Part 503
မိုင်စွေ့က လင်းလန်၏အဆင့်မြင့်သင်ကြားရေးနည်းစနစ်များကို သင်ယူခဲ့ပြီးဖြစ်သောကြောင့် ယခုတွင် မိုင်စွေ့သည်လည်း ဆရာမတစ်ဦးကဲ့သို့ စာသင်ပေးရာတွင်လည်း အသင်ကောင်းနေလေပြီ။
ယန်ယန် သူမက ချိုက်ဟွားထက် ပိုဖတ်တတ်သည်ဟု ခံစားရပြီး အမှားအယွင်းမရှိ ကောင်းကောင်းနှင့် တိကျစွာဖတ်တတ်၏။
လင်းလန်က မိုင်စွေ့ကို သူများကိုလက်ချာပေးသောအခါတွင် သူမ၏လျှို့ဝှက်ချက်များကို ဘယ်တော့မှမဖုံးကွယ်ရန် မှ သင်ကြားပေးခဲ့သည်။ သူမက ဘာပြောရမည်ကို သိပြီး တတ်စွမ်းသမျှ သင်ကြားပေးသောကြောင့် ယန်ယန်အနေဖြင့် မိုင်စွေ့က ပွင့်လင်းမြင်သာပြီး သူမနှင့် ရင်းနှီးရန် နှစ်သက်ကြောင်း ပိုပို၍ ခံစားလာရသည်။
လင်းလန် နှင့် ဟန်ချင်စုန့် ပြန်ရောက်လာသည်ကိုကြားသောအခါ ယန်ယန်က အလျင်စလို နှုတ်ဆက်လိုက်သည် ။သူမ၏ဖခင်ဆုံးပါးသွားပြီးနောက် သူမသည် အလွန်ရင့်ကျက်လာခဲ့ပြီး မနှစ်ကလို ရှက်ကြောက်မနေတော့ပေ။
လင်းလန်က သူမကိုသကြားလုံးနှင့် သရေစာမုန့်တွေ ပေးခဲ့ပေမဲ့ ယန်ယန်က သကြားလုံးတစ်ခုကိုပဲယူပြီး စားမည့်အစား အိတ်ကပ်ထဲထည့်လိုက်၏။
ယခုအချိန်တွင် သရေစာများက စျေးကြီးလေရာ လူအများစုသည် သားသမီးများကို ပေးရုံမျှသာ၀ယ်၍ ဆွေမျိုးများနှင့် ဝေးရာမှာစားကြသည်။
မိုင်စွေ့က သူမဟာကို တစ်ဝက်ခွဲပေးလိုက်ပြီး
"စားရအောင်...မားမား ငါတို့ကို သရေစာမုန့်တွေ အကုန်ပေးမှာ"
စားပြီးသည့်နောက်မှာ ယန်ယန်က စကားအနည်းငယ်ပြောပြီး နှုတ်ဆက်လာ၏။
"အမျိုးသမီးလင်း...သမီး အမေကို အိမ်မှာဟင်းကူချက်ပေးလိုက်ဦးမယ်"
၎င်းနောက် သူမက မိုင်စွေ့ကို နှုတ်ဆက်ပြန်သည်။မိုင်စွေ့က သူမကို လိုက်ပို့လိုက်သည်။
လင်းလန် ယန်ယန် ထွက်ခွာသွားသည့်နောက်ကို ကြည့်လိုက်ရင်း မြို့တွင် အလုပ်သမား စုဆောင်းပြီးနောက် ယန်ယန်က အထည်အလိပ်စက်ရုံတွင် အမျိုးသမီးအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နှစ်ပေါင်းများစွာ အတွေ့အကြုံများ စုဆောင်းကာ နောက်ပိုင်းတွင် အထည်အလိပ်လုပ်ငန်း၌ ချမ်းသာလာခဲ့ကြောင်း သတိရသွားသည်။ယခု မမြင်ရသေးသော်လည်း ဤနယ်ပယ်၌ သူမမှာ အရည်အချင်းတွေ ရှိကောင်းရှိနိုင်သဖြင့် နောက်နှစ်မှာ တတိယအစ်မနှင့် အဘယ်ကြောင့် မိတ်ဆက်မပေးရမည်နည်း။ သန်မာသော အမျိုးသမီးနှစ်ယောက်၊ တစ်ယောက်က အကြီးနှင့်တစ်ယောက်အငယ်၊ ထိုသူတို့က လုပ်ငန်းတစ်ခု၏ မီးပွားများဖန်တီးရန် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရကောင်းနိုင်၏။
