အပိုင်း ၅၉၁-၅၉၂
Viewers 37k

Part 591


လင်းလန်က သူတို့ကို ပြုံးပြပြီးဆိုလိုက်သည်။


 "စားပြီးကြ ပြီလား"


နှစ်ယောက်သား ဟန်ချင်စုန့်နှင့် ကလေးတွေကို ချက်ချင်း ရင်းနှီသွားကြ၏။


လင်းလန်က သူတို့ကို ထိုင်ခိုင်းလိုက်သည်။


 ဟောင်ဟုန်ကျန်းက  သူမဘေးမှာ လာထိုင်နေပေမဲ့ ကောင်းလုက  အဝတ်လျှော်စရာရှိသည်ဟု ပြောသည်။


 ဖန်းရှောင်က ကောင်းလုကိုကြည့်ပြီးဆို၏။


 "အိုး...ငါတို့က ရေဆေးဇလုံကို ကိုယ်တိုင်သွားဝယ်ရမှာ...ကပ္ပတိန်လင်းဟာ သုံးရတာ အဆင်မပြေဘူး...လူအများကြီးနဲ့ဆို အဆင်မပြေဘူးလေ 


ဟမ့် ပြောစမ်းပါ...နင် သူများဟာကို မသုံးတာ ပိုကောင်းလိမ့်မယ်...


 သူမယခုလိုပြောသည့်အခါ ကောင်းလု၏ မျက်နှာက ပို၍ပင်ဆိုးသွားခဲ့သည်။


 လင်းလန်ကပြောလိုက်၏။


 "အဆင်ပြေပါတယ်...သုံးလိုက်ပါ... မနက်ဖြန် ငါထောက်ပံ့ရေးနဲ့ရောင်းဝယ်ရေးသမဝါယမ ကို သွားလိုက်ဦးမယ်...အဲ့ခါကျ မင်းတို့ကိုပါ ငါနဲ့အတူခေါ်သွားမယ်.... လိုအပ်တာမှန်သမျှ ဝယ်လိုရတာပေါ့"


ဖန်းရှောင်ကဆိုသည်။

 "ကပ္ပတိန်လင်းက အရမ်းသဘောကောင်းတာပဲ"


ကောင်းလုက  မျက်ခုံးပဲပင့်ကာ ဘာမှမပြောပေ။


ဖန်းရှောင်က  သူမကို မထိတထိနှုတ်ခမ်းစူပြ 

လိုက်ပြီး သူမဝယ်ချင်သည်များကို ပြောကာ ချရေးနေ၏။


စန်းဝမ် သူမတို့ နှစ်ယောက်ကြား မျက်ခုံးမျက်လုံး တိုက်ပွဲကို ကြည့်ပြီး ရယ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ သူတို့မိသားစုမှာ ထိုကဲ့သို ဖြစ်,ခဲ,လေ၏။ သူ့မှာ အတွေ့အကြုံမရှိသည့်အတွက် ယခုအချိန်မှာ အလွန် အထူးအဆန်းဖြစ်နေသည်။


 သူက ရယ်ပြီးပြောလိုက်၏။


 "အစ်မတို့နှစ်ယောက် ဒီလိုလုပ်တာ ရန်ဖြစ်နေတာလား ...တီးတိုးပြောနေတာလား" 


 သူက တဝမ်ကို လက်ညှိုးထိုးပြပြီး 

 "ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော်တီးတိုးပြောတဲ့အခါ ဒီလိုမျိုးပဲ" 

 

ကောင်းလုနှင့်ဖန်းရှောင် : မင်းတကယ် ရိုးရိုးသားသားလား ဒါမှမဟုတ်  ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်နေတာလား...


