Part 499
သူက အနွေးကုတင်ကစားပွဲကို ပြင်လိုက်ပြီး ယာဂုနှင့် ထမင်းကို အိုးထဲကထုတ်ပြီး တည်ပေးလိုက်သည်။ သူ့ကိုယ်ပိုင်အပြင် အခြားသူများထံမှ လက်ဆောင်များလည်း ရှိသေး၏။သူနှင့်တဝမ်က မကောင်းသောဟာကို သောက်ခဲရပြီး အရသာရှိသောဟာ နှစ်မျိုးကို သူမအတွက် အပြောင်းလဲဖြစ်ရန် ချန်ထားခဲ့သည် ။ သူက အားဝမ်ပြုလုပ်ထားသော ဆားစိမ်အချဥ်တွေအားလုံးကိုလည်း ယူလာခဲ့ပြီး နှမ်းဆီနှင့် ရောမွှေထားသော ပဲပင်ပေါက်၊ မှိုနှင့်ကြက်ဥအနှစ်ချက်၊ ဆားစိမ်ကြက်ဥ၊ ဂေါ်ဖီထုပ်ကြက်ဥနှပ်၊ မုန်ညင်းစိမ်းနုတ်နုတ်စင်းတို့ပါဝင်ကာ ခုနစ်မျိုး သို့မဟုတ် ရှစ်မျိုး အမြဲရှိနေတတ်သည်။
လင်းလန်က စားရသည်ကို အလွန်ပျော်နေသဖြင့် ဘယ်သူက အိမ်လာသည်မလာသည်ကို ဂရုမစိုက်ပေ။
ဟန်ချင်စုန့် အစာစားချင်စိတ်မရှိ၍ သူခံစားချက်များ မပြင်းထန်ချေ။ သားသမီးများက ကြီးပြင်းလာသောအခါတွင် အိမ်မှထွက်သွားကြလိမ့်မည်ဟု တွေးသော ရှေးရိုးဆန်သည့် လူမျိုးဖြစ်သည်။ သူတာဝန်ယူထားသော်လည်း သိပ်ပြီး တွယ်တာမည်မဟုတ်ပေ။
သို့ပေမဲ့ လင်းလန်ပြောသည်ကိုကြားရသောအခါ ကလေးတွေက တကယ်ကောင်းသည်ဟု တွေးမိလာခဲ့၏။
ယာဂုတွေ အများကြီးကျန်နေသေးသည်ကို မြင်ရာတွင် သူမနှင့် အတူသောက်ပြီး သူမအတွက် ဟင်းသီးဟင်းရွက်တွေ ယူလာပေးလိုက်သည်။
လင်းလန်က သက်ပြင်းတစ်ချက်ချရင်းဆို၏။ “တစ်ခါတလေ အဲဒီလူကြီးတွေကို တွေးကြည့်တဲ့အခါ နားလည်ပေးနိုင်ပါတယ်...သေချာတယ်...ကျွန်မဆိုရင်လည်း ကိုယ်ဂရုတစိုက်ပြုစုပျိုးထောင်ထားတဲ့ ကလေးတွေကို လက်မလွှတ်ချင်ဘူး...အိမ်မှာအတူတူနေရတာကဒီလောက်ကောင်းတာကို...လူတိုင်းလည်း အဲ့ကိစ္စကို ပူကြမှာပဲ...ဒါပေမဲ့ သေသေချာချာ တွေးကြည့်တော့ မိဘတွေ အနေနဲ့ ကျွန်မတို့ တစ်ကိုယ်ကောင်း ဆန်လွန်း မနေသင့်ဘူး...ကလေး တစ်ယောက်ဆိုတာက သီးခြားပုဂ္ဂိုလ်လေ... တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင် ဥစ္စာ မဟုတ်ဘူး...ကလေးတစ်ယောက်က ခိုင်းရလွယ်တာနဲ့ပဲ တစ်သက်လုံးကိုယ့်နားမှာထားချင်လို့မရဘူးလေ... ကလေးက ကောင်းရင် သူတို့ဘဝ ပိုကောင်းလာဖို့... အနာဂတ်မှာ သူတို့နဲ့အကြိုက်တူတဲ့ သူတစ်ယောက်ကို ရှာတွေ့ဖို့ မျှော်လင့်တယ်...ကျွန်မတို့လို ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့အတွက် မင်းနဲ့ တူညီတဲ့သူဖြင်ရင် အကောင်းဆုံးပေါ့"
သူမက ဂေါ်ဖီထုပ်နှင့် ကြက်ဥနှပ်ကို အလုတ်ကြီးတစ်လုပ် စားလိုက်သည်။ မွှေးပြီး ချို၏၊ အငန်လည်း ကွက်တိ။
သူမ ဟန်ချင်စုန့်ကိုကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။
"စားပဲစားမနေနဲ့...ရှင်လည်း ကိုယ့်သားသမီးကိုယ် ချီးကျူးဦးလေ "
ဟန်ချင်စုန့် : "..." ဟင့်အင်...
