Part 593
တစ်ခါတစ်ရံမှာ အရှက်တရားတွေကိုမသိဟန်ပြုကာ ဒီအတိုင်းသွားကြရသည်။
ထို့အပြင် ဟန်ချင်စုန့်နှင့်လင်းလန်တို့က ကောင်းမွန်သောဆက်ဆံရေးရှိကြပြီး ချောမောငယ်ရွယ် ဇနီးမောင်နှံဖြစ်သည့်အပြင် သားသမီးများကလည်း ချောမောချစ်စရာကောင်းကြောင်း တစ်ရွာလုံးသိကြသည်။ ထို့အပြင် နွေရာသီတွင် အဝတ်အစား နည်းနည်းသာဝတ်ကြသောကြောင့် သူစိမ်းများ ဝင်ထွက်သွားလာရန် အဆင်မပြေလှပေ။
အုပ်ချုပ်ရေးမှူးက အဘွားကြီးပြောသည်ကို မတွေးမိခဲ့သော်လည်း အဘွားကြီးပြောသည်ကမှန်သည်ဟု ခံစားမိသည့်အခါ အပြစ်ရှိစိတ်နည်းနည်းလေးခံစားရသည့်အတွက် ဟန်ရုံဖန်နှင့် ဆွေးနွေးချင်ခဲ့သည်။
မမျှော်လင့်ဘဲ ဟန်ချင်စုန့် ရောက်လာ၏။
ဟန်ချင်စုန့်: "ချင်စုန့်...အိမ်မှာ အပြင်လူတွေ ရှိနေတော့ အဆင်မပြေဘူးလား"
ဟန်ချင်စုန့် : "အမှန်ပါပဲ... ကလေးတွေ ကြီးလာတဲ့အခါ လူပျိုအပျိုတွေနဲ့ ဗြုန်းစားကြီး အဆက်အဆံလုပ်ဖို့ မသင့်တော်ဘူး"
အုပ်ချုပ်ရေးမှူး ထိုအကြောင်းကို တွေးကြည့်သောအခါ သူ့သားတဝမ်က ဆယ့်သုံးနှစ်အရွယ် လူပျိုပေါက်လေးဖြစ်နေပြီဖြစ်ပြီး နှစ်အနည်းငယ်အတွင်း အိမ်ထောင်ပြုတော့မည်။ ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ်သမီးအကြီးဆုံးဖြစ်သည့် မိုင်စွေ့ လည်း ရှိပြီး ချောမောလှပသည်။ လင်းလန်က သားသမီးများကို ချစ်သောကြောင့် သေချာပေါက် သတိထားမည်ဖြစ်သည်။
ထိုပညာတတ်လူငယ်များနေထိုင်ရာတွင် မတော်တဆမှုဖြစ်ရန်လွယ်ကူသည်။
ဟန်ရုံဖန်: ".....ဘယ်လိုလဲ"
သူက ဟန်ချင်စုန့်ကိုကြည့်ရင်းဆို၏။
"ချင်စုန့်... မင်းမှာ အဖြေတစ်ခုရှိတယ်မလား... ငါ့ကို အကြံတစ်ခုပေးစမ်းပါ့"
ဟန်ချင်စုန့် : "ဦးလေး... တခြားတပ်မဟာတွေကနေ သစ်သားနဲ့ ကောက်ရိုးကို ဝယ်လို့ရတယ်..
