Part 599
ချိုက်ဟွားက ရယ်ပြီးပြောလိုက်၏။
"ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ပြောဖို့ခက်တယ်...မသိနိုင်တာလည်း ဖြစ်နိုင်တယ်...ကံစီရင်ပြီးသားလည်းဖြစ်နိုင်တယ်"
ကျေးလက်က မိန်းကလေးတစ်ယောက်၏ အဓိပ္ပါယ်မဲ့စကားတွေကိုကြားသောအခါ ပညာတတ်လူငယ်တော်တော်များများက သူမကို ကြည့်နေကြသည်။
ဝူဝမ်ယီကပြောလိုက်၏။
"မင်းဟာတွေကရှေ့နောက်မညီဘူး...မသိနိုင်တာဖြစ်ဖြစ် ကံစီရင်တာဖြစ်ဖြစ်...ဘာကို ဖြစ်နိုင်တာလဲ... မင်းကတကယ် ပညာမတတ်ဘူး"
ချိုက်ဟွား၏ မျက်နှာက ပြောင်းလဲသွားပြီး သူမ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားခဲ့သည်။
ရှုတုန်းရှင်းက သူ့ဆံပင်တွေကို သပ်လိုက်ပြီး သူကိုယ်သူ လူချောလေးဟုထင်ထားသလိုမျိုး စတိုင်အပြည့်ဖြင့် ခေါင်းကို မော့ကာဆိုလိုက်၏။
"ဒီကောင်မလေးကို ဘာလို့ အနိုင်ကျင့်နေတာလဲ"
ချိုက်ဟွားက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ချီမင်က အားဝမ် နှင့် ရှန်ယွီကို လက်ညှိုးထိုးပြပြီး ပြုံးကာဆို၏။
"အနာဂတ်က မသေချာပေမဲ့ သေချာတာတစ်ခုကတော့ ဒီအတန်းဖော်ငယ်လေးက အလားအလာပိုရှိလေလေပဲ"
ဝူဝမ်ယီက ဆက်ပြောလေသည်။
"ဘာကို အလားအလာရှိတာလဲ... အများစုက စာသင်ပြီးရင် လယ်ယာလုပ်ဖို့ အိမ်ပြန်ကြတာပဲ... ကွာခြားမှုရှိလို့လား”
အခု ကျောင်းတက်တာက အသုံးဝင်လို့လာ...အိမ်မှာ လယ်လုပ်ဖို့ပြန်ခေါ်တာပဲ မဟုတ်ဘူးလား...ငွေနဲ့အချိန်ကို ဖြုန်းတီးနေတာ...အရင်လယ်လုပ်လိုက်တာကမှပိုကောင်းဦးမယ်...
ချီမင်က စိတ်မဆိုးဘဲ
"မင်းကငယ်တော့ အလားအလာတွေပိုများတယ်... သူကြီးလာရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းရဲ့အနာဂတ်က အတော်လေးကို မျှော်လင့်စရာမရှိဘူး"
ချိုက်ဟွား ချီမင်ကို မကြည့်ဘဲ မနေနိုင်ပဲ မဝံ့မရဲပြောလိုက်သည်။
"ပညာတတ်လူငယ်ချီ...ကျွန်မလည်း စာကျက်ချင်ပေမဲ့... ကျွန်မက တုံးတော့ စာကောင်းကောင်းမသင်နိုင်ဘူး...ကျွန်မတို့မိသားစုက ဆင်းရဲပြီး ပိုက်ဆံမရှိလို့ တစ်ချိန်လုံး ကျောင်းမတက်နိုင်ဘူး...ကျွန်မကို သင်ပေးပါ့လား "
ချီမင်က သူမကို တစ်ချက်ကြည့်လိုက်၏။
ဝါကြောင်ကြောင်ဆံပင်နှင့် ခပ်ပိန်ပိန်တောသူတစ်ဦးဖြစ်ပြီး ပါးနပ်သောမျက်လုံးများကလွဲ၍ ဘာမှထူးကဲမှုမရှိပေ။ သူက စိတ်မဝင်စားဟန်ဖြင့်ပြောလိုက်သည်။
"ရှန်ယွီက နင်တို့အိမ်မှာ နေတာမဟုတ်ဘူးလား... ဘာလို့ နင့်ကို မသင်ပေးခိုင်းတာလဲ "
ချိုက်ဟွားက နှုတ်ခမ်းကို ကိုက်ပြီး ဘာမှ မပြောတော့ချေ။
စကားစမြည်ပြောနေစဉ်တွင် အခြားသော ပညာတတ်လူငယ်များလည်း ရောက်ရှိလာသည်။ ဖန်းရှောင်က ကွန်မြူနတီသို့ သွားမှာဖြစ်သောကြောင့် ဂရုတစိုက် ၀တ်စားဆင်ယင်ထား၏။ သူမက အမှန်တကယ် နှုတ်ခမ်းနီ ဆိုးထားပြီး လှပသော ဘရာဂီကို၀တ်ဆင်ထားခဲ့ပြီး ယင်းက သူမကို ပို၍ပင် ချောမောပြီး ချစ်စရာကောင်းစေသည်ကို ချိုက်ဟွားတွေ့ရှိခဲ့သည်။
ချီမင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
သူ့အလှကို ဘယ်သူက ပြနေတာလဲ...
