Part 509
" နင့်ကိုတိုင်နေတာက နေ့တိုင်းပဲ မဟုတ်ဘူးလား နင်က ၀င်ငွေကောင်းနေတော့ မနာလိုဖြစ်ပြီး တိုင်နေကြဦးမှာပဲ အဲ့ဒါက လူတိုင်း အားကျလောက်တဲ့ ကိစ္စပဲလေ နင် ပိုက်ဆံရှာနိုင်နေသရွေ့ မနာလိုအဖြစ်ခံနေရမှာပဲ စိတ်ထဲထားမနေနဲ့ "
ရှောင်၀မ်မှ သူမအား ချော့ပေးနေကြပုံစံဖြင့် လင်းလန် လင်းမိန်၏ ကျောကို ပွတ်ပေးကာ စနောက်လိုက်သည်။
" စိတ်လျှော့လိုက် ကိုယ့်ကိုယ်ကို ပေါ့ပါးတဲ့ အမွှေးလေးတစ်ခုလို့ တွေးလိုက် ဒေါသမထွက်နဲ့တော့ "
လင်းလန်ကြောင့် လင်းမိန် ထရယ်ကာ လင်းလန်၏ ပါးကို လှမ်းဆွဲလေသည်။ " နင့်ကို ဘာလို့များ ဂရုစိုက်နေမိလဲ မသိတော့ဘူး လင်းဟွားဟွားရဲ့ "
လင်းလန် နောက်သို့ ဆုတ်ကာ ရှောင်လိုက်သည်။
" မဆွဲနဲ့လေ နင့်ကြောင့် ငါ့ပါးတွေ တွဲကျလာလိမ့်မယ် "
" ကျစ်စ် ကျစ်စ် ကျစ်စ် ကြည့်ဦး ကြည့်ဦး အပြောလေးတွေက ချိုလွန်းလို့ ပျားရည်နဲ့ ရောစားရင်တောင် ရနေလောက်ပြီ " ဟူ၍ လင်းမိန်က စနောက်ကာ ပြောသည်။
လင်းလန်က လင်းမိန်၏ စနောက်မှုကို ပြုံးပြကာ ပြန်ပြောလိုက်သည် ။
" ဟောင်နန်နဲ့ ချောင်ချောင်က ဘာလုပ်စရာမှမရှိဘူးဆိုတော့ အိမ်ကို နှစ်ရက်သုံးရက်လောက် ခေါ်သွားမလားလို့ နွေဦးပွဲတော်ပြီးရင် ပြန်ပို့ပေးမယ်လေ ချောင်ချောင်နဲ့ မိုင်ဆွေ့လည်း ရင်းနှီးသွားကြအောင်လ်ို့လေ ဟောင်နန်ကိုလည်း တ့၀မ်နဲ့ ထိန်းခိုင်းထားရင် ရလောက်တယ် "
ယခုအချိန်၌ ကလေးများသည် ကျောင်းသွားစရာ မလိုကြပေ ။ ပြဿနာကြီးကြီးသေးသေးများ လုပ်တက်ကြသော်လည်း လူကြီးများ သည်းခံနိုင်လောက်သည့် အတိုင်းအတာအတွင်း၌ပဲ ရှိလေသည်။
လင်းမိန်က ကလေးများက်ို သွားခေါ်ခိုင်းလိုက်သဖြင့် မကြာခင်မှာပဲ ချောင်ချောင်နှင့် ဟောင်နန်တို့ ရောက်လာကြသည်။
ကျန်းချောင်ချောင်က မိုင်ဆွေ့နှင့် ရွယ်တူဖြစ်ကာ အဖေဖြစ်သူနှင့် ရုပ်ချင်းဆင်၏ ။ နီနီရဲရဲ နှုတ်ခမ်းလေးများနှင့် သွားဖြူဖြူလေးများရှိကာ အလွန်ချောမောပေသည်။ မိုင်ဆွေ့နှင့် အမွှာများလိုပဲ ဟူ၍ပင် အချို့က ပြောဖူးကြသည်။
ဟောင်နန်က သပ်သပ်ရပ်ရပ် ၀တ်စားထားသော်လည်း နှာစီးနေလေသည် ။ လပြက္ခဒိန်၏ ဆယ့်နှစ်လမြောက်သည် အေးသဖြင့် ကလေးအများစုသည် နှာစီးနေတက်ကြ၏။
ချောင်ချောင်က လင်းလန်ကို နှုတ်ဆက်စကားပြောကာ ဟောင်နန်သည် လင်းလန်ကို ပြေးဖက်လေသည်။
