အပိုင်း ၅၈၇-၅၈၈
Viewers 37k

Part 587


သူမ  ဝရုန်းသုန်းကား ဖြစ်နေပုံရသည့်သူများကိုကြည့်လိုက်သည်။ မည်သူကမျှ တာဝန်မယူပါက မည်သို့ဖြစ်လာလိမ့်မည်နည်း။


အုပ်ချုပ်ရေးမှူးက ရှန်ယွီကိုကြည့်ပြီးဆို၏။

 "မင်းဘာလို့မလုပ်တာလဲ..."


ရှန်ယွီ က ပြုံးပြီးပြောသည်။

 "အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ အရင်ဆုံးရောက်လာတဲ့ စီနီယာတွေကို ဖိတ်လိုက်တာ ပိုကောင်းပါတယ်" 


ရွာမှာ ပညာတတ်လူငယ် အများအပြား ရှိနေပါသေးသည်။ .


အရင်ရောက်သည့် ပညာတတ်လူငယ်တွေက ကောင်းကောင်း ပညာပေးခံရပြီးပြီဖြစ်၏။ အုပ်ချုပ်ရေးမှူးကပြောလိုက်သည်။


 “ဒါဆို မင်း ခေါင်းဆောင် အသစ်ဖြစ်လာလိမ့်မယ်...သူတို့ကို အလုပ်လုပ်ဖို့စားသောက်ဖို့ ဦးဆောင်လိုက်” 

 

အုပ်ချုပ်ရေးမှူးက သူတို့ကိုယ်တိုင် ဝင်စွက်ဖက်ရန် စိတ်မ၀င်စားပါချေ။ သူတို့ကို ကိုယ်ဘာကိုယ် အလုပ်သွားပြီး ချက်ပြုတ်စားသောက်စေချင်၏။


ထိုအချိန်တွင် ပညာတတ်လူငယ်များ အများအပြား အတူတူရောက်လာကြသည်။ သူတို့ထဲတွင် တစ်ယောက်က အရပ်ရှည်ပြီး ပိန်လှီကာ ဆံပင်ကိုပဲ ဆက်တိုက်ဆွဲနေပြီး တစ်ခြားတစ်ယောက်က  တိုက်ကြက်ဖတစ်ကောင်ကဲ့သို့ ဒေါသထွက်နေလျက် ဟိုဟာက မှားသည်၊သည်ဟာက မှားသည်ဟု ဆက်တိုက်ပြောနေသည်။


ချီမင် ဟုခေါ်သော လှပသော ပညာတတ်အမျိုးသမီးငယ်တစ်ဦးလည်း ရှိသည်။သူမနှင့် ဖန်းရှောင်က တစ်ယောက်နှင့်တစ်ယောက် မတည့်ကြဘဲ တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုကြသည်။


ဒီနေ့ လုပ်ငန်းစဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ဟန်ရုံဖန်က ကလေးတွေကို ယနေ့ သူတို့ ချက်ပြီးသွားပြီဖြစ်သဖြင့် ပညာတတ်လူငယ်တွေကို နောက်မှ ကိုယ့်ဘာကိုယ်ချက်ရန်ဟုပြောခိုင်းလိုက်၏။


အုပ်ချုပ်ရေးမှူးက အိုးများနှင့် မီးဖိုများကို သန့်ရှင်းရေးလုပ်ရန် တစ်စုံတစ်ဦးကို မြန်မြန်ဆန်ဆန်  တွေ့ရှိခဲ့ပြီး နံနက်ပိုင်းတွင် ဌာနချုပ်၌ ချက်ပြုတ်ရန် ၎င်းတို့အတွက် ပိုမိုကောင်းမွန်သော အစားအသောက် ကတ်တီ ဆယ်ဂဏန်းကျော်ကို ပထမဆုံး ပေးချေခဲ့သည်။


လင်းလန်က စီစဉ်ပြီး ထွက်သွားပေမဲ့ ဖန်းရှောင်က နောက်ကလိုက်လာ၏။

"ကပ္ပတိန်လင်း"


လင်လန်က သူမကို လှည့်ကြည့်ပြီးဆိုသည

"ဘာကိစ္စရှိလို့လဲ"


 "ကပ္ပတိန်လင်း...နောက်ကျရင်  ရှင့်အိမ်မှာ ထမင်းစားလို့ရမလား"


