အပိုင်း ၅၃၉-၅၄၀
Viewers 23k

Part 539


“ငါတို့လုပ်ငန်းကို ဘယ်သူက ဝင်စွက်ဖက်ရဲလဲ... ငါခုတ်ပစ်မယ်…” 


"ဖြန်း"


ထန်လောင်ယာက သူ့ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ပြီးငေါက်၏။


 "ဦးနှောက်မရှိတဲ့အကောင်...မင်းဘာလုပ်နေတာလဲ "


 ထန်လောင်အာ ထိုရိုက်ချက်ကြောင့် ကြက်သေသေသွားပြီး   ချက်ချင်းပင် ခေါင်းငုံ့ကာ ငြိမ်သွားသည်။


 အဘွားကြီးထန်က  သူ့ကို မျက်ရည်စက်လက်ဖြင့် ကြည့်လိုက်ပြီး သူမ၏မျက်နှာမှာ ဝမ်းနည်းမှုအပြည့်ရှိနေ၏။


  ထန်လောင်ယာ  : "မိန်းကလေး... မင်းဘာပြောလိုက်တာလဲ"


 လင်းလန်က ပြုံးရင်း

 "ဦးလေးထန်...ရှင်ပြောပြီးပါပေါ့... တစ်ယောက်ယောက်က ရှင့်ကိုတိုင်ရင် ရှင်ဘာလုပ်မလဲ"


 တံခါးဖွင့်ထားပြီး လေအေးက အေးစက်နေပေမဲ့ ထန်လောင်ယာ၏နဖူးက ချွေးတွေထွက်နေသည်။


    

သူသာဆိုလျှင် တစ်ဖက်လူအတွက် လွယ်မှာ မဟုတ်ပေ။တစ်ချိန်က ဝက်သားရောင်းသည့်လုပ်ငန်းအတွက် သူတို့နှင့်ပြိုင်ဆိုင်ချင်သော ညီအစ်ကိုတချို့ရှိခဲ့ပေမဲ့ အကြိမ်အနည်းငယ် ရန်ဖြစ်ခြင်းနှင့်အဆုံးသတ်သွားခဲ့ရသည်။ နောက်ဆုံးမှာ ယင်းညီအစ်ကိုတွေ အိမ်မှာပဲ ရက်ပေါင်းများစွာ လှဲနေခဲ့ပြီး ထန်မိသားစုဟောင်း၏လုပ်ငန်းကို ထပ်ပြီး မထိရဲတော့ပေ။


ပြိုင်ဘက်ကို ကြောက်အောင်ရိုက်ပစ်လိုက်...ဘာအတွေးမှတွေးရဲမှာမဟုတ်တော့ဘူး...

ဤသည်က ထန်လောင်ယာ၏ မိဘများထံမှ လက်ဆင့်ကမ်းပေးအပ်ခဲ့သော အတွေ့အကြုံဖြစ်သည်။


 ယနေ့တွင် သူတို့ကို ထိပါးနိုင်စွမ်းရှိသည့် လူတွေရှိလာ၏။


 သူက  တူလေးယောက်တည်းသာ ခေါ်လာခဲ့သော်လည်း သူမည်မျှပင်ခေါ်လာစေကာမူ ဟန်ချင်စုန့်ကို တိုက်ရန် မလုံလောက်ကြောင်း သူနားလည်ပြီးဖြစ်သည်။သူတို့က ထန်ရွာ  တွင် ဆရာကြီးဖြစ်ပြီး တပ်မဟာ ကေဒါများနှင့် ကွန်မြူနတီ အရာရှိများက သူတို့အား ဂါရဝပြုအမှတ်သုံးမှတ် ပေးရသော်ငြား သူလည်း အနှီဟန်ချင်စုန့်အကြောင်းကို ကြားခဲ့၏။ 


