အပိုင်း ၅၆၇-၅၆၈
Viewers 36k

Part 567


သေချာသည်ပင်၊ သူမကိုတွေ့သည့်အခါ မျက်လုံးတွေတောက်ပနေသော အထင်ကြီးလေးစားသူတွေလည်း အများကြီးရှိ၏။ထို့ကြောင့် လျှိုချွန်းချိုက်က အချစ်စာတစ်စောင်ဟု  ထင်ခဲ့သည်။ဘာပဲဖြစ်ဖြစ် သူလျှို့ဝှက်ထားမှာဖြစ်၏။


လင်းလန်က သူ့ခေါင်းကို ရိုက်လိုက်ပြီးဆိုသည်။  "နင့်ကို  ကောင်မလေးတွေ ဘယ်လောက်များ စာပေး ပြီးပြီလဲ ..နင်ကျေနပ်တဲ့လူကို ရှာပြီး မြန်မြန်လက်ထပ်လိုက်စမ်းပါဟယ်"


လျှိုချွန်းချိုက်က ဂုဏ်ယူစွာနှင့်ဆို၏။

 "အစ်မ... ဘာကိုအလျင်လိုရမှာလဲ... အကောင်းဆုံးက နောက်မှလာမှာပေါ့"


လင်းလန်က ဟီးဟီးသာလုပ်လိုက်သည်။

 "နင့်ကို ပြောမယ်...ဒီလိုပြောတဲ့လူတွေဟာ အဆုံးမှာ အပူဒဏ်ကို မခံနိုင်တဲ့သူတွေပဲ"


လျှိုချွန်းချိုက်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

 "အစ်မ .. အစ်မဆီ ဘယ်သူရေးထားလဲ"


လင်းလန်က တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့၍ စာကိုခေါက်လိုက်သည်။


လျှိုချွန်းချိုက်က အချစ်စာလို့တောင် ထင်ခဲ့တာ ဟီးဟီး...


လင်းလန်က သူ့ကိုကန်လိုက်ပြီးပြော၏။

 "ငနာကောင်... အဲဒါ တိုင်စာတစ်စောင်ပဲ..အချစ်စာမဟုတ်ဘူး...နင့်စိတ်ထဲမှာ ရှုပ်ယှက်ခတ်နေတဲ့အရာတွေအကြောင်း ငါမစဉ်းစားမိပါစေနဲ့... အဖမ်းအဆီးခံရပြီး အဝေဖန်ခံရမှာ မကြောက်မရွံ့နဲ့"


လျှိုချွန်းချိုက်က ချက်ချင်းပင် လေးနက်စွာ ကြည့်လိုက်သည်။


"အစ်မ ကျွန်တော်က အစ်မနဲ့မှဒီလိုမဟုတ်ပါဘူး... ဒီတိုင်း ပေါ့ပေါ့ပါးပါးစတာပါ"


"ငါနဲ့ ပေါ့ပေါ့ပါးပါး နေလို့မရဘူးဟဲ့... ငါက အိမ်ထောင်ကျပြီး ကလေးမွေးပြီးသား... ဘယ်သူက ငါ့ကို အချစ်စာပေးပေး ...ငါက သူ့ကိုယောက်ျားနဲ့မိန်းမကြားကဆက်ဆံရေးကို ရှုပ်ထွေးအောင်လုပ်တယ် ... သူများ မိသားစုတွေကို ဖျက်ဆီးတယ်လို့ စွပ်စွဲပြီး လူရမ်းကားအဖြစ်နဲ့ သူ့ကို ဖမ်းမယ်..."