လင်းလန်: "စိတ်ကူးကြည့်ပါ....."
"အရမ်းကောင်းတယ်..."
ဟန်ချင်စုန့်က ခေါင်းညိတ်ပြီးထပ်ဆို၏။
"မဆိုးဘူး"
လင်းလန်: ရှင့်ရဲ့ တရုတ်ဘာသာဆရာက ဘယ်သူလဲ၊ ကျွန်မနဲ့စကားပြောဖို့ ခေါ်ပေးစမ်းပါ့...
သူမသူ့ကိုကြည့်လိုက်သည်။
ကျွတ်...ဒီကလေးက သနားစရာပဲ...ငယ်ငယ်က သူ့မိဘတွေဆီက အချီးကျူးမခံခဲ့ရဘူးနေမယ်... စစ်တပ်မှာ နေခဲ့ရရှာတယ်...
သူမ၏စိတ်နှလုံးပျော့ပျောင်းလာသည်နှင့်တပြိုင်နက် သူမက ရှေ့ကိုကိုင်းပြီး မျက်လုံးလေးများ ကွေးနေအောင်ပြုံးလိုက်၏။
"ဟန်ချင်စုန််... ရှင်ကအရမ်းတော်တယ်...ပြီးတော့..... "
သူမက အသေးစိတ်အချက်အလက်များကို စာရင်းပြုစုပြချင်ခဲ့သည်။ သူက အရည်အချင်းရှိသည်၊ နူးညံ့သိမ်မွေ့သည်၊သူတစ်ပါးအတွက် တွေးပေးတတ်သည်၊ ငွေရှာနိုင်သည်၊ အိမ်အလုပ်တွေလုပ်တတ်သည်...
သို့ရာတွင် သူမ ဘာမှမပြောနိုင်ခင် ဟန်ချင်စုန့်က မပြောင်းလဲအမူအရာနှင့်ပင် ခေါင်းညိတ်ပြီးဆို၏။
"ဟုတ်တယ်... ကိုယ်လည်း အဲ့လိုပဲတွေးတယ်"
လင်းလန်: "!!!"
ရှင်က ဘာလို့ ဒီလောက် အိုဗာကွန်ဖီးဒန့်ဖြစ်နေရတာလဲ...
