အပိုင်း ၅၃၃-၅၃၄
Viewers 21k

Part 533


ထန်မိသားစုမှ အဖွဲ့ဝင်ငါးယောက်: …


မင်းတို့ကလေးတွေ အသက်ဘယ်လောက်ရှိသေးတာမလို့လဲ...ဟေး ဒီမှာ လက်ညိုးထိုးနေတဲ့သူတွေ အစွမ်းအစ ရှိရင်... မင်းတို့အဖေကို ထွက်လာပြီး အကွက်တွေပြခိုင်းစမ်းကွာ...


ဤကဲ့သို့ ကလေး၏အနှောက်အယှက်ကြောင့် ထန်မိသားစုမှ လူကြီးများ အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ ၎င်းတို့၏ ဦးနှောက်များသည် ထောင့် လှည့်လောက်အောင် မမြန်ဆန်သည့်အတွက် ၎င်းတို့ ဤနေရာကို ရောက်နေရသည့် အကြောင်းအရင်းကို မေ့သွားပြီး သူများနဖားကြိုးထိုးရာနောက်ကောက်ကောက်ပါအောင်လိုက်သွားသည်။


ထန်လောင်ချီက ငယ်ရွယ်ပြီး စိတ်မြန်လက်မြန်ဖြစ်လေရာ အခြားသူများ၏ ရန်စခြင်းကို နညနည်းမှ သည်းမခံနိုင်ပေ။  ဒေါသကြောင့် သူ့လည်ပင်းကြီး ထူအမ်းလာကာအော်လေ၏။


 "မကြွားနဲ့...လှမ်းခေါ်ပြီးသာ  ပြခိုင်းစမ်းပါ့"


ပြင်းထန်သည့် မျက်နှာထားရှိသော လူငါးယောက်က တံခါးဝမှာ ရပ်လိုက်ကြချိန်တွင် အိမ်နီးနားချင်းတွေ အကုန်လုံး သေအောင်ကြောက်နေကြပြီး အသီးသီး တံခါးအက်ကွဲကြောင်းမှ ပုန်းပြီး စောင့်ကြည့်နေကြ၏။ ဤသည်မှာ ထန်မိသားစု၏ ထန်မိသားစုဟောင်း ဖြစ်သည်ကို အားလုံးသိကြသည်။နတ်ဆိုးတွေ၏ မိသားစုဖြစ်ပြီး သူတို့က နွားတစ်ကောင်ကို တစ်ချက်တည်းနှင့် လိမ့်အောင်ကန်နိုင်သည်ဟုပြောစမှတ်ပြုကြ၏။


လင်းမိန်က သူတို့ ထိုကဲ့သို့ ကြည့်နေသော်လည်း မကြောက်ဘဲ ကြိမ်းလိုက်သည်။ 


“မျက်နှာပြောင်မနေနဲ့...အဲ့လောက်တော်နေရင် ထန်ဟဲဟွကို လာပြီးရင်ဆိုင်ခိုင်းလိုက်... နောက်ကွယ်မှာ သူရဲဘောကြောင်မနေနဲ့ "


"ဘယ်သူ့ကိုလာမာန်နေတာလဲ... ငါ့ညီမကိုကြိမ်းတာက  ငါ့ကို ကြိမ်းတာပဲ..." 


ထန်လောင်ချီနှင့်လင်းမိန်က ပြင်းပြင်းထန်ထန် အကြည့်ချင်းစစ်ခင်းနေကြ၏။


 လင်းမိန်က သူ့ကိုမကြောက်ပေ။


 "သူကို ကြိမ်းတော့ ဘာဖြစ်လဲ...ငါသူ့ကို ရိုက်တောက်ရိုက်လိုက်သေးတယ်"


လင်းလန်က သူက မိန်းမတွေကို ရိုက်နှက်သည့် အရူးတစ်ယောက်တကယ်ဖြစ်နေမှာစိုးရိမ်မိသည်။ထိုသို့သော ယောက်ျားမျိုးက အများအားဖြင့် ဉာဏ်မမီတတ်သဖြင့် သူမပြောလိုက်၏။