လျှိုချွန်းချိုက်က ချက်ချင်းပင်  မတ်တပ်ရပ်ကာ လက်ဖြင့် အလေးပြုပြီး ဆို၏။


 "အစ်မ... ကျွန်တော်  နားလည်ပါပြီ"


"မရိုင်းစိုင်းနဲ့...သတိရ"


 လင်းလန် ရရှိခဲ့သည့် အမည်မသိစာတစ်စောင်က ယွီရှင်းနှင့်ဟောင်လီယုတို့ကို တိုင်ထားခြင်းဖြစ်ပြီး သူတို့က သူမနောက်ကွယ်မှာ လင်းလန်အကြောင်းပြောနေကြသည်ဟုဆိုထားသည်။ မကောင်းသောစကားလုံးများ၊အချိန်နှင့်နေရာ၊ပြောသည့်အကြောင်းအရာတို့ပါဝင်ပြီး အချို့သောဝါကျများကိုမူ ရှင်းရှင်းလင်းလင်းပင် ရေးသားထာ၏။


၎င်းကို ဖတ်ပြီးလည်း လင်းလန်က အေးအေးဆေးဆေးပါပင်။နောက်ကွယ်မှာ ဆဲဆိုကြိမ်းမောင်းခဲ့ရသည်ကို သူမ ကျင့်သားရနေပြီဖြစ်သည်။ သူမဖြောင့်မှန်နေသရွေ့ အကောက်ကြံခံရမှာကို မကြောက်သလို သူမပတ်ဝန်းကျင်က လူတွေက သူမဘယ်သူလဲဆိုတာ သိကြသရွေ့ သူများဆီက ဆဲဆိုစကားတချို့က ဘာကိုမှ ထိခိုက်မှာမဟုတ်ပေ။


သို့သော် ယင်းက သူမ သူတို့ကို လွှတ်ပေးလိုက်မည်ဟု မဆိုလိုချေ။ သူမ ခဏတာ အလုပ်များပြီးပါက ရန်ဟုန်ရှားထံသို့သွားပြီး စကားပြောကာ ထိုလူနှစ်ယောက်ကို သတိပေးမည်ဖြစ်သည်။


  သူမ ဤရက်အနည်းငယ်တွင် အလုပ်များနေပြီး တပ်မဟာများစွာက သူတို့ကို ဖိတ်ခေါ်သော်လည်း မိုးရွာသောအခါ မသွားကြပေ။ ယခု ရာသီဥတု ကြည်လင်လာရန် စောင့်နေ၍မရသဖြင့် လင်းလန် ရန်ဟုန်ရှားကို ရှာရန် အချိန်မရှိပေ။


ထိုအချိန်တွင် ရှန်ရွေ့ကျေးရွာ တပ်မဟာမှာလည်း စာရွက်စာတမ်းများ လက်ခံရရှိခဲ့သည်။ ယခုနှစ်တွင် မြို့တွင်းရှိ အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သား ကျောင်းသားများ စာရင်းသွင်းခြင်း ပြီးမြောက်ပြီးဖြစ်ကာ ကျန်နေရာများကို ကွန်မြူနတီများထံ ခွဲဝေပေးမည်ဖြစ်သည်။


 ရလဒ်အနေဖြင့် လူတော်တော်များများဟာ စိတ်ဓာတ်တက်ကြွလာကြ၏။တပ်မဟာမှာ တစ်နေရာခွဲစာခန့်သာရှိလျှင်ပင် မည်သူက စာသင်ကြားမည့်အိပ်မက်ဖြင့်လူငယ်တစ်ဦး မဖြစ်ချင်လိမ့်မည်နည်း။


