အပိုင်း ၅၇၉-၅၈၀
Viewers 37k

Part 579


သို့ပေမဲ့ ဟန်ချင်စုန့်က ထိုအတွက် ဘယ်တော့မှ စိတ်မပူမှန်း သိသာလေသည်။ ထိုညမှာ  လင်းလန်တစ်ယောက်   ပျော့တလှည့်မာတလှည့်နည်းလမ်းတွေဖြင့် ပါတီထဲဝင်ရန် လျှောက်လွှာအတင်ခိုင်းခြင်းခံခဲ့ရသည်။


 ထောက်ခံပေးသူများက ဟန်ချင်စုန့်နှင့်ဟန်ရုံဖန်တို့ဖြစ်သည်။ လျှောက်လွှာပုံစံကို တင်သွင်းပြီးနောက် ဌာနခွဲက တက်ကြွလှုပ်ရှားသူအဖြစ် သတ်မှတ်လိမ့်မည်ဖြစ်၏။၎င်းနောက် ဌာနခွဲထံ လစဉ်လတိုင်းသို့မဟုတ် သုံးလတစ်ကြိမ် နိုင်ငံရေးသဘောတရားနှင့်ကိုက်ညီသောအလုပ်တစ်ခု တင်ပြရန်လိုအပ်လေသည်။


အကယ်၍ မတော်တဆမှု မရှိခဲ့ပါက  နှစ်နှစ်ခန့်အကြာတွင် ဂုဏ်ကျက်သရေရှိ ပါတီဝင် ဖြစ်လာနိုင်သည်။     


နှစ်ရက်နေပြီးနောက် တဝမ်က ရှောင်ရှင်းကို ပြန်ပို့လိုက်သည်။  လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဟန်ရုံဖန်က အားဝမ်၏ အကြံပြုချက်ကို လက်ခံပြီး အုပ်ချုပ်ရေးမှူး ၊ကွန်မြူနတီအဖွဲ့ဝင်များနှင့်အတူ  ရွာတွင် ရေနုတ်မြောင်းများ တူးခဲ့ကြသည်။ မြောင်းများစွာကို အရှေ့မှ အနောက်၊ မြောက်မှ တောင် ရွာအပြင် မြစ်ဆီသို့ ဦးတည်ခဲ့သည်။ လမ်းကြားတိုင်းတွင် နေထိုင်သူများသည် လမ်းပေါ်၌ အများပိုင်မြောင်းများ တူးကြရသည်။  ဘယ်သူမဆို မြောင်းထဲတွင်  ပိတ်ဆို့ခြင်းကို ကာကွယ်ပြီး ထိန်းသိမ်းကြရသည်။


လယ်ယာစိုက်ပျိုးခြင်း သို့မဟုတ် ရေထိန်းသိမ်း ပြုပြင်ခြင်း မဟုတ်ဘဲ အဖွဲ့ဝင်များ ကိုယ်ဘာသာကိုယ်လုပ်ရန်လိုအပ်သည့် ကျေးရွာတွင် လူနေမှုဘဝ အဆင်ပြေစေသည့်အရာဖြစ်သောကြောင့် ယင်းအတွက် အလုပ်မှတ်မရှိပေ။ ထို့ကြောင့် အချို့လူများက လုပ်ကိုင်လိုစိတ်မရှိကြချေ။ ၎င်းတို့အနေဖြင့် အလုပ်အမှတ်ရရန်  တပ်မဟာအတွက် အလုပ်လုပ်ရသည်။   


 ဘယ်သူက အလုပ်မှတ် မပေးတာလဲ...


မိုးမရွာတာ ရက်အတော်ကြာနေပြီး နေက နေ့တိုင်း ပူနေ၏။ မိုးကြီးမိုးကောင်းက ဘယ်ကလာမှာလဲ...

 

ခြောက်ကပ်ပြီးမသေအောင်သာ အိတ်ကိုဖြည့်ကြစမ်းပါ...


