Part 589
သူမ တိုလီမှုတ်စတွေအများကြီးယူခဲ့ပေမဲ့ စားဖို့ထည့်ရန်မေ့သွားသည်။ အရင်တုန်းက တစ်ယောက်ယောက်က အရာရာကို ဂရုစိုက်ပေးခဲ့သော်လည်း ယခုချိန်မှာ အရာရာကို သူမဘာသာသူမ လုပ်နေရသဖြင့် ဘာကိုမှ ထောင့်စေ့အောင်မလုပ်နိုင်တော့ပေ။
စန်းဝမ်: "အစ်မဖန်း...အဲဒါက ကျွန်တော့်အဖေက အလုပ်အတွက်သုံးတာဆိုတော့ အစ်မကို မရောင်းနိုင်ဘူး"
ကျောက်မင်ကျယ်နှင့်ချီဖုန်းရှို့တို့က ဝင်လာသည်နှင့် အရပ်မြင့်မြင့် တင်းမာသည့်အမူအရာ၊ ဖြောင့်မတ်သောအသွင်သဏ္ဍန်ဖြင့် ထိုင်နေပြီး သူတို့ကို ဖိအားအများကြီးရှိစေသည့်ဟန်ချင်စုန့်ကို တန်းသတိထားမိလိုက်ခဲ့ကြသည်။
ဖန်းရှောင်သည်ပင် မသိစိတ်ဖြင့် ခြေစုံရပ်ကာ ပခုံးကို တဖြောင့်တည်းထားလျက် မတ်မတ်ရပ်လိုက်သည်။ ၎င်းတို့ သုံးယောက်က ဟန်ချင်စုန့်ကိုနှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ ဦးလေး ဟန်"
ဟန်ချင်စုန့် ၎င်းတို့ကို ကြည့်လိုက်ရာ ကောင်မလေးက သူတို့ကိုကြည့်နေသည်။သူက အသက်ဆယ့်ခြောက်ဆယ့်ခုနှစ်အရွယ် ကောင်လေးနှစ်ယောက်ကို အာရုံစိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
"သက်တောင့်သက်သာနေပါ"
သူတို့ သုံးယောက်က ပန်းကန်နှင့်တူတွေ ငှားပြီး အမြန်ထွက်သွားသည်။ ဖန်းရှောင်က အတော်လေး စိတ်လှုပ်ရှားသွားပြီး ရေဆေးရန်ပင် မေ့သွားကာယူသွားေလသည် ။ .
တံခါးကထွက်လာပြီးနောက် ကျောင်မင်ကျယ်က သူမပခုံးကိုပုတ်ကာဆို၏။
"မကြောက်ဘူးလား... ငါအရမ်းစိတ်လှုပ်ရှားနေတာ"
ဖန်းရှောင်က သူ့ကိုခနဲ့လိုက်သည်။
"နင်က ပြုံးပျော်နေတာမဟုတ်ဘူးလား"
"ငါ...ငါက စိတ်လှုပ်ရှားနေတာပါ"
ချီဖုန်းရှို့က တိတ်ဆိတ်လျက်ရှိနေပြီး သုံးယောက်သား ထမင်းသွားစားကြသည်။ ခဏလောက် လမ်းလျှောက်ပြီးနောက် ကျောင်မင်ကျယ်က ပြုံးပြီးဆို၏။
"ထမင်းစားဖို့ ဘယ်သွားရမလဲ"
ဖန်းရှောင်ကပြောလေသည်။
"နင်ဘာလို့ ဟန်လုပ်ပြုံးနေလဲ မသိဘူး"
ထမင်းစားသည့်အခါ ပို၍ပင် စိတ်ဓာတ်ကျကာ ဘာလုပ်ရမှန်းမသိဖြစ်ကုန်သည်။ မည်းချိတ်နေသော ဝေါဝေါထိုနှင့်ဟင်းရွက်ပြုတ်တစ်ပန်းကန်။
