Part-67
ကျိယန်၏လက်များက သူမ၏သေးသိမ်သည့်ခါးလေးကိုပွတ်သပ်ပြီးနောက် နောက်ကျောဘက်ဆီသို့ရွေ့ပြောင်းသွားသည်။ထို့နောက် သူမ၏ထင်းနေသောပုခုံးရိုးလေးများကိုထိတွေ့လိုက်ပြီးကျောရိုးတလျောက်အောက်ဘက်သို့ရွေ့လျားသွားသည်။သူမ၏ကျောပြင်တလျောက်မည်သည့်အဆီပိုမှ မခံစားမိသောကြောင့်
ကျိယန်ခပ်ဖွဖွသက်ပြင်းချလိုက်ပြီး သူမနား နားသို့တိုးကပ်ပာပြောလိုက်သည်။
"ထန်ထန် မင်းအရမ်းပိန်နေတယ်...ကြည့်ပါဦး အရိုးနဲ့အရေပဲရှိတော့တယ်..."
"ရှင်...ရှင်ဒါကတော့အရမ်းချဲ့ကားလွန်းသွားပြီ..."
ထန်ထန်ကိုယ်တိုင်လဲသူမပိန်နေသည်ကိုဝန်ခံပေသည် သို့သော်လဲအရိုးနဲ့အရေပဲရှိသည်တော့မဟုတ်ပေ။
သူမကအမျိုးသမီးတယောက်ဖြစ်နေတုန်းပဲလေ...ဒီတော့ရင်သားနဲ့တင်သားတွေရှိတယ်...အဲ့နေရာကလဲအသားပဲမဟုတ်ဘူးလား...ဒီလိုမှမဟုတ်ဘူးဆိုရင်သူမကဝါးလုံးလိုအရမ်းရုပ်ဆိုးနေမှာပေါ့...
ထန်ထန်ကူကယ်ရာမဲ့စွာဖြင့်တီးတိုးရေရွတ်လိုက်သည်။
"အဲ့ဒီနှစ်နေရာမှာတေ့ာအသားရှိသင့်တယ်လေ...အသားရှိရမှာပေါ့...ဘယ်လိုလုပ်ပြီးအရိုးနဲ့အရေပဲဖြစ်ရမှာလဲ..."
ကျိယန်၏အကြားအာရုံကအလွန်ကောင်းမွန်သောကြောင့် သူမတီးတိုးပြောဆိုသံကိုကြားပြီးနှုတ်ခမ်းထောင့်များကော့တက်သွားသည်။သူ့၏လက်ကအောက်သို့လျောဆင်းသွားပြီး ထိုဧရိယာကိုအုပ်ကိုင်လိုက်သည်။ထိုနောက် အရှေ့ဘက်သို့ပြန်ရွှေ့လာပြီးဘယာမပါသောရင်သားများကိုအုပ်ကိုင်လိုက်၏။
"အသားရှိသင့်တယ်ဆိုတာက ဒီနေရာတွေလား..."
(အား...)
"ဟုတ်တာပေါ့ အသားတချို့ရှိနေတာပဲ..."
ထန်ထန်သူမနှုတ်ခမ်းကိုနာအောင်ပင်ဖိကိုက်လိုက်မိသွားသည် ထို့နောက် ထိုလူ၏လက်လွန်မလာခင်ကြမ်းတမ်းစွာပုတ်ထုတ်လိုက်လေသည်။
အမှောင်ထဲမှ ကျိယန်၏မျက်နှာပေါ်တွင်နူးညံ့သည့်အပြုံးလေးတခုဖြစ်ပေါ်နေသည် သူထန်ထန့်ကိုညင်သာစွာဖြင့်နှစ်ကြိမ်ခန့်စမ်းလိုက်ပြီးမှသူမတယောက်သာကြားနိုင်သောအသံမျိုးဖြင့်ပြောလိုက်သည်။
"ဒါပေမဲ့လဲ အဲ့ဒာလေးတွေကသေးသွားတယ်လေ...ကိုင်ရတာအရင်လောက်တောင်သက်သောင့်သက်သာမဖြစ်တော့ဘူး..."
ထန်ထန်၏မျက်နှာကနီရဲသွားသည် သူမစိတ်ဆိုးဒေါသထွက်ရမလား ရှက်ရွံရမလားဝမ်းနည်းရမလားပင်မသိတော့ပေ။အဆုံးသတ်၌ခံစားချက်များအားလုံးကပေါင်းစုသွားပြီး သူမစိတ်ကောက်သွားလေသည်။
"အဲ့ဒါတွေကကျွန်မဝိတ်ပြန်တက်လာလို့ရှိရင် ပိုပြည့်လာမှာ...ဒီလိုဖြစ်နေတာကခဏပဲ..."
ကျိယန် ရီချလုနီးပါးဖြစ်သွားသော်လဲ ကံကောင်းစွာပဲထိန်းချုပ်လိုက်နိုင်သည်။
သူ အံသြသင့်သလိုမျိုး "အိုး" ဟု အသံတချက်သာပြုလုပ်လိုက်သည်။
ထိုသို့မယုံသင်္ကာအသံမျိုးကြောင့်ထန်ထန်ပို၍စိုးရိမ်ပူပန်သွားမိသည်။
သူက သူမကိုမယုံဘူးလား...သူမကအရင်အတိုင်းရှိနေတော့မှာပဲမဟုတ်ဘူးလေ...ကျီယွဲ့ပေးတဲ့ရင်သားလိမ်းဆေးကတကယ့်ကိုအသုံးဝင်ပြီးတော့ အလုပ်လဲဖြစ်တယ်...အခုလတ်တလောသူမအရမ်းအလုပ်ရှုပ်နေပြီး သုံးဖို့အချိန်မရှိတာကြောင့်သာမဟုတ်ရင် အဲ့တာတွေကပိုပြီးတော့တောင်ကြီးလာလောက်ပြီ...
