Part 495
အစ်ကိုကြီးဟန်က ဒုတိယအစ်ကိုဟန်ကို အတူတူ သွားကြည့်ရန် အမြန်ပြေးခေါ်၏။
ဒုတိယချွေးမဟန်က မလွှတ်ပေ။
“တတိယလေးကို ရှင်နိုင်လို့လား...သူသတ်ရင် ရှင်တခြားလူအတွက် သေပေးနိုင်လား"
အစ်ကိုကြီးဟန်က သူ့ဘာသာသူ သွားကြည့်ရမည်ဖြစ်သော်လည်း ဟန်ချင်စုန််က ဟန်ချင်ဟွကို ဘယ်က ခေါ်သွားမှန်း သူမသိပေ။ထို့ကြောင့် သူသည် စိုးရိမ်လွန်း၍ လမ်းကြားနှစ်ဖက်ကို သွားကြည့်ခဲ့သည်။
ဟန်ချင်စုန့်က ဟန်ချင်ဟွကို သူတို့ယခင်ပြောနေသည့် အနောက်မြစ်သို့ ခေါ်သွားပြီး သစ်ပင်ပေါ်သို့ ပစ်တင်လိုက်သည်။ ဘုန်းခနဲအသံနှင့်အတူ ဟန်ချင်ဟွ သစ်ပင်ပေါ်အတင်ခံလိုက်ရပြီး ပြန်ပြုတ်ကျသွားကာ ရုတ်ချည်း မြေကြီး ပေါ်တွင် လဲလျောင်းနေရင်း နာကျင်စွာ အော်ဟစ်လိုက်သည်။
ဟန်ချင်စုန့်က အေးစက်စွာပြောလိုက်၏။
"ထွက်သွား"
ဟန်ချင်ဟွ သူက ဟန်ချင်စုန့်၏ ပြိုင်ဘက်မဟုတ်ကြောင်း သိထားပြီး တိုက်ခိုက်လိုပါက သူပဲအရိုက်ခံရမည်ဖြစ်သည်။ ထို့ကြောင့် သူက ပြန်မလုပ်ဘဲ အော်ဟစ်ငိုယိုနေ၏။
"အစ်ကို မင်း ဘာလုပ်နေတာလဲ... ငါက မင်းရဲ့ချစ်လှစွာသောညီလေ... ဘာလို့ ငါ့ကိုဒီလိုဆက်ဆံတာလဲ..ငါဘာမှမလုပ်ခဲ့ပါဘူး... မင်းဘာလို့ငါ့ကိုရိုက်ရတာလဲ"
ဟန်ချင်စုန့်က သူ့ကို အေးစက်စွာငုံ့ကြည့်ကာ ဆိုလိုက်သည်။
"လင်းလန်က မင်းကိုမယုံတာသိသားနဲ့... ငါအိမ်မှာမရှိတဲ့အချိန် မင်းသူ့ကိုချဉ်းကပ်နေတုန်းပဲ "
ဟန်ချင်ဟွ အိမ်လာတိုင်း လင်းလန်က အများဆုံး သူ့ကို ပင်မခန်းထဲဖိတ်ခြင်း သို့မဟုတ် ဟန်ချင်စုန့်ကို သွားခိုင်းခြင်းတို့သာလုပ်လိမ့်မည်ဖြစ်ပြီး အနောက်အခန်းထဲသို့ ဘယ်သူ့ကိုမှ မဖိတ်ချေ။ ထို့အပြင် သူမနှင့် ဟန်ချင်ဟွက ယဉ်ယဥ်ကျေးကျေးသာဆက်ဆံကြပြီး ဘယ်သောအခါမှ ရင်းနှီးမှုမရှိကြပေ။ ထို့သို့သော ဆက်ဆံရေးမျိုးဖြင့် ဘယ်သူက သူ့ကို လင်းလန့်အခန်းထဲဝင်နိုင်ထွက်နိုင်သည်ဟု ယုံကြည်မှုပေးခဲ့ပါသနည်း။
လင်းလန်၏အခန်းထဲသို့ မဝင်ခဲ့ပါက သူမ ဒေါသထွက်နေမည်မဟုတ်ပေ။
သူ၏ သူမနေရာကနေ အကဲဖြတ်ချက်အရ မိသားစုက အိမ်မှာ မရှိလေရာ အလွန်ဆုံး ခြံထဲမှာ စကားနည်းနည်းထွက်ပြောရုံလောက်သာရှိပေလိမ့်မည်။
ဘာလို့ စူးချွန်နဲ့ထိုးရမှာလဲ...