တစ်ငုံသောက်ပြီးနောက် "အွတ်..."ခနဲ
ဖန်းရှောင် အန်လုနီးပါးဖြစ်သွား၏။
သို့ပေမဲ့ ဂျုံရိတ်သိမ်းချိန်နှောင်းပိုင်းတွင် ဘာမှမရှိပေ၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ကျွေးနိုင်သည်က တော်သေးသည်။ဖန်းရှောင် လင်းလန်တို့အိမ်သို့ ထမင်းသွားစားချင်သည်။ သူမ အခုလေးတင်ကြည့်လာခဲ့ခြင်းဖြစ်ပြီး စားပွဲပေါ်တွင် ဟင်းသီးဟင်းရွက်များ၊ ကြက်ဥနှင့် အဆီတဝေ့ဝေ့ ရှိနေသည်။ သူမ၏ ပန်းကန်ကို ကြည့်လိုက်ရာတွင် ပြုတ်ထားလျှင်ပင် အရသာက မသတီစရာဖြစ်ပြီး နှစ်ဆင့်တောင်မတန်လောက်ချေ။ ပြီးတော့ ဒီဝေါဝေါထိုက မည်းနေတယ် ...ဂျုံဖြူ မဟုတ်ဘူးလား...
ဖန်းရှောင်အနေဖြင့် လင်းလန်ကို ပိုက်ဆံနည်းနည်းပိုပေးရလျှင်ပင် သူမအား သူတို့ အိမ်မှာစားခွင့်ပြုအောင် ဆွဲဆောင်ချင်ခဲ့သည်။
ကျောင်မင်ကျယ်မှာ ပိုက်ဆံအများကြီးမရှိပေ။ ချီဖုန်းရှို့က ချီမင်ကိုသွားရှာတော့မှာဖြစ်သဖြင့် ဖန်းရှောင် လင်းလန်တို့အိမ်ကို သူ့ကိုယ်ပိုင်အစားအသောက်တွေယူပြီးသွားခဲ့၏။
လင်းလန်တို့မိသားစုမှာ ညစာစားနေကြဆဲဖြစ်ပြီး စန်းဝမ်က ငန်းဖြူကြီး၏ လိုက်ဖမ်းခြင်းနှင့်ပတ်သက်၍ပြောပြနေသည်။
"ပြောကြပါဦး... လူတွေအများကြီးရှိတာကို ငန်းကြီးတွေက ဘာလို့ငါ့ကို လိုက်နေကြတာလဲ ...အစ်ကိုကြီးကိုကျမလိုက်ဝံ့ဘူး...ငန်းကြီးတွေက လုံးဝကို အနိုင်ကျင့်နေတာပဲ"
ရှောင်ဝမ် : "မင်း ငါ့အကြောင်း မပြောလိုက်ဘူးလား"
လူတိုင်းက ရယ်မောကြသည်။
စန်းဝမ်က အံ့သြဟန်ဆောင်ပြီးဆို၏။
"အိုး အစ်ကိုရှောင်ဝမ်...မင်းကအနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်လား... ငန်းကြီးက အသိဉာဏ်အရှိဆုံးပဲ...တစ်ချက်ကြည့်လိုက်တာနဲ့ မင်းအနိုင်ကျင့်ဖို့မလွယ်ဘူးဆိုတာ သူသိတယ်"
ရှောင်ဝမ်က ချက်ချင်းဆိုသလို သူ့လက်ကလေးကို ကြည့်လိုက်သည်။
"ငါက အရမ်းအစွမ်းထက်တာပဲလား ...ငါ့ကိုယ်ငါတောင်မသိဘူး"
