အပိုင်း ၅၉၇-၅၉၈
Viewers 37k

Part 597


သူမ၏ ပါးပြင်များက နီရဲနေကာ အသံတိတ် တောင်းပန်နေသကဲ့သို့ စိုစွတ်နေသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေလေသည်။


မရဘူးနော်...


သူမ သူ့ကိုအကြည့်များဖြင့်တောင်းပန်လိုက်၏။

အပြင်လူတွေရှိရင် ကြားသွားလိမ့်မယ်...


သူက သူမကို ပူလောင်ပြင်းပြနေသော မျက်လုံးများဖြင့် ခဏမျှ စိုက်ကြည့်နေပြီးနောက် သူမ၏စကားဆိုနေသော မျက်လုံးများကိုနမ်းလိုက်လေသည်။


"ဟေး...မလုပ်နဲ့"

 

သူမ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပေမဲ့  သူက သူမကို ပိုင်စိုးလိုမှု၊စိတ်အားထက်သန်မှုများနှင့် ပြင်းပြင်းပြပြ နမ်းရှိုက်လာ၏။ ယနေ့ညအနမ်းက  မြို့ကို တိုက်ခိုက်လိုက်သကဲ့သို့ ရောထွေးယှက်တင်နေကာ   သူမဆီကထွက်သမျှ ညည်းညူသံအားလုံးကို သူက မျိုချလိုက်ပြီး သွယ်လျသောလက်ချောင်းများက သူမကိုယ်ပေါ်တွင်  မြက်ခင်းပြင်မီး​ကို မွှေးပေးနေပြီး ခံနိုင်ရည်မရှိဖြစ်စေခဲ့သည်။


 ... အဆုံးတွင် သူမသည် တဆတ်ဆတ်တုန်နေပြီး သူ့လက်ချောင်းများကြားတွင် ဆုပ်ကိုင်ထားခံရရင်း ထုတ်လွှတ်မှု၏ တင်းမာမှုနှင့်  ပျော်ရွှင်မှုတို့ ရောထွေးသွားကာ မျက်ရည်များက အလိုအလျောက် လိမ့်ကျလာသည်။


သူက  သူမပါးပြင်ပေါ်ရှိ မျက်ရည်စက်များကို စုပ်ယူလိုက်ပြီး သူမကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးကာ သူမကို သူ့ရင်ခွင်ထဲထည့်၍ ယပ်တောင်ကို ဖြည်းဖြည်းချင်း ခတ်လိုက်သည်။


"အိပ်တော့"


သူ့၏တင်းမာမှုကို ထိကပ်ခံစားလိုက်ရသောလင်းလန်: "..." 

ဒီပုံစံနဲ့ ရှင်အိပ်ပျော်နိုင်တယ်ပေါ့...


......


ပညာတတ်လူငယ်များသည် နှစ်ရက်တာ ပင်ပန်းနွမ်းနယ်ပြီး နောက်ဆုံးတွင် ဤညတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။ 

ကျေးလက်သို့ သွားရမည်ဟု သိပြီးကတည်းက ဤမျှ သက်တောင့်သက်သာ အိပ်ရခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။


ရလဒ်အနေဖြင့် သူတို့နိုးလာသည့်အခါ တဝမ်၊အားဝမ်၊ စန်းဝမ်နှင့်ရှောင်ဝမ်တို့တွေပင် မရှိတော့သည်ကို တွေ့လိုက်ရ၏။


ဒါ...


ကျောင်မင်ကျယ် အမြန်ထပြီး ချီဖုန်းရှို့ကိုပါ တစ်လက်စတည်း ဆွဲထူလိုက်သည်။ချီဖုန်းရှို့က အနည်းငယ်စိတ်တိုသွားသော်လည်း မျက်နှာမဲ့ရင်း ထနေဆဲဖြစ်၏။


 သူတို့ နိုးလာသည်ကို မြင်သောအခါတွင် လင်းလန်က ပြုံးပြီးဆိုသည်။


 "မင်းတို့ ကောင်းကောင်း အိပ်ပျော်ရဲ့လား"


ကျောင်မင်ကျယ်: " ကျေးဇူးတင်ပါတယ် ကပ္ပတိန်လင်း...ကျွန်တော်တို့ ကောင်းကောင်း အိပ်ပျော်ပါတယ်ဗျ"


" ကောင်းပြီ " 


လင်းလန်က သူတို့ကို ထပြီး ရေတစ်ခွက် သောက်ရန် အချက်ပြလိုက်သည်။ .


