Part 541
ထန်ဟဲဟွဝင်လာသည်ကိုမြင်သောအခါ လင်းလန်၏ မျက်လုံးတွေ တောက်ပလာသည် ထန်လောင်ယာအား သူမကိုပြန်မောင်းထုတ်ခိုင်းပြီး သူမအမေအိမ်ဆီ ပြန်ခွင့်မပြုရန်ပြောတော့မည့်အချိန်မှာ သူမက ကွက်တိရောက်လာသည်။
လင်းလန်: "အချိန်ကိုက်ပဲ... နင့်မိဘတွေရှေ့မှာ ဒီကိုလာ... ရှင်းရှင်းလင်းလင်းပြောရအောင်"
လင်းမိန်က ထန်ဟဲဟွ ပြန်လာသည်ကိုမြင်သောအခါ အပြင်ကနေအော်လိုက်၏။
"လင်းလဲ့ရွှေ ထွက်လာခဲ့စမ်း "
အပြင်မှာ ဘာတွေဖြစ်နေလဲဆိုသည်ကို ကြည့်ချင်နေကြသည့် အိမ်နီးနားချင်းများရှိနေသည်။ နာကျင်စွာလဲလျောင်းနေသာ ထန်လောင်ချီက သူ့တို့ကို စိုက်ကြည့်ရင်းဟောက်လိုက်၏။
“ဘာကြည့်နေတာလဲ”
ထိုလူတွေက ကြောက်လွန်း၍ အရိုက်ခံရမှာကို စိုးပြီး အမြန်ပြေးသွားကြသည်။ လင်းမိသားစုမှာ ရက်စက်သည့် ခမည်းခမက်တွေရှိပြီး သူတို့ကို ရန်စရန် မတတ်နိုင်ပေ။
ကျန်းယောင်ကျူးက လင်းလဲ့ရွှေကိုတွန်းလွှတ်လိုက်သည်။
"မင်းယောက္ခမကို ပြလိုက်...ဒေါသကြောင့်ဖြစ်တာ... အဲဒါက ငါတို့နဲ့ မတူဘူး"
ထန်ဟဲဟွက လင်နှင့်မယားကြား ဆက်ဆံရေးမှာ အနည်းငယ်လွှမ်းမိုးထားပေမဲ့ အရင်တုန်းက သူမက သူ့ကို အနွေးကုတင်ပေါ်အတက်မခံခြင်း၊ သူ နားရွက်ဆွဲကိုဆွဲခြင်းတို့ကိုသာပြုလုပ်ပြီး ယနေ့ လိုမျိုး သူကို ဘယ်တော့မှ ပါးမရိုက်ဖူးချေ။ ယနေ့တွင် သူမ လင်းလန်ဆီကနေ ညစ်ထုတ်ခံရကာ လင်းမိန်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရခြင်းဖြစ် သော်လည်း လင်းလဲ့ရွှေ အပေါ်တွင် သူမ၏ ဒေါသအားလုံးကို ပုံချခဲ့၏။ လင်းလဲ့ရွှေကို လင်းမိန် သူမကို ရိုက်နှက်သည်ထက် ပိုမိုပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။
လက်ရှိအချိန်တွင် လင်းလဲ့ရွှေ၏ မျက်နှာက ဆိုးဆိုးရွားရွား ရောင်ကိုင်းနေပြီး ခရမ်းရောင် အမှတ်အသားများရှိနေကာ သူ၏ လည်ပင်း၊ လက်နှင့် လက်ကောက်ဝတ်တို့တွင် အဘွားကြီး လင်းကြောင့်ရသည့် ဆူးအစင်းရာများ လည်းရှိနေသည်။