 "ထန်ဟဲဟွက   မကျေနပ်ရင် ငါတို့ လိုက်သွားမှာ...ငါတို့ နင်တို့ကို ရှင်းလင်းချက်တောင်း ချင်လို့...နင်တို့က ဒီကို အချိန်မီ ရောက်လာပဲ...နင့်ကို ငါမေးရမှာက ရက်ကန်းအဖွဲ့ထဲဝင်ဖို့သဘောမတူရင် နင်တို့ဘာလို့ နောက်ကနေတိုင်ရတာလဲ.. မျက်နှာကို ပြချင်တာလား... ဒီလိုအကောင်ကြီးကြီး ကြမ်းကြမ်းတမ်းတမ်း အဘိုးကြီး သုံးယောက်က နောက်ကွယ်မှာ ဒီလိုလှည့်ကွက်မျိုး ကစားနေတယ်ပေါ့... မရှက်ဘူးလား "


ထန်လောင်ချီက သူ့ဦးလေးကို ကြောင်အမ်းနေသော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ 


 ထန်လောင်ယာက  ဒေါသတကြီး ခြေလှမ်းကျဲကြီးများဖြင့် ရှေ့တက်ကာ အော်ဟစ်လာ၏။

 

“မင်းဘာလို့  သူများကို မတရားစွပ်စွဲရတာလဲ... မင်းတို့ရက်ကန်းယက်တာကို ဘယ်သူက သတင်းပို့လို့လဲ... မင်းတို့ရက်ကန်းယက်တာက ငါတို့နဲ့ ဘာဆိုင်လို့လဲ... ငါ့မိသားစုက လယ်လုပ်လို့ ရတယ်...ရက်ကန်းယက်နိုင်တယ်...ဝတ်စရာအဝတ်တွေပြတ်လပ်မနေဘူး"

 

လူတွေက သူ့ကိုမယုံမှာကို ကြောက်သဖြင့် သူ့အနွေးထည်ကို ချက်ချင်းဖွင့်ပြီးဆိုလေသည်။


 “ကြည့်စမ်း...ဒါက ဒီနှစ်မှ အထည်အသစ်နဲ့ ပန်းအသစ်တွေနဲ့ လုပ်ထားတာ... ထန်မိသားစုဟောင်းက  မင်းတို့ကို အဝတ်အစားမရှိလို့ တိုင်ရမှာလား”


 သူ့ဦးလေး၏ငြင်းဆိုချက်ကို ကြားသောအခါ   လင်းမိသားစုကို ဆဲဆိုနေသည့် ထန်လောင်ချီက   ချက်ခြင်းထပြီး ဆင်ခြေထောက်ကြီးများဖြင့် အားကြိုးမာန်တက်  ပြေးဝင်လိုက်သည်။


  “လင်းလဲ့ရွှေ... ဒီကနေ ထွက်ခဲ့စမ်း...မိန်းကလေးတစ်အုပ် နောက်မှာ ဘာလို့ ပုန်းနေတာလဲ..."


 ခြံတံခါးက မကြီးပေ၊ တံခါးနှစ်ပေါက်၏ အကျယ်က တစ်မီတာလောက်ရှိ၏။လင်းလန်နှင့် လင်းမိန်တို့ကြောင့် တံခါးနားမှာ ရပ်စရာ နေရာမရှိချေ။ယခု သူက မျက်နှာချင်းဆိုင်ရှိ အမျိုးသမီး နှစ်ယောက်ကို ဂရုမစိုက်ဘဲ  ငါအဲ့နားရောက်ရင် မိန်းမနှစ်ယောက်က ခေါင်းကိုလက်နဲ့အုပ်ပြီး ထွက်ပြေးမှာ မဟုတ်ဘူးများ ထင်နေတာလားဟုတွေးကာ လမ်းအကျယ်ကြီးယူလျက် ပြေးလာနေ၏။


ထန်လောင်ချီက ဆင်ခြေထောက်ကြီးများဖြင့် လင်းလန်ဆီသို့ ပြေးလာကို  လင်းလန်ရှောင်အောင်  ဆွဲဖယ်ရန်လက်ဖဝါးကြီးနှစ်ဖက်ဖြင့်ခတ်လိုက်သည်။


မမျှော်လင့်ဘဲ သူဆန့်ထားသောလက်က လင်းလန်ကိုမထိမီ အဖမ်းခံလိုက်ရပြီး ရုတ်တရက် ပြင်းထန်စွာ နာကျင်လာ၏။


 "အာ့..." 


