Part 543
ထန်ဟဲဟွက တွန့်ဆုတ်တွန့်ဆုတ်နှင့်ဆို၏။
"ဒါမျိုး နောက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တော့ပါဘူး...စတုတ္ထအစ်မက ငါ ကောင်းကောင်းမှတ်မိနေမှာမလို့... နောက်ဘယ်တော့မှ ထပ်မအထွန့်မတက်ရဲတော့ပါဘူး"
လင်းလန်: "နင်က နင်အမေအိမ်မှာ တနေကုန် ညည်းညူပြီး မင်းအစ်ကိုကို ဒီလိုရိုက်ခိုင်း....."
ထန်လောင်ယာကအော်လိုက်လေသည်။
“နောင်မှာ အဲဒါကို လုံးဝမစဉ်းစားနဲ့... ခင်ပွန်းအိမ်မှာ ကောင်းကောင်းပြုမူ... ယောက္ခမတွေကို ဝတ်ကြီးဝတ်ငယ်ပြစု... ယောက်မနဲ့အစ်မတွေကို ရိုသေပြီး အိမ်မှုကိစ္စတွေ သွက်သွက်လက်လက်လုပ်...ငါ့ကို အရှက်ခွဲနဲ့...”
သူက အဘွားကြီးလင်းနှင့် ပထမချွေးမလင်းကို ပြောပြန်၏။
“ခမည်းခမက်နဲ့တူမကြီး...နောင်မှာ ဟဲဟွ အမှားလုပ်မိရင် ရိုက်ပစ်ဆူပစ်ပါ... ငါ့မျက်နှာကို ထောက်မနေနဲ့... ငါ ထန်လောင်ယာက သူ့ ကိုထောက်ပံ့မှာ မဟုတ်ဘူး... သူ့မိဘအိမ်တုန်းက သူ့အမေက ကောင်းကောင်း မသွန်သင်ပေးခဲ့ဘူး...ယောက္ခအိမ်မှာရောက်နေပြီဆိုတော့ ခမည်းခမက်တို့ကပဲ အလျဉ်းသင့်သလို သွန်သင်ပေးပါ...ငါ ထန်လောင်ယာ တစ်ခွန်းမှဝင်ပြောမှာမဟုတ်ဘူး... ငါ့စကားတွေကို ဒီနေ့အပြီးပြောလိုက်မယ်.. အနာဂတ်မှာ ငါ့သမီးရဲ့ ကိစ္စအတွက် ငါ ဘယ်တော့မှ ရပ်တည်မှာ မဟုတ်ဘူး... ဘာကိစ္စပဲဖြစ်ဖြစ် ခမည်းခမက်မှာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"
သူ အဆင်ပြေသည်ကိုတွေသည်နှင့် အဘွားကြီးလင်းက ချက်ချင်းလက်ခံလိုက်၏။
“ခမည်းခမက်တွေ စိတ်မပူပါနဲ့... သူတို့အားလုံးဟာ ရှုပ်ထွေးနေတဲ့ အချိန်မှာ အမှားတွေလုပ်မိတဲ့ သားသမီးကောင်းတွေပါ...ပြောင်းလဲလုပ်လိုက်ကြရုံပါ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့အိမ်ကို လက်ထပ်ပြီးဝင်လာတဲ့ချွေးမကို အရင်အတိုင်းပဲ ချစ်နေကြတုန်းပါပဲရှင်"
ထန်ဟဲဟွမှာ ရွေးချယ်စရာမရှိဘဲ ငိုရင်း စစ်မှန်သည့်ဟန့်ဖြင့်ပြောလိုက်ရသည်။
"စတုတ္ထအစ်မ... ငါ ဘယ်တော့မှ မမောက်မာတော့ပါဘူး... ငါ ကောင်းကောင်း ဘဝကို ဖြတ်သန်းပါ့မယ်"
ငါ့ယောက္ခမတွေနဲ့ ယောက်ျားကို မချုပ်ကိုင်နိုင်တော့ဘူး ဝူးဝူး...