ယောက်ျားတွေကရင်သားကြီးကြီးကိုကြိုက်တာလား...အခုသူမကသေးနေလို့သူကမကြိုက်ဘူးလား...
ထန်ထန်တယောက်သူမဝိတ်တက်အောင်နှင့်ရင်သားကြီးအောင်လုပ်မည့်အစီအစဉ်များကို မနက်ဖြန်မှာပင်စတင်ပြုလုပ်ရန်ဆုံးဖြတ်လိုက်သည်။သူမ၏တိုးတက်မှုများကို ကျိယန်လုံးဝသတိပြုမိစေရန်ပြုလုပ်ပေမည်။
သူမအံတင်းတင်းကြိတ်၍ပြောလိုက်သည်။
"ကျွန်မ ...ကျွန်မကတိပေးတယ်...ကျွန်မတလအတွင်း၅ကီလိုတက်ရမယ်...ပြီးတော့ အဲ့ဒီနေရာတွေကလဲကြီးလာစေရမယ်...အဲ့တာအမှန်ပဲသူတို့ကအမြဲတမ်းသေးနေမှာမဟုတ်ဘူး..."
ကျိယန်ဆက်မထိန်းထားနိုင်တော့ပဲ တကိုယ်လုံးလှုပ်ခါနေသည်အထိရီမောလိုက်သည်။
သူ့၏အမျိုးသမီးလေးကတကယ့်ကိုချစ်စရာကောင်းလှသည် သူမကိုစနောက်နေရင်းဖြင့်သူ့၏စိတ်အခြေအနေကပို၍ကောင်းမွန်လာသည်။သူကိုယ်တိုင်လဲ သူမနှင့်အတူရှိနေလျှင် သူ့၏အမူအကျင့်များဘာကြောင့်ပြောင်းလဲသွားသည်ကိုလုံးဝမသိတော့ပေ။သို့သော်လဲသူမကိုစနောက်ရီမောနေမိခြင်းအားမထိန်းချုပ်နိုင်ပေ။
ဒါက သူ့၏အရင်အေးဆေးတည်ငြိမ်သောပုံရိပ်နှင့်လုံးဝကွဲပြားခြားနားနေသည်...ဒါပေမဲ့ ဒါတော်တော်လေးကောင်းပါတယ်...အမှန်တိုင်းပြောရလျှင်သူက သူမကိုစနောက်နေခြင်းသာဖြစ်သည်...သူကဘယ်လိုလုပ်ပြီးသူမကိုမကြိုက်ပဲနေရမှာလဲ...သူ သူမတယောက်ထဲကသာလျှင်သူကြိုက်နှစ်သက်တဲ့တဦးတည်းသောသူပဲ...
သူမပိန်ပိန်ဝဝ ကြီးကြီးသေးသေး ရုပ်ချောချော ရုပ်ဆိုးဆိုး...သူကြိုက်နှစ်သက်ပေသည်။အဲ့ဒာက...သူမကြိုးစားပမ်းစားဖြင့်ဝိတ်တက်အောင်လုပ်ထားရခြင်းကယခုပြန်၍ ဝိတ်ကျသွားသည်ကိုမြင်လိုက်ရသည့်အချိန်၌ သူ့ကိုယ်သူမတတ်နိုင်ပဲအပြစ်ရှိသလိုခံစားနေမိခြင်းသာဖြစ်သည်။
သူမကိုကျန်းမာသန်စွမ်းပြီးအနဲငယ်ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်စေချင်ပေသည်။ သို့မှသာသူမလေနှင့်လွင့်ပါမသွားဖို့အတွက်စိုးရိမ်မနေရမှာဖြစ်သည်။
တခြားလူများထက်သူမကိုယ်တိုင်လဲလှချင်နေပေသည် အဘယ်ကြောင့်ဆိုသော်အမျိုးသမီးများက လှပခြင်းကိုကြိုက်နှစ်သက်၏။သူမကျန်းကျန်းမာမာနှင့်ပျော်ရွှင်နေသရွေ့ သူဘာကိုမှထပ်ဆန္ဒမရှိတော့ပေ။
"ရှင်ဘာလို့ရီနေတာလဲ..."
ထန်ထန်သူဘာကြောင့်ရီနေမှန်းမသိတော့ပေ...ဘာလို့လဲ သူမဝိတ်တက်ပြီးတော့ကြီးလာမယ်ဆိုတာကိုမယုံတာလား...
"ဘာလို့လဲဆိုတော့ မင်းကအရမ်းချစ်စရာကောင်းနေလို့လေ..."
ကျိယန်သူမ၏အက်ျီထဲမှ သူ့၏လက်ကိုပြန်ထုတ်လိုက်ပြီး...နားရွက်ဖျားလေးကိုခပ်သာသာလေးပွတ်သပ်လိုက်သည်။
"ဘာလို့များ...အဲ့လောက်ချစ်စရာကောင်းနေရတာလဲ...ဟင်..."
ဘယ်လို...
သူမကချစ်စရာကောင်းတယ်...ဟုတ်လား...သူ သူမကိုစနေပြန်ပြီလား...
ထန်ထန်ရှက်ရွံစွာပင်သူမ၏မျက်နှာကိုလက်ဖြင့်ကာလိုက်မိသည် ထို့နောက်မျက်လုံးများကိုမှိတ်လိုက်၏...