သို့ပေမဲ့  သူတို့က စစ်ဘက်ဆိုင်ရာ စက်ရုံတွေနှင့် မတူပါပေ။ သူတို့မှာ  စာသင်ချင်သည့်အခါ ထောက်ပံ့ကြေး သို့မဟုတ် ရိက္ခာခွဲတမ်းမရှိကြချေ။သူတို့အနေဖြင့် ပိုက်ဆံကို ကိုယ့်ဘာကိုယ် ရှာ၍သော်လည်းကောင်း၊ မိသားစုဆီက သော်လည်းကောင်းသာ ရရှိနိုင်ကြသည်။ အခြေအနေမပေးလျှင် အထမြောက်အောင်ကြိုးစားနိုင်မည်မဟုတ်ပေ။မိသားစု အခြေအနေ ကောင်းသည်နှင့် အထူးသဖြင့် ညီအစ်ကို မောင်နှမများရှိလျှင်  သူတို့အား ကျေးလက်ကို တစ်ယောက်တည်း လွှတ်သည့်အတွက် နှလုံးသားထဲမှာ မမျှတသလို ခံစားရပေလိမ့်မည်။ယခု အခွင့်အရေး ရှိလာသဖြင့် တိုက်ပွဲဝင်ရခြင်းသည် သဘာဝကျပေသည်။ သူတို့အားလုံး သတင်းမေးရန် တပ်မဟာသို့ သွားခဲ့ကြ၏။ အဆက်အသွယ်ရှိသည့် သူများက လှုပ်ရှားမှုများလုပ်ရန်အတွက် မြို့သို့ ပြန်ရန် ခွင့်တောင်းကြပြီး အဆက်အသွယ်မရှိသူများသည် ကွန်မြူနတီ  နှင့် တပ်မဟာဆီသို့သွာ၍ အဆက်အသွယ် အသုံးပြုနိုင်ရန် နည်းလမ်းရှာကြသည်။


ဒါပေမဲ့ ဟန်ရုံဖန်က ဘယ်သူမလို့လဲ... ဒီကိစ္စကို သူ ဘယ်လို ဂရုစိုက်နိုင်မှာလဲ...


သူက တိုက်ရိုက်ကြီး ဖွင့်ချလိုက်၏။

 "မင်းမှာ အဆက်အသွယ်ရှိတယ်ဆိုရင် ပြေးလိုက်... ငါ့ဆီ မလာနဲ့...ငါလျှောက်ပေးဖို့က အသုံးမဝင်ဘူး...လှုပ်ရှားမှုတွေ အတွက် ကွန်မြူနတီကို သွား... ခွဲတမ်းရတဲ့သူတွေ စာရင်းသွင်းလိုက်...ငါတံဆိပ်တုံးထုပေးမယ်” 


၎င်းမှာ အားဝမ် ၏အကြံဖြစ်​ပြီး အကြောင်းမှာ ဤရက်ပိုင်း ဌာနခွဲအတွင်းရေးမှူးက ဒေါသထွက်နေကာ တစ်ယောက်ယောက်က သူ့ကို အမြဲရှာနေပြီး တစ်ခွက်တစ်ဖလားသောက်ရန် လာခေါ်သည်ဟု ပြောသောကြောင့်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက  သိထားလေသည်။ 


သူတို့က တပ်မဟာနှင့် ဆက်ဆံရေး မပြေလည်ပါက ကွန်မြူနတီသို့ သွားကာ တော်လှန်ရေး ကော်မီတီ၏ ကေဒါများကို ရှာဖွေကြပြီး  လူအချို့က ဟန်ချင်စုန့်ထံ အကူအညီတောင်းချင်ကြသည်။


သို့ရာတွင် ရကွန်မြူနတီသို့ သွားသောအခါ  ဟန်ချင်စုန််မှာ နာမည်ဆိုးရှိပြီး  လက်ဆောင်ဖြင့် တောင်းဆိုရန် ရုံးကို လာသည့်သူတိုင်းကို နိုင်ငံတော်ပိုင် သိမ်းကာ ဖမ်းဆီးပေလိမ့်မည်။


 မ ကြိုဆိုသည့်အတွက် ဘယ်သူမှ မသွားရဲကြတော့ပေ။


ထို့နောက် လူအချို့က သူ့ကို အိမ်လာရှာ၍ သို့မဟုတ် လင်းလန်မှတစ်ဆင့် ရောက်ရှိလာကြပြီး အချို့မှာ အိမ်နီးနားချင်းများနှင့် ဆွေမျိုးများကနေတဆင့်ပင် ဟန်ချင်စုန့်ကို ကူညီပေးရန်  တောင်းဆိုခဲ့ကြသည်။ သို့ပေမဲ့ ယခုလိုအရာမျိုးကို  ဟန်ချင်စုန့်နှင့်လင်းလန်တို့အကြောင်းသိပြီး သူတို့နှင့် တကယ်ကောင်းသည့်ဆက်ဆံရေးရှိသူတိုင်းက လက်မခံကြသည့်အတွက် ၎င်းတို့အနေဖြင့် ပြန်သွားလိုက်ရုံသာရှိ၏။


