Part 601
သို့ပေမဲ့ တပ်မဟာက လူကိုးယောက်ကို ဘာမှ မထောက်ပံ့နိုင်ပေ။ ဒီနှစ်က စပါးထောင်ဂဏန်းပဲရသည်။
ဘာလုပ်မလဲ...
ဟန်ရုံဖန်လည်း အတူတူပါပင်။ သူ ဒီပညာတတ်လူငယ်တွေကို ကြာပွတ်နဲ့ ရိုက်လို့မရဘူး... သူတို့ပြောတာမှန်တယ်...
သူတို့ဘာသူတို့ သင်ယူသည့်သူတွေ သို့မဟုတ် ကျန်းမာရေးအားနည်းသူတွေက ထွက်လမ်းရှာရန် စာအုပ်တွေဖတ်နေကြသည်လောဆိုသည်ကို မည်သူသိပါမည်နည်း။
အုပ်ချုပ်ရေးမှူး : "အဲ့လိုမှဟုတ်..."
ပြန်သွားလို့ရလား...
ဟန်ရုံဖန် : "... သူတို့ကို မနက်တိုင်း ချင်စုန့်တို့ မိသားစုက ကလေးတွေနဲ့ လေ့ကျင့်ခန်းလုပ်ခိုင်းလိုက်... နေ့ဘက်မှာ သူတို့နဲ့ လယ်ကွင်းကို သွားကြ... အဆင့်မသတ်မှတ်ခင် ဆယ်ရက်လောက် လေ့ကျင့်ပေးရမယ်... သူတို့ကဒီလိုမျိူး ဆက်ဖြစ်နေမယ်ဆိုရင် ဆောင်းဦးပေါက်ရာသီမှာ ဘာအစာမှ မစားရဘဲ ငတ်လိမ့်မယ်"
"အားးး"
တစ်စုံတစ်ယောက်က သောကရောက်မှု ၊ဒေါသဖြစ်မှုတို့ဖြင့် စတင်ငိုကြွေးပါတော့သည်။ယင်းက တကယ်ကို ရှက်စရာကောင်း၏။
ဇူလိုင်လရောက်နေပြီဖြစ်ပြီး ကောက်ညှင်းနှင့် ပဲများကို ရိတ်သိမ်းပြီးနောက် စပါးနှင့် ကန်စွန်းဥများ ရိတ်သိမ်းရဦးမည်ဖြစ်သည်။ပညာတတ်လူငယ်များ၏ အရည်အချင်းက ယခုလိုပဲ ရှိနေဆဲဖြစ်ပါက သူတို့ ရိက္ခာလုံးဝ ရနိုင်လိမ့်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် တပ်မဟာက အဘယ့်ကြောင့် သူတို့ကို ရိက္ခာဝေပေးရမည်နည်း။
အလုပ်ရမှတ်များ၏ အကဲဖြတ်မှုသည် လူတိုင်းနှင့်လည်း ကိုက်ညီရမည် ၎င်းတို့အား အထူးအဖွဲ့ဝင်များဖြစ်ခွင့် ပေးရခြင်းကို မပျော်ရွှင်ကြပေ။
ထို့ကြောင့် ကေဒါများနှင့် ပညာတတ်လူငယ်များက မပျော်မရွှင် လမ်းခွဲခဲ့ကြသည်။
နေ့ခင်းကျောင်းဆင်းပြီးနောက် ကလေးတွေက တပ်မဟာကို အရင်သွားပြီး သူတို့နှင့်စကားစမြည် ပြောချင်ခဲ့ကြ၏။
ယခုအချိန်တွင် ပညာတတ်လူငယ်များသည် တပ်မဟာဌာနချုပ်တွင် စုဝေးကာ ချက်ပြုတ်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီး ၎င်းတို့၏ ကျွမ်းကျင်မှုမှာ မလုံလောက်သေးပေ။အခြားသူများမှာ နာရီဝက်အတွင်း ထမင်းဟင်းကျက်ပါက သူတို့ကတစ်နာရီခွဲ လိုအပ်လေသည်။
