အပိုင်း ၅၂၉-၅၃၀
Viewers 23k

Part 529


အဘိုးကြီးလင်း၏ ပေါက်ကွဲမှုကြောင့် ထန်ဟဲဟွ လင်းလဲ့ရွှေကို မထိဝံ့တော့ဘဲ မျက်နှာကို အုပ်ကာ သူမသားကို ဆွဲ၍ ပြေးထွက်သွားပြီး သူမတူနှင့် တူမများကနောက်မှ လိုက်သွားကြသည်။


 လင်းလန်က လင်းမိန်၏လက်ကို ကိုင်ကာပြောလိုက်၏။


 "သွားမယ်...ထမင်းစားဖို့ သွားရအောင်"


အဘွားကြီးလင်းက ညီအစ်မနှစ်ယောက်ကို ဆွဲခေါ်ကာတောင်းပန်လုမတတ်ပြောလာသည်။


"ကောင်းပြီ... ဒုက္ခမပေးနဲ့" 


သူမက သူမသားငယ်ကို ပြန်ကြည့်လိုက်၏။


 "မြန်မြန်သွားခေါ် ...မင်းရဲ့ငြိမ်းချမ်းရေးကို မထိခိုက်စေနဲ့" 


အစ်မကြီးလင်းက အဘွားကြီးလင်းကို ဖြောင့်ဖြလေသည်။


 "အမေ စိတ်မပူပါနဲ့...သူ မနက်ဖြန် ပြန်လာမှာပါ

 ...ထစ်ခနဲရှိပြန်ပြန်သွားတဲ့အကျင့်ကို အမေလည်းကျင့်သားရနေပြီပဲကို"


သူတို့   အားလုံးက ပိုင်းခြားသိမြင်တတ်သူတွေဖြစ်ကာ အရူးတွေမဟုတ်ကြပေ။ ထန်ဟဲဟွက သူမမှာ အစ်ကိုတွေ အများကြီးရှိသည်ဆိုသော အချက်ကို အားကိုးပြီး သူ့ခင်ပွန်း၏အိမ်မှာ ကန့်လန့်တိုက်ချင်သည်ထက်ဘာမှမပိုပေ။ သို့ရာတွင်  ယောက်ျားတစ်ယောက်နှင့် အမှန်တကယ်ပေါင်းသင်းရာ၌ ဤသည်ကို အားကိုး၍ရပါ၏လော။ ထိုသို့ဆိုပါက သမက်အသစ်တစ်ယောက်သာရှာသင့်၏။ ထို့အပြင် လင်းမိသားစုတွင် ယခုအခါ ညွှန်မှူးသမက်တစ်ဦးရှိနေပြီဖြစ်သည်။သူမတို့ထန်မိသားစုက လာလှည့်စားဝံ့ပါက  သူမမျက်လုံးများကို  ဖောက်ထုတ်ပြီး သူ့ကို ပေးပစ်မည်ဟု အစ်မကြီးလင်းက ပြောခဲ့သည်။


 သူ့မိန်းမ ဒေါသတကြီး ထွက်ပြေးသည်ကိုမြင်သောအခါ လင်းလဲ့ရွှေ မျက်နှာပျက်ပြီး စိတ်ညစ်သွား၏။ထို့အတွက် သူက စပြီးငေါ့ငေါ့တော့တော့ပြုမူလာသည်။


  “ကျေနပ်လား”


 အဘွားကြီးလင်း သူမသား ဝက်ခေါင်းဖြစ်အောင် အရိုက်ခံထားရသည်ကို ဒေါသထွက်ပြီး စိတ်ထိခိုက်သွားရ၏။ 


"ငါကလည်း အမေတစ်ယောက်ပါ...မင်းက ငယ်သေးတယ်...ယောက်ဖရှေ့မှာ ရယ်စရာဖြစ်အောင်လုပ်နေတာလား"


လင်းလဲ့ရွှေက ကရားကိုရိုက်ခွဲကာ

 “ခင်ဗျားက ကျုပ်ဟာသတွေကို ကြည့်ချင်နေတာမလား... ကြည့်စမ်းပါ”


 ထိုသို့ပြောပြီး တံခါးခုံပေါ်မှာ ထိုင်ချလိုက်ကာ မျက်ရည်များကို သုတ်လိုက်သည်မှာ တကယ်ကို မတရားခံနေရသလိုပင်။


 လင်းမိန်က သရော်လိုက်သည်။


 "အဲ့ဒါက နင့်ရဲ့ဟာသတွေအပေါ် မူတည်တယ်...ထန်ဟဲဟွနဲ့ သူ့မိဘမိသားစုက ငါ့ကိစ္စတွေကိုတိုင်တာ...နင်ဘာလို့ တစ်ခုမှ  မပြောတာလဲ"


လင်းလဲ့ရွှေက   ချက်ချင်းပဲဆိုလာ၏။

 "ငါမသိဘူး" 

 

အံ့သြစရာမရှိဘူးပဲ... 


