အပိုင်း ၅၄၅-၅၄၆
Viewers 23k

Part 545


ကလေးတွေက အာဃာတမထားဘဲ သည်းခံတတ်သူတွေဖြစ်ကြသည်။ တခြားသူတွေက တောင်းပန်ပြီး ခွင့်လွှတ်နေသရွေ့ သူတို့က ပြန်လည် ရင်ကြားစေ့ပြီး သူငယ်ချင်းကောင်းတွေအဖြစ် ဆက်ရှိနေနိုင်၏။


 စန်းဝမ်  : "မင်းကစားချင်ရင် ဝင်ရမှာ... မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ" 


ရှောင်ရှင်းက ချက်ချင်းပဲ တစ်ဆင့် ထုတ်လိုက်ပြီးဆိုသည်။


"အများကြီး..."


စန်းဝမ်က သိမ်းလိုက်ပြီး ရှောင်ရှင်းကို တော်ဖီတစ်ပိုင်းပေးလိုက်၏။ဤသကြားလုံးမျိုးက  ဟန်ချင်စုန့် ခရိုင်ကနေ ပြန်ယူလာသည့်ဟာဖြစ်ပြီး  တစ်လုံးကို နှစ်ဆင့်လောက် ကုန်ကျသည်။


ရှောင်ရှင်းက ဝမ်းသာအားရ အခွံခွာပြီး ပါးစပ်ထဲထည့်လိုက်၏။


" အရသာရှိတယ်... နို့လိုမျိုးအရသာပဲ "


စန်းဝမ်  : " နောင်ကျရင် ငါ့ညီကို မင်းအနိုင်ကျင့်ဦးမှာလား "


ရှောင်ရှင်း  : " အနိုင်ကျင့်တာ မဟုတ်ပါဘူး "


စန်းဝမ်  : " ငါ့မားမားက  မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေကျ...ဒါပေမဲ့ခုနောက်ပိုင်း မင်းကို ကောင်းကောင်း မဆက်ဆံတော့  

ဘူး... ဘာလို့လဲ သိလား"


ရှောင်ရှင်းက ခေါင်းခါလိုက်သည်။


ဟောင်နန်က ပြုံးပြီးပြော၏။


 "တုံးလိုက်တာ... မင်းမလိမ္မာလို့ပေါ့ကွ... အစ်ကိုရှောင်ဝမ်ကို ကောင်းကောင်း ဆက်ဆံရင် ငါ့ရဲ့ စတုတ္ထအဒေါ်က မင်းကို ဂရုစိုက်လိမ့်မယ်" 

 

ရှောင်ရှင်းက မတုံးပေ၊ အဖြစ်မှန်ကို သိလိုက်သည်နှင့် အဖွားအနားကို မြန်မြန်ဆန်ဆန် တိုးသွားပြီးချက်ခြင်းပဲ ရှောင်ဝမ်ကို တောင်းပန်လေသည်။


 "အစ်ကိုရှောင်ဝမ်.. . နောင်ကျရင် မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်"


ရှောင်ဝမ်က အာဃာတမထားတတ်သည့် ကလေးတစ်ယောက်ဖြစ်၏။


 " ကိုယ်အမှားကိုယ် သိရင် လူကောင်းဖြစ်လာလိမ့်မယ်လို့ မားမားကပြောတယ်... ငါ မင်းကို ခွင့်လွှတ်တယ်"


ဟောင်နန်: "မင်း​ကြောင့်​ သူ့ကို ငါတို့ရဲ့ ကတုံးတပ်​ကို ဝင်​ခွင့်​ပြုလိုက်မယ်"


ယခု ရှောင်ရှင်းလည်း သူ့​ခေါင်းကို ကတုံးတုံးပေးရန်  ​ပူညံပူညံ့လုပ်နေပြီဖြစ်သည်။


အားဝမ်က ပြုံးပြီး "ပထမလမှာ ခေါင်းမရိတ်ရဘူး...  ခေါင်းရိတ်ရင် ဦးလေးပျော်လိမ့်မယ် " 

