Part 573
လင်းလန်က ခေါင်းယမ်းကာ ပြုံးလိုက်၏။ သူမ ဤအသက်အရွယ်ထိ အစာဂျေးများသူဖြစ်နေသေးသဖြင့် ဗိုက်မဆာပေ။
ရှောင်ရှင်း စာသင်ခန်းအပြင်ဘက်သို့ အပြေးအလွှားသွားကာ ပြတင်းပေါက်ပေါ်တွင် လှဲလိုက်ပြီး စန်းဝမ်နှင့်ရှောင်ဝမ်တို့ကို ချောင်းကြည့် လိုက်သည်။
စန်းဝမ်က မျက်လုံးကောင်းပြီး ရှောင်ဝမ်က နားကောင်းလေရာ တစ်ချိန်တည်းမှာပင် ပြတင်းပေါက်အပြင်ဘက်ရှိ ရှောင်ရှင်းကို သတိထားမိလိုက်ကြ သည်။ အယ် မင်းရောက်နေတာလား...
နှစ်ယောက်သား တပြိုင်နက် အံ့အားသင့်သွားကြသည်။ ကလေးများအတွက်မူ သူငယ်ချင်းတစ်ယောက် ရုတ်တရက်ပေါ်လာသည်ကလည်း အံ့သြစရာကြီးတစ်ခုဖြစ်လေသည်။
ဟန်ချင်းဖျင်က စာသင်နေ၏။
"ကျောင်းသားစန်းဝမ် စာသင်တာကို အာရုံစိုက်ပါ"
စန်းဝမ်က ချက်ချင်းပဲရှောင်ဝမ်ကို ဖိလိုက်သည်။
"ဆရာ ရှောင်ဝမ် ဗိုက်နာနေတယ်"
ဟန်ချင်းဖျင်က ရှောင်ဝမ် အိမ်သာသွားချင်သည်ဟု ထင်ပြီး သူ့အား ရှောင်ဝမ့်ကို လိုက်ပို့ခိုင်းလိုက်၏။ တဝမ်၊အားဝမ် နှင့် မိုင်စွေ့တို့က စန်းဝမ် လိမ်နေမှန်းသိသောကြောင့် သူတို့စိတ်မပူဘဲ သူ့ကိုတစ်ချက်ကြည့်သာလိုက်ကြသည်။
စန်းဝမ်က မျက်လုံးမှိတ်ပြပြီး ရှောင်ဝမ်ကို အပြင်ထွက်ရန် ကူညီပေးနေ၏။ ရှောင်ဝမ် ရယ်ချင်ပေမဲ့ မရယ်ဝံ့ပေ။ ရည်ရွယ်ချက်ရှိရှိ ကိုင်းညွှတ်လိုက်ရသည်က ပင်ပန်းလေသည်။
ကလေးသုံးယောက်က ကျောင်းအပြင်ကိုပြေးထွက်ပြီး ကောက်ရိုးပုံဘေးမှာ ပုန်းနေကြ၏။ ရှောင်ရှင်းက သူ့စကတ်ထဲက မက်မွန်သီးတွေကို သူတို့ကိုပေးလိုက်သည်။
"ငါရေဆေးထားတယ် သူတို့က အရမ်းချိုတာနော်"
စန်းဝမ်နှင့်ရှောင်ဝမ်က တစ်ယောက်တစ်လုံးစီယူလိုက်ကြပြီး နှစ်လုံးကျန်သေး၏။
"အစ်ကိုကြီးနဲ့ တခြားသူတွေကို ပေးလိုက်မယ်"
"အိမ်မှာရှိသေးတယ်...မင်းပြန်သွားရင် အပြင်ထွက်ရမှာမဟုတ်ဘူး"
ရှောင်ရှင်းက သူတို့ကို မပြန်စေချင်ပေ။
ကလေးသုံးယောက် စကားစမြည်ပြောရင်း နေကိုကြည့်လိုက်သောအခါ ကျောင်းဆင်းရန်က စောနေသေးသည်။
"ဆောင်းရာသီဆိုရင်တော့ ကောင်းတာပေါ့... ကျောင်းလည်း ပိတ်တော့မှာ"
ရှောင်ရှင်းက ဆိုလိုက်၏။
"ဆောင်းရာသီမှာ ဘာကောင်းလို့လဲ...နှင်းတွေနဲ့ ရေခဲတွေက အချိန်ကို တစ်ဝက်လောက် ဖြတ်သွားလိမ့်မယ်"
ရှောင်ဝမ်: "ညီလေး...အတန်းထဲပြန်သွားရအောင်... အစ်ကိုရှောင်ရှင်းကိုပါ ခေါ်သွားကြမယ်"