ဖန်းရှောင် ရွာထဲကို စဝင်တုန်းက မငိုဘဲမနေနိုင်ခဲ့ပေ။ အခု သူမ မငိုတော့ဘဲ ခဏလောက် လှည့်ပတ်ကြည့်နိုင်နေပြီဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် လင်းလန်တို့မိသားစုမှာ အကောင်းဆုံး အခြေအနေတွေ ရှိနေမှန်း သူမသိလိုက်၏။ အခြားအိမ်များက ရွှံ့အိမ်များဖြစ်သော်လည်း လင်းလန်၏အိမ်သည် အုတ်ကြွပ်ပြားအိမ်ဖြစ်သည်။ အခြားအိမ်များမှာ ညစ်ပတ်ပြီး ရှုပ်ထွေးနေသော်လည်း လင်းလန်အိမ်သည် ရေချိုးခန်းပါဝင်ပြီး သန့်ရှင်းသပ်ရပ်နေသည်။


ထိုသို့ဖြစ်ရာ  လင်းလန်၏ချက်ပြုတ်မှုသည် အသန့်ရှင်းဆုံးနှင့် အရသာအရှိဆုံးဖြစ်ရမည်၊ အခြားသူများ၏ ချက်ပြုတ်ခြင်းသည် မသတီစရာဟု နိဂုံးချုပ်လာခဲ့သည်။


လင်းလန်က ခေါင်းခါလိုက်ပြီးဆို၏။

"ပညာတ်လူငယ်ဖန်း စိတ်မကောင်းပါဘူး...  မင်းတို့ပညာတတ်လူငယ်တွေမှာ စည်းကမ်းတွေ ရှိတယ်...မင်းက ကွက်ပြီး ထူးခြားလို့မရဘူး"


 "ကျွန်မအစားအသောက် လက်မှတ်နဲ့ ပိုက်ဆံတွေ ပိုပေးနိုင်တယ်" 

 


ဖန်းရှောင်က  လင်းလန်ကို စိတ်ရင်းဖြင့်  စိုက်ကြည့်နေသည်။လှတပတ ကောင်မလေးတစ်ယောက်၏ လေးနက်နေသောပုံစံမှာ အမြဲတမ်း ရင်ထဲထိဖွယ်ဖြစ်၏။


သူမ၏ ဇီဇာကျယ်မှုနှင့် ဂျေးများမှုသည် သူမ၏ မိသားစု နောက်ခံနှင့် ပတ်သက်မှု ရှိနိုင်သည်ဟု လင်းလန်က တွေးထားသောကြောင့် သူမအပေါ် မလိုမုန်းထားမှု မရှိခဲ့ပေ။


 သို့ရာတွင် စည်းကမ်းက စည်းကမ်းဖြစ်သဖြင့် သူမ မတုန်မလှုပ်ပေ။


 “မင်းဘာမင်းသွားချက်ချေ"


 ဖန်းရှောင် လင်းလန်က  လုံးဝ လိုက်လျောညီထွေ မရှိသည်ကို မြင်လိုက်ရသောအခါ  အနည်းငယ် မကျေနပ်သလို ခံစားလိုက်ရသည်။ သူမ ကျေးလက်သို့သွားသောအခါ လူတွေပြောကြသည်က တောကလူတွေက ရိုးရှင်းပြီး စိတ်အားထက်သန်မှုရှိကာ တတ်နိုင်သမျှ ကူညီပေးပါလိမ့်မည်ဟုပင်။သို့ရာတွင် အမှန်မှာ သူတို့က သိပ်ပြီးမဖော်ရွေကြကြောင်း သူမတွေ့လိုက်ရသည်။


 သူမ မတတ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ လင်းလန်က သူမဆီကနေ ပိုက်ဆံမရှာချင်လေရာ သူမနေဖြင့် လင်းလန်ကိုလည်း အတင်း ငွေရှာခိုင်း၍မရပါချေ။


လင်းလန်နောက်ပြန်ဆုတ်သွားသည်ကို သူမ တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။


ချီမင်က မလှမ်းမကမ်းတွင် လက်ပိုက်ကာ မတ်တပ်ရပ်နေပြီး ထေ့ငေါ့ပြောလေ၏။

 "ကမ္ဘာပေါ်ရှိလူတိုင်းက နင့်ပိုက်ဆံကို ကြိုက်တယ်ထင်နေတာလား " 


