အပိုင်း ၅၀၅-၅၀၆
Viewers 21k

Part 505


ကောင်ကင်ကြီးက မည်းမှောင်နေပြီး ညနက်ချိန်လည်းဖြစ်လို့နေသည်။ ဟန်ကျင်းယုက မြေပေါ်၌ထိုင်နေကာ လက်ထဲ၌လည်း ဓာတ်မီးတစ်လက်ကို ကိုင်ထား၏ ။


သူမ စိတ်ထဲတွင် ဗလာရှင်းလို့နေ၏ ။ ၀ိုးတ၀ါးမှတ်မိသည်က ဓားပြလေးငါးယောက်သည် သူမအား ဆွဲလားရမ်းလား လုပ်နေသည်ကို လျိုဟောင်ကျဲမှ ကူညီပေးခဲ့ခြင်းကိုသာ။ အများနှင့်တစ်ယောက်ဖြစ်သဖြင့် ထိုလူမှာ အကန်အကျောက်ခံရ အရိုက်ခံရဖြစ်လို့နေလေသည်။ ဟန်ကျင်းယုမှာ အလွန်ထိတ်လန့်သွားသဖြင့် ဘာမှမတွေးတက်ရှာတော့ ။ 


သို့ဖြစ်၍ " ကျွန်မကိုသာ လုပ်ချင်သလိုလုပ်သွားကြပါ ။ သူ့ကိုတော့ ဘာမှ မလုပ်ပါနဲ့ရှင် " ဟူသည်မျိုးပင် အော်ဟစ်နေလေသည်။ 


သို့သော်လည်း ထိုဓားပြများကတော့ လျိုဟောင်ကျဲအား ဆွဲခေါ်သွားကြလေသည်။ 


ထွက်မသွားခင်တွင်လည်း သူမအား ဓားနှင့်ရွယ်ကာ ခြိမ်းခြောက်သွားသေးသည်။ " ကောင်မလေး တစ်ခြားလူတွေကို ပြန်ပြောရဲရင် မင်းရဲ့လူကို အပိုင်းပိုင်းခုတ်ပြီး ချက်စားပစ်လိုက်မယ် ကြားလား "


လျိုဟောင်ကျဲက အော်ဟစ်နေဆဲပင် ။ 


" ကျင်းယု ရွာကို မြန်မြန်ပြန်တော့ ခေါင်းဆောင်ချွင်က တတိယအစ်ကိုကို လိုက်ရှာနေတာ "


ဓားပြကြီးက ဓားရွယ်ကာ ခြိမ်းခြောက်ပြန်၏။


 " လုပ်ရဲရင် လုပ်ကြည့်လိုက်စမ်း "


ဟန်ကျင်းယုက အလွန်ကြောက်လန့်နေကာ မလှုပ်ရဲ ။ တစ်ခြားအတွေးများကိုလည်း မတွေးရဲဘဲ ရှိနေ၏ ။ 


ဓားပြကြီးသည် လျိုဟောင်ကျဲရဲ့ ဆံပင်ကိုဖြတ်ကာ ဟန်ကျင်းယုထံ ပစ်ပေးပြီး ခြိမ်းခြောက်သည့် အကြည့်ကိုပေးသည်။


 " ပါးစပ်ပိတ်ထားရင် မင်းလူကို မနက်ဖြန် အသက်ရှင်လျက် ပြန်လွှတ်ပေးမယ် " ထို့နောက် ဓားပြတစ်စုသည် ထွက်သွားကြကာ ဟန်ကျင်းယုအား တစ်ယောက်တည်း ချန်ခဲ့လေသည်။ 


ထိုလူတစ်စုထွက်သွားပြီးမှသာ ဟန်ကျင်းယု ထရပ်လိုက်မိသည်။ သူမ ပထမဆုံးတွေးမိသည်က ရှန်ရွေ့ရွာသို့ပြန်ကာ တတိယအစ်ကိုအား သတင်းပို့ရန်ဖြစ်သော်လည်း သတင်းပို့လိုက်ပါက လျိုဟောင်ကျဲအား သတ်လိုက်ကြမည်ကိုလည်း စိုးရိမ်နေလေသည်။ ထိုနေ့က ဟန်ကျင်းယု၏ စိတ်မှာ မတည်ငြိမ်ဘဲ ရှိနေခဲ့ကာ ကြောက်ရွံ့၀မ်းနည်းနေခဲ့လေ၏ ။ နောက်ဆုံးတွင်တော့ သူမ စက်ဘီးကိုယူကာ ဓာတ်မီးကိုကိုင်၍ ရွာသို့ပြန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