 ထန်လောင်ချီက နာကျင်စွာ ညည်းတွားပြီး ချက်ချင်း ပြန်တိုက်ချင်လာသည်။


သို့ပေမဲ့  တစ်ဖက်လူက သူနှင့်လက်ဆွဲမနှုတ်ဆက်ချင်ဘဲ  သူ၏လက်ကောက်ဝတ်ပေါ်က *နေကွမ်းအပ်စိုက်မှတ်ကို သံပလာယာကဲ့သို့ ဖိလိုက်သည်ကား စိတ်မကောင်းစရာပါပင်။ တဖက်လူက  ပြင်းထန်စွာ ဖိလိုက်သောအခါ ထန်လောင်ချီ ၏ညာဘက်လက်တစ်ပြင်လုံး နာကျင်ထုံကျင်သွားကာ  နောက်ဆုံးတွင် သူမနေနိုင်ဘဲ အော်မိတော့သည်။

(T/N–Neiguan acupuncture point) 


ဟန်ချင်စုန့်က ညာဘက်လက်ဖြင့်  လင်းလန်နှင့် လင်းမိန်ကို တံခါးဝ၏ တစ်ဖက်သို့ ညင်သာစွာ တွန်းထုတ်လိုက်ပြီး သူ၏ ဘယ်လက်ဖြင့် ထန်လောင်ချီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူ၏ လက်ကောက်ဝတ်ကို လှန်လိုက်ရာ ထန်လောင်ချီ၏ ခန္ဓာကိုယ်ကြီး တရကြမ်းတုန်ခါသွား၏။ လူကား သူ့ဆီသို ဒိုးနတ်တစ်ခုလို တရွတ်တိုက်ပါသွားသည်။


ဟန်ချင်စုန့်က သူ့ကို မြေပြင်ပေါ် ပစ်မချဘဲ လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ထန်လောင်ချီကို ညာပုခုံးနှင့် ပြန်တိုက်လိုက်၏။


ထန်လောင်ချီ  အတိုက်ခံလိုက်ရခြင်းကြောင့် သတိလွတ်သွားပြီး နောက်ပြန်ဆုတ်သွားခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။


 ထန်လောင်စန်းက ချက်ချင်းပင် သူ့ကို ထိန်းရန် ရှေ့သို့ တိုးလာသည်။ထိန်းနိုင်လောက်မည်ဟု သူထင်ခဲ့သော်လည်း ထန်လောင်ချီက ထိုကဲ့သို့သော အားဖြင့်ဆက်ဆုတ်လာပြီး သူ့ကိုပင် ခြေလှမ်းများစွာ ဆုတ်သွားစေကာ မြေကြီး  ပေါ်တွင် လဲကျလုနီးပါး ဖြစ်စေမည်ဟု သူ မည်သို့ သိနိုင်မည်နည်း။


 ဒီလူက အရမ်းသန်မာတယ်...


 ထန်လောင်ချီကို ထိန်းပေးပြီးနောက် သူချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ သူ ကျားနှင့် ဝံပုလွေကဲ့သို့ ဟောက်လိုက်၏။


 "သေနာ ကောင်လေး... ပုန်းမနေနဲ့..."