"ငါက တကယ်ကို မဂ်လာကိတ်မုန့် လာပို့ဖို့ အဲ့ဒီကို သွားတာ...ပုံမှန်အပြုံးတွေရဲ့နောက်ကွယ်မှာ သူက အဲ့လောက်ရက်စက်လိမ့်မယ်လို့ ငါဘယ်လိုလုပ်သိမှာလဲ"
ဟန်ချင်ဟွက ငိုယိုပြီး ထိုအချိန်က ဖြစ်ပျက်ခဲ့သည်နှင့် ပတ်သက်ပြီး အမှန်တစ်ဝက်၊အမှားတစ်ဝက်ဖြင့် စတင်ပြောခဲ့ကာ ယင်းက အစ်ကိုကြီးဟန် သိထားသလိုပါပင်။
"ကြိတ်ပြီးဒေါသထွက်နေတယ်ဟုတ်လား"
ဟန်ချင်စုန့်က သရော်လိုက်၏။ သူ လင်းလန်ထံမှ ဘာတစ်ခုမှ မကြားသိရပေ။ အိမ်တွင် ထမင်းစားနေချိန်မှာ သူမက ပုံမှန်ပဲဖြစ်ပြီး လာ့ပါးယာဂု ချက်ပြုတ်ခြင်းနှင့် ကလေးများ၏ပန်းချီဆွဲသင်ခြင်းအကြောင်းပဲပြောပြကာ ဟန်ချင်ဟွ အကြောင်းကို လုံးဝပြောပြခဲ့ခြင်းမရှိချေ။
ဟန်ချင်ဟွပြောသည် ကြားလိုက်ရုံနှင့် တစ်ခုခုတော့မှားနေပြီဟု ခံစားလိုက်ရသဖြင့် သူက မျက်နှာထားတည်တည်နှင့် ဘာမှပြန်မပြောဘဲနေလိုက်ခြင်းပင်။ သေချာသည်ပင်၊ ဟန်ချင်ဟွက သူ့ဘာသူ ရှင်းပြလာ၏။
ဟန်ချင်စုန့် လက်ငါးချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး သူ့တစ်ကိုယ်လုံး တင်းမာခက်ထန်လာပြီး မျက်လုံးများက ဟန်ချင်ဟွကို ရေခဲချွန်များကဲ့သို့ ထိုးဖောက်နေကာ လင်းလန်ဆီကနေ စူးချွန်ဖြင့် အထိုးခံရသလိုမျိုး ခံစားလာရစေသည်။
ဟန်ချင်ဟွ နှင်းတောထဲတွင် ငိုယိုကာ ကလေးတစ်ယောက်လို တအီအီလုပ်နေ၏။ ယခု သူမည်မျှပင် ပုံမှန်ဖြစ်ပြ ရင့်ကျက်နေပါစေ၊ သူက ဆယ့်ခုနစ်နှစ်၊ဆယ့်ရှစ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ပင် ဖြစ်သေးလေရာ အနည်းဆုံး ဤသို့သာတွေးတတ်လေ၏။ ရင့်ကျက်ဟန်ဆောင်ပြီး ပတ်ဝန်းကျင်ကလူတွေကို ကျေနပ်အောင်ကြိုးစားရန်ပင်။ဆင်တူချင်ယောင်ဆောင်နိုင်ပေမဲ့ အမှားလုပ်မိသည့်အခါ မိမိရုပ်လုံးအစစ်အမှန်ကို ရုတ်တရက်ဖော်ပြသွားမိပေလိမ့်မည်။
"မင်းက ရုပ်ဖျက်တဲ့နေရာမှာမတော်ဘူး... မင်း လုံးဝ မတိုးတက်သေးဘူး... ဒါကြောင့် လူနဲ့ တိရိစ္ဆာန်တွေအပေါ် အန္တရယ်မရှိသလို ဟန်ဆောင်ဖို့ မလိုဘူး"
ဟန်ချင်ဟွ: "ဘာလို့ ဒီလိုဖြစ်ရတာလဲ...ဘာလို့ မပြောင်းလဲရမှာလဲ..သူကသာ အတွေးတွေလွန်ပြီး ငါ့အစ်ကိုကို လှည့်စားချင်နေတာ အသိသာကြီးလေ...အဲ့ဒါက သူ့အမှား... အစ်ကိုကြီးလည်း မြင်ခဲ့တယ်. အစ်ကိုကြီး သက်သေခံပေးလို့ရတယ်... သူက ငါ့ကို သွားပုတ်လေလွင့်ပြောနေတာ"
