Part 497
"ဘယ်လို...ရှင်ဘယ်လိုသိတာလဲ"
အိုး ...ဟန်ချင်ဟွက ဟန်ချင်စုန့်ကို တကယ် အရင်သွားတိုင််တယ်ပေါ့... ရယ်စရာကောင်းလိုက်တာ...
"မင်းကိုယ့်ကို ဒီလိုကိစ္စမျိုးကို ချက်ချင်းပြောရမှာလေကွာ"
သူက သူ့လက်မောင်းတွေနှင့် သူမကို သိုင်းဖက်လိုက်၏။
"သူ မင်းကိုနာကျင်အောင်လုပ်သေးလား"
လင်းလန်က ခေါင်းခါပြီး ထိုအချိန်တုန်းက အခြေအနေကိုပြောပြလိုက်သည်။
"ရှင်လည်းသိပါတယ် ကျွန်မသူ့ကိုမယုံဘူး...ရှင်က အိမ်မှာမရှိတဲ့အချိန် သူရုတ်တရက်ဝင်လာတော့ ကျွန်မအတော်လေးရင်ထိတ်သွားတာ
...အဲ့ဒါကြောင့် သူကျွန်မကိုအနောက်ကနေ ချဉ်းကပ်လာတော့... သူ မလိုတမာစိတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ...ကျွန်မရဲ့ပထမဆုံးတုံ့ပြန်မှုက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ပဲ...စိတ်မပူပါနဲ့...သူက ကျွန်မလက်ကောက်ဝတ်ကို ညှစ်ခဲ့တာ... ဘာမှ မလုပ်ရဲဘူး...ကျွန်မသူ့ကို အော်ပြီမောင်းထုတ်ခဲ့တာ "
နောက်ပိုင်းမှာ ဟန်ချင်ဟွက ရုတ်တရက် ခွင့်လွှတ်ရန် ဒူးထောက်တောင်းပန်လာပြီး သူ့ကိုယ်သူ ပါးရိုက်ခဲ့၏။ထို့အကြောင်းကို သူမမဖုံးကွယ်ခဲ့ပေ။ နောက်ပိုင်းမှာအစ်ကိုကြီးဟန်ဆီ ရောက်လာခဲ့သည်။
ထိုအချိန်က လူအများစုက ဟန်ချင်ဟွကို အစ်ကိုကြီးဟန်ကဲ့သို့ပင် ယုံကြည်ခဲ့ကြ၏။သူက သူမအခန်းထဲသို့ ဝင်ခြင်းက မသင့်တော်သော်လည်း လက်ရှိ ထုံးစံအရ မတ်ဖြစ်သူက မရီးအိမ်သို့ ဘာမှမလုပ်ဘဲ ဝင်ရောက်ခြင်းမှာ အမှားမရှိပေ။ ထို့ကြောင့် သူမသည် ငြင်းခုံရန် ပျင်းလွန်းသဖြင့် ဟန်ချင်စုန့် ပြန်လာမည့်အချိန်ကို စောင့်ချင်ခဲ့သည်။
ဟန်ချင်စုန့်က သူမကို ကျောကို ပွတ်သပ်ပေးကာဆိုလာ၏။
"ဒါဟာ ကိုယ့်ရဲ့ ပေါ့ဆမှုပါ...အခုချိန်ကစပြီး သူ ကို တံခါးဝကို လာခွင့်မပေးတော့ဘူး... မင်းကိုလည်း နောက်တစ်ကြိမ် ချဉ်းကပ်ခွင့် မပေးတော့ဘူး"
လင်းလန်က သူ့လည်ပင်းကို တွဲခိုလိုက်ပြီး သူ့မျက်လုံးများထဲကို စိုက်ကြည့်ကာပြောလိုက်သည်။
"စုန့်ကော... ကျွန်မကိုယုံလို့ ကျေးဇူးတင်ပါတယ်"
သက်သေမရှိသော ထိုအရာများအတွက် ဟန်ချင်ဟွက သူ တစ်စုံတစ်ခုကို ပေးနေခြင်းသာဖြစ်သောလည်း နောက်ဆုံးတွင် သူမက အကြောက်လွန်ပြီး သို့မဟုတ် တမင်တကာ စူးချွန်ဖြင့် ထိုးလိုက်သည်ဟုပြောလိမ့်မည်ပင်။ ထို့ကြောင့် ဟန်ချင်စုန့်က သူမကို ခြွင်းချက်မရှိ ယုံကြည်ခဲ့ခြင်းဖြစ်ပြီး သူမ အလွန်ပျော်ရွှင်ခဲ့သည်။
"မင်းရဲ့လုံခြုံရေးက အရေးကြီးဆုံးပဲ" ဟု သူက လေးနက်စွာပြောလာသည်။
"ကောင်းပါပြီ ...ကျွန်မသေချာမှတ်ထားပါ့မယ်နော်"
လင်းလန်က ပြုံးပြီး မျက်လုံးကို မှိတ်ကာ ငုံ့နမ်းလိုက်၏။
သို့ပေမဲ့ သူက နောက်ကိုအနည်းငယ် စောင်းငဲ့ကာ ရှောင်လိုက်ပြီးဆိုသည်။
"ကိုယ်က အရေးကြီး ကိစ္စအကြောင်းပြောနေတာ"
လင်းလန်: "..."