  

ဥပမာ လင်းမိန်ကပြောလိမ့်မည်။

 "ညွှန်မှူးဟန်တို့မိသားစုနဲ့ အဆက်အဆံမလုပ်ဖို့ ငါတို့ကို ခိုင်းနေတာလား... ဒီလိုဆိုရင် ငါတို့ ဆက်ဆံရေးကို အရင်ဖြတ်လိုက်ရအောင်"


ထို့ကြောင့် တကယ် ဆက်ဆံရေးကောင်းပါက သင့်အနေဖြင့် ဆက်ဆံရေးအပေါ်မှာ အားကိုးမှာမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းက ဆီလျော်မှုမရှိပါချေ။


ထုံးစံအတိုင်း၊ ပစ္စည်းတောင်းတော်ပြီး ဆွေမျိုးတွေ  အကြောင်း ကြွားဝါချင်ကြသည့် ရွာက အဖွဲ့ဝင်တွေလည်း ရှိသလို ဟန်မိသားစု၏ ဆွေမျိုးတွေလည်း ရှိကြသည်။ သူတို့က လက်မှတ်တစ်ခုရေးထိုးကာ ညွှန်မှူးဟန်၏မိသားစုနှင့် သူတို့ကြားဆက်ဆံရေးကောင်းကြသည်ဟုဆိုကြကာ ၎င်းကိုပဲ ထပ်ခါတလဲလဲ ပြောနေကြ၏။ 


ရလဒ်အနေဖြင့် ဟန်ချင်စုန့်   ​​အိမ်မှာမရှိချိန် တံခါးဝကို ရောက်လာကြသည့်အခါ  သူတို့ပြောလိုသည်ကို ရှင်းပြရန် တွန့်ဆုတ်နေချိန်မှာပင် တဝမ်က သူ့တို့ကို ကန်ထုတ်ပစ်ခဲ့သည်။


Xxxxxxxxx

Part 568


ထိုအထဲမှာ ဟန်ကျင်းယုလည်း ပါ၏။လင်းလန်က သူမကို မျက်နှာနည်းနည်းမှမပေးပေ။သူမ ဟန်ချင်စုန့်ကို ထိုသို့သောအရာတွေနှင့်ယှက်ရန် အလှုပ်ရှုပ်ခံမနေပေ။


အလုပ်သမား၊ လယ်သမား၊ စစ်သား ကျောင်းသားများသည် တစ်နှစ်လျှင် တစ်ကြိမ် စာရင်းသွင်းကြပြီး ယခုနှစ် နှစ်ဦးပိုင်းမှ စ၍ နှစ်စဥ်နှစ်တိုင်း ရှိလာမည်ဖြစ်သည်။ဤကဲ့သိုသော ဒုက္ခမျိူးက တစ်ခါတည်းနှင့် ရပ်သွားလိမ့်မည်မဟုတ် ၊ဆက်လက်ဖြစ်ပွားနေလိမ့်မည်သာ။


အားဝမ်က မိုင်စွေ့  နှင့် ဆွေးနွေးပြီး လင်းလန်ကိုပြော၏။


 "မားမား... ဆိုင်းဘုတ်တစ်ခုရေးပြီး တံခါးမှာဆွဲထားလိုက်ရအောင်"


လင်းလန်က ပြုံးပြီးပြောသည်။


 "တချို့လူတွေက စာမဖတ်တတ်ဘူး...တချို့ စာဖတ်တတ်တဲ့သူတွေကလည်း မျက်စိကန်းနေကြပြီး သူတို့မြင်ချင်တဲ့အရာကိုပဲ မြင်ကြတာသားရဲ့"


အားဝမ် : "ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အဲဒါကို ဟိုမှာ ရေးထားတယ်...ဉာဏ်မျက်စိရှိတဲ့ လူတွေသိရင် အဲဒါကို လူသိရှင်ကြား ထုတ်ပြန်လိမ့်မယ်...အဲဒါကိုမှ တံခါးဝကို လာတဲ့လူတွေရှိသေးရင် သူတို့ကို ကြိမ်းမောင်းသင့်တယ်"


