အပိုင်း ၅၈၅-၅၈၆
Viewers 37k

Part 585


 ဟောင်ဟုန်ကျန်းက ပြောပြန်သည်။


 “ကပ္ပတိန်လင်း ...ကျွန်မအစ်ကိုဆီက စာရပြီးတော့  ကျွန်မတို့နေရာက ဂီတပါမောက္ခတစ်ယောက်ကို ဆက်သွယ်ခဲ့တယ်.. ဒါပေမဲ့ သူ့က  ကေဒါကျောင်းကို အပို့ခံလိုက်ရတယ်... သူဘယ်အချိန်ပြန်လာနိုင်မလဲတော့ မသိဘူး... အခွင့်အလမ်းရှိရင် သူ့ကို အကြံဉာဏ်တောင်းလို့ရတယ်” 


လင်းလန်က ပါမောက္ခအမည်၊ ပြောင်းရွှေ့ခံရသည့်နေရာ စသည်ဖြင့် မေးခဲ့သည်။


သူတို့စကားပြောနေတုန်း ကောင်းလုနှင့် ဖန်းရှောင်က   အပြင်မှာ တစ်ယောက်ကိုတစ်ယောက် စတင် သတ်ပုတ်ကြ၏။


ထိုအချိန်တွင်  ကလေးများက ကျောင်းဆင်းလာပြီဖြစ်သည် စန်းဝမ်နှင့်ရှောင်ဝမ်က  အရင်အိမ်ပြန်ပြေးလာကြကာ အားဝမ်နှင့်မိုင်စွေ့က က သူတို့ သင်ခန်းစာအကြောင်း ဆွေးနွေးနေကြပြီး တဝမ်က  ဖြည်းဖြည်းချင်း နောက်က  လိုက်လာခဲ့သည်။


အရပ်ရှည်သောသူက ခြေတံရှည်များရှိသည်။သူက လွန်ခဲ့သော နှစ်နှစ်အတွင်း လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့ပြီး လင်းလန်ထက် အရပ်ပိုရှည်နေပြီဖြစ်သည်။


အခန်းထဲဝင်ပြီးသည်နှင့် မိန်းကလေးနှစ်ယောက် ရန်ဖြစ်နေသည်ကိုတွေ့လိုက်ရ၏။ဖန်းရှောင်က ကောင်းလုထက် အရပ်မြင့်ပေမဲ့  ကောင်းလုက သူမထက် ပိုသန်မာပြီး တစ်ယောက်နှင့်တစ်ယောက်  ဆံပင်မွှေးတွေကို ဆွဲနေကြသည်။


 စန်းဝမ်နှင့်ရှောင်ဝမ်က  ဘေးနားတွင် ရပ်ကာ စပ်စုနေကြ၏။ စန်းဝမ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့်  တောက်ပလာပြီးဆိုသည်။

 "ဒီလို ရန်ဖြစ်တာ မှားတာဘဲ " 

 

လူတိုင်း သူတို့ နှစ်ယောက်က ကလေးလောက်ပင် ဉာဏ်မမီဘူးဟုတွေးနေကြ၏။


    


စန်းဝမ်က ချက်ချင်း မတ်မတ်ရပ်ပြီး လက်သီးနှင့် ခြေထောက်ကို ဟန်ပြကာဆိုသည်။


 "ဒီလိုမျိုး ...ဒီလိုမျိုး ​...အကြိတ်အနယ်ဖြစ်ရမှာ" 


လူတိုင်း : "..."


ဖန်းရှောင်  နှင့် ကောင်းလုတို့ ထိုစကားကြားပြီးနောက် ရှက်လွန်း၍ ထပ်ရန်မဖြစ်ကြတော့ဘဲ လက်ကိုရပ်ကာ မောင်လေးတွေကို လှည့်ကြည့်လိုက်သည်။