ဟန်ချင်စုန့် သူ့ကို ရိုက်နှက်ချင်ပေမဲ့ သူ၏ယခုလိုအရှက်မဲ့သည့်အပြုအမူကို မြင်ရသည့်အချိန် သူ့အတွက် သူ့လက်သီးတွေကန်ချက်တွေကိုပင် အသနခံပြီးအသုံးမပြုချင်တော့ပေ။
"လင်းလန်က ဘာမှမပြောဘူး... မင်းကိုယ်တိုင်ပဲ ပြောတာ"
ဟန်ချင်ဟွ: ...
"တတိယအစ်ကို... မင်းငါ့ကိုမယုံရင် အစ်ကိုကြီးကိုမေးကြည့်... သူက ပြဿနာရှာဖို့ အစပြုခဲ့တဲ့သူပဲ...သူ့က ငါ့ကိုသေအောင် ထိုးသတ်ပြီး အရှက်ခွဲချင်တာ...ဘာလို့ မင်းငါ့အတွက် တရားမျှတမှုကို မပေးရတာလဲ"
လင်းလန်က မတိုင်ဘူး၊မှန်သည် သူလည်း ဘာမှ မပြောခဲ့ပါချေ။ထိုသည်ကို တတိယအစ်ကိုက အဘယ်ကြောင့် သူ့ကို မယုံရသနည်း။
ဟန်ချင်ဟွ နားမလည်နိုင်ဖြစ်နေ၏။
" နားမလည်နိုင်ဘူးလား"
ဟန်ချင်စုန့်က အေးစက်စွာ နှာမှုတ်လိုက်သည်။
"လင်းလန်က ဉာဏ်ရည်ထက်မြက်တဲ့သူတစ်ယောက်...မင်းတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရင် သူက မင်းကို သဘာဝအတိုင်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံလိမ့်မယ်... သူက မင်းကို ဘယ်လိုလုပ် ဒုက္ခပေးမှာလဲ... ဒါက မင်းက အရမ်းနီးကပ်လွန်းပြီး ရမ်းကားလွန်းကြောင်း သက်သေပြလိုက်တာ"
ဟန်ချင်ဟွက မဟုတ်ကြောင်း စူးစူးဝါးဝါးအော်ဟစ်လေသည်။
"မဟုတ်ဘူး...ငါက မဂ်လာကိတ်သွားပို့တာ...သူက ငါ့ကို စူးချွန်းနဲ့ထိုးပြီး ဒူးထောက်တောင်းပန်ခိုင်းတာ...ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့မရီးလေ.. .ငါ့မရီးငါဒူးထောက်တာဘာဖြစ်လဲ...ဒူးထောက်မှာပေါ့...ငါ့ကိုမယုံရင် အစ်ကိုကြီးကို မေးကြည့်"
ဟန်ချင်စုန့် သူပြောလာမည့်စကားတွေကို မကြားချင်ပေ။ လင်းလန်က သူ့ကို ဟန်ချင်ဟွထက်ပိုသိ၏။သူက အေးစက်စွာ ပြောလိုက်သည်။
"ငါမင်းကို နောက်ဆုံးတစ်ခေါက် သတိပေးလိုက်မယ်...အိမ်ကိုလာပြီး သူ့ကို အနှောက်အယှက်မပေးနဲ့...လမ်းမှာတွေ့ရင်တောင်ရှောင်"
"ငါက ဘာလုပ်လို့လဲ...ဘာလုပ်နေလို့လဲ...မင်းဘာလို့ ငါ့ကို ဒီလိုဆက်ဆံရတာလဲ...ငါ့တို့ကညီအစ်ကိုတွေမဟုတ်ဘူးလား..."