ပြစ်မှုရှိသူဆိုလျင် သူ(ဟန်ချင်စုန့်)က ဆွေမျိုးများကိုပင် မျက်နှာသာမပေးပေ။


 သူ့ညီကိုပင် လုပ်သား ပြုပြင်ပြောင်းလဲရန် စေလွှတ်ခဲ့သည်။


 ထို့အပြင် ပြည်သူများက အရာရှိများနှင့် ရန်မဖြစ်ပေ။


ထို့ကြောင့် ထန်လောင်ယာ လက်ခံလိုက်၏။ အောင်နိုင်သူက မင်းသားဖြစ်ပြီး ရှုံးသူက သူခိုးဖြစ်သည်၊ မည်မျှပင် ရှုံးသည်ဖြစ်စေ ပေးဆပ်သင့်သည် ။


"မိန်းကလေး... အခု စုပေါင်းစီးပွားရေးဆိုတော့...ငါတို့မိသားစုမှာ လယ်မြေလည်းမရှိသလို မွေးမြူရေးလည်း မရှိဘူး...အခုလောလောဆယ်မှာ တစ်မိသားစုလုံးရဲ့ စားစရာရိက္ခာခွဲတမ်းနဲ့ ရက်ကန်းစင်တစ်ခုပဲရှိတယ်...အထည်လက်မှတ်အတွက်  ကိုယ်တိုင်ယက်လုပ်နိုင်တယ်...ယွမ်တစ်ရာ့ရှစ်ဆယ်ရှိတာ  ... တရုတ်နှစ်သစ်ကူးအတွက် တစ်မိသားစုလုံး ယွမ်  တစ်ရာ့နှစ်ဆယ်သုံးခဲ့တယ်...ယွမ်ခြောက်ဆယ်ကျန်သေးတယ်”


“အဘိုးကြီး... မရဘူးနော်... ကျွန်မတို့က ဒီယွမ်ခြောက်ဆယ်ကို တစ်နှစ်လုံးစုခဲ့ရတာ...တစ်ယောက်ယောက်များ ခေါင်းကိုက်ခြေကိုက်ရင်... အိမ်မှာ မင်္ဂလာဆောင်တွေ မင်္ဂလာပွဲတွေရှိရင် ဘာလိုလုပ်မှာလဲ” ဟု အဘွားကြီးထန်က စိုးရိမ်တကြီး ထအော်ဟစ်သည်။


ထန်လောင်ယာက သူမကို စိုက်ကြည့်လိုက်၏။


 "အပြန်မှ မင်းနဲ့စာရင်းရှင်းမယ်"


 ယခုအချိန်တွင်  စုပေါင်းစီးပွားရေးဖြစ်ပြီး တပ်မဟာတွင် အလုပ်ရမှတ်များရရှိရန်က အမှန်တကယ် ပွင့်လင်းမြင်သာမှုရှိသည်။ သူတို့မိသားစုတွင် လူတိုင်း အမှတ်ပြည့်ရသော်လည်း၊ နှစ်ဆတိုးရလျှင် ပိုကောင်း၏။


သူတို့တပ်မဟာ၏ လုပ်ငန်းခွင်များတွင် ခန့်မှန်းခြေအားဖြင့် စားနပ်ရိက္ခာနှင့် ထင်းများအတွက် အမှတ်များကို နုတ်ယူကြပြီး ပိုက်ဆံကလည်း အတူတူပင် ဖြစ်သည်။


လင်းလန်က သူတို့ကို အမှားလုပ်မိခြင်းအတွက် တန်ကြေးမရှိဘူးဆိုသည်ကို သတိရစေချင်ရုံပင်။ မင်းရဲ့လူက တိုက်ခိုက်နိုင်တာနဲ့ပဲ ဒီလောက်ကြီး ဗိုလ်ကျနိုင်ရမှာလား...