ယန်ယန် ငယ်ရွယ်သေးသောကြောင့် ဝါဒဖြန့်ရန် အခွင့်အလမ်းများစွာမရှိသဖြင့် အစားအသောက်နှင့် အလုပ်မှတ်များရရှိရန် အခြားနည်းလမ်းများကို ရှာဖွေရမည်ဖြစ်သည်။
ယခုအချိန်တွင် ဟန်ကျင်းယု နှင့် လျိုဟောင်ကျဲတို့ မြို့သို့ပြန်သွားကြ၏။လမ်းဆုံကိုဖြတ်သောအခါ ဟန်ကျင်းယု သူမဒေါသများကို ထိန်းထားရသည်။ သူမ၏တတိယအစ်ကိုကိုမတွေ့ရလျှင်၊ သူမက သူ့ကိုတစ်နေကုန်စောင့်နေကြောင်း တတိယအစ်ကိုကို အသိမပေးရလျှင် သူမ အသက်ရှူမဖြောင့်နိုင်ပေ။
ရလဒ်အနေဖြင့် သူမတံခါးဆီသို့လျှောက်လာသောအခါ ခြံဝင်းထဲက ကလေးလူကြီးတွေ၏ ရယ်မောသံတွေကို နားထောင်ရင်း ဟန်ကျင်းယု ဒေါသစိတ်၏ ပြင်းထန်စွာ ရိုက်ခတ်မှုနှင့်အတူ ရုတ်ချည်း အင်မတိအင်မတန် ဝမ်းနည်းသလိုခံစားရ၏။
မောင်လေး ပြောသည့်သူက မြက်ပင်တစ်ပင်၊ လင်းလန်က တတိယအစ်ကို၏ အဖိုးတန်ရင်နင့်သည်းချာလေးဆိုသည်က မှန်သည်။
ဒါဆို သူမကရော ဘာလဲ...
သူမ သူ့အိမ်တံခါးဝသို့ရောက်သောအခါ သူကရှိမနေရုံသာမက လင်းလန်နှင့်ပါ အပြင်ထွက်ပြီးပျော်ပါးလိုက်သေး၏။
သူမသည် ကြောင်စီစီဖြင့် မျက်ရည်တွေကျလာပြီး မြို့တော်တွင် ကောင်းမွန်သောဘဝဖြင့် နေထိုင်လျက် လျိုဟောင်ကျဲနှင့် ကောင်းကောင်း နေထိုင်ကာ တတိယအစ်ကိုနှင့် လင်းလန်တို့ကို နောင်တရစေမည်ဟု ကတိပြုခဲ့သည်။ သူတို့ကို ယနေ့သူမကိုအရှက်ခွဲမှုကို နောင်တရပြီး အနာဂတ်တွင် အမြင့်မတက်နိုင်စေအောင်ပြုလုပ်မည်။
ဒေါသတကြီးဖြင့် မျက်ရည်များကို သုတ်ကာ ထွက်သွားလေသည်။
လျိုဟောင်ကျဲ၊ဟန်ချင်ဟွနှင့်အစ်ကိုကြီးဟန်တို့က လမ်းဆုံမှာ စောင့်နေကြပြီး ဟန်ချင်ဟွကပြောလာ၏။
"သူ(မ)က နင့်ကို ကန်ထုတ်လိုက်တာလား"
ဟန်ကျင်းယုက စကားမပြောပေ။
သူမ၏နီရဲနေသည့်မျက်လုံးတွေကိုမြင်သောအခါ လျိုဟောင်ကျဲက ပြုံးပြီးပြောလိုက်သည်။
"မင်းက ကလေးဆန်လိုက်တာ... ဘာလို့ငိုနေတာလဲ"
သူက သူမကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး မျက်ရည်တွေကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးလေ၏။
"အေးတယ်...မျက်နှာမှာ အသားပတ်လိမ့်မယ်"
ဟန်ကျင်းယု သူ၏နူးညံ့မှု ခံစားရပြီး မျက်ရည်တွေကျလာကာ ပြုံးပြလျက် ဟန်ချင်ဟွ ထံမှ စက်ဘီးကို ယူလိုက်သည်။