ကျောင်မင်ကျယ်က   စိတ်ဝင်တစား မေးလိုက်၏။

 "ညီလေးတွေရော ဘယ်မှာလဲ"


လင်းလန်က  အပြင်ကို လက်ညိုးထိုးပြပြီးဆိုသည်။


 "မနက်ခင်းလေ့ကျင့်ခန်းလေ...မင်းတို့လည်း လုပ်လို့ ရတယ်"


ကျောင်မင်ကျယ်၏ မျက်လုံးတွေ တောက်ပလာပြီးပြောလိုက်သည်။


"ဒါဆို ကျွန်တော်  သွားလိုက်ဦးမယ်"


ချီဖုန်းရှို့က   သဘောမတူဘဲဆို၏။


"လှုပ်ရှားဖို့ အစားအစာ လုံလောက်လို့လား” 


တက်တက်ကြွကြွလုပ်လျှင် ဗိုက်ဆာပေလိမ့်မည်။


လင်းလန်က ပြုံးပြီး

"စိတ်မပူပါနဲ့ ...ရှန်ရွေ့ ရွာမှာ မင်း အလုပ်ကြိုးစားသရွေ့ ဗိုက်ပြည့်လိမ့်မယ်"


လင်းလန် ထမင်းချက်ရန် ထသွားပြီး မိုင်စွေ့ ကလည်း ထပြီး ကူညီရန် ပြင်လိုက်သောအခါ ဖန်းရှောင်က ရေရွတ်လာသည်။


"အစောကြီးရှိသေးတယ်"


မိုင်စွေ့ : "ပထမဆုံးရက်မှာ အလုပ်မသွားရင် ခဏလောက် အိပ်လို့ရတယ်" 


သူတို့က ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမကိုသွားလျှင် ဒီနေ့ အလုပ်သွားစရာ မလိုပါချေ။ လယ်ယာအလုပ်တွေရှုပ်နေချိန်မှာ ငါးနာရီထိုးပြီးသည်နှင့်အလုပ်သွားကြပြီး အလုပ်မရှုပ်ချိန်မှာ ရှစ်နာရီလောက်မှာ အလုပ်သွားလုပ်ကြသည်။ ဟန်ရုံဖန်  အတော်လေး ကြင်နာတတ်သေး၏။


ဟောင်ဟုန်ကျန်းနှင့်ကောင်းလုတို့လည်း နိုးလာကြသည်။


 "ကောင်းကောင်းမွန်မွန်အိပ်ခဲ့ရပါတယ်"


မိုင်စွေ့က ရယ်ပြီးပြော၏။

 "အထဲမှာဆိုတော့ အေးအေးဆေးဆေး အိပ်ရတာပေါ့"


ဖန်းရှောင်က ရေရွတ်လိုက်သည်။

 "မနေ့ညက အိပ်ပျော်နေရင်းစကားပြောနေတာ ဘယ်သူလဲ...ဆူညံနေတာပဲ... ဟီးဟီးဟီး "


မိုင်စွေ့က ရယ်လိုက်၏။

 "စန်းဝမ် ဖြစ်ရမယ်"


စန်းဝမ်ဟု ကြားသောအခါ ဖန်းရှောင် ဆက်ပြီးမနှစ်မြို့ခြင်းမရှိတော့ဘဲ မျက်လုံးတွေကို ပွတ်သပ်ကာဆိုလိုက်သည်။


 "ရို့...စန်းတိက အိပ်ပျော်ရင်း စကား ပြောနေတုန်းပဲ... ရယ်စရာကောင်းတယ်"