ဟန်ချင်ဟွက မြေကြီးကို ထုရိုက်ကာ မတရားခံရပြီးသေတော့မလိုမျိုး ငိုကြွေးနေသည်။
"ငါ့တို့က ညီအစ်ကိုတွေဟုတ်မဟုတ်က ငါ့အပေါ်မှာမူမတည်ဘူး...မင်း ငါ့ကို အစ်ကိုလို့ သတ်မှတ်တယ်မသတ်မှတ်ဘူးနဲ့...လင်းလန်ကို မရီးလို့သတ်မှတ်တယ်မသတ်မှတ်ဘူးပေါ်မှာ မူတည်တယ်"
ဟန်ချင်ဟွသည် သူက *သိုEထက်ပင်ပို၍ မတရားဆက်ဆံခံရသလို ခံစားရ၏။
(T/N–သူမ၏ယောက္ခမကို သတ်သည်ဟုမှားယွင်းစွပ်စွဲခံခဲ့ရသော မုဆိုးမတစ်ဦး)
Xxxxx
Part 496
"ငါဘာလို့ မင်းကို တတိယအစ်ကိုလိုမဆက်ဆံတာလဲ...ဘာလို့ သူ့ကို မရီးလိုမဆက်ဆံတာလဲဆိုတော့...သူက ငါ့ကို မောင်လေးတစ်ယောက်လို မဆက်ဆံလို့ပဲ... သူက မင်းရဲ့အဖိုးတန်ရင်နင့်သည်းချာလေးလေ...ငါနဲ့ငါ့ညီမကတန်ဖိုးမရှိတဲ့သူတွေ"
ဟန်ချင်စုန့် သူကို အာရုံသိပ်စိုက်မနေဘဲ ခြေလှမ်းကျဲကြီးများဖြင့်သာ အိမ်သို့ပြန်လာခဲ့ည်။
ဟန်ချင်ဟွ ဝမ်းနည်းလွန်း၍ ငိုကြွေးနေ၏။
သူဘာလို့ မိန်းမက ညီနဲ့မိဘတွေထက်ပိုအရေးပါနိုင်တယ်ဆိုတာကို မသိခဲ့ရတာလဲ...ဒါက မိန်းမရပြီး မအေကိုမေ့သွားတာမျိုးမဟုတ်ဘူးလား...
(မဘက်လိုက်တော့ မိုက်ဘက်ပါ)
သူမူလက သူ့အစ်ကိုနှင့်မရီးကို ခွဲချင်ခဲ့ပြီး မိန်းကလေးချင်ကို အသုံးပြု၍သွေးထိုးချင်ခဲ့သော်လည်း ဟန်ချင်စုန့်က အရူးလုပ်မခံသဖြင့် လင်းလန်က သံသယမဖြစ်ခဲ့ပေ။ ထို့နောက် သူလင်းလန်ကို ခြောက်လှန့်ချင်ခဲ့သည်။သူမက ဟန်ချင်စုန့်ကိုတိုင်လျှင် သူက အစ်ကိုကြီး၏သက်သေခံမှုနှင့်အတူ ရှင်းရှင်းလင်းလင်းရှင်းပြလိုက်မည်ဖြစ်ပြီး တတိယအစ်ကိုက သူမက အကြောင်းပြချက်မရှိပြဿနာရှာနေပြီး ပြဿနာမီးထွန်းရှာသူဖြစ်ကြောင်းသိသွားပေလိမ့်မည်။
ဟန်ချင်စုန့်က နည်းနည်းလေးမယုံဘဲ ထိုမကောင်းသည့်မိန်းမကိုပဲ ယုံကြည်လိမ့်မည်ဟု သူမထင်ခဲ့ပေ။
ဟန်ချင်စုန့်က လင်းလန်က မတိုင်ခဲ့ဟုပြောသော်ငြား ဟန်ချင်ဟွမယုံပေ။ သူမက ဘယ်လိုလုပ်မတိုင်ဘဲနေမှာလဲ...