 ထိုလူက စစ်ထဲကပြန်လာပြီး ယခု ကွန်မြူနတီ၏ခေါင်းဆောင်လုပ်နေသည့် လင်းမိသားစု၏တုတ္ထသမက်ဖြစ်သော ဟန်ချင်စုန့်ဖြစ်ကြောင်း ထန်လောင်ယာနှင့် တခြားသူတွေက ချက်ချင်းသိလိုက်ကြသည်။ သူတို့ကသာ ပိုမိုကျိုးနွံကြပါက ထန်လောင်ချီ အခုချက်ချင်း ရပ်လိုက်ခိုင်းပြီး ပြောစရာသည့်ဟာကိုပြောသင့်ပေသည်။  သို့သော် သူတို့က ကျင့်သားရနေသူတွေဖြစ်ကာ ပြစ်မှုကျူးလွန်ထားခြင်းမရှိ၍ အခြားသူများကို မကြောက်ကြောင်း ပြောဆိုလေ့ရှိကြပြီး ထန်ရွာတွင် စီးပွားရေးလုပ်လိုပါက တပ်မဟာနှင့် ကွန်မြူနတီကေဒါများက သူတို့အား မျက်နှာသာပေးရသည်။ ထို့ကြောင့် ပြည်သူ့လုံခြုံရေးဗျူရို၏ညွှန်မှူး  သို့မဟုတ် ထိုကဲ့သို့သော လူများကို သူတို့မကြောက်ပေ။ 


 ထို့အပြင် သူတို့က စျေးထဲမှာ အမြဲ တိုက်ခိုက်နေကျဖြစ်ပြီး ယှဥ်လောက်သည့်လူမတွေ့ဖူးပေ။  စစ်သားတွေနှင့် ယခင်က မတိုက်ခိုက်ဖူးသည်မဟုတ်သော်လည်း  တိုက်ရသည်က ရှားပါးလှသည်။ သူတို့လည်း မသိဟန်ဆောင်ကာ သူတို့မည်မျှ ပါဝါကြီးသည်ကို ပြသရန်အခွင့်ကောင်းယူချင်ခဲ့၏။ထိုမှသာ သူတို့ခမည်းခမက်များက နောင်တွင် နားလည်မည်ဖြစ်ကာ သမက်၏အားကိုးဖြင့် ချွေးမကို အနိုင်ကျင့်ရန် မတွေးဝံ့ကြမှာဖြစ်သည်။


Xxxxxxxx

Part 534


ထိုအချိန်တွင် မနီးမဝေးတွင် ပုန်းအောင်းနေသော ထန်ဟဲဟွ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။သူမက ဟန်ချင်စုန့် နှင့် အခြားသူများကို အနိုင်ယူရန် သူမအဖေနှင့်ညီများကို စောင့်ဆိုင်းနေခြင်းသာဖြစ်ပြီး ၎င်းနောက်  သူမကိုယ်တိုင်  လက်စားချေရန်သွားပေမည်။


ထန်လောင်ချီက ကြွေးကြော်ပြီး ဟန်ချင်စုန့်ကို လက်သီးဖြင့် အပြင်းအထန် ထိုးလိုက်သည်။သူ ဟန်ချင်စုန့် ကို ပြင်းထန်စွာ ထိမိပါက တစ်ဖက်လူသည် အနည်းဆုံး နေ့တစ်ဝက်လောက် သတိလစ်သွားပေလိမ့်မည်။


ဟန်ချင်စုန့်က ထန်လောင်ချီ  သူ့ဆီသို့ တရကြမ်း ပြေးဝင်လာနေသည်ကို ကြည့်နေ၏။ ပြိုင်ဘက်က ဝံပုလွေကဲ့သို့ ဟိန်းဟောက်နေပြီး ၎င်း၏ လက်သီးများက ကြက်သွန်ဖြူ ငရုတ်ဆုံကဲ့သို့ ကြီးမားကာ ခြေထောက်များက သစ်ပင်ငုတ်တိုများကဲ့သို့ ထူထဲနေသော်လည်း သူ့မျက်လုံးထဲတွင်မူ ကလေးတစ်ယောက်လိုတိုက်ခိုက်နေခြင်းဟုသာမြင်သည်။


 သူက တဝမ်ကို တစ်ချက်ကြည့်ပြီးဆိုလိုက်၏။


 "အားနည်းချက်"


 

တဝမ်: "လက်မောင်း၊ ခါး၊ ပေါင်... နေရာတိုင်းမှာ"


