Part 537
ထန်လောင်ယာက အမျိုးသမီးများအကြောင်းကို များများစားစားမသိသော်လည်း မည်သူက အဝင်အထွက်လုပ်သည်ကိုကား သူသိဆဲဖြစ်သည်။အမျိူးသမီးကျန်းကို အဒေါ်စွေ့ သို့မဟုတ် အဒေါ်စွေ့ရှင်းဟုခေါ်သည်။
"အဒေါ်စွေ့လား..."
ထန်လောင်ယာက သူ့မုတ်ဆိတ်မွေးကို သပ်တ်လိုက်ပြီးဆို၏။
"ဒီအဘွားကြီး သူ နေ့တိုင်း ခိုးကြောင်ခိုးဝှက်ဝင်ထွက်တာကို ငါမကြိုက်တဲ့ဟာကို... ညစ်ပတ်တာတွေ လုပ်လိုက်သေးတာလား"
သူက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး
"တကယ်သာဖြစ်ခဲ့လို့ရှိရင် ငါ ထန်လောင်ယာ သေချာပေါက် ပြတ်ပြတ်သားသား လုပ်ပေးမယ်"
လင်းလန်: "အမျိုးသမီးကျန်းကို ဖမ်းထားပြီးသား...သူက ရှင့်အဘွားကြီးက သူ့ကိုခိုင်းတာလို့ ပြောတယ်... အရင်က ကျွန်မရဲ့တတိယအစ်မရဲ့ လုပ်ငန်းမှာ ဝင်စွက်ဖက်ချင်နေတာ...တတိယအစ်မက တစ်ယောက်ယောက်က အလုပ်ရှာချင်ရင် ကူညီမယ်လို့ပြောတယ် ... ဒါပေမဲ့ ရှင့်အဘွားကြီးက လောဘကြီးလွန်းပြီး အမြတ်ဝေစုပေးဖို့ တောင်းဆိုတယ်...ဒါက တပ်မဟာရဲ့ ဘေးပေါက် စီးပွားရေးဖြစ်ပြီး တတိယအစ်မကတော့ ဂရုမစိုက်ဘူး... ရှင်တို့ကတပ်မဟာမဟုတ်ဘူး...အပြင်လူတွေက မိတ်ဖက်ဖြစ်ဖိုမလွယ်ဘူး... ဒီမိသားစုက အမြတ်ဝေစုမပေးတာနဲ့ ရှင်တို့က ပြဿနာရှာတယ်...ကျွန်မမောင်နဲ့သူမိန်းမမျက်နှာကိုတောင်မထောက်ဘူး...အရှက်မဲ့လွန်းလိုက်တာ"
သူ့မိန်းမပါဝင်ပတ်သက်ကြောင်းကြားသောအခါ ထန်လောင်ယာ၏မျက်နှာအိုကြီး တဆတ်ဆတ်တုန်နေသည်။
သူက သူ့ပေါင်ကို ဖြန်းခနဲရိုက်ပြီးဆိုလိုက်၏။
"ဒါက တကယ်ဖြစ်ဆိုရင်...ငါ ....."