စန်းဝမ်က ရယ်မောပြီး ရှောင်ဝမ်၏ ပုခုံးတွေကို သိုင်းဖက်ကာဆို၏။
"ဒါပေါ့... မင်းက ငါတို့ပေါင်ပေ့လေးလေ...ဘယ်သူက မင်းကို အနိုင်ကျင့်ပြီး ရိုက်နှက်ဖို့ သတ္တိရှိမှာလဲ... မကြောက်ဘဲနေနိုင်မလား"
လင်းလန် ရယ်ပြီးပြောလိုက်သည်။
"ငန်းကြီးကို အနိုင်ကျင့်မနေနဲ့...အဲ့လိုဆို ငန်းကြီးကလည်း မင်းကို လိုက်မှာ မဟုတ်ဘူး"
သူမပြောနေရင်း ပန်းကန်တစ်လုံးကိုင်ပြီး ပြန်လာသည့် ဖန်းရှောင်ကို တွေ့လိုက်ရ၏။
သူတို့ထမင်းစားနေတုန်း ဘေးမှာ ရပ်နေခိုင်းသည်မှာ သူတို့မိသားစုအတွက် မကောင်းသဖြင့် ဖန်းရှောင်ကို ထိုင်ခိုင်းလိုက်ရသည်။
ဘက်လေးဘက်မှာ လူခုနစ်ယောက်ထိုင်နေပြီး လင်းလန်က တစ်ဖက်မှာရှိကာ စန်းဝမ်နှင့်ရှောင်ဝမ်က သေးသေးလေးတွေဖြစ်သဖြင့် သူတို့ဘေးမှာ တစ်ယောက်ထိုင်၍ရ၏။
ဖန်းရှောင်က လင်းလန် ဘေးတွင်မထိုင်ဘဲ ရှောင်ဝမ်၏ဘေးတွင်ထိုင်ကာ တစ်ဖက်မှ တဝမ်ကိုပြုံးပြလိုက်သည်။
တဝမ် : "... "
သူမကို တစ်ချက်ကြည့်ပြီး သူ့ဘာသာသူ ဆက်စားနေ၏။
ဖန်းရှောင်က ရုပ်ရည်ချောမောသူများအပေါ် အမြဲသည်းခံတတ်ပြီး တဝမ်၏ သူမအပေါ် လျစ်လျူရှုမှုကို ဂရုမစိုက်ပေ။ သူမက မိုင်စွေ့နှင့် အားဝမ်ကို နှုတ်ဆက်ပြီးနောက် စန်းဝမ်နှင့်ရှောင်ဝမ်တို့ဖြင့် စတင်ရင်းနှီးလာခဲ့သည်။
သူမက ဇီဇာကြောင်ပြီး အနည်းငယ် ဘဝင်မြင့်တတ်သူဖြစ်၍ နေရာသို့ ပထမဆုံးရောက်စဉ်က အခြေအနေကို နားမလည်သဖြင့် ညည်းညူခဲ့သော်လည်း သူမကထက်မြက်သူ ဖြစ်သည်။ တကယ်တမ်းတွင် လူတိုင်းက ငယ်ငယ်လေးကတည်းက မိခင်ရှေ့မှာ ကလေးတစ်ယောက်လို ပြုမူနိုင်ပေမဲ့ သူတို့အနေဖြင့် မိသားစုကြီးတစ်ခုမှာ စည်းကမ်းတွေကို သိထားရမှာဖြစ်ပြီး မဟုတ်လျှင် အပြစ်ပေးခံရမှာ ဖြစ်လေသည်။ အိမ်ရာခွဲဝေခြင်းနှင့် ချက်ပြုတ်ခြင်း၏ အဆက်အစပ်နှစ်ခုကို ဖြတ်သန်းပြီး အခြားသူများ၏အိမ်များကို မြင်ပြီးနောက် သူမ အဖြစ်မှန်ကို လျင်မြန်စွာ အသိအမှတ်ပြုခဲ့သည်။
သူမအနေဖြင့် လင်းလန်တို့မိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိမှရမည်။
