Part 571
ယွီရှင်း ထိတ်လန့်မှုကြောင့် တုန်ယင်သွားပြီး ဟန်ချင်စုန့်၏ ခြေထောက်များနှင့် အနည်းငယ်အလှမ်းဝေးနေဆဲဖြစ်သည့် သူမ၏ဆန့်တန်းနေသောလက်ချောင်းများကို မလှုပ်ဝံ့တော့ပေ။
ဟောင်လီယုက ခေါင်းလှည့်ပြီး ထွက်လာသည့် လင်းလန်ကို ဦးညွှတ်ကာဆို၏။
"ကပ္ပတိန်လင်း ကျွန်မတို့ကို လွှတ်ပေးပါနော်... ကျွန်မတို့ မလုပ်ရဲတော့ပါဘူး...ကျေးဇူးပြုပြီး ရှင့်ရဲ့ကောင်းမွန်တဲ့စိတ်ကို မြင်သာအောင်ပြပေးပါ"
ဟန်ချင်စုန့်က သူ့စက်ဘီးကို ဂိတ်ပေါက်အောက်မှာ ထားပြီး ဟန်ချင်းယွမ်ဘက်ဆီ လက်ဝှေ့ယမ်းလိုက်သည်။ သူက ရှေ့တိုးကာ လင်းလန်ကို ကြားဖြတ်ပြီး သူမနဖူးကို လှမ်းကိုင်လိုက်သည်။
လင်းလန် : "အဖျားမရှိပါဘူး"
ဟောင်လီယုက ဦးညွှတ်တောင်းပန်ပြီး ယွီရှင်းက လည်း မတ်တပ်ထရပ်ကာ သူမဘေးမှာ မတ်တပ်ရပ်၍ သူမအမှားကို အတူတူဝန်ခံလိုက်သည်
"ကပ္ပတိန်လင်း...ရှင်လည်း မိန်းကလေး ပါပဲ... မိန်းကလေးတစ်ယောက်က နာမည်ပျက်ရင် ဘာ
ဖြစ်မယ်ဆိုတာ ရှင်သိပါတယ်...ကျွန်မတို့တကယ်အဆုံးသတ်သွားမှာ"
နောက်နှစ်မှာ အလုပ်သမား၊ တောင်သူလယ်သမားနှင့်စစ်သားတက္ကသိုလ်ကို ဆက်လက်လျှောက်ထားချင်နေသေးသည့်အတွက် သူမမှာ ပြစ်မှုမှတ်တမ်းရှိ၍မရပေ။
သူတို့ထိုကဲ့သို့ဖြစ်နေသည်ကို မြင်သောအခါ လင်းလန် သူတို့ကို သင်ခန်းစာ ပေးချင်ပြီး ဘာကိုကြောက်ရမှန်း သိစေချင်၏။ ကောလာဟလများ နောက်ကွယ်တွင် မဖြန့်ဝံ့တော့ပါက ကြီးလေးသော အမှားများကို မလုပ်မိသရွေ့ ပြန်သွားခွင့်ပေးမည်ဖြစ်သည်။
ဟန်ချင်းယွမ် : "ဂုဏ်သတင်းက အရေးကြီးတယ်ဆိုတာ သိရင် ကောလဟာလတွေ ဖြန့်တုန်းက ခင်ဗျားဘာလို့ အဲလိုမတွေး တာလဲ"
"ကျွန်မ... ကျွန်မတို့က အဲ့လိုပြောတာမဟုတ်ပါဘူး..."