လင်းလဲ့ရွှေ ယနေ့ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည်။
ထန်လောင်ယာ၏ မျက်လုံးများ ပြူးကျယ်သွားကာ၏။
"ဟဲဟွ...နင် ကောင်မစုန့်လေး... ငါ့သမက်ကို ဒီလိုမျိုး ဘယ်လို ရိုက်နိုင်ရတာလဲ"
သူ့သမီးက အိမ်မပြန်ခင်မှာ ရောင်ရမ်းနေသောသူမမျက်နှာကိုပဲပြခဲ့သည်။သူ့သမက်နှင့် သမီး ရန်ဖြစ်ကြပြီး သမီးဖြစ်သူက သမက်ဆီကနေ အရိုက်ခံရသည်ဟု သူထင်ခဲ့၏။ သားသမီးတွေကလည်း ပူညံပူညံလုပ်နေကြသဖြင့် တူဖြစ်သူကို သမီးကို ထောက်ပံ့ရန် ခေါ်လာပြီး ခမည်းခမက်တွေကို သူ့သမီးကို ဘယ်လိုများ ရိုက်နိုင်ရတာလဲဟု လာမေးခြင်းပင်။ ယခု သူတို့ နှစ်ယောက် အချင်းချင်း ရန်ဖြစ်ပုံရပြီး သူ့သမက်အရိုက်ခံရသည်က ပို၍ပင် ပြင်းထန်နေသည်။
"ဟဲဟွ... ဘာဖြစ်နေတာလဲ ...အမှန်အတိုင်းပြောစမ်း"
ထန်လောင်ယာ မျက်လုံးပြူးသွားသည်။
ထန်ဟဲဟွက ဒေါသတကြီးမျက်ရည်တွေကို သုတ်လိုက်ပြီး ကလေးတွေ ရန်ဖြစ်ကြသည့်အကြောင်း စပြောလိုက်၏။ သူမက ကလေးတွေကို သွားဆူပေမဲ့ တတိယယောက်မက ပြေးလာပြီး မမေးမမြန်းနှင့် သူမကို ရိုက်သည်။
သူမက လင်းမိန်ကိုလက်ညိုးထိုပြလိုက်၏။
“သူသမီးကိုရိုက်တယ်”
စန်းဝမ်က သူ့အစ်ကိုအကြီးဆုံးနောက်လိုက်သွားပြီး အပြင်မှာ နားထောင်နေသည်။ ဇာတ်ကြောင်း ပြောပြရန် အချိန်တန်နေပြီဆိုသည်ကို သိလိုက်ရသောအခါ သူကချက်ချင်းပဲပြေးသွားလိုက်၏။
“ကျွန်တော်ပြောပါ့မယ်”
သူက ထိုအချိန်တုန်းက အခြေအနေကို ပြန်ပြောင်းပြောပြပြီး အထူးသဖြင့် ဘယ်သူက ဘာပြောခဲ့သည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်း ပြောပြလေသည်။
လင်းလန်က ထန်ဟဲဟွကို အေးစက်စွာ ကြည့်လိုက်ပြီးဆို၏။
"နင်ငါ့ကို မျက်နှာချင်းဆိုင်ပြီး နင်ရဲ့ဒေါသကိုမပြ ဝံ့ဘူးလား"
အစီရင်ခံမှုကို နားလည်ရင် ဖြေရှင်းလိုက်ကြရအောင်...
