အပိုင်း ၅၇၅-၅၇၆
Viewers 37k

Part 575


သူမ သရုပ်ဆောင်နေမှန်းမြင်သောကြောင့်  လင်းလန် ဘာမှပြန်မပြောဘဲ သူမကိုယ်ပိုင်အလုပ်နှင့် အလုပ်ရှုပ်နေခဲ့သည်။


အားဝမ်နှင့်မိုင်စွေ့တို့သည် မူလက စာစီစာကုံးအကြောင်း စကားစမြည်ပြောနေကြခြင်းဖြစ် သော်လည်း ယခုတွင် သူတို့က ရောက်လာကြပြီးမေးလေ၏။


 "အဖွား... နေ့တိုင်း ပိုဆိုးလာနေတာလား"


ဘာမှပြောစရာရှိလျှင်အဆင်ပြေသော်လည်း တစ်ခုခုပြောစရာရှိလျှင် နေတိုင်း တစ်နေ့ထက်တစ်နေ့ ကျန်းမာရေးပိုပိုဆိုးပြနေသည်။ယင်းက  ရယ်စရာကောင်း၏။


အဘွားကြီးဟန်က သူတို့ကို စိုက်ကြည့်ရင်းဆိုလေသည်။


 "ငါက အသက်တအားကြီးနေတာ မဟုတ်ပါဘူး ...စိတ်မပူပါနဲ့" 

 

သူမက ဟန်ချင်စုန့်ကို ကြည့်ပြီးပြောလိုက်သည်။

 "ငါ့ရဲ့ တတိယသား" 

 

သူမ အိမ်မှာ ကြိမ်းမောင်းနေပေမဲ့  ဟန်ချင်စုန့်က

သူမကို ခြယ်လှယ်ခွင့် ပေးမှာမဟုတ်မှန်းလည်း နားလည်၏။ သူလုပ်သင့်လုပ်ထိုက်တာတွေကို သူဘာသူလုပ်ပေးပြီး တခြားဘာမှ ပိုလုပ်မပေးပေ။ ထို့ကြောင့် ယခင်လို  သားဖြစ်သူကို ဆူပူကြိမ်းမောင်းပြီး လျစ်လျူရှုထားခြင်းအားဖြင့်  အတင်းအကြပ်မလုပ်ခိုင်းနိုင်သည်ကို သိထားသောကြောင့် သူမကို အလွန်စိတ်ညစ်စေသည်။


ဟန်ချင်စုန့်:  "အမေ ပြောပါ"


ဟန်ချင်စုန့်က စကားတစ်ခွန်းမှ မပြောဘဲ သူမကို ဆက်မည်ကိုစောင့်နေ၏။


အဘွားကြီး ဟန်: "မင်း ဒီရာထူးရှေ့မှာဆိုတော့ မင်းကို လူတွေက တနေကုန် နှောက်ယှက်နေကြတာ... တခြားသူတွေကို မင်းကို အခွင့်ကောင်း ယူခွင့်ပေးလိုက်တာနဲ့ အဆင်မပြေဘူး"


ဟန်ချင်စုန့် : "အမေ...ဘယ်သူမှ ကျွန်တော့်ကို မနှောင့်ယှက်နိုင်ဘူး...  "

အခွင့်ကောင်းယူဖို့ နေနေသာသာ...ဘယ်သူမှ မဝံ့ရဲကြပေ။


အဘွားကြီးဟန် : "မင်း အဲ့လိုပြောတာပေမဲ့  ငါသိပါတယ်...ကေဒါတွေအကုန်လုံးက အဲလိုပဲမဟုတ်ဘူးလား ...ကြည့် မင်းနှစ်နေရာရကိုရမယ် ဟုတ်တယ်မလား ... စတုတ္ထသားနဲ့ ကျင်းယု ....." 


ဟန်ချင်စုန့်  သူမကို တိုက်ရိုက် ဝင်ဖြတ်ပြောလိုက်သည်။ 


"အမေ...ကျွန်တော့်မှာ သား ဒါမှမဟုတ် သမီးတစ်ယောက်ရှိတယ်ဆိုရင်တောင် သူတို့ကို ခွဲတမ်းမပေးဘူး...ခြေလှမ်းတိုင်းက ကိုယ်ပိုင်အရည်အချင်းပေါ် မူတည်လိမ့်မယ်"


မိုင်စွေ့နှင့်အားဝမ်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ ငါတို့ ကိုယ့်အရည်အချင်းနဲ့ကိုယ် ကောလိပ်တက်ဖို့  ကြိုးကြိုးစားစားလုပ်ကြရမယ်...