သူမှာ အားကိုးစရာ မရှိတော့ပေ။သူမအဖေကလည်း သူမယောက္ခမနှင့် ယောက်မတွေကို သူမတို့ကို ကိုင်တွယ်ခွင့်၊ဆုံးမခွင့်ပေးလိုက်၏။တခြားသူတွေဆိုလည်း သူမလိုဖြစ်မှာသေချာသည်ဟု သူမခံစားရသည်။ သူမကိုကျောထောက်နောက်ခံပေးမည့်သူမရှိလျှင် သူတို့က သူမကိုအနိုင်ကျင့်ကြမှာသေချာ၏။အနာဂတ်မှာ ယောက္ခမ၊ယောက်မနှင့်လင်ညီအစ်မတို့ဆီကနေ နေတိုင်း အနိုင်ကျင့်ခံရမည်ကိုတွေးပြီး ကြောက်လည်းကြောက် ဝမ်းလည်း ဝမ်းနည်းနေခဲ့သည်။
ယခုအချိန်မှစ၍ သူများမျက်နှာကိုကြည့်ပြီး နေထိုင်ရသည်မှာ ဝမ်းနည်းဖွယ်ကောင်းပေလိမ့်မည်။သူမသည် မိသားစုတွင် မည်သို့သောအဆင့်အတန်းဖြစ်သွားမည်နည်း။
သူမလင်းလန်ကို မကျေမနပ်မဖြစ်တော့ပေ၊သူမ လင်းလန်ကို တကယ်ကြောက်၏။ လင်းမိန်က လူတွေကို ရိုက်တတ်သည်ကို မဆိုနှင့်၊ လင်းလန်ကဲ့သို ပြုံးနေသည့်ကျားက ကြောက်စရာကောင်းသည်။ သူမ(လင်းလန်)ယောက်ျားက တစ်ယောက်ယောက်ကို ရိုက်နှက်နေသည်ကို မြင်သည့်အခါ သူမက ဂုဏ်ယူနေပုံရသည် သူမ(ဟဲဟွ)အစ်ကိုတွေက အလွန်အစွမ်းထက်သော်လည်း ဟန်ချင်စုန့်က ကန်ထုတ်ပစ်ခဲ့သည်။
ထန်ဟဲဟွသည် ငယ်စဉ်ကလေးဘဝကတည်းက အစ်ကိုဖြစ်သူထံမှ ပံ့ပိုးကူညီမှုကို ရယူရသည်ကို ကြိုက်ပြီး သန်မာသူများကိုလေးစားသည့်စိတ်က သူမဆီမှာ စိမ့်ဝင်နေပြီဖြစ်သည်။ယခုအခါတွင် ပြားပြားဝပ်အောင် အနိုင်ပိုင်းခံရသဖြင့် သဘာဝအတိုင်းပင် သူ့ကို ကြောက်လာသည်။
ယခု သူမ လင်းလန်ကို အိမ်ထောင်ဦးစီးအဖြစ်မြင်နေပြီဖြစ်သည် ခံ့ညားပြီး အေးစက်သောအကြည့်ဖြင့် သူမကို တုန်လှုပ်စေသည်။
လင်းလဲ့ရွှေ လူတိုင်းသူတို့ကို ခွင့်လွှတ်လိုက်ပြီဆိုသည်ကို တွေ့သောအခါ ထန်ဟဲဟွကို အမြန်ဆွဲထုတ်ပြီး အိမ်ပြန်ခဲ့၏။
သူကအရိုက်ခံရပြီး တဖန်တောင်းပန်ရပြန်သော်လည်း သူ့စိတ်ထဲတွင် အလွန်ပျော်ရွှင်နေသည်။ မည်သို့ပင်ဖြစ်စေ သူ ယောက္ခမကြီး၏ စာမေးပွဲကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့အပြင် ယောက္ခမကြီးက သူ့မိဘတွေကို ပြုံးပြုံးရွှင်ရွှင် စကားပြောကာ သူ့အမှားကိုပင် ဝန်ခံလာ၏။ ယခုအချိန်မှစ၍ ထန်ဟဲဟွ သူ့ကို နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်ရဲတော့သလို ရန်မူရဲတော့မှာလည်းမဟုတ်ပေ။
(T/N–ယောက္ခမဆိုပေမဲ့ ယောက္ခထီကြီးကိုပြောနေတာပါ)
ယခု ယောက္ခမကြီးက သူ့ကို ပို၍ပျော့ပျောင်းသော မျက်လုံးများဖြင့် ကြည့်နေသည်၊ သူ့ကို မြင်သောအခါ မုတ်ဆိတ်မွေးကို သပ်ပြီး သူ့ကို စားတော့မတတ် စိုက်ကြည့်နေသည့် အလွန်ကြောက်စရာကောင်းသောသူ မဟုတ်တော့ပေ။
ဟားဟား... အရိုက်ခံရတာ တန်တယ်...