ရှောင်ဝမ်က သူမကိုဖိတ်ခေါ်လာ၏။
"မမ လာ...စားပါ"
စန်းဝမ်က ဖန်းရှောင်၏ ပန်းကန်ထဲက ဟင်းတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာဆိုသည်။
"ဒါကို ဘယ်သူလုပ်တာလဲ... ငါ့ရဲ့ ဒုတိယအစ်ကိုကို နောက်မှ သင်ပေးခိုင်းလိုက်မယ်"
ဖန်းရှောင် ချက်ချင်းဆိုသလို ရေလိုက်ငန်းလိုက် ပြုပြီး အားဝမ်ကိုကြည့်ကာပြော၏။
"အစ်ကိုအားဝမ်က ဟင်းချက်တာ တော်တယ်...အရမ်းကောင်းတာပဲ"
အားဝမ်က ပြုံးပြီး
"မဟုတ်တာ"
ဖန်းရှောင် စားပွဲပေါ်က အစားအစာကို မြည်းစမ်းပြီးနောက် သူမပန်းကန်ထဲက အစားအစာကို လွှင့်ပစ်လိုက်ချင်မိသည်။ စားပွဲပေါ်ရှိ အချဉ်နှင့် ငံပြာရည်က သူမ ယူလာသော ဟင်းများထက် အများကြီး ပိုကောင်းသည်။
သူမက မြန်မြန်စားပြီး တူတွေကို ချလိုက်ပြီးဆို၏။
"စကားမစပ် ကျွန်မလက်ဆောင်တစ်ခု ယူလာတယ်...ကျိုးသွားပြီလား မသိဘူး"
ထိုသို့ဆိုပြီး ထ၍ အိမ်ထဲကို ပြေးသွားကာ ပစ္စည်းတွေကို ကောက်ကိုင်ကာ ချောကလက်သံဘူးလေးကိုယူထွက်လာသည်။ ဘူးကိုဖွင့်ပြီး တစ်ယောက်ကို တစ်ပိုင်းစီ ခွဲပေး လိုက်၏။
လင်းလန် : "ဒီလောက် အဖိုးတန်တဲ့ အရာကို ပညာတတ်လူငယ်ဖန်းက ကိုယ့်ဘာသာကိုယ် သိမ်းထားသင့်တယ်"
ယခုအချိန်တွင် ခရိုင်မြို့တွင် ချောကလက်မရှိသောကြောင့် အလွန်စျေးကြီးသည်။
"ယူစားလိုက်ပါ...ကြာကြာနေရင်မကောင်းတော့ဘူး...အကုန်လုံး ကျွန်မကိုကူစားရမယ်"
ဖန်းရှောင်က သူတို့မယူရင် သူမစိတ်မကောင်းဖြစ်မည့်အတိုင်း ယူရန် ခေါင်းမာမာနှင့် ဆို၏။
လင်းလန် သူမကို တားမနေတော့ပေ။
စန်းဝမ်နှင့်ရှောင်ဝမ်က အလွန်သိချင်နေကြသည်။
"ဒါကဘာလဲ"
ကြည့်ရတာတော့ မှောင်မည်းပြီး ကြောက်စရာကောင်းတယ်...
Xxxxxxxxx
Part 590
ဖန်းရှောင်က သူတို့မယူရင် သူမစိတ်မကောင်းဖြစ်မည့်အတိုင်း ယူရန် ခေါင်းမာမာနှင့် ဆို၏။
လင်းလန် သူမကို တားမနေတော့ပေ။
စန်းဝမ်နှင့်ရှောင်ဝမ်က အလွန်သိချင်နေကြသည်။
"ဒါကဘာလဲ"
ကြည့်ရတာတော့ မှောင်မည်းပြီး ကြောက်စရာကောင်းတယ်...