ကောင်းလုက သူမ၏ နှုတ်ခမ်းများကို တွန့်ကွေးလိုက်၏။ ဖန်းရှောင်၏ မျက်လုံးထဲတွင် ချောမောလှပသော ကလေး၏ အိပ်ရင်းလမ်းလျှောက်ခြင်းကလည်း ချစ်စရာကောင်းပြီး ညစ်ပတ်သော ကလေး၏ အိပ်ရင်းလမ်းလျှောက်ခြင်းဆိုလျှင်  မည်သို့​ဖြစ်မည်မှန်း မသေချာပေ။


မျက်နှာသစ်သည့်အခါ မိုင်စွေ့  နှင့် အခြားသူများတွင်လည်း သွားတိုက်ဆေးနှင့် သွားတိုက်တံများပါရှိနေသည်ကို ဖန်းရှောင် တွေ့ခဲ့ရသည်။  ၎င်းတို့က သူတို့ကဲ့သို့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိ၏။


 သို့ပေမဲ့ ကောင်းလုက  သွားမတိုက်သည့်အတွက်ကြောင့် သူမက အော်လိုက်၏။


  "ကောင်းလု...နင်သွားမတိုက်ဘူးလား"


 ကောင်းလုရှက်ပြီး မျက်နှာနီသွားသည်။

"သွားတိုက်တံယူဖို့ မေ့သွားလို့" 


ခဏအကြာတွင် ဟန်ချင်စုန့်က ကလေးတွေကို ခေါ်ပြီး ပြန်လာသည် တွေ့လိုက်ရ၏။


အရပ်ရှည်ရှည် တင်းမာသော မျက်နှာထားနှင့် ခပ်ဖြောင့်ဖြောင့် ယောကျာ်းက  သူ့ကိုယ်ပေါ်ရှိ အပူငွေ့များက လူတွေကို သူ့အနား ချဉ်းကပ်ရမည်အား ကြောက်လန့်စေသည်။ သူ့နောက်က ကလေးတွေကလည်း သူတို့၏ ကိုယ်ပိုင်လက္ခဏာတွေဖြစ်သည့် ဖရီးဆိုဒ်စွပ်ကျယ်နှင့် ဘောင်းဘီတိုတွေဖြင့် ဖြစ်၏။ တဝမ်က သူ့မျက်နှာတွင် ဘာအမူအရာမှ မရှိဘဲ ပြေးဝင်လာသောအအခါပင် ထူးထူးခြားခြား ဘာမှ မတွေ့ရပေ။ အားဝမ်၏ ချောမောလှပသော မျက်နှာက နီမြန်းနေပြီး သူ့ခန္ဓာကိုယ်မှ ချွေးများ စီးကျနေ သည်။ စန်းဝမ်က မပင်ပန်းရုံသာမက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေကာ တောက်ပသော အနက်ရောင်မျက်လုံးများသည်ကျောက်မျက်ရတနာများကဲ့သို့ အထူးတလည် ခွန့်အားပြည့်ဝနေသည်။ရှောင်ဝမ်၏ဆံပင်များက စိုစွတ်နေပြီး ရေစက်သေးသေးလေးများက သူ့မျက်တောင်ရှည်ရှည်များပေါ်တွင် တဖျပ်ဖျပ်ဖျပ်ခုန်ပေါက်နေကာ မက်မွန်ပွင့်မျက်လုံးများကို ပို၍ ဖော်ရွေပြီး ချစ်စရာကောင်းစေသည်။


 တကယ့်ကို မျက်စိပသာဒဖြစ်စရာပါပဲ...