သူမက အဘွားကြီးထန်ကို အထင်အမြင်သေးစွာကြည့်ပြီးပြောလိုကိသည်။


 "ဒီလိုလုပ်ရအောင်... ဒါဆို ယွမ်သုံးရာ ပေး... တိုင်တာကို ကြေအေးပေးလိုက်မယ်"


"ဘာ...." 


ရှိနေသူအကုန်လုံး ကြက်သေသေသွားကြ၏။

 


"အမလေး အမေရေ...နင်ဘာလို့ ဓားပြမတိုက်တာလဲ"


အဘွားကြီးထန် မေ့လဲလုနီးပါးဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သူမ နဂိုက ကြုတ်ထားသည့် မျက်ခုံးများပင့်လာပြီး မျက်လုံးများပြူးကျယ်လာကာ ယုန်ကနေ ကြမ်းတမ်းသောမြွေပါအမြီးတိုတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။


အဘွားကြီးလင်း နှင့် အဘိုးကြီးလင်းတို့လည်း အံ့အားသင့်သွားကြ၏။  ဒီကောင်မလေးက တကယ်တောင်းဝံ့သည် ။ ယခုအချိန်တွင် သူမပင် တစ်နှစ်လျှင် ယွမ်သုံးဆယ် သို့မဟုတ် ငါးဆယ်မရှာနိုင်ဘဲ တစ်ပြိုင်တည်း  ယွမ်သုံးရာ လိုချင်နေသည်လော။


  ထန်လောင်ယာက လင်းလန် 

ကိုကြည့်လိုက်သည်။ဤမိန်းကလေးက အလွန်လှပပြီး အကြောင်းပြချက်မရှိ ပြဿနာရှာနေသူ

 သူများကဲ့သို့မဟုတ်ဘဲ အကျိုးသင့်အကြောင့်သင့်ရှိပြီး ပညာတတ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ဟေး အဲ့ဒီတုန်းက  ငါ့သားကို ချွေးမအဖြစ်နဲ့ လက်ထပ်ခိုင်းရင် အခု ငါ့မိသားစုထဲမှာဖြစ်နေမှာ မဟုတ်ဘူးလား...


သူ ခဏလောက်စဉ်းစားပြီး ချက်ချင်းပြောလိုက်သည်။ 


 “သမီးလေး...မင်း ပိုပြီး လိုက်လျောညီထွေရှိနိုင်လား...ငါတို့မိသားစုက ဒီဆယ်မိုင်ရှစ်ရွာတဝိုက်မှာ အရည်အချင်းအရှိဆုံးလို့ ယူဆလို့ရပေမဲ့... တစ်နှစ်ကို ယွမ်တစ်ရာရှစ်ဆယ်သာ ဝင်ငွေရှိတယ်...ဒီနှစ်က နှစ်ကောင်းတစ်နှစ်မလို့

 တစ်ပြားတစ်ချပ်မှ မကုန်ခဲ့ဘူး"


 အဘွားကြီးလင်း ကြက်သေသေနေသော အဘိုးကြီးလင်းကို တွန်းထုတ်လိုက်ရာ အဘိုးကြီးလင်း အသိစိတ်ပြန်ဝင်လာကာ ကမန်းကတမ်း  ဆို၏။

 "ဟုတ်တယ်...အများကြီး မလိုပါဘူး"


လင်းလန်က သူတို့ကို စိုက်ကြည့်လိုက်သည်။

ရှင်တို့ဆီက လျော်ကြေးတောင်းနေတာမဟုတ်ဘူးလေ...ဘာတွေ ပြာယာခတ်နေတာလဲ...


သူတို့ ချက်ချင်း     အသိပြန်ဝင်လာပြီး လင်းမိန်ကို ကြည့်လိုက်၏။ 


လင်းမိန်လည်း ထောက်ခံသည်။


သူမသည် ကျန်းယောင်ကျူးကို ဆိတ်ဆွဲလိုက်ရာ 

ကျန်းယောင်ကျူး ညည်းမိသွား၏။


 "မိန်းမ... အဲ့ဒါမှန်တယ်" 


 ငါ့ခယ်မလေးက အဲဒါကိုတကယ်တောင်းရဲတယ်... သတ္တိရှိလိုက်တာ...