သူမက တတိယအစ်ကို သွေးထိုးလိုက်သည့်သူဖြစ်ရမည်။
ဒီရက်စက်လိုက်တဲ့မိန်းမကတော့...
သူမက ဟန်ချင်စုန့်၏ရင်နင့်သည်းချာလေးဖြစ်ပြီး သူကား မြက်ဖုတ်တစ်ခုသာဖြစ်၏။
သူ နားလည်တယ်...
.....
လင်းလန် ကလေးတွေကို ရေချိုးပေးပြီး အနွေးကုတင်ပေါ် ပို့လိုက်သည်။သူမက ရေနွေးနှင့် ရေချိုးပြီး အနွေးထည်ဝတ်ကာ ပင်မအခန်းထဲကို အမြန်ပြန်သွားခဲ့၏။ ဟန်ချင်စုန့် အပြင်ကနေ ပြန်လာသည့်အခါ အပြင်မှာ လုံးဝမှောင်နေလေပြီ။
သူမက သူ့ကိုခေါင်းစောင်းကြည့်ပြီး မေးခွန်းထုတ်လာ၏။
"ရှင်ဘာလို့ မပျော်မရွင်ဖြစ်နေတာလဲ"
သူမလည်း ယခုကြည့်တတ်သွားပြီဖြစ်သည်။
ဟန်ချင်စုန့်မှာ အမူအရာ တစ်သမတ်တည်း ရှိသည်ဟု သူမ တွေးခဲ့ဖူးပြီး သူပျော်လား မပျော်ဘူးလား ဆိုသည်ကို မပြောနိုင်ခဲ့ပေ။ ယခု သူမမည်သို့မည်ပုံဆိုသည်ကို သိသွားပြီဖြစ်၏။ သူပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ အကြည့်တစ်ချက်နှင့်ပင်သိနိုင်ပြီး မည်သို့ဆုံးဖြတ်ရမည် ဆိုသည့် စံနှုန်းမရှိပေ။ဤသည်က သူမ၏အလိုလိုသိစိတ်ပင်။
ဟန်ချင်စုန့်် သူမက အောက်ခံဘောင်းဘီနှင့်အနွေးအင်္ကျီကိုဝတ်ကာ ဖိနပ်တစ်ရံကို ဆွဲယူလာသည်ကိုတွေ့လိုက်ရသည်။သူမ၏ဖြူဖွေးသွယ်လျသောခြေကျင်းဝတ်များက မြေကြီးထက်တွင် အအေးဒဏ်ကြောင့် နီရဲနေလေရာ သူ ရှေ့သို့လှမ်းကာ သူမကိုပွေ့ချီ လိုက်၏။
"မအေးဘူးလား"
"အိုး ”
လင်လန်က တိုးတိုးလေးဆိုရင်း အရှေ့ခန်း ကို ခေါင်းကို အမြန်လှည့်ကြည့်လိုက်သည်။အဖေဖြစ်သူနှင့် စကားပြောရန် ခေါင်းပြူထွက်နေသည့် ကလေးတွေက ချက်ချင်းပဲ ခေါင်းပြန်လှည့်ကာ ရေဒီယို နားထောင်ချင်ဟန်ဆောင်နေကြ၏။
စန်းဝမ်က ရည်ရွယ်ချက်ရှိရှိ ရယ်မောရင်း ရှောင်ဝမ်ကို ပွေ့ချီလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"မအေးဘူးလား"
ရှောင်ဝမ်က အလွန်လေးနက်စွာဖြင့်
"ပူတယ်...မအေးဘူး"
စန်းဝမ်က ကျယ်လောင်စွာ ရယ်မောလေ၏။