နောက်တစ်နေ့တွင် တကယ်ပဲ လျိုဟောင်ကျဲပြန်ရောက်လာလေသည်။ 


ဟန်ကျင်းယု အိမ်ပြန်လာပြီးနောက်တွင် ဟန်ချင်ဟွသည် လုပ်သားပြုပြင်ပြောင်းလဲရေးစိုက်ခင်းသို့သွားရတော့မည်ဖြစ်၍ ဟန်ချင်စုန့်အား နှုတ်ဆက်စကားပြောချင်သော်လည်း မတွေ့ရသဖြင့် ကိုယ့်ဘာသာပဲ ထွက်သွားလိုက်ရသည်။ စိုက်ခင်းသို့ ပြန်ရောက်သည့်အခါ ဟန်ချင်ဟွသည် ထုတ်လုပ်ရေးအသင်းသို့ ရွှေ့ပြောင်းခံလ်ိုက်ရကာ သူစိမ်းများနှင့် အလုပ်လုပ်နေရ၍ နေသားမကျဖြစ်နေလေသည်။ 


တရုတ်နှစ်သစ်ကူးအတွက် ခွင့်ပေးရန် မ၀ံ့မရဲတောင်းဆိုမိသော်လည်း ရက်စက်စွာပဲ ငြင်းဆိုခံလိုက်ရ၏ ။ မကျေမနပ်ဖြစ်ကာ ၀မ်းနည်းသွားသော်လည်း ဟန်ချင်ဟွသည် ဆောင်းရာသီ လုပ်ငန်းခွင် လေ့ကျင့်ရေးအား ဆက်လုပ်နေရလေသည်။ 


လပြက္ခဒိန်၏ ဆယ့်နှစ်လမြောက်တွင် ဟန်ချင်စုန့်သည်လည်း အလုပ်များနေ၏ ။ သူတို့ရွာမှ ကွန်မြူနတီနှင့် လုပ်သားပြုပြင်ပြောင်းလဲရေးစိုက်ခင်းအပြင် ခရိုင်များမှလည်း သူ့အား ဖိတ်ခေါ်ကာ နှစ်ကုန်အစည်းအဝေးများနှင့် ဟောပြောပွဲများ လုပ်စေလေသည်။ ထိုအခါများတွင် ဟန်အိုက်ကောသည် ငြင်းနိုင်သမျှငြင်းကာ ဟွမ်ဝေကျုံးနှင့် စွန်းကျောက်၀မ်တို့အား ကိုယ်စားလွှတ်တက်လေ၏ ။ လုံး၀ငြင်းမရသည့် အခါမျိုးမှသာ ဟန်ချင်စုန့်ကိုယ်တိုင်သွားတာဖြစ်သည်။ 


ယခုဆို အိမ်၌နေရသည်က ပိိုပိုကောင်းလာသဖြင့် အစည်းအဝေးများကို ဟန်ချင်စုန့် မတက်ချင်ပေ ။ အချို့အစည်းအဝေးများသည် အချိန်ကုန်တာသာ အဖက်တင်သဖြင့် အိမ်မှာပဲ မိန်းမနှင့် ကလေးများနှင့် အတူနေရသည်က ပိုကောင်းသည်ဟု ဟန်ချင်စုန့်ထင်သည်။ 


ဟန်ချင်စုန့်သည် ဟောပြောပို့ချခြင်းကို သေချာမလုပ်တတ်ပေ ။ သူ့အား စတိတ်ပေါ်တက်စေပါက တက်ကာ စကားအနည်းငယ်ပြောပေးမည်ဖြစ်ပြီး အပိုစကားမဆိုတတ် ။ တစ်နာရီမျှကြာအောင် ချဲ့ကားပြောဆိုနေသူများနှင့် လုံး၀မတူပေ ။ 