တရုတ်နှစ်သစ်ကူးမှာ သေကြောင်းပြောရန် ခွင့်မပြုသည့်အတွကိ လူတိုင်းက အစားထိုး အသံံတွေကို သုံးလေ့ရှိကြ၏။


ရှောင်ရှင်းက  သူ့ဦးလေးများအကြောင်း တွေးကာ ချက်ချင်းပင် ခေါင်းကို အုပ်ပြီး သူ့မျက်နှာက ပြောင်းလဲသွားသည်။ ခေါင်းရိတ်လိုက်လျှင် သူ အရိုက်ခံရမည် မဟုတ်ပေ။သူက အားဝမ် နှင့် အခြားသူများကို ထိတ်လန့်စွာ ကြည့်ကာဆိုလိုက်၏။


 "ငါ့ဆံပင်ကို ကတုံးမတုံးပါနဲ့ ငါမလိုချင်ဘူး... ဖေဖေက..…”

 

 ကလေးတွေက ရယ်ကြသည်။


စန်းဝမ်: "ငတုံး...ဦးလေးသာ ကတုံးတုံးလို့   တကယ်အသတ်ခံရရင် ဘယ်သူမှ အဖေတို့  ဦးလေးတို့ ရှိမှာ မဟုတ်ဘူး"


မိုင်စွေ့ကလည်းပြောလေ၏။


"​ဒါက ကပ်စေးနည်း ဦးလေးတချို့က တူကို နှစ်သစ်ကူး မပေးတဲ့အတွက် ဖြစ်နိုင်တယ်... အဲ့တော့ တူက ဦးလေးကို သင်္ဂြိုဟ်ဖို့ နည်းလမ်းရှာလိမ့်မယ်... ငါပြောတာက နောင်ကျရင်နင် ပထမဆုံးလမှာ ခေါင်းမရိတ်ဘူးလို့မပြောရဘူး...ပထမဆုံးလမှာ ခေါင်းမရိတ်ဘူးလို့ပြောရင်...ခေါင်းရိတ်ရင် ဉာဏ်ထိုင်းတတ်တယ်"


ဝိုင်နှစ်ခွက်သောက်ပြီးနောက် ထန်လောင်ယာ ပြန်သွားပြီး လင်းလန်းနှင့် လင်းမိန်ကို အချိန်ရလျှင် သူ့အိမ်လာလည်ရန် စိတ်ရင်းဖြင့် ဖိတ်ခေါ်သွား၏။ သူထွက်သွားပြီးနောက် အစ်မကြီးလင်းနှင့်ဒုတိယအစ်မလင်းတို့လည်း အိမ်ပြန်သွားကြသည်။


 လင်းလန်က သားသမီးတွေကို နှစ်ရက်လောက်နေခိုင်းမည်ဟု ယခင်က သဘောတူခဲ့ပြီး လင်းမိန်က လင်းလန် အိပ်မပျော်မှာကြောက်သဖြင့် မိုင်စွေ့နှင့်ချောင်ချောင် ကို သူမအိမ်ဆီ ခေါ်သွား၏။ ဟောင်နန်က စန်းဝမ်၊ရှောင်ဝမ်တို့နှင့် အတူနေခဲ့ပြီး ဟန်ချင်စုန့်က တဝမ်နှင့်အားဝမ်ကို အိမ်ပြန် ခေါ်သွားသည်။

  


ဟန်ချင်စုန့်က သဘောတူပေမဲ့ လင်းလန်  သူနည်းနည်းစိတ်ပျက်နေသည်ကို မြင်လိုက်ရ၏။ သူမ မသိဟန်ဆောင်ထားသော်လည်း အတွင်းစိတ်က တိတ်တိတ်လေး ပြုံးနေမိသည်။


ရှောင်ရှင်း နှင့် စန်းဝမ်တို့ အချိန်အတော်ကြာ ကစားပြီးနောက် ကိုယ်တွေ စေးကပ်နေပြီဖြစ်သည်။ လင်းမိန်ကို သူတို့ဆီ လွှတ်လိုက်သောအခါတွင် သူကမေးနေသေး၏။


 "တတိယဒေါ်လေး... ကျွန်တော် ဒေါ်လေး အိမ်ကို နှစ်ရက်လောက်သွားချင်တယ်" 


