Part 501
အစ်ကိုကြီးဟန် သူအရင်မြင်ခဲ့ရသည်တွေကို ပြန်တွေးကြည့်သောအခါ သူ့ညီလေးက မြေကြီးပေါ်မှာ ဒူးထောက်ပြီး သူ့ကိုယ်သူပါးရိုက်လိုက်သည်က အမှန်ပင်။ လင်းလန်ကို ဘာအမှားမှ မလုပ်ခဲ့ပေ။ စတုတ္ထညီက တတိယခယ်မအခန်းထဲကို ဝင်သွားသည့်အတွက် လင်းလန်က ဒေါသဖြစ်သည်ဆိုပါက နည်းနည်းကြမ်းတမ်းသည်ဟု အစ်ကိုကြီးဟန် ခံစားရသည်။ သူကိုယ်တိုင်က ယင်းကို အလွန်ဂရုပြုမိသော်လညိး စတုတ္ထလေးက ကလေးပဲရှိသေးသည်ဟုခံစားရ၏။ မတ်ငယ်ငယ်လေးနဲ့မရီးက ဘာလုပ်နိုင်မှာလဲ။ စတုတ္ထလေးက အိမ်ထဲကို ဝင်သွားပြီး ဘာမှမလုပ်ပါဘဲ လင်းလန်က စိတ်လှုပ်ရှားလွန်ခဲ့ခြင်းဖြစ်သောကြောင့် ဘာမှမပြောခြင်းဖြစ်မည်ဟု သူလည်းထင်သည်။
"နောင်မှာ မင်းရဲ့ တတိယအစ်ကိုအိမ်ကို မသွားနဲ့"
ဟန်ချင်ဟွက ဝမ်းနည်းနေဟန်ရှိသဖြင့် အဖွားကြီးဟန် မထိန်းနိုင်တော့ဘဲ ဆူပူကြိမ်းမောင်းတော့သည်။
" နဂိုက ကြွက်စုတ်ပဲ...ဒါပေမယ့် အခု သူက အဆိပ်ပြင်းတဲ့ မိန်းမဖြစ်နေပြီ... ငါတကယ်စိတ်ကုန်တော့မယ်"
ဟန်ချင်စုန့််က သူ့စကားကို အမြဲတည်၏။သူ မလာဟုဆိုပါက လာမည်မဟုတ်ပေ။
အစ်ကိုကြီးဟန်အနေဖြင့် ရန်ပွဲကို သိပ်မပြင်းထန်စေချင်ပေ။ အကြောင်းမှာ စတုတ္ထညီက ညီမလေးကို အိမ်ပြန်ပြီး သူ့တတိယအစ်ကိုနှင့် မတွေ့ရစေလျှင်မကောင်းချေ။ သူကပြောလိုက်သည်။
“ဒါဆို ကျင်းယုနဲ့ယောက်ဖကို ငါလိုက်ပို့ပေးမယ်... ဟိုမှာထိုင်ပြီး စကားပြောကြတာပေါ့”
အဆုံးတွင် သူတို့ လင်းလန်၏အိမ်သို့ရောက်သွားချိန်၌ အိမ်တံခါးကသော့ခတ်ထားကာ အိမ်တွင်မည်သူမျှမရှိပေ။
...