ရှောင်ဝမ်က မက်မွန်သီးစားပြီးသည်နှင့် မက်မွန်စေ့ကို ကောက်ရိုးပုံ ဘေးမှာ ပစ်ချလိုက်သည်။ ပါးစပ်နှင့် လက်များကို လက်ကိုင်ပုဝါသေးသေးလေးဖြင့် သုတ်လိုက်ကာ စန်းဝမ်က သူ့အကျီတစ်ထည်လုံး မက်မွန်သီးရည်တွေပေအောင် စားနေသည်ကို တွေ့လိုက်ရသဖြင့် ပြန်သုတ်ပေးလိုက်သည်။
စန်းဝမ် သူ့လက်ကိုင်ပုဝါကို ဘယ်မှာပစ်ခဲ့မိမှန်းမသိသည့်အတွက် သူ့ပါးစပ်ကိုသုတ်ရန် ရှောင်ဝမ်ဟာကိုငှားပြီး ရှောင်ဝမ့်အိတ်ကပ်ထဲကိုထိုးထည့်လိုက်၏။
"ရှောင်ဝမ် အတန်းသွားတက်...ငါ ရှောင်ရှင်းနဲ့လိုက်ခဲ့မယ်"
ရှောင်ဝမ်က သူတို့ကို လက်တစ်ဖက်စီနှင့် ကိုင်ပြီး အတန်းထဲ ပြန်ဆွဲခေါ်သွားသည်။
စန်းဝမ်နှင့်ရှောင်ရှင်း: မလုပ်နဲ့ အားးးး—
စတုတ္ထတန်းနှင့် ပဉ္စမတန်းကျောင်းသားတွေက စာစီစာကုံးတွေရေးနေသောကြောင့် ဟန်ချင်းဖျင်က မိုင်စွေ့နှင့်အားဝမ်တို့ကိုလည်း ပါဝင်ခိုင်းလိုက်၏။
“ဒီတစ်ခါတော့ “ကျွန်ုပ်၏မွေးရပ်မြေ” အကြောင်းကို စာလုံးရေ 800 လောက် ရေးရမယ် ... စာလုံးခြောက်ရာထက်ပိုမနည်းရဘူး... အိမ်ပြန်ပြီး သေချာရေးကြ... မနက်ဖြန်မနက်မှာ ငါ ပြန်စစ်ပေးမယ်...နေ့လည်ရေးပြီးရင် ထပ်ရမယ်...ပြီးရင် ခရိုင်ကိုယူသွားပြီး စာစီစာကုံးပြိုင်ပွဲမှာ ဝင်ပြိုင် လို့ရတယ်... အဲဒီမှာ ဆုတွေ ချီးမြှင့်လိမ့်မယ်”
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ယဉ်ကျေးမှုလှုပ်ရှားမှုက ကျေးလက်ဒေသကို အာရုံစိုက်မှုနည်းပါးစေခဲ့သည်။ သင်ယူမှုနှုန်း၊ကျောင်းအပ်နှုန်း ကျဆင်းလာသောကြောင့် ပြည်နယ်ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းအပ်နှုန်း မြင့်တင်ရန် ကြိုးစားခဲ့ရသည်။စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်း သို့မဟုတ် ဥက္ကဋ္ဌ M ၏ ကိုးကားချက်များကို လေ့လာခြင်း၊ဘာသာရေးဆိုင်ရာပြိုင်ပွဲများ စသည်တို့ကို ပညာရေးမြှင့်တင်ခြင်းဟု မှတ်ယူနိုင်သည်။
မိုင်စွေ့နှင့်အားဝမ်တို့က ပျော်သွားကြပြီး ဤကဲ့သို့သော သင်ကြားရေးလှုပ်ရှားမှုများတွင် ပါဝင်လိုကြသည်။
တဝမ်ကမူ စိတ်မဝင်စား၊ သူ စာစီစာကုံးရေးရသည်ကို အမုန်းဆုံးဖြစ်၏။
ယမန်နှစ်က တစ်လကျော်ကြာ ခက်ခက်ခဲခဲ စာသင်ခဲ့ရသည့် အချိန်ကာလတွင် စာစီစာကုံး မပါဝင်ခဲ့ပေ။စင်စစ်အားဖြင့် ယင်းက မူလတန်းကျောင်းမှာ အဆင့်မြှင့်မှုတစ်ခုသာဖြစ်ပြီး စာစီစာကုံးကို ပေါ့ပေါ့ပါးပါး ရေးသားနိုင်ပေသည်။ သို့ပေမဲ့ တဝမ်က လက်ရှိ သူပါဝင်ရမည့် မည်သည့်စာစီစာကုံးပြိုင်ပွဲတွေကိုမှ စိတ်မဝင်စားပါချေ။