ဥပမာအားဖြင့် ပြည်သူ့လုံခြုံရေးတရားခွင်၌ ဘယ်လိုကောင်းကောင်းဖြေရှင်းရမလဲဟူသည့် ခေါင်းစဥ်အား အခြားသူများသာဆိုပါက နှစ်နာရီသုံးနာရီမျှကြာအောင် ရှင်းပြကြလိမ့်မည်ဖြစ်သည်။ သီအိုရီမှ လက်တွေ့အထိ ရှင်းပြကာ အမှုလိုက်ရာ၌ ဘယ်လောက်အန္တရာယ်များကြောင်း ၊ အိမ်မှ ဇနီးနှင့်ကလေးများအကြောင်းကို ဘယ်လိုတွေးမိကြောင်း ၊ မိသားစုအား ဘယ်လိုထောက်ပံ့ရကြောင်း အစရှိသဖြင့်ပြောကြလောက်ကာ စာအုပ်တစ်အုပ်ပင် ရေးလို့ရလောက်ပေသည်။ 


ခေါင်းဆောင်ဟန်ကတော့ တစ်ခွန်းသာပြောပေလိမ့်မည်။ 


" အလုပ်ကိုကောင်းကောင်းလုပ်ပြီး အမိန့်နဲ့ ဥပဒေကို မဖီဆန်ရင် ရပါပြီ။ "


ထိုသို့သာ ပြောလာသဖြင့် တက်ရောက်ကြသည့် ခေါင်းဆောင်များနှင့် လူအများမှာ ရှိုးတိုးရှန်းတန့်ဖြစ်သွားကြလေသည်။ 


ထို့အတွက်ကြောင့် လက်ထောက်ညွှန်မှုးလီနှင့် လက်ထောက်ညွှန်မှုးကောင်းတို့နှစ်ယောက်က အချင်းများနေကြလေ၏ ။ အထူးသဖြင့် ဟန်ချင်စုန့်နှင့် မတည့်သည့် လက်ထောက်ညွှန်မှုးကောင်းပင်ဖြစ်သည်။ လေတပ်မှ လက်ထောက်ညွှန်မှုးတစ်ယောက်က သူနှင့်ယှဥ်နိုင်မည်ဟု မထင်ပါ။ ကိစ္စတွေကို ကိုင်တွယ်ပုံအရသာဆို တစ်သက်လုံး ကွန်မြူနတီမှာပဲ အလုပ်လုပ်နေရလောက်ပေသည်။ နောင်တစ်ချိန်တွင် ပြည်သူ့လုံခြုံရေးဗျူရိုပါ ဖျက်သိမ်းခံရလောက်ကာ အိမ်ပြန်ပြီး လယ်ပဲစိုက်နေရလောက်သည့်သူ ဖြစ်လောက်သည်။ 


ဒါမှမဟုတ်လည်း အခုသူ့အား ကာကွယ်ပေးနေတဲ့ အရာရှိကြီးကသာ သူ့ကိုအလုပ်ပြောင်းပေးလိုက်ပါက တစ်ခါတည်း ဘ၀လည်း ဆုံးသွားလောက်လေသည်။ 


လက်ထောက်ညွှန်မှုးလီက သူတစ်ခုခုလုပ်မှဖြစ်တော့မယ်ဟု တွေးနေလေသည်။ ပြောရရင် ဟန်ချင်စုန့်သည် အရည်အချင်းရှိသည့် စစ်သားတစ်ယောက်လည်းဖြစ် လက်အောက်ငယ်သားကောင်းတစ်ယောက်လည်း ဖြစ်သည်မဟုတ်လား။ ဟန်ချင်စုန့်ကို ကူညီပေးရင်းဖြင့် ကောင်းဝေတုန်းကိုသာ ဖြေရှင်းပြီးသွားမယ်ဆိုပါက သူလည်း ခေါင်းဆောင်ဖြစ်လာကာ ဟန်ချင်စုန့်သည်လည်းရာထူးတိုးလာနိုင်မည်လေ။ 