"သွားမယ် ...အိမ်ပြန်ရအောင်...ဂရုစိုက်နော် "
မူလက သူမ လျိုဟောင်ကျဲနှင့်ပတ်သတ်ပြီး တော်တော်များများ မကျေမနပ်ဖြစ်ခဲ့သော်လည်း ယခုအခါ ထိုမကျေနပ်မှုတွေအကုန်လုံး ပျောက်ကွယ်သွားခဲ့သည်။ အကြောင်းမှာ လျိုဟောင်ကျဲက သူမအနာဂတ်ဖြစ်ပြီး သူမကို ပျော်ရွှင်အောင် လုပ်ပေးနိုင်၏။ယင်းက ဟိုတောကြွက်စုတ်လင်းလန်ကို ကြီးကြီးမားမား အနိုင်ပိုင်းနိုင်သည်။
အစ်ကိုကြီးဟန်က သတိပေးလာ၏။
“လမ်းက မှောင်နေတယ်...မင်းတို့ဘေးကင်းဖို့ သတိထားရမယ်"
သူက သူတို့ကို နေရန် ထပ်ခါတလဲလဲ စည်းရုံးခဲ့သော်လည်း လျိုဟောင်ကျဲကငြင်းဆန်သောကြောင့် သူတို့ကို ညဘက်မှာပြန်ခိုင်းရုံသာတတ်နိုင်သည်။ ကံကောင်းထောက်မစွာဖြင့် လက်ရှိအချိန်မှာ တရားဥပဒေစိုးမိုးရေးကကောင်းပြီး မြောင်းထဲ ကျသည်လွဲ၍ ဘာမှဖြစ်စရာမရှိပေ။
လျိုဟောင်ကျဲက သူတို့ကို လက်ဝှေ့ယမ်းပြပြီး "စိတ်မပူပါနဲ့...ကျွန်တော်မှာ ဓာတ်မီးတစ်လက် ရှိတယ်"
ဟန်ကျင်းယုက သူ့ကို တောင်ဘက်လမ်းမကြီးပေါ် ခေါ်သွားပြီး သူမ နှာခေါင်းရှုံ့လိုက်၏။
"အစ်ကိုဟောင်ကျဲ အခုကစပြီး... အခုကစပြီး ညီမအပေါ် ပိုကောင်းရမယ်...ညီမ.…”
သူမက စကားကိုအနိုင်နိုင်ပြောနေရသည့်အပြင် စက်ဘီးကိုလည်းခက်ခက်ခဲခဲ နင်းရသေးသည်။
သို့သော် လျိုဟောင်ကျဲက သူ၏ယခင်နူးညံ့သိမ်မွေ့မှုကို ပြောင်းလဲကာ အေးစက်စွာပြောလာခဲ့၏။
"မင်းတို့ မောင်နှမတွေက တကယ်အသုံးမကျဘူး... ဟန်ချင်စုန့်က မင်းတို့ကို မကြည့်ချင်အောင် ဘယ်လိုများလုပ်လိုက်တာလဲ"
ဟန်ချင်စုန့်က မာနကြီးသည်ဟု သူ မထင်ပေ။ သူတို့ မောင်နှမနှစ်ယောက်လုံးက ပြဿနာရှိသည်ဟု သူယုံကြည်သည်။
ဟန်ကျင်းယုက မကျေမနပ် ပြောလိုက်၏။
"ညီမကို အပြစ်တင်လို့ရမလား...ညီမမှာ ဘာပြဿနာရှိလို့လဲ... ကျင်းပေါင်က အဲ့ဒီကြွက်စုတ်စိတ်ဆိုးအောင်လုပ်လိုက်တာလေ... တနေကုန် လေပေါ နေတယ်..."
"စိတ်ဆိုးမနေစမ်းနဲ့... မင်းကမှ တနေ့လုံး ကြွက်စုတ်ပဲ... လင်းလန်က တော်တော်ကောင်းတယ်လို့ငါထင်တယ်...ပညာတတ်တယ်၊ စာနာတယ်၊ စိတ်အားထက်သန်တယ်၊ ဉာဏ်ကောင်းပေမဲ့ ပါချီပါချက်မဟုတ်ဘူး၊ ကြင်နာတတ်တယ်၊ မပျော့ညံ့ဘူး"
"ဘာ...ရှင်က ဘယ်သူ့လူလဲ.. သူ့အကြောင်း ဘာလို့ တနေကုန် ပြောနေရတာလဲ... သူကတော် ရင်တောင် ရှင် သူ့ကို မရနိုင်ဘူးးးး..."