သို့သော် ပညာတတ်လူငယ်တစ်ယောက် နှစ်ယောက်မှလွဲ၍ အခြားမည်သူမျှ မည်သို့လုပ်ရမည်ကို မသိကြသည့်အပြင် တစ်ရက်တည်းနှင့် ချက်ပြုတ်နည်းကို စတင်စိန်ခေါ် ခဲ့သော ရှန်ယွီလောက် သင်ယူလိုစိတ်မရှိကြပေ။
ရှန်ယွီက ဘယ်လိုချက်ရမှန်း သိသောကြောင့် ဟောင်ဟုန်ကျန်းက အဆင်ပြေနေပြီး အခြားလူများက ၎င်းတို့နှင့် လက်တွဲလိုကြသည်။
အားဝမ်က သူတို့ကို တိုက်ရိုက်အကြံဉာဏ်ပေးလိုက်၏။
"စုစုပေါင်း လူကိုးယောက်... ယောက်ျားလေးတစ်ယောက်မိန်းကလေး တစ်ယောက် အဖွဲ့ဖွဲ့ပြီး အတန်းခေါင်းဆောင်က ကြီးကြပ်မှူးအဖြစ် တာဝန်ယူပြီး နေ့တိုင်း သင်ပေးလိမ့်မယ်"
ထိုလူတွေက ဘာတစ်ခုမှ သူတို့ဘာသူတို့ မလုပ်တတ်ကြပေ။
ရှန်ယွီက သဘောတူလိုက်သည်။
"ငါအလှည့်ကျ တစ်ရက်ယူလိုက်မယ်"
ဝူဝမ်ယီကဆက်တိုက် ဟိန်းဟောက်နေ၏။
"မင်း ငါ့ကို ဘာလို့ နှစ်မှတ်ခွဲလောက်ပဲဆိုပြီး အထင်သေးနေတာလဲ...
ငါက လူမဟုတ်လို့လား"
စန်းဝမ်က ရယ်ပြီး...
"ဟားဟားဟား... နှစ်မှတ်ခွဲ မင်းဘာလုပ်နေတာလဲ...ကျွန်တော်တောင် အဲဒါကိုလုပ်တုန်းက သုံးမှတ်ကျော်တယ်"
ကလေးတွေက မြက်ရိတ်၊ ဝါ ကောက်စသဖြင့်လုပ်ကြပြီး အလုပ်မှတ်တွေက မနည်းပါချေ။ ပညာတတ်လူငယ်များသည် အရွယ်ရောက်ပြီး၍ ကလေးအလုပ် လုပ်ရန် မဖြစ်နိုင်သည်က သနားစရာပါပင်။
ဝူဝမ်ယီက ဒေါသတကြီးစိုက်ကြည့်ကာ သူကတောမျောက်မျိုးဖြစ်မည်ဟု ဆုံးဖြတ်ပြီး မထီမဲ့မြင်ပြုလျက်ဆိုလိုက်သည်။
"အထက်တန်းစားတွေက ဦးနှောက်ကိုသုံးကြပြီး အောက်တန်းစားတွေက ကာယအားကိုသုံးကြတယ်"
စန်းဝမ်က တခြားသူတွေကိုရင်ဆိုင်ရန် မည်သို့ကြောက်ပါမည်နည်း။
"ဒါပေမဲ့ အခု မင်းက ကာယခွန်အားကို အသုံးချပြီး ရလဒ်က နိမ့်ကျနေ သေးတာပဲ...ဒါနိမ့်ကျတဲ့လူတွေ...ဟားဟားဟား "
ဝူဝမ်ယီ ကလေးတစ်ယောက်ကြောင့် အမှောင်ဖုံး သွားပြီး ဒေါသတကြီး လက်သီးဝှေ့ယမ်းကာ ခြိမ်းခြောက်လိုက်သည်။
စန်းဝမ် : "မင်း အနှောက်အယှက်ဖြစ် စရာ မလိုပါဘူး... ကျွန်တော့် အစ်ကိုကြီးက မင်းကို လက်သီးတစ်ချက်တည်းနဲ့ သတိမေ့သွားအောင် ထိုးလိမ့်မယ်"
ဝူဝမ်ယီက အသက်ဆယ့်ခုနစ်နှစ်ဖြစ်သော်လည်း တဝမ်က အသက်ဆယ့်သုံးနှစ်ပင်မပြည့်သေးပေ။
ဝူဝမ်ယီ တုန်လှုပ်သွားပြန်သည်။