 ဖန်းရှောင်က မျက်ဆံလှန်လိုက်ပြီး

 "စိတ်မကောင်းပါဘူး... နင့်ထက်တော့ သာတယ်လေ"


 "အဲ့တော့ ဘာဖြစ်လဲ... ကျေးလက်ကို အတူတူ လာကြတာပဲမဟုတ်ဘူးလား... နင့်မှာ ပိုက်ဆံရှိရင် နင့်ကို ကူညီဖို့ တစ်ယောက်ယောက်ကို ငှားလိုက်"


 

ဖန်းရှောင်က မတုံးပေ။ အကယ်၍  တစ်စုံတစ်ယောက်ကို ငှားယမ်းလျှင် မြေရှင် ဓနရှင်လူတန်းစားဟု တံဆိပ်ကပ်ခံရလိမ့်မည်။ထိုသို့ဖြစ်လျှင် ရှင်သန်ရန်နည်းလမ်းတစ်ခုရှိပါဦးမလား။


 "နင်လိုလူမျိူး ငါမတွေ့ဖူးဘူး...နင့်ကို ကြောက်နေတယ်များထင်လား"


"နင်လိုကောင်မကို ဘယ်သူကြောက်မလဲ... အဆိုးဆုံးမှ တခြားလူကို ဖမ်းဆွဲလိုက်ရုံပဲ"


 " ဝမ်လျန်နဲ့ ငါနဲ့ကဘာမှမဆိုင်ဘူးလို့ ငါပြောပြီးသား... သူက နင့်ကို မကြိုက်တာက နင့်ပြဿနာလေ...နင် ဆက်ပြီး တဲ့ အဓိပ္ပါယ်မရှိတာတွေ ပြောနေရင် ငါ နင်နဲ့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး"


ထိုအချိန်မှာ ချီဖုန်းရှို့ ထွက်လာပြီး သူတို့ကို ပြန်သွားရန် ဖြောင်းဖြ၏။


 သူမနောက်မှာ မိန်းကလေးနှစ်ယောက် စကားများ ရန်ဖြစ်နေသံကိုကြားသော်လည လင်းလန် ဂရုမစိုက်ပေ။ သူတို့မှာ ဘာမကျေမနပ်ချက်တွေပဲရှိရှိ သူတို့ကိစ္စဖြစ်ပေသည်။ သူတို့အိမ်ပြန်ရောက်သောအခါ ဟန်ချင်စုန့်က ပြန်ရောက်နေပြီဖြစ်ရာ သူ့မျက်နှာကို မျက်နှာသုတ်ပဝါနှင့် သုတ်နေ၏။ လင်းလန်က သူ့ကို ဆွဲခေါ်သွားပြီး ပညာတတ်လူငယ်တွေ၏ အိမ်ငှားမှုအကြောင်း ပြောပြလိုက်သည်။


ဟန်ချင်စုန့်က သူမကို လှည့်ကြည့်လိုက်ပြီးဆို၏။ "အုပ်ချုပ်ရေးမှူးက ကိုယ်တို့အိမ်မှာ နေခိုင်းတာလား"


လင်းလန်က သူ့ကို ကလူမြုဆွယ်ဟန်လေး ပြုံးပြလိုက်ပြီးပြောသည်။


 "ဟုတ်တယ်... သူတို့ တကယ်မစီစဉ်နိုင်ဘူး ..အဲ့ဒါကြောင့် ကျွန်မတို့ကို  ကူညီခိုင်းတာ...နှစ်ဝက်လောက်တော့ ကြာမယ်တဲ့... နောက်နှစ်မှာ ပညာတတ်လူငယ်စခန်းဖွင့်မှာ"


ဟန်ချင်စုန့် အစပိုင်းမှာ သိပ်ဂရုမစိုက်ပေမဲ့ သူမ၏ချစ်စရာကောင်းသည့် အပြုံးကိုတွေ့ရသည်က စိတ်ဝင်စားစရာကောင်း၏။

 “အများဆုံး နှစ်ဝက်လောက်လား...အခုတောင် အိမ်မဆောက်ရသေးဘူး...အစောဆုံးနေမှ  မေလ ဂျုံမရိတ်ခင် တစ်နှစ်နီးပါးလောက်ကြာမယ်"

 

စန်းကော ဒီလောက်ကြီး အလေးအနက်မထားပါနဲ့...