 လင်းမိန်က လင်းလန်ကိုကြည့်ကာ သူမဘာကိုဆိုလိုသည်ကိုသိလေသည်။ သူမမိဘများက သူမကိုမျက်နှာထောက်ရန်ပြောနေပြီး ထန်မိသားစုက လည်းတတ်နိုင်သမျှနည်းဖြင့်တောင်းပန်ပြီးရင်းတောင်းပန်နေကာ  လင်းလဲ့ရွှေကပါ တောင်းပန်နေ၏။


လင်းမိန်က ချောင်းဟန့်လိုက်ပြီး 

"စတုတ္ထညီမ... တစ်ချက်ကြည့်ကြည့်ရအောင်"


 လင်းလန်က ပေါ့ပေါ့ပါးပါးသာဆိုလိုက်သည်။


 "တတိယအစ်မက ခွင့်လွှတ်ဖို့ ဆန္ဒရှိတဲ့အတွက် တစ်ရာကို နုတ်နိုင်တယ်... ကျန်တဲ့ နှစ်ရာကို အခု တစ်ရာ ပေးရမယ်...ကျန်တာ နောက်နှစ်မှာ ပေးရမယ်...ဒီကိစ္စက  ပြီးသွားပြီ"


လောဘကြီးပြီး အကြွေးတင်နေစေမည်။ နှစ်နှစ်ကြာအောင် မှတ်မိနေစေမည်။ မည်သို့ပင်ဖြစ်စေ ရိက္ခာနှင့်နေ့စဉ်သုံးပစ္စည်းများသည် ထန်၏မိသားစုဟောင်းကို ဘာမှမဖြစ်စေနိုင်ပေ။သို့သော သူတို့ရရှိထားသည့် အပိုငွေများက ထန်မိသားစုကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။ သူတို့မှာ အခြားအရာများလုပ်ရန် ပိုက်ဆံမရှိတော့ပေ။


ထန်လောင်တနှင့် တခြားသူတွေ ဆွံ့အကုန်နေပြီးလေပြီ။


ထန်လောင်ယာက ရက်စက်ကြမ်းကြုတ်သော ဇာတ်ကောင် တစ်ဦးလည်းဖြစ်သည်။ သူက သူ၏လက်ဖဝါးထဲသို့ တံတွေးထွေးကာ သူ့လက်များကို ပွတ်သပ်ရင်းဆို၏။


 "မိန်းကလေး...ငါ ထန်အိုကြီးက များလွန်းတယ်လို့ မထင်ပါဘူး"


တစ်စုံတစ်ယောက်က သူ့လုပ်ငန်းမှာ ဝင်စွက်ဖက်လျှင် ထိုသူ့ကို အနွေးကုတင်ပေါ်မှာ အနည်းဆုံး နှစ်လ သို့မှမဟုတ် နှစ်နှစ်ကြာအောင် လှဲနေအောင်လုပ်မည်ဖြစ်ကြောင်း သူဝန်ခံပါသည်။


"ဒီလိုလုပ်ပါ... ငါအခုပေးပါ့မယ်...မင်း....."


လင်းလန်က စက္ကန့်ပိုင်းအတွင်း နားလည်သဘောပေါက်သွားသည်။


 "ဦးလေးထန်က ဖြောင့်မတ်တဲ့လူပဲ...ပြောလိုက်တာနဲ့ တန်းပြီးအပြည့်ပေးနေတယ်... စျေးလျော့လိုက်မယ်... 160 ပဲပေး"


အဘိုးကြီးထန်က ရိုးသားမှုရှိသောကြောင့် လင်းလန် သဘာဝအတိုင်း မျက်နှာသာပေးလိုက်သည်။


 