အဘွားကြီးဟန် နင်သွားကာ တွေးထားသမျှကို မေ့သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ  အကြာကြီး အာစေးမိသွားသည်။


အစ်ကိုကြီးဟန်က သူအမေကို ယခုလိုပုံစံဖြင့် မြင်သောအခါ သည်းမခံနိုင်တော့ပေ။


 "တတိယညီ စတုတ္ထလေးက အိမ်ထောင်မပြုရသေးဘူး...စာသွားသင်ပြီး သူပြန်လာတဲ့အခါမှ စိုက်ခင်းမှာ  အလုပ်ပိုလုပ်လို့ရတယ်" 


ဟန်ချင်စုန့်: " အစ်ကိုကြီး... သူက လုပ်သားပြုပြင်ပြေားလဲဖို့သွားတာ...အလုပ်လုပ်ဖို့မဟုတ်ဘူး... အလုပ်သမားတွေက လျှောက်ထားခွင့်ရှိပေမဲ့ လုပ်သားပြုပြင်ပြောင်းလဲရေးသမားတွေက မရဘူး”


အစ်ကိုကြီးဟန်လည်း ဆွံ့အသွားပြီး ဆက်မပြောနိုင်တော့ချေ။


ထိုအချိန်တွင် ပထမချွေးမဟန်  လင်းလန်ဆီ အစားအသောက် လာပို့ရန် ရောက်လာ၏။ ရှောင်ရှင်း ဤနေရာတွင် ရှိနေကြောင်း သိသဖြင့် သူမ သခွားသီးကို ကြက်ဥနှင့် ရောကာ ပြုလုပ်ခဲ့သည်။ ကြက်ဥကို ဆီနှင့်ကြော်ပြီး ၎င်းနောက် သခွားသီးကို ထည့်ကာ  ပဲငံပြာရည်နှင့် ကြက်သွန်ဖြူထောင်းထည့်လိုက်၏။ယင်းကိုကလေးတွေလည်း ကြိုက်ကြလေသည်။


သူ့မိန်းမလာသည်ကို မြင်လိုက်ရသောအခါ  အစ်ကိုကြီးဟန်က ဝမ်းသာအားရနှင့်စကားပြောချင်ပေသော်လည်း ပထမချွေးမဟန်က သူ့ကို လျစ်လျူရှုထားသဖြင့်  သူ့မျက်လုံးထဲရှိ အလင်းရောင်က ပြန်မှိန်သွားသည်။


ပထမချွေးမဟန် မူလက စကားတစ်ခွန်းမှ မပြောလိုတော့ခြင်းဖြစ်သော်လည်း စကားတစ်ခွန်းမှ မပြောဘဲ အစားအစာကို ချန်ထားခဲ့သဖြင့် အဘွားကြီးဟန် အလွန်ဒေါသထွက်သွားခဲ့သည်။


အစ်ကိုကြီးဟန်က တွန့်ဆုတ်တွန့်ဆုတ်နှင့်ဆို၏။


 “အမေ ဒီမှာပြောနေလိုက်ဦး...ကျွန်တော် သွားကြည့်လိုက်ဦးမယ်” 

 သူက ပထမချွေးမဟန်နောက်ကလိုက်သွားသည်။


အဘွားကြီးဟန်က ဟန်ချင်စုန့်ကြောင့် နင်နေပြီးသားဖြစ်သော်လည်း ယခုအခါ သူမ၏မျက်နှာက ပြာသွားသည်။


 ခဏအကြာတွင် အစ်ကိုကြီးဟန်က ပြန်မလာဘဲ တဝမ် မြက်ရိတ်ရာကနေ ပြန်လာ၏။ အဘွားကြီး ဟန်ကို ဒီမှာတွေ့သောအခါ အနည်းငယ်  အံ့သြသွားခဲ့သည်။သူက လက်ဆေးပြီး သူမကို သာမန်ကာလျှံကာ   နှုတ်ဆက်ကာ စားဖို့ပြင်လိုက်သည်။