ကျောက်မင်ကျယ် ကုန်းကုန်း ကုန်းကုန်းဖြင့် ခြေထောက်နှစ်ချောင်းကိုတရွတ်ဆွဲ၍ရောက်လာပြီး  အသက်ရှူကြပ်ကာ ဟောဟဲလိုက်နေ၏။


 "ပင်ပန်းလိုက်တာ... မောနေပြီ... မင်း...မင်းတို့က အရမ်းအံ့သြဖို့ကောင်းတာပဲ" 


ဖန်းရှောင် : "ကျောင်မင်ကျယ်...နင် မသန်မစွမ်းဖြစ်နေတာလား"


ကျောင်မင်ကျယ်က မြေပြင်ပေါ်မှာ ထိုင်ချလိုက်သည်။ နည်းနည်းမှ ထပ်မရွေ့ချင်တော့ဘူး...


 "နင်...နင်မကြောက်ရင် စမ်းကြည့်လေ"


သူက အနည်းငယ် လက်မခံနိုင်ဖြစ်ပြီး သူ့အရှိန်ကို တဝမ်နှင့်  နှိုင်းယှဉ်ချင်ခဲ့သည့်။ အကြောင်းမှာ သူ၏ပေါက်ကွဲနိုင်စွမ်းက ကောင်းနေသေးသည်ဟု ခံစားရ၍ပင်။ ရလဒ်အနေဖြင့် တဝမ်က သူနှင့်မပြိုင်ဘဲ အားဝမ် နှင့် စမ်းကြည့်ခိုင်းခဲ့သည် ၎င်းနောက် သူ အလွန်ရှက်စရာကောင်းစွာ မျက်နှာပျက်သွားခဲ့ရသည်။


သူက အားဝမ်ကို လက်ညှိုးထိုးပြပြီးဆို၏။


 "ဒုတိယအစ်ကို...သူက အရမ်းကြော့ရှင်းတယ်... ဒါပေမဲ့ ဒီလောက်မြန်မယ်လို့ ငါ မမျှော်လင့်ထားဘူး...မဟုတ်ဘူး...ကြည့်လည်းကောင်းသေးတယ်ကွာ"


ဖန်းရှောင်က  စန်းဝမ်ကို လက်မထောင်ပြလေသည်။


 "စန်းတိက ယောကျာ်းကွ"


 စန်းဝမ်: "အဲ့လိုဆိုရင်တောင် ကျွန်တော် အစ်မကို ရေကူးသင်ပေးလို့မရဘူး...အစ်မက မိန်းကလေး"


ဖန်းရှောင် : "...တကယ်တော့ ငါရေကူးတတ်တယ်"


"ရေကူးတတ်တာလား" 


စန်းဝမ် အံ့သြသွား၏။

 "အစ်မက မိန်းကလေးကို ရေကူးတတ်တယ်ပေါ့...ကျွန်တော့်မမတောင် မကူးတတ်ဘူး"


"ရေကူးတာက အရမ်းရိုးရှင်းတယ်... ဟိုးငယ်ငယ်ကည်းက သင်ခဲ့တာ"


စန်းဝမ် အတော်လေး စိတ်ဝင်စားသွားပြီး ဘယ်မှာသင်ခဲ့လဲ ဆိုသည်ကို မေးခဲ့ကာ ရေကူးကန်အကြောင်း သိသွားသည်။


"ရေကူးကန်မှာ တစ်နှစ်ပတ်လုံး ရေကူးလို့ရလား"


"နေ့တိုင်းပဲ... ရေချိုးလို့လည်းရတယ်"


"အစ်မတို့ မြို့ကလူတွေက ဘယ်လိုပျော်ရမှန်း တကယ်သိတာပဲ"


 "အိုး...မဟုတ်တော့ပါဘူး ...အခု ငါလည်း တောသူဖြစ်နေပါပြီ"


ဖန်းရှောင်က  သက်ပြင်းချလိုက်၏။။


စန်းဝမ်က ဟန်ချင်စုန့်ဆီကို ပြေးပြီးမေးလေသည်။


 "အဖေ... ဒီမှာ ရေကူးကန်ရှိလား"


ဟန်ချင်စုန့်:  "ခရိုင်မှာရှိတယ်"


"အဲ့ဒါက အရမ်းဝေးတယ်။" 


အဲ့လောက်အဝေးကြီး ရေကူးဖို့ ပြေးသွားလို့မရဘူး...