"ကောင်းပြီ ကောင်းပြီ...အခုမနက်လဲမိုးလင်းခါနီးနေပြီဆိုတော့ အိပ်သင့်ပြီ..."
"ဟုတ်ပါပြီ...ဟုတ်ပါပြီ အိပ်ကြစို့..."
တကယ့်ကိုမနက်လင်းခါနီးနေပေပြီ ထို့ကြောင့်ကျိယန်သူမကိုခပ်ဖွဖွဖက်လိုက်ပြီး အိပ်ပျော်စေရန်ကျောကိုပွတ်သပ်ပေးလိုက်သည်။
သူမ၏ဘေးနားတွင်ရှိနေသော ကျိယန်၏အငွေ့အသက်များကြောင့်ထန်ထန်လုံခြုံစိတ်ချမှုကိုခံစားရပြီး ၃မိနစ်အတွင်းမှာပင်အိပ်မောကျသွားလေသည်။
ကျိယန်မစ်ရှင်ထွက်သွားသည့်အချိန်ကစပြီး...ယခုအချိန်ကပထမဦးဆုံးသူမအလျင်မြန်စွာအိပ်ပျော်သွားခြင်းဖြစ်သည်။
ကျိယန်သူမ၏လက်ကလေးကိုဆုပ်ကိုင်ထားလိုက်ပြီး မျက်လုံးများမှိတ်လိုက်သည်။
နောက်တနေ့၌ ထန်ထန်အသံတချို့ကြောင့်နိုးလာခဲ့သည်။ သူမမျက်လုံးပွင့်လိုက်သည်နှင့် သူမကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည့်ကျိယန်ကိုမြင်လိုက်ရသည်။
ကျိယန် သူမမျက်နှာလေးကိုပွတ်သပ်ရင်းမေးလိုက်သည်
"နိုးလာပြီလား..."
ထန်ထန်မျက်လုံးများကိုပွတ်လိုက်ပြီး...
"အခု ဘယ်ချိန်ရှိနေပြီလဲ..."
"စောပါသေးတယ်...အခုမှ၈နာရီပဲရှိသေးတာ...မင်းထပ်အိပ်ချင်သေးလား..."
"၈နာရီတောင်ရှိပြီလား ကျွန်မထတော့မယ်...ထပ်မအိပ်တော့ဘူး..."
ထန်ထန်ခေါင်းလှည့်လိုက်သည့်အချိန်၌ အိပ်ယာကိုကာထားသည့်ကန့်လန့်ကာကိုမဖယ်ထားသေးကြောင်းတွေ့လိုက်ရသည်။ထိုကန်လန့်ကာ၏နောက်ဘက်မှ စကားပြောနေသည့်ရင်းနှီးနေသောအမျိုးသမီးတယောက်အသံကိုကြားလိုက်ရသည်။သူမကျိယန်ကိုကြည့်လိုက်ရာ သူကအတည်ပြုဖြေကြားလာလေသည်။
"အဲ့တာ စွန်းရီရဲ့အမေ ရောက်နေတာဖြစ်မှာပေါ့ ..."
"အိုး...ဟုတ်ပြီ..."
ထန်ထန်အိပ်ယာမှထလိုက်သည်။ မနေ့ညကကောင်းကောင်းအိပ်ပျော်ထားသောကြောင့် သူမလန်းဆန်းနေပေသည်။သူမကန့်လန့်ကာကိုအနဲငယ်ဆွဲလိုက်သည်နှင့် စွန်းရီ၏ကုတင်ဘေးတွင်သက်လတ်ပိုင်းအရွယ်အမျိုးသမီးတယောက်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။သူမ၏အသွင်အပြင်ကနူးညံ့ပြီး စွန်းရီနှင့်လဲဆင်တူပေသည်။
သူမကစွန်းရီအမေပဲဖြစ်ရမယ်။
ထန်ထန်၏မျက်နှာက အနဲငယ်နီရဲနေသည် သူမထလာပြီးနောက် အနဲငယ်ရှက်ရွံ့စွာဖြင့်ထိုအမျိုးသမီးကိုနှုတ်ဆက်လိုက်သည်။
"ဟဲလို...အန္တီ..."
စွန်းရီအမေကလဲ စွန်းရီမှတဆင့်သူမအကြောင်းကိုကြားထားပြီးသားဖြစ်သောကြောင့် သူမကိုပြန်လည်နှုတ်ဆက်လိုက်သည်။
"ဟဲလို...ထန်ထန် ဒီမှာညအိပ်စောင့်တာလား..."
"ဟုတ်ကဲ့..."
ထန်ထန်အမြန်ခေါင်းညိမ့်ပြလိုက်ပြီးလိုက်ကာစကိုဆွဲဖွင့်လိုက်သည်။
ကျိယန်ကလဲအန်တီ့ကိုနှုတ်ဆက်စကားဆိုလိုက်၏။
ထို့နောက်ထန်ထန်ရေချိုးခန်းထဲသွား၍ မျက်နှာသစ်ဆေးကြောလိုက်ပြီး ကျိယန်အတွက်ပါပြင်ဆင်ပေးလိုက်၏။သူမကျိယန်၏မျက်နှာကိုရေစိုဝတ်ဖြင့်သေချာစွာသုတ်ပေးလိုက်ပြီးနောက်မတ်တပ်ထရပ်ကာပြောလိုက်သည်။
"အချစ်ရေ ကျွန်မကိုခဏလောက်စောင့်ဦးနော် အိမ်ပြန်ပြီးတော့မနက်စာလေးမြန်မြန်သွားပြန်လုပ်လိုက်မယ်...သိပ်မကြာပါဘူး...ရှင်အခုဗိုက်မဆာသေးဘူးမဟုတ်လား..."