ထန်ဟဲဟွ လက်ရှိအချိန်တွင် သူမယောက်ျားအပေါ် အပြစ်ရှိစိတ်ခံစားရသလို ကျေးဇူးတင်လည်းတင်မိသည်။ လူတိုင်းက သူမကို အပြစ်တင်နေကြပြီး သူမအဖေနှင့်အစ်ကိုများပင် ဂရုမစိုက်ကြသော်လည်း သူက သူမကိုနေရာတိုင်းတွင် ကာကွယ်ပေးခဲ့သည်။ လင်းလဲ့ရွှေ၏မျက်နှာထက်က သူမရိုက်ထားသော လက်ဝါးရာကိုတွေသောအခါ သူမ မနေနိုင်ဘဲ စိတ်မကောင်းဖြစ်ကာ အပြစ်ရှိသလို ခံစားခဲ့ရသည်။
သူမက လင်းလဲ့ရွှေ၏လက်ကိုကိုင်လိုက်ပြီးဆိုလေ၏။
"ဒုတိယအစ်ကို...ငါနင့်ကိုနာကျင်အောင်လုပ်မိလား...ငါမှားပါတယ်...ငါ နင့်ကိုဘယ်တော့မှထပ်မထိတော့ပါဘူး"
သူမ၏ကျောထောက်နောက်ခံက ပြိုကျသွားပြီးနေုက် မူလမာနကြီးသည့် ထန်ဟဲဟွက ချွေးမငယ်လေးအဖြစ်သို့ ရုတ်တရက် အဆင့်နိမ့်သွားခဲ့သည်။
လင်းလဲ့ရွှေ မနေနိုင်ဘဲ သူမကို ပြန်နှစ်သိမ့်ပေးလိုက်ရ၏။
ပင်မအခန်းတွင် လင်းလန် သတင်းပို့ခြင်းကိစ္စနှင့်ပတ်သက်ပြီးဖြေရှင်းပြီးပြီဖြစ်ကာ ထန်ဟဲဟွကိုလည်း ဆုံးမပြီးသောကြောင့် သူမဆက်ပြီး ဝင်မပါတော့ပေ။ အခန်းကို ခမည်းခမက်အိုကြီးတွေ ခံစားချက်တွေ ဖလှယ်ရန် နေရာ ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ နေ့တိုင်း အဆက်အဆံလုပ်ရဦးမည်ပင်။
လက်မောင်းချင်းချိတ်ရင်း သူမနှင့် လင်းမိန်တို့အစ်မများနှင့် စကားပြောရန် ခြံထဲသို့ ထွက်လာခဲ့သည်။
ဟန်ချင်စုန့်က တိတ်တဆိတ် လိုက်သွားသောအခါ ကျန်းယောင်ကျူးကလည်း ချက်ချင်း နောက်ကလိုက်သွားပြီးဆို၏။
"ယောက်ဖ...ပိုကာဆေ့ာတတ်လား ...ပိုကာကစားရအောင်"
ဟန်ချင်စုန့်:"မဆော့တတ်ဘူး"
ကိစ္စဖြေရှင်းပြီးကြောင်းတွေ့သောအခါ သူက ထန်လောင်ချီ၏လက်မောင်းကို မမေးမမြန်းနှင့်သွားဖြေပေးလိုက်သည်။
ထန်လောင်ချီ သူ၏လက်ဖျံ၏ နာကျင်၊ထုံကျင်ကာ တွဲလောင်းကျပြီး အသုံးမဝင်ဖြစ်နေသည်ကိုကြည့်ပြီး မျက်လုံးများ နီရဲနေသည်။
ဟန်ချင်စုန့်က သူ့ကို ပုတ်ကာဆို၏။
"ညဆို အဆင်ပြေသွားမှာပါ"
ထန်လောင်ချီ သူ့မျက်ရည်တွေကို ပြန်ထိန်းထားလိုက်သည်။
ဟန်ချင်စုန့်က ခြံထဲကို သယ်လာသည့် ထန်လောင်စန်း၏ ရင်ဘတ်ကို နှိပ်နယ်ပေးလိုက်ပြန်၏။ ထန်လောင်စန်း အသက်ပြန်ရှင်လာသလို ခံစားလိုက်ရသည်။
"ကျေးဇူးတင်ပါတယ်"