ဖန်းရှောင်က စန်းဝမ်ကို ချက်ချင်း ပြုံးပြီးပြောသည်။


 "ဒါပေါ့  ရန်ဖြစ်နေတာပေါ့...ဘယ်သူသူ့ကို တိုးတိုးပြောချင်နေလို့လဲ" 

 

ကြက်သွန်နီစိမ်းကို ဝက်နှာခေါင်းထဲကို ထိုးထည့်ထားသလိုပဲ... ဟန်ဆောင်တတ်လိုက်တာ...(ဘာအဓိပ္ပါယ်လဲမသိ🥺)


ကောင်းလုက ဖန်းရှောင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သော်လည်း လင်းလန်တို့မိသားစုက ဖန်းရှောင်နှင့်  သူမရန်ဖြစ်လျှင် သေချာပေါက် ဖန်းရှောင်ကိုကူညီလိမ့်မည်ဟု သူမစိတ်ထဲတွင်ယုံကြည်နေမိသည်  လင်းလန်က သူမအပေါ်မှာ မကောင်းသည့်အမြင်ရှိသွားမှာစိုးသည့်အတွက် ပြန်မပြောခဲ့ပေ။


ဟောင်ဟုန်ကျန်းကမူ တစ်ချိန်လုံး တိတ်ဆိတ်နေပြီး စကားသိပ်မပြောချေ။


မိုင်စွေ့ကလည်း သူတို့ကို အတော်လေး စိတ်ဝင်တစား ကြည့်နေ၏။ ​​အထူးသဖြင့် ဖန်းရှောင်က တခြားသူတွေနှင့်မတူပေ။ သူမက ဗဟုသုတများစွာရှိပြီး သူမနှင့် စကားပြောရသည်က  ဗဟုသုတ ကြွယ်ဝစေသည်။


 စကားပြောနေစဉ် ကျောင်မင်ကျယ်နှင့်ရှန်ယွီတို့ အပြင်ကနေ ဝင်လာပြီး ကျောင်မင်ကျယ်က ဆို၏။  


"ကပ္ပတိန်လင်း...ရှန်ယွီကို အိမ်သိရအောင် ကျွန်တော်ခေါ်လာတာ"


 လင်းလန် ဗြုန်းခနဲ  လန့်သွားသည်။ ဘာလို့လာတာလဲ... 


ဝင်လာသည့်လူနှစ်ယောက်ကို လျစ်လျူရှုပြီး သူမသမီးကို အရင်သွားကြည့်လိုက်၏။


မိုင်စွေ့  ခေါင်းကို လှည့်ကြည့်လိုက်ရာ အဖြူရောင်အကျီနှင့် ဘောင်းဘီအနက်ရောင် ၀တ်ထားသည့်ကောင်လေးတစ်ယောက် ကျောင်မင်ကျယ်နှင့် အတူ ဝင်လာသည်ကို တွေ့လိုက်ရသည်။ကောင်လေးက အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ်ရှိပြီး ရည်မွန်ပြီး ချောမောကာ နူးညံ့သည့် စိတ်ထားရှိ၏။ သူမ အားဝမ်ကို လက်မောင်းဖြင့် တို့လိုက်သည်။


 "ဒုတိယအစ်ကို ...ဒီလူက နင်နဲ့သေချာပေါက် အတိုင်အဖောက်ညီမှာ"


လင်းလန်က မိုင်စွေ့ဆီမှာ ဘာမှ ထူးထူးခြားခြား မရှိဘဲ ရှန်ယွီနှင့်ကျောက်မင်ကျယ်ကြားမှာ ခြားနားမှု မရှိသည်ကို တွေ့လိုက်ရသည့်အတွက် သူမ စိတ်သက်သာရာရစွာဖြင့် သူတို့ကို ကြိုဆိုလိုက်၏။


တဝမ်က   ထရပ်ပြီး သူတို့ကို ထိုင်ခိုင်းပေမဲ့ ကျောက်မင်ကျယ်က ဟန်ချင်စုန့်  အနားမှာ မထိုင်ရဲပေ။


ဟန်ချင်စုန့်က စားသောက်ပြီးသောအခါ မတ်တပ်ရပ်လိုက်ပြီးပြောသည်။


 "သက်တောင့်သက်သာနေပါ"

 


 သူ မတ်တပ်ရပ်လိုက်သည်နှင့် ကျောင်မင်ကျယ် သူ့မျက်နှာမှာ သွေးတွေစုကာ ပူထူလာသည်ကို ခံစားလိုက်ရပြီး သူ့ရှေ့ရှိ ဖိနှိပ်ချုပ်ချယ်သည့်ခံစားချက်ကို ရှောင်ရှားရန် ခြေလှမ်းကြီး တစ်လှမ်း နောက်ပြန်ဆုတ်လိုက်သည်။ ဟန်ချင်စုန့်က အရပ်ရှည်လွန်းပြီး တည့်တည့်မတ်တပ်ရပ်ကာ လေးနက်သောမျက်နှာဖြင့်ရှိနေသည့်အခါ လူများကို အလွန်စိတ်ဖိစီးစေသည်မှာ အမှန်ပင်။