ဟန်ချင်စုန််က ခေါင်းလှည့်ကာ သူမကို လေးလေးနက်နက် စိုက်ကြည့်လာသည် ။သူက ဘာမှ မပြောပေမဲ့ သူ့မျက်လုံးတွေက ကိုယ်ပြောနေတာ မင်းသိပါတယ်ဟု ရှင်းရှင်းလင်းလင်းဆိုနေ၏။
လင်းလန် သူ့အရိပ်အမြွက်များကို စက္ကန့်ပိုင်းအတွင်း နားလည်သည့်အတွက် သူမကိုယ်သူမမုန်းတီးခဲ့ပြီး မသိချင်ယောင်ဆောင်ကာ ခေါင်းငုံ့၍ ယာဂုသောက်လိုက်သည်။
ယာဂုသောက်ပြီးနေုက် လမ်းလျှောက်ထွက်ချင်ပေမဲ့ ဖိနပ်ကို ရှာမတွေ့ပေ။ အခန်းက မှောင်နေပြီး အနွေးကုတင်အောက်ရှိမီးက မှိန်သည်ထက်ပင်ပိုနေ၏။
"ဟေ့... ကျွန်မဖိနပ်တွေ ဘယ်မှာလဲ...ဘယ်သွားရှာရမှာလဲ"
ဟန်ချင်စုန့်က ဟင်းတွေသိမ်းနေရာမှ သူမကို အရင်လာ ဖိနပ်ကို ကူရှာပေးခဲ့ပြီး သူရှာတွေ့သောအခါ ထိုင်ချလိုက်ကာ သူမကိုစီးပေးလာသည်။
လင်းလန် အနည်းငယ်ရှက်သွားပြီး
" ဖိနပ်စီးဖို့ ညွှန်မှူးကို ဘယ်လိုလုပ်အကူအညီတောင်းလို့ဖြစ်မလဲ"
ဟန်ချင်စုန့်က ဖိနပ်စီးပေးပြီးနောက် ထရပ်ကာ ကုတင်စွန်းကို လက်နှစ်ဖက်ဖြင့် ထောက်၍ ရှေ့ကုန်းပြီး သူမကိုနမ်းလာ၏။
လင်းလန်၏တစ်ကိုယ်လုံး ပျော့ခွေသွားကာ အနွေးကုတင်ပေါ်သို့ ချက်ချင်း လဲကျသွားပြီး လက်နှစ်ဘက်လုံးဖြင့် သူ့ကိုအားနည်းစွာ တွန်းလိုက်၏။
".စုန့်ကော ...နေ့ခင်းဘက်ကြီးလေ "
သူက သူမကို လွှတ်ပေးပြီး သူ့ကို ဆွဲထူလိုက်ကာဆိုသည်။
"မင်းက ဝိုင်းထဲကို သွား...ကိုယ် ပန်းကန်တွေ သွားဆေးလိုက်မယ်”
လင်းလန်က ဝိုင်းထဲမှာ လမ်းလျှောက်နေစဥ်တွင် အစ်ကိုကြီးဟန်က အိမ်တံခါးဝကို ရောက်လာပြီးမေး၏။
“တတိယညီ အိမ်မှာရှိလား”
လင်းလန်: “.သူ ရှိတယ်အစ်ကို”
အစ်ကိုကြီးဟန် အခန်းထဲဝင်သွားသောအခါ ဟန်ချင်စုန့် ပန်းကန်ဆေးနေသည်ကိုတွေ့လိုက်ရပြီး သူ့ညီလေးက အိမ်အလုပ်တွေလုပ်နေမှန်း သူသိပေမဲ့ နည်းနည်းမှင်တက်မိနေဆဲပင်။
"တတိယညီ... ညီမလေးတို့နှစ်ယောက် တံခါးဝမှာပြန်ရောက်နေပြီး... မင်းထမင်းသွားစားလိုက်"
ဟန်ချင်စုန့်: "မသွားတော့ဘူး"
သူက အစ်ကိုကြီးဟန်ကို တစ်ချက်ကြည့်လိုက်ကာ
"အစ်ကိုကြီးပဲ သူ့ကိုဧည့်ခံလိုက်ပါ"
အစ်ကိုကြီးဟန်က ချက်ချင်းရယ်ပြီးဆို၏။
"စတုတ္ထညီကို စိတ်ဆိုးနေတာလား သူက ကလေးပဲရှိသေးတာပါကွာ...သူ့နဲ့တုမနေပါနဲ့"