ဟန်ချင်စုန့်: "ပြန်သွားပြီး နှစ်ရက်လောက် အိပ်လိုက်...အရင်အတိုင်း အားလုံးအဆင်ပြေသွားလိမ့်မယ်"
ခန်းမထဲမှာ ဆွေမျိုးဟောင်းတချို့ရှိနေ၏။
ထန်လောင်ယာက ထန်လောင်တကိုပြောသည်။
"ဆောင်းဦးရာသီမှာ ကောက်ရိတ်သိမ်းပြီးတဲ့ အခါမှာ ညီတစ်ယောက်ခေါ်ပြီး ခမည်းခမက်တို့ကို အလုပ်နှစ်ရက်လောက် ကူညီပေးလိုက်... မင်းညီမနဲ့ ယောက်ဖက မလုပ်နိုင်ဘူး...ခမည်းခမက်တွေနဲ့ အစ်ကိုကြီးကိုပဲ အားကိုးလို့ မရဘူး...မင်းကူပေးလိုက်"
အဘိုးကြီးလင်းက ချက်ချင်းပဲ ထငြင်း၏။ သူ့မိသားစုက အလုပ်မှတ်တွေ ရနိုင်သည်၊ ဖျာနှင့် ခြင်းတောင်းလည်း ယက်တတ်သည်၊ ရွာမှာ ငါးလည်း မွေးထားပြီး သူ့မြေးအကြီးဆုံးက တပ်မဟာမှာ ငါးမွေးမြူရေးလုပ်ငန်းကို ကူညီပေးပြီး အလုပ်မှတ်တွေရသည့်အတွက် သူကောင်းကောင်းနေနိုင်သည်။
Xxxxxxxx
Part 544
ထန်လောင်ယာကလည်း သူနှင့်ငြင်းခုံမနေပေ။ မည်သို့ပင်ဖြစ်စေ လယ်လုပ်ချိန် အလုပ်များသည့်အခါကျမှ နှစ်ရက်လောက် သူ့သားကို အလုပ်ကူလုပ်ခိုင်းလိုက်မည်။ သူ့သားက အလုပ်လုပ်နိုင်သဖြင့် နေ့တစ်ဝက်လောက် တစ်ယောက်တည်း အလုပ်လုပ်လျှင် လင်းလဲ့ရွှေနှင့် သူ့မိန်းမနှစ်ရက်စာလောက်လုပ်နိုင်၏။
ထန်လောင်ယာ၏မြေး ဆူနွီက မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။သူတို့က ဘေးသို့ တိုးဝှေ့သွားကာ အရိုက်ခံရသည်ဟု ဆိုကာ စန်းဝမ်နှင့် စာရင်းရှင်းရန် ဆန္ဒရှိနေသည်။
ထန်လောင်ယာ၏သားကလည်း သူနှင့်စိတ်သဘောအတူတူပင်။ အခြေအနေတစ်ခု ကြုံတွေ့ရသောအခါတွင် သူက ဒေါသထွက်ကာ တစ်ဖက်သားကို ဦးစွာ ခြောက်လှန့်ပြီး ၎င်းနောက်မှ စာရင်းရှင်းပေလိမ့်မည်။
ထန်လောင်အာက မျက်လုံးပြူးကာဆို၏။
"ဘယ်သူ ငါ့သားကိုရိုက်တာလဲ"
အားဝမ်၊စန်းဝမ် နှင့်ဟောင်နန်တို့က ရှေ့သို့ တိုးလာကာ ပြောလေသည်။
"ကျွန်တော်တို့... "
ထန် မိသားစု၏ညီအကိုတွေက ခဏတာ ငြိမ်သက်သွားကြ၏။ ထန်လောင်အာက သူ့ခေါင်းကို လှည့်ပြီး သူ့သားကို ဖိလိုက်ကာ အားကြီးနှင့် ရိုက်တော့သည်။
"မင်းပြောတာက ရှက်စရာမကောင်းရင် ဘယ်ဟာက ရှက်စရာကောင်ဦးမှာလဲ...အကုန်လုံးက မင်းထက်ငယ်တာတောင် သူတို့က အရိုက်ခံရရင် တိုင်ရမှာ ရှက်ကြတယ်... ဘာလို့ ဆည်ထဲကို ခုန်ဆင်းပြီး မျိုးမစစ်လေး ဖြစ်မလာတာလဲ"
ရှိသမျှလူတိုင်း: " ..."