ရှန်ယွီက  ပိုတည်ငြိမ်ပြီး ထိတ်လန့်တကြား ပြန်မဆုတ်သွားပေမဲ့ တောင့်တင်းသွားကာ သူ့ကိုယ်သူယုံကြည်မှု ပျက်ပြားသွားသည့်အတွက် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။


ကံကောင်းထောက်မစွာဖြင့် ဟန်ချင်စုန့်က အခြားသူများနှင့် စကားစမြည်ပြောလေ့မရှိဘဲ နှုတ်ဆက်ပြီးနောက် ပန်းကန်ဆေးရန်  အိမ်ထဲသို့ ဝင်သွားခဲ့သည်။


ကျောင်မင်ကျယ် သူ့ရင်ဘတ်ကို ပုတ်ကာ အသက်ပြင်းပြင်းရှူလိုက်၏။ညွှန်မှူးဟန်က  တကယ်ကိုချောမောပြီး အေးစက်ကာကြောက်စရာကောင်းသည်။ ရှန်ယွီ၏ မျက်နှာက ပုံမှန်ဖြစ်နေသည်ကို မြင်လိုက်ရာတွင် သူမအံ့ဩဘဲမနေနိုင်ခဲ့ပေ။ သူ့မျက်နှာဆိုလျှင် ပြောင်းလဲသွားခဲ့ပေလိမ့်မည်။


သူက ဟန်ချင်စုန့်  ပန်းကန်ဆေးနေချိန်တွင် တစ်ချက်ခိုးကြည့်ပြီးနောက် စကားတစ်ခွန်းမှ မပြောနိုင်ပေ။ အထူးသဖြင့် ကျေးလက်မှာ အိမ်မှုကိစ္စလုပ် ၊ပန်းကန်ဆေးသည့် ယောက်ျားကို သူတို့ တစ်ခါမှ မတွေ့ဖူးချေ။ယောကျာ်းဖြစ်သူက လယ်လုပ်ရန်တာဝန်ယူပြီး အိမ်မှာ ဆီပုလင်းမှောက်သွားလျှင်ပင် ကူမ,မပေးဟု သူတို့ကြားဖူးသည်။သူတို့၏ ကြီးမြတ်မှုကို ပြသရန် အိမ်မှာ အမြဲ အော်ဟစ်လေ့ရှိသည့် ယောက်ျားတစ်ချို့လည်းရှိပြီး အိမ်အလုပ်တွေလုပ်လျှင် မိန်းမကြောက်သည်ဟုအပြောခံရမှာစိုးသဖြင့်  လက်ဖျားနှင့်ပင်မထိကြပေ။


ဟန်ချင်စုန့် ၏ တင်းမာမှုနှင့် လျစ်လျူရှုမှုတို့အပေါ် ၎င်းတို့၏ ကနဦးအမြင်က မိသားစု၏ယောကျာ်းကောင်းတစ်ယောက်အဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားသည်။


ဟန်ချင်စုန့်က အေးဆေးတည်ငြိမ်ပြီး သူလုပ်သင့်လုပ်ထိုက်သည်တွေကို လုပ်ဆောင်နေလိုက်သည် မိသားစုထဲမှာ အပြင်လူများရှိနေခြင်းအတွက်ကြောင့်နှင့် သူ့ပုံစံက ပျက်မသွားပါချေ။


ပညာတတ်လူငယ်အနည်းငယ်က ဒီမှာစုနေကြမည့်အစား တပ်မဟာကို သွားကြလျှင် ပိုကောင်းမည် ဟုလင်းလန်က တွေးခဲ့သည်။ မိန်းကလေးအများကြီးရှိသည့်အတွက် ရှန်ယွီကို အာရုံမစိုက်ရန်က မိန်းကလေးတွေအတွက် သိပ်မလွယ်ပေ။


 "မင်းတို့ ပထမဆုံးစရောက်တဲ့နေ့မလို့ တပ်မဟာက မပြင်ဆင်ထားဘူး...အချင်းချင်း မိတ်ဆက်ပေးဖို့၊ စကားစမြည်ပြောပြီး ရင်းနှီးဖို့ ဘာလို့ တပ်မဟာဌာနချုပ်ကို မသွားတာလဲ"