နှာရည်များက သူမအ၀တ်များကို ပေတော့မည်ကို လင်းလန် အချိန်မှီ တားလိုက်ရကာ တစ်ရှူးကိုထုတ်၍ ဟောင်နန်အား သုတ်ပေးလိုက်ရသည်။
" ဒေါ်လေးက သားတို့မောင်နှမကို အိမ်ကိုနှစ်ရက်သုံးရက်လောက် ခေါ်သွားမလို့ဟာကို ဒီလိုနှာရည်တွေနဲ့ ပေတူးနေလို့ အစ်ကိုတွေက သဘောမကျရင် ဘယ်လိုလုပ်မလဲ အစ်ကိုတွေက သားကို စကြတော့မှာပေါ့ "
ထိုသို့ကြားသောအခါ ဟောင်နန်က နှာရည်များကို ရှုးခနဲမြည်အောင် ရှိုက်ချလိုက်လေသည်။
လင်းလန် : " ....... "
ချောင်ချောင်က စံပြထားရလောက်သည့် မိန်းကလေးများလိုပင်ဖြစ်သည်။ ဣန္ဒြေရှိကာ နူးညံ့သိမ်မွေ့ပြီး အပြုအမူလည်း ယဥ်ကျေးကာ ဟော့ဟော့ရမ်းရမ်းလည်း မရှိချေ ။ အနည်းငယ်ရှက်ရွံ့တတ်ကာ ပြုမူနေထိုင်တက်သူလည်း ဖြစ်သဖြင့် ဆယ့်ငါးနှစ် ၊ ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကဲ့သ်ို့ပင် ထင်ရလေသည်။ သူမလေးက ကျန်းယောင်ကျူးထံမှ ရုပ်ရည်ချောမောမှုနှင့် ရိုးသားမှုကို အမွေရထားကာ လင်းမိန်ထံမှလည်း တည်ငြိမ်မှုနှင့် စွမ်းဆောင်ရည်များကို ဆက်ခံထားလေသည်။ သို့သော်လည်း အမေဖြစ်သူနှင့်မတူဘဲ ပြက်ချော်ချော်နိုင်ကာ ရန်လိုစိတ်လည်းမရှိဘဲ ချစ်ဖို့အလွန်ကောင်းပေသည်။
လင်းလန်က မောင်နှမနှစ်ယောက်အား နှစ်ရက်သုံးရက်လောက် အိမ်လည်ခေါ်သွားပေးမည်ကို ကြားသောအခါ ချောင်ချောင်လေးသည် ပျော်သွားသော်လည်း လင်းမိန်ထံ လှည့်ကာ " အမေ လိုက်သွားလို့ရလား " ဟုမေးလေသည်။
လင်းမိန်က သေချာပေါက် ခွင့်ပြုတာပေါ့ ။
" စတုတ္ထဒေါ်လေးတို့ အိမ်မှာနေရတာက အဘွားအိမ်မှာနေရတာထက်တော့ ပိုကောင်းမှာပါ အစ်ကိုတွေနဲ့ မိုင်ဆွေ့တို့နဲ့ပါ ရင်းရင်းနှီးနှီးဖြစ်အောင်လည်း နေဦးနော် " ဟုဆိုပြီးနောက် ချောင်ချောင်အား မောင်လေးကိုခေါ်ကာ ထုပ်ပိုးပြီး ရိက္ခာခြောက်များကိုပါ ယူသွားရန် မှာနေလေသည်။
လင်းလန် ပြုံးရင်းပြောလိုက်သည်။ " မလိုဘူးလေ အိမ်မှာလည်း ရှိပါသေးတယ် "
လင်းမိန် : " ဘယ်ဖြစ်မလဲ နင်တို့ဆီမှာရှိတာတွေက လွယ်လွယ်ရထားတာမှ မဟုတ်တဲ့ဟာ ငါ့တူလေးတွေကလည်း ငါ့ဆီမလာကြဘူး မဟုတ်ရင် ငါက သိုးမွှေးအင်္ကျီလေးတွေ ချုပ်ပေးမလို့ကို "
လင်းမိန်က လင်းလန်၏ လက်ကိုဆွဲကာ " လင်းဟွားဟွား ငါတို့ အမျိုးတော်ကြရအောင် " ဟုကပ်ပြောလေသည်။
" ဘာ " လင်းလန်က အံ့သြသွားသည် ။
" ငါတို့က အမွှာညီအစ်မတွေလေ "
" အဲ့တော့ရော ..."