လင်းလန်သည် သူ့လက်ကို ချက်ချင်းပွေ့ဖက်ကာ ကလေးလို ချွဲလိုက်သည်။သူမ ကလေးတွေ ရယ်မည်ကို ကြောက်သောကြောင့် ဟန်ချင်စုန့်ကို အနောက်ထောင့်သို့ ခေါ်သွားခဲ့သည်။


ဟန်ချင်စုန့်က ရိုးရိုးရှင်းရှင်းပင် သူမကို ရေချိုးခန်းထဲသို့ ဆွဲထည့်လိုက်ပြီး တံခါးကိုပိတ်ကာ တံခါးရွက်နှင့် ဖိကပ်လိုက်သည်။


လင်းလန် : "...ဘာလို့ တံခါးပိတ်တာလဲ"


သူက ခေါင်းငုံ့ကာဆို၏။


 "... သူတို့ ဒီမှာ နေဖို့ မသင့်တော်ဘူးလို့ ရုတ်တရက် ခံစားရတယ်"


သူက သူ့နှုတ်ခမ်းကိုဖွင့်ကာ သူမနားရွက်ကို ညင်သာစွာ ကိုက်လိုက်ရာ လင်းလန် တုန်ယင်သွားပြီး သူမလက်ကို သူ့ရင်ဘတ်ဆီသို့ မြှောက်လိုက်သည်။


 သူက သူမ၏ ပူလောင်နေသော နားသီးလေးများကို စုပ်ပြီး နားအောက်ခြေရှိ ထိလွယ်ရှလွယ်သည့်  အရေပြားကိုပါ တွဲ၍ ပွတ်သပ်ပေးခြင်းဖြင့် သူမအား အားနည်းကာ မတ်တပ်မရပ်နိုင်လုနီးပါးဖြစ်စေခဲ့သည်။


"...မင်းဘယ်လိုထင်လဲ"


လင်းလန်က ပြောစရာစကားမဲ့နေ၏။

 "...စန်း...စန်းကော နေ့ခင်းကြောင်တောင်ကြီး..."


Xxxxxxxx

Part 588


လင်းလန်က ပြောစရာစကားမဲ့နေ၏။

 "...စန်း...စန်းကော နေ့ခင်းကြောင်တောင်ကြီး..."


သူမကို လွှတ်လိုက်မည့်အစား သူက သူမကို ပြင်းပြင်းထန်ထန် ဖိကပ်လိုက်ပြီး သူမကို အနမ်းကြောင့် မူးဝေကာ ပျော့ခွေနေသလို ခံစားသွားရစေသည်။ သူမကို ကြမ်းပေါ် လဲတော့မလို ခံစားရသည့်အခါ သူက သူမကို မလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ ချိတ်တွယ်ထားစေလျက် ငုံ့ကာ နမ်းလိုက်၏။


လင်းလန်က သူ့လည်ပင်းကို သိုင်းဖက်ထားရင်း စိတ်ရောကိုယ်ပါ ပြန်ကောင်းလာရန် အပြင်းအထန်ကြိုးစားနေရသည်။


 "....ဒါဆို...ခေါင်းဆောင်တုန်ကို  ကူညီခိုင်းလိုက်မယ်....."


ဟန်ချင်စုန့်က သူတပါးကိုကူညီရန်မဟုတ်ဘဲ မိမိအဆင်ပြေစေရန်အတွက် အိပ်ခန်းနှစ်ခန်းကို ဆောက်လုပ်ထားကြောင်း သူမသိသော်လည်း တစ်ခါတစ်ရံတွင် ငြင်းရန်မလွယ်ကူပေ။ အချို့ကိစ္စများကို သူမက  သဘာဝအတိုင်း လျစ်လျူရှုထားသည်ဟု ဆိုသော်လည်း အုပ်ချုပ်ရေးမှူး  နှင့် တုန်ဟွိုင်ဟွ... 