ဖန်းရှောင်က   စိတ်အနှောက်အယှက်ဖြစ်စေသည်ဟု ကြိမ်းမောင်းတော့မည်ဖြစ်သော်လည်း လှပသောကလေးနှစ်ယောက်ကို မြင်လိုက်ရသောအခါတွင် မျက်လုံးများ တောက်ပလာသည်။ သူ့ဆံပင်က အနည်းငယ်တိုပြီး အသားအရည် အနည်းငယ် ညိုမဲကာ ထူထဲသော မျက်ခုံးမွှေးနှင့် အနက်ရောင်မျက်လုံးများ ရှိသည် သူ့၏ ပုံကအလွန်တက်ကြွနေသည်။ အရပ်ပုသည့်တစ်ယောက်က ပိုလှ၏၊ နှင်းဖြူရောင် အသားအရေ၊ ရှည်လျားသည့် မျက်ခုံးနှင့် မျက်လုံးရွဲကြီးများက ကြယ်တွေပြည့်နေသော ကောင်းကင်ကြီးကဲ့သို့ဖြစ်ပြီး မည်းမှောင်၊ တောက်ပ၊ ဖြူစင်၊ကြည်လင်နေတဲ့ မျက်လုံးတစ်စုံက လူတွေကို စိတ်ချမ်းသာစေသည်။


ဖန်းရှောင်  ဒေါသတွေရုတ်တရက်ရပ်သွားပြီး ကြက်ခြံလိုဖြစ်နေသည့် သူမဆံပင်တွေကို ချက်ချင်းသပ်လိုက်၏။


 "ဝိုး ချစ်စရာကောင်းလိုက်တာ" 

 

သူမက ရှောင်ဝမ့်မျက်နှာကို ထိရန် လက်လှမ်းလိုက်လေသည်။


ရှောင်ဝမ်: "မမ...မမလည်း အရမ်းလှတယ်"


ဖန်းရှောင်  ပိုပျော်သွားသည်။  ချောမောလှပသည် ကလေးတွေကို သူမ အကြိုက်ဆုံးပါပင်။ "ဟဲလို ...ငါ့နာမည် ဖန်းရှောင်ပါ"


သူမက စန်းဝမ်နှင့် ပထမဆုံး လက်ဆွဲနှုတ်ဆက်လိုက်၏။


စန်းဝမ်: "ဟယ်လို ကျွန်တော့်နာမည်...ကျွန်တော့် နာမည်က....." 


သူက သူ့အစ်ကိုကြီးကို လှည့်ကြည့်လိုက်သည်။

 ငါ့နာမည်က ဘာလဲ...တမင်...

 


တဝမ်က  သူ့ကို မျက်လုံးလိမ့်ပြပြီး အိမ်ထဲကို တန်းတန်းမတ်မတ်ဝင်သွား၏။


ရှောင်ဝမ်က ခပ်ကျယ်ကျယ် ရယ်မောလိုက်ပြီးဆိုသည်။

 "စန်းတိ... မင်းနာမည်က စန်းဝမ်လေ"


စန်းဝမ် တိုးတိုးလေးရေရွတ်နေ၏။

 "... ငါ့နာမည်...အိုး ဟုတ်ပြီ... ဟန်ဝမ်မင်" 


ရှောင်ဝမ်က ခေါင်းကုတ်လိုက်ပြီး

 " ငါ့နာမည်ကရော "


စန်းဝမ် : " မင်းနာမည်က ဟန်ဝမ်ကျားပဲ... မင်းကချမ်းသာဆုံးမိသားစုလို့ မားမားကမပြောဘူးလား"


 ဖန်းရှောင်၏ မျက်ခုံးတွေ မျက်လုံးတွေက ကွေးနေပြီဖြစ်ကာ  လက်ခုပ်တီးပြီး ပြုံးပြုံးလေးဆိုလိုက်၏။


 "ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့နာမည်လဲ"


 

ကောင်းလုက သူမ၏ပါးစပ်ကို နားရွက်ခြေထိတက်ချိတ်မတတ်မဲ့ရွဲ့လိုက်သည်။


နင်ဘာကို ဟန်ဆောင်နေတာလဲ...အခုလေးတင် တောက လူတွေက အရိုင်းအစိုင်းတွေ ၊အမှိုက်ပုံကြီးနဲ့တူတယ်၊စုတ်စုတ်ပဲ့ပဲ့တွေဝတ်ပြီး ချာတူး လန်နေတဲ့ နာမည် တွေ ရှိတယ်လို့ပြောခဲ့တာမဟုတ်ဘူးလား...