သူက သူ့သားနှင့်တူတွေကို စိုက်ကြည့်ရင်း
"သေစမ်း...ငါသူ့ကို ကွာရှင်းလိုက်မယ်"
ထန်လောင်အာ စိုးရိမ်တကြီးဆိုသည်။
"အဖေ...အဲ့လိုလုပ်လို့မရဘူး.. သူတို့ပြောတာကို နားမထောင်နဲ့...ဘယ်သူသိမှာလဲ သူတို့က သူများကို စွပ်စွဲနေတာဟုတ်မဟုတ်ကို"
တန်လောင်ချီကလည်း ပြော၏။
“ဟုတ်တယ်...သူတို့က ကျုပ်ညီမကိုတောင် ရိုက်လိုက်သေးတယ်"
လင်းလန်ကပြောလိုက်သည်။
“ဒီကိစ္စကို အရင်ရှင်းပါ... မင်းညီမကို ရိုက်တဲ့ကိစ္စကို နောက်မှ ဆက်ဆွေးနွေးကြရအောင်"
သူမက ထန်လောင်ယာကိုကြည့်ပြီး ဤကိစ္စကို သူဘယ်လိုဖြေရှင်းမလဲဆိုသည်ကို သိချင်မိ၏။
ထန်လောင်ယာ၏မျက်နှာက ပြာတလှည့်နီတလှည့်ဖြစ်နေပြီး ခဏအကြာ၌ စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ခေါင်းကိုလှည့်ကာပြောသည်။
"သွား...မင်းအမေကို ငါ့ဆီခေါ်လာခဲ့"
အစ်ကိုကြီးထန်နှင့် တခြားသူတွေ အလွန်အံ့သြသွားကြ၏။ သူတို့အဖေက လင်းမိသားစုကို ရှင်းလင်းချက်တစ်ခု တကယ်ပေးချင်နေပုံရသည်။ ယေဘုယျအားဖြင့် ပြောရလျှင် သူတို့မိသားစု၏ ပြဿနာများကို ဖြေရှင်းသည့် နည်းလမ်းမှာ သူတို့၏ လက်သီးများကို ဦးစွာသုံးပြီးမှာ အကျိုးသင့်အကြောင်းသင့်ဖြေရှင်းခြင်း ဖြစ်သည်။ ကိုယ့်အမှားပါလျှင် ဝတ္တရားအရ တောင်းပန်ပြီး ကျေအေးလိုက်မည်ဖြစ်၏။ တစ်ဖက်၏ အမှားဆိုပါက တစ်ဖက်က တန်ကြေး တစ်ခု ပေးလျော်ရပေမည်။
ယနေ့မူ တစ်ဖက်သားကိုပင် မထိမိရသေးရာ ကြင်နာဖို့ရာ မလွယ်ကူမှာကို ကြောက်ရ၏။ထို့အပြင် သူတို့က ရိုးရိုးသာသားပင် တောင်းပန်ရဦးမည်။
ထိုအချိန်တွင် ထန်ဟဲဟွ နှင့် ရှောင်ရှင်းတို့က ပုန်းကာ ခေါင်းပြူကြည့်နေကြသည်။သူမ၏အဖေက ထိုလူများကို အနိုင်ယူပြီးသည်ထိစောင့်ပြီးမှ ထွက်လာကာ သူမ၏ ဂုဏ်သိက္ခာကို ပြသ၍ လင်းလန်နှင့်လင်းမိန်တို့ကို ဆဲဲပီး အကြိမ်ပေါင်းများစွာ ပါးရိုက်ပစ်မည်ဟု မူလကတွေးခဲ့သည် ။ အနာဂတ်မှာ သူမနှင့်ပြိုင်ဝံ့ဦးမလားကြည့်ရမည်။
အတွေးထဲမှာ ဟုတ်နေသော်လည်း အမှန်တွင် ထိုမျှ ကောင်းမနေဟု သူမမည်သို့သိပါမည်နည်း။
သူမအစ်ကိုတွေက တစ်ယောက်ပြီးတစ်ယောက် ပစ်ထုတ်ခံရပြီး ဟန်ချင်စုန့်က သူတို့ကို အမှောက်သိပ်ခဲ့၏။
ထန်ဟဲဟွ အတော်လေး ရှက်လည်းရှက်၊ ဒေါသလည်းဖြစ်သည့်အပြင် မတရားသလိုခံစားရသော်လည်း သူတို့ပြောသမျှကို သွားနားထောင်ရန် ရှက်ရွံ့လွန်းလှသည်။ စင်စစ်အားဖြင့် သူမ က သူမအမေအိမ်သို့ ပြန်မည်ဟု ပြောခဲ့ပြီး သူမ ပြန်သွားလျှင် သူမယောက်ျားက သူမကိုလာမခေါ်ပါက ရှက်စရာအလွန်ကောင်း၏။
ထိုအချိန်တွင် အစ်ကိုအကြီးဆုံး ထွက်လာသည်ကိုမြင်လျှင် သူမ ကမန်းကတမ်း ထနှုတ်ဆက်လိုက်သည်။
“အစ်ကိုကြီး ဘယ်လိုနေလဲ "
အစ်ကိုကြီးထန်က(ထန်လောင်တ) သူမကို ကြည့်ကာဆို၏။
“လက်သီး မသုံးနိုင်ရင် ကောင်းကောင်းမွန်မွန်ဖြေရှင်းရမှာပေါ့"
ထန်ဟဲဟွ:...