ဟန်ချင်စုန့်က ထိုအရာများကို စိတ်မ၀င်စားဘဲ သူလုပ်စရာရှိသည်ကိုသာလုပ်ကာ ဗျူရိုမှ ၀န်ထမ်းများနှင့် သူ့မိသားစုရှေ့ရေးကိုသာ တွေးလေသည်။ အခြားသော လျှ်ို့၀ှက်အကြံအစည်များကို လုံး၀စိတ်၀င်စားသူ မဟုတ်ချေ ။ 


နှစ်ကူး၏ ဆယ်ရက်မြောက်နေ့တွင် ဟန်ချင်စုန့်သည် အစည်းအဝေးတက်ရန် လော့ဟိုင်ချန်ကို ခေါ်သွားလိုက်သည်။ ​နေ့လယ်ခင်းတွင် လက်ထောက်ညွှန်မှုးနှစ်ယောက်က ညစာစားရန်ဖိတ်ခေါ်သော်လည်း ဟန်ချင်စုန့် ငြင်းဆိုလိုက်သည်။ တော်လှန်ရေးကွန်မြူနတီမှ ဦးစီးကာ ကျင်းပခြင်းမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ တွေ့ဆုံမှုများကို  လက်မခံချင်ပေ ။ 


ကန်တင်း၌ လျိုချင်းယွင်နှင့်သာ အတူစားလိုက်သည်။ 


သူကိုယ်တိုင်အတွက်ကတော့ ကြာဇံဂေါ်ဖီကြော်နှင့် တို့ဟူးဟင်းကိုသာ ယူလာလိုက်သည်။ ထိုအထဲ၌လည်း အသားဖက်လေးများ ပါသေးသဖြင့် အတော်လေး အနံ့မွှေးလှသည်။ 


လျိုချင်းယွင်နှင့် လော့ဟိုင်ချန်သည် ဟန်ချင်စုန့်၏ မိသားစုအပေါ် အလွန်တွေးပေးတက်သည့် စိတ်ကို နေသားကျနေကြပြီဖြစ်သည်။ ဟန်ချင်စုန့်သည် စားကောင်းသောက်ဖွယ်မြင်သည်နှင့် အိမ်သို့သာ ပြန်သယ်သွားချင်လေသည်။ သို့ဖြစ်၍ သူတို့နှစ်ဦးကသာ အသားဟင်းများကို ဟန်ချင်စုန့်အား မျှဝေကျွေးလိုက်ကြသည်။ 


Xxxxxxx

Part 506


လျိုကျန်းယွင်နှင့် လော့ဟိုင်ချန်သည် ဟန်ချင်စုန့်၏ မိသားစုအပေါ် အလွန်တွေးပေးတက်သည့် စိတ်ကို နေသားကျနေကြပြီဖြစ်သည်။ ဟန်ချင်စုန့်သည် စားကောင်းသောက်ဖွယ်မြင်သည်နှင့် အိမ်သို့သာ ပြန်သယ်သွားချင်လေသည်။ သို့ဖြစ်၍ သူတို့နှစ်ဦးကသာ အသားဟင်းများကို ဟန်ချင်စုန့်အား မျှဝေကျွေးလိုက်ကြသည်။ 


သို့သော်လည်း ဟန်ချင်စုန့်က လက်မခံ ။ သူက အသားကို စားမှဖြစ်မယ့်သူမဟုတ်ဘဲ မစားချင်လို့ မစားတာဖြစ်သဖြင့် အခြားသူများထံမှလည်း ယူမစားချင်ပါ ။ ထို့အပြင် သူ့အတွက်တော့ အိမ်၌ သားသမီးများနှင့် ဇနီးနှင့်အတူ စားရသည့်ညစာက ပိုကောင်းပေသည်။ 


ဟန်ချင်စုန့်၏ သဘောထားကို သိနေသဖြင့် သူငယ်ချင်းနှစ်ဦးသည်လည်း အတင်းမတိုက်တွန်းကြ။ 


ညစာစားနေရင်းဖြင့် လျိုကျန်းယွင်က အခုတလောထွက်နေသည့် အတင်းအဖျင်းကိစ္စများကို ပြောပြလာသည်။ " မင်းတို့ကြားပြီးကြပြီလား အဖွဲ့ခေါင်းဆောင်လေ ညဘက်မှာ ရုတ်တရက်ကြီး ဆုံးသွားတာတဲ့ လူတွေ သိကြတော့ တောင့်တောင်တောင့်နေပြီတဲ့ "