ဟန်ချင်ဟွက အစ်ကိုဖြစ်သူရှေ့မှာ မကြာခဏ ဝမ်းနည်းပြခဲ့ပြီး လင်းလန် သူ့ကို မုန်းတီးကာ တတိယအစ်ကို သူ့ကို မယုံရန်သွေးထိုးခဲ့သည်ဟုဆိုသည်။ နှစ်သစ်ကူးအတွက် အိမ်မပြန်နိုင်သဖြင့် ဝေဒနာအမျိုးမျိုးကို ခံစားနေရပြီး တတိယအစ်ကို သူ့ကို ခွင့်မလွှတ်သည့်အတွက်နောင်တရသည် စသဖြင့်ပင်။ ဤသို့ ငိုကြွေးခြင်းသည် အစ်ကိုကြီးဟန်ကို သဘာဝအတိုင်း ချဥ်စူးသွားစေခဲ့သည်။
ဟန်ချင်စုန့်:"ကျွန်တော်က သူနဲ့တုနေတာမဟုတ်ဘူး"
"ဒါဆို မင်းကဘာလို့အဲဒီကိုမသွားတာလဲ"
အစ်ကိုကြီးဟန် ပဟေဠိ ဖြစ်နေ၏။
"ညီမလေး ပြန်လာတာကို ဘာဖြစ်လို့ အိမ်မပြန်နိုင်ရတာလဲ...စတုတ္ထညီ မင်းသူ့ကြောင့် မလာတာဆိုရင် သူ အခုချက်ချင်း စိုက်ခင်းကို ပြန်သွားလိုက်မယ်တဲ့...ငါက မင်းကို သွားကြိုပေးစေချင်ပေမဲ့ သူမရီးကိုးစိတ်တိုအောင်လုပ်မိမှာ ကြောက်လို့ ဒီကို မလာရဲတော့ဘူး...မင်း အဲ့ဒီကိုလာတဲ့အခါ မင်းအတွက် အမှားပြင်ပါ့မယ်တဲ့"
ဟန်ချင်စုန့်: "တောင်းပန်တာက အသုံးမဝင်ပါဘူး...မြန်မြန်ပြန်သွားပြီး ကောင်းကောင်းပြုပြင်ခိုင်းလိုက်ပါ"(အလုပ်ကြမ်းစခန်းကို)
ဤသည်က သူပြောခဲ့သည့်ထဲမှာ အရေးကြီးဆုံးအရာဖြစ်သည်။သူ လက်တွေ့အလုပ်တွေကို အမြဲအာရုံစိုက်ပြီး လှည့်ကွက်ကစားသည်ကို မကြိုက်သော်လည်း သူတစ်ခုခုပြောပြီးသည်နှင့် သူက အလွန်လေးနက်ပြီး စွဲမြဲတတ်သူဖြစ်၏။
Xxxxxxx
Part 500
အစ်ကိုကြီးဟန် သဘာဝကျကျ နားလည်ပေမဲ့ သူ့ကိုပင် မျက်နှာသာမပေးဟု မမျှော်လင့်ထားခဲ့သဖြင့် အနည်းငယ် ကြောင်အမ်းသွားပြီး သူ့ကို မည်သို့ဆွဲဆောင်ရမှန်း မသိတော့ပေ။
သူက လင်းလန်ကို စိုးရိမ်တကြီးကြည့်ကာ
"ညီမ... တတိယညီကို ကျေးဇူးပြုပြီးဖြောင့်ဖြပေးပါဦး... ကိုယ့်မောင်လေးကိုကိုယ် ဘာလို့ နေ့ချင်းညချင်းမုန်းနေရတာလဲ"
လင်းလန်ကပြောလိုက်၏။
"အစ်ကို...စတုတ္ထလေးကို မေးသင့်တယ်...သူ့စကားနားထောင်ပြီးပဲ ချော့မနေနဲ့"
အစ်ကိုကြီးဟန် တုန်လှုပ်သွားပြီး
“စတုတ္ထလေး... သူဘာလုပ်လိုက်တာလဲ”