သူတို့က ဟန်ရုံဖန်၏အမိန့်ကို ကိုယ်စားပြုသောကြောင့် သူမ ကူညီချင်ခဲ့သည်။


ထို့အပြင်သူမက ကေဒါတစ်ဦးဖြစ်ပြီး တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည်။


ဟန်ချင်စုန့်  မူလက သူမကို ကျီစယ်ရန်အခွင့်အရေးယူခဲ့ရုံဖြစ်သော်လည်း သူပို၍ကျီစားလေလေ စွဲလမ်းလာလေဖြစ်သည်ကို သူ မသိခဲ့ပေ။သူလည်း သွေးသားတက်ကြွသည့်အရွယ်ဖြစ်သော ယောက်ျားလေးအနည်းငယ်နှင့် မိန်းမပျိုလေးများအတွက်  ဤနေရာတွင်နေထိုင်ရန်  မသင့်တော်ဟုခံစားလာရသည်။ 


 သူက ဖြေးဖြေးချင်းပြောလိုက်၏။

 "ကိုယ်မနက်ဖြန်အလုပ်မသွားရင်....."


လင်းလန် နှလုံးခုန်သံများညံလာသည်။

 "...စန်းကော ..."


အိမ်မှာ အပြင်လူ တွေရှိနေသဖြင့် သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားရမည်။ တစ်ခါတစ်ရံ သူက အကြာကြီး ကြမ်းကြမ်းတမ်းတမ်း လုပ်တတ်၏။  ညနက်နက်မှာ လူတွေကြားသွားရင်... သူတို့မကြားနိုင်ရင်တောင် အပြင်လူတွေရှိနေတော့ သူမ ခွင့်မပြုရဲဘူး... 


ထိုသို့တွေးပြီး သူမ အတော်လေး  ရှက်သလိုခံစားရပြီး သူမခန္ဓာကိုယ်က အလိုအလျောက် ကွေးညွတ်သွားသည်။လုံးဝပဲ... 


 သူမ၏ ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများကို ခံစားလိုက်ရသဖြင့် ဟန်ချင်စုန့် သူမကို အောက်ချကာ နှုတ်ခမ်းကို နမ်းလိုက်ရင်း ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။


 "ကိုယ့်တာဝန်ထား"


 လင်းလန် သက်ပြင်းချလိုက်သည်။ ဟန်ချင်စုန့် က ဆန္ဒရှိလျှင် အကောင်းဆုံးဖြစ်သည်။ 


“အဖွဲ့က တကယ်မတတ်နိုင်ဘူး...ဒီအတိုင်းဆို ရှင် ငြင်းဖို့ ကတိပေးထားပြီးသားဆိုရင် ရှင့်အပေါ်  သက်ရောက်မှုရှိမှာလား…” 


 သူမက ဂရုမစိုက်ပေမဲ့ သူက ကေဒါတစ်ယောက်ဖြစ်ပြီး သူ့အသိစိတ်က  နှိမ့်ကျ၍မရပေ။


သူ့မိသားစုက သဘောတူရင် ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူးဟု  ဟန်ချင်စုန့်က တွေးနေခဲ့သည်။ 


သူက လင်းလန်၏ အဝတ်အစားများကို သပ်ရပ်အောင် ကူညီပေးပြီး သူမနားရွက်ကို သူ့နှုတ်ခမ်းများဖြင့်ဖိကပ်ကာဆိုလိုက်၏။


 "ကိုယ်ရက်နည်းနည်းလေးတောင် မနေနိုင်ဘူး မင်းသိလား"


လင်းလန်၏ ပါးပြင်များ ပူလာသည်။ သူက သူမရာသီလာနေချိန်၌သာလျှင်  ထိန်းထားရန်ဆန္ဒရှိခဲ့သည်။ အေးသည့်ရက်များဆိုလျှင် သူက  ချွေးထွက်အောင်လုပ်ပြီး သူမ၏ဖျားနာမှုကို ကုသရန်ဆိုသည့် အကြောင်းပြချက်ကို သုံးခဲ့၏။


“ဒါဆို ရှင်အုပ်ချုပ်ရေးမှူးကို ပြောလိုက်”  


တခြားသူတွေက သူမတို့ ငြင်းဆိုရသည့် အကြောင်းရင်းကို  ဘယ်လို ခန့်မှန်းကြမလဲ ၊ခန့်မှန်းနိုင်လိမ့်မလားဆိုသည်ကို သူမ မတွေးဝံ့သလောက်ပါပင်။