"ကျိယန် သူမ၏လက်ကိုဆွဲကာပြောလိုက်သည် ပြန်ပြီးချက်မနေပါနဲ့တော့ အပြင်ကနေပဲတခုခုဝယ်စားလိုက်ကြရအောင်...ပြန်ချက်နေရတာပင်ပန်းတယ်..."
"ကျွန်မမပင်ပန်းပါဘူး...အပြင်ကအစားအစာတွေကလေ ကျွန်မကိုယ်တိုင်လုပ်တဲ့စားစရာတွေလိုမသန့်ရှင်းမလတ်ဆတ်တဲ့အပြင် အရသာလဲမရှိဘူး အာဟာရလဲမပြည့်ဘူး..."
"အပြင်စာတခါနှစ်တခါလောက်စားတာမျိုးလောက်ကတော့ ပြဿနာမရှိပါဘူး...ဘာအန္တာရာယ်မှဖြစ်ဘူး..."
သူပြောလိုက်ပြီးသည့်တိုင်အောင် ထန်ထန်ကစိုးရိမ်နေဆဲဖြစ်သည်ကိုတွေ့သောကြောင့် ထပ်ပေါင်း၍ပြောလိုက်သည်...
"အခုကိုယ်အရမ်းဗိုက်ဆာနေပြီ...အခုပဲမနက်စာစားကြရအောင်..."
ထိုစကားကြားသည်နှင့် ထန်ထန်၏ခုခံနေမှုများရပ်တန့်သွားပြီး သူမလျင်မြန်စွာပြောလိုက်သည်
"ကောင်းပြီ ဒါဆိုကျွန်မအခုပဲသွားဝယ်လိုက်မယ်...ခဏလေးပဲစောင့်နော် တခုခုဆိုရင် သူနာပြုကိုခေါ်လိုက်နော်..."
ထန်ထန်ထွက်သွားသည်နှင့် ပြုံး၍ကြည့်နေသောစွန်းရီ၏အမေကကျိယန်ကိုပြောလိုက်သည်။
"ရှောင်ကျိရေ မင်းရဲ့ဇနီးကတော့လေ ...သူ့ရဲ့ခင်ပွန်းသည်ကောင်းလာဖို့ကိုသေချာကိုဂရုစိုက်နေတော့တာပဲ...မင်းကမျက်လုံးကောင်းကောင်းလေးနဲ့ဇနီးကောင်းကိုရွေးထားတာပဲ..."
အတွေ့အကြုံရင့်ကျက်သောလူကြီးတယောက်အနေဖြင့် မေမေစွန်းကမိန်းကလေးတယောက်ကိုကြည့်ရာတွင် သူမတို့၏အသွင်အပြင်ကိုသာမကြည့်ပေ။မေမေစွန်းတို့အသက်အရွယ်ရှိလူကြီးများကမိန်းကလေးတယောက်ကိုထန်ထန်ကဲ့သို့ ညင်သာနူးညံ့ပြီးစီမံခန့်ခွဲတက်သည့်သူများကိုပို၍သဘောကျနှစ်သက်ကြပေသည်။
ကျိယန်ကမေမေစွန်း၏ချီးကျူးစကားကိုပြုံး၍ကျေးဇူးပြန်တင်လိုက်သည်။ သူကရှက်ရွံ့ငြင်းပယ်တာမျိုးလဲမလုပ်ပေ...အဘယ့်ကြောင့်ဆိုသော်သူကိုယ်တိုင်ကထန်ထန်က အရမ်းကိုကောင်းသည်ဟုထင်မိလေသည်။
မေမေစွန်းက ကုတင်ပေါ်တွင်ထိုင်ကာဖုန်းပွတ်နေသော စွန်းရီကိုကြည့်ပြီးဒေါသထွက်စွာပြောလိုက်သည်။
"နင်က အခုအထိဖုန်းပွတ်နေသေးတယ်ပေါ့လေ ...ကိုယ့်ကိုကိုယ်ကြည့်စမ်း...နင်နဲ့သက်တူရွယ်တူဖြစ်တဲ့ရှောင်ကျိတောင်မှ သားနဲ့မယားနဲ့ဖြစ်နေပြီ နင့်ကိုကြည့်စမ်း အခုဒီအသက်အရွယ်အထိလူပျိုလူလွတ်နဲ့ တေလေဂျပိုးလုပ်နေတုန်း..."
" ငါကနင့်ကို blind dates သွားပါလို့ပြောတယ်...နင်ကသေရမယ်ဆိုရင်တောင်မှပဲသွားဖို့ငြင်းဆန်နေတုန်း...နင့်ကို မမွေးခင်ကသာလေ ဒီလိုမျိုးစိုးရိမ်ပူပန်နေရမယ်လို့သိခဲ့လို့ကတော့ ငါနင့်ကိုမွေးမဲ့အစားအမှိုက်ပုံကသာကောက်ပြီးမွေးစားလိုက်မှာ..."
စွန်းရီကထိုစကားများကိုကြိမ်ဖန်များစွာ ကြားခဲ့ဖူးသောကြောင့်ရိုးအီနေပေပြီ...အရင်ကဆိုလျှင် သူဘယ်ဘက်နားမှဝင်ကာညာဘက်နားမှထွက်သွားလေသည်။သို့သော်လဲ ဒီတကြိမ်၌သူဖုန်းကိုကြည့်နေရင်းဖြင့်အလေးအနက်ပြန်ပြောလိုက်သည်။
"မာမား ကျွန်တော့်ကိုနောက်ထပ်ကောင်မလေးတယောက်နဲ့မိတ်ဆက်ပေးပါဦး...ဒီတကြိမ်တော့ကျွန်တော်သေချာပေါက်သွားပါမယ်..."