အလုပ်မှတ်များ မပေးသောကြောင့် ၎င်းတို့အားလုံးသည် စေတနာအလျောက် လုပ်အားအပေါ် မှီခိုခဲ့ကြရာ အနည်းဆုံး လူသုံးပုံတစ်ပုံက အလုပ်ချင်ကြပေ။


ဟန်ရုံဖန်က ဒေါသမထွက်ဘဲ  လမ်းပေါ်ရှိ ဘုံ ရေနုတ်မြောင်းများတူးရန် အလုပ်လုပ်ကိုင်လိုသူများကိုသာ ဦးဆောင်ကာ မိသားစုတိုင်း ကိုယ့်တံခါးရှေ့မှာတစ်ခုစီ တူးခိုင်းခဲ့သည်။     


ဘုံရေနုတ်မြောင်းများ တူးဖော်ပြီးနောက် ဟန်ရုံဖန်က  တပ်မဟာ၏ ကေဒါများနှင့် တွေ့ဆုံဆွေးနွေးကာ တစုတစည်း ဆုံးဖြတ်ချက်ချခဲ့ကြသည်။


 “မြောင်းတူးတာအတွက် အလုပ်မှတ်မရှိဘူး... ဒါပေမယ့် မြောင်းမတူးသူတွေဆီက အလုပ်မှတ်တွေ ေတာ့နုတ်ယူမယ် ”


လူပျင်းများ ယခုပျာယာခတ်နေကြ၏။


ငါတို့ မတူးဘူးလို့ ဘယ်သူပြောလဲ...မင်း ငါတို့ကို မတူးခိုင်းတာလေ...


၎င်းတို့ကို မည်သူမှ ဂရုမစိုက်သည်က သနးစရာပင်


ယင်းနောက် ချက်ချင်းပင် သွန်ချသကဲ့သို့ သုံးရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေမြောင်းများကို အချိန်မီမတူးသူများ ရုတ်တရက် ဒုက္ခရောက်သွားကြသည်။ လူအများစု၏အိမ်များက နိမ့်ပြီး မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ခြံတွင်းရှိ ရေများ အိမ်ထဲသို့ စိမ့်ဝင်လာသည်။ ယခုကား အဆင်ပြေသွားလေပြီး ရေမြောင်းများတူးရန် လူခေါ်စရာမလိုတော့ပေ။ မိသားစုတိုင်းက တက်တက်ကြွကြွဖြင့် မိုးရွာသည်ကို အခွင့်ကောင်းယူပြီး  တံခါးရှေ့နှင့် အိမ်ဘေးက ရေမြောင်းတွေကို တူးကာ နုန်းမတင်အောင်လုပ်နေကြသည်။


ယခင်က ရွာမှာရှိသည့် ဘုံအသုံးအဆောင်ပစ္စည်းတွေကို ထိန်းသိမ်းသည့်အခါ၌ အလုပ်မှတ်တွေ ပေးဆောင်ရသည်က အမြဲခက်ခဲ၏။ဤအဖြစ်အပျက်အပြီးမှာ လူတိုင်းက အလုပ်မှတ်တွေကို နုတ်ယူရုံခံရရုံတင်မကဘဲ ဒုက္ခရောက်နိုင်ခြေလည်း ရှိသောကြောင့် တခြားသူတွေထက် ပိုတက်ကြွလာကြသည်။တစ်ခါတစ်ရံမှာ ဆုံးရှုံးမှုက အမြတ်ထက် ပိုစိတ်အားထက်သန်စေ၏။


ထို့နောက် ဟန်ရုံဖန်  အပျော်ကြီးပျော်သွားသည်။


သူက အာဏာကြီးပြီး အဖွဲ့ဝင်တွေက သူ့ကို ကြောက်ပေမဲ့ ကျိုးကြောင်းဆီလျော်ပြီး စည်းကမ်းတွေကို လိုက်နာတတ်၏။ အဖွဲ့ဝင်များက စည်းမျဉ်းများကို မချိုးဖောက်ပါက ကြာပွတ် ကို အသုံးပြု၍ရမည်မဟုတ်ပေ။ စုပေါင်းစီးပွားရေဖြစ်သောကြောင့်  ကြီးကြီးငယ်ငယ်အရာအားလုံးကို ကေဒါများက စီစဉ်ပေးထားပြီး အဖွဲ့ဝင်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ ဦးနှောက်ကို အသုံးမချချင်ဘဲ တက်ကြွစွာ အလုပ်မလုပ်သည့် အလေ့အထများ ရှိလာကြသည်။ ကေဒါများက အရာရာတွင် ဦးဆောင်ရမည်ဖြစ်ပြီး အလုပ်သမားအားလုံးအတွက် အလုပ်မှတ်ပေးရမည်၊ မဟုတ်ပါက ၎င်းသည် အလဟဿအလုပ် ဖြစ်သွားသည်။မသိပါက အလုပ်က ကွန်မြူနတီ ၊ တပ်မဟာ၊ ကေဒါတွေအတွက်သာဖြစ်ပြီး ကိုယ့်အတွက်ကိုယ် မဟုတ်သလိုပင်။