...ယင်းကရှက်စရာကောင်းလွန်းသည်။


သို့ရာတွင် ဟန်ချင်စုန့်က သူမအား ကျီစားရသည်ကို စွဲလန်းနေပြီး စိုစွတ်နေသော နားရွက်ကို ကိုက်ကာ


 “ဒါမှမဟုတ်... မင်းအသံကို ထိန်းထားမလား” 

 ဟုပင် စနောက်လိုက်၏။ 


ဘန်းခနဲအသံနှင့်အတူ လင်းလန် သူမ မီးထတောက်မှာပင် ကြောက်လာသည်။


ချုပ်တည်းထားရသည့်ဂိမ်းပြီးကတည်းက သူကပိုပိုဆိုးလာသည်ကို သူမ တွေ့လိုက်ရ၏။သို့ပေမဲ့ သူ့ပုံစံက အလုပ်မှလွဲ၍ တပ်မက်ခြင်းလုံးဝမရှိ သကဲ့သို့ ဥပုဒ်စောင့်ထားသောပုံစံဖြင့်   တည်ကြည်လေးနက်အေးစက်နေဆဲဖြစ်သည်။


ကွယ်ရာတွင်မူ သူမအပေါ်မှာ ပိုပို၍ ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး အရှက်မဲ့သထက် အရှက်မဲ့လာခဲ့၏။သူက အရင်က ယခုထက် ပို၍ချုပ်တည်း အောင့်ထားတတ်သူဖြစ်ပြီး လူးလိမ့်နေရင်း စကားမပြောတတ်ပေ။နောက်ပိုင်း သူက လုပ်နေရင်း စကားပြောလာပါတော့သည်။သူက သူမကို စနောက်နေရသရွေ့ ဘယ်တော့မှ ငြီးငွေ့မှာ မဟုတ်ချေ။သူမ သည်းမခံနိုင်သည်အထိ စနောက်လေ့ရှိသည်။


သူက  သူမနားရွက်ကို သူ့လျှာဖျားနှင့် တမင်တကာ အသာအယာ ပွတ်သီလိုက်ပြီး အသက်ရှုသံပြင်းပြင်း မှုတ်ထုတ်လိုက်လေရာ သူမကိုယ်တစ်ပိုင်းလုံး ထုံကျင်သွားကာ ညည်းမိပါတော့သည်။


လင်းလန် အတော်လေး လန့်သွားပြီး ပါးစပ်ကို အမြန်အုပ်လိုက်၏။ ကြောက်စရာကောင်းလွန်းတယ်...


 "စန်းကော...အုပ်ချုပ်ရေးမှူးဆီသွားပြီး ရှင်းပေးပါဦး"


ညွှန်မှူးဟန်ကို စော်ကားမိသည့်ဒဏ်ကို သူမ မခံနိုင်ဟု ခံစားရသည်။ပိတ်ရက်တွေမှာ ကလေးတွေ အိမ်မှာ မရှိသည့်အခါ သူက နမ်းခြင်း ပွေ့ဖက်ခြင်းမျိုးပြုလေ့ရှိပြီး ညဘက်မှာ ဆွေးနွေးရသည်ကလည်း လွယ်ကူ၏။အပြင်လူတွေရှိပါက ဤအကျိုးကျေးဇူးတွေ ဆုံးရှုံးသွားမှာ သေချာပေသည်။ ယခုလိုသာဆိုလျှင် သူက ညဘက်မှာ သူမကို ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်လိမ့်မည် ဖြစ်ပြီး သူမ တကယ်ကို အနည်းငယ် ကြောက်ရွံ့နေခဲ့၏။


ဟန်ချင်စုန့်က သူမ၏အဝတ်အစားများကို သပ်ရပ်အောင် ကူညီပေးခဲ့သည်။သူက ပုံမှန်အမူအရာသို့ ပြန်လည်ရောက်ရှိလာကာ သူမခါးကို ပုတ်လျက်ဆို၏။


 “ကိုယ့်လုပ်လိုက်မယ်”


လင်းလန် တံခါးဖွင့်ကာ ထွက်လာခဲ့သည်။


စန်းဝမ်နှင့်ရှောင်ဝမ်က သူမကိုလိုက်ရှာနေကြစဉ် သူမနှင့်သူတို့၏ဖခင် ရေချိုးခန်းထဲကထွက်လာသည်ကိုမြင်သောအခါ ရှောင်ဝမ်က  ဝမ်းသာအားရနှင့်ဆို၏။ 


"အိုး...မားမား... မားမားအိမ်မှာရှိတာပဲ...သားကအပြင်ထွက်သွားတယ်ထင်နေတာ..."