ဖန်းရှောင်က သူမပါးစပ်ထဲကို တစ်ခုထည့်လိုက်ပြီးဆို၏။
"ချောကလက်ကသကြားပါပဲ"
လက်ရှိမှာ ချောကလက်တွေကို နိုင်ငံခြားကနေ တင်သွင်းလာကာ မြို့တွင်းက တန်ဖိုးကြီးစတိုးဆိုင်တွေမှာသာ ရောင်းချခဲ့သည်။
မိုင်စွေ့နှင့် တခြားသူတွေက လင်းလန် သိချင်နေပုံပေါ်မသောအခါ မေးကုန်ကြ၏။
“မားမားက စားဖူးလား”
လင်းလန်: “..."
စားရတာ မောနေပါပြီနော်... ကယ်လိုရီများပြီး ကိုယ်အလေးချိန်တက်စေတယ်...
လူတိုင်းက သူမကို ကြည့်နေကြပြီး ဖန်းရှောင်က လည်း အလွန် သိချင်နေသည် ။သူမက ဒါကို စားနေကျမဟုတ်သဖြင့် ချောကလက် နည်းမှန်လမ်းမှန် မိတ်ဆက်ရန် ရုတ်ချည်းမေ့သွားသည်။
လင်းလန် ချက်ချင်းဆိုသလိုပြောလိုက်၏။
"ချောကလက်ဆိုတာ ဘာလဲ...ဇီးသီးအရသာမလား ငါစားကြည့်မယ်"
သူမက ပါးစပ်ထဲကို နူးညံ့သည့်ချောကလက်စစ်စစ်လေးထည့်ကာ ဝါးလိုက်ပြီး ခါးခါးသီးသီးဆိုလိုက်သည်
။
"အိုး မချိုဘူး”
ချောကလက်နှင့် ကော်ဖီသည် တရုတ်နှင့် အနောက်တိုင်း ယဉ်ကျေးမှုများပါဝင်သည့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဒရာမာများတွင် မရှိမဖြစ် အညှာတစ်ခုဖြစ်ပြီး သူမသည် မည်သို့တုံ့ပြန်ရမည်ကို သဘာဝကျကျ သိသည်။
လင်းလန်က အရသာမကောင်းဘူးဟု ပြောသည်ကို မြင်သောအခါ စန်းဝမ်က ချက်ချင်းဆိုသလို သူ့ပါးစပ်ထဲကိုထည့်လိုက်၏။
“ဝိုး အရသာရှိတယ် ထင်တယ်”
ရှောင်ဝမ်က သူ့ကို ကမ်းပေးလိုက်သည်။
“ဒါဆို မင်းစားလိုက်”
တတိယအစ်ကိုက သူ့ကို ညာနေသည်ဟုသူထင်မိ၏။မားမားက မညာလျှင် သေချာပေါက်အရသာမကောင်း၍ဖြစ်ရမည်။
အားဝမ်နှင့်မိုင်စွေ့တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ကိုက်စားလိုက်ရာ သူတို့လည်း အရသာရှိသည်ဟု ထင်ခဲ့ကြသည် ။
လင်းလန် သူမ၏သရုပ်ဆောင်မှုက နည်းနည်း ချဲ့ကားမိသွားမှန်း တွေ့သောအခါ ရှောင်ဝမ်ကိုပြောလိုက်၏။
"စားလို့ကောင်းတယ်...စားပါ"
သူမက ဖန်းရှောင်ကို တဖန်ပြုံးပြပြီး
" ပညာတတ်လူငယ်ဖန်း...ဒါက အရမ်းစျေးကြီးတယ်...ငါပိုက်ဆံပေးပါ့မယ်"
ဖန်းရှောင်က သူမလက်ကို ချက်ခြင်းဖိလိုက်ပြီးဆိုလေသည်။
"ကပ္ပတိန်လင်း ရှင်က ယဉ်ကျေးလွန်းနေပါပြီ... ကျွန်မ ဒါကို ပိုက်ဆံနဲ့ ဝယ်ခဲ့တာမဟုတ်ဘူး... ပေးရင် မယူနိုင်ပါဘူး"
လင်းလန်က ပြုံးပြီးပြော၏။
"ငါတို့အိမ်မှာ စားတာကလွဲလို့ အကူအညီလိုရင် တောင်းပါ”
ဥပမာ ပေါ့ပါးတဲ့အလုပ်တစ်ခုကို စီစဉ်ပေးတာမျိုး...