"ငါက သူကတော်တယ်လို့ပဲ ပြောတာမဟုတ်ဘူး ...မင်းရဲ့ တတိယအစ်ကိုလည်း အရမ်းတော်တယ်... အစတုန်းက မင်းတို့ကွန်မြူနတီက ရှုပ်ထွေးနေတာ...သူရောက်လာတာနဲ့တခြားကွန်မြူနတီတွေနဲ့မတူတော့ဘူးတွေ့လား... တခြား ကွန်မြူနတီတွေက သူ့လမ်းကြောင်းကို လိုက်လျှောက်ပြီး တရား၀င်ဖြစ်လာတယ်...ငါ သူ့ကို အရမ်းလေးစားတယ်...ဘယ်သူက ဘာပဲလုပ်လုပ် သူ့အကူအညီရရင် ကြိုးစားမှုတစ်ဝက်နဲ့ ရလဒ်က နှစ်ဆရလိမ့်မယ်"
"သူက မင်းကိုသဘောမကျတာက စိတ်မကောင်းစရာပဲကွ..."
Xxxxxxx
Part 504
သူမက လျိုဟောင်ကျဲ နှင့် ကောင်းမွန်သောဘဝတွင် နေထိုင်ပြီး လင်းလန်ကိုကောင်းကောင်းပြရန် ကတိပြုခဲ့သော်လည်း သူက ယခုလိုဖြစ်နေ၏။ဟန်ကျင်းယု သည်းမခံနိုင်တော့ဘဲ ကြမ်းတမ်းသောစကားများကို စတင်ပြောဆိုခဲ့သည်။
လျိုဟောင်ကျဲက စိတ်မဆိုးဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြီးဆို၏။
"မင်း အခု မကြိုက်ရင် ကိစ္စမရှိပါဘူး...တကယ်တမ်းကျ အဆင့်အတန်းချင်းမှမတူပဲလေ... တစ်နေ့ကျရင် သူက ငါ့ကို လေးလေးနက်နက် ကြည့်လိမ့်မယ်"
ဟန်ကျင်းယုက နှုတ်ခမ်းမဲ့ကာပြောလိုက်သည်။
"စဥ်းတောင် မစဉ်းစားနဲ့...ငါ့ရဲ့ တတိယအစ်ကိုက အဲဒီကြွက်စုတ်ကလွဲရင် ဘယ်သူ့ကို မကြည့်ဘူး"
"ပိုတောင်လွယ်သေးတယ်...လင်းလန်က ငါ့ကိုကြည့်ရင် မင်းရဲ့ တတိယအစ်ကိုက ငါ့ကို ပိုပြီးကြည့်ပေးရလိမ့်မယ်"
"လျိုဟောင်ကျဲ..."