သူမကလည်း သူမကိုယ်သူမ  ညီအကိုတွေနှင့် မိတ်ဆက်လိုက်၏။ 


စန်းဝမ်နှင့်ရှောင်ဝမ်က   ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်ကြသည်။ကျောက်မင်ကျယ် မနေနိုင်တော့ဘဲ ပြေးလာပြီး ရယ်မောကာဆိုလိုက်၏။


 "ဝမ်ဝမ်ဝမ်"


ရှောင်ဝမ်: "ဟုတ်ပါတယ်...ဝမ်ဝမ်က ပိုက်ဆံတွေ အများကြီးရှိတယ်" 


သူဝမ်ဝမ်ဟု ပြောလိုက်သည်နှင့် ရှောင်ပိုင် နှင့် ဝမ်ဝမ်က ချက်ချင်း ပြေးလာပြီး နှစ်ကြိမ်ဟောင်သံပြု လိုက်ကြသည်။


 မိန်းကလေးများသည် ခွေးများကို မလွှဲမသွေ ကြောက်တတ်သောကြောင့် ဖန်းရှောင်က စန်းဝမ်၏နောက်တွင် ပုန်းနေ၏။


စန်းဝမ်: "ဝမ်ဝမ်နဲ့ရှောင်ပိုင်က မကိုက်ပါဘူး...ဝမ်ဝမ်က ရှောင်ပိုင်ရဲ့ အမေလေ "


 ပညာတတ်လူငယ် သုံးယောက်က စန်းဝမ်နှင့် ရှောင်ဝမ်တို့ဆီက  ဆွဲဆောင်ခံလိုက်ရပြီး ၎င်းတို့၏ ခွေးများ၊ ကြက်များ၊ ဘဲများအကြောင်း မိတ်ဆက်နေသည်ကို နားထောင်လိုက်ရသည်။


 မိုင်စွေ့နှင့်အားဝမ်တို့က  လင်းလန်ကို ကူညီ ချက်ပြုတ်ရန်နှင့် ဟောင်ဟုန်ကျန်းကို နှုတ်ဆက်ရန် အိမ်ထဲသို့ဝင်လာကြသည်။


 လင်းလန်က ပြုံးပြီးပြော၏။

 "မင်းတို့ညီအကိုမောင်နှမတွေ စကားပြောကြပါ... မားမား လုပ်နိုင်ပါတယ်"


တဝမ်က စန်းဝမ်နှင့်ရှောင်ဝမ်ကိုခေါ်လိုက်သည်။ "သွားသွား... မြက်ရိတ်ကြမယ်"


စန်းဝမ်က ကျောက်မင်ကျယ်နှင့် တခြားသူတွေကို ချက်ချင်းဖိတ်ခေါ်လိုက်၏။

"မြစ်ဆီကို သွားကြရအောင်...အရမ်း မိုက်တာနော် "


ရှောင်ဝမ်က ခေါင်းညိတ်လိုက်ပြီး သူ့ဘာဂျာကို ကျောပေါ်တင်လိုက်သည်။


သူတို့နှစ်ယောက်က လင်းလန်ကို အရင်နှုတ်ဆက်ပြီး ရှောင်ဝမ်က လင်းလန်ကို ပြေးလာ နမ်းလေ၏။


 "မားမား...တာ့တာ့ "


စန်းဝမ်က ဖန်းရှောင်နှင့်ကောင်းလုကို ကြည့်ပြီးအော်လိုက်သည်။


 "ရန်ဖြစ်ဖို့  ခွန်အားကို အသုံးချရမှာပေါ့"  

 ထို့နောက် ပြေးထွက်သွားသည်။


ကျောင်မင်ကျယ်က တဝမ်၏ ကျောပြင်ကို ကြည့်ကာ ပါးစပ်ကိုဖွင့်လိုက်၏။


 "သူက အရမ်းမိုက်တာပဲ" 


နည်းနည်းမှ ရှက်တတ်ပုံမရသော လယ်တောသားလေးတစ်ယောက်က  ၎င်းတို့ကို မြင်သောအခါ ခေါင်းညိတ်ပြကာ စကားများများမပြောပေ။ ယင်းက ရှိုးတိုးရှန့်တန့်ဖြစ်ခြင်း၊ ရှက်ရွံ့ခြင်းမျိုး မဟုတ်ဘဲ အေးအေးဆေးဆေးနေပြီး လူတွေကို သာမန်ကာလျှံကာ မပြောမှန်း ထင်ရှားလေသည်။