အားဝမ် ရှန်ယွီကိုပြောလိုက်သည်။
"အစ်ကိုရှန်ယွီ...ဒါဆို ကျွန်တော် အရင်ပြန်တော့မယ်...မင်းတို့တွေ ထမင်းစားကြပါ"
ဖန်းရှောင်က ရွှင်မြူးစွာ သွားပြီး တရင်းတနှီးပြောလေ၏။
“အားဝမ်ကော... ငါ့ကို ခွင့်လွှတ်ပါ...မင်းအကူအညီလိုရင် ငါ့ကို ပြောပါ ”
အားဝမ် ပြုံးပြီး နှုတ်ဆက်ကာ အိမ်ပြန်သွားခဲ့သည်။ ပညာတတ်လူငယ်တွေကြားက အငွေ့အသက်တွေကို သူမြင်နေရ၏။ယင်းက အလွန်သိမ်မွေ့နက်နဲပြီး သူ့အတန်းဖော်များ၏ သေးငယ်သော အတွေးအမြင်များနှင့် ယှဉ်စရာဘာမှမရှိပေ။ သို့သော် သူက အမြဲတမ်း တည်ငြိမ်နေလေ့ရှိပြီး ဤတစ်ယောက်က သူ့ကိုအနိုင်ယူသွားလျှင်ပင် သူ မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်ပေ။
ကိုယ်ပုံစံအတိုင်းပဲနေပါ...လေက အရှေ့တောင်ကနေ အနောက်မြောက်ကို တိုက်ပါစေ၊ငါ မြဲမြဲ ရပ်နေမယ်...
ဤသည်က လင်းလန်ဆီက သင်ယူခဲ့ခြင်းဖြစ်၏။
အားဝမ်က တပ်မဟာဌာနချုပ်မှ ထွက်သွားပြီးနောက် ချိုက်ဟွားက သူ့နောက်ကို လိုက်လာသည်။
"အားဝမ်"
အားဝမ်က သူ့ခေါင်းကို လှည့်ပြီးမေးလိုက်၏။ "ဘာကိစ္စရှိလို့လဲ"
"နင်တို့ တတိယအဒေါ်အိမ် ဘယ်တော့သွားမှာလဲ"
အားဝမ်က သူမကို ပဟေဠိဖြစ်စွာ ကြည့်လိုက်သည်။
ချိုက်ဟွား: "နင်ငါ့ကိုခေါ်သွားပါ့လား... ငါ ယန်ယန်ကို အရမ်းလွမ်းတယ်... သူဘယ်လိုနေလဲမသိဘူး...ပြန်မလာတာကြာပြီ"
အားဝမ်: "ငါ့အမေက အခုတလောမှ ရောက်ထားတာဆိုတော့ ...ငါ့သွားစရာမလိုသေးဘူး"
ချိုက်ဟွားက ပြုံးပြီးပြော၏။
"ဘာပဲဖြစ်ဖြစ် နင်သွားမယ်ဆိုရင် ငါ့ကိုခေါ်လိုက်ပါ"
အားဝမ်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
ပါးလျလျ အရပ်ရှည်ရှည်နှင့် ကြော့ရှင်းသော လူငယ်၏ ကျောပြင်ကို ကြည့်လိုက်ရာ ချိုက်ဟွား၏ မျက်လုံးများတွင် သနားသော ဂရုဏာသက်သော အရိပ်အယောင်တစ်ခု ပေါ်လာပြီးနောက် သူမ မျက်ခုံးပင့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ချီမင်က ယခုလို ငယ်ငယ်ရွယ်ရွယ်တွင် ဤကဲ့သို့ ချမ်းသာကြွယ်ဝသော ပုံစံဖြင့် သူမကို တွေ့ရန်ရောက်လာလေရာ သူမ စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ ဖြစ်သွားသည်။