သူတို့နှစ်ဦး(ဟန်ချင်စုန့်တို့)စက်ဘီးစီးကာ ကွန်မြူနတီ၏ ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေးသမဝါယမသို့သွားခဲ့သည်။လင်းလန်က လက်မှတ်များစွာကို သိမ်းထားခဲ့ပြီး ဤနှစ်လအတွင်း သက်တမ်းကုန်ဆုံးသွားမည့် လက်မှတ်များကို ယူကာ ၎င်းတို့အားလုံးကို သုံးစွဲခဲ့၏။
ဟန်ချင်စုန့်က လင်းလန်ကို ကွန်မြူနတီရှိ ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမသို့ ခေါ်ဆောင်သွားခဲ့သည်။ထိုအကြောင်းပြောရပါလျှင် ၎င်းတို့နှစ်ဦး ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမသို့ ပထမဆုံးအကြိမ် အတူတူသွားရောက်လည်ပတ်ခြင်းဖြစ်၏။ယခင်က လင်းလန် သူမဘာသာသွားခြင်း သို့မဟုတ် ဟန်ချင်စုန့်က ပစ္စည်းတွေ ကူသယ်ပေး ခဲ့သည်။
တစ်ခါတစ်ရံ တုန်ဟွိုင်ဟွက လင်းလန်ကိုပြော၏။
"နင့်ရဲ့ယောက်ျားက အကြီးအကဲပဲ...နင်လုပ်စရာရှိတိုင်း ကွန်မြူနတီကို သွားလို့ရတယ်...နင့်မှာလုပ်စရာရှိတဲ့အခါ လူတွေကို သွားကြည့်ခိုင်းလိုက်... ညွှန်မှူးဟန်က တစ်နေ့ကုန်အပြင်ထွက်ခိုင်းပြီး နင်နဲ့ဘာမှမဆိုင်သလိုလုပ်မနေနဲ့"
လင်းလန်က ရယ်ပဲရယ်လိုက်ပြီး
"နှစ်ချို့စုံတွဲတွေနဲ့ပတ်သတ်ပြီး ဘာတွေအရမ်းစိုးရိမ်စရာကောင်းနေလို့လဲ... သူကအပြင်ထွက်သွားရင်လည်း ငါ့လူပဲမဟုတ်ဘူးလား "
"အဲ့လိုတော့မပြောနဲ့...လူတွေကိုကြည့်...အိမ်ကယောကျာ်းက ကေဒါမဟုတ်တာတောင်
တခြားသူတွေ သူ့ယောကျ်ားနဲ့ငြိမှာ ကြောက်လို့ မျက်လုံးရှင်ရှင်ထားပြီး သူက ဇနီးအစစ်အမှန်ဆိုတာ တခြားသူတွေကို အသိပေးဖို့ လှည့်ပတ်သွားနေရတယ်"
လင်းလန်က ပို၍ပင် ရယ်မောရင်းဆိုလိုက်သည်။
“ငါတို့ခေါင်းဆောင်က လုံခြုံရေးညွှန်မှူးနဲ့လိုပါပဲ... အဲ့ဒါကြောင့် ကြောက်စရာ မရှိပါဘူး"
တုန်ဟွိုင်ဟွ ဟန်ချင်စုန့်က လုပ်နိုင်စွမ်းရှိလွန်း၊ထူးချွန်လွန်းသည့်အတွက် တခြားမိန်းမငယ်လေးတွေနှင့်ငြိသွားမှားစိုးသဖြင့် သူမနှင့်ပတ်သတ်ပြီး စိတ်ပူနေခဲ့၏။ ဂုဏ်သိက္ခာရှိသည့် အမျိုးသားတွေက ရှေးခေတ်ကတည်းက တောင်းဆိုချက်အဖြစ်ရှိခဲ့ပြီး အရှက်မဲ့သည့် အမျိုးသမီး ဘယ်နှစ်ယောက်က သူတို့အပေါ် ခုန်အုပ်ခဲ့ကြသနည်း။
ဘာပဲဖြစ်ဖြစ် ကွန်မြူနတီကို အစည်းအဝေးသွားသည့်အခါ တုန်ဟွိုင်ဟွ ဟန်ချင်စုန့်ကို သွားတွေ့မှာဖြစ်၏။ ဆယ်ကြိမ်မှာ နှစ်ကြိမ် သူမဟန်ချင်စုန့်နှင့် တွေ့လိမ့်မည်ဖြစ်ပြီး မိန်းမငယ်လေးများနှင့်ချွေးမငယ်လေးများက ဟန်ချင်စုန့်ကို ငမ်းနေသည်ကိုတွေ့ရ ပေလိမ့်မည်။
သူမစကားမှာ ချဲ့ကားနေခြင်းဖြစ်သည်။
ယင်းကိုစဉ်းစားရင်း လင်းလန်က ရယ်ကာ ဟန်ချင်စုန့်၏ ကျောကို ပုတ်ပြီးသံရှည်ဆွဲခေါ်လိုက်၏။
"စုန့်ကော~"
ဟန်ချင်စုန့်: "အင်း"
"အလုပ်မှာ ကောင်မလေးတွေက ရှင့်ကို တစ်ခုခု ပေးတာမျိူးရှိလား"
လင်းလန်က ပြုံးလိုက်ပြီး
" ဥပမာ ဆောင်းဦးဟင်းနုနွယ်ရွက် ဒါမှမဟုတ် တစ်ခုခုပေါ့"
ဟန်ချင်စုန့်: "မိန်းမတွေ မရှိဘူး"
စွန်းကျောက်ဝမ်အပြင် ဟွမ်ဝေကျုံးက သူ့ရုံးခန်းထဲမှာ ရှိပြီးလော့ဟိုင်ချန်က အပြင်ဘက်မှာ အလုပ်လုပ်သည့် တစ်ဦးတည်းသောသူဖြစ်၏။ ဘယ်မှာလဲ အမျိုးသမီးတွေ...တစ်ခါမှမမြင်ဖူးဘူး...