    


အစ်မကြီးလင်းနှင့် တခြားသူတွေက အသေးစိတ်မသိသေးသည့်အတွက် ဘာတွေဖြစ်နေတာလဲဟု မေးကြသည်။ ရိုးရိုးသားသားပြောရပါလျှင် သူတို့လည်း  လင်းမိန် လူတွေကို ဦးဆောင်၍  ရက်ကန်းယက်ခိုင်းသည်ကနေ အကျိုးအမြတ်ရခဲ့ကြ၏။ ဘယ်သူမှ အထည်လက်မှတ်တွေအလုံအလောက်မရှိကြလေရာ တစ်ခုခုကိုတွေသည်နှင့် အလုအယက်ဖြစ်ကုန်ကြသည်။ထိုအချိန်မှာ လင်းမိန်၏အရေးပါမှုက ပေါ်လွင်လာ၏။


လင်းလန်က  ညီအစ်မတတွေကို အတိုချုံးရှင်းပြလိုက်ရာ  ညီအစ်မနှစ်ယောက် ကြားပြီသည့်အခါ  ဒေါသထွက်လွန်း၍  တစ်ယောက်ပြီးတစ်ယောက် လင်းလဲ့ရွှေကို အပြစ်တင်ကြတော့သည်။


"နင်က အရူး... မင်းဒီလိုမျိုး ဘယ်လိုများလုပ်နိုင်ရတာလဲ... ကံကောင်းပေလို့ တတိယညီမက တပ်မဟာမှာ ဘေးပေါက် အလုပ်တစ်ခုလုပ်ဖို့ အဆင်သင့်ရှိနေတာ... မဟုတ်ရင် ဒုက္ခရောက်တော့မှာ"


"ဟုတ်တယ်...အောက်တန်းကျလွန်းတယ်

 ...လာ သူ့ထန်အိမ်ဟောင်းသို့ သွားပြီး ဖြေရှင်းချက်တောင်းရမယ်"


 အစ်မကြီးလင်းနှင့် ဒုတိယအစ်မလင်းတို့ လင်းလန်နှင့် ထန်အိမ်သို့ သွားမည်ပြင်ကြသည်။


ထန်ရွာနှင့် လင်းရွာက မဝေးလှပေ။ အလယ်တွင် မြစ်ကြီးတစ်စင်းရှိပြီး ဆည်တစ်လျှောက် စုစုပေါင်း နှစ်မိုင်ခွဲခန့်ရှိသည်။ အမြန်လမ်းလျှောက်ပါက မိနစ်နှစ်ဆယ်အတွင်း အသွားအပြန်ခရီးရောက်နိုင်၏။


စန်းဝမ် နှင့် အခြားသူများက သူတို့ လမ်းကိုအရင်ဖွင့်နိုင်မည်ဟု ချက်ချင်းဖော်ထုတ်လာခဲသည်။


လင်းလဲ့ရွှေက အလျင်အမြန် ဆိုလေ၏။


 "သူများတွေကို မစွပ်စွဲနဲ့ ...ဒီလိုကိစ္စတွေကို ဘယ်လိုလုပ် ဒီလောက်အလွယ်တကူလျှောက်ပြောလို့ရမှာလဲ... ဟဲဟွနဲ့ပတ်သတ်ပြီးတစ်ခုခုမှားနေတာနေမှာ...ဒီလို့ဖြစ်မှာမဟုတ်ဘူး"


လင်းမိန် သူ ခေါင်းမာနေသေးသည်ကို မြင်လိုက်ရသည့်အတွက် ခေါင်းယမ်းပြီး အကြောင်းစုံပြောပြလိုက်သည်။


 " တိုင်စာရေးတဲ့သူက သူ့မိဘမိသားစုက ယောက်မရဲ့ ဝမ်းကွဲတစ်ယောက်... ငါတို့တပ်မဟာကို ငါ့ကို ဖမ်းခိုင်းတာ...ကိစ္စတွေအကုန်လုံးဖြစ်ပြီးတာတောင် နင်က ကတ်သီးကတ်ဖဲ့ငြင်းနေတုန်းပဲ"


 "အဲ့ဒါဆိုလည်း သူ(မ)က လျှောက်​ပြောနေတာနေမှာပေါ့"


 "လက်ရေးက အဖြူအမည်းကွဲနေပြီ...သူ(မ)က အဲ့ဒါက ထန်ဟဲဟွအမေရဲ့ရည်ရွယ်ချက်ပါဆိုပြီးဝန်ခံခဲ့တာ...သူက သူ့သမီးကို မိဘအိမ်ပြန်ခိုင်းတာလေ...သဘောမတူတော့ မထင်မရှားဆွေမျိုးတစ်ယောက်ရှာပြီး အပုတ်ချခိုင်းတာ...ငါတို့မသိဘူးလို့ ထင်နေတာလား...နင်တို့လင်မယားက ငါတို့လုပ်ငန်းထဲမှာ ဝင်ပါချင်တယ်... ငါတို့က သဘောမတူတော့ ဒီနည်းလမ်းကိုသုံးတယ်...ငါ့မိဘတွေအတွက်သာမဟုတ်ဘူးဆိုရင် ...ငါတကယ်ကို ပြန်လာပြီး နင်တို့လင်မယားရဲ့ခွေးခေါင်းတွေကို အမှုန့်ခြေပစ်ချင်တာ...နင့်ယောက္ခထီးက အာဏာအရမ်းကြီးတော့ နင်ကကြောက်တယ်...ငါက ကြောက်မယ်များထင်နေလား...ငါတို့လုပ်ငန်းက အခုတပ်မဟာထဲမှာပါနေပြီ...ယုံချင်ယုံမယုံချင်နေ... ငါက ငါ့အဖွဲ့ကိုခေါ်ပြီး အဘိုကြီးထန်ရဲ့ခွေးခေါင်းကို သွားအမှုန့်ချေမှာ...သူက ငါလောက်ကောင်းနိုင်ဦးမလားကြည့်ရသေးတာပေါ့"


အခန်းထဲရှိ ဘယ်သူကမှ လင်းမိန်၏သတ္တိကို သံသယမရှိကြပေ။သူမက ဘယ်လောက် သတ္တိရှိလိုက်သလဲလို့...