(ဘာလားဟ)
အားဝမ်က အိမ်ပြန်လာပြီး အိမ်က သူ့ကိုထမင်းစားရန် စောင့်နေ၏။
လင်းလန်က တပ်မဟာ၏အရေးကိစ္စများကို မေးမြန်းကာ အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"ဒီပညာတတ်လူငယ်တွေဟာ ပညာရည်မြင့်မားတယ်... ငယ်ရွယ်ပြီး ပိုသတိထားတတ်ကြတယ်"
သူတို့က ဟောင်ယွမ်နှင့် အခြားသူများကဲ့သို့ မရိုးရှင်းပေ။
အားဝမ်က လင်းလန်၊မိုင်စွေ့တို့နှင့် ဆွေးနွေးခဲ့ပြီး လင်းလန်က ဘာမှမစိုးရိမ်ဘဲ သူတို့အား ပညာတတ်လူငယ်များနှင့် ဆက်ဆံပြောဆိုရန် အားပေးခဲ့သည်။
" သုံးယောက်အုပ်စုမှာ ဆရာရှိရမယ်... များများကြည့်၊ များများနားထောင်၊ များများလေ့လာကြ... ငါတို့လည်း လမ်းတစ်လျှောက်မှာ များများသင်ယူရမယ်"
ကလေးများကလက်ခံကြောင်း ဆိုကြသည်။
ဟန်ချင်စုန့် ညစာစားပြီးနောက် အလုပ်သို့သွားကာ လင်းလန်က သူ့ကို အပြင် လိုက်ပို့ပေးသည်။
ဟန်ချင်စုန့်က သူမကို တံခါးဝတွင် နှုတ်ဆက်ကာ အရှေ့ဘက်သို့စီးကာ တပ်မဟာဌာနချုပ်ကို ကျော်ဖြတ်ပြီးနောက် တောင်ဘက်သို့ ကွေ့လိုက်၏။ တပ်မဟာဌာနချုပ်သို့ ရောက်သောအခါတွင် အထဲရှိ ပညာတတ်လူငယ်များ၏ အသံကို ကြားနေရဆဲဖြစ်သည်။ ကောက်ရိုးကို ကျော်သွားသောအခါ မိန်းကလေးတစ်ဦးက ရုတ်တရက် အနောက်မှ ပြေးထွက်လာခဲ့သည်။ ဟန်ချင်စုန့်က အချိန်မီ
ဘရိတ်အုပ်ခဲ့သော်လည်း မိန်းကလေးက ရပ်တန့်ရန် နောက်ကျသွားသဖြင့် သူ့ဘီးကို တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဟန်ချင်စုန့် စက်ဘီးပေါ်က ဆင်းပြီးမေးလိုက်၏။ "အဆင်ပြေရဲ့လား"
ချိုက်ဟွားက ဒူးတွေကို ပွတ်ပြီး ခါးသီးသည့် မျက်နှာနှင့် ခေါင်းကို ခါလိုက်ပေမဲ့ သူမ၏ မျက်လုံးဝိုင်းတွေက နီရဲနေပြီး နာကျင်နေပုံပေါ်လေသည်။
ဟန်ချင်စုန့်: "ငါ မင်းကို ကျန်းမာရေးမှူးဆီပို့ပေးမယ်"
ချိုက်ဟွားက ခေါင်းခါလိုက်၏။
"မပို့နဲ့...ရပါတယ်"
သူမက ဘောင်းဘီရှည်ကို မြှောက်လိုက်ရာ ဒူးတွေက ပွန်းပဲ့နေပြီး သွေးတွေ စီးကျနေသည်။
ဟန်ချင်စုန့် : "ငါက အလုပ်သွားရမှာ...ဒီလိုလုပ်ပါလား... မင်းကို ကူညီပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်"