ငါ့အစ်ကိုတချို့က ယှဥ်လောက်မဲ့သူမတွေ့ဖူးသေးဘူး...လက်သီးနဲ့အလုပ်မဖြစ်ဘူးလား...
"အစ်ကိုကြီး ဘာလုပ်နေတာလဲ"
အစ်ကိုကြီးထန်က ဝမ်းနည်းသည့်မျက်နှာဖြင့်ပြောလာသည်။
"အမေ့ကို ဒီကိုခေါ်ခဲ့မလို့"
ထန်ဟဲဟွက ပြာယာခတ်သွား၏။
"အစ်ကိုကြီး ...အမေ့ကို ဘာလို့ ဒီကိုလာခိုင်းရတာလဲ"
အစ်ကိုကြီးထန်: "နင်တို့လုပ်ခဲ့တာလေ...သူများလုပ်ငန်းကို ဘာကြောင့် တိုင်တာလဲ... အစီရင်ခံချက်ကိုလည်း စောစောစီးစီး အစီရင်ခံပြီး သူတို့အဖွဲ့ကို တပ်မဟာရဲ့ ဘေးပေါက်လုပ်ငန်းတစ်ခုအဖြစ် ပေါင်းစည်းလိုက်ပြီးသား... သွားတိုင်ရအောင် နင်တို့ဘယ်လောက်တုံးရတာလဲ"
ထန်ဟဲဟွက ပေါ့ပေါ့တန်တန်ပြော၏။
"ငါကဒေါသထွက်နေတော့ ငါ ဒေါသကို ဖြေဖျောက်ချင်ရုံ.....”
သူမ ပြောပြီးသည်နှင့် ပါးစပ်ကို အမြန်အုပ်လိုက်သည်။
အစ်ကိုကြီးထန်: "ဒါဆို နင်သိတယ်ပေါ့"
ထန်ဟဲဟွက ချက်ချင်း ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီးဆို၏။
"အစ်ကိုကြီး...ငါမသိပါဘူး... အမေပြောတာကို ငါကြားခဲ့တာ...သူက ငါ့ဒေါသကို ဖြေဖျောက်ဖို့ လို့ ပြောတယ်...သူက တကယ်ကြီး မတိုင်ချင်ခဲ့ပါဘူး"
"ဘာလို့ ငါ့ကို မပြောတာလဲ...မိုက်လိုက်တာ... ခြားနားချက်ကိုတောင် မပြောနိုင်ဘူး"
အစ်ကိုကြီးထန်က ဒေါသတကြီး ထွက်သွားသည်။
သူက အရပ်ရှည်ပြီး သွက်လက်လေရာ အဘွားကြီးထန်ကို အမြန်ပြန်ခေါ်လာ၏။
ထန်ဟဲဟွ ကြောက်လွန်း၍ ကလေးများကို ခေါ်ကာ သွားပုန်းခဲ့သည်။
......