ထန်ဟဲဟွ သူမ၏မိဘများ ဦးချိုး ခံခဲ့ရသည်ကို မြင်ရာတွင် သူမ သူတို့ကို မရိုက်နှက်နိုင်တော့သလို သူတို့နှင့် အကျိုးသင့်အကြောင်းသင့်လည်း မဖြေရှင်းနိုင်သောကြောင့် အရူးကွက်နင်းကာ အော်ဟစ်ငိုယိုတော့သည်။
"နင် ငါ့ကိုမောင်းထုတ်တယ်... နှစ်သစ်ကူး လက်ဆောင်လည်းမပေးဘူး"
ယခုအချိန်တွင် ရှောင်ရှင်းက သူ့အဘွား၊ အစ်ကိုကြီးနှင့်အစ်မတို့နှင့်အတူ ပြေးလာပြီး ငိုထားသဖြင့် သူ့မျက်နှာက ဖူးယောင်နေကာ လင်းလန်ကို လက်ညှိုးထိုး၍ငို၏။
"စတုတ္ထအဒေါ်က ဘက်လိုက် လိုက်တာ...အဒေါ်
ပြောဖူးတယ်... သားကိုအချစ်ဆုံးနဲ့ ရှောင်ဝမ် ကိုအမုန်းဆုံးဆိုပြီး... သူ့ကို ဝန်ထုပ်ဝန်ပိုးအဖြစ် ပစ်ထားသင့်တာလေ... ဘာလို့လဲ...အခုသားကိုကောင်းတာတစ်ခုမပေးဘဲ သူ့ကိုပဲပေးတယ်...သားကို နာကျင်အောင်မလုပ်နဲ့...သူ့ကိုလုပ်"
လင်းမိန်က ထန်ဟဲဟွကို လှောင်ပြောင်လိုက်သည်။
" ငါ နင့်ကို ရိုက်တယ်လို့ နင်ကပြောနေသေးတယ်... ငါမှားလို့လား... စတုတ္ထညီမက နင့်ကို ကြင်ကြင်နာနာ ဆက်ဆံဖူးတယ် ဒါပေမဲ့ နင်က ကျေးဇူးမတင်ခဲ့ဘူး ...အခု သူ သူ့သားကို ကောင်းကောင်း ဆက်ဆံတာလေ...နင်နဲ့ဘာဆိုင်လို့လဲ... နင့်သားသမီးတွေကို ဒီလို မဟုတ်တာတွေ သင်ပေးနေတာလား ...ရှောင်ရှင်း နောက်ထပ်ကလေးဘယ်နှစ်ယောက်ကိုပြောမလဲ...နင်တကယ်ဘယ်လိုသွန်သင်ရမှန်းသိတာပဲ"
လင်းလန် ရှောင်ရှင်းကိုကြည့်ပြီး အပြစ်ရှိစိတ်အနည်းငယ်ခံစားရကာ သူမသားသမီးတွေ အပေါ် ပို၍ပင်အပြစ်ရှိသလို ခံစားရ၏။
ဤအပြစ်တင်မှုအတွက် သူမမှာ တာဝန်မရှိသင့်ပေ၊ သို့သော် သူမ ထိုဟာကို ထုတ်မပြောနိုင်ချေ။
မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် အပြည့်အဝ ၀
တာဝန်ယူရမည်ဖြစ်ပြီး၊ သူမက ထန်ဟဲဟွ၏အာသီသကို လှုံ့ဆော်ပေးခဲ့သူဖြစ်သည်။ ထန်ဟဲဟွ သို့မဟုတ် အခြားသူများ သူမကို မည်သို့ထင်မြင်မည်ကို သူမ မကြောက်သော်လည်း ဟန်ချင်စုန့်နှင့် ကလေးများ အတွက် အနည်းငယ် စိတ်ပူမိသည်။
သူမသားကို ဂရုမစိုက်ဘဲ သူမတူကို ဂရုစိုက်တဲ့အတွက် သူမ အရမ်းလွန်တယ်လို့ သူထင်မှာလာ...
နောက်ပြီး တဝမ်...သူက ဤကိစ္စကို ဒေါသအထွက်ဆုံးဖြစ်ခဲ့ဖူးသည်၊ သူမက သေခြင်းတရားကို အမြဲရှာဖွေနေသည်ဟု တွေးကာ စကားကောင်းကောင်း မပြောနိုင်ခဲ့၊ သူမနှလုံးသားထဲတွင် သားများမရှိဘဲ တူများသာ ရှိသည်ဟု သူထင်ခဲ့သည်။ နောက်ပြီး ရှောင်ဝမ်...သူ့မှာရော သံသယတွေရှိလား။ ငယ်ငယ်တုန်းက နားမလည်ပေမဲ့ ယခုအသက်ပိုကြီးလာသည့်အခါ သူမကို အပြစ်တင်မှာလား။ မိုင်စွေ့ ၊အားဝမ် နှင့် စန်းဝမ် တို့သည် ထိုအချိန်က ငယ်သေးသော်လည်း အကြောင်းအရာများစွာကိုလည်း နားလည်ခဲ့ကြသည်။ထိုအကြောင်းကို ထုတ်မပြောကြသော်လည်း နှလုံးသားထဲတွင် အတွေးများမရှိဟုမဆိုလိုပေ။