လင်းမိန်က လင်းလန်၏ မျက်နှာအား ပုတ်လိုက်ကာ ထပ်ပြောပြန်သည်။
" တ၀မ်ပဲဖြစ်ဖြစ် အား၀မ်ပဲဖြစ်ဖြစ် ချောင်ချောင်နဲ့ လက်ထပ်ပေးရအောင် နောက်နှစ်နှစ်သုံးနှစ်ဆိုရင် သူတို့တွေလည်း ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် ပြည့်တော့မှာဆ်ိုတော့ လက်ထပ်ရမယ့် အရွယ်ရောက်လာကြမှာပဲလေ "
လင်းလန်က တစ်ချိန်လုံး ရေခဲရိုက်မျက်နှာဖြင့်သာ ရှ်ိနေပြီး ဘာမှပြန်မပြော။
လင်းမိန် : " နင့်မျက်နှာက ဘယ်လိုဖြစ်နေရတာလဲ ကလေးကြနေတာပဲ "
လင်းလန် : " သူတို့က ၀မ်းကွဲတွေလေ မဟုတ်တာတွေ ပြောမနေနဲ့ ၀မ်းကွဲတွေ မဟုတ်ရင်တောင် ငါ သဘောမတူဘူး "
လင်းမိန် : " ငါ့ကြောင့်လား ဘယ်သူမှ မလိုချင်တဲ့ ငါ့သားကိုတော့ ထားပါ ဒါပေမယ့် ငါ့သမီးက ..."
လင်းလန် : " ကောင်းလွန်းလို့လေ အဲ့လောက်ကောင်းနေတာ ငါ့သမီးအဖြစ်ပဲ မွေးစားလိုက်တော့မှာပေါ့ ဘာလို့ အမျိုးအရင်းကြီးကို ချွေးမတော်နေရမှာလဲ ပြီးတော့ မီးမဖွားခင်နဲ့ မီးဖွားပြီး ဂရုစိုက်ရမယ့်ဟာတွေကိုရော မသိဘူးလား နင်တို့ဆီမှာ အဲ့ဒါတွေကို မဟောပြောကြဘူးလား "
လင်းလန် အနီးအနားမှ အသင်းများကိုလည်း ဗဟုသုတများ တိုးပွားစေလိုလေသည်။
လင်းမိန်က ထိုအရာများကို ကျိန်းသေပေါက် နားမလည်ချေ ။ သူများတွေလည်း ဒီလိုပဲ အဒေါ်မိသားစုကလူတွေနဲ့ ပြန်ယူနေကြတာပဲဟာ ။ ဘာလို့ သူတို့ကြ မရတာလဲ ။
ထို့အပြင် သူမ၏သမီးလေးက ရိုးသားလွန်းသဖြင့် မသမာသူနှင့်တွေ့ကာ ဒုက္ခရောက်မည်ကို လင်းမိန်က စိုးရိမ်နေ၏ ။ သားဖြစ်သူ၏ စရိုက်အရ လက်ထပ်ပြီးလျှင်လည်း တစ်ဖက်မိန်းကလေးကို အနိုင်ကျင့်မည်မဟုတ်သော်လည်း သမီးဖြစ်သူကတော့ လက်ထပ်ပြီးပါက အနိုင်ကျင့်ခံရကာ ဒုက္ခရောက်နေမည်ကို စိုးနေရလေသည်။ ညီမဖြစ်သူ၏ မိသားစုထဲသို့ လက်ထပ်သွားလျှင်တော့ သူမ စိတ်အေးရလောက်ပေသည်။ လင်းမိန်က အား၀မ်ကို သဘောအကျဆုံးဖြစ်လေသည်။ အား၀မ်က နူးညံ့ကာ တစ်ဖက်သားအပေါ်လည်း တွေးပေးတက်သဖြင့် ဇနီးဖြစ်သူအပေါ်ကို ချစ်ခင်ကြင်နာပေးမည့်သူ ဖြစ်လေသည်။