လင်းမိန်က ပြုံးပြီးပြောလိုက်သည်။


 "လာ...တတိယဒေါ်လေးက မင်းအတွက် အရသာရှိတာတစ်ခုခု ချက်ပြုတ်ပေးမယ်" 


 လင်းမိန်အနေဖြင့် တဝမ် နှင့်အားဝမ်ကို သူမအိမ်သို့ ခေါ်လာရန်  ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး ဟန်ချင်စုန့် သဘောတူခဲ့သည်။


ရှောင်ရှင်းက ဝမ်းသာအားရဖြင့် ရှောင်ဝမ်၏လက်ကို ကိုင်ကာပြော၏။


 "ရှောင်ဝမ် နောင်မှာ မင်းအိမ်ကို ငါသွားလို့ရမလား "


ရှောင်ဝမ် : "သွား၊ မင်းရဲ့ စတုတ္ထအဒေါ်ကို မေးကြည့်" 


ရှောင်ရှင်းက    သူ့လက်ကို ကိုင်ပြီး လင်းလန်ကို မေးလိုက်သည်။ 


လင်းလန်က ပြုံးလိုက်၏။  ကလေးတွေက ချစ်စရာကောင်းသည်၊ သူတို့ကိုယ်သူတို့ ပြင်သရွေ့ သူတို့က လိမ္မာသည့်ကလေးတွေပါပင်။ 


"ဒါပေါ့... စတုတ္ထအဒေါ်က သားကိုကြိုဆိုပါတယ်"


ရှောင်ရှင်းက  လုံးဝ ပျော်သွားသည်။


ထန်ဟဲဟွ  ရှက်စိတ်ကြောင့် ဘေး၌ ပုန်းရှောင်နေသည်။ လင်းလန်နှင့် အခြားသူများ ရှောင်ရှင်းနှင့် ပြန်အဆင်ပြေနေသည်ကို နားထောင်ကာ သူမ စိတ်ထဲမှာ အနည်းငယ် ဝမ်းသာသွားသည်။


 ညနေခင်း ဟင်းချက်သည့်အခါ ထန်ဟဲဟွက ပထမချွေးမလင်းကို ကူညီဖို့ အစပြုလာ၏။


 “ယောက်မ ငါမီးကူမွှေး ပေးမယ်” 


 ပထမချွေးမလင်းက   သူမကိုကြည့်ကာ “ဒီလိုလုပ်တာကောင်းတယ်...အိမ်မှာ အိမ်မှုကိစ္စကူမလုပ်တဲ့ မိန်းကလေးတစ်ယောက်မှ မရှိဘူး...နင်သာ ငါ့ညီမလေးဖြစ်ရင် အရမ်းပျော်မိမှာပဲ"


ပထမချွေးမလင်းက  သူမကို အနိုင်မကျင့်သည်ကို မြင်လျှင် ထန်ဟဲဟွ  နည်းနည်းပိုပျော်သွား၏။


ပထမချွေးမလင်းက  သဘာဝအတိုင်း သူမအား အနိုင်ကျင့်မည်မဟုတ်ပေ။ ပုံမှန်အားဖြင့် ထန်ဟဲဟွ  မောက်မာနေစဥ်ကပင် သူမ ခေါင်းကို မခေါက်ရဲလေရာ ယခုအခါတွင် ချွေးမငယ်လေးတစ်ယောက်လို ဖြစ်နေသည့်အခါ သဘာဝအတိုင်း ပထမချွေးမလင်း၏ စိုးရိမ်စိတ်ပင် လျော့သွားသည်။


ညနေ ထမင်းစားချိန်တွင် ထန်ဟဲဟွက လူတိုင်းအတွက် ပန်းကန်များ နှင့် တူများကို စေတနာရှိစွာ ချထားပေးပြီး အဘွားကြီးလင်း၊ လင်းလန်နှင့်ပထမချွေးမလင်းတို့က ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် စောင့်နေကြသည်။


