Part 583
အုပ်ချုပ်ရေးမှူးလည်း စိတ်ပျက်လက်ပျက်ဖြစ်ကာ ဘာမှမဖြစ်ရန် ဆုတောင်းရင်း ပြောလိုက်၏။
"ပညာတတ်လူငယ်ရှန်... ဒါဆို မင်းသွားလို့ရပြီ"
ရှန်ယွီက ချိုက်ဟွားနောက်ကို ခရီးဆောင်အိတ်နှင့် လိုက်သွားခဲ့သည်။
ချိုက်ဟွားက သူ့ကို သူမဘာသာ သူ့သေတ္တာကူသယ်ပေးလာပြီးဆို၏။
"ပညာတတ်လူငယ်ရှန်... စိတ်မပူပါနဲ့...ဒီမှာကရှင့်ကိုယ်ပိုင်အိမ်လိုပါပဲ...ရှင့်မှာ ပြဿနာရှိရင် ကျွန်မဆီလာလို့ရတယ်...ကျွန်မအဘိုးမှာ ပြသနာတွေ အများကြီး...ကိစ္စမရှိပါဘူး...ရှင့်အတွက် ကျွန်မ သူ့ကို ဆူလိုက်မယ်"
ရှန်ယွီက ခေါင်းညိတ်ကာ စကားမပြောဘဲ လင်းလန်က သူ့ကို ဘာကြောင့် ဒီလောက် ငြင်းပယ်ခဲ့တာလဲဆိုသည့်ကို တွေးနေမိတုန်းပင်။ သူမက အလွန်နွေးထွေးပြီး အခြားသူများနှင့် လိုက်လျောညီထွေ ဆက်ဆံတတ်သူဖြစ်ပြီး တပ်မဟာ၏ ကေဒါများကလည်း သူမကို အလွန်အထင်ကြီးကြ၏။
လင်းလန်က ပညာတတ်လူငယ်ငါးဦးကို အိမ်သို့ခေါ်သွားပြီး အုပ်ချုပ်ရေးမှူးက တစ်စုံတစ်ဦးကို ခရီးဆောင်အိတ်များ ယူလာရန် စေလွှတ်ခဲ့သည်။
ပညာတတ်လူငယ်ငါးဦးတွင် တစ်ဦးက ဟောင်ယွမ်၏ဝမ်းကွဲဖြစ်သူ ဟောင်ဟုန်ကျန်းဖြစ်၏ သူမက ဖြူဖွေး သောအသားအရေရှိကာ ဆိတ်ငြိမ်သောကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်၏။ သူမ၏မျက်လုံးများက တွန့်ဆုတ်မှုမရှိ၊နှိမ့်ချမှုမရှိသည့်အပြင် ဟောင်ယွမ်၏မိတ်ဆက်မှုကြောင့်လည်း လူမြင်ကွင်းတွင် လင်းလန်ထံသို့ သူမချဉ်းကပ်ခဲ့ပေ။
ကျောက်မင်ကျယ်က လင်းလန် ကျပန်းရွေးခဲ့သူဖြစ်လေသည်။ သူပြုံးလိုက်သည့်အခါ ပါးချိုင့်ထွက်ပေါ်လာ၏။ သူက အလွန်ချစ်စရာကောင်းသည်။ လင်းလန် သူ့အပေါ်မှာ အထင်အမြင်ကောင်းတစ်ခုရှိ၏။
ကျန်နှစ်ယောက်က လင်းလန်ကို နှုတ်ဆက်သော်လည်း စကားများများစားစား မပြောပေ။ ပုလဲပွင့်များလို ငိုနေသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ဦးလည်းရှိသည်။ သူမက နှင်းဖြူရောင် အသားအရေနှင့်ဖြစ်ပြီး အလှဆုံးဖြစ်ကာ ကျတ်တီးမြေသို့ နှင်ထုတ်ခံခဲ့ရသကဲ့သို့ တစ်ချိန်လုံးငိုကြွေးနေ၏။