"နင်ကအမြဲတမ်းမသွား...ဟမ်..."
အကြိမ်ပေါင်းများစွာစွန်းရီကငြင်းခဲ့သောကြောင့် မာမားစွန်းကဆက်၍ ဆူရန်ပြင်လိုက်သည်...သို့သော်လဲ ဒီတကြိမ်၌ကွဲပြားနေပေသည်။ထိုခဏ၌သူမနားကြားမှားသည်ဟုပဲထင်မိသွားသည်။
"ဘာပြောလိုက်တယ်...သွားမယ်ဟုတ်လား..."
"အင်း ကျွန်တော်သွားမှာ ဒီနေ့ကစပြီးတော့ မာမားမိတ်ဆက်ပေးသမျှ မိန်းကလေးတိုင်းကိုကျွန်တော်သွားတွေ့တော့မယ် ဒါပေမဲ့အခြေအနေတခုတော့ရှိတယ်...
ပထမတချက်အနေနဲ့ စစ်သားတယောက်ရဲ့ရီးစား...ဒါမှမဟုတ်ဇနီးသည်တယောက်ရဲ့ဘဝကဘယ်လောက်ခက်ခဲကြောင်းကို သူတို့ကိုရှင်းရှင်းလင်းလင်းပြောပြထားရမယ်...မားမားအဲ့တာကိုထိမ်ချန်ထားလို့မရဘူး... ဒုတိယအနေနဲ့တော့ ကျွန်တော်လိုချင်တဲ့မိန်းကလေးကချက်ပြုတ်တတ်ပြီးကြင်နာတတ်ရမယ်..."
မားမားစွန်းကခဏမျှသတိလက်လွတ်ဖြစ်နေမိသည်။ သူ သူ့သားကနောက်ပြောင်နေမှန်းမဟုတ်ကြောင်းသတိပြုပြီးသွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်ပြုံးလိုက်သည်။
"သားလေး အခုတော့မားမားမိတ်ဆက်ပေးတဲ့မိန်းကလေးတွေနဲ့ တွေ့ချင်ပြီပေါ့လေ...ဒါအရမ်းကိုကောင်းတာပဲ..."
စွန်းရီသက်ပြင်းချလိုက်သည်...ဒီလောက်အနားမှာခွေးစာကျွေးမဲ့လူရှိနေမှတော့လေ သူဘယ်လိုလုပ်ပြီးတော့စိတ်မပါပဲနေတော့မလဲ...သူ့၏အနာဂတ်တွင်ဒဏ်ရာအနာတရများရလာပါကပြုစုစောက်ရှောက်ပေးပြီး စဉ်းစားတွေးတောတတ်သည့်ဇနီးလေးတယောက်နှင့်မိသားစုဘဝတခုကိုတည်ဆောက်လိုလေသည်။
သူတကယ်ကြီး ကျိယန်ကိုမနာလိုဖြစ်နေမိသည်
"သားလေးတခြားတောင်းဆိုစရာတွေ မရှိတော့ဘူးလား...သေချာတယ်နော်..."
မာမားစွန်းကထပ်ပြီးတော့အတည်ပြုလိုက်သည်။
"အဲ့ဒီ့နှစ်ချက်ပါပဲ သူမကလှလှမလှလှ ဘာအလုပ်ပဲလုပ်လုပ်အရေးမကြီးဘူး...အဓိကကသူမကစိတ်သဘောထားကောင်းရမယ်...ကျိုးကြောင်းဆီလျော်မှုရှိရမယ် စစ်သားတယောက်ရဲ့ဇနီးဖြစ်ဖို့ဆန္ဒရှိရမယ်..."
"ဟုတ်ပြီ သားအတွက်ကောင်းမွန်တဲ့ဇနီးလေးတယောက်ရှာပေးမယ်လို့ မာမားကတိပေးတယ်...စောင့်နေလိုက်တော့..."
ယနေ့ခေတ်၌ ထိုကဲ့သို့ချက်ပြုတ်တတ်ပြီး အိမ်မှုကိစ္စနိုင်နင်းသည့်မိန်းကလေးမျိုးကိုရှာဖွေရသည်မှာ ခက်ခဲနေပြီဆိုသော်လဲမာမားစွန်းအလွန်ပျော်နေမိသည်။
ဒါကမဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူးလေ...