အကယ်၍ သူမသာ လူသစ်များ ခေါ်ယူပါက ကြိုဆိုသည့် ပါတီ သို့မဟုတ် တစ်ခုခုကို စီစဉ်ပေးမည် ဖြစ်သော်လည်း ရွာသို့လာသည့် ပညာတတ်လူငယ်များက ထိန်းချုပ်ရန်မလွယ်ကူပေ။ ဟန်ရုံဖန် ကိုယ်တိုင်က စိတ်ညစ်နေသည့်အတွက်သူတို့အနေဖြင့် အစားအသောက်နှင့် နေရာထိုင်ခင်း စီစဉ်ပေးရန် အခိုင်းခံရသည်။ ထို့ကြောင့် သူတို့က ကြိုဆိုရန် ဂရုမစိုက်မနေတော့ပေ။သူက သူများလက်ထဲထိုးထည့်ရသည်ကိုပျော်နေလောက်မည်ဖြစ်သော်လည်း  ယခုထိုသို့မလုပ်နိုင်သည်က သနားစရာပါပင်။


 သူမ ထိုသို့ပြောသည့်အခါ လူတိုင်းက ပျော်သွားကြသည် သူမသားသမီးတွေတောင်မှ ပုစဥ်းရင်ကွဲ ရှာရန် စိတ်အားထက်သန်မှုမရှိကြတော့ဘဲ ပညာတတ်လူငယ်တွေ၏ စကားဝိုင်းကို လိုက်နားထောင်ချင်ကြသည်။


 လင်းလန်က တဝမ်အား သူတို့ကို အရင်ခေါ်သွားခိုင်းလိုက်ပြီးနောက် အိမ်၌ ဟန်ချင်စုန့်နှင့်သန့်ရှင်းရေးလုပ်ရင်း အုပ်ချုပ်ရေးမှူးကို သူဘယ်လိုပြောလဲဆိုသည်ကို သိရန် စကားစလိုက်၏။


Xxxxxxx

Part 592


လင်းလန်က တဝမ်အား သူတို့ကို အရင်ခေါ်သွားခိုင်းပြီးနောက် အိမ်၍ ဟန်ချင်စုန့်နှင့်သန့်ရှင်းရေးလုပ်ရင်း အုပ်ချုပ်ရေးမှူးကို သူဘယ်လိုပြောလဲဆိုသည်ကို သိရန် စကားစပြောလိုက်၏။


မကြာခင်မှာပဲ အိမ်ထဲမှာ လင်မယားနှစ်ယောက်ပဲ ကျန်တော့သည်။ ဟန်ချင်စုန့်က ပန်းကန်တွေကို ဆေးပြီးပြီဖြစ်သဖြင့် လင်းလန်က သူတို့ကို အဝတ်နှင့်ခြောက်အောင်သုတ်ပြီး သိမ်းလိုက်သည်။


"စန်းကော...ရှင် အုပ်ချုပ်ရေးမှူးကို ဘယ်လို ပြောမှာလဲ"


 ဟန်ချင်စုန့်က သူမကို ကြည့်ပြီးဆို၏။


 "စိတ်မပူပါနဲ့ ...သွားလည်ချေပါ "


လင်းလန်ကို အိမ်ထဲက ခေါ်ထုတ်လိုက်ပြီး လင်းလန်ကို ဌာနကို သွားခိုင်းကာ သူက အုပ်ချုပ်ရေးမှူးထံသွားခဲ့သည်။


လင်းလန် တပ်မဟာဌာနချုပ်သို့သွားသောအခါ ပညာတတ်လူငယ်အဖွဲ့အသစ်များသာမက အဟောင်းများပါ စုရုံးကာ တက်ကြွစွာ စကားစမြည်ပြောကြသည်ကို တွေ့ရှိရသည်။


 မူလက လင်းလန်၏အိမ်သို့ လူတိုင်းသွားနေကြသည်ကို အခြားအနည်းငယ်က ကြားသိရပြီး ၎င်းတို့အား အဖွဲ့ငယ်တစ်ခုဖွဲ့ရန် နောက်ချန်ထားရန် ကန့်ကွက်မှုများရှိနေသည်ဟု ခံစားခဲ့ရသည်။ယခုအခါတွင် လူတိုင်းက တပ်မဟာဌာနချုပ်သို့ လာသောအခါတွင် ပိုမိုသက်တောင့်သက်သာရှိလာသည်။