ကျောက်မင်ကျယ်၏ နှလုံးသား ပူလောင်လာရင်း  သူ့နောက်ကို လိုက်သွားခဲ့သည်။ ကောင်းလုက သူ့ကို ညစာစားရန် တပ်မဟာသို့ သွားခိုင်းသော်လည်း ပြန်လှည့်မကြည့်တော့ပေ။


စန်းဝမ်နှင့်ရှောင်ဝမ်တို့ဆီက နှောက်ယှက်ခံရပြီးနောက် ဖန်းရှောင်နှင့်ကောင်းလု စကားများခြင်း ရပ်တန့်သွားခဲ့သည်။ ဖန်းရှောင်က  ပစ္စည်းများကို ထုပ်ပိုးနေပြီး ကောင်းလုက  စာအုပ်စင်ပေါ်ရှိ စာအုပ်များကိုလှန်လှောကြည့်နေ၏။


Xxxxxxx

Part 586


ဖန်းရှောင်က  နေရာနှင့် ခွန်အားကို သက်သာစေရန်အတွက် သူမ၏ကိုယ်ပိုင်ခေါင်းအုံးအစကို ထုတ်လိုက်ပြီး အတွင်းဘက်ရှိ ပစ္စည်းများကို သွန်ပစ်လိုက်ရာ ယခုအခါ ခေါင်းအုံးအဖြစ်သုံး၍မရသေးသော အထည်နှစ်လွှာသာ ရှိတော့သည်။ သူမက ထွက်လာပြီး လင်းလန်ကိုပြော၏။


 "ကပ္ပတိန်လင်း...ကျွန်မခေါင်းအုံးမှာ အိတ်ကပ်တွေပဲ ရှိတယ်...ပန်းဂျုံခွံနဲ့ အလှဆင်ပေးပါလား"

(ပြောချင်တာက ခေါင်းအုံးကို မှို့မသွတ်ရသေးပဲ အပြင်က ပိတ်စတိုင်းပဲရှိသေးတယ် အခုသူက 

စပါးခွံထည့်ခိုင်းတာခေါင်းအုံးလုပ်လို့ရအောင် မှို့မရှိဘူးထင်တယ်)


ကောင်းလုက နှုတ်ခမ်းကို ရွဲ့ကာဆိုလေသည်။ "ပန်းဂျုံဟုတ်လား...နင် တတ်နိုင်ရင် အဲဒီထဲမှာ ဖုန်တွေထည့်လို့ရတယ်"


လင်းလန် ပြုံးပြီးပြော၏။

"ပညာတတ်လူငယ်ဖန်း... ငါတို့မှာ ပန်းဂျုံစပါးမပေါက်ဘူး...ပန်းဂျုံခွံမရှိဘူး"


ဖန်းရှောင်က  ချက်ချင်းဆိုသလို သူမစကားတွေကို ပြောင်းလိုက်သည်။


 "ခေါင်းအုံးတစ်လုံးအတွက် ဘာနဲ့အလှဆင်ဆင် ကိစ္စမရှိပါဘူး"


 မိုင်စွေ့:  "ညီမတို့အကုန်လုံးက ဂျုံခွံတွေကို နယ်ထားတဲ့ ဂျုံဖွဲနုနဲ့ လုပ်ထားကြတာ"


 ဖန်းရှောင် သူ့နှလုံးသားထဲမှာ အတော်လေး ငြင်းဆန်နေခဲ့ပေမဲ့ ပြုံးကာပြောလိုက်၏။

 "ဒါဆို ကျေးဇူးပြုပြီး မမကို ကူညီပါ ညီမလေးရယ်"


 လင်းလန်က မငိုမိအောင် တော်တော်လေး ထိန်းထားရဟန်ရှိသည့် သူမကို မြင်လိုက်ရသည်။ ဒါက လက်တွေ့ဘဝကို လက်ခံလိုက်တာများလား..


မိုင်စွေ့က  သူမကို ဂျုံခွံရှာရန်ခေါ်သွားပြီး သူမတွေ့သည့်အခါ ခေါင်းအုံးထဲမှာ ထည့်ထားလိုက်၏။


ဖန်းရှောင်က  အံ့အားသင့်စွာကြည့်ကာဆိုလေသည်။

 "ဒါ...ဒါက ခေါင်းအုံးဖြစ်နိုင်လို့လား" 

 နင် မလန့်ဘူးလား...