"မင်းလည်း ပြောတယ်...သူလည်းပြောတယ်... ဒီအတိုင်းပြောလိုက်တာပဲ...ကျေးလက် အမျိုးသမီးတွေအတွက် ဂုဏ်သတင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလား ...လူသုံးယောက်က ကျားတစ်ကောင်လုပ်တယ်... ပါးစပ်တစ်ပေါက်က ပိုက်ဆံရှာတယ်... မြစ်ထဲကို အတင်းခုန်ချခိုင်းခံရတဲ့ မိန်းမတွေလည်း မရှိတာမဟုတ်ဘူး"
လင်းလန်က အေးစက်စွာပြောသည်။(လူသုံးယောက်ပေါင်းရင် အတင်းပိုပြောလို့အန္တာရယ်များတယ်ပြောချငိတာလားမသိ )
ယွီရှင်းက အလျင်စလို ပြော၏။
"ရှင်က အဆင်ပြေနေတယ် မဟုတ်ဘူးလား... ဘာလို့ ရန်လိုနေတာလဲ ...ဘာလို့လောက် ဒီမကောင်းရတာလဲ "
ဟန်ချင်စုန့်၏ မျက်နှာက ရုတ်တရက် အေးစက်သွားသည်။
"ချင်းယွမ်"
ဟန်ချင်းယွမ်မှာ ရွေးချယ်စရာမရှိဘဲ ယွီရှင်း၏လက်မောင်းကိုဆွဲကာ အမြန်သွားခိုင်းရတော့၏။
"ခင်ဗျားမသွားရင် ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်"
ယွီရှင်း သူမ၏ဒေါသကို မရပ်တန့်နိုင်ပေ။လင်းလန်က တကယ် စိတ်သဘောထားသေးသည်ဟု သူမခံစားရ၏။ သူမက သာမန်ကာလျှံကာ တစ်ခုခုပြောလိုက်ခြင်းသာဖြစ်ပြီး သိပ်အရေးမကြီးမှန်း သိသာသော်လည်း လင်းလန်က အဘယ့်ကြောင့် ဤမျှ ကျိုးကြောင်းမဆီလျော်ရသနည်း။ ကိုယ့်လူကိုယ် ညွှန်မှူးဆိုပြီး အားကိုးရလျှင် ကိုယ့်ဘာကိုယ် အပြစ်ပေးလိမ့်မည်ဖြစ်သည်။ဤသည်က သူမ၏ အလှကို မနာလိုမှန်း ထင်ရှား၏။
"ရှင့်ကို လူတွေက တွန့်တိုတယ်၊ အူပုပ်တယ်၊ ရက်စက်တယ်၊ ကိုယ့် ယောက္ခမ၊မတ်၊ယောက်မ တွေကိုတောင် ရိုက်နှက်တယ်လို့ပြောတာ အံ့သြစရာမဟုတ်ဘူးပဲ..."
ဟန်ချင်းယွမ် အံ့အားသင့်သွားသည် ။အမေရေ... ခင်ဗျားတကယ်ကြီးသေချင်နေတာတော့မဟုတ်ပါဘူးနော်...
မူလက သူ့တတိယအကိုနှင့် တတိယမရီးက သူမကို အများဆုံးမှ ကြောက်စေရုံဖြစ်ကာ ဝေဖန်ပြီး ပညာပေးရမ့ ဌာနခွဲအတွင်းရေးမှူးရန်ဆီ ပြန်ပို့ပေးလိမ့်မည်ဖြစ်သော်လည်း ယခုသူမက ကိုယ့်သေတွင်း ကိုယ်တူးလိုက်၏။
လင်းလန်က သူမကို လွှတ်မပေးကြောင်း ယွီရှင်း ခံစားမိသောကြောင့် သူမကို ရိုးရိုးရှင်းရှင်းကြိမ်းမောင်းခဲ့သည်။ ဟောင်လီယုလည်း သူမကို ထိတ်လန့်သွားပြီး လင်းလန်အပေါ် အဘယ်ကြောင့် ဤမျှလောက်မကျေနပ်ချက်တွေများနေမှန်း နားမလည်ပေ။