ဟန်ချင်းဖျင်က ကလေးများ စိတ်အားထက်သန်မှုမရှိသည်ကိုမြင်သောကြောင့် သူတို့ကို အားပေးလိုက်၏။
"ကလေးတို့ တက်တက်ကြွကြွနေကြပါ... သင်ယူခြင်းဆိုတာက တစ်သက်တာအသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်တယ်...စာလုံးကြီးတွေကို မဖတ်တတ်တဲ့ စာမတတ်ပေမတတ် အမျိုးသမီးအဖြစ်ကနေ တိုးတက်လာတဲ့ ရဲဘော်လင်းလန်ကို ကြည့်လိုက်ပါ...သင်ယူခြင်းရဲ့စွမ်းအားမှာ သူက ငါတို့အားလုံးအတွက် စံပြတစ်ယောက်... မင်းတို့လည်း ကြိုးကြိုးစားစား လေ့လာသင့်တယ်... အချိန်ရောက်ရင် ကောက်ရိုးခြေနင်းတွေကို စွန့်ပစ်ပြီး သားရေဖိနပ်နဲ့ အဝတ်အစားတွေကို အိတ်ကပ်လေးအိတ်နဲ့ ဝတ်ကြ"
အိတ်ကပ်လေးအိတ်ပါသောအဝတ်အစားသည် ကေဒါတစ်ဦးကိုရည်ညွှန်းသည် ၊ ကုန်စည်အစားအစာ စားခြင်းသည် အလွန်ဂုဏ်ယူဖွယ်ဖြစ်သည်။
ရှောင်ဝမ်: မားမားကို ချီးမွှမ်းတဲ့အတွက် သူမကို မသိနားမလည်တဲ့ မိန်းမတစ်ယောက်လို့ ပြောခဲ့တာကို ခွင့်လွှတ်တယ်...
“သတင်းကောင်းလေးတစ်ခု ပြောပြချင်ပါတယ်... မနှစ်ကတည်းက တက္ကသိုလ်တွေက ကျောင်းသားတွေကို စတင်ခေါ်ယူနေပြီ... နှစ်စဉ်နှစ်တိုင်း စစ်တပ်၊ ရပ်ကွက်၊ စက်ရုံတွေ၊ ကောလိပ်တွေက ကျောင်းသားတွေကို စာကျက်ဖို့ အကြံပေးတယ်...ကြိုးကြိုးစားစား စာသင်ပြီး အထက်တန်းကျောင်းကနေ ဘွဲ့ရတဲ့အခါ မင်တို့လည်း တက္ကသိုလ်ဝင်ခွင့်ရဖို့ ထောက်ခံချက်ရနိုင်တာပဲ"
ဟန်ချင်းဖျင်က ယခုလိုပြောသည့်အခါ မိုင်စွေ့ က ဝမ်းသာအားရနှင့် အားဝမ်ကို တီးတိုးပြောလိုက်၏။
"ငါတို့ ကောလိပ်သွားကြမယ်"
အားဝမ်ကလည်း ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။မားမားပြောသည်က မှန်၏။
အတန်းပြီးသောအခါ လင်းလန်တို့မိသားစုမှ ကလေးများ စုရုံးစကားပြောကြသည်။ ရှောင်ရှင်း က တဝမ်ကို မက်မွန်သီးတစ်လုံးပေးကာ အားဝမ်နှင့်မိုင်စွေ့ကို တစ်လုံးပေးလိုက်၏။
"အိမ်မှာနည်းနည်းကျန်သေးတယ်၊ အိမ်ပြန်စားရအောင်"
တဝမ်က တစ်ဝက်ခွဲစားပြီး အားဝမ်ကလည်း ဖဲ့ကာ မိုင်စွေ့နှင့်အတူ စားသည်။
နောက်ဆုံးအတန်းသည် အတန်းအားလုံးပေါင်းသင်သည့် ဂီတအတန်းကြီးတစ်ခုဖြစ်သည်။ ပုံမှန်အတိုင်း ရှောင်ဝမ်က "တုန်ဖန်းဟုန်" သီချင်းကို ဦးဆောင်ဆိုခဲ့ပြီး ၎င်းနောက် ယခင်သင်ခန်းစာကို ပြန်လည်သုံးသပ်ကာ လက်ရှိသင်ခန်းစာ၏ အကြောင်းအရာအသစ်ကို လေ့လာသည်။