အိမ်ပြန်ရောက်သောအခါ လင်းလန်က သူတို့ကို အရှေ့ခန်းသို့ ခေါ်သွားခဲ့သည်။ အရှေ့ဘက်အခန်းသည် လက်ရှိတွင် အပြီးသတ်သွားပြီဖြစ်ပြီး အလယ်တွင် လူတစ်ရပ်အမြင့်နံရံတစ်ခုနှင့် ထိပ်တွင် ဂျုံရိုးတံနှင့် ဝါးဖျာများဖြင့်ပြုလုပ်ထားသည့် နံရံတစ်ခု ရှိ၏။၎င်းက မြင်ကွင်းကို ပိတ်ဆို့နိုင်သော်လည်း လေဝင်လေထွက်ကို မဟန့်တားနိုင်ပေ။
တံခါးကို လင်းမိန်ပေးထားသည့် ကောက်စိုက်ခင်းပုံစံ ကန့်လန့်ကာဖြင့် ချိတ်ဆွဲထားသည်။
အနွေးကုတင်ခါးတွင် လင်းလန်နှင့် ကလေးများ ဝယ်သမျှ စာအုပ်များ ပြည့်နေသည့် စာအုပ်စင်ကြီးတစ်ခု ရှိပြီး ဟန်ချင်စုန့် ၏အကူအညီဖြင့် ကွန်မြူနတီ နှင့် ခရိုင်မှ ပြန်ယူလာခဲ့သည်။
လင်းလန်: "ယောက်ျားလေးတွေက တောင်အနွေးကုတင်မှာ အိပ်... မိန်းကလေးတွေက မြောက်ဘက်မှာ အိပ်...အလယ်က အနွေးကုတင်ရဲ့ခါးကို ခေါင်းထားကြ"
သူတို့က သူတို့ကိုယ်ပိုင်အိပ်ယာနှင့်သေတ္တာတွေကို ယူလာကြ၏။ အထူးသဖြင့် ငိုနေသည့် မိန်းကလေးက သေတ္တာပေါင်းများစွာ ယူလာလေသည်။ လင်းလန်က အိမ်မှာရှုပ်သည်ကို မကြိုက်ပေ။
လင်းလန်၏အိမ်သည် ဒဏ္ဍာရီထဲက အဖွဲ့ဝင်များ၏ ပျက်စီးနေသောအိမ်များနှင့် အတူတူပင်ဖြစ်မည်ဟု ပညာတတ်လူငယ်အချို့က မူလက ထင်မြင်ခဲ့ကြပြီး တစ်စုံတစ်ဦးဝင်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြမည် ယူဆခဲ့ကြသည်။ သူတို့ဝင်သွားသောအခါ ထိုသို့မဟုတ်ကြောင်းတွေ့လိုက်ရ၏။ လင်းလန်တို့အိမ်ရှိ ပြတင်းပေါက်များသည် သန့်ရှင်းသပ်ရပ်နေပြီး မှန်ပြတင်းပေါက်များမရှိသော်လည်း သန့်ရှင်းနေဆဲဖြစ်သည်။
အနွေးကုတင်ကို ဝါးဖျာအဟောင်းမဟုတ်ဘဲ အသစ်တစ်ပိုင်း ဝါးဖျာများဖြင့် ဖုံးအုပ်ထားပြီး ဖာထေးမှုများ မပါရှိဘဲ စောင်များကလည်း သန့်ရှင်းသပ်ရပ်နေသည်။
ပထမတုန်းက သန်းတွေရှိမှာ စိတ်ပူနေသည့် ပညာတတ်လူငယ်က သန်းတွေးမရှိလောက်ဟု တွေးပြီး သက်ပြင်းချလိုက်၏။
ငိုနေသည့်ကောင်မလေးက ရုတ်တရက် နစ်နာသလိုခံစားလိုက်ရသည်။
"ဘာလို့ ကောင်လေးတွေနဲ့ တစ်ခန်းတည်း အိပ်ရမှာလဲ...ရှင့်မှာ တခြားအခန်းမရှိဘူးလား"
လင်းလန်: "အဲဒါက ငါတို့လင်မယားရဲ့အခန်း"
ရှင်ဒီကိုပြောင်းပြီး ရှင့်သမီးနဲ့ အတူအိပ်လို့ ရတာပဲ...ဘာပဲဖြစ်ဖြစ် ရှင်တို့က မိသားစုပဲဟာကို...