မနေ့က သူရောက်သွားသည့်အခါ စတုတ္ထညီက မြေကြီးပေါ်မှာ ဒူးထောက်နေသည်ကိုတွေ့လိုက်ရသည်။ ရိုးသားစွာပြောရပါလျှင် ဘာတွေဖြစ်နေမှန်းကား သူမသိပေ။ မည်သို့ပင်ဖြစ်စေ သူတို့က ညီအစ်ကိုတွေဖြစ်ပြီး အမြဲတမ်း မိဘတွေ၏ ရတနာတစ်ပါးဖြစ်ခဲ့သည့်ကလေးက လင်လန်ရှေ့မှာ ဒူးထောက်ထိုင်ပြီး သူ့ကိုယ်သူ ပါးရိုက်နေသော်လည်း လင်းလန်ကလွှတ်မပေးချင်သည့်အတွက် သူလည်း ဝမ်းနည်းသလို ခံစားခဲ့ရသည်။
လင်းလန် ထပ်မပြောချင်တော့ပေ။ အစ်ကိုကြီးဟန်က စတုတ္ထညီဖြစ်သူကို ပိုယုံကြည်ခဲ့သည်မှန်း ထင်ရှား၏။မည်သို့ပင်ဖြစ်စေ သူကအစ်ကိုအရင်းအချာဖြစ်သည်ပင်။
“အစ်ကိုရဲ့စတုတ္ထညီကို အမှန်အတိုင်းပြောခိုင်းလိုက်ပါ"ဟုသာသူမပြောလိုက်သည်။
အစ်ကိုကြီးဟန် သွားရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
"ငါပြန်ပြီးမေးလိုက်ပါ့မယ် ...သူလုပ်တာ မမှန်ရင် သူ့ကို သေသေချာချာ ဆူပူကြိမ်းမောင်းပြီးတောင်းပန်ခိုင်းရဦးမယ်"
လင်းလန်က ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။
“ပြင်ရင်ကို အဆင်ပြေပါတယ်...နောင်ကျရင်သာ ကျွန်မအိမ်ကိုမလာစေပါနဲ့"
သူမ အပြင်မှာ မထိန်းချုပ်နိုင်ပေမဲ့ သူမအိမ်တံခါးက သူလာသည်ကို မကြိုဆိုပေ။
အစ်ကိုကြီးဟန် ဤမျှပြင်းထန်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ သူက အကြီးဆုံးအစ်ကိုဖြစ်ပြီး ဟန်ချင်စုန့်က သူ့ကို အမြဲတမ်း မျက်နှာသာပေးခဲ့သည် ပုံမှန်အားဖြင့် သူက ဟန်ချင်စုန့်ကို တိုက်တွန်းကာသွားခိုင်းလိမ့်မည်ဖြစ်သော်လည်း ယနေ့၌မူ ဟန်ချင်စုန့်က မသွားလေရာ သူလည်း အနည်းငယ် အရှက်ကွဲသလို ခံစားရ၏။
အစ်ကိုကြီးဟန် အိမ်ပြန်ရောက်လာပြီး ဟန်ချင်ဟွ၊ ဟန်ကျင်းယု နှင့် လျိုဟောင်ကျဲတို့က အနွေးကုတင်ပေါ်မှာစကားပြောနေကြသည်။
လျိုဟောင်ကျဲ၏ ဘယ်ခြေတွင် ပတ်တီးရှိနေသေးပြီး ချိုင်းထောက်ဖြင့် ဤနေရာကို ရောက်လာခဲ့ကာ ယင်းက သူ၏ ရိုးသားမှုကို ပြသနေ၏။
ဟန်ချင်စုန့် ပါမလာသည်ကိုမြင်လိုက်ရသောအခါ ဟန်ကျင်းယု ရုတ်ချည်း မျက်နှာပျက်သွားသည်။ အထူးသဖြင့် လျိုဟောင်ကျဲက ဒဏ်ရာကြီးနှင့်ဖြစ်သော်လည်း သူမနှင့်အတူအိမ်တံခါးဝထိရောက်အောင် ပြန်လိုက်လာခဲ့သည်ဖြစ်ရာ ဟန်ကျင်းယု ပါးရိုက်ခံရသည်ထက်ပို၍ အရှက်ပိုကွဲသလိုခံစားရ၏။ တတိယအကိုက ဘာလို့ ဒီလောက်ကြီး အရှက်မဲ့ရတာလဲ...