လင်းလန်က မသိစိတ်ဖြင့် လက်သီးကို ဆုပ်ထားမိသည်။
ဟန်ချင်စုန့်က လက်ဆွဲနှုတ်ဆက်ပြီးကတည်းက လင်းလန်၏ဘေးတွင် ငြိမ်သက်နေခဲ့သည်။ ရှောင်ရှင်းက သူမကိုစွပ်စွဲသည်ကိုကြားသောအခါ သူမမျက်နှာအနည်းငယ်ပြောင်းလဲသွားပြီး နှုတ်ခမ်းထောင့်များ တင်းမာလာသဖြင့် သူ သူမပခုံးပေါ်လက်တင်ကာ အသာအယာ လှုပ်ရမ်း၍ ဝမ်းမနည်းရန်နှင့် သူ သိပ်ဂရုစိုက်လိမ့်မည်မဟုတ်ကြောင်း အချက်ပြလိုက်သည်။
လင်းလန်၏ နှလုံးသားထဲတွင် နွေးထွေးသော လျှပ်စီးကြောင်းတစ်ခု ပျံ့လွင့်လာ၏။
သူက သူမကို ယုံကြည်ပေးလေသည်။
သူမ နှုတ်ခမ်းထောင့်များက ဖြည်းညှင်းစွာ ဖြေလျှော့လာကာ အပြုံးအနည်းငယ်ကို ထုတ်ဖော်လိုက်၏။
ကလေးတွေက သူတို့အမေနားမှာ တခြားသူတွေ တဝဲလည်လည်လုပ်နေသည်ကို မမြင်လိုကြပေ။သူ့မားမားက ရှောင်ရှင်းကို ယခင်က သူမမိသားစုထက် ပို၍ကောင်းကောင်း ဆက်ဆံခဲ့ပေမဲ့ နောက်ပိုင်းမှာ မားမား ပြောင်းလဲခဲ့သည်။ ကိုယ့်အမှားကိုယ်သိလျှင် ပြင်၍ရ၏။ သူမက မိန်းမကောင်းလေး တစ်ယောက်ဖြစ်နေတုန်းပါပင်။
Xxxxxx
Part 542
စန်းဝမ်က ချက်ချင်းထွက်ပြီး ရှောင်ရှင်းကို လက်ညှိုးထိုးကာပြောလိုက်သည်။
"အရင်က မင်းကလိမ္မာလို့ မားမားက မင်းကို အချစ်ဆုံးလို့ ပြောခဲ့တယ်..အခု မလိမ္မာတော့ မားမားက မင်းကို မချစ်တော့ဘူးပေါ့"
သူက ရှောင်ဝမ်ကို ပုတ်ကာရယ်လိုက်၏။
"အခုရှောင်ဝမ် ငါ့ညီက နာခံမှုအရှိဆုံးနဲ့ အကောင်းဆုံးပဲ...သေချာတယ် ငါ့မားမားက သူ့ကို အချစ်ဆုံးပဲ..."
ရှောင်ရှင်း အံ့အားသင့်သွားသည်။၊
သူက ဘာလို့ ဒီလောက်မလိမ္မာရတာလဲ...
အဘွားနှင့်အမေက စတုတ္ထအဒေါ်မှားကြောင်းသာပြောပြီး သူတို့မှားသည်ဟု သွန်သင်မပေးခဲ့ပေ။
မိုင်စွေ့ကလည်း သရော်၏။
"ရယ်စရာကောင်းလိုက်တာ... ဆွေမျိုးတွေက ဒီလိုပြောတာက ယဥ်ကျေးမှုအရလေ... ဘယ်သူက အလေးအနက်ထားလို့ရမှာလဲ"
အားဝမ်ကလည်း သူမကိုထောက်ခံသည်။
" ဘယ်သူ့အမေက ကောင်းလိုက်တာလို့ ငါတို့ တစ်ခါတလေ ပြောပေမဲ့ အမေချင်းတော့မလဲချင်ဘူးလေ...ဟုတ်တယ်မလား "
ကလေးတွေက ယင်းကို အတည်ယူသည်က အဆင်ပြေသော်လည်း လူကြီးတွေကပါ အလေးအနက်ထားနေသည်လော။ သို့ပေမဲ့ ထန်ဟဲဟွ ကိုကြည့်ရသည်မှာ တကယ့်ကို အတည်ယူနေဟန်ပင်။ အဆင်ပြေသည်ဆိုလျှင်ပင် သက်ဆိုင်သည့်အမှန်တရားကို ပြသရပေမည်။ ငါ့အမေက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့အတွက် မင်းက ငါ့အမေကို ကောင်းကောင်း ဆက်ဆံလို့ရတယ်... ဒါပေမဲ့ အမှန်က မင်းက မင်းအမေ့အကြောင်းတွေပဲ တွေးပြီး ငါ့အမေကို ဂရုမစိုက်ခဲ့ဘူး...