လော့ဟိုင်ချန် : " ဦးနှောက် ဒါမှမဟုတ် နှလုံးက တစ်ခုခုဖြစ်သွားတာပဲနေမှာပေါ့ "


လူတစ်ယောက် အသက်ကြီးလာလျှင် အပူအအေး ရုတ်တရက်အပြောင်းအလဲဖြစ်သွားပါက ခန္ဓာကိုယ်က ဒဏ်မခံနိုင်သဖြင့် ရုတ်တရက်ကွယ်လွန်သွားတက်ကြသည်။ ဤကဲ့သို့သောအဖြစ်မျိုးက ကျေးတောရွာများ၌ ဖြစ်နေကြပင် ။ 


လျိုကျန်းယွင် : " နောက်တစ်ခုလည်းရှိသေးတယ် အရှေ့ကွန်မြူနတီက တပ်အကြောင်းလေ လွန်ခဲ့တဲ့နှစ်ရက်က သိုလှောင်ရုံထဲကနေ ပစ္စည်းတွေအခိုးခံလိုက်ရလို့တဲ့ ဂျုံတွေ ထောင်ချီအလေးချိန်လောက်တောင် ရှိတယ်တဲ့ "


လော့ဟိုင်ချန် : " အဲ့လောက်တောင်များလား အစောင့်တွေကများ သူခိုးတွေနဲ့ ပေါင်းကြံထားသလားပဲ "


သူပြောတာက မဖြစ်နိုင်တာ မဟုတ်ချေ ။ ခြံမွေးတိရစ္ဆာန်များနှင့် ရိက္ခာများကို တစ်စုတစ်စည်းတည်း သိုလှောင်ထားတာဖြစ်ပြီး ရွာကပဲ တာ၀န်ယူကာ စောင့်ကြပ်ရတာဖြစ်သဖြင့် အပြင်လူများ ၀င်ရောက်ရန် လွယ်ကူသည့်နေရာ မဟုတ်သည့်အတွက်ပင် ။ 


ဆန်နှင့်ဂျုံများ အခိုးခံရသည့်ကိစ္စကိုကြားသည့်အခါ ဟန်ချင်စုန့်လည်း စိတ်၀င်စားသွားလေသည်။ " တိုင်ရော တိုင်ပြီးကြပြီလား။ "


လျိုကျန်းယွင်က ခေါင်းခါပြသည်။ " သူတို့ဘာသာပဲ စုံစမ်းစစ်ဆေးလိုက်ကြတာတဲ့ သူတို့ပြောတာတော့ သူခိုးကိုဖမ်းမိတယ်တဲ့ အဲ့သူခိုးကို အစည်းအဝေးလုပ်ပြီး ဘယ်လိုစီရင်မလဲ ဆုံးဖြတ်လိုက်ကြတာတဲ့လေ အမှုမဖွင့်ပေမယ့် တော်လှန်ရေးကွန်မြူနတီကို သတင်းတော့ပို့တယ်တဲ့ အသိပေးရုံသဘောပဲပေါ့ "