အဘွားကြီးဟန်က ရှောင်ရှင်းကို မဖော်ရွေသည့် အမူအရာနှင့် ကြည့်ပြီးမေးလေ၏။


 "မင်းက ဘယ်သူ့ ကလေးလဲ"


ရှောင်ရှင်းက  သူမ၏ ဘဝင်မကျသော အမူအရာကို မြင်သောအခါ အနည်းငယ် ကြောက်ရွံ့သွားသည်။


 တဝမ် : "ဦးလေး မိသားစုက"


အဘွားကြီး ဟန်ကနှာခေါင်းရှုံကာပြော၏။

 "မင်း ရိက္ခာရော ယူလာလား"


သူမ လင်းလန်ကို လွန်စွာ မကျေမနပ်ဖြစ်မိသည်။ သူမက မိဘမိသားစု၏ကလေးတွေကို တစ်နေ့လုံး နေခွင့်ပေးလျှင် ယောက်မမိသားစုက ကလေးတွေကို အဘယ်ကြောင့် လာခွင့်မပေးရသနည်း။ဟန်တန်အာ  ပြန်ရောက်လာသည့်အခါ  တစ်ယောက်ယောက်နှင့် ခင်မင်ရင်းနှီးချင်ပေမဲ့ လင်းလန်က နှင်ထုတ်ခဲ့သည်။ဟန်တန်အာက အဘွားကြီးဟန်ကို ရှာပြီး အချိန်အတော်ကြာအောင် ငိုခဲ့၏။ အဘွားကြီးဟန်ကလည်း သူမသမီးအကြီးဆုံးကို အထင်သေးပေမဲ့ ယခုမိသားစုက ရုန်းရင်းဆန်ခတ်ဖြစ်နေလေရာ သူမသမီးအကြီးဆုံးက မဆိုးဘူးဟု ထင်နေမိသည်။


အားဝမ်: "ယူခဲ့တယ်...ဂျုံချောတွေချည်းပဲ "


အဘွားကြီးဟန် "မင်းအဒေါ်ဘက်ကညီအစ်ကိုတွေကို လာနေလို့တောင်မပြောဘူး"


စန်းဝမ်က ရယ်ပြီးဆို၏။

 "အဖွား...ဘယ်သူက မလာခိုင်းလို့လဲ... ကျွန်တော့်မိဘတွေက အစ်ကို မန်ထန်ကိုလည်း လာနေဖို့ ပြောကြပါတယ်... ရိက္ခာတွေ ယူလာပြီး ကျွန်တော်တို့နဲ့ နေ့တိုင်း လေ့ကျင့်ခန်း လုပ်ခိုင်းလိုက်"


 မန်ထန်က မလာချင်သည်ကား စိတ်မကောင်းစရာပါပင်။


 ယခုဆို တစ်ခါတလေနောက်ကျသည်အထိအိပ်သည့် လင်းလန်နှင့်ရှောင်ဝမ် ကလွဲ၍ တခြားသူတွေအားလုံး စောစောထကြရသည်။ နောက်ကျသည်ထိ အိပ်မရသည့်နေ့တွေကို သူ သည်းမခံနိုင်တော့ပေ။


ရှောင်ဝမ်က ငါးကိုင်တွယ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုအကြောင်း ရှောင်ရှင်း နှင့် စကားစမြည်ပြောနေဆဲဖြစ်ပြီး အားဝမ် နှင့်မိုင်စွေ့တိုက  စာစီစာကုံးအကြောင်း ပြောနေကြကာ လင်းလန်က အချဉ်လှီးနေပြီး ဟန်ချင်စုန့်က စကားသိပ်မပြောလိုပေ။ဘယ်သူကမှ အဘွားကြီးဟန်ကို ဂရုမစိုက်ကြဘဲ သူမက မလိုလားအပ်သည့်အရာကြီးလိုဖြစ်နေ၏။


အစ်ကိုကြီးဟန် ပြန်မလာမချင်း သူမစောင့်နေသဖြင့်  လင်းလန်တို့အိမ်က ရိက္ခာခြောက်နှင့် အစားအသောက်တချို့ ယူပြီး သူမကိုယ်သူမ  အကုန်အကျသက်သာအောင်လုပ် လိုနေသည်။