ဂီတသင်တန်းတွင် ကျောင်းသားများသည် ယဉ်ကျေးမှုတော်လှန်ရေး၏ သီချင်းများကို လေ့လာရန် လိုအပ်ပြီး ၎င်းတို့သည်
"ပင််လယ်ကူးက ပဲ့ထိန်းအရ"၊ "ပေကျင်း ထျန်အန်းမင်ရင်ပြင်ကိုချစ်တယ်" ကဲ့သို့သော သီချင်းအမျိုးအစားအားလုံးကို သီဆိုနိုင်သည်။
(T/N–ယဥ်ကျေးမှုတော်လှန်ရေးအတွင်း ရေးသားခဲ့သည့် သီချင်းများ)
ဟောင်ယွမ် ကလည်း ဤသည်က အလုပ်တစ်ခုပဲဆိုသည်ကို သိထားသဖြင့် ကလေးတွေကို အသေအကျေ မသင်ယူမခိုင်းပါချေ။အတန်းတစ်ဝက်ပြီးသည်နှင့် ကလေးတွေကို သူတို့ဘာသူတို့ ဆော့ခိုင်းပြီး ရှောင်ဝမ်နှင့် တခြားကလေးနှစ်ယောက်ကို သီးခြား စာသင်ရန် ခေါ်သွားခဲ့၏။သူက ဂီတနုတ်အချို့နှင့် ရိုးရှင်းသောဂီတသီအိုရီ အသိပညာများကို သင်ကြားပေးခဲ့သည်။
Xxxxxxxxx
Part 574
ရှောင်ဝမ်က ၎င်းကို အလွယ်တကူ လေ့လာနိုင်ပြီး ဥပမာတစ်ခုမှ ကောက်ချက်တွေ ဆွဲနိုင်သည်၊ ဟောင်ယွမ် သူ့ကို အလွန်နှစ်သက်သည်။
နောက်ဆုံးမှာ ကျောင်းဆင်းချိန်ပြီးနောက် ဆရာက အတန်းထဲကထွက်ရန်ပြောသောအခါ ကလေးတွေက ပြေးထွက်နေကြလေပြီ။
ဟောင်ယွမ်က ရှောင်ဝမ်နှင့် ခဏလောက် စကားပြောခဲ့ပြီး သူသင်ပေးသည့် တီးလုံးအနည်းငယ်ကို ဘာဂျာနှင့် လေ့ကျင့်ရန် ခိုင်းလိုက်သည်။
"ရှောင်ဝမ်က နာခံတတ်တယ်...တီးမှုတ်တဲ့နေရာမှာလည်း ကျွမ်းကျင်တယ်... တစ်နေ့နေ့ အခွင့်အရေးရရင် တီးခတ်နိုင်လိမ့်မယ်"
ရှောင်ဝမ်က သဘာဝအတိုင်း ချက်ချင်းသဘောတူလိုက်၏။
သူ့မားမားက သူတီးမှုတ်သည်ကို နားထောင်ရခြင်းအား နှစ်သက်သည့်အတွက် သူ ကျွမ်းကျင်စွာတီးတတ်ရမည်။
ဟောင်ယွမ်က သူတို့ကို ကျောင်းဆင်းပေးလိုက်သည်။
"တာ့တာ့ ဆရာ"
ရှောင်ဝမ် သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်လာခဲ့သည်။
စန်းဝမ်က သူ့ကျောင်းလွယ်အိတ်ကို ကူသယ်ပေးခဲ့ပြီး ညီအကို မောင်နှမတွေက သူ့ကို တံခါးဝမှာ စောင့်နေကြ၏။ ကလေးတွေက စုပြီး အိမ်ပြန်ခဲ့ကြသည်။
စန်းဝမ်၊ ရှောင်ရှင်းနှင့်ရှောင်ဝမ်တို့က ဘယ်သူက အိမ်ကို အရင်ရောက်မလဲ သိရန် အပြေးအလွှားသွားကြသည်။ တဝမ်က ယနေ့ နောက်ချန်မနေ ဘဲ မိုင်စွေ့နှင့်အားဝမ်တို့ကို အမီလိုက်နိုင်ရန် ခြေလှမ်းနှစ်လှမ်း လှမ်းတက်လိုက်၏။ ထိုနှစ်ယောက်က စာစီစာကုံးအကြောင်း စကားစမြည်ပြောနေကြသည်။
တဝမ်: "အဲဒီ..."