မကြာခင်တွင် ထန်လောင်တက အဘွားကြီးထန်ကို အိမ်ထဲသို့ ခေါ်လာခဲ့သည်။ အဘွားကြီးထန်က သူ့နောက်ကျောကို လက်ဖြင့် ပုတ်ကာ ဂုဏ်ယူစွာဖြင့်ဆို၏။
"မှန်တယ်... မင်း ဘာလို့ ငါ့ကို ပေးမလုပ်ရမှာလဲ... ဟဲဟွကို ရိုက်တဲ့သူဘယ်သူမဆို ဟဲဟွအတွက် ပြန်လက်စားချေရမယ်... အတူတူဝိုင်းရိုက်ကြမယ်... ဆယ်ကြိမ်လောက်ရိုက်ရအောင်...ဘယ်သူ ငါတို့ကို ရိုက်ရဲမလဲကြည့်ရသေးတာပေါ့"
ထန်လောင်တက အဘွားကြီးထန်ကို ခေါ်ရာတွင် သူ့အဖေက ဒေါသထွက်နေပြီး သူမကို ထိပ်တိုက်ဖြေရှင်းခိုင်းရန်ခေါ်သည်ဟုဆိုလျှင် မလာမှာ သေချာသည်။ သူ့အမေ မလာလျှင့် ကြိုးနှင့်ချည်ခေါ်၍မရသဖြင့် ထန်လောင်တက လိမ်းပြီး နစ်နာကြေးယူရန်ဟုပြောကာခေါ်လာခြင်းပင်။
အဘွားကြီးဟန်က တကယ်ကြီး ယုံသွား၏။
ထိုစကားကို တူများကြားသောအခါတွင် အစ်ကိုအကြီးဆုံးက အဘွားကြီးထန်ကို လှည့်စားနေမှန်း သိသဖြင့် ချက်ချင်းပင် ခေါင်းငုံ့ကာ မသိဟန်ဆောင်ကြသည်။မှန်၏၊ယင်းက လိမ်ညာခြင်းမဟုတ်ပေ။ အမှန်ကို နစ်နာကြေးယူရန်ဖြစ်သော်လည်း တခြားသူများအတွက် နစ်နာကြေးယူပေးရမှာဖြစ်၏။
ထန်လောင်ယာက နှာမှုတ်ကာ သူမကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီးဆိုသည်။
"မင်းက မျက်နှာတကယ်ပြောင်တာပဲ"
အဘွားကြီးဟန် လန့်ဖျပ်သွားပြီး မြေပြင်ပေါ်ထိုင်လုနီးပါးဖြစ်သွား၏။ ထန်လောင်တက သူမကို အမြန်ဖမ်းလိုက်သည်။
ထန်လောင်ယာ၏ အသွင်အပြင်အရ သူ့ကို လူသတ်သမားဟု ပြောပါက အဘွားကြီးထန်သည် ကြင်နာတတ်သည့် အဘွားကြီးဟုဆိုရပေမည် ။ ဆံပင်ကို သပ်သပ်ရပ်ရပ် ဆံထုံးထုံးထားပြီး ကြင်နာတတ်သည့် မျက်ခုံးတွေ၊ မျက်လုံးတွေရှိလေသည်။ သူမကို ဘယ်လိုပဲကြည့်ကြည့် ကြင်နာတတ်တဲ့သူတစ်ယောက်ဟုသာ မြင်ရ၏။
Xxxxxxxxx
Part 538
အဘွားကြီးထန် အခြေအနေမမှန်သည်ကို ချက်ချင်းခံစားလိုက်ရပြီး သူမပါးစပ်ကို သုတ်ကာဆိုလိုက်သည်။
"ဒါကဘာလဲ...ငါ့ကိုသတ်ဖို့ခေါ်တာလား... တစ်ခန်းလုံးက ငါ့ကိုဝါးစားတော့မှာလား"
ထန်လောင်ယာ: "ဘာလို့ငိုနေတာလဲ... မေးပါရစေဦး...သူများသမီးတွေရဲ့ စီးပွားရေးကို ဘာလို့ တိုင်တာလဲ"
အဘွားကြီးထန်က ငြင်းချင်သေးပေမဲ ထန်လောင်ယာက စားပွဲကို ရိုက်လိုက်၏။
