုက်၏။
"အိမ်သွားစားလေ"
(ကိုယ့်အိမ်ကိုယ်ပြန်စား 😄)
Xxxxxx
Part 494
ကောင်းလျန့် အတော်လေး မပျော်မရွင်ဖြစ်သွားပြီး လှည့်ထွက်သွားသည်။ သူမပြန်သွားသောအခါတွင် ဟန်ချင်ဟွက တံခါးဝတွင်စောင့်နေ၏။ သူမက လက်ကိုဆန့်ကာ
"စတုတ္ထဦးလေး... သမီးအတွက်သကြားလုံးဘယ်မှာလဲ"
ဟန်ချင်ဟွ: "နင့်ရဲ့တတိယဦးလေးက ဘယ်မှာလဲ"
ကောင်းလျန့်က အဆင့်ပြေမနေသဖြင့်ပြောလိုက်သည်။
"သူတို့အိမ်က ဒီလောက်အကောင်းစားရတဲ့ဟာကို...လာမစားတာက အဆန်းမဟုတ်ဘူး"
ဟန်ချင်ဟွက သူမကို သကြားလုံးတစ်ခုပေးလိုက်ပြီး ဟန်ချင်စုန့်နောက်မှာ ပါမလာသည်ကို တွေ့ပြီးနောက် အိမ်ထဲပြန်ပြီးစားခဲ့သည်။
အစ်ကိုကြီးဟန်က သူ့မိဘတွေနှင့် လျိုမိသားစုအကြောင်း ပြောနေတုန်းပင်။
"သခင်လေးရဲ့ ခြေကျင်းဝတ်က အတော်လေး ရောင်နေတာ...ဒါပေမဲ့ကျင်းယုအပေါ် တော်တော် ကောင်းပုံရတယ်...သူ့ကိုအိမ်က ပိုက်ဆံနဲ့ အစားအသောက်လက်မှတ်ဘူးတွေရဲ့ သော့တွေပေးကိုင်ခိုင်းတယ်"
အဖွားကြီးဟန် အလွန် ပျော်သွား၏။
"ကျင်းယုကို ပေးလိုက်တာလား"
ဟန်ချင်ဟွက ကစကားမပြောဘဲ ထိုင်နေသည်တွေ့သောအခါ သူမကပြောလိုက်သည်။
"ကျင်းပေါင်... မင်းညီမက အိမ်ထောင်ကျပြီ... မင်းရော ဘယ်တော့ လက်ထပ်မှာလဲ"
ဟန်ချင်ဟွက သရော်တော်တော်ရယ်လိုက်ရင်းဆို၏။
"အမေ...ကျွန်တော်က ငယ်သေးတယ်"
လင်းလန်က သူ့အကြောင်း ဟန်ချင်စုန့်ကို မကောင်းပြောမှာ သေချာသည့်အတွက် သူနောင်တရမိသည်။ မိုက်မဲသောကြောင့် သူ့ကိုယ်သူ တိတ်တိတ်လေး ကြိမ်းမောင်းခဲ့၏။သူမတစ်ယောက်တည်း အိမ်မှာရှိစဉ် သူမကို သွားစမ်းသပ်ခဲ့သင့်ပေ။ ထိုအချိန်တုန်းက သူ တကယ်ကို ကိုယ့်ကိုကိုယ် မထိန်းနိုင်ခဲ့ဘဲ သူတို့၏ကောင်းကောင်းမွန်မွန်ရှိနေသောအိမ်က သူမကြောင့် အနှောက်အယှက်ဖြစ်စေခဲ့ပြီး သူအ အဘယ်ကြောင့် ဤမျှ သက်တောင့်သက်သာ
နေထိုင်ရသနည်းဟု တွေးကာ ဒေါသထွက်သွားခဲ့သည်။
ထိုစဥ်တုန်းက အပြင်လူမရှိဖြင့် သူ မကျေနပ်သည့်အကြောင်းကို တကယ်စဉ်းစားခဲ့မိသော်လည်း သူမအိမ်၌ဘာမှမလုပ်နိုင်သည်ကိုသိသည့်အပြင် သူမက တစ်ခုခု ပြန်ပြောခဲ့လျင်လည်း သူရှေ့ဆက်မလွယ်ကူနိုင်သည်ကို သိသဖြင့် ကျိုးကြောင်း ဆင်ခြင်စိတ်ကားရှိနေဆဲဖြစ်၏။
ရန်သူနှင့်အတူတူ သေ၍မရဟူသောစကားက မှန်ကန်သည်။ ယင်းက အမိုက်မဲဆုံးနည်းလမ်းပင်။ သူ တကယ် သူ့အစ်ကို၊မရီးတို့နှင့် ဆက်ဆံရေးကောင်းသင့်၏။သို့ပေမဲ့ သူ...တကယ်ကို မတတ်နိုင်၊ လင်းလန်ကို ယခုလိုမြင်ရသည်အား သူတကယ်မုန်းသည်။
သူမကြောင့်မဟုတ်ရင် သူဘာလို့ဒီမှာရှိနေရမှာလဲ...