ရလဒ်အနေဖြင့် အားဝမ်က အစားအသောက်တွေပြင်ပြီးချိန်မှာ ယာဂုကို အရင်ထည့်လိုက်ပြီး ယာဂုစားရန် အားလုံးကိုပြောလိုက်၏။ မလုံလောက်လျှင် အဓိကအမယ်ကို စားမှာဖြစ်သဖြင့် အိုးထဲမှာ ထည့်မထားပေ။


အဘွားကြီးဟန်က ဒေါသတကြီး ထွက်သွားလေရာ ဟန်ချင်စုန့်က သူမကို လိုက်ပို့လိုက်ပြီး ညစာစားရန် အိမ်ပြန်လာခဲ့၏


သူမထွက်သွားသည်နှင့်တပြိုင်နက် သူတို့ပတ်ဝန်းကျင်ရှိ လေထုသည် များစွာလျော့ပါး သွားသည်ဟု ကလေးတွေ ခံစားလိုက်ရပြီး လေထုသည် ပိုမိုသက်တောင့်သက်သာဖြစ်လာသည်။


Xxxxxxx

Part 576


လင်းလန်  ယာဂုသောက်ပြီးသည်ထိ ကြည့်နေပြီးမှ အဓိကအမယ်ကို ယူလာပြီး သူ့ကို ပန်ကိတ်တစ်ပိုင်း ပေးလိုက်၏။


"ရှောင်ရှင်း အစားများများစား...ကလေးတွေ ပိုစားရင် အရပ်ပို​ရှည်မယ်" 


အားဝမ်က  သူ့ကို စလိုက်သည်။

 "မြင်းမှာညမရှိဘူး...မြက်မှာအဆီမရှိဘူး"


 စန်းဝမ်ကလည်း  ရှောင်ရှင်း၏ ခေါင်းကို ပုတ်ကာဆို၏။


 "များများစား...ရှောင်ဝမ်က မင်းကို ကျော်တော့မယ်ဆိုတာ မင်းမြင်တယ်မလား"


ရှောင်ဝမ်က ချက်ချင်းပင် သူမ၏ ရင်ဘတ်လေးကို ဂုဏ်ယူစွာကော့လိုက်သည်။


ရှောင်ရှင်း : "ငါ့မိဘတွေက အရပ်မရှည်ဘူးဆိုတော့ ...ငါလည်းအရပ်မရှည်မှာသေချာတယ်"


 မိုင်စွေ့က ရယ်ပြီးပြော၏။


 "တူဆိုတာက ဦးလေးနောက်ကို လိုက်တာလေ... နင့်ဦးလေးက အရပ်အရမ်းရှည်တယ်...နင်လည်း ကြီးလာတော့ ထွားကိုထွား​လာမှာ...  များများစား"


စန်းဝမ်: "မမ ဒါဆို ငါတို့ဦးလေးက အရပ်မရှည်ဘူးဆိုတော့... ငါတို့က မထွားနိုင်ဘူးပေါ့"


 မိုင်စွေ့ : "..." 

သွားတော့ ငါနင်နဲ့ စကားမပြောချင်ဘူး...


ရှောင်ဝမ်က တဝမ်ကို ကြည့်ပြီး ပြုံးပြုံးလေးနှင့်  ပြော၏။


 "အစ်ကိုကြီးက မားမားထက် အရပ်ပိုရှည်တယ်...  သူက သေချာပေါက် ထွားလာလိမ့်မယ်...အနည်းဆုံးတော့ အဖေ့လောက်အရပ်ရှည်မှာ"


လင်းလန်က  ပြုံးပြီး ဆိုလိုက်သည်။


" ငါက ငယ်ငယ်တုန်းကတော့ ကောင်းကောင်းစားတယ်...အာဟာရချို့မတဲ့ခဲ့ဘူး ...အဲ့တော့  ပုမှာ မဟုတ်ဘူး... အမြဲတမ်း  အသီးအရွက်နဲ့ ပုစွန်အရေခွံတွေကို များများစားတယ်လေ ” 