ပညာတတ်လူငယ်အမျိုးသမီးက ရှိုက်ရင်း နှာခေါင်းရှုံ့ကာ ဆို၏။
"မိန်းကလေးတစ်ယောက်အတွက် ယောက်ျားတွေ အများကြီးနဲ့ အခန်းမျှသုံးရတာ အဆင်မပြေဘူးလေ"
ကျောက်မင်ကျယ်က အရွှန်းဖောက်လိုက်သည်။
"ဖန်းရှောင်... နင်ဘာကိုကြောက်တာလဲ... လူတွေအများကြီးရှိတယ်... ယောက်ျားတွေလည်း အများကြီးပဲ...အလယ်မှာ အကာရှိတယ်... နင့်ကိုဘယ်သူမှ ချောင်းကြည့်မနေဘူး"
ဖန်းရှောင်က ပို၍ပင် မကျေမနပ်ဖြစ်ပြီး ငိုတော့၏။
အရပ်မရှည်ဘဲ အမည်းရောင် အသားအရည်ရှိသည့်ပညာတတ်အမျိုးသမီး နောက်တစ်ယောက်က သရော်လေသည်။
“နင် တစ်ယောက်တည်းကပဲ ရှတ်တတ်ကြောက်တတ်တာလား... နောက်ဆုံးမှ နေစရာတစ်ခု ရှာတွေ့တာကို နင်က ရွေးနေတုန်းပဲ... ကပ္ပတိန်လင်းရဲ့ အိမ်က တပ်မဟာတစ်ခုလုံးမှာ အကောင်းဆုံး အခြေအနေပဲ...နင်မကျေနပ်ဘူးဆိုရင် တခြားသူအိမ်သွား”
ကျောက်မင်ကျယ်ကလည်းဆို၏။
“အခြားပညာတတ်လူငယ်တွေက တန်းစီနေကြတယ်...အများစုက အနွေးကုတင်ကို ခင်ပွန်း၊ ဇနီး၊ သားသမီးတွေနဲ့ ဝေမျှနေရတာ...ဘယ်လောက် အဆင်မပြေလိုက်သလဲ... ဒါက တကယ်ကောင်းတယ်...တော်တော်လေး အဆင်ပြေတယ်"
ဖန်းရှောင်က စကားမပြောပေမဲ့ သူမအမူအရာက အလွန်ဒေါသထွက်နေပြီး ဘေးမှာ မျက်ရည်တွေကို သုတ်ရင်း သူမ အနာဂတ်ကမျှော်လင့်စရာမရှိသလို ခံစားရသည်။
လင်းလန် ၎င်းတို့၏ ပွင့်လင်းလျှို့ဝှက်ရန်ပွဲများကို လျစ်လျူရှုကာ သူတို့ကို နေရာချပေးလိုက်၏။
"လူတိုင်း ငါ့အိမ်မှာနေဖို့ လိုအပ်ချက်တွေ မရှိဘူး...တစ်ခုတည်းသော အရာက ကိုယ့်ကိုယ်ပိုင်ပစ္စည်းမဟုတ်တာတွေကို မထိနဲ့... မင်းတို့လည်း စိတ်ပူနေရမယ်... ငါလည်း စိတ်ပူနေရမယ်"
လူတချို့က သူတို့၏နှုတ်ခမ်းတွေကို မမဲ့မိဘဲမနေနိုင်ကြပေ။
နင့်ရဲ့ အမှိုက်တွေကို ဘယ်သူက ကိုင်ချင်လို့လဲ... ငါ့ပစ္စည်းတွေကိုသာ မထိနဲ့..