ဖန်းရှောင်က ရှင်တို့အိမ်နဲ့ ချိတ်လို့ရနိုင်မလားဟု မေးချင်ပေမဲ့ ယခုချိန်မှာ သူ့ကို ပြန်မျိုချထားလိုက်ရပြီး ချက်ချင်းမကျေမနပ်ဖြစ်မိသွားသည်။သူမက သူမ၏စိတ်အခြေအနေကို အမြန် ထိန်းညှိလိုက်ပြီးပြော၏။
"ကပ္ပတိန်လင်း...ကျွန်မ ဒီကိုစရောက်တုန်းက စိတ်တွေမကောင်းဖြစ်ပြီး နည်းနည်းရိုင်းပြခဲ့ တယ်... ကျေးဇူးပြုပြီး ကျွန်မရဲ့ တောင်းပန်မှုကိုလက်ခံပေးပါ "
သူမက သူမ၏ ခြေထောက်ကို ရေဆေးဇလုံနှင့် ဆေးခြင်းအကြောင်းပြောနေခြင်းဖြစ်သည်။သူမ တခြားသူများ၏ မှောင်မဲပြီး ညစ်ပတ်နေသောအိမ်များနှင့် ကြွေဇလုံတစ်ခုပင်မရှိကြောင်း တွေ့လိုက်ရသောအခါ လင်းလန်ကြွေဇလုံ၏ အရေးပါမှုကို သူမ လျင်မြန်စွာ နားလည်သွားသည်။
လင်းလန်က ပြုံးရင်းပြောလိုက်၏။
"မင်းက မြို့ကြီးပြကြီး က လာတာဆိုတော့ ကျင့်သားမရဖြစ်နေမှာပေါ့... ငါနားလည်ပါတယ်...စားရေးကိစ္စက မင်းကို ရည်ရွယ်တာ မဟုတ်ဘူး... ငါက မင်းကိုစားခိုင်းပြီး တခြားသူတွေကို စားခွင့်မပေးရင် တခြားသူတွေမကျေမနပ်ဖြစ်လိမ့်မယ်... ဒါပေမဲ့ အားလုံးကိုစားခွင့်ပေးလိုက်ရင်ကျ ငါတို့စားဖို့အတွက်အရမ်းအလုပ်ရှုပ်သွားမှာ.. တပ်မဟာက ချက်ပြုတ်တဲ့မီးဖိုကို ပြင်ထားတယ်...မင်းလိုချင်တာကို ချက်ခိုင်းလို့ရတယ်။”
ဖန်းရှောင်က ကြိုးစားနေဆဲပင်။
“ကပ္ပတိန်လင်း ဘယ်တူမလဲ...သူတို့ချက်တတ်တာ ရှင်လောက် အရသာမရှိဘူး”
ပထမတုန်းက လင်းလန်သည် ဖန်းရှောင်က နုနယ်ပြီး စိတ်ဆတ်သည့် မိန်းမငယ်လေး တစ်ယောက်ဟုထင်ခဲ့ပေမဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး အဖြစ်မှန်ကို မြန်မြန်ဆန်ဆန် အသိအမှတ်ပြုနိုင်မည်ဟု သူမ မျှော်လင့်ခဲ့ပါချေ။သူမ ဒီရောက်ခါစအချိန်ကိုပြန်တွေးကြည့်ပါက ဖန်းရှောင်းနှင့်အတူတူပဲဟုထင်မိသည်။
သို့သော်... သူမ သဘောမတူနိုင်တုန်းပင်
အထူးသဖြင့် ဟန်ချင်စုန့်က သူတို့ ဝင်လာပြီး ဒီမှာနေသည်ကို မကြိုက်ဘူးဟု တွေးလိုက်မိချိန်တွင် လင်းလန် စိတ်မပျော့ချင်တော့ပေ။