ချိုက်ဟွားက နီရဲနေသော မျက်လုံးများဖြင့် ခေါင်းခါကာဆို၏။
"မလုပ်...မလုပ်ပါနဲ့ ညွှန်မှူးဟန်... အလုပ်သွားလိုက်ပါ... ကျွန်မအဆင်ပြေပါတယ်"
သူမ ပြုံးလိုက်ပြန်ပြီး အတော်လေး အားတင်းထားပုံပေါ်လေသည်။
တပ်မဟာထဲမှ ရှန်ယွီက လှုပ်ရှားသံကိုကြားသောအခါ ကြည့်ရန် ထွက်လာပြီး ၎င်းကိုမြင်သောအခါ ကူညီရန်ရောက်လာခဲ့သည်။
ဟန်ချင်စုန့်ကပြောလိုက်၏။
"ပညာတတ်လူငယ်ရှန်... သူ့ကို ကျန်းမာရေးမှူးဆီ ပို့ပေးပါ... အခကြေးငွေကို ကပ္ပတိန်လင်းနဲ့ ပေးလိုက်ပါ့မယ်"
ရှန်ယွီ : "ညွှန်မှူးဟန်... သွားလိုက်ပါ"
ဟန်ချင်စုန့် က အရင်ထွက်သွားသည်။
ရှန်ယွီက ဆေးတချို့ရရန်အတွက် ကျန်းမာရေးမှူးဆီသို့ ပို့ပေးလိုက်သည်။
Xxxxxx
Part 600
မနက်စာစားပြီးသည်နှင့် ကလေးများက ကျောင်းသွားကြ၏။ လင်းလန် သန့်ရှင်းရေးလုပ်ပြီး အမျိုးသမီး ပညာတတ်လူငယ်တွေကို ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမဆီ ခေါ်သွားလိုက်သည်။ ကျောင်မင်ကျယ်နှင့် ထိုရှုတုန်းရှင်းတို့ကလည်း နေ့စဉ်သုံးပစ္စည်းတွေကို ဝယ်ချင်နေကြသောကြောင့် သူတို့နှင့်အတူ လိုက်သွားကြ၏။
အုပ်ချုပ်ရေးမှူးက လင်းလန်နှင့် ပညာတတ်လူငယ်များကို ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမသို့ ခေါ်သွားရန် လှည်းတစ်စင်းပို့ပေးခဲ့သည်။
ယခုနှစ်တွင် ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမများသည် ကုန်ပစ္စည်းများ ကြွယ်ဝလာကာ ကျေးလက်သို့သွားသည့် ပညာတတ်လူငယ်များအနေဖြင့် ဝယ်ယူရအဆင်ပြေသည့် လက်မှတ်အချို့လည်း ရှိလိမ့်မည်ဖြစ်သည်။သွားတိုက်ဆေး နှင့် သွားတိုက်တံ ၊ လက်ဖက်ရည်ခွက် ၊ နေ့လယ်စာဘူး ၊ ပန်းကန် နှင့် တူ ၊ လက်ဆေးဇလုံ ၊ ဆပ်ပြာစသည်တို့ကို ဝယ်ယူရန် လိုအပ်သည်။
ဖန်းရှောင်ကလည်း ဓာတ်ဘူးတစ်ခုနှင့် အမွှေးခဲတစ်ပိုင်းကို ဝယ်ခဲ့သည်။ ကောင်းလုက ဆပ်ပြာမဝယ်ဘဲ သွားတိုက်ဆေး၊ သွားပွတ်တံ၊ အိမ်သာသုံးစက္ကူကိုသာ ဝယ်ယူခဲ့သည်။
စျေးဝယ်ပြီးနောက် လင်းလန်က သူတို့ကို ခေါ်သွားခိုင်းပြီး အစည်းအဝေးအတွက် ဝါဒဖြန့်ရေးအဖွဲ့ကို သွားခဲ့သည်။