လင်းလန် : " စိတ်မပူပါနဲ့ ချောင်ချောင်လေးက ငယ်ပါသေးတယ် အရွယ်ရောက်လာမှ ထပ်ပြောကြတာပေါ့ "
ယခင်ဘ၀တုန်းက မစွမ်းဆောင်နိုင်ကာ ဇနီးဖြစ်သူအား အမြဲတစေ သံသယ၀င် စွပ်စွဲနေတက်သည့် ခင်ပွန်းကြောင့် လက်ထပ်ပြီးနောက်တွင် ချောမောလှသော သူမလေးမှာ ချက်ချင်းဆိုသလို အိုစာသွားခဲ့လေသည်။
Xxxxxx
Part 510
ယခင်ဘ၀တုန်းက မစွမ်းဆောင်နိုင်ကာ ဇနီးဖြစ်သူအား အမြဲတစေ သံသယ၀င် စွပ်စွဲနေတက်သည့် ခင်ပွန်းကြောင့် လက်ထပ်ပြီးနောက်တွင် ချောမောလှသော သူမလေးမှာ ချက်ချင်းဆိုသလို အိုစာသွားခဲ့လေသည်။
ယခုဘ၀တွင်တော့ ထိုအမှားမျိုးကို လင်းလန် ထပ်လုပ်ခွင့်ပေးမည် မဟုတ် ။
" ဒါဆိုလည်း ငါမှတ်ထားမှာနော် နောက်မှ ငါ့ကို အရူးမလုပ်နဲ့ "
လင်းလန်က အဖွားကြီးကျန်းကို သွားနှုတ်ဆက်ဖို့တွေးသော်လည်း အဖွားကြီးကျန်းက လင်းလန်ထံ ရောက်လာလေ၏ ။
အဖွားကြီးကျန်းသည် အခြားနေရာမှ ရက်လုပ်နေသည်များကို စစ်ဆေးနေရင်းဖြင့် လင်းလန်ရောက်နေသည်ကို ကြား၍ လာနှုတ်ဆက်တာဖြစ်သည်။
လင်းလန် : " ဒေါ်လေး အလုပ်တွေများနေတာထင်တယ် အခုပဲ ဒေါ်လေးအကြောင်းကို ပြောနေတာ "
အဖွားကြီးကျန်းက ရယ်လေသည်။
" ဘယ်သူလာလဲပေါ် မူတည်တာပေါ့အေ ညည်းလည်း အလုပ်ရှုပ်နေတာကို လာလည်တာ ငါလည်း ၀မ်းသာပါတယ် "
အဖွားကြီးကျန်းက လင်းမိန်ကို ကူညီကာ အမျိုးသမီးများ ရက်လုပ်နေသည်ကို ကြီးကြပ်ပေးနေတာဖြစ်သဖြင့် ဟောင်နန်ကို ထိန်းပေးရန်အချိန်မရှိချေ ။ သို့သော်လည်း ဟောင်နန်က ယခင်ကထက် သိတတ်လိမ္မာနေလေသည် ။
လင်းလန် အဖွားကြီးကျန်းနဲ့ စကားစမြည်ပြောပြီးနောက်တွင် လင်းမ်ိန်နှင့်အတူ သူမတို့အိမ်သို့ ပြန်လာလိုက်သည်။ ယခုအချိန်သည် မိုးချုပ်ချိန်စောသဖြင့် အိမ်ကို စောစောပြန်မှ ဖြစ်ပေမည်။