အမျိုးသမီးတွေကို သူမတွေ့ပေ။
သူအတော်လေး ရှုပ်ထွေးနေသည်ကိုတွေ့လျှင့်
လင်းလန် ဤအကြောင်းအရာကို ဆက်၍ပြောနိုင်တော့မည့်ပုံမရသည်နှင့် လက်ကို လွှတ်ချလိုက်သည် ။
ဟန်ချင်စုန့်က သိုသိုသိပ်သိပ်နေ သော်လည်း သူ၏အထောက်အထားမှာ ထိုနေရာတွင်ရှိနေပြီး ဝန်ထမ်းနှင့် မိသားစုဝင်အားလုံးနီးပါးက သူ့ကို သိနိုင်ကြသည်။
လင်းလန်ကမူ ဝါဒဖြန့်ရေး၏ကျော်ကြားမှုဖြင့် ညွှန်မှူးဇနီးသည်၏အထောက်အထားကို အခြားသူများက သိကြသည်။ အထူးသဖြင့် ဆောင်းယာဥ်စွန်းလတွင် လင်းလန်က နေရာတိုင်းမှာ ဝါဒဖြန့်ရန် ပြည်သူ့လုံခြုံရေးဗျူရိုနှင့် ပူးပေါင်းခဲ့၏။ ထိုအချိန်တွင် ဟန်ချင်စုန့်က သူ့မနှင့် တလမ်းလုံး လိုက်ပါသွားခဲ့သည်။
ထို့အပြင် သူမကိုယ်တိုင်က မပြောသော်လည်း တုန်ဟွိုင်ဟွက သူမအတွက် ပြောခဲ့ပြီး ညွှန်မှူးဟန် နှင့် သူ့ဇနီးတို့က အလွန်ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်ဟု ထပ်ပေါင်း ပြောခဲ့ရ၏။ ညွှန်မှူးဟန်က သူ့ဇနီးကို ဆောင်းရာသီ၌ အိမ်မှာ စောင်နှင့် ဂွမ်းကပ်အထည်တွေကို ကူချုပ်ပေးခဲ့သည်။
ထို့ကြောင့် ဟန်ချင်စုန့်၏ဇနီးက တစ်ချိန်က ရယ်မောစရာဖြစ်ခဲ့ဖူးပြီး မြစ်ထဲသို့ ခုန်ချ၍ ပိုးသတ်ဆေးသောက်ကာ သတ်သေခဲ့သည်ဟု ကောလာဟလထွက်နေသော ရှန်ရွေ့ ရွာမှ ကြွက်စုတ် လင်းလန်ဖြစ်ကြောင်း ယခုအချိန်တွင် ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမမှသူများ သိကြသည်။
သူတို့က သူမနောက်မှာ တိုးတိုးလေး တီးတိုးပြောနေပြီး သူမဆီ လာမပြောရဲသရွေ့ လင်းလန် စိတ်မဝင်စားပေ။ ထို့အပြင် သူတို့ကိုယ်ပိုင်ဘဝနှင့်အလုပ်အသိုင်းအဝိုင်းက သူတို့နှင့် အများကြီးထပ်တူညီမနေချေ။ ၎င်းတို့က နားမလည်ကြ၊သူတို့နောက်ကွယ်မှာ အတင်းအဖျင်းပြောပြီး ကြိုက်သလိုသွားလာကြသည်။ ဘယ်သူကရော သူများအကြောင်း မပြောတတ်လို့လဲ... ဘယ်သူရော အပြောမခံရဖူးလို့လဲ...