Xxxxxxx

Part 598


ဟန်ချင်စုန့်က ရေချိုးခန်းထဲသို့ တန်းတန်းမတ်မတ်သွားကာ ရေအေးဖြင့် ရေချိုးပြီးနောက် အဝတ်အစားလဲ၍ လင်းလန်ကို ရှာရန် အိမ်ထဲသို့ ဝင်ခဲ့သည်။


တဝမ်က မြေပြင်ပေါ်ရှိ ကျောက်မင်ကျယ်ကို လက်ယပ်ခေါ်လိုက်၏။


 "ထပြီး မင်းရဲ့အကြောတွေကို ဆန့်ထုတ်လိုက်"


 ကျောက်မင်ကျယ်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီးဆိုသည်။


  "ငါ မလှုပ်နိုင်တော့ဘူးကွာ"


အားဝမ်: "မလှုပ်ရင် မင်း အတော်လေး နာကျင်နေလိမ့်မယ်...မနက်ဖြန်မနက် အိပ်ရာထနိုင်မှာမဟုတ်တော့ဘူး"


စန်းဝမ်က လှမ်းခုန်လိုက်ပြီးပြော၏။


 "ဆန့်လိုက်...ကျွန်တော်က နင်းပေးတဲ့နေရာမှာအတော်ဆုံးပဲ" 


 အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုနှစ်ယောက်လုံးကို သူနင်းပေးဖူးသည်။


ကလေးတွေ ပြန်လာသည်ကိုမြင်သောအခါ လင်းလန်က အားဝမ်ကိုပြောလိုက်၏။


 "ဒုတိယအစ်ကို...ပညာတတ်လူငယ်ရှန်ကို ဟင်းချက်နည်းသင်ပေးလိုက်ပါဦး" 

 

ပညာတတ်လူငယ်အများစုက တစ်ခါမှ မချက်ဖူးကြသလို မီးလည်းမမွှေးတတ်ကြပေ။ သူတို့ အိမ်ကို မတော်တဆ မီးရှို့မိလျှင် ဒုက္ခရောက်သွားပေလိမ့်မည်။


အားဝမ်က ရေချိုးခန်းသို့ သွား၍ရေချိုးပြီးနောက် အဝတ်သန့်သန့်ကို ၀တ်ကာ ဆံပင်ကို သာမန်ကာလျှံကာ ဖြီးပြီး အပြင်ထွက်လာခဲ့သည်။


ကောင်းလုက သူ့နောက်ကနေလိုက်သွား၏။ "အားဝမ်ကော ... ငါနင်နဲ့အတူတူလိုက်ခဲ့မယ်"


ဖန်းရှောင်က   သူမသေမည်ဆိုလျှင်ပင် ဟင်းချက်ရန်စိတ်မဝင်စားသလို သင်လည်းမသင်ချင်ပေ။ယခု သူမက စန်းဝမ်နှင့် ရှောင်ဝမ်တို့ကို စိတ်ဝင်စားနေသည်။ ဤကလေးနှစ်ယောက်က တကယ်ပျော်စရာကောင်း၏။ရှောင်ဝမ်၏ပန်းချီကားတွေကို ကြည့်ပြီး သူမက သူမလည်း ဆွဲချင်သည်ဟုပြောလိုက်သည်။


 "ငါက ဂီတကို လေ့လာဖူးပေမဲ့ ဂစ်တာတစ်ခုပဲတီးတတ်တယ်...ဆီဆေးကိုလေ့လာဖူးပေမဲ့ ပုံကြမ်းလောက်ပဲ တတ်ခဲ့တယ်...သင်ပေးပါနော် " 

 

ရှောင်ဝမ် : "ပုံကြမ်းဆိုတာ ဘာလဲ..."