Xxxxxxx

Part 540


အဘိုးကြီးထန်က ရိုးသားမှုရှိသောကြောင့် လင်းလန် သဘာဝအတိုင်း မျက်နှာသာပေးလိုက်သည်။


ထန်လောင်ယာ  အတော်လေး ပျော်သွား၏။  သူက အဘွားကြီးထန်ကို ကြည့်ပြီးဆိုလိုက်သည်။


 "ဘာလဲ...မင်းက အဆင်ပြေချင်ယောင်ဆောင်နေသေးတာလား"


အဘွားကြီးထန်က တုန်တုန်ယင်ယင်နှင့်မျက်နှာကို အုပ်ပြီးငိုနေ၏။


 "ကျွန်မဘာလုပ်နေလဲကြည့်...ကျွန်မမှာ ပိုက်ဆံမရှိဘူး"


ထန်လောင်ယာက နှာမှုတ်ကာ ထန်လောင်တကို ပြောလိုက်သည်။


 "ပိုက်ဆံ သွားယူလိုက်...ငါ့အခန်းထဲက အင်္ကျီဗီရိုထဲမှာ သေတ္တာငယ်လေးတစ်ခု ရှိတယ်...အဲဒီထဲမှာ ပိုက်ဆံနည်းနည်းရှိတယ်... မင်းသွားပြီးတော့ တစ်ရာ့ခြောက်ဆယ်ကို ယူပြီး မိန်းကလေးကို ပေးလိုက်"


 “အဘိုးကြီး မဟုတ်ဘူး အားးး——” 


အဘွားကြီးထန် မျက်ရည်တွေကျလာ၏။


 "ရှင်အဲ့လိုလုပ်လို့မရဘူး...ကျွန်မတို့ အဲ့ဒါကိုရဖို့ တစ်သက်လုံး  ပင်ပင်ပန်းပန်းကြိုးစားခဲ့ရတာ…” 

 

သူမ သူမ၏ကိုယ်ပိုင်ပိုက်ဆံအတွက် ဟိုဟိုသည်သည်ကနေ အမှတ်တွေရှာပြီး စုခဲ့ဆောင်းခဲ့ရသည်။

  

ထန်လောင်ယာက ဒေါသတကြီးပြောလိုက်၏။ "မိသားစုက ဒုက္ခရောက်နေတယ်... ​​မင်းက အဲ့ဒီပိုက်ဆံနဲ့ ဘာလုပ်နေတာလဲ...ငါ့သားနဲ့ ငါ ရှာခဲ့မဟုတ်ဘူးလား"


အဘွားကြီးထန်က  သူမသားအကြီးဆုံးကို တားရန်ပြေးလာပေမဲ့ သူမအရှိန်က မလုံလောက်ပေ။ မြေကြီးပေါ် ချက်ချင်း လဲကျသွားပြီး မည်သည့်သိက္ခာကိုမှ ဂရုမစိုက်ဘဲ မြေကြီးပေါ်မှာ ငိုပါတော့သည်။


ထန်လောင်အာ သူမကို အမြန်ထူလိုက်၏။ "အမေ... ထပါ"


ထန်လောင်ယာ:  "သူ့ကို ထူမနေနဲ့... မယုံကြည်ရတဲ့ အဘွားအိုတချို့နဲ့ တနေကုန် ရှုပ်ယှက်ခတ်နေတာ...အဒေါ်သုံးယောက်နဲ့ ဇနီးခြောက်ယောက်အတွက် ကောင်းတဲ့ကိစ္စဖြစ်ပါ့မလား...အခုချိန်ကစပြီး မင်းအိမ်မှာ နေကောင်းနေရမယ်... ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်မဟုတ်ဘူးလား...စားလည်း ဘုရား ဘုရား... သွားလည်းဘုရားဘုရားနဲ့ ရွတ်နေ...ဘုရားစာဆက်ရွတ်နေလို့ရတယ်... အဒေါ် ခုနစ်ယောက်နဲ့ အဒေါ်ရှစ်ယောက်ကို မင်းအိမ်တံခါးကို လာခွင့်မပေးတော့ဘူး...ပြန်သွားတာနဲ့  မိသားစုကိုခွဲပြီး မင်းချွေးမနဲ့သားကို သူတို့ဘာသာခွဲနေခွင့်ပေးမယ်...မင်းသူတို့ကို တစ်နေ့ကုန် အနိုင်ကျင့်လို့မရတော့ဘူး"