နေ့လည်စာစားပြီးနောက် နေ့လည်ပိုင်းတွင် တပ်မဟာက ပညာတတ်လူငယ်များ၏ အလုပ်မှတ်များကို အကဲဖြတ်တော့မည်ဖြစ်၍ လင်းလန်ကို လာရန် ဖိတ်ခေါ်ခဲ့သော်လည်း လင်းလန်က ငြင်းဆိုခဲ့သည်။ အမှန်တွင်၊ သူမက ယခုအချိန်တွင် ကာယလုပ်အားတွင် ပါဝင်သည်က ရှားသောကြောင့် သူမထံ၌ အခြားသူများကို အဆင့်သတ်မှတ်ရန် အရည်အချင်းမရှိပေ။
လင်းလန်သည် အိမ်ကို သန့်ရှင်းသပ်ရပ်အောင်လုပ်ပြီး စောင်များကို တစ်စစီဖြုတ်ကာ လျှော်ဖွပ်ပြီး ချုပ်လိုက်၏။ ဂွမ်းကပ်ထည်များကို လျှော်ဖွပ်ထားသော်လည်း မချုပ်ရသေးဘဲ ရှန်ယွီ လာသည်နှင့် အလုပ်ရှုပ်နေလေသည်။
သူကတံခါးဝမှာ ရပ်ပြီး နှုတ်ဆက်လိုက်ကာ လင်းလန်က အသံကြာသောအခါ ထွက်ကြည့်လာ၏။
"ကပ္ပတိန်လင်း"
ရှန်ယွီက မနက်ခင်းက ဖြစ်ခဲ့သည့် အဖြစ်အပျက်ကို လင်းလန် ပြောပြသည်။ မနက်ခင်းမှာ လင်းလန်က ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမရုံးကို သွားပြီး သူက လယ်တောကို သွားခဲ့သဖြင့် သူမနှင့်မတွေ့ခဲ့ရပေ။ယခုသူအားသောအခါ လာပြောခြင်းဖြစ်၏။
"အဆင်ပြေပါတယ်... ပွန်းတာပဲ့တာလောက်ပါပဲ"
"ကျေးဇူးတင်ပါတယ် ပညာတတ်လူငယ်ရှန်... ကိုယ်တိုင် ချက်တတ်နေပြီလား"
ရှန်ယွီက ပြုံးပြီးပြော၏။
"ကျွန်တော်က အလျင်လိုနေတော့ ဘာလုပ်ရမှန်းမသိဘူး...အားဝမ်ကော ကူညီပေးတာ အများကြီး ပိုကောင်းပါတယ်"
"ကျင့်သားရသွားတာကောင်းပါတယ်...အခက်အခဲတွေရှိရင် တပ်မဟာနဲ့ စကားပြောလိုက်ပါ... နေ့ခင်းမှာ အလုပ်မှတ်တွေ သတ်မှတ်ပေးမှာလား"
"ဟုတ်"
ရှန်ယွီက လင်းလန်ကို ကြည့်ကာဆိုသည်။
"ကပ္ပတိန်လင်း... ဘယ်လို ဆုံးဖြတ်မှာလဲ... အာရုံစိုက်စရာတစ်ခုခုများ ရှိလား"
လင်းလန်:"တို့ တပ်မဟာမှာ နည်းလမ်း နှစ်ခုရှိတယ်...တစ်ခုက မင်းကို အခြေခံအလုပ်မှတ်တစ်မှတ်ပေးပြီး နောက်တစ်နေ့ အလုပ်အတွက် အဲ့ဒါကို အခြေခံပြီး လုပ်မယ်... နောက်တစ်ခုက အလုပ်နဲ့ လျော်ညီတဲ့ အမှတ်တွေ သတ်မှတ်ဖို့နဲ့အလုပ်မှတ်တွေ ဘယ်လောက်ပြီးသွားပြီလဲဆိုတာပဲ... အများဆုံး အခြေခံရမှတ်က 10 မှတ်ဖြစ်ပြီး ပျမ်းမျှအမျိုးသမီးရမှတ်က 6 မှတ်ဖြစ်တယ်...ကောင်းရင် 7မှတ်... အားနည်းသူတွေအတွက် 4မှတ် ဒါမှမဟုတ် 5မှတ်ဖြစ်....ယောကျာ်းတွေအတွက်က အကောင်းဆုံးဆယ်မှတ်... ပျမ်းမျှအားဖြင့် 8မှတ်ကနေ9မှတ်...တချို့က 6မှတ် ဒါမှမဟုတ် 7မှတ်လောက်ရတယ်... ဝန်ထုပ်ကို ထမ်းပြီး ဘာ်လောက်ကြာကြာ လမ်းလျှောက်နိုင်သလဲပေါ်မူတည်ပြီး ခန့်မှန်းကြတယ်"