ဟန်ချင်ဟွ၏အမူအရာသည်လည်း ပြောင်းလဲသွားပြီး သူက ခနဲ့တဲ့တဲ့ပြုံးကာဆိုလိုက်သည်။
"ဟေး တတိယအစ်ကိုက ငါ့ကို မုန်းနေတာ... သူက ငါ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်တော့ဘူး"
လျိုဟောင်ကျဲကပြောလေ၏။
"တတိယအကိုက ကျွန်တော့်ကို မရိုးသားဘူးလို့ထင်နေတာလား... ဒါမှမဟုတ် ကျွန်တော် လူကိုယ်တိုင်သွားလည်သင့်လား"
ဟန်ကျင်းယုက နှုတ်ခမ်းစူပြီးပြောလိုက်သည်။
"ထိုင်နေပါ... ဒဏ်ရာကြီးနဲ့ကို ဘယ်လိုလုပ်ရိုးသားမှုကို ဖော်ပြနိုင်မှာလဲ...သူ့ကို ကပ်ပြီးအမြင့်တက်မှာကြောက်လို့နေမယ်"
သူမက ဒေါသတွေထွက်သည့်အခါ ပြောချင်သည့်ဟာကို စွတ်ပြောတတ်၏။ သူပြောသည့်စကားတွေကို မရွေးသလို မှန်သည်မှားသည်ကိုလည်း လုံးဝမတွေးပေ။
“တကယ်ရယ်စရာကောင်းတယ်...ညီမဖြစ်သူက သူ့ကို ဖိတ်ဖို့ ပြန်လာပေမဲ့ သူက ဟာသလုပ်နေတုန်းပဲ... လျိုဟောင်ကျဲက အထည်ချုပ်စက်ရုံက စာရင်းကိုင်တစ်ယောက်ပါ...ရဲအရာရှိမဟုတ်ဘူး... သူနဲ့ ဆက်ဆံရေးပြေလည်စရာမှမလိုတာ...သူဘာကိုကြောက်နေတာလဲ"
ဟန်ချင်ဟွက ရှုံ့မဲ့လျက်ပြုံးပြန်ပြီးဆို၏။
"ဒါ ငါ့အပြစ်ပါ...ငါ သူ့(မ)ကို မနောက်လိုက်သင့်ဘူး...သူ(မ)က စိတ်ဆိုးသွားပြီး ငါ့အကြောင်း တတိယအစ်ကိုကို တိုင်လိုက်တာဖြစ်ရမယ်"
လျိုဟောင်ကျဲက ဟန်ချင်ဟွကို ကြည့်ပြီး "တတိယမရီးကို မင်းက ဘာဟာသတွေ လုပ်လိုက်လို့လဲ"
ဟန်ချင်ဟွ : "...ငါဘာတတ်နိုင်မှာလဲ...ငါ့ဦးလေးနဲ့ သူမရီးတွေလည်း စနောက်နေတာပဲ... လူတိုင်းဘယ်သူမှစိတ်မဆိုးကြဘူး"
မရီးတွေက ယေဘုယျအားဖြင့် အတော်လေးပျော်နေကြသေးသည်။
လျိုဟောင်ကျဲကပြောလိုက်၏။
"မင်းမှားတယ်... မင်းက အရင်က တတိယမရီးနဲ့ ရန်ဖြစ်ဖူးတယ်လေ...မင်းက သူ့ရဲ့ခွင့်လွှတ်မှုကို တကယ်ရမထားဘူး ... မင်းအရမ်းအနားကပ်သွားတော့... တတိယမရီးက မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိတယ်ထင်ပြီး လန့်သွားတဲ့အတွက် မင်းကို ပိုသတိထားနေတာဖြစ်ရမယ် "
သူက ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ "မင်းရဲ့ အရင်ကြိုးစားမှုတွေက တကယ်ကို အချည်းနှီးပဲ...မင်းရဲ့ ဦးနှောက်နဲ့တွေးပြီး လုပ်လို့မရဘူး"
ဟန်ချင်ဟွကလည်း သက်ပြင်းချလိုက်ပြီး