သူတို့နှစ်ယောက်က သူ့ကိုကြည့်ရင်းမေးလာ၏။ "အစ်ကိုကြီး ဘာကိစ္စရှိလို့လဲ "
တဝမ်:"......ပြိုင်ပွဲ"
မိုင်စွေ့က ပြုံးလိုက်ကာ ပြောသည်။
"အိမ်ပြန်ပြီး မားမားနဲ့ဆွေးနွေးရမှာ...မားမားက ငါတို့ကို အကြံတချို့ပေးနိုင်လောက်တယ်"
တဝမ်:"ငါ့မှာ တစ်ယွမ်ရှိတယ်...မင်းတို့ထဲကဘယ်သူ....."
ငါ့အတွက်ရေးပေးမလဲ...
မိုင်စွေ့နှင့်အားဝမ်တို့က တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး တဝမ်ကိုကြည့်ကာ အလေးအနက် ဆို၏။
"အစ်ကိုကြီး ... အတိတ်က သင်ခန်းစာတစ်ခုပဲ"
တဝမ်ကို စာစီစာကုံးရေးရန် ကူညီပေးလျှင် မားမားသိသွားပါက သူတို့သုံးယောက်လုံး စားစရာမရှိမှာ သေချာပေသည်။ယွမ်တစ်ယွမ်အတွက် ဤမျှလောက်ကြီးကြီးမားမား မစွန့်စားနိုင်ပါချေ။
တဝမ်: "..."
အိမ်မရောက်ခင်မှာ ချိုမြိန် မွှေးကြိုင်သည် မီးသင်းသကြားအနံ့ကို သူတို့ရလိုက်ကြပြီး စန်းဝမ်က အော်လေသည်။
"မားမား အရသာရှိတဲ့ အစားအစာတွေ ထပ်ပြီး ချက်နေပြန်ပြီလား ...သွားကြမယ်ဟေ့"
ကလေးသုံးယောက်က ရယ်ရယ်မောမောဖြင့် အိမ်ထဲသို့ ပြေးဝင်လာကြသည်။
လင်းလန်က အိမ်၌ ကလေးများကြိုက်သည့် နှမ်းမြေပဲသကြားလုံး လုပ်နေ၏။ပထမဦးစွာ မြေပဲကို မြေပဲဆီအနည်းငယ်နှင့် ကြော်ရသည်။အဝါရောင်သန်းလာပါက ခြင်းတောင်းတစ်ခုထဲထည့်ကာ သူ့အပူနှင့်သူ ကျက်စေရ၏။ ထိုသို့မဟုတ်ပါက အကျက်လွန်သွားပေလိမ့်မည်။ ထို့နောက် နှမ်းစေ့များကို ဒယ်အိုးပူထဲတွင် အကြိမ်အနည်းငယ်ထည့်ကာ မြေပဲများကို လောင်းထည့်လိုက်ရသည်။ အေးခံခါနီးလျှင် ဘောင်ကွက်ပေါ်လောင်း၊ လိပ်တံနှင့် လှိမ့်ပြီး လက်ဖက်ရည်ဗန်းထဲမှာ သိမ်းထားရ၏။ နောက်ဆုံးတွင် သူမလက်ကိုင်ရှည် သံဇွန်းတစ်ချောင်းကိုယူကာ ပဲပိစပ်ဆီပြုတ်ပြီး မြေပဲဆီအနည်းငယ်ထည့်လိုက်သည်။ ၎င်းနောက် သကြားကျိုပြီး ကြေသွားသော မြေပဲများပေါ်တွင် သကြားရည်ကို မီးသင်းသကြား အဖြစ်သို့ တိုက်ရိုက်လောင်းချလိုက်သည်။ ဂေါ်ပြားဖြင့်ဖြန့်ကာ ပြားအောင် ရိုက်ပြီး အခြောက်ခံရန် အပြားပုံစံဖြစ်အောင်လုပ်ခဲ့၏။