"မင်းငါ့ကို အရူးလို့မြင်နေတာလား... လူတိုင်းမှာ သက်သေတွေရှိတယ်...မင်းရဲ့ကျန်းစွေ့ကူက အဖမ်းခံထားရတယ်ကွ"
အဘွားကြီးထန်က သူမအဘိုးကြီးကိုအဖြေရှာရန် တစ်သက်လုံး ကြိုးစားနေခဲ့သည်ဖြစ်ရာ သူ့စိတ်နေစိတ်ထားကို စေ့စေ့စပ်စပ်သိပြီး ရန်ပွဲကိုမြင်ပြီးနောက် လျှို့ဝှက်ထားလို့မရမှန်း သူမသိသည်။
“ဒါက သူ့ကိုယ်ပိုင် အကြံအစည်ပဲ...ကျွန်မ လုံးဝ မသိဘူး...သူကလမ်းတွေ လမ်းကြားတွေ မှာ ရှိတဲ့ အရာအားလုံးကို သိတယ်...သူက ကျွန်မကို ဟဲဟွရဲ့ တတိယယောက်မ မိသားစုမှာ အလုပ်ရှိတယ်လို့ ပြောပြီး ဝင်ရအောင်လို့မြှောက်ပေးခဲ့တာ...အဲ့ဒီတုန်းက ကျွန်မ သူ့ကို ယွမ်အနည်းငယ်ပေးခိုင်းခဲ့တယ်... တတိယယောက်မက သဘောမတူရင် ထုတ်ပယ်ခံရလိမ့်မယ်လည်း ကျွန်မပြောခဲ့တယ်...သူက အငြိုးထားပြီး ခွင့်ပြုချက်မရဘဲ သူ့ဒေါသကို ဖြေဖျောက်ဖို့ သွားတိုင်ခဲ့တာ... အဲဒီအချိန်တုန်းက ကျွန်မတကယ်ကို မသိခဲ့ဘူး အာ... နောက်မှ သိလိုက်ရတာ"
လင်းလန်က အေးစက်စွာပြောလိုက်၏။
"အမျိုးသမီးကျန်းရဲ့ဝန်ခံမှုက ရှင်က မြှောက်ပေးခဲ့တာတဲ့...အခုကျ ရှင်ကအမြှောက်ပေးခံရတာလို့ပြောနေတယ်... ဒါက ရှင့်ကိစ္စ...ကျွန်မတို့ကိစ္စမဟုတ်ဘူး"
ထန်လောင်အာက ဒေါသတကြီးပြောလေသည်။
"ငါ့အမေက မလိမ်ဘူး... သူက အမျိုးသမီးကျန်းလို့ပြောရင် အမျိုးသမီးကျန်းပဲ... ဘာလို့မယုံရတာလဲ"
လင်းလန်က သူ့ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်၏။
နင့်အမေက မလိမ်ဘူးလို့ ထင်နေတာလား... သူမ က မလိမ်ဘူးပေါ့လေ... အခုလေးတင် အရိုက်ခံထားရတာက မနာဘူးလား...
သူ့သား အဆင်မပြေဖြစ်နေသည်ကိုမြင်သောအခါ ထန်လောင်ယာ ငေါက်လိုက်၏။
"ထွက်သွားစမ်း..."
သူက သူ့မိန်းမကို စိုက်ကြည့်ရင်း
"စီမန် ... လက်ထပ်ခွင့်တောင်းတုန်းက ငါပြောခဲ့တာကို သတိရ... မင်းငါ့ကို ထပ်ပြီး ဟန်ဆောင်ရင် ငါ မင်းကို ကွာရှင်းပြီး မင်းမိဘမိသားစုဆိပြန်ပို့လို့ရသေးတယ်နော်...ယုံလား"
အဘွားကြီးထန် ချက်ချင်း အံ့အားသင့်သွားပြီး မျက်နှာကို အုပ်ကာငိုတော့သည်။
"ကျွန်မ ရှင်နဲ့ အိမ်ထောင်ကျတာ နှစ်အတော်ကြာနေပြီ .သားသမီးတွေလည်း အများကြီး ရှိနေပြီး...အဲ့ဒါကိုရှင်က ဒီစကားပြောနေတုန့်းပဲ... ဘာကိုစောင့်နေသေးတာလဲ...ကြိုးတစ်ချောင်း ယူပြီး....."