မားမားစွန်းသူ့၏ဖုန်းကိုထုတ်ယူလိုက်ပြီးနောက် အဆက်အသွယ်ရှိသောမိသားစုတချို့နှင့်အောင်သွယ်တော်တချို့ ကိုမက်ဆေ့ပို့လိုက်သည်။သူမအားလုံးစီစဉ်ပြီးသည့်အခါ၌ အနဲငယ်စိတ်ရှုပ်ထွေးနေမိသည် သူမ၏သားကအရင်ကတခါမှ blind dates မသွားဘူးပေ။
သူမတောင်းဆိုလိုက်သည့်အခါတိုင်းသူ့ကိုသေခိုင်းသလိုမျိုး အသဲအသန်ငြင်းဆိုတတ်သည်။သူကဘယ်လိုဖြစ်ပြီးတော့ ရုတ်တရက်ကြီး စိတ်အားထက်သန်သွားရတာလဲ တစ်ယောက်ယောက်ကများသူ့ကိုအနှောင့်အယှက်ပေးနေလို့လား။
ထန်ထန်ပြန်ရောက်လာသည့်အချိန်၌မားမားစွန်းအဖြေရသွားလေသည်။
ထန်ထန်ကစားစရာအများအပြားသယ်ဆောင်လာခဲ့သည်။ သူမနှင့်အတူကလေးနှစ်ယောက်နှင့်အဖိုးကျိတို့လဲပါလာခဲ့သည်။
သူကလူအိုကြီးနှင့်ကလေးတွေအတွက်အရင်ဆုံးမနက်စာပြင်ဆင်ပေးလိုက်ပြီးနောက် ဆန်ပြုတ်တပွဲကိုပြင်ဆင်လိုက်ကာကျိယန်ကိုခွံ့ကျွေးနေလေသည်။
ကျိယန် သူ့ဘာသာသူစားဖို့အဆင်ပြေသော်လဲ ထန်ထန်ကဆန်ပြုတ်က ပူနေသေးသောကြောင့်အပူလောင်မှာကိုစိုးရိမ်နေဆဲပဲဖြစ်သည်။ထို့အပြင်လှုပ်ရှားမှုများများလုပ်ပါက ကျိယန်၏ဒဏ်ရာကိုပိုဆိုးသွားစေမည်ဆိုသောကြောင့်သူမကအစစအရာရာဂရုစိုက်၍ပြုလုပ်ပေးနေခြင်းဖြစ်သည်။
ကျိယန်ကလဲ ထန်ထန်ကိုစိတ်မပူစေချင်သောကြောင့် မျက်နှာအရေထူထူဖြင့်ပင် ခွံ့ကျွေးခွင့်ပြုထားလေသည်။
ဇနီးနှင့်ခင်ပွန်းသည်ကြားကဆက်နွယ်မှုလေးက အနဲငယ်ရွှင်မြူးစရာကောင်းလှသည်။
စွန်းရီထိုမြင်ကွင်းကြောင့်မနက်စာ မစားရသေးခင်မှာပင်ပြည့်အင့်နေပေပြီ။
single dog လေးကခွေးစာများဖြင့်တိုက်ခိုက်ခံလိုက်ရပြီးနောက်မျက်လုံးလှန်လိုက်ကာ အဝေးသို့သာအကြည့်လွဲလိုက်သည်။
မျက်လုံးကမမြင်ရတော့လျှင်နှလုံးသားကနာကျင်တော့မည်မဟုတ်ပေ။
မားမားစွန်းကလဲ သူ့သား၏အမူအယာကိုမြင်လိုက်ရပေသည်။
သူထန်ထန်တို့ဘက်သို့ပြန်လှည့်ကြည့်လိုက်ပြီးနောက် သူ့သားတော်မောင်တယောက်ချက်ချင်းပင် blind dates သွားချင်တဲ့အကြောင်းကိုသဘောပေါက်သွားလေသည်။
ဒီတော့ သူရဲ့သားတော်မောင်က ကျိယန် ဇနီးကောင်းလေးရှာတွေ့သွားတာကိုမနာလိုဖြစ်နေတာပေါ့ ဒါကြောင့်သူလဲရှာတေ့ာမယ်ပေါ့လေ...
မားမားစွန်းကအစထဲက ထန်ထန့်အပေါ်အမြင်ကောင်းလေးရှိလေသည်။ ယခုသူမကိုပို၍ကြိက်နှစ်သက်လာမိသည်။ရုတ်တရက် မာမားစွန်းကသူ့၏သားဒီတကြိမ်ဒဏ်ရာရသည်က အဆိုးကြီးလဲမဟုတ်ဟုတွေးမိသွားလေသည် သူကငြင်းပယ်ခြင်းများကိုစွန့်လွှတ်လိုက်ပြီးနောက်ဆုံးဇနီးတယောက်ရှာဖွေဖို့ဆုံးဖြတ်လိုက်လေသည်။
ဒါကသူမ သားတော်မောင်ကိုပွစိပွစိလုပ်ရခြင်းမှကင်းလွတ်သွားစေသည်။
အစာစားပြီးသည်နှင့်ထန်ထန်က ရေနွေးဓာတ်ဘူးကိုယူလိုက်ပြီး ရေနွေးသွားယူလိုက်သည် ရေနွေးပူပူဖြင့်ကျိယန်နှင့်အဖိုးကျိတို့အတွက်လက်ဘက်ရည်ဖျော်ပေးလိုက်သည် အဖိုးကျိတွင်ကြိုက်နှစ်သက်သည်များ များများစားစားမရှိပဲ ဘဝတလျောက်လုံးစွဲစွဲမြဲမြဲလက်ဖက်ရည်သောက်ခြင်းသည်သာရှိလေသည်။
..
ထန်ထန်ထွက်သွားပြီးသည့်အချိန်၌ မာမားစွန်းကအဖိုးကြီးကိုစကားဆိုလိုက်သည်
"အကြီးအကဲရဲ့အနာဂတ်ကတော့ တကယ့်ကိုကောင်းမွန်နေတာပဲ...မြေးလေးကလဲအရမ်းကိုထူးချွန်ထက်မြက်ပြီးတော့ မြေးချွေးမကလဲအရမ်းကောင်းတယ်...
အဲ့ဒီ့မြင်ကွင်းကိုကြည့်ရတာ ကျွန်မတောင်မှပဲမနာလိုဖြစ်မိတယ်...အခုကျွန်မရဲ့စိတ်ပျက်စရာသားလေးတောင်မှ အိမ်မှုကိစ္စကျွမ်းကျင်ပြီးတော့ကြင်နာတတ်တဲ့ဇနီးတယောက်ရှာချင်သွားပြီလေ..."