 အဘွားကြီးထန် ညည်းတွားသံထွက်ကာ ဆန့်ငင်ဆန့်ငင်ဖြစ်လာပြီး သူ့မရင်ဘတ်ကိုဖိကာ မူးလဲပါတော့သည်။


အဘွားကြီးလင်းက အလျင်အမြန်လာပြီး  အကောင်းဆုံးသော စိတ်နှလုံးဖြင့် ကူညီသလိုမျိုး  သူမ(အဘွားကြီးထန်) ​လက်ကို ဆိတ်လိုက်သည်။


  အဘွားကြီးထန် သူမ၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ အဘွားကြီးလင်းကို ပြင်းပြင်းထန်ထန်  စိုက်ကြည့်ကာဆို၏။


 "နင်... နင် အရမ်းရက်စက်တာပဲ" 


 အဘွားကြီးလင်းက မြန်မြန်ထလိုက်သည်။


အဘွားကြီးထန်က အလွန်သနားစရာကောင်းသည့်ပုံဖြင့် စတင် ငိုပါတော့သည်။


ရွာနှစ်ရွာက တစ်ရွာနှင့်တစ်ရွာ နီး၏။ လင်းမိသားစုက လင်းရွာ၏ တောင်ပိုင်းတွင် နေထိုင်ကြပြီး ထန်မိသားစုက ထန်ရွာ အနောက်ပိုင်းတွင် နေထိုင်သောကြောင့် အကွာအဝေးက ပို၍ပင် နီးကပ်လေသည်။


 မကြာခင်မှာပဲ ထန်လောင်တ ယွမ်တစ်ရာ့ခြောက်ဆယ်နှင့်  ပြန်ရောက်လာပြီး  ထန်လောင်ယာကို ပေးလိုက်၏။ 


 ထန်လောင်ယာက စားပွဲပေါ် ကိူလေးနက်စွာ တင်လိုက်ပြီးဆိုသည်။

 "မိန်းကလေး...  ရေကြည့်ပါဦး"


လင်းလန်က မရေဘဲ ပြုံးကာပြောလိုက်၏။ 


 "ဦးလေး... အဒေါ်က ရက်ကန်းယက်ရတာကို အရမ်းစိတ်ဝင်စားနေတာ တွေ့တယ်မလား... တနေကုန်နေနေရတာ ပျင်းစရာကောင်းတယ်... ကျွန်မရဲတတိယအစ်မက တပ်မဟာမှာ ရက်ကန်းအဖွဲ့တစ်ခုရှိတယ်...ဦးလေးသူ့ကိုပြောပြီး အဒေါ့်ကိုသွားခိုင်းလို့ရတယ်.. သူကို ရက်ကန်းယက်ခိုင်းရင်း ဘယ်လောက်ကောင်းလဲ...အသက်ဘယ်လောက်ပဲကြီးကြီး အလုပ်အမှတ်တွေ အများကြီးရနိုင်တယ်လေ"


"နင်မကောင်းတဲ့မိန်းမ...ဘာလို့ဒီလောက် အကျင့်ယုတ်ရတာလဲ"


အဘွားကြီးထန်က  နှာရည်တွေ မျက်ရည်တွေ ယိုစီးနေသည်။သူမ အလုပ်မလုပ်ချင်ပေ။ ထန်မိသားစုဟောင်းထဲ လက်ထပ်ဝင်လာပြီးကတည်းက အလုပ်သွားစရာမလိုခဲ့ပေ။