ယခုအချိန်၌ နေရာတိုင်းတွင် ပြဿနာများရှိနေသဖြင့် ကိုယ်ပိုင်စစ်တပ်များကိုပဲ သုံးကာ ကိုင်တွယ်ဖြေရှင်းပစ်တတ်ကြလေသည်။ ကွန်မြူနတီကိုလည်း မတိုင်ကြားကြပဲ ပြည်သူ့လုံခြုံရေးဗျူရိုကိုလည်း အလှပြသဘောဟုတွေးကာ လုံး၀မတည်ရှိသလို သဘောထားတက်ကြ၏ ။ အချို့သော ကိစ္စများတွင်တော့ လုပ်သားများနှင့် တော်လှန်ရေးလှုပ်ရှားသူများမှ လူတစ်ယောက်အား အပြစ်ရှိသည်ဟု သတ်မှတ်လိုက်ပါက ဘယ်လိုတွေပဲဖြစ်နေပါစေ ဘယ်သူမှ ဂရုမစိုက်ကြတော့ ။ တစ်ခါတစ်ရံ အလွန်အကျွံဖြစ်သွားကာ အသတ်ခံရတက်သည်များလည်းရှိသလို မှားယွင်းစွပ်စွဲခံလိုက်ရသူများလည်း ရှိတက်လေသည်။ ထိုစွပ်စွဲခံရသူများသည် မြစ်ထဲခုန်ချကာ သို့မဟုတ် ကြိုးဆွဲချကာ သတ်သေသွားတက်ကြသော်လည်း ဘယ်သူကမှ အရေးမလုပ်ကြပေ။ 


ဟန်ချင်စုန့် : " ရိက္ခာတွေကိုရော ပြန်တွေ့လား "


လျိုကျန်းယွင်က ခေါင်းခါပြပြန်သည်။ " အမှုမဖွင့်ဘူးဆိုတာပဲ ကြားခဲ့တာ "


လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ လျိုကျန်းယွင်အား လှမ်းခေါ်သဖြင့် ခဏထွက်သွားပြီးနောက်တွင် လျိုကျန်းယွင်က ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်ကို လာနှုတ်ဆက်လေသည်။ " ငါ ဗျုရိုကို သွားလိုက်ဦးမယ် ရိက္ခာပို့တဲ့ ထရပ်ကားက မြောင်းထဲ မှောက်ကျသွားလို့တဲ့ ကွန်မြူနတီက အဖွဲ့၀င်တွေကလည်း လုသွားကြတယ်တဲ့လေ အဲ့ဒါ ပြည်သူ့လုံခြုံရေးဗျူရိုက တာ၀န်ယူဖြေရှင်းပေးရမယ်ဆိုလို့ "


လော့ဟိုင်ချန်က ထွက်သွားသည့် လျိုကျန်းယွင်ကို ကြည့်ကာ ဟန်ချင်စုန့်ကို ပြောသည်။ " ခေါင်းဆောင်ဟန် ငါတို့ရောသွားကြည့်ကြမလား "


ဟန်ချင်စုန့်၏ အခြေအနေမှာ ထူးခြားသဖြင့် သူကြား၀င်ချင်သည့် ခရိုင်မှကိစ္စများအား ဆန္ဒရှိသလို ၀င်ပါနိုင်လေသည်။ 


ဟန်ချင်စုန့်က မျက်မှောင်ကြုံ့လိုက်၏။" ကွန်မြူနတီက အဖွဲ့၀င်တွေက လုတာတဲ့လား အဲ့လောက်ထိ အတင့်ရဲကြတာလား "


လော့ဟိုင်ချန် : " မထူးဆန်းပါဘူး မနှစ်ကလည်း အဖွဲ့၀င်တွေက အရမ်းဗိုက်ဆာနေကြတော့ ကွန်မြူနတီရဲ့ ဆန်သိုလှောင်ဌာနကို ၀င်လုကြလို့ နှစ်ခေါက်တောင် အပစ်ခံလိုက်ကြရသေးတယ်လေ လူဆယ်ယောက်တောင် ကျော်တယ်လို့ပြောကြတယ် " ဆန်လုသည့် ကိစ္စသည် အလွန်အရေးကြီးသဖြင့် အထက်လူကြီးများမှ သေချာစီရင်စေသဖြင့် ပါ၀င်သူအများစုမှာ ပစ်သတ်ခံခဲ့ရတာဖြစ်သည်။ 


ဟန်ချင်စုန့် : " ရိက္ခာလုတာက ရာဇ၀တ်မှုဆိုပေမယ့် မလုရင်ရော ဘာလုပ်ကြရမှာလဲ အငတ်ခံပြီး သေကြရမှာလား "


ခုနက မှောက်သော ထရပ်ကားသည် ဆန်သယ်ပို့သည့်ကားမဟုတ်ချေ ။ အမျိုးမျိုးသော အထည်အလိပ်များ ၊ ဆီနှင့် အခြားသော စက်မှုလုပ်ငန်းသုံး ပစ္စည်းများကို တင်လာသည့်ကားဖြစ်ပေသည်။ 