 လင်းလန် သူမတကယ် ရွှင်မြူးနေသည်ကို မြင်လိုက်ရသည် သူမ အတင်းအကြပ်ပြုံးနေပုံမရပေ။ အချိန်တိုတိုအတွင်း ထိန်းညှိနိုင်စွမ်းရှိသည်ကို သူမသဘောကျမိသည် ။သူမအနေဖြင့်မ အေးချမ်းတည်ငြိမ်သော ဘဝကို ပိုင်ဆိုင်နိုင်သည့်အတွက် သဘာဝအတိုင်းပင် လင်းလန် ကို ဂရုမစိုက်တော့ပေ။


 ထိုနေရာရှိ ကလေးအချို့လည်း ရေရွတ်နေလေ၏။


 ရှောင်ဝမ်: "ညီလေးရှောင်ရှင်း... မင်းစာမဖတ်တတ်ဘူး... ဂိမ်းတွေတောင် မဖတ်တတ်ဘူး"


လင်းမိသားစု၏ကလေးများက များသောအားဖြင့် မူလတန်းကျောင်းမှာ နှစ်အတော်ကြာနေပြီး စာဖတ်တတ်ရေးတတ်ကြသည်။ သို့ပေမဲ့ ရှောင်ရှင်းက  ယခင်က ကျောင်းမတက်ချင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်  အဘွားနှင့်အမေက ကျောင်းတက်သည်က အသုံးမဝင်ဘူးဟု ပြောကြ၏။ ပထမချွေးမလင်းက နှစ်ကြိမ်ပြောပေမဲ့ ထန်ဟဲဟွက နားမထောင်ခဲ့ပေ။ ယခု ကလေးက ထိုသို့ပြောသောအခါ ရှောင်ရှင်းက  သည် အလွန်ယုံကြည်သွားပြီး သူ့အဘွားကို ကျောင်းတက်ချင်ကြောင်း ပြောပြသည်။


မိသားစုနှင့် ဆွေးနွေးပြီးနောက်တွင် သူက ယခုနှစ်တွင် ရှစ်နှစ်ရှိပြီဖြစ်၍ ဆောင်းဦးတွင် ကျောင်းတက်သည့်အခါ ကျောင်းတက်ရန် ကွက်တိဖြစ်သည်။


Xxxxxxx

0Part 546


သူမချွေးမနှင့်မြေးတွေ ပိုလိမ္မာလာသည်ကိုမြင်သောအခါ အဘွားကြီးလင်း အလွန် စိတ်လှုပ်ရှားသွားရ၏။သူမ အနာဂတ်မှာ ပို၍ကောင်းကောင်းလုပ်ဆောင်နိုင်ရန် အဘိုးကြီးလင်းကို ဘာအမှားလုပ်ခဲ့မိလို့ ဘာပြင်ရမှာလဲဟု  ညည်းညူရဦးမည်။


အဘိုးကြီးလင်းကပြောလာခဲ့၏။

 "နည်းနည်းလေးပါပဲကွာ... ဘက်လိုက်မနေပါနဲ့" 

 

အဘွားကြီးလင်းက သူ့ကိုထုလိုက်သည်။

 "ရှင်ပြောတာ ကျွန်မက ဘက်လိုက်နေတယ်ပေါ့လေ...အကုန်လုံးရှင့်မိသားစုက ဆင်းသက်လာတာလေ... ရှင်မမှတ်မိဘူးလား...ရှင့်အမေက ဘာလို့ ဘက်လိုက်ခဲ့တာလဲ “


သေဆုံးသွားသည့် သူမ၏ယောက္ခမဖြစ်သူက အလွန်အစွမ်းထက်မြက်၏။ သမီးဖြစ်သူက ယောက္ခမနှင့်ယောက်မအကြောင်း တိုင်ကြားရန် မိခင်အိမ်သို့ ပြန်သွားချိန်မှာ သူမက ချက်ချင်း  တုတ်တစ်ချောင်းကို ကိုင်ဆွဲပြီး ပြန်ဆွဲပို့ပေးခဲ့သည်။   သမီးဖြစ်သူ  ဒေါသဖြစ်လွန်း၍ အိမ်တံခါးဝကိုပင် လာမကပ်နိုင်တော့ပေ။တကယ် အိမ်ထောင်ရှင်သမီးအစစ်က ရေသွန်လိုက်သလိုပါပင်။ ကံကောင်းထောက်မစွာ၊ သူမက သူ့ချွေးမကို လေးစားသင့်သလောက်လေးစားပြီး သူမသားမက်ကလည်း သူမအပေါ် ဝတ္တရားကျေပွန် သောကြောင့် မိသားစုမြင်ကွင်းက ချောမွေ့သွားရသည်။