 ထိုသို့ပြောနေစဥ် လက်သီးကကျဆင်းလာလေပြီ။


ဟန်ချင်စုန့်က ပုန်းကွယ်ခြင်းမပြုသလို  ရှောင်ဖယ်ခြင်းလည်းမပြုခဲ့ပေ။ထိုအစား၊ သူ၏ညာလက်ကို ဓားတစ်လက်ကဲ့သို့ပုံစံယူကာ ပြိုင်ဘက်၏လွှဲနေသောလက်ကိုဖြတ်ကာ ထန်လောင်ချီ၏*ချွီချီအပ်စိုက်မှတ်ကို လှီးဖြတ်လိုက်သည်။

(T/N–Quchi acupuncture point)


 အသံက သိပ်မကျယ်သလို အားလည်း သိပ်မပါပေမဲ့ ထန်လောင်ချီ က နာကျင်သွား၏။


 နာတယ်ဟ... နာလိုက်တဲ့ဖြစ်ခြင်း... နာကျင်လွန်းလို့ သူ မခံစားနိုင်ဘူး....


ထန်လောင်ချီ ချက်ချင်းလက်ငင်း သူ့လက်ဖျံကို မမြှောက်နိုင်တော့ဘဲ တံတောင်ဆစ်အောက်သို့ တအိအိကျဆင်းသွားသည်။


 "အားးး... ငါ့လက်ကျိုး​သွားပြီ... ကျိုးသွားပြီ" 

ထန်လောင်ချီ  ထိတ်လန့်သွားပြီး ထအော်၏။


ဟန်ချင်စုန််က တဝမ်ကိုပြောလိုက်သည် ။


 "ပြိုင်ဘက်က ရက်စက်တဲ့လူမဟုတ်ရင် သူ့ကိုရိုက်သာရိုက်...ဓားထက်ထက်နဲ့ထိုးရင်တောင် မလန့်နဲ့ ...လက်တစ်ဖက်နဲ့သူ့လက်ကို ထိန်းပြီး လည်ပင်းကို လက်ဖဝါးနဲ့ မြန်မြန်ခုတ်...တစ်ချက်တည်းနဲ့ ရန်သူကို  အနိုင်ယူ"


 တဝမ်ကလည်း လိုက်သရုပ်ပြုသည်။


 ရှိသမျှလူတိုင်း ဆွံ့အသွားကြ၏။ မူလက ထန်မိသားစုကလူတွေ လာတိုက်ကြခြင်းသော်လည်း ဘာကြောင့် မတိုက်သလဲဟု သူတို့သိချင်နေခဲ့ကြသည်။ ယခုမူ ဟန်ချင်စုန့် သူ့သားကို သင်ပေးရန်အတွက်   တိုက်ရိုက်စာသင်ခန်းဖြစ်လာ၏။


လင်းလန် ဟန်ချင်စုန့် အလေးအနက်  တိုက်ခိုက်သည်ကို မမြင်ဖူးပေ။ စန်းကောက တကယ်ချောသည် ။သူမ၏ မိန်းကလေးဆန်သော နှလုံးသား ပြန်လည်ရှင်သန်လာသည်ဟု ခံစားရသည်။


ကျန်းယောင်ကျူးက ပြုံးပြီး အဘိုးကြီးလင်းဘက်သို့ စောင်းငဲ့ကာဆို၏။


 "အဖေ... ဘယ်သူက စွမ်းအားကြီးတယ်ဆိုတာအဖေ သိပါတယ်...ဒီမှာ  ကြီးကျယ်မြင့်မြတ်တဲ့   နတ်ဘုရားကြီး ရှိတယ်... အဲ့ဒါကြောင့် တခြားနေရာမှာ နံ့သာပေါင်းကို မီးရှို့စရာ မလိုဘူး" (တခြားသူကို ကိုးကွယ်/ကြောက်စရာမလိုဘူး)


အဘိုးကြီးလင်း  ရှက်ကိုးရှက်ကန်းနှင့် မျက်နှာနီသွားပြီး ဆေးအိုးကိုဆက်ခေါက်နေသည်။ဆေးလိပ်သောက်ရင်း ရှက်နေသော မျက်နှာကို ဖုံးထား၏။ သူ ထန်လောယာကို တကယ်ကြောက်သည်ဟု မပြောနိုင်ပေ။