အားဝမ်က ရှန်ယွီကို ဝေါဝေါထို လုပ်နည်း သင်ပေးရင်း တစ်လက်စတည်း ယာဂုချက်လိုက်၏။ သူတို့မှာ ဟင်းသီးဟင်းရွက်ခင်း မရှိသည့်အတွက် ယခုချိန်မှာ လူတိုင်း၏ ပံ့ပိုးမှုကိုသာ အားကိုးနိုင်ခဲ့ပြီး ညဘက် ချက်ပြုတ်ရန် ဆီအများကြီး မရှိသောကြောင့်၊ ဝေါဝေါထိုနှင့် ယာဂုပဲ ချက်ပြုတ်ကြရသည်။
အရသာပိုကောင်းစေရန်အတွက် ဆားအနည်းငယ်နှင့် ဆီအနည်းငယ်ကို ပေါင်းထားသော ပေါင်မုန့်ထဲကို ထည့်ခဲ့၏။
ရှုတုန်းရှင်းက အော်လေသည်။
"ဝေါဝေါထိုပဲစားရပြန်ပြီ... အိမ်မှာ ဂျုံချော မစားနိုင်ရင်တောင် 60%တော့ပါတယ်...ဘာလို့ ဒီကိုလာပြီး အစေ့အဆန်ကြမ်းတွေစားနေရတာလဲ... ညဘက်မှာ ဂျုံချော စားသင့်တာ"
တချို့မိန်းကလေးတွေကလည်း သံယောင်လိုက်ကြ၏။ သူတို့တကယ် အစေ့အဆံကြမ်းများနှင့် ပေါင်းထားသော မုန့်များနှင့် ပန်ကိတ်များမစားကြပေ။ အစေ့အဆန်အရောများမှာလည်း ပဲမှုန့်၊ ဆန်မှုန့်နှင့် ပြောင်းဖူးမှုန့်တို့သာဖြစ်သည်။ကောင်းသည့်ဟာဆိုလျှင် ဂျွုံချောဖြင့်ဖြစ်ပြီး ဆိုးသည့်ဟာဆိုလျှင် အစေ့အဆန်အရောများဖြစ်သည်။ဂျုံမှုန့်မပါသောအခါတွင် အလွန်ကောင်းမွန်ခြင်းမရှိပါချေ။
ဖန်းရှောင် လင်းလန်တို့မိသားစု၏ စားစရာကို အလွန် လွမ်းဆွတ်နေမိပြီး ငတ်သေတော့မည်ဟု တွေးရင်း ဘေးနားတွင် ရပ်နေသည်။
စန်းဝမ်က လှမ်းမေးလိုက်၏။
"အစ်မဖန်း...အစ်မမှာ အလုပ်မှတ်ဘယ်လောက်ရှိလဲ "
မမေးလျှင် တော်သေးသည်၊သို့ပေမဲ့ မေးလိုက်သောအခါတွင် ဖန်းရှောင် မျက်ရည်တွေကျလာသည်။ ဖန်းရှောင်က ချောမောလှပပြီး အသားအရေကောင်းလေရာ ငိုသည့်အခါ သူ့မျက်နှာပေါ်မှာ သစ်တော်ပွင့်မိုးဖွဲများသဖွယ်ဖြစ်နေ၏။
"မောင်လေး... ကူညီပါဦး"
စန်းဝမ်က လက်တွေကို ပွတ်သပ်ပြီးဆိုသည်။
"ဟင်...အစ်မက တိုက်ခိုက်ချင်တာလား ...အစ်မရေကူးတတ်တော့ ကျွန်တော် သင်ပေးစရာ မလိုဘူးလေ"
ဖန်းရှောင်:"ဝူးးးးးး..."
မိုင်စွေ: ” မငိုပါနဲ့ အစ်မဖန်း”
ဖန်းရှောင် : “မဟုတ်ဘူး...ငါနင်ကို မိန်ကျဲလို့ ခေါ်ရမှာပေါ့ ...ကျေးဇူးပြုပြီး ငါ့ကို ကူညီပါနော်”
မိုင်စွေ:"...ဘာဖြစ်လို့လဲ "
ကောင်းလုနှင့်ချီမင်က ဖန်းရှောင် ကို လှောင်ပြောင်ရန် အနှောင့်ယှက်မဖြစ်မခံခဲ့ပေ။သူတို့က ဟောင်ဟုန်ကျန်းကိုကြည့်လိုက်ပြီး သူတို့မျက်လုံးတွေက အားကျမှုတွေနှင့်မနာလိုမှုတွေဖြင့် ပြည့်နေသည်။ မူလတန်းပြဆရာ/မ တွေက ခုနစ်မှတ်ပဲရလျှင် အဆင်ပြေသည်ဟု သူတို့ထင်ခဲ့ကြသည်။
.....