မိုင်စွေ့က  ပြုံးပြီးပြော၏။

 "ညီတို့အားလုံး ဒီပေါ်မှာ အိပ်ကြတာပဲ"


ဖန်းရှောင် ငိုမိတော့မည်။

 "ညီမလေး... နင့်မှာ...ပိုပျော့ပျောင်းတဲ့ဟာတွေ မရှိဘူးလား" 


မိုင်စွေ့က  ခဏလောက် စဉ်းစားပြီးဆိုလိုက်သည်။

 "ဒါဆို ဖွဲနုတွေ၊ချေထားတဲ့ နှံစားပြောင်း အခွံတွေရှိတယ်...မမ တပ်မဟာကို သွားပြီး မေးလို့ရမယ်... တိရိစ္ဆာန်တွေ အစာကျွေးနိုင်တဲ့ နေရာတွေမှာရှိကောင်းရှိနိုင်ပါတယ်”


ဖန်းရှောင်  ကျေးလက်ဒေသက ဆင်းရဲသည့်အခြေအနေတွေအတွက် ပြင်ဆင်ထားပေမဲ့ ဤသည်က ဆိုးရွားလွန်းလှသည်။


နောက်ဆုံးမှာ မိုင်စွေ့ကပြော၏။

"ဖွဲနုကို သုံးချင်လား... ဒါပေမဲ့ ဖွဲနုက အထူးသဖြင့် နွေရာသီမှာ အင်းဆက်တွေကို  ဆွဲဆောင်တယ်... ရက်ပိုင်းအတွင်း မမရဲ့အိတ်ကပ်ကို ကိုက်လိမ့်မယ်" 


ဖန်းရှောင်၏ မျက်နှာက ဖြူဖျော့သွားပြီး အမြန်ပြောလိုက်သည်။


 "ဒါဆို...ဒါဆို ဒီဂျုံခွံပဲထည့်ကြမယ်"


မိုင်စွေ့က ပြုံးပြီး သူမကို ထည့်ရန် အမူအရာပြလိုက်၏။ 


ဖန်းရှောင်လည်း မိုင်စွေ့ကို သူမအတွက် ​ဖြည့်ခိုင်းမည််အကြောင်းကို တွေးခဲ့သည်။ စဉ်းစားပြီးသောအခါ သူမက လက်လျော့ကာ ထိုင်ချပြီး ဂျုံခွံ လက်တစ်ဆုပ်စာ ကောက်ယူ၍ အဝတ်အိတ်ထဲသို့ ထည့်လိုက်သည်။ 


"ဂေါ်ဖီထုပ်ငယ်လေး....မြေကအဝါရောင်ဖြစ်နေတယ်..."


မိုင်စွေ့:  "မမ...မမအမေကိုလွမ်းလို့လား"


ဖန်းရှောင်က  ချက်ချင်းဆိုသလို လည်ချောင်းရှင်းလိုက်ပြီးဆို၏။


 "...ဟားဟားး...စာသား နည်းနည်းလေးပါ... အမေက ကောင်းကောင်းနေတော့... မမ ဦးလေးအကြောင်း သီချင်းဆိုမယ်... မမအဒေါ်က အမေလည်း ဟုတ်တာပေါ့” 


 သူမက သူမကိုယ်သူမ အကြောင်းပြချက်ရှာပြီး ခံစားချက်အပြည့်နှင့်သီချင်းဆိုပါတော့သည်။


 “ဂေါ်ဖီထုပ်ငယ်လေး... ထမင်းအဝါ...အဒေါ်...အဒေါ် ..." (နားမလည်ပါဘူး 😢)

 

မိုင်စွေ့ : "……"


ခေါင်းအုံးထည့်ပြီးသည်နှင့် ဖန်းရှောင်က မိုင်စွေ့  ကို ကျေးဇူးတင်စကားဆိုပြီး အိမ်ပြန်ခဲကြ၏။ 


"မောင်လေး... မင်းက အံ့သြစရာပဲ" 


အားဝမ်က   ချက်ပြုတ်တတ်သဖြင့် ဖန်းရှောင်   အံ့သြသွားသည်။


အားဝမ်က သူမကို လှမ်းကြည့်ပြီးဆို၏။ "ဆင်းရဲသားကလေးတွေက သူတို့မိသားစုကို အုပ်ထိန်းနေကြပြီ"


 ဖန်းရှောင်က  ခေါင်းညိတ်ပြီး လေးလေးနက်နက် ကိုယ်ချင်းစာသွားသည်။


 "ငါလည်း ထင်ပါတယ်... ငါ့လိုပေါ့ ...နှစ်နှစ် သုံးအရွယ်မှာ... သွားပြီ..."