"ဒါဆို... "
ဖန်းရှောင်က လက်မလျော့ဘဲဆို၏။
"ကပ္ပတိန်လင်း...ရှင်နဲ့ မောင်လေးအားဝမ်ကို ကူညီဖို့ ဖိတ်လို့ရမလား ... မဟုတ်ဘူး ...ကျွန်မတို့ကို ဟင်းချက်နည်းသင်ပေးဖို့ "
၎င်းက မဆိုးလှပေ။တပ်မဟာတွင် စားရန် လင်းလန်၏အိမ်မှ အစားအသောက်များဝယ်ခြင်းကဲ့သို့သော ဆက်ဆံရေးတွင် နေ့တိုင်းပါဝင်ရန် သူမ ကောင်းစွာ တွေးတောနေဆဲပင်။
သူမက ရိုးရှင်းသောမျက်ဝန်းတစ်စုံဖြင့် လင်းလန်ကို စိုက်ကြည့်နေပြီး ရွှန်းစိုနေသော မျက်လုံးများက အလွန်ရိုးသားနေကာ သူမမျက်လုံးထဲရှိ ခယအသနားခံမှုများကို မြင်နေရသည်။ဤမျှအရသာမရှိသော ဖရဲသီးပြုတ်အချပ်များကို သူမ မစားချင်ပေ။
လင်းလန် ခေါင်းညိတ်ပြီးဆိုလိုက်၏။
"ရပါတယ် "
"ကောင်းလိုက်တာ..."
ဖန်းရှောင်းက သူမလက်နှစ်ဖက်ကို ချိတ်ပြီးပြောသည်။
"ကျေးဇူးတင်ပါတယ် ကပ္ပတိန်လင်း...အတိတ်ကို စွန့်လွှတ်ပေးတဲ့အတွက်"
လင်းလန် : "ရပါတယ်...ဘာအဆင်မပြေတာတွေရှိလဲ...ငါတို့တောက ညစ်ပတ်ပြီး ဆင်းရဲတယ်.. ငါမင်း ဥပေက္ခာပြုမှုမဟုတ်ပါဘူး"
ဖန်းရှောင်းက မိုင်စွေ့၏ အဝတ်အစားတွေကို ကြည့်ပြီးဆို၏။
"လုံးဝမ မညစ်ပတ်ပါဘူး... ငါ့ညီမရဲ့ အ၀တ်အစားက လှလိုက်တာ.
မိုင်စွေ့: "ညီမကိုယ်တိုင် ဒီဇိုင်းထုတ်ထားတာ"
"တကယ်လား နောင်ကျရင် မမအတွက် ဒီဇိုင်းထုတ်ပေးနိုင်မလား"
ဖန်းရှောင်က ချက်ချင်းပင် စိတ်ဝင်စားလာကာ မိန်းကလေးနှစ်ဦးသည် အဝတ်အစားများအကြောင်း စတင်စကားစမြည်ပြောကြသည်။
ထိုအချိန်တွင် ဟောင်ဟုန်ကျန်းနှင့် ကောင်းလုတို့ အတူတူပြန်လာပြ၏။ ဖန်းရှောင်နှင့် လင်းလန် တို့မိသားစုနှင့် စကားစမြည်ပြောကာ ရယ်မောကြသည်ကိုတွေ့သောအခါ ကောင်းလု၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားကာ သူမနှုတ်ခမ်းများကို မမဲ့ဘဲမနေနိုင်ပေ။
မိသားစုသည် ဖန်းရှောင်နှင့် စကားစမြည်ပြောကာ ရယ်မောနေကြပြီး စားပွဲပေါ်တွင် ဈေးကြီးသောချောကလက်များ ရှိနေသည် ဖန်းရှောင်က ၎င်းတို့ကို ဝယ်ထားပုံရသည်။
Xxxxxxx