ဟန်ကျင်းယုက စက်ဘီးကို ရုတ်တရက် ရပ်လိုက်သော်လည်း သူမ၏ ကျွမ်းကျင်မှုမှာ မလုံလောက်ဘဲ သူ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ထိုအစား လျိုဟောင်ကျဲက မြေကြီးပေါ်ရပ်ပြီး စက်ဘီးကို ဆွဲမတ်ကာ သူမကို မြေကြီးပေါ်ပြုတ်မကျအောင်လုပ်လိုက်၏။
"နင်ဘာကိုဆိုလိုတာလဲ"
ဟန်ကျင်းယုက စိုက်ကြည့်လိုက်သည်။
"လက်ထပ်ပြီးခါစကို တခြားမိန်းမတွေလိုချင်နေတာလား"
လျိုဟောင်ကျဲ က ပြုံးပြီးဆို၏။
"မင်းဘယ်လောက်တစ်ကိုယ်ကောင်းဆန်လဲ ကြည့်...ငါမင်းယောက်မအကြောင်းပြောတာနဲ့ မင်းက မင်းအစ်ကိုအကြောင်းမတွေးဘဲ မင်းအတွက်မင်းပဲတွေးနေတယ်...ဒီတော့ မင်းအစ်ကိုက မင်းကိုလျစ်လျူရှုထားတာမဆန်းဘူး"
ဟန်ကျင်းယု ဒေါသထွက်လွန်း၍ နှာခေါင်းတွေ ရှုံ့တွနေပြီး စက်ဘီးကို ပစ်ချ၍သာ သူ့ကို လျစ်လျူရှုပစ်ချင်သည်။
လျိုဟောင်ကျဲက သူမနောက်ကျောကို ပုတ်ပြီး "မပူပါနဲ့... သွားကြရအောင်... ငါ မိန်းမတွေ အများကြီးကို သတိရပေမဲ့...မင်းကိုတော့ မလွမ်းဘူး "
ဟန်ကျင်းယု မူလက ၎င်းကို သည်းခံချင်သော်လည်း သူမ ဒေါသထွက်လွန်း၍ စက်ဘီးကို ပစ်ချပြီး ထွက်သွားခဲ၏။
လျိုဟောင်ကျဲက အခြေအနေကို အခွင့်ကောင်းယူပြီး စက်ဘီးပေါ်တက်ကာပြောလေသည်။
" မင်းငါ့နဲ့ မလိုက်ဘူးလား ...အမေ့အိမ်ကိုပြန်ပြီး မင်းရဲ့ တတိယအစ်ကိုကို ဝန်ခံဖို့က အရမ်းနောက်ကျနေသေးတယ်... မင်းရဲ့ တတိယအစ်ကိုကို စစ်ဆေးခိုင်းပြီး ငါက လူယုတ်မာလား ဒါမှမဟုတ် လူဆိုးလားကြည့်ရအောင်"
ဟန်ကျင်းယု ရှေ့ကို နှစ်လှမ်းလှမ်းပြီး ဒေါသဖြစ်လွန်း၍ ကျောက်ခဲကို ကောက်ယူကာ သူ့ကိုပစ်ချလိုက်၏။
လျိုဟောင်ကျဲက စက်ဘီးနင်းရင်း ခေါင်းစောင်းကာ သူမကိုကြည့်လာပြီးဆိုသည်။
"မင်းက ငါ အရမ်းဆိုးတယ်လို့လည်းပြောသေးတယ်... ဘာလို့ ငါ့နောက်က လိုက်တာလဲ...မင်းပြန်သွားရင် ဘယ်လောက်ကောင်းမလဲ...ဟန်ချင်စုန့်ကို မင်းနဲ့ငါပြတ်ပြီလို့
ပြောရင် မင်းရဲ့ဒေါသလည်း ရှင်းသွားလိမ့်မယ်"
"လူယုတ်မာ... လူယုတ်မာ" "
ဟန်ကျင်းယုက သူ့ကိုပြေးရိုက်၏။
လျိုဟောင်ကျဲက သူမကို ပြန်မလုပ်ဘဲ ရိုက်နှက်ခွင့်ပေးထားသည်။၎င်းနောက် သူမကို သူ့ရင်ခွင်ထဲမှာဆွဲသွင်းလိုက်ပြီးဆို၏။
"မင်းကိုကြည့်...ဘယ်လောက်ကောင်းလိုက်သလဲ... မိန်းမတွေ ဘယ်လောက်ပဲရှိရှိ ငါမင်းကိုပဲလက်ထပ်မယ်လို့ တွေးနေမိတယ်"
ဟန်ကျင်းယု ဒေါသထွက်လွန်း၍ သူမဘာပြောရမှန်းကိုမရွေးနိုင်တော့ပေ။
"နင်ငါ့ကိုလက်ထပ်လိုက်ပေမဲ့... နင့်မှာ လိင်ဆက်ဆံခွင့်တောင်မရှိဘူး"
လျိုဟောင်ကျဲ က ပြုံးပြီး