သူမက သူ့ရင်ဘတ်ကို ပြုံးကာ တို့ထိလိုက်ရင်း သူမကို လွှတ်ပေးရန်ပြောလိုက်၏။ အရေးကြီးကိစ္စဟုတ်လား...အဲ့ဒါဆိုရှင်ဘာလို့ဖက်ထားနေသေးလဲ...
သို့သော် သူက သူမ၏ ခေါင်းနောက်ကို ဆုပ်ကိုင်ကာ တရှိုက်မက်မက်နှင့် လေးလေးနက်နက်ဖြင့် နင့်နင့်သည်းသည်း နမ်းလာခဲ့သည်။
ပထမတုန်းက လင်းလန်က နည်းနည်းရှက်သွား၏။စင်စစ်အားဖြင့် ကလေးတွေက မအိပ်သေးပေ။ သူတို့ဝင်လာရင် ဘယ်လိုလုပ်မလဲ...
သို့ရာတွင် မူးဝေနေအောင်အနမ်းခံရပြီးနောက်မှာမူ ၎င်းကို တွေးရန် ခွန်အားမရှိတော့ပါချေ။
အဝတ်များကို ချွတ်လိုက်သောအခါတွင် သူမက ပူလောင်ပြင်းပြနေသောနေရောင်ဖြင့်
အထိုးခံထားရသည့် နှင်းနုဖွဲဖွဲလေးပေါ်တွင် လဲလျောင်းနေရသကဲ့သို့ရှိကာ အနမ်းတိုင်းမှာ မီးပွားများ တောက်လောင်လာခဲ့သည်။ သူက နမ်းလေလေ၊သူမက ပိုလိုချင်လေလေဖြစ်ကာ ပူလောင်သောမီးပွာများက အအေးဓာတ်အားလုံးကို ချေဖျက်ပေးပြီး သူမ၏ခန္ဓာကိုယ်အောက်ရှိ ရေခဲများနှင့် နှင်းများကို အရည်ပျော်သွားစေမည်ကို လိုချင်လာ၏။
သူ၏ မကြုံစဖူး စိတ်ရှည်သည်းခံမှုဖြင့် အနမ်းသည် မတ်လရှိ မုန်တိုင်းနှင့် နွေဦးလေညင်းတို့ကဲ့သို့ဖြစ်ပြီး၊ တစ်ခါတစ်ရံ စိတ်အား
ထက်သန်မှုအပြည့်နှင့် တစ်ခါတစ်ရံ သနားညှာတာမှုအပြည့်ဖြင့်ရှိကာ မြတ်နိုးကိုးကွယ်သည့်ခံစားချက်တို့ပင်ပါသေးသည်။
သူ့မှာ သူမ တကိုယ်လုံးကို နမ်းရန် စိတ်ကူးတို့ရှိနေသည့်အခါ သူမ ချက်ချင်းပဲ သူမခန္ဓာကိုယ်ကို ကွေးညွှတ်မိသွားကာ ဘာကြောင့်မှန်းမသိခဲ့သော်လည်း ယင်းက သိပ်ကို နှိပ်စက်ရာကျလွန်းသည်ဟု ခံစားလိုက်ရ၏။
ဒါက သူ့ပုံစံမဟုတ်ဘူး...
"...တတိယအစ်ကို..."