လင်းလန်က ပြုံးလိုက်ပြီး ယွီရှင်းကိုပြော၏ "ကောင်းပြီ...မင်းက ငါ့ကို ဒိလောက် လက်တုံ့ပြန်တဲ့ လူဆိုးတစ်ယောက်ဖြစ်စေချင်တဲ့အတွက် မင်းလုပ်ချင်တာလုပ်လို့ရတယ်...ဟောင်လီယု
မင်းက ရိုးရိုးသားသား တောင်းပန်တဲ့အတွက် ငါခွင့်လွှတ်တယ်...ပြန်သွားတော့... ဝေဖန်မှုကို လက်ခံပြီး ပညာရေးနဲ့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ... စစ်ဆေးပြီးရင် မင်းရဲ့အမှားတွေကို ဝန်ခံလိုက်ပါ...ယွီရှင်း မင်းကတော့ အမှားကြီးတစ်ခုလုပ်မိတာပဲ စောင့်နေလိုက်ပါ”
ဟောင်လီယုနှင့်ယွီရှင်းတို့ တစ်ယောက်က ဝမ်းသာအားရ ငိုကြွေးပြီး နောက်တစ်ယောက်သည် ရေခဲခန်းထဲသို့ ကျသွားသလိုခံစားလိုက်ရသည်။
ယွီရှင်း: "ဘာဖြစ်လို့လဲ.. နင်ဘာဖြစ်နေတာလဲ... နင်က ကောင်းကင်ကြီးကို လက်တစ်ဖက်နဲ့ ဖုံးထားချင်သေးတာလား...နင် ဘာလို့ ဒီလောက်မကောင်းရတာလဲ"
လင်းလန်က ပြုံးပြီး ပြော၏။
"မကောင်းတဲ့လူတွေက ကျွန်မကိုမကောင်းဘူးလို့ ပြောကြတယ်...ဟုတ်တယ်မလား စန်းကော "
ဟန်ချင်စုန့်က ခေါင်းညိတ်ပြီး သူမလက်ကို ဆုပ်ကိုင်လိုက်ကာဆိုသည်။
"အိမ်ထဲ ပြန်ဝင်တော့... အအေးမိတာက မသက်သာသေးဘူး"
သူမခါးကို သိုင်းဖက်ကာ ချော့တစ်ဝက်၊ခြောက်တစ်ဝက်ဖြင့် လင်းလန်ကို အိမ်ထဲကို ပြန်ခိုင်းလိုက်၏။
ဟန်ချင်းယွမ် : "တတိယအစ်ကို မရီး...ကျွန်တော် အရင်သွားနှင့်မယ်"
သူက ဟောင်လီယု ပြောလိုက်သည်။
"သူ့ကိုမြန်မြန်ဆွဲထုတ်သွားပြီး ကိုယ့်အမှားကိုယ်ပြင်ခိုင်းချေ"
ဟောင်လီယု ခဏလောက် မှင်သက်သွားပြီး ၎င်းနောက် ကူ၍ ယွီရှင်းကို ချက်ချင်း တွန်းထုတ်လိုက်သည် ။
သို့သော် ယွီရှင်းက အိုးကွဲကဲ့သို့ အော်ဟစ်ပြီး ငိုကြွေးနေ၏။
"လင်းလန်...နင်ကလည်း မိန်းမပဲကို ငါ့ကိုဘာလို့ အခက်တွေ့အောင်လုပ် နေရတာလဲ... နင်ငါ့ကို မနာလိုဖြစ်နေတယ်မဟုတ်လား..."
"ဘာ...ဘာ...ဘာရယ် "
ဟန်ချင်းယွမ် အန်ချမိတော့မတတ်ပင်။
"ခင်ဗျားမှာ ကျုပ်မရီးက မနာလိုဖြစ်စေတာ ဘာရှိလဲ... အိပ်မက်မက်နေတာလား...ခင်ဗျား ပါးစပ်မပိတ်ရင် ကျုပ်ခင်ဗျားကို ကြိုးနဲ့ချည်မယ်"
သူ သူမအိတ်ထဲမှာ အဝတ်တစ်ခုကိုတွေ့သဖြင့် ဟောင်လီယုကိုပြောလိုက်၏။
"သူ့ပါးစပ်ထဲသို့ အဝတ်ထိုးထည့်လိုက်"
ဟောင်လီယုက ယွီရှင်းကို ခေါ်ကာ ထွက်သွားလေသည်။