ဤကိစ္စမျိုးတွင် စေတနာ့ဝန်ထမ်း ထုတ်နှုတ်ရသည်က အလွန်ခက်ခဲသည်၊မှန်ကန်သော ဥပဒေအရ ပြည်သူကို အပြစ်တင်အရေးယူ၍လည်းမရပေ။


ယခုကား အဆင်ပြေသွားလေပြီ၊ အဘိုးကြီး၏ စကားကို နားမထောင်ပါက  ဆိုးကျိုး ကြုံရသည်။ သူတို့အနေဖြင့်  မြောင်းများကို သွက်သွက် တူးပြီး ထိန်းသိမ်းရန်ကိုသာ သိတော့၏။


ဟန်ရုံဖန်က သူတို့အိမ်နားက လမ်းများကို ထိန်းသိမ်းရန်၊ မိုးရွာပြီးသည့်အချိန်တွေမှာ လမ်းတွေကို ညီညာအောင် ပြုပြင်ပေးရန်နှင့် အားလပ်ချိန်မှာ သူတို့၏ ခြံတံခါးရှေ့မှာ လမ်းခင်းရန်ကျောက်ခဲတွေကို ကောက်ရန် သူတို့ကို ခိုင်းခဲ့သည်။ယခု အဖွဲ့ဝင်တွေက ပိုတက်ကြွလာကြပြီး သူတို့ကိုပြောပြီးသည့်နှင့် တုံ့ပြန်ကြ၏။


 အမှန်တွင် ယင်းက အားဝမ်၏အကြံဖြစ်၏။ သူ က ရေဒီယို နားထောင်ပြီး အခုတလော နေရာ တော်တော်များများမှာ မိုးသည်းထန်စွာ ရွာနေမှန်း သိလိုက်ရသည်။ဤနေရာသို့ မရောက်သေးသော်လည်း  နွေမုတ်သုံ၏ လမ်းညွှန်ချက်အရ အချိန်တစ်ခုပဲ ကြာမှာဖြစ်၏။ မိုးသည်းထန်စွာရွာနိုင်ခြေ မြင့်မားသောကြောင့် ရေနုတ်မြောင်းများတူးပြီး မြစ်ကမ်းပါးယံများဆောက်ရန် ဟန်ရုံဖန်ကို အကြံပြုခဲ့သည်။ယခင်နှစ်များနှင့်မတူတော့ပါချေ။ 


မိုးရွာသည့်အချိန်မှ လူများကိုဆွဲထုတ်၍ အလုပ်လုပ်ခိုင်းရန်က တကယ်မလွယ်ကူချေ..

အထူးသဖြင့် ရွာအနောက်ဘက်ကလူတွေဖြစ်၏။


ယခုမူ အားဝမ်၏ အကြံကြောင့် အဆင်ချောသွား၏ဟန်ရုံဖန်နှင့် သူက အပေါက်အလမ်းတည့်နေကြသည်။ယင်းက အလုပ်မကြိုးစားချင်ဘဲ အကျိုးကျေးဇူးများကို ထိုင်ခံစားချင်သော တစ်ကိုယ်ကောင်းဆန်သော သရဲတစ္ဆေများကို ကုသပေးနိုင်ရုံသာမက သင်ခန်းစာများကိုလည်း ပေးနိုင်သည်။


အားဝမ်က ဟန်ရုံဖန်၏ အတွင်းရေးမှူးနှင့် အတိုင်ပင်ခံအဖြစ် တိုက်ရိုက်ဖြစ်လာပြီး သူနှင့် အခါအားလျော်စွာ စကားစမြည်ပြောလေ့ရှိသည်။ တစ်ခါတစ်ရံ အဘွားကြီးကို  ကြက်ဥနှစ်လုံးမွှေကြော်ကာ မြေပဲများကိုကြော်ခိုင်း၍ ဟန်ရုံဖန်က ဝိုင်သောက်၊အားဝမ်က ရေချိုကို သောက်ကာ  အချင်းချင်း စကားစမြည်ပြောကြသည်။အုပ်ချုပ်ရေးမှူးကပင်  သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေ၏။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် အဘိုးကြီးက လူငယ်လေးနဲ့ ကစားဖို့ သူ့ကိုထားခဲ့တယ်ပေါ့ ... ဟေး ဝမ်းနည်းလွန်းလို့...