 ဖန်းရှောင်  သူ့ကိုပြောပြလိုက်ရ၏။

 "ကလေးရှေ့ကဒီလိုဟာတွေဆွဲဖို့ ခဲတံကိုသုံးတာ"


ရှောင်ဝမ်က အလွန်စိတ်ဝင်စားစရာကောင်းသည်ကို သူမတွေ့လိုက်ရသည်။ သူက သူဘာပဲလုပ်လုပ် သူ့နည်းသူ့ဟန်အတိုင်း လိုက်နေပုံရသည် ။


ရှောင်ဝမ်က  ချက်ချင်းပင် စိတ်ဝင်စားသွားပြီး ခဲတံနှင့် စာရွက်ကို ယူလာခဲ့သည်။


ဖန်းရှောင် အတော်လေး ရွံသွား၏။

 "ဒီခဲတံက မကောင်းဘူး...ငါတို့ ကိုယ်ဘာကိုယ်လုပ်လို့ရတယ်"


စန်းဝမ်နှင့် ရှောင်ဝမ်တို့က ခဲတံလုပ်နည်းကို အလွန်သိချင်နေကြပြီး မိုင်စွေ့ကလည်း သူမ သူတို့နှင့် ပူးပေါင်းနိုင်သည်ဟု ဆိုသည်။


 ဖန်းရှောင် စန်းဝမ်နှင့်ရှောင်ဝမ်ကိုခေါ်၍ မိုးမခချောင်းတွေ သွားချိုးပြီး သူတို့ပြန်လာချိန်မှာ ကူမီးမြိုက်ပေးရန် မိုင်စွေ့ကို ပြောလိုက်၏။ 


 အားဝမ် တပ်မဟာသို့ ရောက်သောအခါတွင် မနေ့ညက  ဆင်ထားသည့်မီးဖိုကို တွေ့လိုက်ရပြီး အုပ်ချုပ်ရေးမှူးက မျက်နှာမပျက်ရန် ဂျုံတချို့ပင် ပို့ပေးထားသည်။


ထိုအချိန်တွင် ရှန်ယွီနှင့် ရှုတုန်းရှင်းတို့က အလုပ်ရှုပ်နေကြပြီး ချီမင်က သူတို့အနားမှာ မျက်စိစုံမှိတ်ကာ အမိန့်ပေးနေ၏။ သူတို့က မီးခြစ်ဆံဘူးတစ်ဝက်လောက် ခတ်ခဲ့သော်လည်း မီးမမွေးနိုင်သေးပေ။


ကြမ်းပြင်ပေါ်ရှိ မီးခြစ်ဆံများကို ကြည့်ရင်း အားဝမ်၏ အသားများ နာကျင်လာသည်။


"တောက မီးခြစ်ဆံတွေက မတူတော့ မလွယ်ဘူး" 


ရှုတုန်းရှင်းက အားဝမ် ဟာသလုပ်မှာကို ကြောက်သည့်အတွက် ချက်ချင်း အကြောင်းပြချက်တစ်ခု ရှာလိုက်၏။


 အားဝမ်: "...ဒီတောက မီးခြစ်ဆံတွေက မြို့ထဲမှာ ရောင်းတဲ့ဟာတွေပဲ "


 ရှန်ယွီက  ကမန်းကတန်းထပြောသည်။


 "အားဝမ်ကော ကျေးဇူးပြုပြီး ငါ့ကိုသင်ပေးပါ"  မူလက အုပ်ချုပ်ရေးမှူးက မနက်ခင်းဆို တစ်ယောက် လာသင်ပေးမည်ဟုပြောပေမဲ့   ဒီအချိန်မှာ ထိုလူကရောက်မလာဘဲ အားဝမ်က အရင်ရောက်လာ၏။ ကပ္ပတိန်လင်းက စိတ်အချရဆုံးသူဖြစ်သည်။


အားဝမ် သူတို့ကို အရင်ဆုံး မြက်ပျော့နည်းနည်းယူ၊ မီးခြစ်ဆံနှင့် မီးရှို့ပြီး မီးဖိုထဲထည့်၊ ၎င်းနောက် မြက်တွေကို ဖြည်းဖြည်းချင်းထပ်ထည့်ခိုင်းလိုက်၏။