ယွီရှင်း ရုန်းကန်နေသော်လည်း သူမက ပြိုင်ဘက်မဟုတ်ပေ။သူမက အဝတ်စကို ဆွဲထုတ်လိုက်ကာ ဟောင်လီယုကို ဒေါသတကြီးဖြင့် ကုတ်ခြစ်ပြီး ဆိုလိုက်၏။
"ခွေးမလေး နင်ကျေနပ်ပြီလား...ဘယ်အချိန်က ငါ့ကို လှည့်စားပြီး လင်းလန်ကိုဖားလိုက်တာလဲ...တိုင်စာရေးတဲ့သူကနင်လား "
ဟောင်လီယုလည်း စိတ်တိုသွားသည်။ကုတ်ခြစ်ခံရသော နာကျင်မှုက သူမကို အသိပြန်ဝင်လာစေ ပြီး ယွိရှင်းနှင့် ချက်ချင်းရန်ဖြစ်တော့၏။
"အသိသာကြီးကို နင်က ကပ္ပတိန်လင်းကို မနာလိုဖြစ်ပြီး တစ်နေ့လုံး သူများတွေအကြောင်း မကောင်းပြောနေတာလေ...ငါကနင့်ကြောင့် ဆွဲထည့်ခံလိုက်ရတာ"
ဟန်ချင်းယွမ် : "မပြောနဲ့တော့...ဟဲကွမ်က တပ်မဟာမှာ မင်းရဲ့ထိပ်တိုက်တွေ့ဖို့ စောင့်နေတယ်...သွားကြရအောင်"
သူက သူတို့ကို မောင်းရန် နံရံမှ တုတ်ငယ်တစ်ချောင်းကို ထုတ်လိုက်၏။ ထိုမှသာ လက်ဖြင့်တွန်းစရာမလိုကာ မိန်းကလေးများကို အခွင့်ကောင်းယူသည်ဟုလည်း အပြောမခံရမှာဖြစ်လေသည်။ ဟန်ချင်စုန့် ၏နောက်သို့ လိုက်ပြီးနောက် သူသည် အလွန်သတိထားတတ်လာခဲ့သည်။
တပ်မဟာကိုဖြတ်သွားသောအခါ သူကအော်လိုက်၏။
"ခေါင်းဆောင်တုန် "
မကြာမီ တုန်ဟွိုင်ဟွ ပြေးထွက်လာပြီးဆိုသည်။ "ချင်းယွမ် ဘာကိစ္စရှိလို့လဲ"
ဟန်ချင်းယွမ် : "မရီး ကျွန်တော် နဲ့အတူလာပြီး ဒီနှစ်ယောက်ကို လိုက်ပို့ပေးပါ...ယုံရှင်းတပ်မဟာမှာ ဝေဖန်မှုလုပ်ပြီး ပညာပေးဖို့ပို့ရမှာ...ဒီယွီရှင်း က....."
သူက ဟဲကွမ်၏တိုင်စာဇာတ်လမ်းကို ပြန်ပြောပြလိုက်သည်။
"အမည်ရင်းအတိုင်း သတင်းပို့ခဲ့တာ...မသမာမှု မရှိဘူး"
တုန်ဟွိုင်ဟွက ယွီရှင်းကို ဒေါသတကြီး တွန်းထုတ်လိုက်ပြီးဆို၏။
"ကောင်းပြီ...ယွီရှင်း မင်းက အသုံးမကျလွန်းလိုက်တာ... ကပ္ပတိန်လင်းကို သူ့မျက်နှာရှေ့မှာ သူ့ဆီကနေ သင်ယူချင်တယ်လို့ပြောပြီး သူ့နောက်ကွယ်မှာ ဒီအရာတွေကို လုပ်ခဲ့တယ်ပေါ့လေ ”
Xxxxxxxxx
Part 572
တုန်ဟွိုင်ဟွက ယွီရှင်းကို ဒေါသတကြီး တွန်းထုတ်လိုက်ပြီးဆို၏။
"ကောင်းပြီ...ယွီရှင်း မင်းက အသုံးမကျလွန်းလိုက်တာ... ကပ္ပတိန်လင်းကို သူ့မျက်နှာရှေ့မှာ သူ့ဆီကနေ သင်ယူချင်တယ်လို့ပြောပြီး သူ့နောက်ကွယ်မှာ ဒီအရာတွေကို လုပ်ခဲ့တယ်ပေါ့လေ ”
ယွီရှင်းကလည်း ချေပချင်လိုစွာပြောသည်။
“သူ့မှာ ဘာဂုဏ်မှမရှိ..… "
"ဖြန်းးးး..."