သူနှင့်မိုင်စွေ့က  အနီရောင် စာရွက်ပေါ်မှာရေးလိုက်၏။

 “အနောက်တံခါးကနေ ဖြတ်သွားသူတွေကို ဖမ်း” 


သစ်သားဆိုင်းဘုတ်ကို နံရံမှာ ကပ်ထားလိုက်ပါက စာဖတ်တတ်သူတွေက မြင်လိုက်သည်နှင့်  ဖြစ်ပျက်နေတာကို ချက်ခြင်း နားလည်သွားလိမ့်မည်။မြင်ပြီးနောက် သူတို့က ထိုအကြောင်း ပြောကြလိမ့်မည်ဖြစ်ပြီး ယင်းက အလျင်အမြန် ပျံ့နှံ့သွားပေလိမ့်မည်။ လင်းလန်တို့အိမ်နောက်ဖေးတံခါးမှ တစ်စုံတစ်ယောက်က လာချင်လျှင် သူတို့သည် သဘာဝအတိုင်း ရှက်ရွံ့ကြလိမ့်မည်။


တစ်ချိန်တည်းမှာပင် တပ်မဟာအစည်းအဝေးတွင် လင်းလန်ကလည်း စတင် လူသိရှင်ကြား ပြောခဲ့၏။


 “ဘာပဲလုပ်လုပ် အခြေအနေတွေ လုံလောက်သရွေ့တော့ တပ်မဟာက သဘောတူမှာပါ... ဘယ်သူမှ အဆက်အသွယ်ရှာဖို့ ကျွန်မအိမ်ကို မလာစေချင်ဘူး..ညွှန်မှူးဟန်က ရှင်တို့ကိုသိရင် တိုက်ရိုက် ဖမ်းလိမ့်မယ်...အချိန်ရောက်ရင် ကျွန်မကယ်ချင်ရင်တောင် မကယ်နိုင်တော့ဘူး...ဒါကြောင့် ရှင်တို့ရဲ့လုံခြုံရေးအတွက် ကျေးဇူးပြုပြီး စည်းကမ်းတွေကို လိုက်နာပါ...ညွှန်မှူးဟန်ရဲ့ သေနတ်ပြောင်းဝကို သွားမထိကြပါနဲ့"


ထိုသို့ဖြင့်  လင်းလန်တို့မိသားစုဆီလာသူများ ရုတ်တရက် ရပ်တန့်သွားသည်။


စာရင်းသွင်းရန် နောက်ဆုံးရက် မတိုင်မီ ရက်များစွာ ရှိသေးသည်ဟု သူမ ထင်သောကြောင့် သူမ အလေးအနက်မထားခဲ့ပေ။


လင်းလန် လွန်ခဲ့သော နှစ်ရက်က အိမ်တွင် အနားယူနေခဲ့ပြီး အအေးမိသွားခဲ့သည်။


နေ့ခင်းဘက်မှာ လင်းလန် နှာမှုတ်ပြီး အတော်လေး မကျေမနပ်ဖြစ်ဖြင့်ဆိုလိုက်၏။ 


"နွေရာသီမှာ ဘယ်သူက အအေးမိလို့လဲ"


တဝမ်က သူမကို ရေနွေး လက်ဖက်ရည်ခွက်တစ်ခွက် ငှဲ့ပေးရင်းပြောသည်။

 " ရေနွေးသောက်ပါ“


ကျန်းမာရေးမှူးက အအေးမိသည့်အခါ ရေနွေးများများသောက်၊ ဗိုက်နာသည်အခါ ရေနွေးများများသောက်ဟုပြောခဲ့၏။


လင်းလန်က တိတ်တိတ်လေး တစ်ငုံသောက်လိုက်သည်။ သောက်ပြီးနောက် ချက်ချင်း ချွေးတွေထွက်လာသည်