"ငါမလုပ်ရဲဘူးထင်နေလား"
ထန်လောင်ယာက သူ့ခါးပတ်ကို စဖြည်တော့သည်။
အဘွားကြီးလင်း သည်းမခံနိုင်တော့ပေ။
“ကောင်းပြီး... ငါတို့အိမ်မှာ ပြဿနာမတတ်နဲ့”
ထန်လောင်ယာက သူ့ခါးပတ်ကို မဖြုတ်တော့ဘဲ အဘွားကြီးလင်းကို တစ်ချက်ကြည့်လိုက်၏။
လင်းလန်: "အမျိုးသမီးကျန်းပဲဖြစ်ဖြစ်၊ အဘွားကြီးထန်ပဲဖြစ်ဖြစ် ဘယ်သူကဘယ်သူ့ကို သွေးထိုးလှုံ့ဆော်တာလဲဆိုတာ...ရှင်တို့မိသားစုက ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာ...ကျွန်မတို့က ဂရုမစိုက်ဘူး...ဘာပဲဖြစ်ဖြစ် ရှင်တို့နဲ့ ပတ်သက်နေတာပဲ...ကျွန်မတို့က မှားစွပ်စွဲတာမဟုတ်ဘူး"
သူ့မှာ အပြစ်မရှိဟု သူမအပြည့်အဝ မယုံပေ။မည်သို့ပင်ဖြစ်စေ အဘွားကြီးထန်က ပြုလုပ်ခဲ့သည်ဆိုလျှင်ပင် သူက အနွေးကုတင် ပေါ်မှာ တနေကုန် အတူတူအိပ်သည့်သူဖြစ်ရာ လုံးလုံး မသိဘူးဆိုသည်ကမဖြစ်နိုင်ပေ။ သိသားနှင့်ဂရုမစိုက်ခြင်းဖြစ်နေမှာစိုးရသည်။ ဘာပဲဖြစ်ဖြစ် ဤလူနည်းစုက သူတို့ကို ဒုက္ခပေးရန်သူတို့အိမ်တံခါးကို လာဝံ့၏။
ထန်လောင်ယာက ခေါင်းညိတ်ပြီးဆိုသည်။
"မှန်ပါတယ် "
သူက မတ်တပ်ရပ်လိုက်ပြီး သူ့သားများက ချက်ချင်းပင် သူ့နောက်တွင် တန်းစီကာ အဘွားကြီးလင်း၊အဘိုးကြီးလင်း နှင့် အခြားသူများကို ဦးညွှတ်လျက်ပြောလေ၏။
"တောင်းပန်ပါတယ် ငါ့ဆွေမျိုးတွေ...ငါ ငါ့အဘွားကြီးနဲ့ သမီးကို မဆုံးမမိခဲ့ဘူး...ကောင်းပြီ...ငါက အမှားလုပ်မိလို့ ငါအရင်တောင်းပန်ပါ့မယ်"
အဘွားကြီးလင်းက ကမန်းကတန်းပြောလိုက်သည်။
“ကောင်းပြီ... ဒီကိစ္စမှာ ဆုံးရှုံးမှုမရှိပါဘူး... ဆွေမျိုးတွေဆီကဆိုတော့ စိတ်မကောင်းဖြစ်တာပေါ့"
ယခုဖြစ်သည်က သူမသမီးနှင့်သားမက်တို့ကို ထိခိုက်စေ၏။ သူမသားငယ်၊သူမချွေးမနှင့်ခမည်းခမက်တွေ၏ ခံစားချက်ကို ထိခိုက်စေသလို အဘွားကြီးလင်းလည်း အများကြီး နစ်နာခဲ့ရသည်။ သို့ပေမဲ့ သူတို့က ယောက္ခမတွေဖြစ်သေးသည်ပင်။ ထို့အတွက် သဘာဝအတိုင်း သူတို့ချွေးမ၏ မျက်နှာကိုထောက်ရသေး၏။
ထန်လောင်ယာက လင်းမိန်နှင့်လင်းလန် တို့ကို ထပ်မံတောင်းပန်ခဲ့ပြီး အဘွားကြီးထန်ကို စိုက်ကြည့်လိုက်သည်။ အဘွားကြီးထန် စိတ်မကောင်း ဖြစ်ပြီး မျက်ရည်များကို သုတ်ကာ လင်းမိသားစုအား တောင်းပန်ခဲ့သည်။