သူမလက်မောင်းများက သူ့လည်ပင်းကို အားနည်းစွာ ကပ်တွယ်ထားရင်း အမောတကောဖြင့် တိုးသဲ့သဲ့ ခေါ်လိုက်သည်။
သူက သူမ၏ နှုတ်ခမ်းများကို နမ်းကာ တုံ့ပြန်လာခဲ့ပြီး သူမ၏ တည်ရှိမှုကို လက်တွေ့ လုပ်ဆောင်ချက်များဖြင့် တုံ့ပြန်ခဲ့သည်။
... သူသည် ဤညတွင် အလွန်စိတ်ရှည်ပြီး နူးညံ့သော်လည်း၊ သူမအနေဖြင့် မောပန်းနေဆဲဖြစ်ပြီး သူမ ကျောက်ကပ်အားနည်းမှုကို သေချာပေါက် ခံစားရလိမ့်မည်ဟု အတွေးဝင်မိ၏။
မနက်ဖြန် ကျောက်ကပ်အားဆေး အကြီးကြီးသွားဝယ်ရင်ကောင်းမလား...
...
နောက်တစ်နေ့ လင်းလန်နိုးလာသောအခါ အခန်းထဲတွင် လာ့ပါးယာဂုရနံ့များဖြင့် ပြည့်နှက်နေသည်။
ကျန်းချိုက်ဟုန်၊တုန်ဟွိုင်ဟွ၊ပထမချွေးမဟန်နှင့် အခြားကလေးငယ်များ ပင်မအခန်းတွင် စကားပြောနေသည်ကိုပင် သူမကြားလိုက်ရသည်။ သူတို့က လာ့ပါးယာဂုကို လာပို့ကြခြင်းဖြစ်၏။
မနှစ်က သူတို့မိသားစုမှာ လာ့ပါးယာဂုနမူနာတွေ အများကြီးရှိသည်ဟု စန်းဝမ် ပြောသည်ကိုကြားပြီး တခြားကလေးတွေက လောဘတကြီး အိမ်ပြန်ခဲ့ကြသည်။ ယခုနှစ်၌မူ လာ့ပါးယာဂုလုပ်ရန်အတွက် မိဘတွေနှင့် ရန်ဖြစ်တော့မှာ ဖြစ်ပြီး နမူနာအရေအတွက် နည်းနည်းပိုရသင့်၏။
အမှန်တွင် လယ်သမားမိသားစု ဖြစ်လေရာ မိမိဘာသာဖူလုံကြသဖြင့် ယာဂု ခုနစ်မျိုးမှ ရှစ်မျိုးအထိ လုပ်နိုင်ပါသေးသည်။ထို့ကြောင့် လူတိုင်းက ကိုယ်ပိုင်ထူးခြားသည့်နည်းလမ်းတွေနှင့် ပြုလုပ်ကြ၏။တချို့လူတွေက ဂျုံစေ့တွေ၊ ပြောင်းဆန်နှင့် ပဲပိစပ်တွေကိုပါ ထည့်ပေါင်းပြီး ရေတွက်ကြသည်။မည်သို့ပင်ဖြစ်စေ အားလုံးပေါင်း ရှစ်မျိုးပြည့်အောင်လုပ်ကြ၏။ နေ့စဥ်စားသည့် အစားအစာတွေက ရိုးရှင်းလွန်းသောကြောင့် ယင်းကပင် ကလေးတွေအတွက် ပျော်ဖို့ရာ လုံလောက်လေသည်။
ကလေးများနှင့်လာ့ပါးယာဂုဖလှယ်ရန် တာဝန်ရှိသော အားဝမ်နှင့်မိုင်စွေ့တို့က ကလေးများကို ဧည့်ခံကြပြီး မိသားစုတိုင်း ပန်းကန်တစ်ဝက်စာနှင့် ပြန်လာသောအခါ အမျိုးမျိုးအဖုံဖုံ မြည်းစမ်းနိုင်စေသည်။
အားဝမ်က ယာဂု ထည့်ပေးပြီး မိုင်စွေ့က သကြားညို သို့မဟုတ် သကြားဖြူ တစ်ဇွန်းခန့်ကို ထည့်လိုက်သည်။ ဤအရာများက စျေးကြီးသော်လည်း အိမ်တွင် လျှော့စား၍ ၎င်းတို့၏ ရင်းနှီးသော သူငယ်ချင်းများနှင့် ပျော်ရွှင်စွာ ဝေငှရန်ဆန္ဒရှိကြ၏။
ခဏအကြာတွင် ကောင်းလျန့်ကလည်း ရှောင်ဖူကိုခေါ်လာသည်။ သူတို့ လက်ထဲမှာ ကန်စွန်းဥပန်းကန်ကို ကိုင်ထား၏။ သူတို့က အိမ်ထဲဝင်လာပြီး "တတိယဒေါ်ဒေါ်... လာ့ပါးယာဂု လာပို့တာပါ"ဟုအော်ကြသည်။
မိုင်စွေ့က ချက်ချင်းခေါင်းငုံ့လိုက်၏။
စန်းဝမ်က လှမ်းခုန်ကာ အော်ပြောလိုက်သည်။
"ဒါကဘာလဲ... နှပ်ချေးကြီးကြီးလို စေးကပ်ပြီး ရွံစရာကောင်းတယ်...ငါတို့ မလိုချင်ဘူး"
ထိုစဥ်က ကောင်းလျန့်ပြောသည်ကို သူ မှတ်မိနေသေး၏။ ဟမ့်...တစ်သက်လုံးမှတ်မိနေမှာ...