ဟန်ရုံဖန်က အားဝမ်ကို သူ၏အကောင်းဆုံးဘောပင်ပေးပြီးဆို၏။


 "ငါ့မြေး စာကြိုးစား... ဆယ်ယောက်မှာ တစ်ယောက်က ကြမ်းတမ်း ရိုင်းစိုင်းတဲ့ စွမ်းအားတွေ ရှိတယ်... ထက်မြက်တဲ့ ဦးနှောက်နဲ့ အသိပညာက တစ်သန်းမှာ တစ်ပုံပဲရှိတာ" 

 

အားဝမ်က  သဘာဝအတိုင်း ကတိပေးလိုက်သည်။ဦးလေးချင်းယွမ်က ဒီဖောင်တိန်ကို မက်နေသည်မှာ ကြာလေပြီ။အဘိုးက သူ့ကိုပေးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။


အားဝမ်က ဟန်ရုံဖန်ကို နှုတ်ဆက်ပြီး ဘောပင်ယူကာ ပျော်ရွှင်စွာ အိမ်ပြန်လာခဲ့သည်။


Xxxxxxx

Part 580


လင်းလန်က  အိမ်တွင် ဟောင်ယွမ်နှင့် စကားပြောနေသည်။


ဆရာဟောင် နှင့် ဟန်ချင်းဖျင်က အိမ်သို့ မကြာခဏ အလည်လာလေ့ရှိသည်။ သူက ရှောင်ဝမ် အတွက်ဖြစ်ပြီး ဟန်ချင်းဖျင်က တဝမ်နှင့် စန်းဝမ် အတွက်ဖြစ်သည်။ အားဝမ်ကိုမြင်သောအခါ  ဟောင်ယွမ်ကလည်း သူ့ကိုချီးမွမ်းလိုက်၏။


 "မိုင်စွေ့နဲ့အားဝမ်က တကယ့်ကို တော်တဲ့ကလေးတွေပါ"


လင်းလန်က ကလေးတွေကို ချီးမွမ်းရာမှာ ကပ်စေးမနည်းပေ၊ အထူးသဖြင့် အပြင်လူတွေရှေ့မှာဖြစ်သည်။


 "ဒီကလေးနှစ်ယောက်က စိတ်ပူစရာမလိုရုံတင်မကဘူး... အိမ်ကိုလည်းကူဂရုစိုက်ပေးတတ်တယ်... သူတို့ကြောင့်သာ မဟုတ်ရင် အပြင်ထွက်ဖို့ အချိန်ရှိမှာကို မဟုတ်ဘူး”     

 

မိသားစုခုနစ်ယောက် အစာစား၊ ရေချိုး၊ လျှော်ဖွပ်၊ အတွင်းအပြင် သန့်ရှင်းရေးလုပ်ကာ မနက်မှ ညအထိ အလုပ်များနေရသည်။ ရှုပ်ပွနေသည်ကို  ဂရုမစိုက်လျှင် ကောင်းပေမဲ့  လင်းလန်ကမနေတတ်ပေ။ထို့ကြောင့် လင်းလန်  သူမသားသမီးတွေက အရည်အချင်းရှိပြီး မိဘတွေကို အများကြီး ကူညီပေးခဲ့သည်ဟု ခံစားရသည်။


ဆန့်ကျင်ဘက်အနေဖြင့် အားဝမ်က အနည်းငယ်ရှက်ရွံ့သွားပြီး သူ့မားမားက သူ့ကို ချီးကျူးလေလေ၊ သူက နှိမ့်ချပြီးနေလေလေဖြစ်ကာ ဟောင်ယွမ် နှုတ်ဆက်၍ အိမ်စာလုပ်ရန် အရှေ့ခန်း၌ မိုင်စွေ့ကို သွားရှာလိုက်သည်။