သို့ပေမဲ့ သိထားရမည့် တစ်ခုက သူတို့နှစ်ယောက် တပူးပူးတတွဲတွဲရှိနေသည်ကို အတော်များများ တွေ့ရသည်ကိုပင်။
ဟန်ချင်စုန့် နှင့် လင်းလန် ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေးသမဝါယမသို့ ဝင်သွားသောအခါတွင် မတူညီသော မျက်လုံးများစွာကို စွဲဆောင်နေကြဆဲဖြစ်သည်။အလုပ်ရှိ အရောင်းသမားများက ချက်ချင်း တစ်ယောက်နှင်တစ်ယောက် မျက်လုံးမှိတ်ပြကာ ညွှန်မှူးဟန် နှင့် သူ၏ပျင်းရိသောဇနီးသည် လာမည်ကို အမြန်ကြည့်ရန် အချက်ပြလိုက်ကြ၏။
လင်းလန် ဝါဒဖြန့်ရာတွင် လူသိများသော်လည်း အချို့က သူမအား အလိုအလျောက် ခွဲထုတ်နိုင်သည်။ဆရာမလင်းက အလွန်တော်ပြီး ညွှန်မှူးဟန်၏ဇနီးက ပျင်းရိ၊လောဘကြီးကာ သူနှင့်မတန်ပေ။
လင်းလန်က အထည်ကောင်တာသို့ ဦးစွာသွား၍ မိုင်စွေ့ နှင့်ချောင်ချောင်တို့အတွက် နှစ်သစ်ကူး ၀တ်စုံပြုလုပ်ရန် အထည်အားလုံးကို သုံးရန် စီစဉ်ပြီး ဟန်ချင်စုန့်ဆီက အထည်လက်မှတ် ဆုများကို ယူဆောင်လာခဲ့သည်။
Xxxxxxx
Part 502
အိမ်တွင်းဖြစ်အထည်ဟောင်းက ခိုင်ခံ့ပေမဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဝတ်၍မကောင်းပါချေ။ယင်းက ကလေးမလေးတစ်ယောက်ကို အဘွားအိုလို ပန်းရိုးတံလို ခြုံထားပေလိမ့်မည်။
လင်းလန်က သူမသည်းမခံနိုင်ဘူးဟုပြောလိုက်၏။
သူမကိုဝန်ဆောင်မှုပေးသူမှာ လက်ထပ်ထားပြီးဖြစ်သည့် ချူးတုန်မေဖြစ်သည်။ ကျစ်ဆံမြီးကြီးနှစ်ခုကို ဖြတ်လိုက်ပြီး နားရွက်လောက် ဆံပင်တိုဖြင့် အစားထိုးကာ ကောက်ထားသည်။ ယခုအချိန်တွင် ဘူဇွာ(အရင်းရှင်)အပျော်အပါး အတွေးအခေါ်များကို နှိမ်နင်းနေသဖြင့် ခရိုင်အတွင်း ဆံပင်ကောက်ရန် နေရာမရှိပေ။ အများအားဖြင့် ကိုယ်တိုင် ကောက် သို့မဟုတ် မီးညှပ်ဖြင့် လုပ်နိုင်သူကို ရှာရ၏။ ချူးတုန်မေ၏လှိုင်းတွန့်ဆံပင်က သိပ်မကောင်းလှပေ။ စုတ်ဖွားဖွားဖြစ်နေသည့်ပုံစံက နည်းနည်းရယ်စရာကောင်းသည်။
သူမ လင်းလန်ကို တစ်ချက်ကြည့်လိုက်ကာ သူမအမူအရာက နွေးနွေးထွေးထွေးဖြစ်ပြီး လက်မှတ်ယူပြီးနောက် အထည်ကို ဆုတ်ပေးလိုက်သည်။
လင်းလန်က လက်မှတ်များကို အချိန်အတော်ကြာအောင် သိမ်းဆည်းထားသောကြောင့် သူမသေချာရွေးချယ်လိုက်ရသည်။ ၎င်းကို နှစ်ကြိမ်ခန့် ရွေးနေလေရာ ချူးတုန်မေအတော်လေး စိတ်မရှည်ဖြစ်လာပြီး လင်းလန် အထည်တွေကို ငုံကြည့်နေချိန်တွင် မျက်ဖြူလှန်ပြလိုက်၏။