သူ့အစ်ကိုကြီးလာလိမ့်မည်ဆိုသည်ကိူ သိလိုက်ရလောက်အောင် ထက်မြက်ပြီး လိမ္မာပါးနပ်သည့် သူ့ကိုယ်သူလည်း ကျေးဇူးတင်ချင်မိ၏။ ယခု သူ့အစ်ကိုကြီးက ပြဿနာများလွန်းနေသူက လင်းလန်ဟု ထင်သွားပြီဖြစ်သည်။
မူလက အိမ်ပြန်ပြီး သူ့မိဘတွေကို တိုင်ချင်သော်လည်း အစ်ကိုကြီးက သူ့ကို မပြောခိုင်းပေ။ အစ်ကိုကြီးက သူ့ကို မမုန်းအောင် သူ သည်းခံထားရုံသာတတ်နိုင်၏။
ဘာပဲဖြစ်ဖြစ် တတိယအစ်ကိုကို ပြောလိုက်ရုံသာပင်။
ဟန်ချင်စုန့် အပြင်ကနေဝင်လာသောအခါတွင် သူက စိတ်မပါလက်မပါ စားသောက်နေသည်။
ဟန်ချင်ဟွ ချက်ချင်းဆိုသလို သူ့ တူတွေကို ချလိုက်ပြီး "တတိယအစ်ကို ရောက်ပြီလား"ဟု ပြုံးပြီးပြောလိုက်၏။
ဟန်ချင်စုန့်က သူ့ကို လှမ်းကြည့်လိုက်ပြီး "မင်းဘာဖြစ်ထားတာလဲ"ဟုဆိုသည်။
ဟန်ချင်ဟွက သူ့မျက်နှာကို ကိုင်လိုက်ပြီး ချီတုံချတုံဖြင့်ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး မရီး ... မင်းကို ဘာပြောလိုက်လို့လဲ"
ဟန်ချင်စုန့်က အမြဲတမ်း ပျော်သည်ဖြစ်စေ၊ဒေါသထွက်သည်ဖြစ်စေ မျက်နှာပေါ်တွင် အမူအရာမဲ့လျက်သာရှိ၏။ယခု သူက စကားမပြောဘဲ ဟန်ချင်ဟွကိုသာ တစ်ချက်ကြည့်လိုက်သည်။
သူ့ကိုယခုလိုမြင်လိုက်ရသောအခါ ဟန်ချင်ဟွ သူ့စိတ်ထဲမှာ ပို၍ပင် အပြစ်ရှိသလိုခံစားရပြီး ကမန်းကတန်းပြုံးကာပြောလိုက်၏။
"တတိယအစ်ကို... မရီးက နည်းနည်းလေး စိတ်ပူလွန်သွားတာပါ...ငါ ထပ်ခါထပ်ခါ တောင်းပန်ပါတယ်...သူက...အမ်း...သူက ငါ့ကို သည်းမခံနိုင်ရုံပါ...သူက ငါ့ကို စူးချွန်နဲ့ ထိုးဖို့တောင် လုပ်သေးတယ်”
အဖွားကြီးဟန် စိုးရိမ်စိတ်တွေ မြင့်တက်လာပြီး စားပွဲကို ရိုက်ကာပြောလိုက်သည်။
“ဘာလုပ်တာလဲ...ဘာလို့ စူးချွန်နဲ့ထိုးတာလဲ...တတိယလေး ဘာဖြစ်နေတာလဲ"
ဟန်ချင်စုန့်က အဖွားကြီးဟန်ကို လျစ်လျူရှုပြီး ထိုအစား ဟန်ချင်ဟွကို အေးစက်သောအမူအရာနှင့် ခက်ထန်သောမျက်လုံးများဖြင့် လှည့်ကြည့်လိုက်၏။
"စတုတ္ထညီ ငါပြောပြီးသား...မင်းမှတ်မိပါတယ်"
ဟန်ချင်ဟွက မျက်နှာချိုသွေးသည့် အပြုံးဖြင့်ဆိုလေသည်။
"တတိယအစ်ကို...မင်းငါ့ကိုပြောခဲ့တာတွေက အများကြီးလေ... ဘယ်စာကြောင်းကိုမှတ်မိရမှာလဲ"
သူက ယင်းကို အလေးအနက်မထားဘဲ သူ့မျက်နှာကို ဟန်ချင်စုန့်ကို ပြလိုက်ပြီးပြော၏။