ယခု သူနိုးလာလာချင်း ကောင်းလျန့်နှင့် ရှောင်ဖူ ကိုတွေ့သောအခါ စန်းဝမ်စိတ်တိုသွားသည်။
ရှောင်ဖူက သူ့နှပ်ချေးကြီးတွေကို စုပ်သွင်းလိုက်ပြီး လောဘကြီးစွာ ခါယမ်းကာ ထွက်သွားရန် ငြင်းဆန်ခဲ့၏။
"ငါ သကြားယာဂု လိုချင်တယ် ...သကြားယာဂု"
ရှောင်ဝမ်က လေးနက်စွာ ပြောလိုက်သည်။
" ငါတို့က လာ့ပါယာဂုကိုဖလှယ်တာ... သကြားယာဂုချင်းဖလှယ်မှရမယ်... မင်းမှာမရှိရင် လာမတောင်းနဲ့"
Xxxxx
Part 498
ကောင်းလျန့်က မိုင်စွေ့ကြောင့် အကြိမ်ကြိမ် ဝမ်းနည်းသလို ခံစားခဲ့ရပြီး အခန်းထဲသို့ လှမ်းကြည့်သော်လည်း လင်းလန် နှင့် ဟန်ချင်စုန််တို့ကို မတွေ့သဖြင့် “လူတွေကို အနိုင်ကျင့်နေပါတယ်... ”ဟု အော်ငိုပါတော့၏။
မိုင်စွေ့က ထင်းတစ်ချောင်းပို ကောက်ကိုင်လိုက်သည် ။
"ပွဲတော်မှာ ငိုဖို့ ငါတို့အိမ်ကို လာတာလား...ရူးနေတာလား... ဒီကနေ မြန်မြန်ထွက်သွား...ငါ နင်နဲ့ စကားမပြောချင်ဘူး"
စန်းဝမ်း အိမ်ကထွက်ပြေးတာအတွက်လည်း နင့်မှာ တာဝန်ရှိတယ်...
ကောင်းလျန့် ဒေါသထွက်လွန်း၍ ရှောင်ဖူကိုဆွဲခေါ်သွား၏။
စန်းဝမ်က ရယ်ကာဆိုသည်။
"မမ နင့်ကိုကြွက်စုတ်လို့ ခေါ်ဦးမယ် သတိထား"
မိုင်စွေ့က နှာခေါင်းရှုံ့ကာ
"မကြောက်ပါဘူး...မားမားက ကြွက်စုတ်...ငါကလည်း ကြွက်စုတ်လေးပဲ... ဘယ်သူက ငါတို့ကို အနိုင်ကျင့်ဝံ့လဲဆိုတာ ကြည့်ရအောင်..."