တစ်ချိန်က လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသော ကြွက်စုတ်ဖြစ်သူက ယခု ဝတ်ကောင်းစားလှနှင့် အသားအရေ စိုပြေ ချောမွေ့ ကာ ယခင်ကထက် ငယ်ရွယ် နုပျိုနေပုံ ရသည်။
လက်ရှိအချိန်မှာ လူတို့သည် အသိပညာနည်းပါးပြီး ယုတ္တိမရှိသရွေ့ သူတို့က အယူသည်းမှုဆီသို့ ချဉ်းကပ်သွားလိမ့်ပေမည်။ သူမ ဟွမ်တရှန်း၊ မြွေဝိညာဉ်၊ မြေခွေးဝိညာဉ်စသည်ဖြင့် လင်းလန်ကို မဆဲရေးဘဲမနေနိုင်ပေ။ လင်းလန်က ယောက်ျားများ၏သွေးကို စုပ်ယူခြင်းဖြင့် ဤမျှဖြူဖွေး နုပျိုပြီး ပန်းနုသန်းနေသည်အထိ အာဟာရဖြစ်ခဲ့သည်ဟု သူမယုံကြည်သည်။
လင်းလန်က အဝတ်အစားကို ကောက်ကိုင်လိုက်ပြီး ချူးတုန်မေ၏ဆံပင်ကို ကြည့်ကာပြောလိုက်၏။
“ရဲဘော်... မင်းဘယ်မှာ ဆံပင်ညှပ်တာလဲ”
လင်းလန်က တရုတ်နှစ်သစ်ကူးမှာ ဆံပင်ကောက်လျှင် အဆင်ပြေမပြေသိချင်မိသည်။
ချူးတုန်မေ နှုတ်ခမ်းထော်လိုက်၏။တစ်ဖက်လူက ဗျူရိုအကြီးအကဲ၏ဇနီးဖြစ်သော်လည်း ယခင်က လူတိုင်း၏အထင်သေးခြင်းကိုခံခဲ့ရသူဖြစ်လေရာ ယခု သူမနှင့်ထိုက်တန်သည့် လေးစားသမှု၊ရိုသေသမှုကို ပြသလိုစိတ်မရှိပေ။
သူမက ပြောလိုက်သည်။
"ငါ့ခေါင်းလိုပုံစံက ဘယ်မှ မီးပူတိုက်လို့မရဘူး...နင် ပိုက်ဆံသုံးရင်တောင် မီးပူတိုက်ဖို့ နေရာမရှိဘူး" (ဆံပင်ကို မီးနဲ့ကောက်တာမို့)
လင်းလန် ပြုံးပြီး
"ကိုယ်တိုင် မီးပူတိုက်မှာပါ...နောက်မှ စမ်းကြည့်လိုက်မယ်"
ချူးတုန်မေက အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီး အနည်းငယ်စိတ်မရှည်စွာ အထည်ကိုဆွဲထုတ်လေ၏။
ထိုနေရာ၌ ဟန်ချင်စုန့်က အိမ်တွင် ပြုပြင်ရန် လိုအပ်သောကိရိယာများကိုတွေးကာ လယ်ယာသုံး ကိရိယာငယ်အချို့ကို ကြည့်နေသည်။ ဂေါ်ပြားအဟောင်းတစ်ခု အလုပ်မဖြစ်တော့သည့်အတွက် ဂေါ်ပြားခေါင်းအသစ်ကို အစားထိုးရန် လိုအပ်၏။
ထိုအချိန်မှာ လင်းလန်က ဆံပင်ကောက်ခြင်းအကြောင်း မေးသည်ကို ကြားသောအခါ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး လင်းလန်က ဝယ်လာသည့် အထည်ကို ပွေ့ယူလိုက်သည်။
"ဆံပင်မကောက်ပါနဲ့"
လင်းလန်: "ဘာလို့လဲ"
ဆံပင်တိုအကောက်ပုံစံက တော်တော်မိုက်လေးမိုက်တယ်လေ...နည်းနည်းလည်းအပြောင်းအလဲဖြစ်တာပေါ့...