ကျွန်တော် ကူဆက်သွယ်ပေးပါ့မယ်... ဦးလေးမှာ ပိုက်ဆံမလောက်ရင် အရင်ဆုံး အကြွေးဝယ်လို့ရတယ်”
အုပ်ချုပ်ရေးမှူးက သူ့ပေါင်ကိုရိုက်လိုက်သည်။
“ချင်စုန့်က ကူညီဖို့ ဆန္ဒရှိနေတာ ကောင်းပါတယ်... ပစ္စည်းတွေနဲ့ပြင်ရင် ငါးရက်လောက်အတွင် ပြင်လို့ရတယ်"
အမိုးပေါ်တင်မည့် ထုတ်တန်းများကရှိနေဆဲဖြစ်သည် အဓိကအားဖြင့် မြှာတိုင်များအတွက်သာလိုအပ်ပြီူ အမိုးဒိုင်းများကို ကောက်ရိုးများဖြင့် အစားထိုးနိုင်သည်။
ပြိုကျနေသောနံရံများကို တိုင်များဖြင့် ထောက်ထားပြီး အခန်းနှစ်ခန်းခွဲရန် တံခါးအဖွင့်များအဖြစ် တိုက်ရိုက်အသုံးပြုလိုက်၏။ ၎င်းနောက် အထပ်သားနံရံများ ဆောက်လုပ်ကာ ဂျုံရိုးကို အပေါ်ထပ်တွင် အုပ်ကြွပ်များအဖြစ် အသုံးပြုနိုင်သည်။
ဤသည်ကယနေ့ခေတ် ကွန်မြူနတီအဖွဲ့ဝင်အများအပြား၏ အိမ်ပုံစံလည်းဖြစ်သည်။ အခန်းနှစ်ခန်းရှိ အနွေးကုတင် များသည် မီးနှင့် ချိတ်ဆက်ထားပြီး မီးဖို၏ အဆုံးတစ်ဖက်တွင် မီးထွန်းထားသည်။အနွေးကုတင်နှစ်ခုလုံးက နွေးနေသဖြင့် ဆောင်းတွင်းတွင် အအေးဒဏ်ကို ကြောက်နေစရာမလိုပေ။
၎င်းကို ဆွေးနွေးပြီးနောက် ဟန်ချင်စုန့် စကားအနည်းငယ်ပြောပြီး ထွက်လာပြီးနောက် တစ်ချက်လောက် အရင် ကြည့်ရန် တပ်မဟာသို့ သွားခဲ့သည်။
လင်းလန်က သူမကိုယ်သူမ ပညာတတ်လူငယ်များနှင့် မိတ်ဆက်ပြီးနေပြီဖြစ်ကာ သူစိမ်းများသည် အတူတူစုရုံးကာ အချင်းချင်း စကားစမြည်ပြောကြသည်၊ ယင်းသည် ပထမဆုံး
ဖြစ်ရပ်လည်း ဖြစ်သည်။
သူမက ပထမဦးစွာ အဖွင့်မိန့်ခွန်းပြောပြီးနောက် ဖန်းရှောင်၊ကောင်းလုနှင့် ချီမင်တို့ကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်ဆိုလိုက်၏။
"ဘာလို့ရောက်လာတာပဲဖြစ်ဖြစ်...ရောက်လာခဲ့ကတည်းက မင်းတို့ ဘာမှလုပ်လို့မရဘူး... လာမယ့်နှစ်အနည်းငယ်မှာ မြို့ကိုပြန်ဖို့က မဖြစ်နိုင်ဘူး... အားလုံးမြို့ကိုပြန်သွားချင်ကြတာချည်းပဲ... အတူတူနေထိုင်ချင်ရင် တစ်ယောက်ကိုတစ်ယောက် သည်းခံနိုင်ပါစေ...အဲဒါကြောင့် ကျေးဇူးပြုပြီး နှလုံးသားကိုဖွင့်ပြီး မင်းတို့ရဲ့ တားမြစ်ချက်၊ ကြိုက်တာ မကြိုက်တာတွေ ပြောပြကြပါ... နောင်မှာ မတော်တဆ စိတ်အနှောင့်အယှက် မဖြစ်စေဖို့နဲ့ အချင်းချင်း မလိုလားအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ မဖြစ်စေဖို့အတွက် ပွင့်ပွင့်လင်းလင်း ထုတ်ပြောကြပါ"