ဟောင်ယွမ်က လင်းလန်ကိုပြောလိုက်၏။

 "ကပ္ပတိန်လင်း... ကလေးကို နာမည်ပေးချင်လား " 


မည်သို့ပင်ဖြစ်စေ  သူက အတန်းကြီး ရောက်နေပြီဖြစ်ကာ အလယ်တန်းကျောင်း  ကျောင်းတက်ရန် ကွန်မြူနတီကို သွားသည့်အခါ ငယ်နာမည်ကိုပဲ ခေါ်၍မရတော့ပေ။


 လင်းလန်က  ခဏလောက်စဉ်းစားပြီးဆိုလိုက်သည်။


"သူတို့မှာ နာမည်အရင်းတွေရှိတယ်...ဝမ်ကော၊ ဝမ်ကျွင်း ၊ ဝမ်မင်၊ဝမ်ကျားနဲ့ သမီးကိုကျ မိုင်စွေ့လို့ခေါ်တယ်... သူတို့နာမည်ကို မကြိုက်ရင် သူတို့စိတ်ကြိုက်ပြောင်းလို့ရတယ်" 


လူများကြားက ဆက်ဆံရေးက ရိုးရှင်းပြီး နာမည်ပြောင်းရသည်က လွယ်ပေသည်။ ပြည်သူ့လုံခြုံရေးဗျူရိုကို ခရီးတစ်ခေါက်သွားလိုက်ရုံပါပင်။ လင်းလန်အနေဖြင့်  ၎င်းကိုပြောင်းလိုပါက အထက်တန်းကျောင်း သို့မဟုတ် တက္ကသိုလ်မတက်မီ ၎င်းကိုပြောင်းရန် လွယ်ကူမည်ဟု ခံစားခဲ့ရပြီး ယင်းမှာ ပြဿနာမဟုတ်ပေ။


 မူလပိုင်ရှင်က ကလေးနာမည်ကို ပေးထားခြင်းဖြစ်သဖြင့် မလိုတမာမှု သို့မဟုတ် အနက်ထွေပြားခြင်း မရှိသရွေ့ ၎င်းကို ဆက်ခေါ်ရန် အဆင်ပြေသည်ဟု ထင်မိသည်။ 


ဟောင်ယွမ်ကလည်း ထိုသဘောထားကို ထောက်ခံလိုက်သည်


ကလေးအကြောင်း ခဏလောက်ပြောပြီးသည့်အခါ ဟောင်ယွမ်က  အလုပ်သမား၊ လယ်သမားတွေနှင့်စစ်သား ကျောင်းသားတွေအကြောင်း ပြောလေသည်။


သူက အံ့သြမှုကို မထိန်းနိုင်ဘဲဆို၏။

 "ကပ္ပတိန်လင်း ကျွန်တော့် လျှောက်လွှာကို အတည်ပြုခံရလိုက်တဲ့အတွက် တကယ်ကို အံ့သြမိတယ်"


 လင်းလန်က ပြုံးပြီးပြောလိုက်သည်။

 "ဒါက ဘာများ ထူးထူးခြားခြား မမျှော်လင့်ထားစရာရှိသလဲ... အဲဒီအချိန်တုန်းက  ကျွန်မတို့ တပ်မဟာက သုံးကြိမ် အစီရင်ခံခဲ့တယ်... ဒါပေမဲ့ ကွန်မြူနတီက တစ်ယောက်မှမရွေးခဲ့ဘူး...ဒါ အခြေအနေပေါင်းစုံကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လေ...ရှင်ရတယ်ဆိုတာက တိုးတက်ဖို့ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုရှိတယ်လို့ ဆိုလိုတာပဲလေ... ရှင်နဲ့ တပ်မဟာကို ချီးကျူးရမှာပဲ" 

 