လင်းလန်၏ပါးပြင်များမှာ နီရဲလွန်း၍ မီးတွေပွင့်ထွက်မတတ်ဖြစ်နေသော်လည်း ဆင်းချင်သောအခါတွင် ဟန်ချင်စုန့်က သူမကို အခန်းထဲသို့ တိုက်ရိုက်သယ်သွားပြီး အနွေးကုတင်ပေါ်တင်လိုက်သည်။ သူမ မထိန်းနိုင်ဘဲ ချွဲတဲတဲလေး ပြောလိုက်မိတော့၏။
"ကလေးတွေ မအိပ် သေးဘူးလေ"
ဟန်ချင်စုန့် က တံခါးကိုကန်ဖွင့်ပြီး အနွေးကုတင် ပေါ်တက်ကာ စကားမပြောဘဲ သူမကို ထိုအတိုင်း ပဲ ပွေ့ဖက်ထားသည်။
လင်းလန် သူ့မျက်နှာကို ထိရန် အစပျိုးလိုက်၏။ ဇီဝဖြစ်စဉ် မြန်သည်က မကောင်းပါချေ။ မုတ်ဆိတ်ငုတ်တိုလေးများက မြန်မြန်ဆန်ဆန် ထွက်လာကြသည်။ မနက်ခင်း မုတ်ဆိတ်ရိတ်ပြီးသည်နှင့် ညဘက်မှာ တန်းထွက်လာ၏။ သူမက သူပေါ်ကို တိုးမှီကာ ငုံ့နမ်းပြီး ညင်သာစွာ မေးလိုက်သည်။
"ဌာနမှာ စိတ်မချမ်းသာဘူးလား"
သူမက သူ့ကို ဌာနအကြောင်းသို့မဟုတ် အတိတ်က သူဘယ်လိုခံစားရလဲ ဆိုသည်ကို မေးခြင်းက ရှား၏။တကယ်တမ်းတွင် သူက အမြဲတမ်း အမူအယာမဲ့နေသည်ဖြစ်ရာ သူမက မမြင်နိုင်သည်လား သို့မဟုတ် အစတုန်းက ဂရုမစိုက်ခဲ့သည်လားမသိပါချေ။
ယခုတွင် သူမက သူ့အပေါ် ပို၍ ခံစားသိရှိတတ်လာသောကြောင့် သူ့တွင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာ ရှိနေဆဲဟု သူမခံစားမိသော်လည်း အမူအရာ ပြောင်းလဲမှုများသည် သာမန်လူများအတွက်မူ သိမ်မွေ့လွန်းလှသည်။
(မသိသာ၊မမြင်သာခြင်းကိုဆိုလို)
သူက ခေါင်းယမ်းပြီး
“အဆင်ပြေပါတယ်”
သူ အလုပ်မှာ ဘယ်တုန်းကမှ စိတ်အနှောက်အယှက်မဖြစ်ဖူးသလို အိမ်အပြင်က စိတ်ညစ်စရာတွေကို အိမ်ထဲသို့ တစ်ခါမှ မဆောင်ခဲ့ဖူးပေ။
လင်းလန်က ချဲ့ကား ပြုံးလိုက်ပြီး သူ့ပါးကို လက်ညိုးဖြင့် ထိုးကာပြော၏။
"အိုး...ကျွန်မသိက္ခာတွေတော့ မြေကြီပေါ်ထိကျကုန်တော့မှာပဲ"
သူမက မျက်လုံးလေးကွေးကာ ပြုံးပြသည်။
သူမက သူ့ကို ကလေးတစ်ယောက်ကို စနေသလိုမျိုး တကယ်ထပ်စနေပြန်ပြီ။