လုပ်နိုင်ပြီး လုပ်အားနှင့် ညီမျှပါက ရွာကို 10မှတ် ပေးလေသည်။ ယေဘုယျအားဖြင့် မရကြပေ။ထို10မှတ်ရသူများမှာ အလုပ်ကြိုးစားရုံသာမက လယ်ယာလုပ်ငန်းလုပ်ကိုင်ရာတွင်ပါ ကျွမ်းကျင်နိုင်သူများဖြစ်သည်။ အနန္တတန်ခိုးရှင်များသာ ရပေလိမ့်မည်။
ယေဘုယျအားဖြင့် ခွန်အားနှင့် ကျွမ်းကျင်မှုရှိသော အမျိုးသားများက ကိုးမှတ်နီးပါးရပြီး အခြားအမျိုးသားများက ရှစ်မှတ် သို့မဟုတ် ခုနစ်မှတ်ဖြစ်သည်။
ဒီကိုရောက်လာသည့် ပညာတတ်လူငယ်တွေက လုံလောက်အောင် မသန်မာသလို သူတို့၏ အရည်အချင်းကလည်း မကောင်းပေ။ သူတို့က တဝမ်နှင့်ပင် ယှဉ်၍မရပါချေ ။လင်းလန် သုံးမှတ်လေးမှတ်၊ငါးမှတ်ထက် ပိုမရဟုထင်မိသည်။သို့ေသာ် ရှန်ယွီ အရှက်ရမှာစိုးသဖြင့် မပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ယင်းက လုံးဝကို ရှက်စရာဖြစ်သွားမှာဖြစ်၏။
"ကျေးဇူးတင်ပါတယ် ကပ္ပတိန်လင်း"
လင်းလန် : "ဘာလို့ ယဉ်ကျေးနေရတာလဲ"
သူမ ရှန်ယွီနှင့်အတူ တပ်မဟာကိုသွားပြီး ငါးဆင့်သာရှိသည့် ငွေစက္ကူတွေကို ကျန်းမားရေးမှူးဆီရှင်းလိုက်သည်။
မွန်းလွဲပိုင်းတွင် တပ်မဟာဌာနချုပ်၌ ဟန်ရုံဖန်၊ အုပ်ချုပ်ရေးမှူး၊ တုန်ဟွိုင်ဟွ ၊ စာရင်းကိုင်များနှင့်အမှတ်သိမ်းသမားအများအပြားသည် ပညာတတ်လူငယ်များကို ၎င်းတို့၏အလုပ်မှတ်များကို အကဲဖြတ်ရန် ကူညီပေးခဲ့ကြသည်။
လင်းလန်၏ ခန့်မှန်းချက်အရ ၎င်းတို့သည် အမှန်ကို ဝန်ထုပ်ဝန်ပိုးကို ထမ်းထားသူများပင်။
ရေပုံးနှစ်ပုံးနှင့် ထမ်းပိုးတစ်ခုဖြင့် အုပ်ချုပ်ရေးမှူးက ပထမဦးစွာ တဖျပ်ဖျပ် လျှောက်သွားနေ၏။ မျက်နှာမနီ မမောမပန်းဘဲ ပျံသန်းသွားသကဲ့သို့ ခပ်သွက်သွက် လမ်းလျှောက်ရင်း သူကပြောလေသည်။
“လေးငါးမိုင်သယ်နိုင်ရင် အရမ်းကောင်းတယ်”
ယောကျာ်းလေး ပညာတတ်လူငယ်အချို့က သူတို့ကမဆိုးဘူးလို့ ခံစားရကြ၏။တကယ်တမ်းတွင် သူလည်း သူ့ကိုယ်သူ မညံ့ဘူးလို့ ခံစားရသည်။