ဟောင်ယွမ်က ၎င်းကို ယခုထိ မယုံနိုင်သေးပေ။ ဟန်ရုံဖန်က လျှောက်လွှာဖောင်ကို သူ့အား မကြာသေးခင်ကပဲ ပေးခဲ့ပြီး သူ့မှာ ပေါ့ပေါ့ပါးပါးပဲ တွေးကာ ဖြည့်သွင်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့မိသားစုက သာမန်ဖြစ်မဖြစ် အရေးမကြီးပါချေ။ ဂီတနှင့်ပန်းချီပညာမှာ အထူးကျွမ်းကျင်ခြင်းကြောင့် သာမဟုတ်ပါလျှင်  ကျေးလက်ဆင်းရန်အတွက် ရှန်ရွေ့ရွာသို့ရောက်သည့်အခါ  လယ်ပဲလုပ်နိုင်ပြီး ကျောင်းဆရာလည်း လုပ်ရလိမ့်မည်မဟုတ်ပေ။


မထင်မှတ်ဘဲ ကောလိပ်တက်ရန် သူ အလှည့်ရောက်လာသည်။


သူကိုယ်တိုင် နားမလည်နိုင်စွာနှင့် ဟန်ချင်းဖျင်ကို မေးခဲ့၏။

 "ဆရာဟန်...ကပ္ပတိန်လင်းက ကျွန်တော့်ကို ကူညီခဲ့တယ်လို့ ထင်လား"


ဟန်ချင်းဖျင်က သူ့ကို သိပ်မတွေးရန် ပြောလိုက်သည်။ ဆက်ဆံရေးကောင်းတိုင်းဆိုလျှင် သူက လင်းလန်နှင့် ပိုကောင်းသည့်ဆက်ဆံရေးရှိသည်မဟုတ်ပါလော။ ကူညီချင်လျှင် သူ့ကို အရင်ကူညီပေလိမ်မည်။ သူက ဟောင်ယွမ်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ ကြိုးကြိုးစားစား သင်ယူရန်ပြောလိုက်၏။


ဟောင်ယွမ်က မချမ်းသာသလို ဘာမှမရှိသော်လည်း သူ့၏ ကျေးဇူးတင်မှုကို ဖော်ပြချင်သေးသည်။


လင်းလန်က သူ့ကို စနိုးစနောင့်ဖြစ်မနေရန်ပြောလိုက်၏။

 "ရှင့်မှာ အခက်အခဲရှိရင် တပ်မဟာကိုပဲပြောလိုက်ပါ... ဘွဲ့ရပြီးရင် ရှင်က ဒီကိုပြန်လာမယ်...အရာအားလုံးက လွယ်လွယ်လေးပဲ" 

 

လင်းလန်အနေဖြင့် ဟောင်ယွမ်က  ဘွဲ့ရပြီးလျှင် ရွာကမူးလတန်းကျောင်းမှာ ဆက်မသင်ပေးတော့ဘဲ  ကွန်မြူနတီကို သွားလိမ့်မည်ဟု  ထင်မိသည်။


 အလယ်တန်းကျောင်းမှာ သင်ရန်က အဆင်ပြေသည်ပင်။ 


ဟောင်ယွမ်  အနည်းငယ် ရှက်သွားသည်။အမှန်တွင် သူသာ အလေးအနက်ထားလျှင် နောက်နှစ်နှစ်လောက်ဆက်ရှိပေလိမ့်မည်။ လင်းလန်တို့မိသားစုကကလေးများ ကျောင်းဝင်ပြီးနောက် သူတို့၏ကျောင်းက လေးနက်လာသည်။ အရင်တုန်းက ကလေးများက စာမကျက်သဖြင့်  ဆရာတွေက လေးလေးနက်နက် စာမသင်ကြပေ။ ဘာပဲဖြစ်ဖြစ် အားလပ်ချိန်တိုင်း အိမ်ပြန်ကြ၏။


အထူးသဖြင့် ရှောင်ဝမ် ကျောင်းတက်ပြီးနောက်  အလွန်စိတ်ဝင်စားစရာကောင်းသည်ကို ဟောင်ယွမ် တွေ့ရှိခဲ့ပြီး ဂီတနှင့် အနုပညာကို သင်ယူလိုစိတ်ရှိသူများလည်း ရှိသေးသည်။