ကျိန်ဆဲတဲ့အဆင့်ကတော့ တကယ်ကိုအတူတူပါပဲ...
တချို့လူတွေက ချောက်ချခံရပြီး အချို့လူတွေက အရိုက်ခံရပေမဲ့ ဤကိစ္စက ကျေနပ်ဖွယ်ကောင်းစွာပြေလည်သွားသည်။ ထန်လောင်ယာ ယခုကနေစပြီး ညွှန်မှူးဟန်နှင့် ဆွေမျိုးဖြစ်လာကာ အပြောအဆိုလုပ်လျှင် အရှုံးရှိမှာမဟုတ်ဟုခံစားရသည်။
ထို့ကဲ့သို အလှည့်အပြောင်းတွေအပြီးမှာ နေ့ခင်းတစ်ဝက်လောက် ကုန်သွားပြီဖြစ်ကာ နေက အနောက်ဘက်ကို ရောက်နေ၏။
အဘွားကြီးလင်းက ထန်လောင်ယာကိုပြောလိုက်သည်။
“ရောက်တုန်းရောက်လိုက် ထမင်းလက်စုံးစားပြီး သောက်ကြရအောင်"
အဘိုးကြီးလင်းက သူ့မိန်းမကို တည့်တည့်စိုက်ကြည့်လိုက်၏။ သူတို့ငါးယောက် ဒီမှာ ထမင်းစားလို့ ဆင်းရဲမသွားပါဘူးလေ...
အဘိုးကြီးထန်က သူ့လက်ကို ဝှေ့ယမ်းပြီး သူ့သားအကြီးဆုံးကိုပြောလိုက်သည်။
"ကောင်းပြီ... အသားတစ်ပိုင်းနဲ့ ဂျုံချော နှစ်ဆယ်ကတ်တီ သွားယူ...ဒီနေ့ ကမန်းကတမ်း လာရတာဆိုတော့ ခမည်းခမက်တွေအတွက် လက်ဆောင် ယူမလာခဲ့မိဘူး..."
သူက လက်ကိုဝေ့ယမ်းက တခြားသားတွေကိုပါ သူနှင့်လိုက်သွားရန်ပြောလိုက်၏။
အဘွားကြီးထန်ကလည်း အလျင်စလိုအိမ်ဘက်လှမ်းကာဆိုလေသည်။
"သွားကြစို့...သွားကြစို့"
ထန်လောင်တက ယနေ့ တစ်ရက်တာ ဆက်သားအဖြစ်ပါဝင် သရုပ်ဆောင်ခဲ့သည်။
ထန်လောင်အာက သူ့၏ညီများ နောက်ကနေ အဘွားကြီးထန်ကို ကျောပေါ်တင်၍လိုက်သွားခဲ့သည်။
အဘွားကြီးလင်းက သူတို့ကိုပါ ထမင်းစားရန် နေခိုင်း၏။
အဘိုးကြီးလင်းက သူ၏လည်ပင်းတုတ်တုတ်ကြီး ခါယမ်းလိုက်ပြီး ဆံပင်ဖြူများက ဝဲပျံလာခဲ့သည်။ သူက ဂုဏ်ယူစွာဖြင့်
" သူတို့ မစားရဘူး... ဒီကောင်တွေကို ငါ ကြွားလုံးထုတ်နေတာ မဟုတ်ဘူး...သူတို့ကို ငါ နွားတွေလို ပျိုးထောင်ခဲ့တာ...သာမန်လူတွေက လုပ်နိုင်မှာမဟုတ်ဘူး"