ယခုအချိန်တွင် ကယ်လ်စီယမ်ဖြည့်စွက်စာအတွက် နို့မရှိသည့်အပြင် ဥများကို တစ်ချိန်လုံး မစားနိုင်တော့သောကြောင့် သူမအနေဖြင့်ပုစွန်အရေခွံကဲ့သို့သော ကယ်လ်စီယမ် ဖြည့်စွက်အစားအစာများကိုသာ အားကိုးနေရသည်။လင်းလန် သိမ်းဆည်းထားသော နို့မှုန့်နှင့် နို့ဆေးပြား များသည် အခြေခံအားဖြင့် ကလေးငယ်များ ညစာစားပြီးနောက် သွားတိုက်၊အနွေးကုတင်ပေါ်တွင် အိပ်ရာဝင်ချိန် အာဟာရဆက်လက်ရရန်ဖြစ်သည်။


မိုင်စွေ့က  စာစီစာကုံးပြိုင်ပွဲနှင့်ပတ်သက်ပြီး လင်းလန်ကိုပြောလေ၏။


 "ပြိုင်ပွဲမှာပါဝင်ပြီး အနိုင်ရရင် ဆုတွေရနိုင်တယ်မားမား" 


လင်းလန်က ပြုံးပြီးပြောလိုက်သည်။

 "ဒီလောက်ကောင်းတာတွေရှိနေတော့ သမီးပိုကြိုးစားရမယ်" 

 

သူမက  တဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး "အစ်ကိုကြီး လာပါဦး"


တဝမ် တူပေါ်က သခွားသီးကို ပစ်ချလိုက်လုနီးပါးဖြစ်သွားသည်။ သူ့အမေက သူလက်လျော့မည့် အကြံအစည်ကို ထွင်းဖောက်မြင်သွားပြီဟု ခံစားလိုက်ရ၏။


စန်းဝမ်က  စာရေးစရာမလိုသည့်အတွက် အလွန်ပျော်နေခဲ့သည်။


 ဟား ဟား...သူက သူ့အစ်ကိုထက် စာရေးရတာ ဝါသနာနည်းတယ်...(စာရေးရတာမကြိုက်ဘူး)


ရှောင်ဝမ်က သူတို့ပြောသည်ကိုနားထောင်ပြီး မေးလာ၏။

 "ရေးရတာ ခက်လား"


စန်းဝမ်: "ခက်တယ်... သေအောင် ခက်တယ်...ကျွန်ုပ်၏မွေးရပ်မြေအကြောင်းစာလုံးရေ 600 ထက်မနည်းရေးဖို့  ဆရာကပြောတယ်... ဒါက အရမ်းခက်တယ်...  စာလုံးရေ 300 ထက်မနည်းဆိုရင်တောင် ငါကမရေးဘူးလိုပြောနေကျ"


 ဟန်ချင်းဖျင်က   သူတို့ကို ဒိုင်ယာရီ သို့မဟုတ် အပတ်စဉ် ဂျာနယ်တစ်စောင် ရေးခိုင်းပြီး အမြဲတစေ  ဆောင်းပါးတစ်ပုဒ်အတွက် စာလုံးရေ 100 ထက်မနည်း၊ အက်ဆေးအတွက် စာလုံးရေ 300 ထက်မနည်း၊ နှင့် ပဉ္စမတန်းကျောင်းသားများအတွက် စာလုံးရေ 600 ထက်မနည်းရပေ။ စန်းဝမ် စာလုံးတစ်ရာရေးသောအခါတွင် သူ၏ခဲတံဖျားကို ကိုက်ခဲ့ရသော်လည်း စာလုံးရေသုံးရာရေးသောအခါတွင် သူ၏ဆံပင်ကို ဆွဲနှုတ်ရခဲ့သည်။


ထိုနေရာတွင် တဝမ်က တိတ်တိတ်လေး စားနေ ပြီး စကားမပြောပေ။


ရှောင်ဝမ်က လုံးဝ နားမလည်သည်အတွက် ထပ်မေးပြန်၏။


 "စာရေးရတာ တကယ်ခက်လား"


စန်းဝမ်: "ဥပမာ...ကျွန်ုပ်၏မွေးရပ်မြေ အကြောင်း ဘယ်လိုရေးရမလဲ... ငါ့မွေးရပ်မြေက ရှန်ရွေ့ရွာ၊Xခရိုင်၊Xပြည်နယ်၊Xစီရင်စု .... ငါတို့ရွာမှာ လူဘယ်နှစ်ယောက်၊ မြေဘယ်နမူနဲ့ တိရစ္ဆာန်တွေဘယ်နှစ်ကောင်ရှိလဲ" 


သူက ခေါင်းကုတ်ပြီး ဆိုလေသည်။


 "ဒုတိယအစ်ကို...ဒါဆို ဌာနခွဲအတွင်းရေးမှူး  ဘယ်လောက်ရှိလဲဆိုတာ မေးလို့ရမလား"


လင်းလန်: "..." 