အချို့သောသူများက သူမက တောကလူတွေနှင့် မတူဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပညာတတ်ထားပုံရသည်ဟုမြင်ပြီး အချို့မှာ သဘာဝကျကျ သူမကို အထင်သေးကြကာ သူမက ပညာတတ်များကို အတုခိုးနေသည်ဟု ထင်မြင်ကြသည်။ သို့သော် သူမက အခြားတောကလူများထက် ဉာဏ်ပိုကောင်းသည်ဟု အားလုံးက သဘောတူကြသည် သူမက ပုံမှန်လူများလို တောဆန်ပြီး ထုံထိုင်းမနေသောကြောင့် သူမကို မည်သူမှ မထီမဲ့မြင်ပြုမဝံ့ကြပေ။
လင်းလန်က သူမမိသားစုကိုမိတ်ဆက်ပေးလိုက်သည်။
“ငါတို့ ဦးလေးဟန်က ပြည်သူ့လုံခြုံရေးဗျူရိုမှာ အလုပ်လုပ်တယ်...မင်းတို့ရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအကြောင်း သူနဲ့ စကားပြောလို့ရတယ်... အစ်ကိုကြီးက အားကစားကို ကြိုက်တယ်... မင်းတို့မှာ ဝါသနာတူတာတွေရှိရင် သူတို့နဲ့ စကားပြောလို့ရတယ်...ညီမလေးမိန်က စာဖတ်စာသင်ဝါသနာပါပြီး အဝတ်အစားဒီဇိုင်းဆွဲတာကို သဘောကျတယ်... မိန်းကလေးတွေက သူနဲ့ အဆက်အသွယ် ပိုလုပ်လို့ရတယ်...ငါတို့ရဲ့ ဒုတိယအစ်ကိုက ကျောင်းသားကောင်းတစ်ယောက်... အကျင့်စာရိတ္တကောင်းပြီး ထမင်းချက်ကောင်းတာကြောင့် ချက်ပြုတ်နည်းကို သင်ပေးနိုင်တယ်"
ရှန်ယွီက အားဝမ်ကို ပြုံးပြီးပြော၏။
"နောင်မှာ မင်းငါ့ကို ပိုသင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
လင်းလန်က တစ်ယောက်နှင့်တစ်ယောက် ကြင်နာတတ်သူတွေကို သဘောကျဆုံးဖြစ်သည်။
စန်းဝမ်က လင်းလန်မိတ်ဆက်ပေးမည်ကို မစောင့်နိုင်ဘဲဆို၏။
"ကျွန်တော်..စန်းဝမ်...ကျွန်တော့်နာမည်က ဟန်ဝမ်မင်... ရေကူးရတာ ၊ ငါးကိုင်၊ ပုစဉ်းရင်ကွဲရှာတာ၊ ပုစဉ်းရင်ကွဲတွေ ကပ်ရတာကြိုက်တယ်...စာစီစာကုံးတွေ ရေးရတာ မကြိုက်ဘူး... စာစီစာကုံးရေးတတ်ပြီး ရေကူးရတာကြိုက်တဲ့လူရှိရင် ကျွန်တော်နဲ့လာဆက်သွယ်လို့ရတယ် "
လင်းလန်က သူ့ကိုကြည့်လိုက်သည်။
မင်းဘာလုပ်ချင်တာလဲ ကလေး...စာစီစာကုံးရေးတတ်ရင် မင်းနဲ့ကစားလို့ရတယ်ဆိုတော့... မင်းကို စာစီစာကုံးကူရေးမဲ့လူလိုချင်နေတာပဲ...
ဖန်းရှောင် : "မောင်လေး... အစ်မရဲ့အရေးအဖွဲ့က ကောင်းတယ်...အစ်မနင့်ကို သင်ပေးနိုင်တယ်"
စန်းဝမ်: "ဒါပေမဲ့ ကျွန်တော် အစ်မကို ရေကူးသင်ပေးလို့မရဘူးလေ ...အစ်မက မိန်းကလေးကြီး"
အချို့က ရယ်ကြပြီး အချို့က နှာခေါင်းရှုံ့ကြသည် အထူးသဖြင့် ဖန်းရှောင်က လင်းလန်တို့မိသားစုကို အပိုင်ကပ်ထားပြီးပြီဟု ယုံကြည်ကြသော ကောင်းလုနှင့်ချီမင်တို့က သဘာဝအတိုင်း မကျေမနပ်ဖြစ်သွားကြသည်။