ဟန်ချင်စုန့်: "ရုပ်ဆိုးတယ်"
လင်းလန်: "..."
စုန့်ကောရေ...ရှင်ဘာဖြစ်နေတာလဲ...ရှင်က အများဆုံးမှ သိပ်ကြည့်မကောင်းဘူးလို့ ပြောနေကျလေ... ဒီနေ့ ဘာလို့ ဒီလောက် လျှာစောင်း ထက်နေရတာလဲ...
သူမ ချူးတုန်မေကို ရှက်ကိုးရှက်ကန်းဖြင့် ပြန်ကြည့်လိုက်ရာ သေချာသည်ပင်၊ အရောင်းသမက ဒေါသထွက်လွန်း၍ သူမ၏ဆံပင်ကောက်ကောက်များ လွင့်ပျံနေ၏။လင်းလန် ဟန်ချင်စုန့်ကို အမြန်ဆွဲခေါ်သွားပြီး တလက်စတည်း "တကယ်တော့ ဆံပင်အဖြောင့်က အရမ်းကြည့်ကောင်းတာပဲ" ဟု ဖော်ပြချက်တစ်ခု ထပ်ထည့်လိုက်သည် ။
ဟန်ချင်စုန့်: "မင်းက ဆံပင်မကောက်ရင်တောင် ကြည့်ကောင်းပါတယ်"
ဆံပင်မကောက်ထားသော ဝမ်ဟွေ့ကျွမ်းနှင့်အခြားအမျိုးသမီးအနည်းငယ်တို့ အကုန်လုံး အပြုံးပန်းတွေဖြာကုန်ကြ၏။ အချို့လူတွေက ချူးတုန်မေ၏ဒေါသကြောင့် နီရဲနေသောမျက်နှာကို သွားကြည့်ကြသည်။
လင်းလန်က ပစ္စည်းများကို ကပျာကယာဝယ်ပြီး ဟန်ချင်စုန့်ကို ကိုင်ခိုင်းကာ သူ့ကို ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမနှင့် ဝေးရာသို့ ဆွဲခေါ်သွားခဲ့သည်။ သူသာ ဆက်နေပါက ဆံပင်ကောက်ကောက်အရောင်းသမက ငိုတော့မည်။
ဟန်ချင်စုန့်က ပစ္စည်းတွေကို နောက်ထိုင်ခုံ၏ ညာဘက်ခြမ်းမှာ ချိတ်ထားသည့် ခြင်းတောင်းထဲ ထည့်လိုက်ပြီး လင်းလန်က ဘယ်ဘက်ခြမ်းကနေ တက်လိုက်၏။
"ဆံပင်မကောက်နဲ့... ကြည့်လို့မကောင်းဘူး...ငြီးငွေ့စရာကောင်းတယ်ထင်ရင် ပိုရှည်အောင် ထားလိုက်"
လင်းလန်: "...ဆုံးဖြတ်ပိုင်ခွင့်က ရှင့်လက်ထဲမှာပဲ... သွားရအောင်"
သားသတ်အဖွဲသို့သွား၍ ဝက်သားနှင့် ဝမ်းတွင်းသားအချို့ကို ဝယ်ရန် သူကို တိုက်တွန်းလိုက်သည်။
သူတို့ ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမမှအိမ်သို့ပြန်လာသောအခါ တဝမ် နှင့်အားဝမ်တို့က ခြံထဲတွင်ပြောင်းဖူးခြွေနေကြပြီး စန်းဝမ် နှင့်ရှောင်ဝမ်က တဝမ်၏လောက်လေးခွဖြင့်ကစားနေကြ၏။
တဝမ်က သူတို့နှစ်ယောက်အတွက် ပန်းကန်လုံးတစ်လုံးစီချကာ ပြောင်းဆန်များကို ခပ်ဝေးဝေးကနေ ပစ်ခိုင်းပြီး ပြောင်းဆန်များများထည့်နိုင်သူက နိုင်မည်ဖြစ်သည်။
စန်းဝမ်က ညစ်ပတ်လွန်း၏။
သူက သူ့အလှည့်အပြီးမှာ ရှုံးတော့မည်ဖြစ်သည်။ သူ့ညီလေးကို ရှုံးတာ ဘယ်လောက်ရှက်ဖို့ကောင်းလဲ...