" ယို့...မင်း ဒါကို စဉ်းစားနေတာလား... ကောင်းပြီ"
သူက စက်ဘီးပေါ်မှဆင်းကာ သူ့အနွေးအင်္ကျီကိုဆွဲချွတ်၍ စက်ဘီးပေါ်တင်ပြီး ဟန်ကျင်းယုကို လမ်းတောင်ဘက်ရှိ တောအုပ်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။
ဟန်ကျင်းယု ထိတ်လန့်တကြားအော်ဟစ်လိုက်သော်လည်း ဆောင်းတွင်းညတစ်ညဖြစ်ပြီး ရွာနှင့်ဝေးသောနေရာဖြစ်သဖြင့် မည်သူမျှမရှိသည်ကသနားစရာပင်။
လျိုဟောင်ကျဲက သူမကို ပေါ့ပလာ ပင်ကြီးတစ်ပင်ဆီသို့ တွန်းချကာ အနွေးအင်္ကျီကို ကြယ်သီးကိုဖြုတ်၍ သူမ၏အဝတ်အစားများကိုစတင်ဆုတ်ဖြဲပစ်ပြန်သည်။
"နင်...နင်လူယုတ်မာ...အေးတယ်...အေးတယ်လို့ "
သူမက ရုန်းကန်နေ၏။
"မင်းပြောသလိုပဲလေ... ငါမင်းကို မလိုချင်ဘူး... မင်းက ငါနဲ့အခန်းတူမအိပ်ဘူးလို့တွေးနေတာမလား...ငါ မင်းအတွက် နက်နဲတဲ့ အမှတ်တရတွေ ထားခဲ့ချင်ပေမဲ့ မင်း ငါ့ကို လူယုတ်မာလို့ ခေါ်တယ်...မင်းက လူယုတ်မာတွေကိုပဲချစ်ပုံရတယ်"
လျိုဟောင်ကျဲက ညစ်ညမ်းသည့်ဟာသတွေကို ပြောနေပေမဲ့ သူမျက်လုံးများထဲမှာ အပြုံးတစ်ခုမှ ရှိမနေဘဲ ဆယ်နှစ်လမြောက်လမှာ တိုက်ခတ်သော အေးစက်သည့် လေအေးကဲ့သို့ အေးစက်နေ၏။
ဟန်ကျင်းယုက ငိုယိုပြီး ကျိန်ဆဲနေသော်လည်း လျိုဟောင်ကျဲ သူမထဲသို့ ဝင်ရောက်လာသောအခါတွင် သူမ လျှပ်စစ်ရှော့ခ်ရသလို တုန်ရီသွားပြီး ထိုတသိမ့်သိမ့်ခံစားချက်က စိတ်ဝိညာဉ်၏ နက်နဲရာအရပ်မှ ရောက်ရှလာသကဲ့သို့ပင်။
"အေးလွန်းတယ်...အိမ်ပြန်ရအောင်"
သူမ ငိုချလိုက်ပြီး သူမ၏ မျက်ရည်များက ရေခဲလုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။
လျိုဟောင်ကျဲက သူမမျက်ရည်များကို သုတ်လိုက်ပြီး သူမကို အင်္ကျီတစ်ထည်နှင့် ပတ်ကာဆို၏။
"လိမ္မာတယ်...ခဏနေပူလာတော့မှာ"
ကိစ္စပြီးသွားသောအခါ ဟန်ကျင်းယု၏ခြေထောက်တွေ တုန်ယင်နေလွန်း၍ မတ်တပ်ပင်မရပ်နိုင်ချေ။
လျိုဟောင်ကျဲက သူ့အဝတ်အစားတွေကို သပ်ရပ်အောင်လုပ်လိုက်ပြီး ပေါ့ပေါ့တန်တန်ပြောလာသည်။
"ဆိုတော့ မင်းက အပျိုမဟုတ်ဘူးပေါ့"
ဟန်ကျင်းယု အံ့အားသင့်သွားပြီး သူဘာပြောနေမှန်း ချက်ချင်းသတိထားမိသွား၏။
" အဓိပ္ပါယ်မရှိ... အဓိပ္ပါယ်မရှိတာ... ဒါက ငါ့ရဲ့ပထမဆုံးအကြိမ်"
လျိုဟောင်ကျဲက မျက်ခုံးပင့်လိုက်ပြီး
" သွေးမထွက်ဘူး"
ပထမဆုံးအကြိမ်ဆို သွေးထွက်မှန်း ဟန်ကျင်းယုသိသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းအိပ်ဆောင်မှာ အမျိုးသမီး ကျောင်းသူတွေ မကြာခဏ တီးတိုးညည်းညူကြ၏။
ဒါပေမဲ့ သူမက... အခုမှ...