"ကပ္ပတိန်လင်း...ကျွန်မတို့ ဘယ်လိုစားမလဲ"
ဟောင်ဟုန်ကျန်းက တက်ကြွစွာ မေးသည်။
သူတို့က ကျေးလက်ကိုဆင်းရန် ထောက်ပံ့ကြေးနှင့် ဒီကိုလာခဲ့ကြခြင်းဖြစ်၏။ တစ်ယောက်ချင်းစီမှာ ယွမ် ၁၈၀ ကျော်ရှိပြီး အစားအသောက်လက်မှတ်တွေလည်း ယူလာကြသည်။ကျေးလက်ကိုဆင်းသည့်အခါ အိမ်ထဲမှာ နေ၍ အစားအသောက်လက်မှတ်နှင့် ဟင်းရွက်ဖိုးငွေ တခြားသူကို ပေးရုံသာလိုအပ်ပြီး သူတို့က အစားအသောက် ကျွေးမွေးပြုစုကြလိမ့်မည်ဟု ပြောကြသည်။
တစ်ဦး နှစ်ဦးထည့်ပါက တူတစ်စုံထပ်ထည့်ခြင်းအကြောင်း ပြောနိုင်သော်လည်း ယခုတွင် သူတို့က အသက် 16၊ 17၊ နှင့် 18 နှစ်အရွယ် လူငယ်ငါးဦးနှင့် ရောက်ရှိလာသည်။သူတို့က တစ်မိသားစုလုံးထက် ပိုစားသည်ဟု ခန့်မှန်း၍ရသည်။ အစားအသောက် အပိုချက်ပြုတ်ရသည်က အဆင်မပြေပေ။
ထို့ကြောင့် ဟောင်ဟုန်ကျန်းက မေးလိုက်ခြင်းပင်။
လူများသည်ကိုတွေ့သဖြင့် လင်းလန် သဘာဝအတိုင်း သူတို့အား ကူချက်မပေးချင်သလို ပိုက်ဆံပေးသည်ကိုလည်း ဂရုမစိုက်ပေ။ ချက်ပြုတ်ရသည်က ပင်ပန်းရုံတင်မကဘဲ လူတိုင်း၏အရသာနှင့် လိုက်လျောညီထွေဖြစ်အောင် ညှိရန်လည်း ခက်ခဲ၏။သူ တို့ဘာစားချင်လဲ ဘာမကြိုက်ဘူးဆိုသည်ကို ဘယ်သူကသိမည်နည်း။ အချိန်တန်ရင် ကျေးဇူးကန်းကြပေဦးမည်။
Xxxxxxxx
Part 584
သူမက ပြောလိုက်၏။
"တပ်မဟာကို သွားမေးလို့ရတယ်... တပ်မဟာထဲက ပညာတတ်လူငယ်တွေအတွက် လုပ်ငန်းတစ်ခု စပေးမယ်... မင်းကိုယ်တိုင်လုပ်လို့ ရတယ် ဒါမှမဟုတ် အဖွဲ့ဝင်တွေကို ခိုင်းဖို့ အလုပ်မှတ်တွေကို သုံးလို့ရတယ်"
တချို့လူတွေက သူမကသူတို့ကို အိမ်မှာ စားစေချင်ပြီး ရိက္ခာတွေ ဖြတ်ယူရန် အခွင့်ကောင်း ယူမှာ စိတ်ပူနေကြသည်။ယခုက သူမက အလျင်အမြန် တွန်းထုတ်လိုက်ပြီး အနည်းငယ် စိတ်သက်သာသွားပုံရကာ ဒုက္ခများမှာ ကြောက်နေသည်ကို မြင်လိုက်ရ၏။
လင်းလန်က အိမ်သာနှင့်ရေချိုးခန်းတွေကို မိတ်ဆက်ပေးပြီး သူတို့သုံးနိုင်ပေမဲ့ သန့်ရှင်းနေရမည်ဟုဆိုသည်။ တစ်ချို့လူတွေက လက်မခံကြပေ။ မြို့ကလူတွေက သူတို့လို ကျေးလက်ကငနုံတွေလောက် မသိတတ်လို့လား...