ဟန်ချင်စုန့် သူမအား ဂရုတစိုက် ကြည့်လိုက်၏။သူမက သူမနှင့်ရွယ်တူများထက် ငယ်ရွယ်ပုံရသည်။ သူမအရွယ်လူအများ၏မျက်လုံးများက အဝါရောင်ဖြစ်နေတတ်သော်လည်း သူမ၏မျက်လုံးများကမူ ကြည်လင်ပြီး နွေးထွေးသောအပြုံးများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ ကလေးလေး တစ်ယောက်ကဲ့သို့ပင်၊ သူမက ကြည်လင်သန့်ရှင်းပြီး မည်သည့် အာရုံထွေပြားသည့် အတွေးမျိုးမှမရှိပဲ သူမဘာပဲလုပ်လုပ် သူမရှေ့တွင်ရှိသောအရာကိုသာ အာရုံအစိုက်ဆုံးဖြစ်၏။
သူ့နှလုံးသားက ရုတ်တရက် ပျော့ပျောင်းလာပြီး မာကျောသည့်အခွံမှာ တစ်စုံတစ်ခု၏ အပေါက်ပေါက်အောင် ခေါက်ခြင်းခံလိုက်ရကာ ပူနွေးသည့်လျှပ်စီးကြောင်းတစ်ခု ပန်းထွက်လာသည်။
သူက သူမပါးကို ပွတ်သပ်ပြီးပြောလိုက်၏။
"ဘာလို့မပြောတာလဲ"
လင်းလန်: "ဘာကို"
ဟန်ချင်စုန့်က သူမကို လေးနက်သည့်အမူအရာဖြင့် ငုံ့ကြည့်ကာဆိုသည်။
"စတုတ္ထညီက မင်းကို နာကျင်စေချင်နေတာကို"
သူ သိသွားတာလား... ဒီလောက်လေးနက်ပုံပေါ်တာ မဆန်းတော့ဘူး...
အမှန်တွင် သူမ မူလက ဟန်ချင်စုန့်ကို ပြောပြချင်ပေမဲ့ ကလေးတွေရှေ့မှာ ပြောရန် အဆင်မပြေသောကြောင့် အနွေးကုတင်ဆီကို သူအပြန်လာအား စောင့်ပြီးမှပြောချင်ခဲ့၏။
ထိုအချိန်တုန်းက သူမသည် ဟန်ချင်ဟွကို သူ့ကို ဦးစွာနှင်ထုတ်ရန် နှင့် ဘေးကင်းသောအကွာအဝေး၌ ရှိနေရန် အရင်ဆုံးကြိုးစားခဲ့သည်။ ထို့နောက် တပ်မဟာကေဒါများထံသွားကာ ရမ်းကားရန်ကြိုးစားသည်ဟု တိုင်ကြား၍ သူ့ကို ဖမ်းခိုင်းပြီး နောက်ထပ် နှစ်အနည်းငယ်ကြာအောင် အလုပ်ကြမ်းစခန်းမှာနေခိုင်းမည်ဟု စဥ်းစားခဲ့သည်။
ဟန်ချင်ဟွ၏ အပြုအမူက သူမ မျှော်မှန်းထားသည်ထက် ကျော်လွန်နေမှန်း မည်သူသိပါမည်နည်း။သူမကို မည်သည့်နည်းနှင့်မျှ တကယ်တိုက်ခိုက်ရန် မဝံ့ရဲဘဲ သူ့အမှားကို ဝန်ခံပြီး ဒူးထောက်ကာ သူ့ကိုယ်သူ ပါးရိုက်ခဲ့သည်။ ရလဒ်အနေနှင့် အစ်ကိုကြီးဟန် ရောက်လာပြီး၊ သူမက ရက်စက်ကြမ်းကြုတ်စွာ မညှာမတာပြုမူနေချိန်တွင် သူက စိတ်ရင်းမှန်ဖြင့် ဒူးထောက်ကာ တောင်းပန်သည့်မြင်ကွင်းကို ဟန်ချင်ဟွက ထုတ်ပြခဲ့သည်။
Xxxxxx