အားဝမ်က  သူမအမေကို ဆုံးရှုံးသွားသည်ဟု ထင်ပြီး ကိုယ်ချင်းစာချင်သည့်အချိန်မှာ ဖန်းရှောင်က  သီချင်းထဆို၏။


"ရှုရှု ဟေးးး..."


အားဝမ်: "..."


လင်းလန် အချိန်ကို စစ်ဆေးကြည့်ပြီး မိုင်စွေ့နှင့်အားဝမ်တို့ကို ချက်ပြုတ်ခိုင်းပြီး ပညာတတ်လူငယ်တွေကို တပ်မဟာဆီ ခေါ်သွားလိုက်သည်။


ရလဒ်အနေ တပ်မဟာမှာလည်း အရေးပေါ်ဖြစ်သွားခဲ့သည် ပညာတတ်လူငယ်အများအပြား တပြိုင်တည်း ရောက်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။ မူလက သုံးယောက်ရှိပေမဲ့ ရုတ်တရက် ကိုးယောက်ဖြစ်သွားသဖြင့် ဟန်ရုံဖန်  စိတ်တိုလွန်း၍  အမေတပ်ပြီး ဆဲဆိုကြိမ်းမောင်းခဲ့၏။ .


အုပ်ချုပ်ရေးမှူးက လင်းလန်နှင့် ဆွေးနွေးလိုက်သည်။


 "မင်းတို့အိမ်မှာပဲ နှစ်ရက်လောက် အရင်စားခိုင်းရင်ရော... အစားအသောက်လက်မှတ်တွေ ပေးမယ်.... အစားအသောက် ဒါမှမဟုတ် တခြားပစ္စည်းတွေကို ပိုက်ဆံနဲ့ ထပ်ဖြည့်နိုင်တယ်... တစ်ယောက်ချင်းစီကို တစ်နေ့ 12ဆင့်နဲ့ ထောက်ပံ့မယ်" 

 

သာမာန် ဟင်းပွဲဆိုလျင် သုံးဆင့်ကုန်ကျခံနေသမျှ တစ်နပ်စာ စားနိုင်၏။ တစ်နေ့ 12 ဆင့် ထောက်ပံ့မှုသည် အုပ်ချုပ်ရေးမှူး၏ အရှက်ကွဲမှုကြောင့် လင်းလန်ကို ပိုပေးရခြင်းပင်။   သို့သော် လင်းလန်က ပိုက်ဆံအနည်းငယ်ကို ဂရုမစိုက်ဘဲ နေစရာနေရာမရှိသဖြင့် လက်ခံရ​ခြင်းဖြစ်သောကြောင့်ပြော တော့သည်။


"အုပ်ချုပ်ရေးမှူး  ရှင်က  ကျွန်မအတွက် ခက်ခဲအောင် လုပ်နေတာပဲ... ညစာအတွက် မိသားစု ခုနစ်ယောက် အိုးတစ်လုံးလောက် ချက်ပြုတ်ရတယ်...  လူငယ်ငါးယောက်နဲ့ဆို အိုးနှစ်အိုး ချက်ပြုတ်ရမှာ "     

 

သူမက တခြား ဘာမှ မလုပ်ချင်ဘူးလား ...


အုပ်ချုပ်ရေးမှူးလည်း အကျပ်ရိုက်နေ၏။  "အခြားပညာတတ်လူငယ်တွေက အိမ်အမျိုးမျိုးမှာ စားဖို့ တန်းစီနေကြတယ်..."