"ငါက နှစ်သစ်မှာ မိဘတွေနဲ့ အတူတူကုန်ဆုံးဖို့ ပြန်လာချင်ခဲ့ပေမဲ့ ဒီပုံနဲ့ ဖြစ်နိုင်တော့မယ်မထင်ဘူး... တတိယမရီးက နှစ်သစ်ကူးအတွက် အိမ်ပြန်ခွင့်မပြုဖို့ တတိယအစ်ကိုကို သေချာပေါက် သွေးထိုးလိမ့်မယ်"
အဖွားကြီးဟန်က မပျော်မရွှင်ဖြစ်နေလျက် လင်းလန်က ဒုက္ခပေးသူဖြစ်ပြီး မိသားစုတစ်ခုလုံးကို အနှောင့်အယှက်ပေးကာ အဆင်မပြေဖြစ်နေသည့် တစ်ဦးတည်းသောသူဖြစ်သည်ဟုပြောနေလေသည်။
သူမက ဒေါသတကြီးဖြင့် ပြောလိုက်၏။
“စတုတ္ထသားကို စူးချွန်နဲ့ထိုးခဲ့တာ...ဘယ်လောက်တောင် ရက်စက်သလဲ... ကြည့်စမ်းပါဦး...ပေါက်အောင်သာထိုးမိရင် သေသွားနိုင်တယ်... အခု သူက တတိယသားကို ချုပ်ကိုင်ထားတော့ မိဘတွေကိုတောင် ငြင်းနေမှာစိုးရတယ်... နှစ်သစ်ကူးအတွက် ဘာလို့ပြန်မလာရမှာလဲ....စိုက်ခင်းက ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ဆုံးဖြတ်ချက်နဲ့ မဆိုင်ပါဘူး”
ဟန်ချင်ဟွက ရူသိုးသိုးမျက်နှာနှင့်ဆိုလိုက်သည်။
“အမေက အခြေအနေကို မသိဘူး... အခုတတိယအစ်ကိုက အလုပ်ဖြစ်လိမ့်မယ်ပြောတယ် ”
ဟန်ချင်စုန့်က သူ့ကို နှစ်သစ်ကူးမှာ ပြန်လာခွင့်မပေးဘူးဆိုလျှင် သူ ပြန်မလာနိုင်မှာ သေချာလေ၏။
အစ်ကိုကြီးဟန်: "စတုတ္ထညီ... မင်းအမှန်အတိုင်းပြော...မင်းရဲ့တတိယမရီးကို မင်းဘယ်လို စော်ကားခဲ့တာလဲ...အရင်ကဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ တတိယညီ ပြန်ရောက်ပြီးနောက်မှာ သူက ကြင်နာတတ်တဲ့သူပါ...ဒီလိုမျိူးဖြစ်မှာမဟုတ်ဘူး"
ဟန်ချင်ဟွက ဆက်၍သာ နစ်နာသလိုမျိုး ပြုမူနေခဲ့သည်။
အဖွားကြီးဟန် သည်းမခံနိုင်တော့ဘဲငေါက်တော့၏။
“မင်းကဘာဖြစ်တာလဲ သားကြီး... မင်းက အဲဒီကြွက်စုတ်ဘက်က ပြောနေသေးတာလား... စတုတ္ထလေး ပြောတာကို မကြားလိုက်ဘူးလား ... သူက ပစ္စည်းတွေ သွားပို့ဖို့ဝင်သွားတာတာ...အဲ့ဒါကို ဟိုကြွက်စုတ်က မကြားဘဲ အဝတ်အစားတွေချုပ်နေတာ...ပြီးတော့ သူ(မ)က သူများကို အပြစ်တင်ဖို့ အခွင့်အရေးယူလိုက်တယ်လေ...မကောင်းတဲ့ အတွေးတွေ ရှိနေတာက သူ(မ)မဟုတ်ဘူးလား"
အစ်ကိုကြီးဟန် သူအရင်မြင်ခဲ့ရသည်တွေကို ပြန်တွေးကြည့်သောအခါ သူ့ညီလေးက မြေကြီးပေါ်မှာ ဒူးထောက်ပြီး သူ့ကိုယ်သူပါးရိုက်လိုက်သည်က အမှန်ပင်။ လင်းလန်ကို ဘာအမှားမှ မလုပ်ခဲ့ပေ။ စတုတ္ထညီက တတိယခယ်မအခန်းထဲကို ဝင်သွားသည့်အတွက် လင်းလန်က ဒေါသဖြစ်သည်ဆိုပါက နည်းနည်းကြမ်းတမ်းသည်ဟု အစ်ကိုကြီးဟန် ခံစားရသည်။
Xxxxxxxx