ကလေးများပြန်ရောက်သောအခါ အေးလုနီးပါးဖြစ်နေလေပြီ။ လင်းလန်က သကြားတုံးကို ထုတ်ပြီး လက်မအရွယ်လောက် ဓားနှင့်လှီးဖြတ်လိုက်သည်။
မော့ကြည့်လိုက်သောအခါတွင် ကလေးများက ရှည်ရာကနေ ပုရာ တန်းစီပြီး အစာကျွေးရန် စောင့်ဆိုင်းနေသကဲ့သို့ အားလုံးက သူမကို မျှော်တလင့်တကြီး ကြည့်နေကြသည်။
လင်းလန်က ပြုံးကာ ရှောင်ဝမ်၏ပါးစပ်ထဲသို့ အပိုင်းတစ်ပိုင်းထည့်ကာ အခြားကလေးများကို လက်ဆေးပြီး ကိုယ်ဘာကိုယ့်စားခိုင်းလိုက်သည်။
စန်းဝမ်: "မားမား... ကျွန်တော်လည်း လိုချင်ပါတယ် အာ-"
သူ ပါးစပ်ကို ကျယ်ကျယ်ဖွင့်လျက်ရှိရာ လင်းလန်က ပြုံးပြီး အပိုင်းတစ်ခုကျွေးလိုက်သည်။
ရှောင်ရှင်းက ချက်ချင်းပါးစပ်ဟလာပြန်ရာ လင်းလန်ကလည်း တစ်ခုကျွေးလိုက်သည်။
မိုင်စွေ့က တစ်ခု ကောက်ကိုင်လိုက်ပြီးပြုံးကာဆို၏။
"မားမား ကျွေးတာ ဘာမဆို အရမ်းအရသာရှိတယ်"
ကလေးသုံးယောက်က ချက်ချင်းခေါင်းညိတ်ပြီး "ဟုတ်တယ်"ဟု သံပြိုင်ဆိုကြသည်။၎င်းနောက် တကျွတ်ကျွတ် ဝါးလိုက်ကြ၏။
မိုင်စွေနှင့်အားဝမ်တို့က အိမ်တွင် ညစာပြင်ဆင်ကြပြီး တဝမ်ကထုံးစံအတိုင်း သူ့ညီငယ်များကို မြက်ရိတ်ရန် ခေါ်သွားခဲ့သည်။ လင်းလန်က ဟင်းသီးဟင်းရွက်ခင်းမှ ဖရုံသီးအနည်းငယ်ကို ဆွတ်ပြီး ကလေးများအတွက် ရွှေဖရုံသီးပန်ကိတ်ကို ပြုလုပ်ခဲ့သည်။
နေကပူသဖြင့် အနွေးကုတင်ပေါ်မှာ မီးမမွှေးချင်သည့်အတွက် လင်းလန် ကရေချိုးခန်းထဲမှာ ချက်လိုက်၏။
သူမသည် ရွှေဖရုံသီးငယ်ကို ခြစ်တံဖြင့်ခြစ်ကာ ဆားနှင့်ရေအနည်းငယ်ဖြူးပြီး ဂျုံမှုန့်နှင့် ကြက်ဥနှစ်လုံးကိုထည့်၍ မွှေပေးသည်။ချက်သည့်အခါ ဆီအနည်းငယ်ထည့်ပွတ်ပြီး ရွှေဖရုံသီးပန်ကိတ်ကို အရင်ကြော်ပြီးမှ ပန်ကိတ်တွေကို မွှေကြော်လိုက်၏။ထို့အပြင် အိုးသေးတစ်လုံးကို ယူကာ ပြောင်းဆန် ယာဂုကို အိုးတစ်လုံးတွင် ပြုတ်ခဲ့ပြီး တစ်ယောက်ကို ပန်းကန်သေးသေးတစ်လုံးစာစီဖြစ်လေသည်။
ဟန်ချင်စုန့် အလုပ်ကပြန်လာသောအခါ ထမင်းကအဆင်သင့်ဖြစ်နေလေပြီ။ ဟန်ချင်စုန့်က ဟန်ချင်ဟွအကြောင်း လင်းလန်ကိုပြော၏။