လင်းလဲ့ရွှေ: "ငါတို့က မေးပေမဲ့ နင်ကသဘောမတူဘူးလေ...ငါ...ငါတို့လက်လွှတ်လိုက်တယ် ...နောက်ပြီး နင်တပ်မဟာမှာ ဘေးပေါက် အလုပ် လုပ်တယ်ဆိုတာ ငါတို့အားလုံးသိတယ်... အဲ့ဒါကြောင့် ဘာကို သတင်းပို့တယ်လို့သုံးရမှာလဲ...​ အခမဲ့ အစီရင်ခံစာလေးပဲမဟုတ်ဘူးလား...  အကောက်ကြံတာ မဟုတ်တာတော့ သေချာတယ်"


 "လက်ထဲမှာ အထောက်အထားတွေ အပြည့်နဲ့ကို နင်က ဘာလို့ ဆင်​ခြေဆင်လက်တွေပေးနေသေးတာလဲ...ထန်ဟဲဟွ မဟုတ်ဘူး...ထန်ဟဲဟွ ရဲ့ အမေက သူ့ယောက်မရဲ့ ဝမ်းကွဲကို ညွှန်ကြားခဲ့တာဟဲ့...နင် လူစကားရော နားလည်ရဲ့လား"


 " အဲဒီ့ဆွေမျိုးလျှောက်ပြောနေတာလည်း ဖြစ်နိုင်တယ်လို့...” 


လင်းမိန်က သူ့ကို ဒေါသတကြီးကန်ပစ်လိုက်ပြိး “နင်အရင်က ဒီလောက်ဒုက္ခပေးတတ်တယ်ဆိုတာ ငါဘာလို့ မသိခဲ့တာပါလိမ့်... အဲဒီဆွေမျိုးက အဖွဲ့ထဲဝင်ဖို့ တစ်ခါမှ ငါ့ဆီမလာဖူးဘူး... နင့်မိန်းမနဲ့ သူ့တို့မိသားစုကပဲ အဲဒါကို တွေးနေကြတာဟဲ့... နင် ဘာလို့ ဒီလောက် ကတ်သီးကတ်သတ်နိုင်နေသေးရတာလဲ..."


လင်းလဲ့ရွှေ သူမ၏ ကန်ချက်တစ်ချက်ကြောင့် တံခါးခုံပေါ်က ပြုတ်ကျပြီး အရှက်မဲ့စွာ ငိုပါတော့သည်။


လင်းလန် အတော်လေးစိတ်ညစ်သွား၏။

 "ပါးစပ်ပိတ်ထားစမ်း...  နင်ဘာလို့ ငိုနေတာလဲ..."


လင်းလဲ့ရွှေ  နှုတ်ခမ်းထော်ပြီး မျက်ရည်များကို  ထိန်းလိုက်သည်။


သူ့သားသမီးတွေက အကုန်လုံး ရှစ်နှစ်ရှိပြီဖြစ်ကာ အကြီးဆုံးသားက မငယ်တော့သော်လည်း သူကမူ အလှည့်တိုင်းမှာ ငိုနေတုန်းပါပင်။ ရှိနေသည့်လူတွေက တကယ်ကို...သမီးတွေကလည်း ကြီးနေပြီဖြစ်၏။သူတို့က ကိုယ့်ကိစ္စကိုယ်တာဝန်ယူကြသော လူတစ်စုဖြစ်နေကြလေပြီ။ငယ်ငယ်တုန်းက မိဘတွေလက်ထဲမှာ ကျယ်ကျယ်လောင်လောင် မပြောရဲသည့် ကောင်မလေး မဟုတ်တော့ပေ။ ယခု သူတို့ မိဘတွေကို ရှုံ့ချသည့်မျက်လုံးတွေနှင့် ကြည့်နေကြသည်။ကိုယ်မွေးထားတဲ့သားကို ကိုယ်ပြန်ကြည့်ပါဦး... 


လင်းလဲ့ရွှေက သူ့မိန်းမနှင့်ပတ်သတ်ပြီး ငြင်းခုံရန် ကြိုးစားဆဲဖြစ်၏။


 "သူ့ယောက်မနဲ့ ဝမ်းကွဲက သတင်းပို့လိုက်တာမလို့ သူမသိဘူးလို့...သူ့အမေက  အမိန့်ပေးရင်တောင်မှ သူမှမသိတာကို ... "


  "မင်းက ဆင်ခြေဆင်လက်တွေ ပေးနေတုန်းပဲ... ငါမင်းကိုမရိုက်မချင်း မင်းကိုယ်မင်းမှန်တယ်ထင်နေတယ်ပေါ့"


အဘွားကြီးလင်းက နံရံအောက်ခြေရှိ တံမြက်စည်းကို လှမ်းယူလိုက်ပေမဲ့ စန်းဝမ်က   လက်မအရွယ် ဆူးကိုင်းတစ်ကိုင်းကို ကိုင်လိုက်သည်။


စန်းဝမ် : "ဘွားဘွား...မာမားက ကလေးမရိုက်တတ်ဘူးဆိုပေမဲ့ အမှားလုပ်မိရင် ရိုက်ရမှာပေါ့လို့ပြောဖူးတယ်... မရိုက်ရင် ကြာကြာ မှတ်မှာ မဟုတ်ဘူးတဲ့...ဟုတ်တယ်မလား အစ်ကိုကြီး ”


 သူက ထောက်ခံမည့်သူ ရှာရန် တဝမ်ကို  လှည့်ကြည့်လိုက်သည်။


တဝမ် : "..." 