ထန်လောင်ယာ  ၎င်းကိုစဉ်းစားကြည့်သောအခါ တကယ်ကိုမှန်၏။  တခြားသူတွေ၏ ရက်ကန်းလုပ်ငန်းမှာ ပါဝင်ရသည်ကို ဤမျှနှစ်သက်နေပါက  သူမ ရက်ကန်းယက်ရသည်ကို သေချာပေါက် ကြိုက်ကိုကြိုက်ရပေမည်။


"နောက်မှ တပ်မဟာကို သွားမေးကြည့်မယ်...အလုပ်ဖြစ်ရင် သူ့ကို ပို့ပြီး တစ်နှစ်လောက်ရက်ကန်းယက်ပြီး  မိသားစုကို ထောက်ပံ့ဖို့ အလုပ်မှတ်ပေးခိုင်းလိုက်မယ်"


အဘွားကြီးထန် လင်းလန်ကို ဒေါသတကြီး ကြည့်လိုက်သည်။


လင်းလန်က မကြောက်ပေ။ ကြိုက်သလို မျက်လုံးပြူးကြည့်... မကောင်းတာလုပ်လို့ အပြစ်မပေးရင်...ရှင်က သော့ခတ်ပြီး  အမျိုးသမီးကျန်းကို ရိုက်နှက်နေဦးမှာ ... ဘာမှလုပ်စရာမရှိရင် ရှင်က ပိုလို့တောင် ဆိုးလာမှာ မဟုတ်ဘူးလား... ကျွန်မရှင့်ကို အပြစ်မပေးရင် ကျွန်မမှာ အပြစ်ရှိစိတ်ခံစားနေရဦးမှာ...ကျွန်မက အရူးမဟုတ်ဘူး...


အဲ့ဒါအပြင် ကျွန်မယောကျာ်းရဲ့ ရှင့်ယောက်ျားနဲ့သားကို အတူတူဆုံးမနိုင်တဲ့ မဟာစွမ်းရည်ကြောင့်သာမဟုတ်ရင်  ရှင့်အမှားကို ဝန်ခံပါ့မလား...


 အကြမ်းဖက်မှုနှင့် အာဏာကိုသာ နာခံသော ဤကဲ့သို့သော လူများအတွက် ၎င်းတို့သည် အကြမ်းဖက်မှုနှင့် အာဏာဖြင့် ဦးနှိမ်ခြင်း ခံရမည်ဖြစ်သည်။


 လင်းမိန် လေးစားလွန်း၍ ပါးစပ်မပိတ်နိုင်လောက်အောင်ဖြစ်နေ၏။ သူမ တိုင်ကြားခံရ၍ဒေါသထွက်ပြီး  လဲကျသွားခဲ့ပေမဲ့ ယခုလိုလက်စားချေရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါချေ။


မှန်ပေသည်၊ ထန်ဟဲဟွ၏အသုံးဝင်မှုက မည်သည်နည်း။ထန်ဟဲဟွက ဒုတိယအစ်ကိုလင်းကဲ့သို့ ချိနဲ့စွာ ကြီးပြင်းလာခဲ့ပြီး အသုံးမဝင်လှပေ။


နေရာတိုင်းမှာ သူမအမေအရိပ်အယောင်တွေရှိနေ၏။


အဘွားကြီးထန်ကို ရှင်းထုတ်ပြီးအလုပ်ခိုင်းခြင်း၏  နာကျင်မှုက တကယ့်ပြစ်ဒဏ်မှန်း အဘိုးကြီးထန်သိသည်။


 လင်းမိန်  လင်းလန်အပေါ် ပို၍ သိချင်စိတ် ပြင်းပြလာ၏။ သူမညီမလေးကို ကြည့်လိုက်သောအခါတွင် သူမ၏ မျက်လုံးများ တောက်ပလာကာ ဟန်ချင်စုန့်အား သူမကို အကြိမ်ကြိမ် စိုက်ကြည့်စေခဲ့သည်။