လင်းလန်က ထပ်ဖြည့်ပြော၏။
“အနောက်ဘက်မှာ မြစ်ရှိတယ်...ရေကူးတတ်တဲ့ ပညာတတ်လူငယ်တွေက အဲဒီကိုသွားပြီး ရေကူးပြီး ရေချိုးကြတယ်... အမျိုးသမီး ပညာတတ်လူငယ်တွေက အိမ်မှာချိုးကြ...”
မိတ်ဆက်ပြီးနောက် ရာသီဥတုကို စစ်ဆေးပြီး သူတို့ကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။
အမှန်တွင် ဘာမှ ရှင်းစရာ မရှိပါချေ။ သူတို့အနေဖြင့် ဘယ်လို စားသောက် ရမလဲဆိုသည်ကို မေးရန် တပ်မဟာကို သွားသင့်၏။
သို့သော် သူတို့က တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ ရပ်နေကြပြီး စကားမပြောသလို ဘယ်သူမှလည်း ဦးစီးဦးဆောင်မပြုပြပေ။
ဖန်းရှောင်က ပုလင်းများနှင့် သံဘူးအနည်းငယ်ကို ထုပ်ပိုးပြီး သူ့ကိုယ်ပိုင်နေရာမရှိသော စားပွဲပေါ်တွင် တင်ထားသည်။ တစ်ရက်လောက် ကားစီးပြီးနောက် သူမဘိုသီဘတ်သီဖြစ်နေလေပြီ။ မျက်နှာနှင့် ခြေဖဝါးကို အရင်ဆေးချင်ပေမဲ့ သူမ လက်ဆေးဇလုံ မယူလာခဲ့ပေ။
ပညာတတ်လူငယ်များသည် ကျေးလက်သို့ဆင်းသောအခါ အချို့က နေ့လယ်စာဘူး၊ လက်ဖက်ရည်ခွက်၊ လက်ဆေးဇလုံ၊ လက်သုတ်ပုဝါစသည်ဖြင့် တွေးတောစဉ်းစားပြီး ယူဆောင်လာကြကာ အချို့ကမယူလာကြပေ။ ဖန်းရှောင်က တခြားပစ္စည်းတွေ အများကြီး ယူလာခဲ့ပြီး လက်ဆေးဇလုံလို ပစ္စည်းတွေကို သယ်ဆောင်ရန့ ခွန်အားမရှိသောကြောင့် ဒေသတွင်းမှာ ဝယ်နိုင်မည်ဟု ထင်ခဲ့သည်။ လင်းလန်တို့အိမ်အပြင်ဘက်တွင် ဇလုံအများအပြားကို သူမမြင်ခဲ့ပြီး ကြွေဇလုံဖြူဖြူများထဲမှ တစ်လုံးက သန့်ရှင်းနေသောကြောင့် သူမမျက်နှာကို ဆေးကြောရန် အသုံးပြုခဲ့သည်။
မျက်နှာကို ဆေးကြောပြီးနောက် ခြေညှပ်ဖိနပ်များကို ချွတ်ကာ ခြေထောက်ကို ဆေးကြောရန်ပြင်လိုက်၏။
လင်းလန်က မြင်ပြီး အမြန်တားလိုက်သည်။
"ပညာတတ်လူငယ်ဖန်း...ဒါက ငါ့ခြေဆေးတဲ့ဇလုံ ...မင်းဆေးလို့မရဘူး"
ဖန်းရှောင်က မသိနားမလည်ဟန်ဖြင့်ကြည့်လေ၏။ သူမခြေထောက်တွေ မညစ်ပတ်ဘဲ တောကလူတွေတော်တော်များများ၏မျက်နှာတွေထက် ပိုသန့်ရှင်းသည်ဟု သူမခံစားရသည်။ လူကြီးရောကလေးပါ ညစ်ပတ်နေပြီး ရေမဆေးဘဲနေသည်က ဘယ်နှစ်ရက်ရှိပြီလဲ မသိပါချေ။ အဲ့ဒါက တောကလူတွေရဲ့ လက်ဆေးဇလုံနဲ့ ခြေဆေးဇလုံက ဇလုံတစ်ခုတည်းလို့ ဆိုလိုတာမဟုတ်ဘူးလား...