ရှောင်ဝမ် သူ့နှလုံးသားထဲတွင် အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုက နိုးထလာပြီး လင်းလန်က အစ်ကိုရှောင်ရှင်းကို လိုချင်ပြီး သူ့ကို့မလိုချင်မှာစိုး၍ လင်းလန်၏လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
လင်းလန် သူ၏ ကြောက်ရွံ့မှုကို ခံစားခဲ့ရပြီး သူမ၏ နှလုံးသားထဲတွင် နာကျင်လာ၏။ သူမသားကို ပေါင်ပေါ်တင်ဖက်လိုက်ကာ နူးညံ့စွာပြောလိုက်သည်။
"ဟုတ်တာပေါ့...မားမားက လိမ္မာတဲ့ပေါင်ပေ့လေး ရှောင်ဝမ့်ကို အနှစ်သက်ဆုံးပဲ"
ရှောင်ဝမ်က ချက်ချင်းပင် ချိုသာစွာပြုံးလာပြီး ပျော်ရွှင်စွာ သူမ၏လည်ပင်းကို ဖက်ကာ သူမမျက်နှာကို သူ့မျက်နှာလေးနှင့် ကပ်လိုက်သည်။
ရှောင်ရှင်း ပို၍ပင် မနာလိုဖြစ်လာကာ ငိုယို အော်ဟစ်နေတော့၏။
ထန်လောင်ယာ စိတ်တိုနေသည်။
"ဘာတွေဖြစ်နေတာလဲ"
သူက ထန်ဟဲဟွ ကို စိုက်ကြည့်ရင်း
"မင်းက ကလေးကို မဟုတ်တာတွေ သင်ပေးနေတယ်...ရှောင်ရှင်းကို ဂရုမစိုက်ရင်တောင် ကိုယ့်တူအတွက် တွေးပေးရမယ်လေ"
ထန်ဟဲဟွက အဘွားကြီးထန်ကိုပဲ တစ်ချက်ကြည့်လိုက်သည်။
ထန်လောင်ယာက အဘွားကြီးထန်ကို ထပ်ပြီး ကြိမ်းမောင်းတော့၏။
“မင်း သင်ပေးထားတာပေါ့လေ"
ကလေးတစ်ယောက် ယခုလိုတွေးနေလျှင် လူကြီးက သင်ပေးထားခြင်းဖြစ်ရမည်။ လူကြီးက ကလေးကို သင်မပေးပါဘဲ မည်သို့ ယခုလိုတွေးမည်နည်း။ အဘွားကြီးထန်က နေရာတကာမပါမဖြစ်ပင်။
အဘွားကြီးထန် ဘေးမှာ မိမိကိုယ်ကို နစ်နာသည် သနားစရာကောင်းသည်ဟု ခံစားရရင်း နောက်သို့ကိုယ်ရို့သွား၏။သူမက ဘာမှ မပြောဘဲ မျက်ရည်များကို သုတ်လိုက်သည်။
သူမယောက်ျားကို ထိပ်တိုက်ရင်ဆိုင်၍မရမှန်း သူမသိကတည်းက သူမကိုယ်သူမ ပျော့ပျောင်းသည့်တစ်ဖက်ခြမ်းနှင့်နေ တတ်လာခဲ့ပြီး သူမအတွက်သနားညှာတာမှုတွေရရှိရန် မျက်ရည်နှင့် အားနည်းချက်တွေကို ကောင်းကောင်းအသုံးချတတ်လာ၏။ အဘယ်ကြောင့်ဆိုသော် သူမ ဤကဲ့သို့ဖြစ်သောအခါ သမီးများနှင့် သားများက သူမကို သနားကြလိမ့်မည်ဖြစ်ကာ သူမယောကျာ်းကလည်း သူမကိုဘာမှလုပ်တော့မည်မဟုတ်ပေ။