ရှောင်ဝမ် : "ဟူး ဟူး ဟူး ...မမ အသက်ပြင်းပြင်းရှူလိုက်...မမကိုယ်မမ ငှက်မွှေးလေးလို ပေါ့ပါးတယ်လို့ တွေးကြည့် လိုက်...ဒေါသမထွက်နဲ့"
မိုင်စွေ့က ငုံ့ကာ ရှောင်ဝမ်ပါးပြင်ပေါ်ကို စိတ်ကျေနပ်စွာ နမ်းလိုက်ပြီးဆိုသည်။
"နင်က အရမ်းချစ်စရာကောင်းတယ်"
စန်းဝမ် : "ငါရော... ငါရော...ငါကလည်း ချစ်စရာကောင်းတယ်”
မိုင်စွေ့က ပြုံးပြီး သူ့ကို လက်ညိုးထိုးကာ ပြောလိုက်၏။
“ချစ်မဲ့လူမရှိတဲ့ ကတုံးပြောင်ပြောင် သနားစရာကောင်းတဲ့လူပဲ...ဟားဟား”
သူမက သူ၏ပြောင်လုနီးပါး ခေါင်းကို ပျော်ပျော်ကြီး ဖွဖွလေးပုတ်လိုက်သည်။ မောင်တွေကြီးလာရင် နမ်းလို့မရတော့ဘူးဟုမားမားကပြောထား၏။
စန်းဝမ်ကလည်း သူ၏ပြောင်နေသော ခေါင်းလေးကို ကိုင်ကာ ဘေစင်သို့သွား၍မှန်ကြည့်လိုက်သည်။
"ငါ အချည်းနှီး ပြန်လာခဲ့ရမှာလား...ငါက မမည်းပါဘူး...ဒါပေမဲ့ ဘိုးဘိုးစွန်းက ငါ့အတွက် အရမ်းနွေးထွေးတယ်" လို့
သူက ဘယ်ညာလှည့်ကြည့်ကာ သူ့ခေါင်းပြောင်ပြောင်ကို သဘောကျနေပြန်၏။
"တကယ်ချောတာပဲ...မားမားက ငါ့ကို မလိမ်ဘူး"
ရှောင်ဝမ်က ရယ်ပဲရယ်နေလေသည်။
စန်းဝမ်၏ခေါင်းပြောင်ပြောင်ကို *ဆောင်းယာဥ်စွန်းချိန်တွင် ရိတ်ထားခြင်းဖြစ်၏။ ဆံပင်တိုက ရေကူးပြီးနောက် အခြောက်မြန်သောကြောင့် သူမှာ ကြည့်ကောင်းသော ခေါင်းရှိသဖြင့် ဆံပင်တိုနှင့်ဆို ပိုချောသည်ဟု လင်းလန်က အရူးလုပ်ခဲ့သည်။
(T/N–ဒီဇင်ဘာ22ခန့်)
ဆောင်းရာသီအပြီးမှာ ဟန်ချင်စုန့်က တောင့်မခံနိုင်ဟု ခံစားရလျှင့် မနက်ခင်းမှာ ရေကူးလေ့ကျင့်ခန်းကိုဖြုတ်ပြီး တခြားလေ့ကျင့်ခန်းတွေပဲ လုပ်နိုင်ဟုဆို၏။ အားဝမ်က ဉာဏ်ပညာရှိစွာ ဆုတ်ခွာသွားသော်လည်း တဝမ်က မလျော့ပေ။ စန်းဝမ်ကမူဖြုတ်ပင်မဖြုတ်ပေ။ သူက မအေးရုံတင်သာမက သူ့နှလုံးသားထဲမှာ မီးတောက်တစ်ခုရှိပြီး အပြင်ထွက်ပြီးလှိိုင်းတွေကြား ပတ်မသွားရလျှင် မသက်မသာခံစားရသည်။
ဟန်ချင်စုန့် အခြားသူများလှိုင်းတွေကို သတိထားနေသည်ကိုတွေ့လိုက်ရသောကြောင့် ဆောင်းရာသီတွင် ရေကူးဆက်ကူးခိုင်းခဲ့သည်။ဤနေရာသို့ နေ့တိုင်းလာ၍လည်းမဖြစ်ပေ။ ရေကူးပြီးလျှင့်ခန္ဓာကိုယ်က မြန်မြန်ခြောက်နိုင်ပေမဲ့ ဆံပင်က အဆင်မပြေသည့်အတွက် လင်းလန်က ကတုံးတုံးရန် လှည့်စားခဲ့၏။ သူမ အုပ်ချုပ်ရေးမှူးကို ရိတ်ပေးရန် တောင်းဆိုခဲ့သည်။သူက အတော်ဆုံးလက်မှုပညာဆရာဖြစ်၏။ သူက လူအိုများစွာ၏ခေါင်းများကို ရိတ်ပေးခဲ့ဖူးသည်။