ဆင်းရဲနွမ်းပါးသောအဖေရှိသည့် ကလေးများသည် တစ်ဝက်လောက်သာ ဗိုက်ပြည့်အောင် စားသောက်ကြရသည်။အထူးသဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကလေးများက တစ်ယောက်ပြီးတစ်ယောက် ဝဝလင်လင်မစားရသဖြင့် အရပ်သိပ်မရှည်ကြပေ။ သို့သော် သူက သူ့သားများကို ထောင်ထောင်မောင်းမောင်း ငါးယောက်နှင့်တုတ်တုတ်ခိုင်ခိုင်သုံးယောက်ဖြစ်အောင် မွေးမြူထားသောကြောင့် သူအနေဖြင့် သဘာဝအတိုင်း အလွန်ဂုဏ်ယူသည်။
အဘိုးကြီးလင်းက သူ ကြွားလုံးထုတ်သည်ကို မခံမရပ်နိုင်ဖြစ်သွား၏။ ဖလံလေးတွေဖြစ်အောင် ပျိုးထောင်ခြင်းခံရသည့် သူ့(လင်း)သားနှစ်ယောက်က တုတ်တုတ်ခိုင်ခိုင် ကြီးပြင်းလာသည့် သူ့(ထန်)သားတွေလောက် မကောင်းဘူးဟု ပြောနေသည်မှာ အသိသာကြီးပင်။
အဘိုးကြီးထန်က သူ့မျက်နှာကို ဝိုင်ခွက်နှင့်ကာပြီး သူ့ခမည်းခမက်တွေကို တောင်းပန်၏။
အဘွားကြီးလင်းက သူတို့အားလုံးက မိသားစုဝင်တွေဖြစ်သည့်အတွက် ဤသည်ကို ဂရုမစိုက်ဟုပြောသော်လည်း အဘိုးကြီးလင်းကမူ သူ့ကို အမြန်ဆုံး မောင်းထုတ်ဖို့ရာ မစောင့်နိုင်တော့ပေ။
သူ၏စတုတ္ထသားမက်က အသုံးဝင်မည့်တစ်ဦးတည်းသောသူဖြစ်သည်ကို အဘိုးကြီးလင်း ယခုအချိန်တွင် နားလည်သဘောပေါက်လာ၏။ စကားတစ်ခွန်းမှ မပြောဘဲ ထိုနေရာတွင် ရပ်နေလျှင်ပင် ထန်မိသားစု၏ ဝံပုလွေလိုသားအဖများပါ ကြောက်ပေလိမ့်မည်။အဲ့ဒါကိုဘေးဖယ်ထားရင်တောင် သူက မင်းနဲ့ အကျိုးသင့်အကြောင်းသင့်ပြောလို့လား... သူတောင်းပန်နိုင်လို့လား ...သူက အသိစိတ်ရှိပြီး သူ့သမီးကို မျက်လုံးမှိတ်ပြီး ပံ့ပိုးပေးတယ်...