လော့ဟိုင်ချန်က တွေးဆဆဖြင့် ဆိုသည်။ " ဖြစ်နိုင်တာက အများကြီးမလုရင် အိမ်ကိုယူသွားပြီး သုံးလို့ရတယ် အပြစ်လည်းအပေးမခံရလောက်ဘူးလို့ ထင်နေကြတာနေမှာပေါ့ အလွန်ဆုံးရှိရင် မြင်လိုက်တဲ့သူရှိမှ ခြေရာခံလိုက်လို့ရမှာလေ မမြင်လိုက်ကြရင် ဘာမှမဖြစ်ဘူးပေါ့ အဲ့လိုတွေးကြလို့ နေမှာပေါ့ "


ထိုကိစ္စသည် သူတို့ကွန်မြူနတီမှ မဟုတ်သဖြင့် ဟန်ချင်စုန့် ၀င်စွက်ဖက်ရန် ဆန္ဒမရှိ ။ 


" သွားပြီး ငါတို့ရဲ့ ဆုကြေးတွေကို ကြည့်ခဲ့လိုက် " ထိုသည်က ခရိုင်သို့လာရသည့် ဟန်ချင်စုန့်၏ ရည်ရွယ်ချက်ဖြစ်လေသည်။ 


ဟန်ချင်စုန့်က အလုပ်ကြိုးစားသူဖြစ်သဖြင့် အခြားသူများနှင့်မတူဘဲ အောင်မြင်မှုများစွာပိုင်ဆိုင်ထားသူဖြစ်၏ ။ 


သူတို့ဗျူရိုတွင် သတ်မှတ်ထားသည်က ဆောင်ရွက်မှုအလိုက် ဆုကြေးပေးမည်ဟုဖြစ်ကာ စည်းမျဥ်းအရ အခြားသော တော်လှန်ရေးကော်မတီများသည်လည်း ထို့အတူပင်ဖြစ်လေသည်။ 


လုပ်သားပြုပြင်ပြောင်းလဲရေးစိုက်ခင်းမှ ညွှန်မှုးစုန့်က ဟန်ချင်စုန့်အား မကြာခဏ အကူအညီတောင်းတက်ကာ ဆုများကိုလည်း ရက်ရောစွာပေးတက်လေသည်။ 


ထိုစိုက်ခင်းများအားလုံးသည် အစိုးရပိုင်ဖြစ်သဖြင့် ကြက်ဘဲမွေးမြူရေးကိုလည်း ကန့်သတ်ထားခြင်းမရှိချေ။ သို့ဖြစ်၍ ညွှန်မှုးစုန့်က ကြက်ဘဲများစွာကို မွေးမြူထားလေသည်။ ပြည်သူ့လုံခြုံရေးဗျူရို၏ ကူညီမှုအား ကျေးဇူးတင်သည့်အနေဖြင့် ကြက်ဘဲများကို ခြင်းကြီးများဖြင့် ပေးတက်ကာ ၀က်သား ၊ သိုးသားများကိုလည်း အပိုင်းပိုင်းပေးတက်ပြီး တစ်ခါတစ်ရံ နံရိုးသားများပင်ပါတက်၏ ။ ထိုသည်များသာမက ဆန် ၊ ခေါက်ဆွဲ ၊ ဆန်ကြမ်း ၊ ဆီ ၊ အသီးအနှံများကိုပါ ပေးပို့တက်သည့်အပြင် ကမ်းရိုးတန်းမှ ပင်လယ်ငါးများနှင့် ကင်းမွန်လေးများ ၊ ပုစွန်များကိုပါ ပေးပို့တက်သေးသည်။ 


ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်က လှည်းအကြီးကြီးတစ်ခုအပေါ်၌ အမျိုးမျိုးသော အစားအစာများ ၊ ရိက္ခာများနှင့် မီးသွေးနှစ်ခြင်းကိုတင်ကာ လင်းလန်ထံသို့ ပြန်ယူလာပေးသည်။ 


Xxxxxx