 "နေ့စဉ်ဘဝမှာ မြက်တွေကို မကြာခဏ အခြောက်ခံသင့်တယ်... စိုရင်မလွယ်ဘူး" 


သူတို့က မြက်တွေ အတော်လေး စိုနေသည့်အတွက် မီးမမွှေးနိုင်ဘဲ မီးခြစ်ဆံတွေ ဖြုန်းတီးမိခဲ့ကြသည် မီးခြစ်ဆံ တစ်ဗူးကို ဆယ်ဆင့်ကျော် ကုန်ကျကြောင်းသိသင့်ပေသည်။


မီးငြိမ်းသွားသောအခါ အားဝမ်က ရှုတုန်းရှင်းကို မီးမွှေးခိုင်းလိုက်သည်။


ရှုတုန်းရှင်းက  ဤနေရာတွင် ညစ်ပတ်လွန်းပြီး သူ့ဆံပင်ကိုဖြူအောင်လုပ်နေသည်ဟု ခံစားရပြီး သူ့ဆံပင်များကို တစ်ချိန်လုံး ဆွဲနေ၏။ 


"မင်းမွှေးတတ်တာပဲ...မွှေးလိုက်လေ"


အားဝမ်က ထရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်၏။


 "ကျွန်တော်က  ဒီကို သင်ပေးဖို့ရောက်လာတာ... မင်းတို့အတွက်ချက်ပြုတ်ပေးဖို့ရောက်လာတာ မဟုတ်ဘူး"


ရှုတုန်းရှင်း ၏မျက်နှာပြောင်းလဲသွားသည်။ 


တောသားကောင် ...မင်းကဘာတွေဖြစ်ပျက်နေတာလဲ...


ရှန်ယွီက  ကပျာကယာဆိုလိုက်၏။ 


"ငါမွှေးလိုက်မယ်"


အားဝမ် : "တစ်ယောက်က မီးမွှေးပြီး နောက်တစ်ယောက်က ဟင်းချက်...နှစ်ယောက်တွဲ အလုပ်လုပ်ဖို့တော့ လိုတယ်...မင်းတို့ နှစ်ယောက် အလှည့်ကျ ချက်ပြုတ်ဖို့ စီစဉ်ရမယ်...ဒီလူက လုပ်စရာမလိုရင် တစ်ယောက်တည်း အမြဲ ချက်နေရမယ်"


ချီမင်က ရှန်ယွီကိုကြည့်ပြီးပြောလိုက်သည်။


 "ရှန်ယွီ ...တစ်ဖွဲ့ထဲ အတူတူနေရအောင် "


ဒေါသဖြစ်ပြီး နှုတ်ဆိတ်နေသည့် ဝူဝမ်ယီက  ချက်ချင်းကန့်ကွက်လေ၏။


 "ဘာလို့မင်းတို့နှစ်ယောက်လဲ...မျှမျှတတလုပ်လေ"


သူက တစ်ယောက်ကို မကျေမနပ်ဖြစ်နေပြီး တစ်ယောက်က တစ်နေကုန် ဒေါသထွက်နေကာ မြင်သည်နှင့် စကားပြောစရာရှိနေသည်။


ရှန်ယွီ "ဒါဆို... အားလုံးရောက်ရင် မဲနှိုက်ကြရအောင်"


 ထိုအချိန်မှာ ချိုက်ဟွားက  ပြေးလာပြီး ပြုံးကာ ဆို၏။


  "ဘာလို့ ကျွန်မကို မငှားတာလဲ...ဟင်းချက်ပေးလို့ ရတယ်" 

 

သူမက အားဝမ်ဆီသွားပြီး တိုးတိုးလေးပြောလိုက်သည်။


 "သူတို့ကို  ကူချက်ပြုတ်ပြီး ပိုက်ဆံကို ညီတူညီမျှ ခွဲယူရအောင် ဟုတ်ပြီလား"

 