မိုက်လိုက်တဲ့သား...


ရှောင်ရှင်းက ကျောင်းမတက်ရသေးသဖြင့် ဘာမှမသိသေးဘဲ  သူ့မျက်နှာပေါ်တွင် စပ်စုလိုသော အကြည့်ဖြင့် ဘယ်ညာကြည့်နေသည်။


ရှောင်ဝမ်: "ကျွန်ုပ်၏မွေးရပ်မြေမှာ တောင်တွေ၊ မြစ်တွေ၊ ရွာတွေရှိသည်...နွေဦးရာသီမှာ မြက်ပင်ပေါက်ပြီး ရေခဲနှင့်နှင်းတွေ အရည်ပျော်သည်...နွေရာသီမှာ နေပူသည်" 


စန်းဝမ်က  သူကိုအရမ်းတော်တယ်ဟူသော အမူအရာပြလိုက်ပြီး ၎င်း ကိုချရေးချင်ခဲ့၏။သူက  သူ့အစ်ကိုကြီးကိုပါ ကြည့်ကာဆိုလိုက်သေးသည်။


"အစ်ကိုကြီး...ကျွန်တော့်လို လိုက်မရေးနဲ့နော်"


လင်းလန်: " ဒီမွေးရပ်မြေက တခြားနေရာတွေနဲ့ ဘယ်လို ကွာခြားလဲ...ကိုယ့်ရဲ့ မွေးရပ်မြေမှာ ထူးခြားတဲ့အသွင်အပြင်တစ်ခုခုရှိလား... ထူးခြားတဲ့အရာတွေ အတွေးအမြင်တွေက ဘာတွေလဲ" 


ရှောင်ဝမ်၏ မျက်လုံးများ တောက်ပလာပြီးဆို၏။

"ကျွန်ုပ်၏မွေးရပ်မြေမှာ ကျွန်ုပ်မိဘတွေ ရှိကြသည် ...ကျွန်ုပ်၏ညီအကို မောင်နှမတွေက တစ်ယောက်နှင့်တစ်ယောက်  မတူညီကြပေ"


ရှောင်ရှင်းက ချီးကျူးလိုက်ပြီး စန်းဝမ်ကတဟားဟားရယ်လေသည်။


 " ဟုတ်တယ် ဟုတ်တယ်... ခဏနေဦး...ငါ ခဲတံနဲ့ ချရေးလိုက်မယ် "


 လင်းလန် : "... "


လင်းလန်က တဝမ်ကို ကြည့်လိုက်ပြန်၏။

 "ဘာရေးဖို့ စိတ်ကူးထားလဲ အစ်ကိုကြီး"

    


 တဝမ် : "ကျွန်တော်  မ...စဥ်းစားရသေးဘူး"


မိုင်စွေ့နှင့်အားဝမ်တို့ကလည်း သူတို့၏ကိုယ်ပိုင်အတွေးအမြင်များကိုပြောနေကြသည်။မိုင်စွေ့က မျက်နှာများ၊ဝတ်းစားဆင်ယင်မှုများ ၊ဝါဒဖြန်ခြင်းနှင့်ပညာပေးခြင်း၊ဥတုလေးခု၏အရောင်များ၊မွေးရပ်မြေ၏ ပြောင်းလဲမှုများအပေါ် အကဲဖြတ်မှု နှင့် လူတွေအပေါ်ရှုမြင်သုံးသပ်ချက်တို့ဖြင့်စပြီး လိုရင်းသို့ရောက်အောင် မိမိ၏ကိုယ်ပိုင်ထင်မြင်ချက်များကိုဖော်ပြကာ နိဂုံးချုပ်လိုက်မည်ဟု ရည်ရွယ်ထား၏။