ယင်းကိုသိသောအခါ တုန်ဟွိုင်ဟွက  သူမလုပ်နေသည်တွေကို အလျင်စလိုပစ်ချလိုက်ပြီး ပြေးကြည့်လိုက်ကာ တပ်မဟာဌာနခွဲအတွင်းရေးမှူးနှင့် တပ်မဟာမှူး၏ မျှော်လင့်ချက်နှင့် ကြိုဆိုမှုအကြောင်း စကားအနည်းငယ်ပြောခဲ့သည်။ မူလက ကြိုဆိုပွဲရှိသော်ငြား ယင်းကအလုပ်ရှုပ်လွန်းပြီး နှောင့်နှေးကြန့်ကြာကာ ရင်းနှီးရန် စောင့်ရသည်။ ၎င်းကိုလုပ်ရသည်ကရက်အနည်းငယ်ကြာသည်နှင့် အလားတူပေ၏။


သူမမှာ လုပ်စရာရှိသေးသဖြင့် အရင်နှုတ်ဆက်ပြီး လင်းလန်၏လက်ကို ကိုင်ရင်း စကားအနည်းငယ်ပြောလိုက်သည်။


 "နင့်ကို တကယ်ကျေးဇူးတင်ပါတယ်... ငါအရမ်းအလုပ်ရှုပ်နေလို့ ခေါင်းတွေမူးပြီး အဖြေရှာမရတော့ဘူး... နင် ပညာတတ်လူငယ်တချို့ကို စီစဉ်ပေးပြီးတာနဲ့ အရှုပ်ေတွကရပ်သွားတယ်"


ပညာတတ်လူငယ်တွေ စရောက်စဥ် ရန်ဖြစ်နေကြသည့် ယောက်ျားနှစ်ယောက်နှင့် မိန်းမနှစ်ယောက် ရှိပြီး ယင်းက တကယ်ကို စိတ်ပျက်စရာပါပင်။ မူလက တုန်ဟွိုင်ဟွ ၎င်းတို့အတွက် နိုင်ငံရေးသဘောတရားနှင့်ကိုက်ညီသော အလုပ်များကို မည်သို့လုပ်ဆောင်ရမည်ကို စိုးရိမ်ခဲ့သော်လည်း  သူမ လင်းလန်၏အိမ်သို့ အကြာကြီးသွားခဲ့ပြီးနာက် မမျှော်လင့်ခဲ့ဘဲ အားလုံးအဆင်ပြေချောမွေ့သွားခဲ့သည်။


အထူးသဖြင့် အချိန်မရွေး သေလုမြောပါး ငိုယိုပြီး သူမကိုကြည့်နေခဲ့သည့် ပညာတတ်လူငယ်အမျိုးသမီးက ယခု သူမဟုတ်သလိုမျိုး စန်းဝမ်နှင့် စကားပြောရင်း ရယ်မောနေခဲ့၏။


လင်းလန် : "သူတို့က ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ် ကလေးတွေပဲလေ... ပထမတော့ အိမ်နဲ့ခွဲရတာကို နေသားမကျဖြစ်ကြမှာပဲ... နှစ်ရက်အတွင်း အဆင်ပြေသွားလိမ့်မယ်...သွားပြီး ကိုယ့်ဘာကိုယ် အလုပ်ရှုပ်ချေပါ "


တုန်ဟွိုင်ဟွက သူမကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောပြီး အရင်ထွက်သွားလေသည်။


    

ဟန်ချင်စုန့် ဟန်ရုံဖန်၏အိမ်သို့သွားသောအခါ  ကပ္ပတိန်တွေ အားလုံး ထိုနေရာတွင် ရှိနေကြသည်။


 ဆောင်းဦးမရိတ်သိမ်းမီက တပ်မဟာဌာနချုပ်သို့ သွားပြီး ရေဒီယိုနားထောင် စကားပြောဆိုခြင်းကို နှစ်သက်ကြသော်လည်း ယခုအခါ ပညာတတ်လူငယ်များ ရောက်လာသဖြင့် ပညာရှိစွာ ရှောင်ရှားကြပြီး ပညာတတ်လူငယ်များနှင့် ရင်းနှီးစေရန် နေရာပေးကြသည်။