ဝူဝမ်ယီ: "ငါတို့က မင်းကို သုံးမယ်လို့ ပြောခဲ့လို့လား"


ချိုက်ဟွားက သူ့ကို လျစ်လျူရှုပြီး အားဝမ်ကို ဆက်မေး၏။


အားဝမ်: "သူတို့သဘောတူရင်တောင် ငါ့မှာ အချိန်မရှိဘူး...မင်းသူတို့နဲ့ အတူနေပြီး သူတို့အတွက် ငွေကူရှာပေးလို့ရတယ်"


သူသဘောမတူသည်ကိုမြင်သောအခါ ချိုက်ဟွားက အနည်းငယ်  စိတ်ပျက်လက်ပျက်ဖြစ်မသွားဘဲ မနေနိုင်ခဲ့ပေ။ 


"ဟေး...ယန်ယန်က ကျောင်းမတက်တော့... ငါ့မှာ ဆော့စရာလူမရှိဘူး"


အားဝမ်က ရှန်ယွီကို မုန့်ညက် လုပ်နည်း သင်ပေးခဲ့သည်။ ပထမအဆင့်က ရိုးရှင်းပြီး  ပန်ကိတ်လုပ်နည်းကို သင်ရန်ဖြစ်ကာ မုန့်ညက်မလိုပေ။ ပြောင်းဖူးမှုန့် (သို့) ပြောင်းနှံမှုန့် (သို့) ဂျုံမှုန့်ကို ထည့်ပြီး အိုးအစွန်းပေါ် တင်လိုက်ရုံပါပင်။


ရှန်ယွီက  တတ်မြောက်လွယ်သူဖြစ်ပြီး အားဝမ်က သူ့ကို တစ်ခေါက် သင်ပေးသည်နှင့် ကောင်းစွာ တတ်မြောက်ခဲ့သည်။


အားဝမ်က ပြုံးပြီးပြောလိုက်၏။


 "အစ်ကိုရှန်ယွီ အတတ်လွယ်တာပဲ... အချိန်ရရင် တခြားဟာတွေ လုပ်နည်းကို ကျွန်တော် သင်ပေးမယ်" 

 

ပန်ကိတ်နှင့် ဝေါဝေါထိုအပြင် မုန့်ညက်လိပ်တွေ မုန့်ပေါင်းတွေ၊ ပန်ကိတ်တွေ၊ ခေါက်ဆွဲလုပ်နည်းတွေလည်း ရှိသည်။


ရှန်ယွီက သူ့နဖူးက ချွေးတွေကို သုတ်လိုက်ပြီးဆို၏။


 "ရှက်မိပါတယ်"


ချိုက်ဟွားက ခေါင်းအနည်းငယ် စောင်းကာ ရှန်ယွီနှင့်အားဝမ်ကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။


 "နင်တို့ နှစ်ယောက်က ညီအစ်ကို နှစ်ယောက်အတိုင်းပဲ"


သူတို့ရုပ်ရည်က သူတို့မိဘတွေနှင့်တူကြပေမဲ့ စိတ်နေစိတ်ထားက နှစ်ယောက်သား အလွန် တူကြ၏။ နှစ်ယောက်စလုံးက စာကြမ်းပိုးတွေ ဖြစ်ကြသည်။ ရှန်ယွီ ကြီးပြင်းလာသော အားဝမအ နှင့်တူပြီး အားဝမ်က နှစ်အနည်းငယ်ငယ်သော ရှန်ယွီနှင့်တူသည်။


ရှန်ယွီက ပြုံးပြီး အားဝမ်ကိုပြောလိုက်၏။

 "ဒါ တကယ်ကို ကံကြမ္မာပဲ" 


အားဝမ်ကလည်း ပြုံးသည်။


ချိုက်ဟွားက  ရယ်ပြီးပြောလိုက်၏။


 "ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ပြောဖို့ခက်တယ်...မသိနိုင်တာလည်း ဖြစ်နိုင်တယ်...ကံစီရင်ပြီးသားလည်းဖြစ်နိုင်တယ်"

 

 


Xxxxxxx