ရှောင်ဝမ်က သူ့မျက်မှန်ကို ချိန်ညှိပြီးဆို၏။
"ကျွန်တော်က ဘာဂျာမှုတ်တတ်ပြီး သီချင်းဆိုနိုင်ပါတယ်"
ပညာတတ်လူငယ်များက ဤကလေးများ ကိုကြည့်ပြီး အံ့သြသွားကြသည်။ ယင်းက သူတို့စိတ်ကူးထားသည်နှင့် မတူပါချေ။ သူတို့ကျောင်းတက်တုန်းက အနီးနားက ကျေးလက်တောရွာကို သွားပြီး အတွေ့အကြုံရအောင် လေ့ကျင့်မှုတွေ လုပ်ရသည်။ ယေဘုယျအားဖြင့် နိုင်ငံတွင်းရှိ ကလေးများက အလွန်သီးသန့်ဆန်ကြသည်။မြို့က လူစိမ်းတွေကို တွေ့သောအခါ သတိထားကာ ကြောက်ရွံ့ကြပြီး စကားလေးလုံးလေးဘက်ကွဲအောင်မပြောနိုင်ကြပေ။ အချို့က အလွန်ကြမ်းတမ်း၊ ထုံထိုင်း၊ ကိုးရိုးကားယားဖြစ်၊ ထစ်တီးထစ်ငေါ်ဖြစ် သို့မဟုတ် ဆဲဆိုနေကြပြီး တကယ်ကို နှစ်လိုဖွယ်မရှိကြချေ။
သို့ရာတွင် လင်းလန်တို့မိသားစုက သူတို့မှာ ကျေးလက်ကလူတွေ၏ ရိုးသားဖြူစင်မှုရှိပေမဲ့ မသိနားမလည်မှု လုံးဝမရှိဘဲ ထက်မြက်ပြီး လှပချောမောကြသည် ဟူသောခံစားချက်ကို ခံစားရစေသည်။
စကားပြောရသည်ကိုမကြိုက်သည့် တဝမ်ပင်လျှင် ရှက်ကြောက် ပုန်းအောင်းခြင်းမျိုးမဟုတ်ဘဲ သူ၏ ပင်ကိုယ်စရိုက်က သီးသန့်ဆန်ချင်မျိုးဖြစ်သည်။သူ့မျက်လုံးများက တောက်ပစူးရှနေသောကြောင့် သူကလာရုံလာပြီး သူ့ကိုယ်သူ လေးလေးနက်နက် မိတ်မဆက်သော်လည်း လူအများက သူ့ကို လျှော့မတွက်ရဲကြပေ။
Xxxxxxx
Part 594
မိတ်ဆက်ခြင်းဆိုသည်က နာမည်နှင့်ဇာတိကို ပြောဆိုခြင်းမှလွဲ၍ ထူးထူးခြားခြားမဟုတ်ပေ ။ ထို့နောက် ကိုယ့်အကြိုက်နှင့် မကြိုက်သည့် အကြောင်းတွေ ပြောကြသည်။ ကွဲလွဲသည့် အသံတွေ ရှိနေပေမဲ့ အခြေအနေ တစ်ခုလုံးက တည်ငြိမ်ပြီး သဟဇာတဖြစ်နေ၏။
ဖန်းရှောင် : "လူတိုင်း ငါ့မျက်နှာကို မကြည့်ဘဲ... ငါ့ရဲ့ အရည်အချင်းကိုပဲ ကြည့်ကြပါ"
ကောင်းလုက နှာခေါင်းရှုံ့လိုက်သည်။
နင့်မှာ အရည်အချင်းရှိလို့လား...
ချီမင် : အရှက်မရှိ...
ဟောင်ဟုန်ကျန်း: "ဂီတနဲ့ အကကို ကြိုက်တယ်၊ ဒါပေမဲ့ ငါက စကားပြောမကောင်းဘူး... နေရာမကျတာတစ်ခုခုရှိမယ်ဆိုရင် အားလုံးက ခွင့်လွှတ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ကောင်းလု: "နောက်ကွယ်မှာ လှည့်စားတတ်တဲ့လူတွေကို ငါမကြိုက်ဘူး
သူမက ဖန်းရှောင်ကို အဓိပ္ပါယ်ရှိစွာ စိုက်ကြည့်နေသည်။
ဖန်းရှောင်က နှာခေါင်းရှုံ့၏။.
ငါ့နောက်ကွယ်မှာသာ ငါ့အကြောင်း မကောင်းမပြောနဲ့...နင်မလုပ်နိုင်ဘူးလို့ပြောဖို့ ဘယ်သူက ဂရုစိုက်မှာလဲ...