စန်းဝမ်က ယခု ကြီးလာပြီဖြစ်၍ သူ့မားမား၏ပါးစပ်က နီရဲနေသည်ကိုမြင်သော်ငြား သူမအရသာရှိသည့်ဟာတစ်ခုခုခိုးစားခဲ့သည်ဟု မထင်တော့ပေ။


သူက ရယ်ပြီးပြောလိုက်သည်။


 “အဖေ...ရွာမှာ ပညာတတ်လူငယ်တွေ အများကြီးပဲ...ဘာလို့ သူတို့ကို  မနက်ခင်း လေ့ကျင့်ခန်း မပေးတာလဲ” 


 ပညာတတ်လူငယ်တွေ အားလုံးက သူ့အစ်ကိုကြီးထက် နှစ်နှစ်လောက် အသက်ပိုကြီးသည်ကို သူ့ တွေ့သဖြင့် လေ့ကျင့်ရသည်က ပျော်စရာကောင်းပေလိမ့်မည်။


ဟန်ချင်စုန့်: "သူတို့က  တပ်မဟာရဲ့ ထိန်းချုပ်မှုအောက်က...ငါ့လက်အောက်ကမဟုတ်ဘူး"


စန်းဝမ် အနည်းငယ် စိတ်ပျက်သွား၏။သူက ရေကူးပြိုင်ပွဲနှင့် နပန်းပြိုင်ပွဲအတွက် ရံဖန်ရံခါ အဖွဲ့တစ်ဖွဲ့ကို ဆွဲထုတ်ချင်ခဲ့သည်။ မိန်းကလေးတွေ၏ ရန်ပွဲတွေက အံ့သြစရာကောင်း၏၊ သူတို့က ဘယ်လိုထိုးရကန်ရမှန်းမသိဘဲ ဆံပင်တွေကို ဆွဲကြသည်။


အရမ်းရယ်စရာကောင်းတယ်...


ထမင်းစားနေတုန်း ချီဖုန်းရှို့၊ကျောက်မင်ကျယ်နှင့် ဖန်းရှောင်က ပန်းကန်တွေ လာငှားပြန်၏။


"ကပ္ပတိန်လင်း တောင်းပန်ပါတယ်...ကျွန်တော်တို့... ထမင်းဘူးယူလာဖို့ မေ့သွားလို့" 


ကျောင်မင်ကျယ်က  ရှက်ရွံ့နေပေမဲ့ ပြုံးနေဆဲဖြစ်သည်။


 ယေဘုယျအားဖြင့် ပညာတတ်လူငယ်များ ကျေးလက်သို့သွားသည့်အခါ လက်ဆေးခွက်၊ လက်ဖက်ရည်ခွက်၊ ထမင်းဘူးများ ယူဆောင်လာရသည်။ယူမလာပါက ၀ယ်ရန်နည်းလမ်းရှာရန် တပ်မဟာသို့ သွားရမည်ဖြစ်သည်။ ရွာမှာ မရောင်းရသည့်အတွက် ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမကို သွားဖို့ လမ်းစရှာကြရုံသာတတ်နိုင်၏။


လင်းလန်က သူတို့ကို ပန်းကန်လုံးတစ်လုံးစီနှင့် တူတစ်စုံစီ ပေးလိုက်သည်။


ဖန်းရှောင်က  သူတို့အိမ်မှာ အလူမီနီယမ်ထမင်းဘူးနှစ်ဘူးရှိသည်ကိုမြင်သောအခါ အလွန် စိတ်လှုပ်ရှားသွား၏။


"ကပ္ပတိန်လင်း အဲဒီနေ့လယ်စာဘူးကို ကျွန်မဝယ်လို့ရမလား...နဂိုကရှိခဲ့ပေမဲ့... ယူလာဖို့မေ့သွားတယ်" 


Xxxxxxx