မိုင်စွေ့နှင့်အားဝမ်တို့က လင်းလန်ကို နှစ်သိမ့်ပေးကြ၏။


 "မားမား... လူတွေက အစေ့အဆန်တွေ စားကြပြီး ခေါင်းမကိုက်တဲ့လူရယ်တော့ မရှိပါဘူး"


လင်းလန်   မုန်းသည့်အရာက လေအေးပေးစက်မရှိဘာမရှိနှင့် အကြောင်းမဲ့ အအေးမိသွားရခြင်းကိုပင်။


ရှောင်ဝမ်က သူမ၏ နဖူးကို ဂရုတစိုက် ဖိကပ်ပေးနေစဥ်မှာ  စန်းဝမ်က ဟာသတစ်ခုပြောပြီး သူမကို အပြုံးတစ်ခုနှင့် မေးလေသည်။


 “မားမား ဘာဖြစ်နေတာလဲဆိုတာ သိလား”


 လင်းလန်: “အအေးမိနေတာ"


 စန်းဝမ်: “အေးတာကို အအေးလို့လည်းခေါ်တယ်..  ဆောင်းရာသီမှာ အေးတဲ့အအေးဖြစ်ပြီး နွေရာသီမှာ ပူတဲ့အအေးဖြစ်တယ်"


ရှောင်ဝမ် "အေးတာလား ပူတာလား"


 စန်းဝမ် ရယ်ပြီးဆို၏။

 "မပူအအေး အအေးလှိုင်း"


လင်းလန်က ရယ်မောလိုက်ပြန်သည်။

 “ကောင်းပြီ ငါအဆင်ပြေပါတယ်... မင်းတို့ကျောင်းမြန်မြန်သွား...မင်းတို့အဖေက  ငါ့ကိုလိုက်ပို့ဖို့ နေ့ခင်းကျအစောကြီးပြန်လာမယ် ပြောတယ်” 


အအေးမိနေသေးတာပဲ ပီရှောင်ဇီတစ်ယောက်ပဲအေးမိလိမ်မယ်...

(T/N–ထိုခေတ်က ဇာတ်ကောင်တစ်ခု)


အလုပ်မသွားခင်မှာ ဟန်ချင်စုန့်က သူမကို​လိုက်ပို့ရန် နေ့ခင်းစောစော ပြန်လာမည်ဟု ပြောခဲ့ပေမဲ့ လင်းလန်ငြင်းလိုက်၏။ အအေးမိရုံသာဖြစ်ပြီး နှာရည်ယိုသည်က ဘာမှ မစိုးရိမ်ရပါချေ။ ကွန်မြူနတီ  အဖွဲ့ဝင်တွေပင် ဖျားနာနေချိန်လည်း အလုပ်သွားကြသည်။


 လးင်လန် အိမ်တွင် တစ်ယောက်တည်းရှိနေပြီး မနေတတ်သောကြောင့် ပေါ့ပေါ့ပါးပါးပဲ သန့်ရှင်းရေးလုပ်ခဲ့သည်။ သူမ အလုပ်များနေချိန်တွင်  ယွီရှင်း နှင့်ဟောင်လီယု ပြန်ရောက်လာသည်။


သူတို့နှစ်ယောက်ကိုကြည့်လိုက်ရာတွင် လင်းလန် နှပ်ချေးများထွက်လုမတတ် အံ့သြသွားသဖြင့် လက်ကိုင်ပုဝါဖြင့် အမြန်ပိတ်လိုက်သည်။


 ထိုညက ဖြစ်ပျက်ပြီးနောက် ယွီရှင်း လုံလုံလောက်လောက်  ခံစားခဲ့ရပြီး သင်ခန်းစာတစ်ခုရကာ  ဤဘဝတွင် ဘယ်တော့မှ ပြန်ပေါ်လာတော့မည်မဟုတ်ဟု သူမ ထင်ခဲ့မိသည်။