 ထိုမိန်းကလေးများသည် သူမတို့၏ မိခင်အိမ်မှ  အကူညီရရန် လမ်းကြောင်းမရှိသောကြောင့် သားသမီးများကို သွန်သင်ဆုံးမကာ ခင်ပွန်းဖြစ်သူအား ကောင်းစွာ ဂရုစိုက်ပြီး ယောက္ခမများနှင့် အဆင်ပြေအောင်နေထိုင်ရန် သင်ယူခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူတို့ အငြင်းပွားပြီး အပြင်းအထန်ရန်တွေဖြစ်ခဲ့ကြသော်ငြား ကလေးများ ကြီးပြင်းလာသောအခါ ကောင်းမွန်စွာ နေထိုင်ခဲ့ကြသည်။ ယခုတော့ ညီအစ်မနှစ်ယောက်က ရံဖန်ရံခါ ပြန်လာကြပြီး အဘွားကြီးလင်းနှင့် အတိတ်အကြောင်း  စကားစမြည်ပြောလိမ့်မည်ဖြစ်ကာ  ဆုံးပါးသွားခဲ့သော မိခင်အိုကြီးကို သတိရမိကြသည်။     


 အဘိုးကြီးလင်းကဆို၏။


 "ငါတို့အမေမှာ သူ့လမ်းနဲ့သူရှိပေမဲ့...ငါစဉ်းစားကြည့်တော့ သမီးနဲ့သားမက်ကလည်း မဆိုးပါဘူး... သူတို့က တခြားအရာတွေထက် ပိုကောင်းတဲ့ဘဝနဲ့ နေထိုင်နိုင်တယ်လေ"


အဘွားကြီးလင်းက သူ့ကိုရယ်လိုက်သည်။

"စတုတ္ထသားမက်ကသာရှင့်ကို မျက်နှာသာမပေးရင်... ထန်မိသားစုက လာပြဿနာရှာတဲ့အခါ ရှင့်ချွေးမကို ပြန်မသွားဖို့ ရှင် အော်နေဦးမှာ"

  

အဘိုးကြီးလင်းက ဝန်ခံရန် ငြင်းဆိုခဲ့၏။

 "ထန်ဟောင်းတွေရဲ့အနိုင်ကျင့်ခြင်းကို မခံရအောင် မပြန်ခိုင်းတာက သူ့အတွက် ကောင်းပါတယ်"


သူက ထန်လောင်ယာကို ကြောက်ပေမဲ့ ထန်လောင်ယာက သူ့ကို မရိုက်ဝံ့ပေ။ လုပ်လည်း ရိုင်းပြတာထက် ဘာမှ မပိုပါချေ။


  အဘိုးကြီးလင်း နှင့် ထန်လောင်ယာတို့က အဆက်အဆံအနည်းငယ်သာရှိသည်။သူ၏အဖွားမိသားစုနှင့် ထန်လောင်ယာ၏အဒေါ်မိသားစုမှာ တစ်ရွာတည်းတွင်ရှိပြီး အဘွားကြီးလင်းက ထန်လောင်ယာ၏အဒေါ်နှင့်မျိုးရိုးနာမည်တူသည်။ 


ထိုအချိန်က ထန်လောင်ယာသည် သူမ(အဘွားကြီးလင်းငယ်ငယ်)က ဖြူဖွေးလှပပြီး သွက်သွက်လက်လက်ရှိသည်ကိုမြင်လျှင် သူ့အဒေါ်ကို စကားကြောင်းရန် တောင်းဆိုလိုက်သည်။