ကလေးများ၏ ဆံပင်များသည် အရှည်မြန်ပြီး လစဉ် တစ်ကြိမ် ရိတ်ကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ရိတ်ထားသော အလွှာတို့က လက်တစ်လုံးစာခန့်ရှိနေလေပြီ။
ရှောင်ဝမ်လည်း ၎င်းကို ထိကြည့်ချင်သောကြောင့် စန်းဝမ်က သူ့ခေါင်းကို ရင်ခွင်ထဲတိုးကာဖက်လိုက်ပြီဆို၏။
"ထိ...ထိ...ထိ...ကြိုက်သလောက်ထိ"
ရှောင်ဝမ်က တခစ်ခစ်ရယ်လေသည်။
စန်းဝမ်က အားဝမ်ကို အရူးလုပ်လိုက်၏။
"ဒုတိယအစ်ကို...မင်း ငါတို့နဲ့ ဆောင်းရာသီမှာ ရေကူးချင်လား"
အမှန်တွင် ဟန်ချင်စုန့်က ဆောင်းယာဥ်စွန်းချိန်နှောင်းပိုင်းမှာ မြစ်ပြင်ကျယ်ကြီး အေးခဲပြီးနောက် သူတို့၏ ဆောင်းရာသီ ရေကူးခွင့်ကို ပိတ်ပင်ခဲ့သည်။
သို့ပေမဲ့ စန်းဝမ်ကအင်တင်တင်ဖြစ်နေဆဲပင်။
အဆီခေါင်းငါးတစ်ကောင်ကဲ့သို့ပင်၊ ရေထဲသို့ တစ်ရက်မသွားရလျှင် မနေနိုင်ဘဲ တကိုယ်လုံး ယားယံလာသည်။ သူ့ဘာသာသူ မသွားနိုင်သည့်အခါ တဝမ်ကို သူနှင့်လိုက်ရန် လှည့်စားပြီး တစ်ယောက်ယောက်က ဂျုံရိုးတံကို ရေခဲထဲစိုက်ထားသည့်နေရာကိုရှာ၍ ရေထဲခုန်ချလိုက်၏။
တဝမ်က အအေးဒဏ်ကို မကြောက်သော်လည်း သူက စန်းဝမ်းလောက် အသက်မအောင့်နိုင်သဖြင့် ရေထဲသို့ ဆင်းရန် ငြင်းဆန်ပြီး သူ့ကိုပဲ မြစ်ကမ်းစပ်ကနေ ကြည့်နေသည်။
စန်းဝမ် သူတစ်ယောက်တည်း ကိုယ်တုံးလုံးနှင့် ဆင်းသွားပြီး ဆယ်မိနစ်ခွဲအကြာတွင် ပြန်တက်လာကာ ဘယ်တော့မှ မပင်ပန်းခဲ့ပေ။
ပထမတုန်းက လင်းလန် ကလေး၏ ကျန်းမာရေး မကောင်းမှာနှင့် သူ့အဆစ်တွေ အေးခဲသွားမှာ စိုးရိမ်ခဲ့သည်။ နောက်ပိုင်းတွင် သူမ ဆရာဝန်နှင့် တိုင်ပင်ခဲ့ပြီး စာအုပ်အချို့ကို ရှာဖတ်ခဲ့သည်။ ကလေးတစ်ယောက် ကြီးပြင်းလာသောအခါ ကယ်လိုရီများစွာထွက်သည်နှင့်တူသည်။ သူကြိုက်သည့်ပုံစံအတိုင်း စားသုံးရန် လိုအပ်သည်။ ယခုတွင် ဆောင်းရာသီတွင် ရေကူးခြင်းကို သူ ခံနိုင်ရည်ရှိသရွေ့ ခန္ဓာကိုယ်ကို ထိခိုက်မည်မဟုတ်ပေ။