ချီမင် : “ငါတို့အားလုံး တန်းတူညီတူပါပဲ...ကိုယ့်ကိုကိုယ် တခြားသူတွေထက် သာလွန်တယ်လို့ ဘယ်သူကမှ မတွေးသင့်ဘူး...မျက်နှာရအောင်ကြိုးစားရင်း ကျေးလက်ဒေသခံတွေကို မထီမဲ့မြင်မပြုပါနဲ့...အဲ့ဒါက ရွံစရာကောင်းတယ်"
ဖန်းရှောင်:မသိရင် သူက တတ်နိုင်နေတာကျနေ...တောကလူတွေက အမျိုးသမီပညာတတ်လူငယ်တွေ ရေချိုးပြီး အိမ်သာသွားကြ ချောင်းကြည့်ရတာနဲ့ လမ်းပေါ်မှာ သေးပေါက်ရတာ ကြိုက်တယ်လို့ ဘယ်သူကပြောလဲ မသိဘူး...
ဟန်ချင်စုန့် ဝင်လာသောအခါတွင် တပ်မဟာဌာနချုပ်ဝင်းအတွင်း လူအုပ်ကြီးတစ်အုပ်က အဝိုင်းကြီးတစ်ခုဖွဲ့ကာ အချို့က ခုံတန်းရှည်များပေါ်တွင် ထိုင်နေကြသည်၊ အချို့မှာ ကျောက်တုံးပေါ်တွင် ထိုင်နေကြပြီး အချို့မှာ မြေပြင်ပေါ်တွင် တိုက်ရိုက်ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။သူ မဝင်ဘဲ တံခါးနားက သစ်ပင်တစ်ပင်ကို မှီပြီး လက်နှစ်ဖက်ကို ပိုက်ကာ လင်းလန်ကို ငြိမ်သက်စွာ ကြည့်နေခဲ့သည်။
ရှောင်ဝမ်က လင်းလန်၏ ရင်ခွင်ထဲတွင် ထိုင်နေပြီး စန်းဝမ်က သူမ၏ပေါင်ကိုမှီလျက် မိုင်စွေ့နှင့်အားဝမ်တို့က သူမဘေး၊တဝမ်ကလည်း သူမနောက်တွင် ထိုင်နေသည် ပညာတတ်လူငယ်များ တန်း၍ မြေပြင်ပေါ်တွင် စက်ဝိုင်းပုံထိုင်နေကြသည်။ သူမ ဘာပြန်ပြောရမှန်းကို မသိဖြစ်နေသည့်အတွက် လူတိုင်းက ရယ်မောရင်း နွေးထွေးသော မျက်လုံးများဖြင့် သူမကို ကြည့်နေကြသည်။
ပညာတတ်လူငယ်တစ်ယောက်က ရယ်ပြီးပြော၏။
"ကပ္ပတိန်လင်း...ခင်ဗျားက ကိုယ်တိုင်သင်ယူခဲ့တာကိုသာ ကျွန်တော်တို့မကြားမိခဲ့ရင် နှစ်ပေါင်းများစွာ စာသင်ခဲ့တယ်လို့ ကျွန်တော်တို့ တကယ်သံသယဖြစ်မိမှာ"
လင်းလန်က ရယ်ပြီးဆိုလိုက်သည်။
"ညွှန်မှူးဟန်နဲ့ ငါတို့ ကလေးတွေကို ကျေးဇူးတင်ရမှာပဲ... သူတို့က ငါ စာသင်ရာမှာ ပံ့ပိုးပေးတဲ့ သူတွေပဲ"
စန်းဝမ်က ချက်ချင်း အော်ပြောသည်။ "ကျွန်တော် သက်သေခံနိုင်တယ်...မားမားက စာအရမ်းကြိုးစားတာ ... အစ်ကိုကြီး လေးတန်းတက်နိုင်အောင် ပြဋ္ဌာန်းစာအုပ်တွေ နေ့ရောညပါ ဖတ်တယ်"
နောက်ဘာဆက်ဖြစ်သလဲဆိုသည်ကား စန်းဝမ်က လူနှစ်ဆယ်သုံးဆယ်ကြားမှာ သူ့ကိုယ်သူ ထုတ်ဖော်ပြသရန်အခွင့်အရေးကို ဆုတ်ကိုင်ပြီး သူ့အစ်ကိုကြီး၏ အတန်းကျော်လိုသောဆန္ဒကို ကွက်ကွက်ကွက်းကွင်း ပြက်ပြက်ထင်းထင်း ပြောပြပါတော့သည်။
"ကပ္ပတိန်လင်းက တော်လိုက်တာ "