ငါမင်းကိုမသိဘူးးးး...


အဘွားကြီးလင်း  သစ်ကိုင်းကို ကိုင်ကာ နှလုံးသားထဲရှိဝေဒနာကို ကြံ့ကြံ့ခံကာ သားဖြစ်သူကို သွားရိုက်တော့၏။


"ကတ်ဖဲ့ငြင်းချင်သေးတယ်...ကတ်ဖဲ့ငြင်းချင်ဦး..."


  ထိုညတုန်းက သူမ သားနှင့်ချွေးမတို့ အခန်းထဲမှာ ​တတွတ်တွတ်ပြောနေကြပြီး သူမအကုန်လုံးကိုကြားလိုက်ရသည်။ ဆူးကိုင်းက သူမသားကို ရိုက်နေဟန်ရှိသော်လည်း အမှန်တွင် သူမကို ရိုက်နေသလိုပါပင်။


လင်းလဲ့ရွှေ  သူအမေက  သိကိုသိနေမည်ဖြစ်ကြောင်း သိထားပြီးသားဖြစ်ကာ  အကြီးဆုံး အစ်ကိုနှင့်မရီးကို ကြည့်လိုက်သည့်အခါ သူတိုလည်း သိနေလောက်၏။ ထိုအခါ ငြင်းဆန်ရန် နည်းလမ်းမရှိပေ။ ဒါပေမဲ့...ဒါပေမဲ့  တကယ်တမ်းကျ ဟဲဟွက တိုင်ကြားစာအကြောင်း လုံးဝမသိဘူးလေ... အဲဒါကိုလုပ်ဖို့ သူမယောက်မရဲ့ ဝမ်းကွဲကို ငှားထားတဲ့သူက  သူမအမေပါ... ဝမ်းကွဲ အဖမ်းခံရချိန်အထိ သူတို့ မသိခဲ့ကြဘူး...


သူ အဘွားကြီးလင်းဆီကနေ မြေကြီးပေါ်လူးလိမ့်နေအောင် အရိုက်ခံရသည်။ ငယ်ငယ်လေးကတည်းက သူ့အမေ ဤသို့ရိုက်နှက်သည်က ယခုပထမဆုံးအကြိမ်ပင်။


 “အမေ သားမှားပါတယ်...သားမှားပါတယ်... နောက်တစ်ခါ ထပ်မမှားရဲတော့ပါဘူး...ဟဲဟွနဲ့ ကျွန်တော်  အစတုန်းက တကယ်မသိခဲ့တာပါ...သူ့အမေက ကြံစည်ခဲ့တာပါ... နောက်ပိုင်းမှာ ဝမ်းကွဲ အဖမ်းခံရမှ ကျွန်တော်တို့ သိလိုက်ရတာ... ကြောက်လည်း ကြောက်တော့ မပြောရဲခဲ့တာပါ…"


 သူ့မိဘတွေက သူ့ကို ကူဖုံးပေးရန် သူနှင့်ဆွေးနွေးထားသည်ဟု လင်းလန်ထင်ခဲ့၏။ ယခု အဘွားကြီးလင်းကိုယ်တိုင် ဘယ်လိုရှာရမှန်းကို မသိခဲ့ခြင်းမှန်း ထွက်ပေါ်လာသည်။ အရူးနှစ်ယောက်က တတွတ်တွတ်လုပ်နေကြတုန်း အဘွားကြီးလင်းကြားသွားခြင်းဖြစ်ရမည်။


သူမ၏ အဘွားကြီးလင်းအပေါ် မကျေမနပ်မှု ပျောက်ကွယ်သွားသည်။


အဘွားကြီးလင်းတကယ်ကို စိတ်ညစ်ကာ ဒေါသထွက်နေ၏။သားဖြစ်သူကို ရိုက်နှက်ဆုံးမခြင်းမပြုပါက သမီးတွေက စိတ်မငြိမ်နိုင်သလို အကြီးဆုံးသားနှင့် ချွေးမကလည်း မကျေမနပ် ဖြစ်နေကြလိမ့်ပေမည်။ ထို့အပြင် သူတို့က အရိုက်ခံရရန် အမှန်တကယ် ထိုက်တန်ပြီး မဟုတ်ပါလျှင် သူတို့ မှားသည်ဟုတွေးမည်မဟုတ်ပေ။


 သူမ လင်းလဲ့ရွှေကို ပြင်းပြင်းထန်ထန် ရိုက်ပစ်ခဲ့ပြီး သူ့က အော်ဟစ်ကာ ထွက်ပြေးသွားခဲ့သော်လည်း ညီအစ်မများစွာ၏ ပိတ်ဆို့ခြင်းခံလိုက်ရပြီး ရုန်းမထွက်နိုင်သဖြင့်  နောက်ပြန်ဆုတ်သွားခဲ့ရသည်။