သူမက ချစ်ခြင်းမေတ္တာပေါ်မှာ အဓိကထားထားသည်။


အားဝမ်က အဖွဲ့ဝင်များ၏ ကြိုးစားအားထုတ်မှု၊ ဘဝနှင့် အဖွင့်ဝင်များအပေါ်  ရှုမြင်သုံးသပ်ချက် မှ စတင်ပြီး အပြောင်းအလဲများနှင့် အတွေးအမြင်များကို ထင်ဟပ်စေကာ နောက်ဆုံးတွင် သူ၏ခံစားချက်များကို မေးခွန်းအချို့ဖြင့် ဖော်ပြခဲ့သည်။    


သူက  တိုးတက်မှုအပေါ် အဓိကထားထားသည်။  


ဟန်ချင့်စုန့်က ​​စကားတစ်ခွန်းမှ ဝင်မပါဘဲ တိတ်ဆိတ်စွာ စားသောက်နေကာ အတွေးလွန်နေပုံပင်ရသည်ကို မြင်လိုက်ရသဖြင့် လင်းလန်  သူ့ကို တမင်တကာ စနောက်လိုက်၏။


 "စန်းကော... ဘာရေးဖို့ စိတ်ကူးလဲ" 

 

ဟန်ချင်စုန့်:  "ကိုယ်...လည်း မစဥ်းစားရသေးဘူး"


လင်းလန်က လက်မခံပေ။

 "ပြောပါ" 

 

ရုတ်တရက် ချက်ချင်းပဲ သူမ၏စန်းကောကို သူမအတွက်  အချစ်ရေးစာတစ်စောင် ရေးခိုင်းပြီး သူဘယ်လိုရေးမလဲ ၊ ဘယ်လိုဖြစ်မလဲ ဆိုသည် သိချင်လာသည်။


ဟန်ချင်စုန့်က ခဏလောက်စဉ်းစားပြီး နောက်ဆုံးမှာ ဖျစ်ညစ်ထုတ်လိုက်၏။

 "ကျွန်ုပ်၏မွေးရပ်မြေ... အလှဆုံးနေရာ"


လင်းလန်: "ပြီးတော့ရော ..."


 ဟန်ချင်စုန့် : "ဘာကိုပြီးတော့လဲ"


လင်းလန်: "..."


စန်းဝမအ: "အဖေ ဒါ ပထမစာကြောင်းလား... နောက်ဆုံးစာကြောင်းလား... အနည်းဆုံး စာလုံး 800 လောက်ရှိရမှာနော်"


ဟန်ချင်စုန့် :"....စား"

    

"ဟားဟားဟား"

ထမင်းဝိုင်းမှာ ရယ်သံများညံသွား၏။


ညစာစားပြီးနောက် လင်းလန်က ကလေးတွေကို ပုစဥ်းရင်ကွဲမရှာခိုင်းဘဲ အိမ်မှာ စာစီစာကုံးရေးခိုင်းလိုက်သည်။


 "သေချာစဉ်းစားကြ..."


တဝမ် : ...


စန်းဝမ် : "မားမား...ကျွန်တော်က ဘာလို့ ရေးရမှာလဲ... ဆရာက မလိုအပ်ဘူးလို့ ပြောတယ်"


လင်းလန်က   ပြုံးပြီးပြော၏။


 "ညီလေး မင်း စာရေးတာကို အနှေးနဲ့အမြန် ရှောင်လွှဲနိုင်မှာမဟုတ်ဘူး... အခုကတည်းက  ကြိုလေ့ကျင့်ထား"


ရှောင်ရှင်းက ရှောင်ဝမ်ကို ခေါ်ပြီး ပုစဥ်းရင်ကွဲ သွားရှာချင်နေသည်။ 


လင်းလန် : "ခဏစောင့်... ငါ မင်းတို့နဲ့လိုက်ခဲ့မယ်"


    ဟန်ချင်စုန့်လည်း သူတို့ထွက်သည့်အခါ လိုက်လာပြီး  သူတို့နှင့်အတူတူ ပုစဥ်းရင်ကွဲလိုက်ရှာ၏။ ကလေးတွေက ရှေ့ကပြေးပြီး သူတို့က နောက်က လိုက်သွားကြသည်။


Xxxxxxx