အဘွားကြီးလင်းနှင့် အစ်မကြီးလင်းတို့လည်း တိုက်ပွဲကြည့်ရန် အိမ်ထဲမှထွက်လာကြသည်။


ထိုနေရာရှိ ထန်မိသားစုမှ ညီအစ်ကိုများမှာ ဒေါသထွက်နေကြလေပြီ။ ထန်လောင်ယာက  ဤနေရာသို့ မရောက်မီတွင် သင်ခန်းစာတစ်ခုပေးလျှင် လုံလောက်ကြောင်းနှင့် နောင်တွင် ဆက်ဆံရမခက်စေရန်အတွက် လူတွေကို  ထိခိုက်အောင်လုပ်၍မရကြောင်းပြောခဲ့သည်ကို မေ့သွားကြသည်။ 


ပြည်သူတွေက အရာရှိတွေနှင့်မတိုက်ခိုက်ကြပေ။ သူတို့က ဟန်ချင်စုန့်မှန်း မသိဟန်ဆောင်ပြီး ရိုက်နှက်ဆုံးမကာ တစ်ဖက်လူက ညှာတာရန်တောင်းပန်လာသည်ထိ စောင့်ပြီးမှ နားလည်မှုလွဲသည်ဟု ဆိုကာ တစ်ဖက်သားနှင့် အကျိုးသင့်အကြောင့်သင့်ညှိရန်တွေးခဲ့ကြသည်။


ယခု တစ်ဖက်လူကရောက်လာပြီး သူ့ကို အရင်မျက်နှာဖြတ်ရိုက်ကာ အရင်ထိုးနှက်ပြီး လောင်ချီကိုပင် ရိုက်နှက်နေ၏။


အဆင်ပြေပါဦးမည်လော...


တတိယလေးနှင့် သတ္တမလေးတို့က ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် သူက ထွက်ကာ ပြေးပြီး ဟန်ချင်စုန့်ကို ပြင်းပြင်းထန်ထန် ကန်ကျောက်ခဲ့သည်။


ထန်ဟဲဟွ  အဝေးကနေ လှမ်းမျှော်ကြည့်ကာ တတိယအစ်ကိုဖြစ်သူက ထိုလူကို သွေးအန်ပြီး ပျံထွက်သွားသည်အထိ  ကန်ထုတ်နိုင်မည်ကို မျှော်လင့်နေ၏။


ပရော်ဖက်ရှင်နယ်(ကျွမ်းကျင်)နှင့် အပျော်တမ်း အကြား ခြားနားချက်မှာ  ပြင်ပ အခြေအနေများ မည်မျှပင် ကောင်းမွန်ပါစေ၊ နေရာတိုင်းတွင် ဟာကွက်များ ရှိနေခြင်းပင်။


    

တတိယလေးက သူ၏ခြေထောက်များတွင် ကြီးမားသော ခွန်အားရှိပြီး သစ်ပင်ငယ်တစ်ပင်ကို တစ်ချက်တည်းကန်ချိုးနိုင်သော်လည်း ဟန်ချင်စုန့်က အကန်ခံရန်  မတ်တပ်ရပ်စောင့်နေသောအရာဝတ္ထုမဟုတ်ပေ။ ဟန်ချင်စုန့်ကို အစွမ်းကုန် ကန်ထုတ်လိုက်သောအခါ၊ ဤကန်ချက်က အနည်းဆုံး ဟန်ချင်စုန့်ကို အနွေးကုတင် ပေါ်တွင် လဝက်ကြာ လဲနေစေမည်ဟု သူထင်ခဲ့သည်။


 အမှန်တွင်မူ "ဘန်း"ခနဲအသံဖြင့် ထန်လောင်စန်းအနောက်သို့ ပျံထွက်သွားသည်။


 ယခုတစ်ကြိမ်တွင် ဟန်ချင်စုန့် ကံကောင်းခြင်းမဟုတ်၊ထိတ်တိုက်ရင်ဆိုင်ခြင်းဖြစ်၏။ ထန်လောင်စန်း။ကန်ချက်ကို ရပ်တန့်နိုင်ရုံသာမက 

ထန်လောင်စန်းကိုလည်း အရှိန်ယူခြင်းဘာခြင်းပင်မရှိဘဲ ပြန်ကန်ထုတ်ခဲ့သည်။


သူက ဘယ်လောက် သန်မာလိုက်လဲ...