 အဘွားကြီးဟန် အသက်ရှုကြပ်နေသည်ကို မြင်သောအခါ တကယ်ဒေါသဖြစ်နေမည်ကို လင်းမိန် စိုးရိမ်မိသွား၏။ စင်စစ်အားဖြင့်  သူမမိဘတွေက အရေပါးပြီး ဂုဏ်သိက္ခာကို တန်ဖိုးထားကြသည်။ ယနေ့ သူတို့က  လမ်းပေါ်မှာ ရန်ဖြစ်နေကြပြီး  ချွေးမ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရ၏။ သူမဘဝတွင်ဤမျှ အပြင်းအထန်ဖြစ်မနေဖူးပေ။သူမ တကယ်ကို သည်းမခံနိုင်တော့ချေ။


 လင်းလန်နှင့် လင်းမိန်တို့က အကြည့်ချင်းဖလှယ်ကြပြီး နှစ်ယောက်သား ရှေ့တိုး၍ အဘွားကြီးလင်းကို  ကူတွဲလိုက်ကြသည်။


 “ကောင်းပြီ ...အမေ ဒေါသမဖြစ် ပါနဲ့” 

 

လင်းမိန်က လင်းလဲ့ရွှေကို ထပ်မံ ကန်ထုတ်လိုက်ပြီးပြော၏။


 “ဒီတစ်ခါကို အခုတော့ ထားလိုက်ဦးမယ်...နင်ဆက်ပြီး ဖာဆန်နေဦးမယ်ဆိုရင်တော့...ငါနင့်ကို ပေါင်းပြီး စာရင်းရှင်းမယ်မှတ်"


လင်းလန်ကပြောလိုက်သည်။


 "နင့်ကိုတော့ ထားလိုက်မယ်... ဒါပေမဲ့ ထန်မိသားစုဟောင်းနဲ့ဇယားကတော့ မပြီးသေးဘူးနော်...  ညစာစားပြီးရင် တတိယအစ်မနဲ့ ငါ မင်းယောက္ခမကို သွားမေးမှာ... သူ ဘာလို့ ဒီလောက် ရက်စက်၊လောဘကြီးပြီး အရှက်မရှိရတာလဲဆိုပြီး"


လင်းလဲ့ရွှေမှာ တကယ်ခွန်းတုံ့ပြန်ရန် မဝံ့ရဲပါချေ။ သူ တကယ်သာ ပြန်ပြောရဲပါက ညီအစ်မနှစ်ယောက်က သူ့ကို အတူတူဝိုင်းရိုက်လိမ့်မည် ဟုသူယုံကြည်သည်။ 


 တတိယအစ်မက တစ်စုံတစ်ယောက်ကို ရိုက်နှက်သည့်အခါ တကယ်နာ၏။ ငယ်ငယ်တုန်းကလည်း ဤသို့ပင်။


 "သွားရှာချေ...ငါက နင့်ကို ထန်မိသားစုဟောင်းဆီ မသွားခိုင်းဘူးလို့တော့ မပြောနဲ့...နင်ထိခိုက်မှာကို  ငါကကြောက်နေရဦးမှာလား" 


ထန်မိသားစုဟောင်းမှာ ညီအစ်ကို ခုနစ်ယောက် ရှစ်ယောက်ခန့်ရှိသည်။


စန်းဝမ်က ချက်ချင်းထပြီးဆို၏။

 "မားမား... သွားရအောင်..."

 

တဝမ်က သူ့ကိုလှမ်းဆွဲထားသည်။


"ဒုတိယမောင် ... နင့်ကို မေးပါရစေ...နင်နဲ့ ရှောင်ရှင်းကို ကောင်းကောင်း ဆက်ဆံတဲ့ စတုတ္ထညီမကို နင်က ဘာလို့ ကျေးဇူးမတင်ဘဲ အငြိုးထားနေရသေးတာလဲ"

 

လင်းလဲ့ရွှေက  ချက်ချင်းမတရားခံရသလိုမျိုး အော်ဟစ်လာသည်။


 " ဘယ်မှာ ကျေးဇူးမတင်လို့လဲ...ဘယ်မှာ အာဃာတတွေ ဆုပ်ကိုင်ထားသေးလို့လဲ" 

 


"ဟန်ဆောင်မနေနဲ့... စတုတ္ထညီမ လာတိုင်းထန်ဟဲဟွက ပုန်းနေတာလေ...မျက်နှာလေးပြရုံ မဟုတ်ဘူးလား...သူအိမ်မှာ နေတိုင်းငါတို့ကို ပြောဆိုနေတာကိုငါမသိဘူးများထင်နေတာလား...နင်အဲ့ဒါသိပါတယ်...နင်ဘာလို့လျစ်လျူရှုထားတာလဲ"


လင်းလဲ့ရွှေ : "ငါ...ငါက ဘယ်သူ့ကိုထိန်းနိုင်မှာလဲ" 

တစ်ယောက်လာလည်း ငါ့ကိုရိုက်...နှစ်ယောက်လာလည်းငါ့ကိုရိုက်... ငါကအသုံးမကျဆုံးပဲ...