လင်းလန်က နောက်ထပ်မြေအင်တုံကို ညွှန်ပြပြီးကြော၏။
"ဒီမှာ မင်းခြေထောက်ဆေးဖို့... မအေးဘူး...ဒါကြောင့် မင်းရေဆေးရင် ကိစ္စမရှိဘူး"
ဖန်းရှောင်က မြေအင်တုံကို ကြည့်လိုက်သည်။ သန့်ရှင်းပေမဲ့ တခြားတစ်ယောက်ယောက်က ခြေဆေးထား၍ ညစ်ပတ်သည်ဟု ခံစားရသည်။ နောက်ဆုံးတွင် သူမ ရေမှုတ်ကို စိတ်တိုတိုနှင့် ကိုင်လိုက်ပြီး ရေတိုင်ကီကို ကြည့်လိုက်၏။ ယင်းက သန့်ရှင်းနေသော်လည်း နေရာတိုင်းတွင် ညစ်ပတ်နေသည်ဟု သူမအမြဲတမ်း ခံစားနေရသည်။
ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပြီး ကြက်၊ ဘဲနဲ့ ခွေးတွေ မွေးမြူရင် ကြက်ချေးတွေရှိမရှိ ဘယ်သူသိမှာလဲ...
အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် သူမအနေဖြင့် အဆင်မပြေမှုကို သည်းခံရုံသာတတ်နိုင်ပြ ခြေထောက်ဆေးရန်အတွက် ရေတစ်မှုတ် ခပ်လိုက်ကာ ရေမှုတ်ကို အသုံးပြုပြီးနောက်ရေစည်ထဲသို့ ပစ်ချလိုက်သည်။
လင်းလန်တို့အိမ်တွင် ရေစည်နှစ်ခုရှိပြီး အိမ်ထဲရှိ တစ်ခုမှာ ချက်ပြုတ်ရန်နှင့် သောက်ရေအတွက်ဖြစ်ပြီး အပြင်ရှိ တစ်ခုကို လက်ဆေးရန်အတွက် အထူးအသုံးပြုထားသည်။
ကောင်းလုက သူမကို နားမလည်နိုင်ဖြစ်ပြီး သူမကို ထပ်ပြောပြန်၏။
"ဖန်းရှောင်... နင်ဘာလို့ ကန်ထဲကို ရေမှုတ်ထည့်လိုက်တာလဲ...စည်အဖုံးမှာ ထည့်ထားတာကို မမမြင်ဘူးလား...ရေမှုတ်ကို တိုက်ရိုက်ပစ်ချလိုက်တယ်... တခြားသူတွေ ဘယ်လောက်တောင် အဆင်မပြေဖြစ်မလဲ...ရေထဲကို နင်လက်နှိုက်ပြီး ပြန်ယူ"
ဖန်းရှောင် ပထမတုန်းက မပျော်သော်လည်း သူ့မိသားစုက ရုတ်တရက် ပြောင်းလဲသွားကာ ကျေးလက်သို့ အတင်းအကြပ်သွားခိုင်းခဲ့သည်။
သူတို့ သူမနေရာကနေ ထည့်စဥ်းစားပေးလို့ မရဘူးလား... ကောင်းပြီ ငါ့ကို လိုက်လျောပေးပြီး နားလည်ပေးမယ့်သူ မရှိတော့ဘူး...