အုပ်ချုပ်ရေးမှူးက ဝန်ကို တစ်ယောက်ပြီးတစ်ယောက် ထမ်းခိုင်း၏။
"တပ်မဟာဌာနချုပ် အိမ်ကိုပတ်ပြီး ဘယ်နှစ်ခါ လမ်းလျှောက်နိုင်လဲ ကြည့်မယ်...တစ်ပတ် တစ်မှတ်ပဲ"
ရှုတုန်းရှင်းက လူကိုးယောက်ထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး ဒီနှစ်မှာ ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သည်။ သူက အရပ်ရှည်ပြီး သန်မာသည့်အတွက် ဒါဇင်နှင့်ချီသည့် အပတ်ရေများ လျှောက်ရန် ပြသနာမရှိဟုထင်ခဲ့သည်။
သူ ယုံကြည်မှုရှိရှိ ကောက်ယူလိုက်ပြီး ပထမခြေလှမ်း နှစ်ဆယ် သို့မဟုတ် နှစ်ဆယ်ကျော်များက လွယ်ကူသည်။ သူက "ရှေ့ကို ... ရှေ့ကို ...ရှေ့ကို...လွယ်တယ်" ဟု သီဆိုနေခဲ့၏။ ရလဒ်အနေဖြင့် တစ်ပတ်အပြီးနောက် ယိုင်ထိုးကာ ကုန်းကုန်းကွကွဖြစ်တော့သည်။
နှစ်ပတ်လောက်ကြာသောအခါ လမ်းမလျှောက်နိုင်တော့ပေ။ တတိယအပတ်ပြီးနောက် ရုန်းကန်နေရပြီး စတုတ္ထအပတ်မတိုင်ခင် ဒူးထောက်တော့၏။
လူတိုင်း: "..."
သုံးမှတ်... ဆယ့်ရှစ်နှစ်သား ...
တခြားသူတွေက အရှက်ရမှာကြောက်သဖြင့် ရှေ့ကို မထွက်ရဲကြပေ။ စင်စစ်အားဖြင့် ရှုတုန်းရှင်းက အသက်ဆယ့်ရှစ်နှစ်ရှိပြီး သူတို့အားလုံးက အသက် ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ်များဖြစ်ကြသည်။
ရှန်ယွီ : "ငါလုပ်မယ်"
ရေတစ်ဆိုင်းကို ထမ်းပြီး အံကြိတ်ကာ လေးပတ်တိုင်တိုင် ဆက်လျှောက်သည်။
ဟန်ရုံဖန်: "လေးမှတ်"
ဝူဝမ်ယီ မယုံကြည်နိုင်ခဲ့ပေ သူ့ ရလဒ်က နှစ်မှတ်ခွဲသာဖြစ်၏။
ဖန်းရှောင်က ပုံးနှစ်ပုံးကိုမမနိုင်ဘဲ သူမကိုယ်သူ မ တွန်းချလုနီးပါးဖြစ်ခဲ့သည်။နောက်ဆုံးတွင် မိန်းကလေးနှစ်ယောက်က ၎င်းတို့ကို အတူတကွ မလိုက်သော်လည်း လမ်းမလျှောက်နိုင်ပေ။
...
ရုတ်တရတ် အေးခဲသွားသည့် လေထုက ကြောက်စရာအကောင်းဆုံးပါပင်။
ဟန်ရုံဖန် : "... "
ပညာတတ်တစ်စုကို ဝန်ထမ်းခိုင်းရသည်ကား သူ တကယ် သွေးအန်ချင်နေလေပြီ။ ပညာတတ်ခေါင်းတစ်လုံးက အားကောင်းမောင်းသန် ခေါင်းပေါင်းတစ်ထောင်ကဲ့သို အသုံးပြုနိုင်သည်ဟုဆိုကြသော်လည်း ယခုအချိန်တွင် ပညာတတ်ခေါင်းဆယ်လုံးက တစ်လုံး၏ခွန်အားနှင့်ပင် မထိုက်တန်ပေ။
Xxxxx