 "နင် သူ့ကို မထိန်းနိုင်ဘူးဆိုရင်... နင် သူ့အကြောင်း အမြဲပြောတတ်တယ်...အဲ့လိုမျိုးလုပ်တာနင်မကြိုက်ဘူးဆိုတာကို သူသိအောင်ပြောခဲ့လို့လား... ဘာတစ်ခုမှ မပြောဘူး...နင်ကပါ သူနဲ့ပေါင်းပြီးပြောဆိုနေလိမ့်ဦးမယ်"


လင်းမိန်က  စိတ်ဆိုးပြီး လမ်းမပေါ်ထွက်သွားသည်။


(ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်

လင်းမောင်နှမတွေအကြောင်းကို သေချာထည့်မရှင်းထားပဲ.လင်းလဲ့ရွှေကို ဒုတိယလို့သုံးထားတော့ လင်းမိန်နဲ့လင်းလန်ထက် အကြီးလို့ ထင်ခဲ့မိပါတယ်..

ခုကြည့်ရသလောက် လင်းလဲ့ရွှေက ယောကျားလေးထဲ.ဒုတိယမြောက် မောင်နှမတွေထဲ အငယ်ဆုံးဖြစ်ပါလိမ့်မယ် ဘာသာပြန်သူအမှားအတွက် တောင်းပန်ပါတယ်ရှင်)


Xxxxxxxxx

Part 530


 "ကောင်းကင်နဲ့မြေကြီးကို တိုင်တည်ပါတယ်" 

လင်းလဲ့ရွှေက  သူ့လက်ကို မြှောက်လိုက်ပြီး

 "ငါ့အစ်မကို ဘယ်တုန်းကမှ မကျိန်ဆဲဖူးဘူး" 


 အများဆုံး ထန်ဟဲဟွပြောဆိုနေချိန်၌  မကြားချင်ယောင်ဆောင်နေရုံမျှသာ။


ထိုအပြင် ထန်ဟဲဟွက လုံးဝမကျိန်ဆဲပါချေ။ စတုတ္ထအစ်မက သူမယောက်မကို ပစ္စည်းမပေးသည်ကို မကျေနပ်သလို စတုတ္ထအစ်မကရှောင်ရှင်းကို အချစ်ဆုံးဟုပြောသော်လည်း သူမ က စိတ်ပြောင်းသွားပြီး သားဖြစ်သူ ရှောင်ဝမ်ကို ချစ်သွားသည်ကိုလည်း ဒေါသထွက်ခဲ့သည်။


မင်းတောင် မင်းသားကို ကောင်းကောင်းမွန်မွန်ဆက်ဆံရင် စတုတ္ထအစ်မလည်း သူ့သားကို ကောင်းကောင်းဆက်ဆံသင့်တာပဲလေဟု သူထန်ဟဲဟွကို နားချခဲ့၏။ သို့ပေမဲ့ ထန်ဟဲဟွက နားမထောင်ဘဲပြောလာသည်။


 "အဲ့ဒါက မကောင်းဘူး... သူက ရှောင်ရှင်းအပေါ်  အကောင်းဆုံးဖြစ်နေကျလေ...ရှောင်ရှင်းကို အချစ်ဆုံးဖြစ်ပြီး ရှောင်ဝမ်ကိုအမုန်းဆုံးလို့လည်း ပြောခဲ့သေးတယ်...သူဘာလို့ ရုတ်တရက်ကြီး   ရှောင်ဝမ်ကို ရှောင်းရှင်းထက် ပိုကောင်းပေးလာရတာလဲ...  သူက လူတွေကို လိမ်နေတာမဟုတ်ဘူးလား... ငါတို့ကိုလာကစားနေတာလား"


 လင်းလဲ့ရွှေ သူမိန်းမက  အတည်ယူလွန်းသည်ဟု ခံစားရသည်။ ဆွေမျိုးတွေက ဒီလိုပဲပြောကြတာပဲလေ... ဘယ်သူက အလေးအနက်ထားမှာလဲ...လူတွေက သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့အခါ ကောင်းသလို မကောင်းတဲ့အခါလည်း အတူတူပါပဲ...ဘာဖြစ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရမှာလဲ...


သို့ရာတွင်  သူက စကားကောင်းကောင်း မပြောတတ်ပေ။


 သူစကားပြောကောင်းချင်ပေမဲ့ ထိုစဥ်က သူထန်ဟဲဟွကို  လက်မထပ်ချင်ခဲ့ချေ။


 မင်းတို့ပဲငါ့ကိုလက်ထပ်ဖို့ အတင်းအကြပ်လုပ်ခဲ့တာမဟုတ်ဘူးလား ဝူးးးးးးး ...