သေချာသည်ပင်၊ သူမ၏ ခပ်ကျုံ့ကျုံ့နှင့် သနားစရာကောင်းသည့်ပုံကို မြင်ရသောအခါ ထန်လောင်ယာ အဘွားကြီးထန်အတွက် တောင်းပန်ပေးရတော့သည်။
"မိန်းကလေး... ငါက ကောင်းကောင်းမဆုံးမနိုင်တဲ့ အဘိုးကြီးပါ...နောင်ဘယ်တော့မှ ထပ်မလုပ်စေရတော့ပါဘူး"
အဘွားကြီးလင်း သူမသမီးနှစ်ယောက်ကိုကြည့်ပြီး သူတို့လည်း အတူတူဖြစ်ရန်မျှော်လင့်မိသည်။
ယောက္ခမတွေကို အရမ်းရုပ်ပေါက်အောင် မလုပ်စေချင်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့က အချင်းချင်း အဆက်အသွယ်လုပ်နေရဦးမည်ပင်။
ထန်ဟဲဟွ အလွန်ဝမ်းနည်းစွာ ငိုကြွေးခဲ့သည်။သူမ၏ဖခင်က သူတပါးအား ဤကဲ့သို့ ခေါင်းငုံ့ခံသည်ကို တစ်ခါမျှ မမြင်ဖူးပေ။ ထန်ရွာမဆိုနှင့်၊ ဆယ်မိုင်နှင့် ရှစ်ရွာတို့၌ပင် သူမအဖေကို ဤသို့ပြုဝံ့သူမရှိချေ။
လင်းလန်: "ဦးလေးထန်...ဦးလေးက ယဉ်ကျေးလွန်းနေပါပြီ... ယောက်ျားတွေက တနေကုန် အလုပ်ရှုပ်နေတော့ အိမ်က မိန်းမတွေကို ဂရုမစိုက်ဘူးလေ... တကယ်မှားလားလို့ အဒေါ်နဲ့ ယောက်မလေးကို မေးရဦးမယ်... အနာဂတ်မှာ လူတိုင်း ကောင်းကောင်းနေသင့်တယ်မဟုတ်ဘူးလား"
အဘွားကြီးထန်က ရှိုက်ရင်းဆို၏။
" အဒေါ့်သမီးနဲ့ ဒီအဒေါ်မှားတာပါ...ဒီအဒေါ်မှားတာပါ.... အဒေါ်သိပါတယ်"
ထန်ဟဲဟွက ရှက်ပြီး ဒေါသထွက်ကာ အော်ဟစ်လေသည်။
"လူတိုင်းက ငါ့ကို အနိုင်ကျင့်နေတယ်...လူတိုင်းက ငါ့ကို အနိုင်ကျင့်တယ်...သမီးက အဖေတို့ကို သမီးကို အကူအညီပေးအောင်ခေါ်ခဲ့တာလေ...ဘာလို့ သမီးကို ဝိုင်းအနိုင်ကျင့်ကြတာလဲ"
ထန်လောင်ယာ မျက်နှာထားစရာနေရာမရှိတော့ပေ။ ဟန်ချင်စုန့်ကသာ သူ့မျက်နှာအိုကြီးအတွက်တွေးမပေးခဲ့ဘူးဆိုပါက သူဤကိစ္စကို လက်သီးသုံးပြီး ဖြေရှင်းပစ်မှာဖြစ်သော်လည်း အခုအခြေအနေက တခြားသူတွေထက် ပိုပြင်းထန်နေ၏။သူ တောင်းပန်ရမည်၊ စိတ်ရင်းဖြင့် တောင်းပန်ရမည်။ဘာပဲပြောပြော သူများကိုချောက်ချတိုင်ကြားခြင်းအတွက် တောင်းပန်သည်က မဆိုးပါချေ။ ထို့အပြင် ထန်လောင်ယာ ဤချောမောပြီး ကျိုးကြောင်းဆီလျော်သော မိန်းကလေးက ဤကိစ္စအတွက် ပိုက်ဆံတောင်းမည်မဟုတ်ကြောင်း ခံစားခဲ့ရသည်။ ပိုက်ဆံမလိုလျှင် လုပ်ရလွယ်၏။သူ့သမီးကို ရှိခိုးတောင်ပန်ခိုင်းလျှင် အဆင်ပြေသည်။