"ဆရာမလုပ်လို့ရတယ်"
"ကျောင်းသားတဝမ်ကလည်း အရမ်းတော်တာပဲ...သူကအတန်းအောင်အောင်မြင်မြင်ကျော်နိုင်တယ်"
လင်းလန် စန်းဝမ်ကို အလျင်အမြန် ထိုင်ရန်အမူအရာပြလိုက်၏။
"အကုန် ရယ်ကုန်ကြပြီ...ငါတို့တောမှာစာလေ့လာတာက ရိုးရှင်းပါတယ် ငါက ပြဌာန်းစာအုပ်ကို အပြန်ပြန်အလှန်လှန်လေ့လာနေရတာကို တကယ်ရှက်မိတယ်...မင်းတို့က အရမ်းတော်ပြီး မြို့မှာလည်းအများကြီး တွေ့ဖူးမြင်ဖူးတော့...မင်းတို့ရဲ့ဘဝအတွေ့အကြုံက ငါတို့ဖတ်ဖို့စာအုပ်တစ်အုပ်ရေးရလောက်တယ်"
ရှန်ယွီက အပြုံးတစ်ခုနှင့် ဆိုသည်။
"အခု ကျွန်တော်တို့အကုန်လုံးက ကပ္ပတိန်လင်းဆီကနေ ကျေးလက်အကြောင်းစာအုပ်ကို သင်ယူကြတော့မှာလေ"
ကပ္ပတိန်လင်းအနေနဲ့ အနာဂတ်မှာ ကျွန်တော့်ကို မလိုမုန်းထားမဖြစ်ဖို့မျော်လင့်ပါတယ်...
"မင်းတို့ သင်ယူချင်သရွေ...ငါနားလည်သရွေ့ မင်းတို့မေးလို့ရပါတယ်...ငါတို့တပ်မဟာရဲ့ ကေဒါတွေ၊အဖွဲ့ဝင်တွေအကုန်လုံးက အကြံညဏ်ပေးဖို့ဆန္ဒရှိကြပါတယ်"
လင်းလန် စိတ်ရင်းဖြင့် ပြောလိုက်၏။
ထိုနေရာတွင်ရပ်နေရင်း ဟန်ချင်စုန့် သူမကိုကြည့်နေရသည်အား စွဲလန်းနေမိသည်။ သူမအနားမှာရပ်ပြီးကြည့်ရသည်နှင့် လူအုပ်ကြားကနေဖြစ်ပြီး အဝေးကနေ သူမကိုကြည့်ရသည့် ခံစားချက်က မတူပါချေ။ သူ့ရင်ထဲမှာ ထူးဆန်းသည့်ခံစားချက်တစ်ခုရှိနေ၏...သူမက သူနဲ့ အဝေးကြီး ဝေးကွာနေသလိုမျိုး...
ထိုနေရာတွင် ထိုင်ရင်း သူမ အချက်အခြာဖြစ်ပြီး စကားပြောတတ်သူဖြစ်စေ စိတ်ဆတ်သူဖြစ်စေ ထိုပညာတတ်လူငယ်များသည် လွတ်လပ်စွာပြောဆိုရန် သူမထံမှ အဆွဲဆောင်ခြင်းခံလိုက်ရသည်။
သူမ၏အနှီဘက်ခြမ်းကို သူ တစ်ခါမှ မမြင်ဖူးခဲ့။
လွန်ခဲ့သည့် ဆောင်းရာသီတွင် သူ သူမဝါဒဖြန့်ရာတွင် စတင်လိုက်ပါခဲ့ပြီးနောက် ယခုအချိန်နှင့် မတူ ကွဲပြားသွားခဲ့လေသည်။ထိုအချိန်တုန်းက ပရိတ်သတ်များမှာ အခြေအားဖြင့် ပညာမတတ်သောကွန်မြူနတီအဖွဲ့ဝင်များဖြစ်ပြီး သူမက သက်တောင့်သက်သာနှင့် ပျော်စရာကောင်းအောင် ဟောပြောခဲ့၏။
ယခုမူ သူမကို ပညာတတ်လူငယ်များ ဝိုင်းရံထားပြီး သူမပြောသမျှကို သူ နားမလည်သော်လည်း ပညာတတ်လူငယ်များက စိတ်ဝင်စားမှုအပြည့်ဖြင့် နားထောင်ကြသည်။
ထိုအချိန်တွင် သူမနှင့် သူတို့က တူညီသောလူများဟု ရုတ်တရက် ခံစားရပြီး သူနှင့် သူမက (မတူညီသော) ကမ္ဘာနှစ်ခုဖြစ်နေသည်။
အတိအကျကိုပဲ...