 ဟန်ရုံဖန်က အမှန်တကယ်ပင် စိတ်ရှုပ်ရမည်ကို ကြောက်သည်၊ မွမ်းကြပ်နေပြီး မငြင်းဆန်နိုင်ပါက သူ့စိတ်အရဆို ဆဲဆိုသည်ဖြစ်စေ၊ ရိုက်နှက်သည်ဖြစ်စေလုပ်မိမှာဖြစ်သည်  ပညာတတ်လူငယ်များထံတွင် ရှန်ရွေ့ရွာ  ဌာနခွဲအတွင်းရေးမှုးက ဗိုလ်ကျလွန်းသော အဘိုးကြီးတစ်ယောက်ဖြစ်သည်ဟူသောအမြင်မထားခဲ့ချင်ပေသောကြောင့် သူက ရိုးရိုးရှင်းရှင်း ပေါ်မလာခဲ့ပေ။


အုပ်ချုပ်ရေးမှူးက ထုံးစံအတိုင်း သူ့လမ်းစဥ်အတိုင်းလိုက်လုပ်သည်  အုပ်ချုပ်ရေးမှူးက သူက လယ်စိုက်ရန် လူတွေကို ဦးဆောင်ရသည်က အဆင်ပြေပေမဲ့   ပညာတတ်တွေနှင့် ဆက်ဆံသည့်အခါ ပိုဆိုးသည်ဟု ဆို၏။ထို့ကြောင့် သူက လင်းလန်ကို လွှဲပေးလိုက်ရသည်ကို ဝမ်းသာအားရဖြစ်နေသည်။ လင်းလန်က ဝါဒဖြန့်ရေးဌာန၏ခေါင်းဆောင်ဖြစ်ပြီး ဤကိစ္စကို တာဝန်ယူရနမ သင့်လျော်ပေ၏။ သူမက ဒီအလုပ်အတွက် အသင့်တော်ဆုံးဖြစ်သည်။


တုန်ဟွိုင်ဟွရော သူရော ထိုသို့ မလုပ်နိုင်ကြပါချေ။ သူတို့က ပညာမတတ်သဖြင့် ပညာတတ်တွေနှင် စကားမပြောတတ်ပေ။ ယခု လင်းလန် က ဤပညာကို ကိုယ်တိုင်သင်ယူခြင်း သော်လည်း ပညာတတ်သူအဖြစ် သူတို့က အလိုအလျောက် သတ်မှတ်ခဲ့ကြသည်။


 ဟန်ချင်စုန့် လာမည်ဆိုသည်ကြားသောအခါ  အုပ်ချုပ်ရေးမှူး၏ ပထမဆုံး တုံ့ပြန်မှုကဤသို့ဖြစ်၏။


 အို့...တော်တော်လေး လိပ်ပြာမသန့်ဖြစ်မိတယ်...မြန်မြန်ပုန်းနေမှဖြစ်မယ်...


ဟန်ရုံဖန်က သူ့ကိုဆွဲထားသည်။


 "ဒီလိုအခန်းလေးထဲမှာကို... ဘယ်မှာသွားပုန်းနေမှာလဲ" 


အုပ်ချုပ်ရေးမှူးက ပြန်ထိုင်လိုက်ပြီး တဟီးဟီးလုပ်ကာ လမ်းလျှောက်လာသည့် ဟန်ချင်စုန့်ကို နှုတ်ဆက်လိုက်၏။


"ချင်စုန့်... မင်းအားရင် လာကစားလေ"


ဟန်ချင်စုန့်ကလည်း ဒီကို မကြာခဏ လာတတ်ပေမဲ့ အလုပ်အကြောင်းပဲ အမြဲပြောတတ်ပြီး သူစကားပြောပြီးသည်နှင့် ထွက်သွားလေ့ရှိကာ စကားဖောင်ဖွဲ့မနေချေ။ စိတ်တွေ ရှုပ်လာသည့်အခါ သူ ဒီမှာ အပျော်သဘောနှင့်လာသလိုမျိူး အလုပ်အကြောင်းတွေ ပြောလာပေလိမ့်မည်။


ဟန်ချင်စုန့်က ဟန်ရုံဖန်၏ အဘွားကြီး နှင့် မရီးများကို နှုတ်ဆက်ပြီး အခန်းထဲသို့ ဝင်ကာ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။


ဟန်ရုံဖန်က သူ့မျက်ခွံတွေကို ပင့်ပြီး တစ်ချက်ကြည့်လိုက်၏။


 "တစ်ခွက်..."