ထန်လောင်ယာ၏ မိသားစု စီမံခန့်ခွဲမှု ခံယူချက်သည် ဟန်ချင်စုန့်နှင့် အတူတူပင် ဖြစ်သည်။ သာမန်ယောက်ျားက အိမ်ပြင် တာဝန်ခံ ဖြစ်ပြီး မိန်းမက အိမ်ကို တာဝန်ယူ သည်။ သားကို အဖေဖြစ်သူက သင်ကြားဆုံးမပြီး သမီးနှင့်ချွေးမကိုအမေဖြစ်သူက စောင့်ရှောက်ထားသည်။ မှန်သည်ပင်၊ သူက အပြင်ဘက်မှာ အေးစက်ပြီး အတွင်းပိုင်းမှာ နွေးထွေးသည့် ဟန်ချင်စုန့်နှင့် မတူပါချေ။ သူက အပြင်မှာ ပြင်းထန်သလို အတွင်းပိုင်းမှာ လဲ အေးစက်၏။ သူ့အာရုံကြောတွေက ရေပိုက်လို ထူထဲပြီး သူ့မှာ မိမိချို့ယွင်းချက်များကို ကာကွယ်ရန် ကိုယ်ပိုင်Filter ပါရှိလေသည်။
များသောအားဖြင့် ပြသနာတွေ ကြုံလာသည့်အခါ သူ့မိသားစုက သူများတွေ၏ အမှားကို အရင်ရှာပြီး အကြောင်းပြချက်မရှိလျှင် တတိယအကြောင်းရင်းကို ရှာကြပေလိမ့်မည်။ အကယ်၍ ဟန်ချင်စုန့်သာ ဒီနေ့ဒီမှာမရှိခဲ့ဘူးဆိုလျှင် ယခင်ကလိုဖြစ်လိမ့်မည်ပင်။ သူက တံခါးနားရောက်လာပြီး လင်းလဲ့ရွှေကို ကြောက်လန့်သွားစေကာ ထန်ဟဲဟွကို ရိုက်နှက်သည့်အကြောင်း ပြောခဲ့မည်။
ထိုစဥ်က တစ်ဖက်က ကြောက်ရွံ့သွားပြီး သူတို့ပြောသည်အတိုင်းဖြစ်လာပေလိမ့်မည်။
ယနေ့ကဲ့သို့ တစ်ဖက်က သူ့ကို ရိုက်နှက်ပြီး ဦးညွှတ်စေကာ အကျိုးသင့်အကြောင်းသင့်ဖြေရှင်းသည်က ယခု ပထမဆုံး အကြိမ်ပင်။
အဘွားကြီးလင်းက ခွင့်လွှတ်မည်ဟု ပြောသော်လည်း လင်းလန် သူတို့ကို ဤမျှစျေးမပေါစေချင်ပေ။ ထန်မိသားစုကို သူမ မည်မျှ ပါဝါကြီးကြောင်း သိစေကာ တတိယအစ်မတို့မိသားစုကို နောက်တစ်ကြိမ် ထပ်မနှောက်ယှက်ရဲတော့အောင်လုပ်ချင်သည်။
အဘွားကြီးလင်းက လင်းမိန်ကို မျက်စိမှိတ်ပြပြီး သူ့မမောင်နှင့်ယောက်မတို့ ဘဝကို ကောင်းကောင်းနေထိုင်နိုင်ရန် သူမအား ထန်မိသားစုဟောင်းကို ခွင့်လွှတ်စေချင်၏။
လင်းမိန်က တုံ့ဆိုင်းသွားသော်လည်း လင်းလန်ကို ကြည့်လိုက်သည်။
လင်းလန်ကပြောလိုက်၏။
"ဒီကိစ္စအတွက် ရှင်တို့တောင်းပန်သင့်ပေမဲ့...ကျွန်မမှာ မေးစရာတစ်ခုရှိတယ်"
ထန်လောင်ယာ: "မိန်းကလေး မင်းမေးလို့ရတယ်"
လင်းလန်: "ရှင့်ရဲ့လုပ်ငန်းကို တစ်ယောက်ယောက်က ဝင်စွက်ဖက်ချင်တယ်... ရှင်ကသဘောမတူဘူး... သူတို့က ရှင့်နောက်ကွယ်မှာ သွားတိုင်ရင် ရှင်ဘာလုပ်မလဲ”
ထိုနေရာရှိ ထန်လောင်အာကလည်း အလွန်စိတ်မရှည်ဖြစ်နေလေရာ ဒေါသတကြီးအော်လိုက်သည်။
“ငါတို့လုပ်ငန်းကို ဘယ်သူက ဝင်စွက်ဖက်ရဲလဲ... ငါခုတ်ပစ်မယ်…”
"ဖြန်း"
Xxxxxx