အထူးသဖြင့် တစ်စုံတစ်ယောက်က သူမအား ကြည်ညိုလေးစားမှုအပြည့်၊ နွေးထွေးရိုးသားသော မျက်လုံးများဖြင့် ကြည့်သောအခါတွင်ဖြစ်၏။ သူမကို တခြားတစ်ယောက် လုယူသွားလိမ့်မည်ဟူသော အတွေးက သူ့စိတ်ထဲမှာ ရုတ်တရက် ပေါ်လာပြီး ထိတ်လန့်မှုကြောင့် သူ့မျက်ခုံးတွေပင့်တက်သွားခဲ့သည်။
သူ့နောက်မှာ တစ်ယောက်ယောက်ရှိနေသည်ကို သတိထားမိကာ လန့်သွားပြီး လှည့်ကြည့်လိုက်သောအခါ အမှောင်ထဲကနေ တိတ်တဆိတ် ကောင်မလေးတစ်ယောက် ချဉ်းကပ်လာသည်ကို သူတွေ့လိုက်ရ၏။
သူက အသံကိုနိမ့်ပြီးမေးလိုက်သည်။
“ဘယ်သူ့ကို ရှာနေတာလဲ”
ချိုက်ဟွားက တခစ်ခစ်ရယ်ပြီးဆို၏။
“ညွှန်မှူးဟန်...ကျွန်မလည်း နားထောင်ချင်လို့ပါ”
အထဲက လူတွေက အပြင်က အသံတွေကို ကြားသောအခါ သူတို့က ဘယ်သူလဲဟု မေးကြသည်။
ချိုက်ဟွား: "ညွှန်မှူးဟန်နဲ့ ကျွန်မ"
ဟန်ချင်စုန့် ချဉ်းကပ်လာသံကို ကြားသည်နှင့် လင်းလန်က ချက်ချင်း လက်ပြပြီးဆိုလိုက်၏။
"စန်းကော... ဒီမှာ ထိုင်"
ဟန်ချင်စုန့်က ခြေလှမ်းကြဲကြီးများဖြင့် ရောက်လာသည်။
ဟန်ချင်စုန့် ဝင်လာသည်ကို မြင်သောအခါ နွေးထွေးသည့်လေထုက ခဏလောက် အေးခဲသွား၏။ လင်းလန် ပြုံးပြီးပြောလိုက်သည်။
"လူတိုင်း ချုပ်တည်းနေစရာမလိုပါဘူးး... ဆက်ပြောကြပါ"
သူမက ဟန်ချင်စုန့်ကိုဆွဲပြီး ထိုင်ခိုင်းလိုက်၏။
ဟန်ချင်စုန့်က သူမအနားတွင် နာခံစွာထိုင်ကာ ရှောင်ဝမ်ကို သူ့ရင်ခွင်ထဲဆွဲခေါ်လိုက်သည်။ လူက ဘယ်လောက်ပဲ ရက်စက်ပါစေ၊ သူ့လက်ထဲမှာ ပန်းရောင်နှင့် ကျောက်စိမ်းတို့ဖြင့် ထွင်းထားသည့် အရုပ်လေးတစ်ရုပ်ရှိနေသောအခါ လူတိုင်း၏အကြည့်များက အတော်လေးကြင်နာသွားကြ၏။
ချိုက်ဟွားက ရှန်ယွီ အနားသွားထိုင်သည်။
ရှန်ယွီ: "အစ်ကိုရှောင်ဝမ် ... ငါတို့အတွက် ဘာဂျာမှုတ်ပေးပါ"
ရှောင်ဝမ်ကလည်း ကြောက်မနေပေ။ ဟောင်ယွမ်က သူ့ကို အတန်းထဲမှာ အများရှေ့တွင် ဖျော်ဖြေရန် အမြဲခိုင်းနေကြဖြစ်၏။ သူက ဘာဂျာကို ကောက်ကိုင်ပြီး မှုတ်လိုက်သည်။
Xxxxxxx