"စတုတ္ထလေးက ကောလိပ်တက်ချင်ပေမဲ့ အရည်အချင်းမပြည့်မီလို့ နေရာရဖို့အတွက် အကူအညီတောင်းလာတယ်...ကိုယ်သဘောမတူခဲ့ဘူး"
သူက အပြင်ကပြန်လာပြီး ပြင်ပလောကအကြောင်း ပြောသည်က ရှားရှားပါးပါးဖြစ်လေသည်။ထို့ကြောင့် သူ လင်းလန်းကို ပြောတိုင်း သူမက သူ့ကိုအားပေးအားမြှောက်ပြုကာ သူနှင်ခဏတာ စကားစမြည်ပြောဖြစ်ခဲ့ကြ၏။
လင်းလန် : "သူစမ်းကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်...သူက ရှင်သဘောတူမယ်လို့ အမြဲထင်နေတာ"
ဟန်ချင်စုန့်: "တကယ်အိပ်မက်မက်နေတာပဲ "
လင်းလန်က ရယ်ပြီးဆိုသည်။
"အမေ ရှင့်ဆီလာပြီး ငိုနေဦးမယ်"
ထိုစဥ် အစ်ကိုကြီးဟန်က အဘွားကြီးဟန်ကိုတွဲပြီး အပြင်ကနေ ဝင်လာ၏။
လင်းလန် : "... "
ငါ ဘယ်တုန်းက ကျီးကန်းပါးစပ် ဖြစ်သွားတာလဲ...
(T/N–အထူးသဖြင့် မကောင်းသည့်ဖြစ်ရပ်တွေမှာ ပါးစပ်စီးသည်)
ဟန်ချင်စုန့်က လင်းလန်ကို ကြည့်လိုက်ပြီး သူမ၏ လက်ကို ညှစ်ကာ နှစ်ယောက်သား အဘွားကြီးဟန်နှင့် အစ်ကိုကြီးဟန်ကို နှုတ်ဆက်လိုက်သည်။
ဟန်ချင်စုန့်က ထမင်းစားပွဲကို ခြံထဲသို့ရွှေ့ကာ သူတို့ကို အတူတူထိုင်စားရန် ဖိတ်ခေါ်လိုက်သည်။
အစ်ကိုကြီးဟန် : "အိမ်မှာ အဆင်သင့်ဖြစ်ပြီး... အဖေက မင်းပြန်လာပြီး ညစာစားဖို့ စောင့်နေတယ်... တတိယညီ မင်းကဒီရက်တွေ အရမ်းအလုပ်များနေတယ်... အမေက မင်းနဲ့ စကားပြောချင်လို့တဲ့"
အဘွားကြီးဟန်နှင့် ဟန်ကျင်းယုတို့က ကောလိပ်ဝင်ခွင့်ကိစ္စနှင့်ပတ်သတ်ပြီး အများကြီး လုပ်ခဲ့ကာ ဟန်ချင်စုန့်ကို ကူညီခိုင်းလိမ့်မည်မှာသေချာသောကြောင့် သူ(ဟန်ချင်စုန့်) တမင်တကာ သူတို့အိမ် မသွားခဲ့ချေ။
အဘွားကြီးဟန်က အလွန်အားနည်းနေပုံရပြီး သူမခေါင်းကို အုပ်ကာဆို၏။
"ငါ့ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပါတယ်"
သူမ သရုပ်ဆောင်နေမှန်းမြင်သောကြောင့် လင်းလန် ဘာမှပြန်မပြောဘဲ သူမကိုယ်ပိုင်အလုပ်နှင့် အလုပ်ရှုပ်နေခဲ့သည်။
Xxxxxxx