 "အုပ်ချုပ်ရေးမှူး...ကွန်မြူနတီမှာလည်း မီးဖိုရှိပြီး သူတို့အတွက် ချက်ပြုတ်ဖို့ အိုးတစ်လုံးရနိုင်တယ်... အဖွဲ့ဝင်တွေကို အကူအညီတောင်းဖို့ သူတို့ကိုယ်တိုင် လုပ်နိုင်တယ် ဒါမှမဟုတ် အလုပ်မှတ်တွေကို ပေးဆောင်လို့ရတယ်” 


 လင်းလန်က အကြံပြုလိုက်သည်။     

 

အုပ်ချုပ်​​​ရေးမှူး: "အလုပ်မှတ်တွေကို သုံးတာက ပိုများတယ်... မဖြစ်နိုင်ရင် ကေဒါတွေရဲ့ မိသားစုဝင်တွေက သူတို့အတွက် အလှည့်ကျ ထမင်းချက်ပေးလိမ့်မယ်"  


လင်းလန်: "အလုပ်မှတ်တချို့ပေးပြီး တခြားသူတွေကို လုပ်ခိုင်းရင် ပိုကောင်းမယ်...

တစ်ယောက်ယောက်ကို ကိုယ့်အအတွက် အလကား ချက်ပြုတ်ခိုင်းရင် ထမင်းနှစ်နပ်လောက်မှာ လက်လျော့ရလိမ့်မယ်... ကိုယ့်ဘာသာကိုယ် ဘယ်လိုချက်ရမှန်းသိရင်တော့ အကောင်းဆုံးပဲပေါ့"


အနှီပညာတတ်လူငယ်တွေက နုနယ်ပြီး လူသစ်ကလေးတွေချည်းဖြစ်၏။တောက ထမင်းဟင်းကို စားနိုင်မှာမဟုတ်ပေ။ အိုးသန့်ရှင်းသည်ဖြစ်စေ မသန့်ရှင်းသည်ဖြစ်စေ အရသာရှိရှိမရှိရှိ ဂျေးများနေကြမှာဖြစ်ပြီး အပြစ်အမျိုးမျိုးကို ကြံဖန်ပြောပေလိမ့်မည်။   


လင်းလန် လက်ခံလိမ့်မည်မဟုတ်ပေ။


အုပ်ချုပ်ရေးမှူးလည်း အနည်းငယ်အခက်တွေ့ သော်လည်း ဟန်ရုံဖန်က ၎င်းကို ဂရုစိုက်ရန် အလွန်ပျင်းသောကြောင့် သူ့ကို လုပ်ခိုင်းလိုက်သည်။


သူစကားပြောနေစဉ်မှာပဲ ရှန်ယွီရောက်လာပြီး လင်းလန်ကိုတွေ့သောအခါ သူမနှင့်အုပ်ချုပ်ရေးမှူးကို  လာနှုတ်ဆက်လေ၏။


လင်းလန်က သူ့ကို သူမအိမ်မှာ မနေစေချင်သလို သူမသမီးနှင့် ဘာမှမပတ်သတ်စေချင်ပေမဲ့လည်း သူနှင့်ဘာပြဿနာမှ မရှိထားသဖြင့် သူ့ကို ပြုံးပြလိုက်သည်။


ရှန်ယွီသည်  သူမ(လင်းလန်)ကသူ့အပေါ် မကျေနပ်ချက် တွေရှိနေသလိုဖြစ်နေသော်လည်း အခုကျတော့  ပုံမှန်ပါပဲဟုရေရွတ်လိုက်မိ၏။


 "အုပ်ချုပ်ရေးမူး ကပ္ပတိန်လင်း... ထမင်းဟင်းချက်ဖို့အကြောင်း ပြောနေတာလား... ကျွန်တော် တို့ ပညာတတ်လူငယ်တွေက ကိုယ့်အဖွဲ့နဲ့ကိုယ့် စတင်နိုင်ပါတယ်...အဖွဲ့ဝင်တွေကို အမြဲတမ်း ဒုက္ခပေးလို့မရဘူးလေ"


လင်းလန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ဤနေရာမှာ ကိုယ့်အားကိုယ်ကိုးတတ်သည့် လူတစ်ယောက်ရှိနေသေးသည်။ သူမ ပြုံးပြီးပြောလိုက်၏။


 "ပညာတတ်လူငယ်ရှန်က ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ကိုယ်ကိုယ်အားကိုပြီး နေနိုင်နေပြီ... အရမ်းကောင်းတယ်...အုပ်ချုပ်ရေးမှူးက သူတို့အတွက် အဖွဲ့ခေါင်းဆောင် စီစဉ်ပေးမှာလား...ဒါမှ သူတို့ စီစဥ်လုပ်ကိုင်နိုင်မှာလေ  ဟုတ်တယ်ဟုတ်”


Xxxxxxx