ယခင်က သူတို့က သူ့မနောက်ကွယ်မှာ မကောင်းကြောင်းတွေပြောကြသည်ကို မသိခဲ့ပါချေ။ ယွီရှင်းက  နည်းနည်းမာနကြီးပြီး ကျေးလက်ကလူတွေကို နှိမ့်ချပြီး ကိ​စ္စတွေလုပ်ဆောင်ရန် ကျေးလက်ကလူတွေကို ရှာရသည်အား စိတ်တိုနေသည်ဟုပဲလင်းလန် ထင်ခဲ့၏။ယခုသိသွားသောအခါ ဤလူက ဘယ်လိုများ ဤသို့ဖြစ်သည်လဲလို့ တွေးလိုက်မိသည်။


 " ကပ္ပတိန်လင်း အအေးမိတယ်ဆိုလို့ လာကြည့်တာပါ" 


ယွီရှင်းက  တံခါးနားက ဆိုင်းဘုတ်အကြောင်း လင်းလန်က ပြောမှာကို ကြောက်သဖြင့် လာလည်ခြင်းဖြစ်ကြောင်း အပြေးလာ ပြောခြင်းပင်။


ဟောင်လီယု ကလည်းဆို၏။

 "အရင်တစ်ခေါက်တုန်းက ယွီရှင်း  မြောင်းထဲ မတော်တဆ ပြုတ်ကျခဲ့တာ... သူ့ကယ်တင်ဖို့ လူတစ်ယောက်ကို ခိုင်းခဲ့တဲ့ ကပ္ပတိန်လင်းကို ကျေးဇူးတင်ရမှာ... ကျွန်မ ကျေးဇူးတင်ဖို့ အခွင့်မသာခဲ့ဘူး ...ကပ္ပတိန်လင်း  ကို ကျေးဇူးတင်ဖို့ သူနဲ့ အတူလိုက်လာခဲ့တာပါ"

 

 လင်းလန် သူတို့နှစ်ယောက် လက်ထဲမှာ အိတ်တစ်လုံးစီ ကိုင်ထားသည်ကို တွေ့လိုက်ရသည်။


 လင်းလန်က အပြင်ဘက်ကို လက်ညှိုးထိုးပြပြီးဆိုလိုက်၏။

 "မင်းတို့ ဆိုင်းဘုတ်တွေ့လား"


ယွီရှင်းက ပြုံးပြီးပြောသည်။

 "ဟုတ်" 

 သူမက လင်းလန်ကို့ အိမ်ထဲကို ကူတွဲပို့ပေးရန် ခြေလှမ်းပြင်လိုက်ပြီးဆို၏။


  "ကပ္ပတိန်လင်း စိတ်မပူပါနဲ့...ကျွန်မတို့က ရှင့်ကို တစ်ခုခုလုပ်ခိုင်းဖို့ ဒီကိုရောက်လာတာမဟုတ်ပါဘူး...ကျွန်မတို့ကြားက ဆက်ဆံရေးကဘာမလို့  နောက်တံခါးကို ဖြတ်စရာလိုဦးမှာတုန်း ဟား ဟား”


သူမက ဟောင်လီယုကို မျက်လုံးမှိတ်ပြပြီး လင်းလန်ကိုတွဲလိုက်သည်။


လင်းလန်က သူတို့ကို တွန်းဖယ်လိုက်ပြီးဆို၏။


 "ရပါတယ်...မင်းတို့ဝင်သွားလိုက်...ငါ့မှာပြောစရာရှိတယ်" 


မူလက သူမ ရန်ဟုန်ရှား နှင့် စကားပြောချင်သော်လည်း အလုပ်များပြီး အအေးမိသောကြောင့် နှောင့်နှေးခဲ့ရသည်။ သူမဖျားသည်နှင့် ဟန်ချင်စုန့်က သူမကို သက်တောင့်သက်သာရှိအောင် ပြုစုပေးခဲ့ပြီး ယွီရှင်းကို သူမမေ့သွားခဲ့သည်။


သူတို့က သူမအိမ်တံခါးဝကိုနောက်တစ်ကြိမ်ထပ်လာလိမ့်မည်ဆိုသည်အား အဘယ်သူသိပါမနည်း။


    


Xxxxxxx