သူမ အနည်းငယ် ကျိမ်းပြီး ရောင်နေပေမဲ့ သူမ တကယ် မနာသလို သွေးလည်းမထွက်ချေ။
သူမ ကြက်သေသေနေကာ လက်နှင့်ခြေများ အေးစက်နေပြီး အဝတ်အစားများဝတ်ရန်ပင် အမှတ်မရပေ။
ထိုအချိန်တွင် လုံးဝမှောင်နေပြီး ညဇီးကွက်များနှင့် တိရိစ္ဆာန်အချို့၏အော်သံများကြားရသဖြင့် အလွန်ကြောက်စရာကောင်းနေသည်။
လျိုဟောင်ကျဲက သက်ပြင်းချကာ သူမကို လက်ကိုင်ပုဝါနှင့် သုတ်ပေးလိုက်ပြီး သူမအဝတ်အစားများကို ပြန့်အောင်လုပ်ပေးလျက်ဆို၏။
"မင်းကိုယ်မင်းကြည့်စမ်း...တကယ်ပါပဲ...ထားလိုက်ပါတော့... ငါမင်းကို မကြိုက်တာမဟုတ်ဘူး... ငါတို့ နှစ်ယောက်စလုံး အိမ်ထောင်ကျပြီးပြီမို့ ငါတို့ ဒါအတွက်နဲ့တော့ ကွာရှင်းလို့မရဘူး... ဒါပေမဲ့ မင်း...အဲ့ဒါက မသန့်စင်ဘူး... အဲ့ဒါကြောင့် အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် စောဒက မတက်နဲ့တော့...."(အပျိုမဟုတ်လို့)
ဟန်ကျင်းယု သူမဘာလို့ သွေးမထွက်တာလဲ၊ ဘာလို့ မနာကျင်ရတာလဲ၊ ပထမဆုံးအကြိမ်မရှိတော့တာကို သူမဘာလို့မသိခဲ့တာလဲ စသည်တို့ကို အဖြေမရှာနိုင်ခဲ့ပေ။ လျိုဟောင်ကျဲနှင့် ယခင်ချိန်းတွေ့တုန်းကလည်း အများဆုံး ထိတွေ့ရုံသာရှိပြီး သူမကို ယခုလိုမျိုး မလုပ်ခဲ့ပါချေ။
ဘာကြောင့်လဲ...
လမ်းမပေါ်ပြန်ရောက်သောအခါ သူမ သဲသဲကွဲကွဲ မမြင်နိုင်တော့သည့်အတွက် လျိုဟောင်ကျဲက သူမကို ဓာတ်မီးနှင့်စက်ဘီးပေါ်တင် ခေါ်သွားခဲ့သည်။
ဟန်ကျင်းယုက သူမကိစ္စအတွက်သာ စိတ်ပူနေခဲ့ပြီး လျိုဟောင်ကျဲ ထိုကဲ့သို့ဒဏ်ရာရနေသော ခြေကျင်းဝတ်များနှင့် လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်ပုံကို သတိမထားမိခဲ့သလို ယခုအခါ သူမနှင့်အတူပင် စက်ဘီးစီးနေဆဲဖြစ်သည်ကိုလည်း သတိမထားမိခဲ့ပေ။
အနီးနားတွင် ရွာများမရှိသော အရပ်ဆီသို့ရောက်သောအခါ အနားရှိ လယ်ကွင်းများက ပို၍ပင် မည်းမှောင်နေပြီး သူတို့ နှစ်ယောက်တည်း ဓာတ်မီးဖြင့် ရှိနေသည်။
ထိုအချိန်တွင်၊ မြောက်-တောင်လမ်းရှိ တောအုပ်ထဲမှ တစ်စုံတစ်ယောက်က ဓာတ်မီးဖြင့် ၎င်းတို့ဆီသို့ ပြေးလာပြီးအော်ဟစ်လာ၏။
"ဟားဟား...အဆီဖြိုးတဲ့သိုးပေါက်လေးပဲ"
ဟန်ကျင်းယု ထိတ်လန့်မှုကြောင့် တုန်ယင်နေပြီး လျိုဟောင်ကျဲ၏ အဝတ်အစားများကို တင်းကြပ်စွာ ဆွဲကိုင်ကာ တုန်တုန်ယင်ယင် အသံဖြင့် ပြောလိုက်သည်။
"တစ်ခုခုမှားနေပြီ"
Xxxxxxxx