အပြန်လမ်းတွင် လင်းမိန်က ဆိုသည်။ " နင်ပြောကြည့် ဒုတိယမိသားစုက ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတာကို ငါတော့ ဒေါသထွက်လွန်းလို့ သေမှာပဲ "
လင်းလန် အံ့သြသွားကာ " ဒုတိယမိသားစုက ဘာဖြစ်လို့လဲ " ဟုပြန်မေးလိုက်သည်။
" အစက ငါလည်း နင့်ကို မပြောပြချင်ဘူး ဒါပေမယ့် နင့်ကိုမှ မပြောရင်လည်း ဒီကိစ္စကို ဘယ်သူ့ကိုပြောရမလဲလည်း မသိလို့ "
လင်းလန် လင်းမိန်၏ ပြောပြမှုကို နားထောင်ပြီးနောက်တွင် သူမပါ ဒေါသထွက်သွားလေသည်။
" သူက တကယ်ပဲ အဲ့လိုလူမျိုးလား "
" ငါက သူမကို လည်စီးမပေးခဲ့ဘူးလေ နောက်ကျတော့ ငါလည်း တပ်ထဲမှာ ပါတနာဖြစ်လာတော့မယ်ဆိုလို့ သူတို့မိဘအိမ်ကိုပါ ၀င်ပါမလားမေးခဲ့သေးတာပဲဟာ ပစ္စည်းတွေကလည်း အများကြီးမရှိတဲ့အပြင် တပ်ထဲမှာလည်း လိုအပ်နေလို့ မပေးခဲ့တာပါဟယ် ပြီးတော့ ဟိုဟာပေးလိုက် ဒီဟာပေးလိုက်လည်း လုပ်နေတာပဲဟာ သူတို့မိဘအိမ်ကလည်း ငါတို့နဲ့ တစ်ဖွဲ့တည်းမဟုတ်ဘူး သူတို့က အနောက်ဘက်ကလူတွေဟာကို သူ့ကို ဘယ်လိုလုပ်ခွဲပေးရမလဲ ငါကရူးနေလို့လား အဲ့ဒါနဲ့ပဲ ငါက အပိုစီးပွားရေးလေးလုပ်နေတာကို တိုင်လိုက်တယ်တဲ့လေ ငါလည်း ဘာမှမဖြစ်သလို တပ်ကလည်းမ တားပေးပေမယ့် တကယ် ဒေါသထွက်လို့ သေတော့မယ် ဘယ်လိုတောင် ကောက်ကျစ်တဲ့ မြေခွေးမလဲ နင်ပြောကြည့်စမ်း ဒီနှစ်တွေမှာ ငါတ်ို့ပစ္စည်းတွေကို သူပဲ ယူသုံးပစ်နေတာမဟုတ်ဘူးလား... အမေက ငါတို့ အိမ်ပြန်လာရင် သုံးဖို့ထားထားတဲ့ဟာကို သူကချည်း အကုန်ယူသုံးပစ်နေတာလေ ငါသာ မိဘအိမ်မှာ အကုန်လုံးများထားခဲ့လို့ကတော့ အကုန် သူ့လက်ထဲပဲ ရောက်သွားမှာ... "
လင်းမိန်က ပြောနေသည်မှာ မဆုံးတော့ ။
နဂိုကတည်းက စိတ်မြန်လက်မြန်ရှိသူဖြစ်သဖြင့် လင်းမိန်က အလွန်စိတ်ဆိုးနေလေသည်။ ပြစ်ဒဏ်သာမရှိဘူးဆိုပါက လင်းမိန် သူ့ခေါင်းကို ရိုက်ခွဲပြီးနေလောက်ပြီ။
" စိတ်ဆိုးမနေနဲ့တော့ ပထမဆုံးလကြီးမှာ ရန်ဖြစ်နေလို့ မကောင်းဘူးလေ "
ထုတ်ပြောလိုက်ရ၍ လင်းမိန်က ကျေနပ်သွားလေသည်။