စန်းဝမ်ကို အတင်းအကြပ်မသွားခိုင်းပါက သူ့ဘာသာခိုးသွားပြီး မတော်တဆဖြစ်ရန် လွယ်မည်ဆိုသည်ကို သူမ သိသည့်အတွက် သူ့ကို ခွင့်ပြုလိုက်ရ၏။ ကံကောင်းထောက်မစွာနှင့် တဝမ်က အချိန်ကို ထိန်းချုပ်ထားနိုင်သောကြောင့် သူမအနေဖြင့် သူ့ကိုလွှတ်လိုက်ရုံပါပင်။
သူမကဤကိစ္စကို သုံး၍ စန်းဝမ်ကို ကတုံးတုံးရန် လှည့်စားခဲ့သည်။ သူ့တွင် လှပသော ဦးခေါင်းပုံသဏ္ဍာန်ရှိပြီး ကတုံးသေးသေးလေးက အလွန်ဆက်စီကျနေသေးသည် ။ သူ့ကို မြင်လိုက်ရသောအခါတိုင်း သူ့ခေါင်းကို ထိချင်မိသည်။ယင်းက ခံစားရအလွန်ကောင်း၏။
လင်းလန်တင်မကဘဲ တဝမ်ကလည်း သူ့ကို ရေချိုးပေးသည်ကိုအခွင့်ကောင်းယူပြီး သူ့ခေါင်းကို နေ့တိုင်း အကြိမ်အနည်းငယ်ထိခဲ့သည်။ ညဘက်မှာ သူ့ခေါင်းကို ထိလျှင် သူ့ကိုအရင်ကလို ပြင်းပြင်းထန်ထန် မကန်တော့ဘဲ အလွန်ညင်သာစွာ ပုတ်ပေးလိမ့်မည်ဖြစ်၏။
မှန်သည်ပင်၊ ကတုံးတုံးသည့်အခါ ရွာက လူကြီးတွေနှင့် ကလေးတွေက အစပိုင်းမှာ သိချင်နေကြသေးသည်။ တချို့လူတွေကမူ သူ့ကို ရယ်ကြလိမ့်ည်။ စန်းဝမ်က ချက်ချင်းပဲ ဆင်ခြေကောင်းကောင်းတစ်ခုကို ရှာတွေ့သွားသည်။
ကတုံးက ရေကူးပြီးရင် မြန်မြန် ခြောက်တဲ့အပြင် သန်းလည်းမကိုက်ဘူးးးး...
ရှန်ရွေ့ရွာရှိ အသက် ခုနစ်နှစ်၊ရှစ်နှစ်အရွယ် ကလေးများ ဤဆောင်းရာသီတွင် အကုန်လုံးကတုံးနှင့်ဖြစ်သွားကြသည်။
အေးတာကလွဲလို့ ဘာမှမဖြစ်ဘူးးးး....
ဟီး ဟီး ဟား...
......
တစ်မနက်မှာ ကလေးတွေ အတူတူ ကျောင်းသွားပြန်သည်။ ပြီးခဲ့သည့်လကတည်းက ဟန်ချင်းဖျင်က အတန်းချိန်ကို ကိုးနာရီသို့ ပြောင်းလဲခဲ့ပြီး နေ့လည်သုံးနာရီမတိုင်မီ ကျောင်းဆင်းခဲ့သည်။
လင်းလန် ကလေးငယ်များ ထွက်သွားသည့်အသံကို ကြားလိုက်ရသဖြင့် အမြန်ထကာ တိတ်တိတ်လေး မြေကြီးပေါ်သို့ ဆင်းလိုက်သည်။ ထိုအချိန်တွင် ဟန်ချင်စုန့်က တံခါးဖွင့်ကာ ဝင်လာခဲ့ပြီး သူမ၏သတိထားနေသော အကြည့်တို့နှင့် ကွက်တိတိုးသွား၏။
"နေထိုင်မကောင်းရင် ခဏလောက်အိပ်လိုက်ပါ" မနေ့ညအဆုံးသတ်၌ ခါးနှင့်ခြေထောက်တွေ့ကျိုးတော့မည်ဟုပင် ညည်းညူခဲ့ရပြီး သူမခန္ဓာကိုယ်က နွမ်းနယ်နုံးချိနေခဲ့သည်။
"မင်းအတွက် ဆန်ပြုတ် လုပ်ပေးမယ်"
လင်းလန် : "... အရင်သွားတိုက်ပြီး မျက်နှာသစ်လိုက်ဦးမယ်"
ယာဂုသောက်ရင်း သူမ သတိရသွား၏။
"ယောက်မ ဒီနေ့ အိမ်ပြန်လာမှာမလား... မသွားဘူးလား"
ဟန်ချင်စုန့်: "မသွားဘူး"
Xxxxxx