သူမ ဝမ်းနည်းပြီး မကျေမနပ်ဖြစ်မိသည်။ ချီမင်က တစ်လမ်းလုံး သူမကို လက်ညှိုးထိုးခဲ့၏။ ယခု ကောင်းလုက သူမကို ထပ်ပြီး သရော်နေသည်။ ဒေါသဖြစ်လွန်းသောကြောင့် ပြန်တွန်းထုတ်လိုက်၏။
"ပထမဆုံးအကြိမ်ဆိုတော့ မသိဘူးပေါ့... နောက်တစ်ခါကျ မှတ်မိသွားမှာပါ"
သူမ လက်ကို ဆန့်တန်းကာ ရေမှုတ်ကို ဆယ်ပြီး အဖုံးပေါ် တင်လိုက်သည်။
"နင့်ကိုယ်နင် သန့်ရှင်းရေးလုပ်ရမယ်ဆိုတာပဲ သိတယ်...မနက်ဖြန်ကျရင် အလုပ်သွားပြီး ပိုးကောင်တွေကို ကောက်၊ မြေကြီးဆွရမှာ... အဲ့ခါမှ သန့်ရှင်းမှုဆိုတာ ဘာလဲနင်သိလိမ့်မယ်"
ကောင်းလုက သရော်လိုက်သည်။
ကျောက်မင်ကျယ်က အပြုံးတစ်ခုနှင့် ဝင်ဖြန်ဖြေလိုက်၏။
"ဒီကို ရောက်ခါစရှိသေးတယ်လေ... ငါတို့ စကားမများဘဲနေကြရအောင်... မကောင်းဘူးလေ... ငါတို့က နောင်အနာဂတ်မှာ အဲ့ဒါကနေ အကျိုးအမြတ်ရလိမ့်မယ်"
ကောင်းလုက ပြဿနာရှာနေသဖြင့် ဖန်းရှောင် စိတ်ဆိုးနေပြီး ပြန်ပက်လိုက်သည်။
"ဘယ်ကေဒါက ဝက်နှာခေါင်းရှိလို့လဲ"
ကောင်းလုက အရပ်မရှည်ဘဲ အနက်ရောင်အသားအရည် မျက်ခုံးထူထူနှင့် မျက်လုံးနက်ပြီး နှာခေါင်းပေါက်နည်းနည်းကြီး၏။
ကောင်းလု ထိုဟာကို ကြားသောအခါ ဒေါသထွက်သွားသည်။
"နင်ဘာတွေပြောနေတာလဲ"
ဖန်းရှောင်က နှာခေါင်းရှုံ့လိုက်ပေမဲ့ ရန်ဖြစ်ရန် အလုပ်ရှုပ်မခံချင်သလိုမျိုး ပြန် မဖြေပေ။
ကျောက်မင်ကျယ်က ကလေးဆန်လွန်းသဖြင့် သူတို့နှစ်ဦးကို လုံးဝမဖြောင့်ဖ နိုင်ခဲ့သောကြောင့် ဟောင်ဟုန်ကျန်း နှင့် ချီဖုန်းရှို့တို့ကို မှီခိုနေရသည်။
ချီဖုန်းရှို့က မျက်နှာတွင် ဝက်ခြံများရှိသည့်လူငး်လေးတစ်ယောက်ဖြစ်သည်။ သူက အတော်လေး နှုတ်ဆိတ်နေပြီး စကားသိပ်မပြောဘဲ သူ့နှင့် ဘာမှမဆိုင်သလိုနေနေသည်။