ရှောင်ဝမ် ပစ်နေချိန်တွင် စန်းဝမ်က ထူးထူးခြားခြား ပြုမူလာပြီး လက်နှစ်ဖက်ကို ယမ်းကာ ခေါင်းငုံ့၍ စတင်ခုန်စွခုန်စွလုပ်ပါတော့သည်။
“ဖားငယ်လေး... ငါက ဖားငယ်လေးပါ ...ကရော့..."
ရှောင်ဝမ်က ပစ်ရန် ချိန်ရွယ်လိုက်သည်နှင့် သူ့ပါးစပ်ကို အဖွင့်အပိတ်လုပ်နေသည်ကို တွေ့လိုက်ရ၏။ သူ့ပါးစပ်နှင့် ခပ်ဝိုင်း ဆံပင်တိုတိုရှိသည့် ကတုံးပြောင်ပြောင်က အထူးရယ်စရာကောင်းနေသဖြင့် "ဟားဟားဟား" ဟုရယ်မိသွားသည်။
သူ ပြုံးလိုက်ချိန်တွင် သူ့ခေါင်းက စောင်းသွား၏။
စန်းဝမ်က ချက်ချင်း ဝမ်းသာအားရ ခုန်ထလိုက်ပြီးအော်လေသည်။
"ဟေးးး... ပြိုင်ဘက်ကို နှောင့်ယှက်တာ အောင်မြင်သွားပြီကွ..."
ရှောင်ဝမ်က လောက်လေးခွနှင့် ပစ်သည်ကို ရပ်လိုက်ပြီး သူ၏တတိယအစ်ကိုကို ဖားငယ်လေး၊ ငန်းဖြူကြီးနှင့်ငါးလေးတွေအစရှိသော ဂိမ်းမျိုးစုံ ကစားခိုင်းတော့၏။
ညီအကိုနှစ်ယောက် ပျော်ရွှင်စွာကစားနေကြရင်း လင်းလန်ပြန်လာသည်ကိုမြင်သောအခါ ပျော်ပျော်ပါးပါး ငှက်ကလေးတွေလို ပြေးသွားကြသည်။
လင်းလန် ကုန်း၍ ရှောင်ဝမ်၏ အေးစက်သော မျက်နှာလေးကို နမ်းလိုက်ပြီး မောင်နှမတတွေဝေစားရန် အသစ်ဝယ်ထားသော သကြားလုံးလက်တစ်ဆုပ်စာကို ထုတ်ယူလိုက်သည်။
"သားကို...သားကို...သားကို"
စန်းဝမ်က ခေါင်းမော့ပြီး လင်းလန်အား သူ့ခေါင်းကို နမ်းခိုင်းသည်။
လင်းလန်က သူ့ကို ပုတ်လိုက်ပြီး
"ကိုယ့်ခေါင်းကိုယ် ကျေနပ်နေတာလား"
အားဝမ်ကလည်း စက်ဘီးပေါ်က ပစ္စည်းတွေကို ကူသယ်ရန် ပြေးသွားလိုက်သည် ။
လင်းလန် မိုင်စွေ့ကို မတွေ့ပေ။
အားဝမ်ကပြောလာ၏။
"ယန်ယန်က အိမ်စာလုပ်ဖို့ခေါ်ထားတယ် "
ကျောင်းမတက်ပေမဲ့ ယန်ယန်က စာကြည့်ရသည်ကို နှစ်သက်နေဆဲပင်။ အခြေခံစာတတ်မြောက်မှု၊ အရေးအသားနှင့် ဂဏန်းသင်္ချာကို သူမသင်ယူချင်နေသေးသည်။
Xxxxxxxx