"ကြည့်... တတိယအစ်ကို...ငါ့မရီးက အရမ်း ရက်စက်တာပဲ...ငါ့ကို ပါးရိုက်... အားးး"
ဟန်ချင်စုန့်က သူ့ကို လက်သီးနှင့်ထိုးလာသည်ကို မြင်လိုက်ရသဖြင့် အလန့်တကြားအော်ဟစ်ကာ
အဖွားကြီးဟန်နော်မှာ အမြန်ပြေးပုန်းသည်။
"တတိယအစ်ကို... ငါ့စကားနားထောင်ပါဦး... ငါဘာမှမလုပ်ဘူး... ငါက ကိတ်မုန့်နဲ့ သကြားတုံးတွေသွားပေးရုံတင်... မရီးက ငါ့ကို စူးချွန်နဲ့ ထိုးခဲ့တာ... ငါတောင်းပန်ပြီးပါပြီ...သူကလည်း ငါ့ကို ခွင့်လွှတ်တယ်လို့ ပြောတယ်... ခွင့်လွှတ်ပါကွာ...ဘာလို့...ဘယ်လိုများ ငါ့ကို လုပ်ရက်ရတာလဲ"
သူအတော်လေးကို မတရားခံနေရ၏။
အစ်ကိုကြီးဟန်ကလည်း ဖြောင့်ဖြလေသည်။
"တတိယညီ...အဆင်ပြေပါတယ်... အားလုံးက နားလည်မှုလွဲနေကြတာပါ...ထိုင်ပြီး ဆွေးနွေးကြပါ"
ဟန်ချင်စုန်၏မျက်နှာက အေးစက်နေဆဲဖြစ်ကြီး စကားတစ်ခွန်းမှ မပြောပေ။ သူက ဘယ်ဘက်လက်ကို လက်ယောင်ပြလှုပ်ရှားလိုက်ပြီး ညာဘက်လက်ဖြင့် ဟန်ချင်ဟွကို လည်ပင်းကနေကိုင်၍ အဖွားကြီးဟန်နောက်ကနေ ဆွဲထုတ်လိုက်သည်။
အဖွားကြီးဟန် ပျာယာခတ်သွား၏။
"တတိယသား လွှတ်စမ်းး"
အစ်ကိုကြီးဟန်ကလည်း အလောတကြီး ထ၍ ရန်ပွဲကိုဝင်ဖြေသည်။
"တတိယညီ... တကယ်ကို နားလည်မှုလွဲနေတာ... ညီနဲ့ ညီမက နည်းနည်းလေး စိတ်ရှုပ်ထွေးသွားကြလို့ပါ"
ဟန်ချင်စုန့်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။ “ထိုင်နေ ”
သူက စစ်တပ်ထဲမှာ နှစ်တွေအများကြီး နေခဲ့ပြီး ရန်သူတွေကိုလည်း သတ်ဖူးကာ သွေးကိုလည်း မြင်ခဲ့ဖူးသည်။ သူ့တကယ်ကို အလေးအနက်ဖြစ်ပြီဆိုသည်နှင့် တစ်ကိုယ်လုံးက ဖြာထွက်လာသည့် အအေးဓာတ်က လူတွေကို တုန်ရီသွားစေပြီး အနားမကပ်ရဲကြတော့ပေ။
သူက ဟန်ချင်ဟွကို လည်ပင်းကနေ ဆွဲပြီး ထွက်လာခဲ့သည်။
အဖွားကြီးဟန်က စပြီးငိုတော့ပြန်၏။
"ဒါက ဘယ်လို နတ်ဆိုးမျိူးလဲတော်ရေးးး"
သူမက သွားတွေ ဆွဲနှုတ်ခံထားရသည် ကျားကဲ့သို့ဖြစ်ပြီး သူမသားလည်း အတူတူပင်။ သူမ စိတ်ပူလွန်း၍ သူမဘေးနားက အဘိုးကြီးဟန်
ကို ထုရိုက်ပြီးအော်လိုက်၏။
"ရှင်က အခုထိ အိပ်နေတုန်း... အိပ်ပျော်နေတုန်းပဲ... စတုတ္ထသားက သေအောင်အရိုက်ခံရတော့မယ်"
အဘိုးကြီးဟန်က ရေရွတ်လိုက်သည်။
"ဘာဖြစ်တာလဲ "
Xxxxxxx