လင်းလန်က ထပ်မေးလိုက်ရာ ဟောင်ယွမ် ဇီဝဗေဒအဓိကမေဂျာကျကြောင်း သိခဲ့ရသည် ကျောင်းသည် ခရိုင်က ဦးစီးလုပ်ကိုင်သော အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သား တက္ကသိုလ်ဖြစ်ပြီး စာသင်ချိန် နှစ်နှစ်ကြာသည်။ ထိုအချိန်က အလုပ်သမား၊တောင်သူလယ်သမားနှင့် စစ်သားတက္ကသိုလ်သည် နိုင်ငံရေးနှင့် ထုတ်လုပ်မှုဆိုင်ရာ လိုအပ်ချက်များအတွက် အထူးကျွမ်းကျင်သော အရည်အချင်းများကို ပြုစုပျိုးထောင်ပေးနေသည်။ဝိဇ္ဇာမေဂျာများမရှိသော်လည်း ဇီဝဗေဒမေဂျာများကလည်း ကောင်းပါပေသည်။


ဟောင်ယွမ်တို့မိသားစုအခြေအနေများက မကောင်းသည့်အတွက် အလုပ်မရှိဘဲ ကောလိပ်တက်ရန် ရိက္ခာအလုံအလောက်မရှိကြောင်း သူမ သိသဖြင့် ဖြေရှင်းရန်တပ်မဟာ၏အကူအညီကို လိုအပ်နေ၏။ ကံကောင်းထောက်မစွာ၊ ရွေးချယ်ခံရသော အလုပ်သမား၊ လယ်သမားနှင့် စစ်သား ကျောင်းသားများသည် အစိုးရထောက်ပံ့ကြေးရကြသည်။ သူတို့အနေဖြင့်  ကျောင်းတက်ရန် တစ်လလျှင် ၁၈ ဒသမ ၅ ယွမ်ပေးရပြီး တပ်မဟာက တစ်လလျှင် ရိက္ခာ ၃၀ပေးလျှင်  လုံလောက်သည်။ သို့သော်လည်း တပ်မဟာမှ ထောက်ပံ့သော ရိက္ခာများကို ဘွဲ့ရပြီးနောက် ဟောင်ယွမ် ၏ လစာဖြင့် ပြန်လည်ပေးဆပ်ရပြီး ကွန်မြူနတီတွင် အလုပ်ပြန်ဝင်ရမည်။     


ကျောင်းသွားတက်သည်က ကိစ္စကောင်းတစ်ခုပါပင်။ သို့ပေမဲ့ ဟောင်ယွမ် ရှောင်ဝမ်အတွက် အနည်း စိတ်ပူနေသဖြင့် လင်းလန်နှင့်  ဆွေးနွေးခဲ့သည်။

 "ကပ္ပတိန်လင်း... ကျွန်တော့်မှာ ဂီတကို အထူးပြုပြီး အနုပညာအဖွဲ့တစ်ခုမှာ အလုပ်လုပ်တဲ့ ညီမဝမ်းကွဲတစ်ယောက်ရှိတယ်...ဒီနှစ်တော့ သူလည်း ကျေးလက်ကို ဆင်းရမယ်... သူ့ကို မူလတန်းပြဆရာမလုပ်ဖို့ခေါ်ချင်တယ် "     

 


လင်းလန် သဘာဝကျကျပင် သဘောတူလိုက်၏။

 "ဒါက ကောင်းတာပဲ...လူတွေက လာဖို့ ဆန္ဒရှိတယ်...ကျွန်မတို့က သူတို့ကို မတရားပြုမိမှာကိုတော့ကြောက်မိတယ်"

 

ဟောင်ယွမ်က  ပြုံးပြီးဆိုသည်။

 "ဘယ်လို မတရားတာဖြစ်မလဲ... ကျေးလက်ကို ဆင်းရမှာဆိုကတည်းက တချို့နေရာတွေထက် ကျွန်တော်တို့ နေရာက ပိုကောင်းတာပေါ့"


ဟန်ရုံဖန် လည်း ပျော်နေ၏။ဆရာဟောင်ယွမ်ရှိလျင် ရွာက ကလေးများအတွက် ကျောင်းလာရန် အလွန် စိတ်ဝင်စားစရာကောင်းနေပေမည်


။ထို့ကြောင့် ဟောင်ယွမ်က သူ၏ဝမ်းကွဲ ဟောင်ဟုန်ကျန်းဆီ ဤပညာတတ်လူငယ်များအဖွဲ့နောက်ကနေ ရှန်ရွေ့ရွာသို့ လိုက်လာရန် စာတစ်စောင်ရေးလိုက်သည်။


Xxxxxxxx