အဖိုးကျိကချီးကျူးစကားများကြောင့်ပျော်ရွှင်မိသော်လဲ သူ့၏မျက်နှာတွင်မဖော်ပြပေ။သူကလက်ဝှေ့ယမ်းရင်းတည်ငြိမ်စွာပင်ပြန်ပြောလိုက်သည်
"သူတို့ကပြောသလောက်လဲကောင်းတာမဟုတ်ပါဘူး...အားလုံးမှာချို့ယွင်းချက်တွေမှအများကြီး..."
"ဒီနေ့ခေတ်ထဲမှာ ချို့ယွင်းချက်မရှိတဲ့ကလေးဆိုလို့ဘယ်မှာရှိလို့လဲ...အခုလေအကြီးအကဲရဲ့မြေးချွေးမလိုလူမျိုးကိုရှာဖို့ကခက်သွားပြီ...သူကကြင်နာတယ် တွေးတောတတ်တယ် နူးညံ့တယ်...
အခုသူမတယောက်ထဲနဲ့ ကျိယန်ကိုရောကလေးနှစ်ယောက်ကိုရောပြုစုစောက်ရှောက်နေတာတောင်မှပင်ပန်းတယ်လို့တချက်ငြီးတာမတွေ့မိဘူး...ရှောင်ကျိကတော့လေတကယ့်ကိုအမြင်ကောင်းကောင်းနဲ့ ဇနီးကောင်းလေးကိုရွေးထားတာပဲ..."
မားမားစွန်းကအပေါ်ယံချီးကျူးနေခြင်းမဟုတ်ပေ။ သူမက ထန်ထန့်ကိုကောင်းသည်ဟု တကယ်ကိုထင်နေခြင်းဖြစ်သည်။သူမသူငယ်ချင်း မိသားစုများမှမိန်းမငယ်လေးများဆိုလျှင်မည်သို့ချက်ရမည်ဆိုသည်ကိုပင်မသိတော့ပေ။သူတို့အားလုံးကမင်းသမီးတပါးလိုမျိုးပြုမူနေထိုင်နေကြလေသည်။
ယခုအခါ၌ ထန်ထန်ကဲ့သို့အချက်အပြုတ်တော်သည့် အိမ်ရှင်မကောင်းလေးလိုမိန်းကလေးမျိုးရှာဖွေတွေ့ရန်ခက်ခဲသွားပေပြီ။
သူမသားအတွက်လဲ အဲ့လိုမျိုးမိန်းမကောင်းလေးတယောက်ရှာတွေ့နိူင်ရင်ကောင်းမယ်...
အဖိုးကျိကလဲမားမားစွန်း၏စကားကိုနားထောင်ပြီးယဉ်ကျေးမှုအရပြောနေခြင်းသာမဟုတ်ကြောင်း
ခံစားမိလေသည်။ထို့ကြောင့်သူ့၏စိတ်ထဲတွင်ပျော်ရွှင်မှုနှင့်ဒေါသထွက်မှုကိုခံစားရသည် ဒေါသထွက်ခြင်းကကျိယန်နှင့်ထန်ထန်တို့ကိုရည်ရွယ်ခြင်းမဟုတ်ပဲတခြားတယောက်ကိုဖြစ်သည်။
ထန်ထန်တယောက်ထဲ မိသားစုကိုဂရုစိုက်နေရတယ်ဆိုတာကို အပြင်လူတောင်မြင်နိုင်ရင်သူ့ရဲ့မိဘတွေကမသိတော့ဘူးလား...သူတို့ကဘယ်လိုမိဘတွေလဲ...
အဖိုးကျိကမျက်နှာအမူအယာတချက်မပြောင်းပဲမတ်တပ်ထရပ်လိုက်ပြီးနောက်သူ့တွင်ကိစ္စတခုခုရှိသေးသလိုဟန်ဆောင်လိုက်သည်...
သူ ဆေးရုံဝန်းထဲသို့ထွက်သွားလိုက်ပြီးဖုန်းထုတ်ကာတစုံတယောက်ကိုပြင်းပြင်းထန်ထန်ဆူပူလိုက်သည်။အဖိုးကျိ၏ဘေးနားမှဖြတ်သွားသူများပင်လျှင်ထိုဆူပူမှုကြောင့်မထိန်းနိုင်ပဲတုန်ယင်သွားကြသည်။
သူတို့ ထိုဆူခံရသောကံမကောင်းသည့်သူအတွက်စာနာသနားသွားမိကြ၏။
ထန်ထန်ကသိမ်းစရာပစ္စည်းများကိုသိမ်းဆည်းလိုက်ပြီးကလေးများကိုခေါ်၍နေ့လည်စာပြန်ချက်ပြုတ်ရန်ပြင်လိုက်သည်။အဖိုးကျိအတွက်ကမူ သူ့၏မြေးနှင့်အဖိုးတို့တယောက်နှင့်တယောက်သေချာစကားပြောနိင်ဖို့အခွင့်အရေးရသွားပေလိမ့်မည်။
"အဖိုး ကျွန်မနေ့လည်စာပြန်ချက်လိုက်ဦးမယ်...ကျိယန်ကိုစောင့်ကြည့်ပေးဖို့အတွက်အဖိုးကိုပဲဒုက္ခပေးရတော့မယ်...ကျွန်မမကြာခင်ပြန်လာခဲ့မယ်နော်..."
ကျိရှောင်ကျိုးနှင့်ထန်ထန်တို့ကထိုအကြောင်းကိုနဂိုထဲကပြောထားခဲ့ပြီးသားဖြစ်သည် ထိုကြောင့်ရှောင်ကျိုးလေးကဝမ်နောင်၏လက်တဖက်ကိုဆွဲလိုက်ပြီးချက်ချင်းပင်လက်ဝှေ့ယမ်းပြီးနှုတ်ဆက်လိုက်သည်
"ဘိုးဘိုးကျိ သားပြန်တော့မယ်နော် ပြီးတော့မှပြန်လာခဲ့မယ်..."