မြင်ကွင်းက တိတ်ဆိတ်နေပြီး ခြံစည်းရိုးမှာ တကွတ်ကွတ်လုပ်နေကြသည့် ကြက်တွေပင် ချက်ချင်းတွန်သံရပ်သွားကြ၏။


 ထန်လောင်စန်း  မြေကြီး ပေါ်သို့ လဲကျသွားပြီး သူ့ဘာသာသူ မလှုပ်ရှားနိုင်တော့ပေ။ထန်လောင်ယာ  နှင့် အခြားလူများက သူ့ကို  ပြေးကြည့်ကြသည်။


 ထန်လောင်ချီက အံကြိတ်ကာခေါ်၏။


 "တတိယအစ်ကို... " 

 မင်း အဆင်ပြေနေရမယ်...


 ဟန်ချင်စုန့် : "သူ့ကို မထိနဲ့... နှစ်ရက်လောက်ပဲ အိပ်ခိုင်းလိုက်"


    "! ! !"


စန်းဝမ်က စတင်၍  တဖြောင်းဖြောင်း လက်ခုပ်တီးပြီး အမှောင်ထဲမှာ ပုန်းနေသည့် အိမ်နီးနားချင်းတွေပင် လက်ခုပ်တီးပြီး သြဘာပေးကြသည်။ ကြည့်ရတာ အရမ်းပျော်ဖို့ကောင်းတယ်...


စန်းဝမ်က ရယ်ပြီးပြော၏ ။


 "ခုနလေးတင်း ငါ့ရဲ့ဒုတိယအစ်ကို ဘာပြောလိုက်လဲ...ဘာလို့ နားမထောင်တာလဲ ဟားဟား... အဘိုးကြီး စကားနားမထောင်နဲ့....." 


 သူ့စကားမဆုံးခင် တဝမ်က သူ့ကို ပြန်မသွားပြီး အေးဆေးနေရန်ပြောလိုက်သည်။


    စန်းဝမ် မည်သို့ နေနိုင်ပါမည်နည်း။ကလေးတွေက စိတ်လှုပ်ရှားလွန်း၍ ဆက်တိုက်အော်ဟစ်နေကြသည်။ သူက ရှောင်ဝမ်နှင့်ဟောင်နန်

ကို လက်ဟန်ခြေဟန်နှင့် ဆွဲထုတ်လိုက်၏။


လင်းလန် ဟန်ချင်စုန့် ဆီသို့ လျှောက်သွားကာ သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမမျက်လုံးများက ပန်းရောင်ကြယ်ပွင့်များ ပြည့်နှက်နေပြီး ဟန်ချင်စုန့်ကို ဓာတ်လိုက်ခံရသကဲ့သို့ ခံစားလာရစေသည်။


လင်းလန်က  ထန်မိသားစုမှ လူတိုင်းကိုပြောလိုက်၏။


 "ချစ်လှစွာသော မိသားစုရေ...ကျွန်မတို့ အခုပဲ ထိုင်ပြီး စကားပြောလို့ရမလား" 

 

ထန်ဟဲဟွ၏ ဒေါသကို မြင်ထားရာတွင်  ထန်မိသားစုက ကျိုးကြောင်းဆီလျော်မှုမရှိဘူးဆိုသည်ကိုလည်း သူမသိသည်။ မဟုတ်လျှင် သူမ လင်းမိသားစုမှ လူကြီးနှစ်ယောက်ကိုချုပ်ကိုင်နိုင်မည်မဟုတ်ပေ။ယခု သူတို့ကို စန်းကော အနိုင်ယူနိုင်လေရာ အဖြစ်မှန်ကို အသိအမှတ်ပြုဖို့ အချိန်တန်လေပြီ။


Xxxxxxx