 တစ်ချိန်တည်းမှာပင် အဘိုးကြီးလင်းကလည်း သူမ(အဘွားကြီးလင်း)ကို ချစ်မိသွားခဲ့သည် သူ့တွင် အမြင်ကောင်းပြီး ခြေမြန်လက်မြန်ရှိသည့် မိခင်တစ်ဦးရှိသည့်အပြင်  တခြားတစ်ယောက်ကလည်း  ထိုအကြောင်းကို တွေးနေမှန်းသိသည်နှင့် ချက်ချင်းပင် လက်ထပ်ခွင့်တောင်းခဲ့သည်။  


ထိုအချိန်က အဘိုးကြီးလင်းသည် 16 17အရွယ် ချောမောသူဖြစ်ပြီး ကောင်မလေးနှင့် လိုက်ဖက်သူဖြစ်သည်။ ထန်လောင်ယာကမူ အသက်ဆယ့်ငါးနှစ်တွင် သန္ဓေပြောင်းလာပြီး ထွားလာခဲ့၏။ အသက် 17 18အရွယ်တွင် ပိုတုတ်ခိုင်လာကာ သူ၏မူလ ကြမ်းတမ်းသော အသွင်အပြင်က ပို၍ပို၍ ကြမ်းတမ်းလာပြီး ရုပ်ဆိုးသည်ထက် ပိုကြောက်စရာကောင်းလာသောကြောင့် ကလေးမလေး(အဘွားကြီးလင်း)က သဘာဝအတိုင်းပင်သူ့ကို မကြိုက်ပေ။     


ဤသို့ဤပုံဖြင့် ထန်လောင်ယာက အဘိုးကြီးလင်းကို  အမြဲတစေ အထင်သေး ရှုတ်ချနေခဲ့သည်။ သူက ရွာထဲမှာမနေသလို ပတ်သွားမနေသော်လည်း ငယ်စဉ်ကပင် အခြားသူများကို အပြစ်ရှာလေ့ရှိသည်။     


သူက အဘွားကြီးလင်းထက် ရုပ်ရည်ပိုလှသည့်ဇနီးကို ရှာတွေ့ရန် အသဲအသန် လိုချင်ပေမဲ့ ရှာရ သိပ်မလွယ်လှပေ။ နောက်ဆုံးမှာ ထန်မိသားစု၏လက်ရှိ အဘွားကြီးထန်ကို ရှာတွေ့ခဲ့၏။ ကံမကောင်းစွာပဲ သူမကြည့်ကောင်းပေမဲ့ သူမမှာ ဆိုးရွားသည့် ပြဿနာတွေရှိနေခဲ့သည်။ သူမကြောင့် အကြီးဆုံးသားဖြစ်သူကို စွန့်ပစ်လုနီးပါးဖြစ်ခဲ့သည်။ကံကောင်းစွာနှင့် ထန်လောင်ယာ  အချိန်မီသိသွားခဲ့၏။ နောင်တွင် သားဖြစ်သူကို သူက တာဝန်ယူမည်ဖြစ်ပြီး သူမကို မိသားစုအတွင်းရေးကိုသာ ကိုင်တွယ်ခိုင်းခဲ့သည်။


အမှန်တွင် အစတုန်းက ထန်လောင်ယာက အစ်ကိုကြီးလင်းကိုသာမက လင်းလန်ကိုလည်း သဘောကျခဲ့သည်။ သူမကို သူ့သားထွေးအတွက် တောင်းရမ်းပေးချင်သည်ဟုတွေးပြီး တစ်စုံတစ်ယောက်ကို သိစေရန်အတွက် တိတ်တဆိတ်တောင်းဆိုခဲ့၏။။ အဘွားကြီးလင်းက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး မိသားစုထဲက သားသမီးတွေကို မပြောပြရန် ဆုံးဖြတ်ခဲ့သည်။


နောက်ပိုင်းတွင် ထန်လောင်ယာက သူ၏ နည်းဗျူဟာကို ပြောင်းလဲခဲ့ပြီး သူ့သမီးဖြစ်သူကို လင်းလဲ့ရွှေနှင့် လက်ထပ်ပေးရန် လှည့်ကွက်အချို့ကို အသုံးပြုခဲ့သည်။

(Crushနဲ့မပေါင်းရတော့ အတင်းတွေခမည်းခမက်လုပ်)