ပြီးသည်နှင့် ၃ယောက်သားနောက်လှည့်မကြည့်ပဲ လျှင်မြန်စွာပင်ထွက်သွားကြလေသည်။
"....." တယောက်ထဲကျန်ခဲ့သောအဖိုးကျိ
"သူတို့အဲ့သတ္တိတေဘယ်က ရောက်လာတာလဲ...သူတို့က သူ့ရဲ့ထင်မြင်ချက်ကိုတောင်မမေးတော့ပဲနဲ့ မြန်မြန်လေးပြေးသွားကြတယ်ပေါ့လေ..."
အခန်းထဲမှထွက်ပြေးသွားသည့်၃ယောက်က ဆေးရုံဝန်းထဲသို့ရောက်သည့်အခါ၌ အဖိုးကျိလိုက်မဖမ်းကြောင်းသေချာသွားပြီးရပ်လိုက်ကြသည်။
သူတို့၃ယောက်စိတ်လှုပ်ရှားစွာဖြင့်တယောက်ကိုတယောက်ကြည့်လိုက်ကြသည် ထို့နောက် ကျိရှောင်ကျိုးကသူ့၏လက်ဖဝါးသေးသေးလေးကိုမြှောက်လိုက်ပြီးပြောလိုက်သည်
"လာ...High Five လုပ်ကြရအောင်..."
သူတို့လက်ဝါးချင်းရိုက်ပြီးသည်နှင့် ကျိရှောင်ကျိုးကထန်ထန်နှင့်ဝမ်နောင်တို့၏လက်ကိုဆွဲလိုက်ပြီး ပျော်ရွှင်စွာဖြင့်လျှောက်လှမ်းလိုက်သည်
"မာမီ...ဘိုးဘိုးကျိနဲ့ဒယ်ဒီတို့အဆင်ပြေသွားမှာပါနော် ဟုတ်တယ်မလား..."
"ဒါပေါ့..."
ထန်ထန်သေချာသည့်အသံဖြင့်ပြန်ပြောလိုက်သည်
"ဖိုးဖိုးကျိက သူ့ရဲ့မြေး ဒယ်ဒီ့ကိုအရမ်းချစ်တာလေ ဒီတော့သူတို့မကြာခင်အဆင်ပြေသွားမှာသေချာပေါက်ပဲ..."
"အရမ်းကောင်းတာပဲ..."
ကျိရှောင်ကျိုးစပ်ဖြဲဖြဲဖြင့်ပြောလိုက်သည်။
"ဒါဆိုရင်သားက ဘိုးဘိုး နဲ့ပေါ်တင်တွေ့လို့ရပြီ...ဒယ်ဒီအပြစ်ပေးမှာကိုမကြောက်ရတော့ဘူး ပြီးတော့ ဒယ်ဒီ့အကြောင်းကိုလဲဘိုးဘိုးဆီသွားတိုင်ပြောပြီးတော့ အဆူခံရအောင်လုပ်လို့ရပြီ...ဟီး...ဟီး..."
ထန်ထန်သူမသား၏အကြံအစည်ကြောင့်ပြောစရာစကားပင်ဆွံ့အသွားလေသည်။
ပေါင်ပေါင်ရေ သားရဲ့တကယ့်အကြံအစည်ကဘာလဲ သားဖေဖေကိုတိုင်စရာလူတယောက်ရှိလာအောင်လို့လား...
သူတို့၃ယောက်၏ ပျော်ရွှင်မှုများက ခုံတန်းလေးတခုကိုအဖြတ်၌ပျောက်ကွယ်သွားလေသည်။
နောင်နောင်ကမသိလိုက်ဘာသာပင်ထန်ထန်၏အက်ျီစကိုတင်းတင်းဆုပ်ကိုင်လိုက်ပေသည်။
ထိုခုံတန်းပေါ်၌မတွေ့ရတာကြာပြီဖြစ်သော နောင်နောင်၏ဖခင်နှင့်လျိုဇီရွှမ်တို့ကိုတွေ့လိုက်ရပေသည်။
တပ်ဖွဲ့မှုးဝမ်ကလူနာဝတ်စုံကိုဝတ်ဆင်ထားသည်။ သူ့၏ပုံစံအရဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပုံပေါ်လေသည်။ လျိုဇီရွှမ်ကသူ့ကိုနေပူဆာလှုံရန်ဆေးရုံဝင်းထဲခေါ်လာခြင်းဖြစ်ပေလိမ့်မည်။သူတို့နှစ်ဦးသားအပြုံးကလေးဖြင့်စကားပြောနေပုံကချိုမြိန်လှလေသည်။
သို့သော်လဲထန်ထန်တို့ကိုမြင်လိုက်သည့်အချိန်၌အပြုံးများရုတ်ချည်းပျောက်ကွယ်သွားလေသည်။
လျိုဇီရွှမ်၏အသွင်အပြင်ကချက်ချင်းပင်မကျေမနပ်ဖြစ်သွားလေသည်။
ဝမ်ကျန်းရီက ထန်ထန်၏နောက်နားတွင်ရပ်နေသောနောင်နောင်ကိုမြင်လိုက်သည့်အချိန်၌အံ့အားသင့်သွားပြီးမေးလိုက်သည်။
"နောင်နောင် ဘယ်လိုလုပ်ဒီမှာရှိနေတာလဲ...မူကြိုမှာရှိနေရမှာမဟုတ်ဘူးလား..."