" ထားလိုက်ပါတော့ ငါက သူ့လို သဘောထားသေးတဲ့သူမှ မဟုတ်တာ ပြဿနာမဖြစ်တော့ အမေလည်း စိတ်ညစ်ရသက်သာတာပေါ့ "
လင်းလန် ထန်ဟဲဟွက သူမကိုလည်း ရှောင်နေကြောင်း ပြောပြလိုက်သည်။
" ငါနဲ့ရော ပြဿနာဖြစ်ထားတာရှိလို့လား ငါ့ကို အမြဲရှောင်နေလို့ "
ယခုနှစ်၌ လင်းလန် မိဘအိမ်သို့ ခဏခဏပြန်ဖြစ်သော်လည်း ထန်ဟဲဟွကို လုံး၀မတွေ့ခဲ့ ။ စန်း၀မ်၏ စကားကြောင့်သာမဟုတ်ရင် လင်းလန်လည်း သက်သေမရှိဘဲ တစ်ပါးသူအပေါ် သံသယ၀င်နေမှာ မဟုတ်ချေ ။
" စိတ်ထဲထားမနေနဲ့ နင်က လူကောင်းပဲဟာ ကုမိသားစုနဲ့ ကလေးတွေက လိမ္မာကြပါတယ် နင်တို့ကောင်းစားနေလို့ မနာလိုနေတာပဲ နေမှာပေါ့ စိတ်ထဲထည့်နေဖို့တောင် မတန်ဘူး သူ့ဘာသာ ပုန်းနေချင်လည်း ပုန်းနေပေါ့ ငါတို့ ဂရုစိုက်နေဖို့ မလိုဘူး နောင်ဆို လက်ဆောင်တွေလည်း ပေးစရာမလိုတော့ဘူး "
လင်းမိန်က ဒေါသတကြီးဆိုသည်။ လင်းလန်ကို စိတ်ထဲမထားဖို့ ပြောနေသော်လည်း သူမ တိုင်ကြားခံရသည့်အချိန်ကထက်ပင် ပိုဒေါသထွက်နေလေ၏ ။
လင်းလန် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
" ငါက စိတ်မဆိုးပါဘူး နင်လည်း အားနေ ဒေါသထွက်မနေနဲ့ ဒေါသထွက်တာက ခန္ဓာကိုယ်အတွက် မကောင်းဘူး အဲ့လိုဆို ခံစားရမှာက နင်ကိုယ်တိုင်ပဲနော် နင် နေမကောင်းဖြစ်ရင် ဘယ်သူက နင့်အစား လုပ်ပေးမှာလဲ "
ညီမနှစ်ယောက်လုံး ရယ်လိုက်မိသည်။ လင်းမိန်က လင်းလန်၏ လက်မောင်းကိုတွဲကာ " ဪ လင်းဟွားဟွားရေ ငါတို့နှစ်ယောက် ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ငါအိပ်မက်တောင် မမက်ခဲ့ဖူးဘူး "
ယခင်က မတည့်ခဲ့သော်လည်း ယခုတော့ ဒီလိုဖြစ်နေသဖြင့် လင်းမိန်က ထိုသို့ပြောလိုက်ခြင်းဖြစ်၏ ။
လင်းလန် ပြုံးပြရုံသာပြကာ ဘာစကားမှ ပြန်မပြောဖြစ်။