လင်းလဲ့ရွှေ ထိုအကြောင်းကို ပိုတွေးလေလေ၊ ပိုပိုပြီး နစ်နာသလိုခံစားရကာ ငိုပါတော့သည်။


စန်းဝမ်က ထိုနေရာ၌  *အားကျင်းဇီပြောသည် သူမအစ်ကိုတွေကို လက်စားချေခိုင်းရန် ပြန်သွားရှာပြီး အားလုံးကို အတူတူ ချက်စားမည်ဆိုသည့်အကြောင်းကို တွေးနေတုန်းပင်။

(T/N–Er=ဒုတိယ၊Jīn zǐ=မိခင်ဘက်မှဦးလေး၏ဇနီးကို ခေါ်သောအခေါ်အဝေါ်)


 "အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို...တစ်အိုးတည်းထည့်ပြုတ်မယ် ဆိုတာက ဘာလဲ"


 "ငါတို့ ငိုတဲ့အထိ ရိုက်တာပဲ" 

အားဝမ်က ဘာသာပြန်ဆိုသူဖြစ်သည်။


တဝမ်က ခပ်တိုးတိုးနှာမှုတ်လိုက်၏။

စန်းဝမ်က သူ့လက်တွေကို စိတ်လှုပ်ရှားစွာပွတ်ရင်းဆိုလေသည်။

 "မြစ်နားက ဆည်ကို ချောင်းတိုက်ဖို့သွားရမှာလား... ဟားဟား...မြစ်ထဲဆင်းတဲ့အခါ သူတို့က သေချာပေါက်  ငါ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"

 


 မိုင်စွေ့က ရှောင်ဝမ်နှင့်ဟောင်နန်ကို ဦးဆောင်ခေါ်လာပြီးပြော၏။


 "သူ(မ)က သူ့အစ်ကိုတွေက ခုနစ်ယောက်ရှစ်ယောက်လောက်ရှိတယ်လို့ပြောတယ်"


စန်းဝမ် : "ဟားဟား...ကိစ္စမရှိပါဘူး...အဖေက တပြိုင်တည်း  ဆယ်ယောက်လောက် တိုက်နိုင်တယ်... သုံးယောက်တောင်လိုသေးတယ်"


ရှောင်ဝမ် : "ဆရာက ရန်ဖြစ်တာက မှားတယ်လို့ ပြောတယ်"


  စန်းဝမ်: "တစ်ယောက်ချင်းယှဥ်တိုက်မယ်ကွာ...သိက္ခာရှိရှိ တစ်ယောက်ချင်းချမယ် ...ဟုတ်တယ်...အဲ့လိုလုပ်ရမယ်..ငါတို့ သူတို့နဲ့ မျဉ်းတစ်ကြောင်း ဆွဲလိုက်​ကြစို့...သူက တဲ့ထိုးရုံတင်မရဘူး... တခြားအရာတွေထည့်ရင် ပိုကောင်းတယ်... ဥပမာ ကဗျာရွတ်တာ၊ မေးခွန်းတွေဖြေတာ၊ သီချင်းဆိုတာ၊ဘာဂျာမှုတ်တာ၊ ရေကူးတာ…”


ဟောင်နန်ကလည်း အလောတကြီးဝင်ပြောလာသည်။  "တံတောင်ဆစ်ကြီးကြီး စားရတာရောပဲ... ဟားဟား...သားလုပ်နိုင်တယ်"


 လူကြီးတွေ အစတုန်းက ဒေါသထွက်ပြီး စိတ်ဆိုးခဲ့ကြပေမဲ့ ယခု ကလေးတချို့၏ရေရွတ်နေကြသံများကြောင်း  ခြံထဲကလူတွေအားလုံး မရယ်ဘဲမနေနိုင်ကြတော့ပေ။


ရိုးရိုးသားသားပြောရလျှင် ထန်ဟဲဟွ တစ်စုံတစ်ဦးကို ခေါ်မည်အား အစပိုင်းတွင် အနည်းငယ် စိုးရွံ့နေသော်လည်း ယနေ့တွင် ဟန်ချင်စုန့်ပါရှိနေ၍ သူတို့ အလွန်သက်တောင့်သက်သာရှိပြီး လုံးဝမကြောက်ကြပေ။ဒီကလေးတွေကိုပဲကြည့်...ဘယ်သူမှ  သူတို့ကို မကြောက်ကြဘူး...


အဘိုးကြီးဟန် သူ မကြောက်တော့ကြောင်း စိတ်ထဲတွင် ရေရွတ်ရင်း အိမ်ထဲပြန်ဝင်သွားကာ အနွေးကုတင် ပေါ်တွင် ထိုင်လိုက်ပြီး သူ့ သမက်ကို လည်း အနွေးကုတင်ပေါ် ထိုင်ခိုင်းလိုက်သည်။


အစ်ကိုကြီးလင်းနှင့် ယောက်ဖ များစွာကလည်း  ဟန်ချင်စုန့်ကို ထိုင်ရန် ပြောလာကြ၏။


 ဟန်ချင်စုန့်:"ယောက်ဖတို့ပဲထိုင်ကြပါ"

 သူက အရပ်ရှည်ပြီး ခြေတံရှည်လေရာ အနွေးကုတင်က သေးသည်အတွက် ထိုင်ရန် အဆင်မပြေပေ။


သူ လင်းလန်နှင့် စကားပြောချင်သည်။ သူမက ညစာစားပြီးလျှင် ထန်အိမ်သို့သွား၍ ထန်မိသားစုဆီက ဖြေရှင်းချက်တောင်းမည်ဟုပြောခဲ့၏။ သူပဲသွားပြီး သူမကို အိမ်ကနေပဲ သတင်းနားစွင့်ခိုင်းမည်ဟု  တွေးခဲ့သည်။ သူ လှည့်ကာ တံခါးဆီလျှောက်သွားသောအခါ လင်းလန်က ခြံထဲမှာ ကလေးတွေကို နှစ်သစ်မုန့်ဖိုး ဝေငှရန် အပြေးအလွှား လုပ်နေသည်ကိုသာ တွေ့လိုက်ရသည်။