တုန်ဟွိုင်ဟွက သူမကို ငေါက်လေသည်။
"လူတွေက လူလိုပြောတတ်တာ အံ့သြစရာတော့ မရှိဘူးပဲ...ငါလို ကျေးလက်ကဇနီးတစ်ယောက်က လူတွေရဲ့အပြောအဆိုနဲ့ အကျင့်က လူတစ်ယောက်ရဲ့ ကြီးပြင်းလာမှုကို ဖော်ပြနေမှန်း သိတယ်... ပညာတတ်ဖြစ်တဲ့မင်းက မသိဘူးလား... မင်းရဲ့လျှာကို ဝါးရမဲ့ အလှည့်ရောက်ပြီလား"
တုန်ဟွိုင်ဟွက ပြောဆိုနေခြင်းကို ရပ်လိုက်ပြီးဆို၏။
"ခဏစောင့်"
သူမက တပ်မဟာဆီသို့ ပြေးသွားပြီး မောင်းထု လိုက်ကာ မကြာမီ အာရုံစူးစိုက်မှုများစွာ ခံခဲ့ရသည်။
တုန်ဟွိုင်ဟွက အော်လိုက်၏။
"ကွန်မြူနတီ အဖွဲ့ဝင်တွေ အာရုံစွင့်ကြ ပါ...အာရုံစွင့်ကြပါ ...ဒီနေ့ ကျွန်မအရမ်းလေးနက်တဲ့ ကိစ္စတစ်ခုအကြောင်း ပြောရပါမယ်... နောင်မှာ ဘယ်သူမဆို သူများနောက်ကွယ်မှာ အခြေအမြစ်မရှိ အရိပ်အယောင်မရှိတဲ့အကြောင်းတွေ မိုက်မဲစွာ ပြောဆိုတတ်သူတိုင်းဟာ ပညာတတ်လူငယ်တွေဆိုရင် ပြစ်မှုမှတ်တမ်းအထည့်ခံရပြီးတော့ အဖွဲ့ဝင်တွေဆိုရင် အလုပ်ရမှတ်တွေ နုတ်ယူသွားပါမယ်...ပြီးရင်ရွာကိုပတ်ပြီး တောင်းပန်ရမယ်”
သူမက အော်ပြောပြီးနောက် ယွီရှင်းနှင့် ဟောင်လီယုကိုပြောလိုက်၏။
“မင်းတို့ နှစ်ယောက်နဲ့ သက်ဆိုင်တယ်”
နှစ်ယောက်သား မြေကြီးထိမတတ် ခေါင်းငုံ့ကာ ဤကဲ့သို့ ပြစ်ဒဏ်ချခြင်းခံရမည့်အစား သေသွားရန် ဆန္ဒရှိနေကြသည်။
သူတို့ ခေါင်းမထောင်ဝံ့ဘဲ ခြင်အသံလောက်ဖြင့် ရေရွတ်နေကြ၏။
"တောင်းပန်ပါတယ်... ကပ္ပတိန်လင်းကို ထပ်ပြီး မပြောရဲတော့ပါဘူး"
တုန်ဟွိုင်ဟွ: "ဘာပြောတယ်... မကြားရဘူး"
နှစ်ယောက်သား ပါးပြင်ပေါ်တွင် မျက်ရည်များစီးကျကာ ကျယ်လောင်စွာ တောင်းပန်ခဲ့ရသည်။
ကွန်မြူနတီအဖွဲ့ဝင်များက လက်ညှိုးတထိုးထိုးဖြင့် ဖြစ်လေရာ ၎င်းတို့ကို ပိုရှက်လာစေသည်။
လျှိုချွန်းချိုက်က ပြေးလာပြီဆို၏။
"အိုးး ခွင့်ပြုပါဦး... နင်တို့နှစ်ယောက် ဖြစ်နေကြတာပဲ... နင်တို့နှစ်ယောက်က တကယ်ကို တတ်နိုင်ကြတာပဲ... ဘာမှမရှိဘဲ ကိစ္စတွေကို လုပ်ဝံ့တယ်"
တုန်ဟွိုင်ဟွနှင့် လျှိုချွန်းချိုက်တို့က ကြီးကြပ်ပြီး ယွီရှင်းနှင့် ဟောင်လီယုတို့က ရွာရှေ့မှ ရွာနောက်ဘက်ထိ တစ်လမ်းလုံး အော်သွားကာ ၎င်းနောက် ယုံရှင်း တပ်မဟာသို့ တိုက်ရိုက်သွားလေသည်။