 ဟန်ချင်စုန့်: "အတွင်းရေးမှူး...ကျုပ် မသောက်တတ်ဘူး" 


အားလပ်ရက်တွေမှာ သို့မဟုတ် အိမ်မှာ တစ်ခါတလေ လင်းလန်သူ့ကို ငှဲ့ပေးသည်ကလွဲ၍ အခြေခံအားဖြင့်တော့ မသောက်ဖြစ်ပေ။


ထိုကိုပြောပြီး ရှက်စိတ်ကြောက်စိတ် လုံးဝမရှိဘဲ တည်တည်ငြိမ်ငြိမ်ထိုင်နေသည်။


အုပ်ချုပ်ရေးမှူးက စိတ်လှုပ်ရှားနေပြီး ခန္ဓာကိုယ်ကို ကိုင်းကာ စကားပြောချင်သော်လည်း ဘာပြောရမှန်းမသိဖြစ်ရာ အနည်းငယ်ရှက်သွားသည်။


အဓိက အကြောင်းအရင်းမှာ ဟန်ချင်စုန့်၏အရှိန်အဝါက ပြင်းထန်လွန်းသောကြောင့်ပင်။ သူကဂျူနီယာတစ်ယောက်ဆိုပေမဲ့ လူတွေကို လျစ်လျူရှုရန်ခက်ခဲသည့် စိတ်ခံစားမှုတွေ ဝင်လာစေ၏။


ဟန်ရုံဖန်က ဝိုင်တငုံသောက်ပြီးဆိုသည်။

 "ချင်စုန့် ငါတို့က မစီစဉ်နိုင်လို့ မင်းအပေါ် အမှားပြုမိတာပါကွာ"(မတရားပြုမိ)


 ဟန်ချင်စုန့်က ပြော၏။

 "ဘယ်လိုပြောလိုက်တာလဲ...အမှားပြုမိတယ်လို့မတွေးပါနဲ့... လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်သင့်ပါတယ်"


 အုပ်ချုပ်ရေးမှူးက သက်ပြင်းချလေသည်။ ညွှန်မှူးဟန်က  ပညာတတ်လူငယ်များကို နေထိုင်ရန် သဘောတူဟန်ရှိပြီး မကန့်ကွက်ခဲ့ပေ။မူလက လင်းလန်ကိုအသုံးပြုပြီး လှည့်စားသည့်ကိစ္စမှာ ပြေလည်သွားလိမ့်မည်ဟု သူထင်ခဲ့သည်။ ဟန်ချင်စုန့်က ဇနီးဖြစ်သူ၏ စကားကို လုံးဝကန့်ကွက်မည်မဟုတ်ပေ။


သို့ရာတွင်  အဘွားကြီးက သူ့ကို မရှင်းမလင်းဘုပိနေသည့်အတွက် ဆူပူ၏။


"သူတို့က ပညာတတ်လူငယ်တွေကို ဧည့်ခံဖို့ အိမ်ကြီးကြီးဆောက်ထားတာမဟုတ်ဘူးတော့” 


သူက ပိုက်ဆံပေးမှာဟုလည်း ပြောခဲ့သည်။


 "နှစ်ယွမ်လောက်ကို ဘယ်သူကလိုချင်လို့လဲ"


အဓိကအချက်မှာ သူတို့အားလုံးက ညီအစ်ကိုမောင်နှမတွေနှင့်အတူတူ အနွေးကုတင်တစ်ခုတည်းတွင်အိပ်ရသည့်ဘဝကလာကြသည့်အတွက် အထူးသဖြင့် အိမ်ထောင်ပြုပြီး ညီအကိုမောင်နှမတွေနှင့်တစ်ခန်းတည်းအိပ်ရသည့် ရှက်ရွံ့မှုနှင့်နာကျင်မှုတွေကို သိ၏။


Xxxxxxx