လင်းလန်က လက်ခုပ်တီးကာဆို၏။

 “ကလေးတွေ လာကြ... ဟုန်ပေါင်းတွေ ခွဲယူကြ"


 ကလေးတွေက အပြေးအလွှား တန်းစီပြီး လူကြီးတွေကို ဟုန်ပေါင်းဝေရန် စောင့်နေကြသည်။


လင်းလန် လူတစ်ဦးလျှင် နှစ်ဆယ်ဆင့် စီဝေပေးခဲ့၏။ မူလက လူတစ်ဦးလျှင် တစ်ဆင့်စီပေးချင်ခဲ့သော်လည်း တတိယအစ်မက ထန်ဟဲဟွကို ဒေါသပြေရန် ရိုက်နှက်ခဲ့သည်။


လင်းလန်ပျော်သရွေ့ မုန်ဖို့ပိုရမှာပဲ...


ဆွေမျိုးများ၏ သားသမီးများကို ပိုက်ဆံမပေးခြင်း နှင့် သားသမီး မရှိလျှင် ပိုက်ဆံဆုံးရှုံးမည်တို့ကို ရှောင်ရှားရန် သူမ သားသမီးများကိုပင် ခွဲဝေပေးခဲ့သည်။(နားမလည်ဘူး🥺)


ယခု ကလေးများက အလွန်ပျော်နေကြ၏။


 စတုတ္ထအဒေါ်/စတုတ္ထဒွေးလေးက အရမ်း ရက်ရောတာပဲ... တခြားသူတွေက တစ်ဆင့် နှစ်ဆင့်ပဲပေးပေမဲ့ သူမက တကယ်ကြီး ဆင့်နှစ်ဆယ် ပေးတယ်...ဆင့်နှစ်ဆယ်... ဘယ်လောက်လက်ဖွာလိုက်သလဲလို့... ဟားဟားဟား... စတုတ္ထအဒေါ်/စတုတ္ထဒွေးလေး အသက်ရှည်ပါစေ...


လင်းမိန်ကိုလည်း ဝေပေးခဲ့သည်။ ကလေးတစ်ဦးလျှင် တစ်ပြားဖြစ်ပြီး အလိမ္မာလေး နှင့် ချောင်ချောင်တို့လည်း ဝေစုရကြသည်။


အစ်မကြီးလင်းနှင့် ဒုတိယအစ်မလင်းတို့လည်း မျက်နှာလွဲထားသည်မှာ ကြာလှလေပြီ။ လင်းမိန်နှင့်လင်းလန်တို့ အဆင်မပြောဖြစ်နေစဥ်ကလည်း သူတို့ ဝင်မပါခဲ့ကြဘဲ  သူတို့အမေ့ဘက်က မိသားစုဆီ ပစ္စည်းတွေ ယူဆောင်လာသည်ပဲဖြစ်စေ၊ဘာပဲလုပ်သည်ဖြစ်စေ သူတို့ တတ်နိုင်သလောက် လုပ်ခဲ့ကြသည်ပင်။


ကလေးတစ်ယောက်အတွက် ဆင့်နှစ်ဆယ်က ဘက်မလိုက်ပေ။


လင်းမိန်လည်း အလွန်စိတ်လှုပ်ရှားနေပြီး ထန်အိမ်ကိုသွား စာရင်းရှင်းရန်အတွက် အမြန် ချက်ပြုတ်စားသောက်ဖို့ တိုက်တွန်းလိုက်သည်။ 


 အမျိုးသမီးအနည်းငယ်အတွက် အတူတကွချက်ပြုတ်သည်က အလွန်မြန်ဆန်၏။ သူတို့အားလုံးက သူတို့၏ကိုယ်ပိုင်ရိက္ခာများကို ယူဆောင်လာသောကြောင့် သဘာဝအတိုင်း သူတို့သည် သူတို့၏အမေဘက်မှမိသားစုထံမှ စားရုံသာဖြစ်လိမ့်မည်မဟုတ်ပေ။


 ထမင်းစားသည့်အခါ အမျိုးသားတွေက အမျိုးသမီးတွေနှင့်တစ်ခန်းတည်း ရှိနေကြဆဲပင်။


လင်းလဲ့ရွှေမှာ စားစရာမျက်နှာမရှိချေ။ ပထမတုန်းက သူအစ်မဆီကနေ  ရက်ရက်စက်စက် အငေါက်ခံရပြီး ၎င်းနောက် သူ့မိန်းမက ဝက်ခေါင်းဖြစ်အောင်  ရိုက်၏။သူ့အမေကဆို ဆူးကိုင်းနှင့်ပင် ရိုက်သည်... တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ ဤမျှထိအရှက်မကွဲဖူးပေ။ သူက ထန်အိမ်ဟောင်းကို သွားလည်ချင်သော်လည်း  ရှက်လွန်း၍ သူ့ကိုယ်သူ  ခြံထဲမှာ ထိုင်ပြီး ရှက်နေရသည်။


ပထမချွေးမလင်းကပင် သူ့ကိုခေါ်လာ၏။

“ဒုတိယမတ်လေး လာစားလှဲ့လေ"


 ပထမချွေးမလင်းကပဲ သူ့အပေါ် ကြင်နာသည်ကို မြင်သောအခါ လင်းလဲ့ရွှေ မျက်ရည်များကျလာလေသည်။


Xxxxxx