သူတို့သည် ယုံရှင်း တပ်မဟာသို့သွားသောအခါ ရန်ဟုန်ရှားက ဟဲကွမ်ထံမှသိပြီးနေပြီဖြစ်ပြီး ဒေါသထွက်ကာ ဟဲကွမ်ကို ဦးစွာကြိမ်းမောင်းခဲ့သည်။ သူမက ဒေါသထွက်နေပြီဖြစ်ပြီး သင့်တော်သော နည်းလမ်းကို သူမနားမလည်သောကြောင့် ပညာတတ်လူငယ်တွေ့ဆုံပွဲတစ်ခုကို ချက်ချင်းကျင်းပကာ ဆူပူကြိမ်းမောင်းခဲ့သည်။နောက်ဆုံးတွင် ယွီရှင်းနှင့် ဟောင်လီယုတို့ကို ပြန်လည်သုံးသပ်ခိုင်းရန် အဖွဲ့ဝင်အစည်းအဝေးတစ်ခုကျင်းပပြီး ကေဒါများသည် ၎င်းတို့နှစ်ဦး၏ပြစ်ဒဏ်ကို ဆွေးနွေးခဲ့ကြသည်။
ဟောင်လီယုကို ဗွေယူ မည်မဟုတ်ဟု လင်းလန်ကပြောသောကြောင့် သူမက ပြစ်တင်ဝေဖန်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်ဝေဖန်ခြင်းဖြင့်သာ လုံလောက်သော်လည်း ယွီရှင်း၏နောက်ဆုံးစကားအနည်းငယ်သည် လင်းလန်နှင့်ဟန်ချင်စုန့်တို့ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ဟန်ချင်းယွမ်က လက်ရှိဟန်ချင်စုန့်၏ ဒေါသကို သိနေသောကြောင့် ယွီရှင်း သူမ၏ တာဝန်ခံမှုကို သက်သာရာရစေရန် ကူညီမည်မဟုတ်ပေ။
အဆုံးတွင် ဟောင်လီယုက သေးငယ်သော အပြစ်ဒဏ် တစ်ခုရခဲ့ပြီး ခြောက်လ ပြန်လည်သုံးသပ်ချက်ရေးရန် လိုအပ်သည်။
ယွီရှင်းက ကြီးကြီးမားမားပြစ်မှု အဖြစ် မှတ်တမ်းတင်ခံရပြီး သူမသည် တစ်နှစ်တာလုံး သုံးသပ်ချက်ရေးရန် လိုအပ်၏။သူမ၏ ကြီးမားသော ပြစ်မှုက ဖိုင်တွင် မှတ်တမ်းတင်ထားသည်။
ဤကိစ္စတွင် နောက်ဖေးတံခါးကနေ ဖြတ်ဝင်ခြင်းနှင့် နောက်ကွယ်မှာ လူတွေကို ဆဲရေးခြင်းဆိုသည့် ရှုထောင့်နှစ်ရပ်ပါ၀င်သောကြောင့် ယွီရှင်းကို ဖြေရှင်း ပြီးနောက်မှာ တစ်ချို့လူတွေက ၎င်းကို ရှုထောင့်အမျိုးမျိုးကနေ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။။ အဆက်အသွယ်နှင့်ဝင်လိုသူများက သူတို့စိတ်ကူးများကို စွန့်လွှတ်ကြပြီး နောက်ကွယ်မှာ မကောင်းကြောင်း ပြောသူများက သူတို့ ပါးစပ်တွေကို အိမ်မှာ ထိန်းကြရပေမည်။
တကယ်တမ်းတွင် လိမ်ညာပြောဆိုခြင်းနှင့် ကောလာဟလများ ဖြန့်ဝေခြင်းကလည်း အပြစ်ပေးခံရမည်ကို မည်သူမျှ မသိခဲ့ပေ။
ရက်အနည်းငယ်ကြာပြီးနောက် လိုင်ရှီးက ရှောင်ရှင်းကိုခေါ်ပြီး ထန်လောင်ယာက လင်းလန် နှင့် ကလေးတွေအတွက် ပေးသည့် ပေါ်ဦးပေါ်စ မက်မွန်သီးမှည့်ဖောင်းဖောင်းတစ်တစ်များခြင်းတစ်ခြင်း လင်းလန်ဆီလာပေးလေသည်။
ထန်ရွာတွင် မက်မွန်သီးပင်တစ်ပင်ရှိသည်။မက်မွန်သီးများသည် ကြီးမားရုံသာမက နူးညံ့သောအသားနှင့် ချိုမြသောအရည်များပါရှိသည်။ ၎င်းတို့သည် မက်မွန်သီးများထဲတွင် အကောင်းဆုံးဖြစ်သည်။