စာရေးသူမှာ ပြောစရာတစ်ခုရှိပါတယ်-
စန်းဝမ်: ဟားဟား သားရေကြာပွတ်လေးကို ဝှေ့ယမ်းပြီး ငါပြောတာကို နားထောင် -တစ်-နှစ်-တစ်...အဖေ့ရဲ့အမိန့်ကို မနာခံပါ...
ရှောင်ဝမ် : တတိယအစ်ကို ... ချစ်ခြင်းမေတ္တာရှိရမယ်...သူတို့က မိဘတွေကို ထားခဲ့ပြီး ကျေးလက်ကို ပြည်နှင်ဒဏ်အပေးခံလိုက်ကြရတာ... သနားစရာကောင်းပြီး အချစ်ကို လိုအပ်တယ်...
Xxxxxx
Part 602
ဟောင်ဟုန်ကျန်းက သူတို့ မနာလိုဖြစ်မည်ကို ကြောက်သောကြောင့် သူမ ဘာမှမသိဟန်ဆောင်ကာ နှုတ်ဆိတ်နေခဲ့သည်။
ဖန်းရှောင်က ရှောင်ဝမ့်ကို ဖက်ပြီးငိုပါတော့၏။
"ရှောင်ဝမ်ကော... ငါက နင်လောက်တောင် အလုပ်မှတ်တွေ ကောင်းကောင်းမရပါဘူး... ဝူးဝူး ...ဂေါ်ဖီထုပ်ငယ်လေး ... မြေကြီးက အဝါရောင်..."
ကလေးများစွာ:"... "
ရှောင်ဝမ်က သူမ နောက်ကျောကို ပုတ်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလေသည်။
"မမဖန်း...မမက ကျွန်တော့် ဒုတိယအစ်ကိုကို မေးလို့ရတယ်...သူက အဘိုးနဲ့ ဆက်ဆံရေးကောင်းတယ်...အဘိုးက သူ့စကားကို နားထောင်တယ် "
ဖန်းရှောင်က ချက်ချင်း အားဝမ်ကို တောက်ပနေသာမျက်လုံးများဖြင့် ကြည့်လိုက်၏။အားဝမ်ကောက အံ့သြစရာပဲ...
လင်းလန်နှင့်ဆက်ဆံရေး ပျက်သွားမှာကို သူမစိတ်ပူနေတုန်းပင်၊ တပ်မဟာက ကေဒါတွေက ဘာမှ ဂရုမစိုက်ဟန် ဖြစ်နေသော ကြောင့် သူမဘာလုပ်ရမှန်းမသိခဲ့ပေ။ မမျှော်လင့်ဘဲ လင်းလန်တို့မိသားစုရှိလူတိုင်းက ဆရာကြီးတွေချည်း ဖြစ်ပြီး အားဝမ်က ဌာနခွဲအတွင်းရေးမှူးကို အမှန်တကယ်လွှမ်းမိုးနိုင်သည်မှာ အံ့ဩစရာပင်။
သူတို့အားလုံး နုံးခွေပြီး အပျော်မရွှင်ဖြစ်နေကြသည်ကို မြင်သောအခါ စန်းဝမ်က အော်ပြောလိုက်၏။
" ဒီည ကြက်သွန်မြိတ် ဖက်ထုပ်လုပ်နေတယ်လို့ မားမားကပြောတယ်...မြန်မြန်သွားကြရအောင်”
တဝမ်က သူ့ညီငယ် ညီမငယ်တွေကိုခေါ်ပြီး အတူတူ အိမ်ပြန်လာခဲ့သည်။
အိမ်မှာ လင်လန်က ဖက်ထုပ်လုပ်နေသည်ဟုကြားသောအခါ ရှုတုန်းရှင်း တံတွေး မျိုချလိုက်၏။
"ငါတို့ကိုပါ ခေါ်တာလား"
သူတို့ လင်းလန်ဆီက ဖက်ထုပ်စားကြမည်ဆိုသောသတင်းကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။
တစ်စုံတစ်ယောက်က စိတ်ပျက်လက်ပျက်နှင့်ပြော၏။
"ဟေ့ ကပ္ပတိန်လင်းက အပြောကောင်းပေမဲ့... အရေးတယူမရှိဖူးလေ"