လင်းမိန်က သူမတို့အဖေအကြောင်းကို ထပ်ပြောလာသည်။ အဖိုးကြီးလင်းသည် သိပ်၍အသိဉာဏ်ရှိသူမဟုတ်ချေ ။ လင်းမိန်၏ ပြောစကားအရဆို အဖိုးကြီးလင်းသည် ရှေးဆန်သည့် လူအိုကြီးတစ်ယောက်ဖြစ်၏ ။ အသက်ကြီးနေသော်လည်း ခေါင်းအလွန်မာကာ သားဖြစ်သူ၏ မိသားစုနှင့် မြေးများကို ကာကွယ်ပေးတတ်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ချွေးမဆိုသည်က အပြင်လူသာဖြစ်သော်လည်း ဘယ်လောက်ပင် မကောင်းနေပါစေ အပြစ်တစ်ချက်မဆို ။
ထန်ဟဲဟွက ယောက္ခမမှတစ်ဆင့် မောင်ဖြစ်သူ၏ စီးပွားရေးကို ကူညီပေးရန် လင်းမိန်ကို ပြောသော်လည်း သူမက ငြင်းခဲ့တာဖြစ်ကာ ထို့ကြောင့်ပင် ထန်ဟဲဟွက အငြှိုးထားနေတာဖြစ်လောက်သည်။
လင်းမိန်က ဖခင်ဖြစ်သူအပေါ် အကဲဖြတ်ပြီးနေပြီဖြစ်သည်။
" နင်ပြောတော့ နင့်ယောက္ခမကိုလည်း အဲ့လောက်ကောင်းမယ် မထင်ထားဘူးဆို ငါ့ယောက္ခမလည်း တူတူပါပဲ ဘာမှ ဂရုမစိုက်ဘဲ အလုပ်လုပ်လိုက် အိပ်လိုက်ပဲ လုပ်နေတာ အရည်အချင်းလည်းမရှိဘဲ ပြဿနာလိုက်ရှာနေတာထက်စာရင် အဲ့ဒါကမှ တော်သေးတယ် ပြီးတော့ ဒုတိယအစ်ကိုကလည်း ပိုပိုပြီး စိတ်ကြီး၀င်လာတယ် မိန်းမပြောသမျှ နားထောင်ပြီး သွေးနားထင်ရောက်နေတာလေ အဲ့လိုသာဆို အိမ်မှာမနေဘဲ ထန်အိမ်ကိုသွားပြီး အလိမ္မာအိမ်ပါ သားမက်လေးပဲ လုပ်နေလိုက်ပါလား "
ထို့နောက် လင်းမိန်က ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချရင်း " ထားလိုက်ပါတော့ သူတို့အကြောင်းပြောမနေတော့ဘူး စိတ်ရှုပ်ဖို့ကောင်းတယ် " ဟုဆိုသည်။
လင်းလန် : " ဒေါသထွက်နေရင် ထိန်းထားနေဖို့ မလိုပါဘူး ထန်မိသားစုကို ငဲ့နေစရာ ဘာအကြောင်းမှမရှိဘူး ပြောစရာရှိရင် ပြောပြီး ရှင်းရမှာပေါ့ မဟုတ်ရင် ငါတို့ကပဲ သူတို့ကို အကြွေးတင်နေတယ် ထင်နေကြဦးမယ် "
လင်းမိန်က ခေါင်းညိတ်ပြသည်။
" အင်းပါ နှစ်သစ်ကူးကိုတော့ လွှတ်ထားပေးလိုက်ဦးမယ် ပြီးရင်တော့ သူတို့နဲ့ ရှင်းပစ်ဦးမယ် "
အိမ်သို့ပြန်ရောက်သည့်အခါ တင်ပါး၌ အပ်စူးနေသလို အမူအရာဖြစ်နေသည့် ကျန်းယောင်ကျူးကို လင်းမိန်တွေ့လိုက်ရသည်။
Xxxxxxx