သူက မျက်လုံး ပြူးကာဆိုလိုက်၏။
"မပူနဲ့ နားရွက်ဆွဲ ခေါ်ပေးမယ်"
ထန်ဟဲဟွ မျက်ရည်တွေကျလာပြီး ကူကယ်ရာမဲ့ဟန်ပြနေသည့်အစ်ကိုတွေကို လှည့်ကြည့်လိုက်သည်။
ထန်လောင်ယာ၏သားအချို့က လက်မခံသော်လည်း ဟန်ချင်စုန့်ကို သူတို့ လက်ခံယုံကြည်ကြသည်။ သူတို့၏စိတ်ဓာတ်က ခွန်အားနှင့်သန်မာမှုကို လေးစားသည်။ ပြဿနာတွေကို ခွန်အားကို အားကိုးပြီး ဖြေရှင်းရသည်ကို ကြိုက်ကြ၏။ သူတို့ထက် ပိုသန်မာသည့်သူတစ်ယောက်နှင့် တွေ့သည့်အခါ သဘာဝကျကျပင် လေးစားလာပေလိမ့်မည်
လင်းလဲ့ရွှေက ထန်ဟဲဟွကို ခပ်မြန်မြန် ဆွဲလာကာ လင်းလန်နှင့် လင်းမိန်တို့ကို ဦးညွှတ်ကာဆို၏။
"တတိယအစ်မနဲ့ စတုတ္ထအစ်မ... အဲဒါက အကုန်လုံး ငါတို့အပြစ်ပါ... ငါ ပြန်ပြင်ဆင်ပေးပါ့မယ်"
လင်းလန်ကပြောလိုက်သည်။
" ငါတို့က ဘာလုပ်ရမှာလဲ... မင်းဒီဝိုင်းထဲမှာ ပိုအဆင်ပြေပြေနေ ချင်တာမဟုတ်လား ...မင်းမိဘတွေကို အရမ်းမျက်နှာငယ်အောင်မလုပ်နဲ့...မင်းတို့က မောင်နဲ့ယောက်မငယ်တွေဖြစ်ပြီး သိပ်မမောက်မာနဲ့... အကြီးတွေအကြောင်း အမြဲတွေးပြီး အခွင့်ကောင်းမယူချင်နဲ့ ...ဒုက္ခမပေးနဲ့...”
လင်းလဲ့ရွှေက အလျင်စလို ခေါင်းညိတ်ရင်းဆို၏။
“အစ်မက ငါ့ကို သင်ခန်းစာတစ်ခု သင်ပေးတာပဲ"
ထန်ဟဲဟွက လင်းမိန်နှင့် လင်းလန်တို့ကို ဝမ်းနည်းစွာ တောင်းပန်လိုက်သည်။
"တတိယအစ်မ ငါမှားသွားပြီ..နင့်ရဲ့စီးပွားရေးကို မစွက်ဖက်သင့်ဘူး...စတုတ္ထအစ်မ ငါမှားပါတယ်... နင့်ကို တမင်ရှောင်မနေသင့်ဘူး"
လင်းမိန်: "ထားလိုက်ပါ ငါ့ကိစ္စအတွက် နင့်အဖေက ဖြေရှင်းပေးပြီးပြီ..ဒီကိစ္စကို ထားခဲ့လိုက်တော့... နင့်ရဲ့ စတုတ္ထအစ်မအတွက်တော့ နင့်အမှားကိုသိရမယ် ..."
Xxxxxxxx