ရှန်ယွီက မျက်မှောင်ကြုတ်ပြီးဆိုလိုက်သည်။
"ဒီမှာ ဂျုံမှုန့်ရှိတယ်...ငါတို့ တပ်မဟာက ကြက်သွန်မြိတ်နဲ့ ကြက်ဥတွေဝယ်ပြီး ကိုယ်တိုင်လုပ်လို့ရတယ်... လုပ်မှာလား”
မည်သူမျှ ပြန်မဖြေကြပေ။
ရှန်ယွီက အေးစက်စွာ နှာမှုတ်လိုက်ပြီး
"ဒါဆိုရင် ဒီလိုမျိုး ထပ်မပြောနဲ့"
သူက ငယ်ရွယ်ပေမဲ့ သူ့ကိုယ်ပိုင်အရှိန်အဝါ ရှိသောကြောင့် ရှုတုန်းရှင်း စကားရပ်သွားသည်။
သို့ပေမဲ့ ဝူဝမ်ယီက စတင် ရန်လုပ်လာ၏။
" လွတ်လပ်စွာ ပြောဆိုခွင့်မရှိဘူးလား...သူ(မ)က ရွာမှာ အာဏာရှင်လိုလို ဘာလိုလို လုပ်နေတာမဟုတ်ဘူးလား"
"ဝူဝမ်ယီ..."
ရှန်ယွီက သူ့ကို စိုက်ကြည့်ကာဆိုလိုက်သည်။
"မင်း ငါတို့နဲ့မပူးပေါင်းချင် ကိုယ့်ဂိုဏ်းကိုယ်စလို့ရတယ် ...သူဘယ်သူနဲ့ရှိချင်လဲ ချက်ခြင်းထရပ်လိုက်"
သို့ရာတွင် တုံ့ဆိုင်းသွားပြီး သူ့နှုတ်ခမ်းတွေကို တွန့်ကွေးလေ၏။
"မင်းဘာလုပ်နေတာလဲ... အဖွဲ့ခေါင်းဆောင်ဖြစ်ရတာ ကောင်းလိုက်တာ...ကြောက်ပါတယ်ဟုတ်ပြီလား"
ရှန်ယွီက အေးစက်စွာပြောလိုက်သည်။
"ငါက မကောင်းပါဘူး...မင်းလုပ်ကြည့်လေ.
ဝူဝမ်ယီ ငြိမ်ကျ သွားသည်။
ရှန်ယွီ : "ကပ္ပတိန်လင်းကို ခုနကလိုထပ်ပြောတာကို ငါမကြားရစေနဲ့"
ဝူဝမ်ယီ တပ်မဟာကေဒါတွေကို မင်းဘယ်လောက်မြန်မြန် ဖားလိုက်သလဲဆိုသည့် အမူအရာနှင့် မျက်လုံးလိမ့်လိုက်၏။
ရှန်ယွီက သူ့ကို လျစ်လျူရှုထားလိုက်သည်။
လင်းလန်က အိမ်မှာ ဖက်ထုပ်လုပ်နေ၏။ ကြက်သွန်မြိတ် ဖက်ထုပ်က အလွယ်ဆုံးဖြစ်ပြီး လတ်ဆတ်သော ဂျုံ ၊ ကြက်သွန်မြိတ်အချို့ကိူ လှီးဖြတ်ပြီး ကြက်ဥအရည်ကို ဆီထဲမှာ ရောမွှေပြီး လောင်းထည့်ကာ ပဲငံပြာရည် အနည်းငယ်၊ ဆားအနည်းငယ် ထည့်မွှေရသည်။ ယင်းက အခြေခံအားဖြင့် အလုပ်ဖြစ်၏ ။ ကြက်သွန်မြိတ်နှင့် ဥတွေက ပြီးပြည့်စုံသည့် အတွဲအဖက်မတစ်ခုဖြစ်သဖြင့် ဘယ်လိုပဲဖြစ်ဖြစ် အရသာရှိလေသည်။
အိမ်ပြန်ရောက်သောအခါ ကလေးများက လက်ကို အမြန်ဆေးကြောပြီး အားဝမ်က လှိမ့်တံကို ခွန်အားကြီးစွာလှိမ့်ကာ မိုင်စွေ့က လင်းလန်ဖြင့် ကျွမ်းကျင်စွာ ထုပ်နေသည်။
လင်းလန် ဘာမှမလုပ်ဘဲနေသည် တဝမ်နှင့်စန်းဝမ်ကိုကြည့်လိုက်ပြီးပြော၏။
"မြက်ရိတ်မနေနဲ့... ဖက်ထုပ်လုပ်နည်းကို လာလေ့လာ"
တဝမ်: "..."