လင်းလန်က လှပပြီး အကျိုးသင့်အကြောင်းသင့်ရှိကာ  နှိမ့်ချခြင်းလည်းမရှိသလို နှိပ်ကွပ်ခြင်းလည်း မရှိသည်ကို မြင်လိုက်ရသောအခါ ထန်လောင်ယာ  သူ့ချွေးမဖြစ်ခဲ့လျှင် ကောင်းမည်ဟု တွေးမိပြန်သည် သူမနှင့် ယခုတစ်ကြိမ်ဆက်ဆံသောအခါ စိတ်တွေ ယားယံလာသည်။ ပြန်သွားပြီး သူ့သားအငယ်တွေနှင့် တူတွေကို ဆူပူကြိမ်းမောင်းခဲ့၏။


 "မင်းတို့အကုန်လုံး ဘယ်လောက် ရုပ်ဆိုးလည်းကြည့်စမ်းးးး"


 သူတို့သာ ဟန်ချင်စုန့်လို ချောမောလျှင် ထိုလှပသော မိန်းကလေးနှင့် လက်ထပ်ပြီးသည်မှာ ကြာကြာပြီ မဟုတ်ပါလော။ထန်မိသားစုသည်လည်း ၎င်းတို့၏စတိုင်ကို ပြောင်းလဲခဲ့သည်။


သူ့ဇနီးက လှပပြီး ရုပ်ဆိုးသူက သူဖြစ်သောကြောင့် သူ့သား၏ ရုပ်ဆိုးခြင်းအတွက် သူ့တွင် တာဝန်ရှိပေ၏။


    ...


လင်းလန် သူမအမေအိမ်တွင် နှစ်ညနေခဲ့ပြီး စန်းဝမ်၊ရှောင်ဝမ် နှင့်ရှောင်ရှင်းကို လင်းမိန်၏အိမ်သို့ နှစ်ရက်ကြာခေါ်သွားခဲ့သည်။ ဟန်ချင်စုန့်နှင့် သူ့သားနှစ်ယောက်က သူတို့သားအမိကို လာခေါ်ရန်  လင်းအိမ်ကို အရင်သွားခဲ့ကြပြီး ၎င်းနောက် လင်းမိန်၏အိမ်ကို ဧည့်သည်အဖြစ် သွားခဲ့ကြသည်။


ကျန်းယောင်ကျူးတို့သားအမိ နှစ်ယောက်က အပျော်ဆုံးသူတွေဖြစ်၏။ ကျန်းယောင်ကျူး က မိသားစုပုံတူလုပ်ရန် ခရိုင်ကို သွားဖို့ မစောင့်နိုင်တော့ပေ။ အဘွားကြီးကျန်းက အရသာရှိသည့်  အစားအစာတွေ လုပ်နေပြီး နှစ်သစ်ကူးတုန်းက ကျန်ခဲ့သော ကြက်ဂျယ်လီတွေကို  ဧည့်သည်ငယ်လေးတွေကို ဧည့်ခံရန်သုံးလိုက်၏။


 လင်းမိန်ကလည်း လင်းလန်နှင့် ဆွေးနွေးခဲ့သည်။

 "သူတို့အမှားတွေကို ဝန်ခံပြီးပဲ တောင်းပန်စေချင်တယ်...ပိုက်ဆံလည်း မလိုချင်ပါဘူး...ရှောင်ဝမ် ဆေးကုဖို့ နင်ဘာလို့   မသိမ်းထားရမှာလဲ"


 လင်းလန်က ရယ်ကာ​ပြောလိုက်၏။


" ဒါက နင့်ကို ပေးသင့်တဲ့အရာပါ...ငါတို့ ရှောင်ဝမ်ရဲ့ ဆေးကုသမှုအတွက် ပိုက်ဆံ စုဆောင်းထားခဲ့ပြီးပြီ...သူ့အဖေက ကေဒါတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲဘော်တွေက ပြည်နယ်မြို့တော်မှာ ရှိနေတယ်လေ... ရှောင်ဝမ်ကို ဆေးသွားကုတဲ့အခါ ပိုက်ဆံအများစုကို လျှော့ချနိုင်တယ်... ဆေးဖိုးပေးရုံပါပဲ”


Xxxxxxxxx