သူ့အဘွားကြီး လာဘ်ထိုးခံရမှာကိုလည်း သူကြောက်သဖြင့် သူ သူမကို ဆက်တိုက် မျက်စိမှိတ်ပြနေခဲ့၏။
မှန်ပေသည်၊ အဘွားကြီးလင်းက မတုံးပါချေ။ သို့ပေဲ့ အငယ်ဆုံးချွေးမကို ကွာရှင်း၍ မရသလို ဆက်ဆံရေးကောင်းတစ်ခုလည်းထူထောင်နိုင်သည်မဟုတ်ပါလော။ နောက်ပိုင်းမှာ ပေါင်းသင်းဆက်ဆံရေးကောင်းရန် လိုအပ်ကြောင်း သက်သေပြလာသည်။ထန်မိသားစုကသားအဖတတွေက ဆော့ကစားနေသကဲ့သို့ အလုပ်အချို့ သူတို့ကို ကူညီလုပ်ဆောင်ရန် ခွန်အားများစွာရှိရုံသာမက သားနှင့်ချွေးမကလည်း ဆင်ဆင်ခြင်ခြင် နေထိုင်လာခဲ့သည်။
လင်းလန်နှင့် လင်းမိန်တို့က စကားပြောနေကြပြီး ကလေးများကလည်း ခြံထဲတွင် ပျော်နေကြသည်။
ကျန်းယောင်ကျူးက ဟန်ချင်စုန့် ပျင်းနေမည်စိုး၍ သူ့ယောက်ဖတွေနှင့် ပိုကာ ကစားရန် ဆွဲခေါ်သွားခဲ့သည်။
"ပထမဆုံးမှာ အချိန်တွေကျော်ဖြတ်ရမဲ့အချိန်ပဲ...မပေးရင်တောင် စည်းဖောက်ရာမကျပါဘူးကွာ"
အဆုံးတွင် တခြားသူများ၏ခေါင်းများက မြက်တွေနှင့်ဖုံးလွှမ်းနေပြီး ဟန်ချင်စုန့်၏ခေါင်းက သန့်ရှင်းနေ၏။
ကျန်းယောင်ကျူး : မင်းမဆော့တတ်ဘူးလိုပြောခဲ့တာ မဟုတ်ဘူးလားးး...
ဟန်ချင်စုန့်: ငါတကယ်ဘယ်လိုလုပ်ရမှန်းမသိဘူး... မျက်စိစုံမှိတ်ဆော့လိုက်တာပဲ...
... ...
ရှောင်ရှင်းက ခြံထဲတွင် မှင်သက်နေသော မျက်နှာဖြင့် ငေးမော နေသည်။
အဘိုးတွေ၊ အဘွားတွေက ပို အဆင်ပြေလာကြ၏။ မိဘတွေကလည်း ပိုအဆင်ပြေ လာသည်၊ အဒေါ်တွေကလည်း တက်တက်ကြွကြွ စကားဖောင်ဖွဲ့နေကြပြီး အကိုတွေ၊ ညီတွေနှင့် အစ်မတွေကလည်း ပျော်နေကြပေမဲ့ သူကို လျစ်လျူရှုထားကြသည်။
သူနှာရည်တွေထွက်လာသည်အထိ တိတ်တိတ်လေး ငိုတော့၏။ ဤအကြောင်းကို ပိုတွေးလေ ပိုဝမ်းနည်းလာလေဖြစ်သည်။ နောက်ဆုံးမှာ ထွက်သွားသင့်လားဟု တွေးလိုက်၏။
သူ့ကိုယ်ပိုင်ပုဝါသေးသေးလေးကို ယူလိုက်ပြီး မျက်ရည်တွေကို သုတ်ရင်း အိမ်ကနေ ထွက်ပြေးချင်ခဲ့သည်။
သူ၏ မိုက်မဲမှုကို မြင်လျှင် စန်းဝမ်က သူ့ကိုနှုတ်ဆက်လိုက်၏။
"ရှောင်ရှင်း မင်း ငါတို့နဲ့ ဝိုင်းတမ်းကစားချင်လား"
ဝိုင်းတမ်းဂိမ်းသည် အလွန်ရိုးရှင်းပြီး မြို့တစ်မြို့ဖြစ်အောင် ဘောင်တစ်ခုဆွဲကာ မြို့ထဲ၌ စစ်သားများကို စုဆောင်းကာ စည်းမျဥ်းတွေအရ ထွက်တိုက်ခိုက်ကြသည်။ စစ်သားက ခြေတစ်ဖက်ပေါ်မှာ မတ်တပ်ရပ်ရမည်ဖြစ်ပြီး အခြားခြေထောက်တစ်ဖက်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ တစ်ဖက်နှင့်တစ်ဖက် တိုက်ရ၏။ မြှောက်ထားသော ခြေထောက် မြေကြီးပေါ်ကိသည့်သူကို အရှုံးသမားဟု သတ်မှတ်မည်ဖြစ်သည်။
သူ့ကို ကစားခိုင်းကြောင်းကြားသောအခါ ရှောင်ရှင်းက ချက်ချင်းပင် ဝမ်းသာအားရ ပြေးသွားလိုက်သည်
"ပါချင်တယ်"
Xxxxxxx