ထန်ရွာရှိ ပြည့်ပြည့်ဖောင်းဖောင်း မက်မွန်သီးများက တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း စိုက်ပျိုးနည်းစနစ်ဖြင့် ထန်မျိူးရိုး လုပ်ငန်းရှင်တစ်ဦးမှ စိုက်ပျိုးထားသည့် ဖန်ချန်ရှိ အလုံးကြီး မက်မွန်သီးစစ်စစ်မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ အစပိုင်းတွင် သူက ၎င်း၏မွေးရပ်မြေရှိ နေရာများစွာကို ရှာဖွေခဲ့ရာ ထန်ရွာက အလုံးကြီး မက်မွန်သီးစိုက်ပျိုးရန် အသင့်တော်ဆုံးနေရာဖြစ်ကြောင်း တွေ့ရှိသောကြောင့် ထိုသို့မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုအချိန်တွင် ထန်ရွာက ထန်ရွာဟုခေါ်သည်မဟုတ်ပေ။ ထန်မိသားစုသည် ထိုနေရာသို့ပြောင်းသွားပြီးနောက် တဖြည်းဖြည်းဖွံ့ဖြိုးလာပြီး ထန်ရွာဟုခေါ်တွင်လာသည်။ ထန်ရွာရှိ မက်မွန်သီးများသည် အချိန်အတော်ကြာ ကျော်ကြားခဲ့သည်။မြေယာပြုပြင်ပြောင်းလဲမှုအပြီးတွင် ဘုံပိုင်ဖြစ်လာသည်။အဖွဲ့ဝင်များကို သာမန်ကာလျှံကာ ဆွတ်ခွင့်မပြုဘဲ အချို့ကို တာဝန်ပေးအပ်ပြီးမှသာ အဖွဲ့ဝင်များထံ ဝေငှခဲ့သည်။
လိုင်ရှီးကို လိုက်ပို့ပြီးနောက် လင်းလန် ရှောင်ရှင်းကိုအိမ်သို့ခေါ်ဆောင်သွားကာ သူယူလာသောအဝတ်အစားများနှင့်အစားအစာများကိုထုတ်လိုက်သည်။
ရှောင်ရှင်းက အိမ်တွင် ဒေါသကြီးသေးသော်လည်း လင်းလန်၏အိမ်သို့ရောက်သောအခါ စက္ကန့်ပိုင်းအတွင်း ကလေးကောင်းတစ်ယောက်ဖြစ်လာပြီး လင်လန်နှင့် စကားပြောသည့်အခါ အလွန်သိတတ်ပုံရသည်။
လင်းလန် သူက အနည်းငယ် ပုသည်ကို မြင်လိုက်ရသည်။သူက စန်းဝမ်ထက် တစ်နှစ်ခွဲသာ ငယ်မှန်း သိသာထင်ရှားသော်လည်း ပုလွန်းသဖြင့် သူမ အနည်းငယ် စိုးရိမ်သွားကာဆိုလိုက်၏။
"ရှောင်ရှင်း မင်း ကောင်းကောင်းမစားဘူးလား"
ရှောင်ရှင်း သူ့အဒေါ်က သူ့အကြောင်း မေးခွန်းတွေမေးမှာ ကြောက်နေသည်။
သူက ဉာဏ်မကောင်းသည့်အတွက် မက်မွန်သီးအနည်းငယ်ကို အလျင်စလိုယူကာ ပေါ့ပေါ့ဆဆ ဆေးကြောရင်းဆိုလိုက်၏။
"ဒေါ်လေး...သား အစ်ကိုတို့ညီလေးတို့ စားဖို့ မက်မွန်သီးသွားပို့လိုက်ဦးမယ်"
သူက ထိုသို့ပြောပြီး ထွက်ပြေးသွားသည်။ သူက စန်းဝမ်နှင့်ရှောင်ဝမ်ကိုတွေ့ရန် ကျောင်းသွားနေခြင်းဖြစ်ပြီး သူတို့ကို အံ့အားသင့်စေမှာဖြစ်သည်။
Xxxxxxxx