(ကပ်စေးနဲ) 


လင်းလန်က ထပြီး ထန်လောင်ယာကို လက်ပေး လိုက်၏။

 “ဦးလေးထန်... တိုင်ကြားတာနဲ့ပတ်သတ်တဲ့အာဃာတကို ဒီမှာ ရပ်လိုက်ကြရအောင်”


 ထန်လောင်ယာက ငြိမ်းချမ်းရေးအတွက် လက်ဆွဲနှုတ်ဆက်ရန် သူမဆီသို့လက်ဆန့်လိုက်သည်။


 ဟန်ချင်စုန့်က ကျန်းယောက်ကျူးကို တွန်းလွှတ်လိုက်ပြီးဆို၏။


 "မင်းသွား..."


 လင်းလန်: "..." 


စန်းကော ... ရှင် မနာလိုဖြစ်နေတယ်ဆိုတာ ကျွန်မနားလည်ပါတယ်...ဒါပေမဲ့ သူက ဦးလေးတစ်ယောက်ပါ...ရှင် အရမ်းအထိမခံဖြစ်လွန်းတယ်...


ဟန်ချင်စုန့်က သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမလက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။


ထိုနေရာ၌ ကျန်းယောင်ကျူး နှင့် ထန်လောင်ယာတို့  ငြိမ်းချမ်းရေးအတွက် လက်ဆွဲနှုတ်ဆက်လ်ုက်ကြသည် လက်ဆွဲနှုတ်ဆက်လိုက်သောအခါတွင် ကျန်းယောင်ကျူး နာကျင်စွာ သွားဖြီးပြ လိုက်ကာ သူ့မျက်လုံးများ ထွက်ကျလုနီးပါး ဖြစ်သွားသည်။


 အဘိုးကြီး...ခင်ဗျား ကျုပ်ခယ်မလေးနဲ့ လက်ဆွဲနှုတ်ဆက်လို့ မရတာနဲ့ပဲ... ခင်ဗျားရဲ့ မကျေနပ်မှုတွေကို ဒီလောက်ကြီး ပြင်းပြင်းထန်ထန် ဖော်ထုတ်စရာမလိုဘူးလေဗျာ...


ထန်ဟဲဟွက အပြင်မှာစောင့်နေပြီး ကလေးကို အထဲဝင်သတင်းမေးခိုင်းခဲ့သည်။ မကြာခင်မှာဘဲ အစ်ကိုဖြစ်သူက အိမ်ပြန်သွားပြီး လင်းမိန် ကို လျော်ကြေးပေးဖို့ ယွမ် ၁၆၀ ယူခြင်းဖြစ်ကာ  မိသားစုတစ်စုလုံးက လင်းမိန်ကို တောင်းပန်ခဲ့ကြပြီး လင်းလန်က ခွင့်လွတ်ခြင်းပင်မရှိကြောင်းကြားသိလိုက်ရ၏။ သူမယောက်ျား၏ ခွန်အားကို အမှီပြုပြီး  တခြားသူတွေကို အနိုင်ကျင့်နေသည်။


ထန်ဟဲဟွ  သည်းမခံနိုင်တော့ဘဲ မျက်နှာပျက်မည်ကို ဂရုမစိုက်ဘဲ အခန်းထဲသို့ ပြေးဝင်ကာ  လင်းမိန်ကို လက်ညှိုးထိုးပြီးဆို၏။


 "အဖေ...သမီးတို့က သူ့ကို ဘာလို့ တောင်းပန်နေရတာလဲ...သူက သူ့အမေအိမ်ကို ပြန်လာပြီး ဘာမပြောညာမပြောနဲ့ သမီးကို ရိုက်တယ် "


Xxxxxxxxx