အပြင်က ဆူညံသံတွေကို နားထောင်ပြီးနောက် လင်းလန် လက်ရှိမှာ ၎င်းတို့ကို ဂရုမစိုက်ခဲ့ပေ။ သူစိမ်းတွေ ပေါင်းစည်းမိသည့်အခါ သေချာပေါက် ညှိရန် လိုအပ်လေ၏။တစ်ယောက်ကိုတစ်ယောက်သိအောင်လုပ်ပြီး ရက်အနည်းငယ်ကြာအောင် တစ်ယောက်နှင့် တစ်ယောက် ခင်မင်ရင်းနှီးကြပါစေ။ ရက်အနည်းငယ်ကြာပြီး ရင်းနှီပြီးသည်အထိ ယခုလိုအပြုအမူတွေ ဆက်လုပ်နေလျှင် သူမက ရိုင်းစိုင်းသူ ဖြစ်သွားပေလိမ့်မည်။
ဟောင်ဟုန်ကျန်းက လင်းလန် ချက်ပြုတ် တော့မည်ဖြစ်ကြောင်း မြင်သာအခါ သူမကို ကူညီရန်သွားလိုက်၏။တစ်လက်စတည်း ဟောင်ယွမ်ဆီက စာအကြောင်းပါ သူမပြောချင်မိသည်။
လင်းလန် ပြုံးပြီးပြော၏။
"ဆရာဟောင်က မင်းကိုထောက်ခံပေးတဲ့အတွက် မင်းတာဝန်ယူနိုင်ပါတယ်"
ဟောင်ဟုန်ကျန်းက ပြုံးပြီး
"ကျွန်မအစ်ကိုက ရှောင်ဝမ့်အတွက် စိတ်မပူဘဲ မနေနိုင်ဘူးလို့ ပြောပေမဲ့ အခု အခြေအနေတွေ မကောင်းတော့ စိတ်မကောင်းစရာပဲ.. မဟုတ်ရင် သူက ကျောင်းဆရာလုပ်ဖို့ မြို့ကြီးတစ်မြို့ကို ခေါ်သွားခံရမှာ”
လင်းလန်:“တကယ်”
ဟောင်ဟုန်ကျန်းက ပြောပြန်သည်။
“ကပ္ပတိန်လင်း ...ကျွန်မအစ်ကိုဆီက စာရပြီးတော့ ကျွန်မတို့နေရာက ဂီတပါမောက္ခတစ်ယောက်ကို ဆက်သွယ်ခဲ့တယ်.. ဒါပေမဲ့ သူ့က ကေဒါကျောင်းကို အပို့ခံလိုက်ရတယ်... သူဘယ်အချိန်ပြန်လာနိုင်မလဲတော့ မသိဘူး... အခွင့်အလမ်းရှိရင် သူ့ကို အကြံဉာဏ်တောင်းလို့ရတယ်”
စာရေးသူမှာ ပြောစရာတစ်ခုရှိပါတယ်
စန်းဝမ်: ခင်ဗျားတို့ရဲ့ တိုက်ပွဲပုံစံက မှားနေတယ်... ကျွန်တော် သင်ပေးပါရစေ...
ရှောင်ဝမ် : ခင်ဗျားတို့က ပညာတတ်လူငယ်တွေပဲ... စာစီစာကုံးတွေ ရေးနိုင်မှာ သေချာတယ်...
တဝမ် : ညဘက်အိပ်နေရင်း ဘယ်သူ တိုက်ရဲခိုက်ရဲလဲ... သွားစမ်းပါ...
...
အားဝမ်: ကျွန်တော့် မားမားကို ဘယ်သူ စိတ်ဆိုးအောင် လုပ်ရဲလဲ...နောက်မှ ခင်ဗျားတို့ကို ကူလီလုပ်ရအောင် စီစဉ်ပေး လိုက်မယ် ဟားဟား... မယုံရင် စောင့်ကြည့်လိုက်...
မိုင်စွေ့: မိန်းကလေးတွေက အဖေနဲ့ ခပ်ဝေးဝေးနေ...ယောက်ျားလေးတွေက မားမားနဲ့ ခပ်ဝေးဝေးနေပါ...
Xxxxxxxxx