မလေ့လာဘူး...
စန်းဝမ်: "ဟားဟား...မားမား အိုးပေါက်ကျမှာ မကြောက်ဘူးလား"
လင်းလန်က သူတို့ကို စိတ်တိုသွားသည်။
"အိုးပေါက်ရင် စားပစ်လိုက်မယ်...အခုမှ မလေ့လာရင် အိမ်ထောင်ပြုပြီး မိသားစုရှိလာရင် ဖက်ထုပ်စားရဖို့ အကူအညီတောင်းရလိမ့်မယ်...ရှက်စရာမဟုတ်ဘူးလား ...ဒါမှမဟုတ် ထမင်းတစ်နပ်စားဖို့ခက်တဲ့ ပညာတတ်လူငယ်တွေလို ဖြစ်ချင်တာလား”
စင်စစ်အားဖြင့် မည်သူကမှ သားသမီးတွေ၏အနာဂတ်ကို အာမမခံနိုင်ချေ။ သူတို့ဘဝကောင်းကောင်းနေရလျှင်ပင် သူတို့အတွက် ဖက်ထုပ်လုပ်ပေးရန် တစ်ယောက်ယောက်ကို ငှားရပေလိမ့်မည်။ ထို့အပြင် အခြေအနေကောင်းလျှင်ပင် ကိုယ့်မိသားစုနှင့်ကိုယ် ဖက်ထုပ်လုပ်ခြင်းသည် အချင်းချင်းနီးစပ်ရန် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်သည်။
တဝမ်ကဲ့သို့ သီးသန့်ဆန်ပြီး ဘာသိဘာသာနေတတ်သော ဆက်ဆံရေးမျိုးဖြင့် အနာဂတ်တွင် ဇနီးမယားရှာရန် ခက်ခဲမည်ကို သူမအမှန်တကယ် ကြောက်နေမိသည်။ အကယ်၍ ကြင်ဖက်သွားတွေ့ရမည်ဆိုပါက၊ သူမ ၎င်းကို ကူစစ်ဆေးပေးပေလိမ့်မည်။သို့ပေမဲ့ သူက သူ့ကြင်ဖက်နှင့်ပတ်သတ်ပြီး မှုန်ကုပ်နေကာ ဘယ်လိုပိုးပန်းရမလဲ မသိရင်ကော...
ဖက်ထုပ်လုပ်နည်းကို သိပါက ငယ်ငယ်ကတည်းက ဖက်ထုပ်လုပ်တတ်သည့်အခါ အပြင်မှာ အေးစက်ပြီး အတွင်းပိုင်းမှာ ဖော်ရွေတတ်သည်ကို ကောင်မလေးတွေ မြင်နိုင်မှာပင်။ကောင်မလေးက တော်လွန်းလျှင် လိုက်ဖက်သူတွေများနေပေလိမ့်မည်။ သူမသားက အဲ့ဒါကို လုပ်နိုင်တဲ့ အရည်အချင်းမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ...
လင်းလန်၏အမေအိုနှလုံးသားက တကယ်ကို ကြေကွဲနေခဲ့သည်။
လင်းလန်၏ မျက်လုံးများတွင် များပြားသော စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို မြင်လိုက်ရသဖြင့် တဝမ် နောက်ဆုံးတွင် သူမစကားကို နားမထောင်ဘဲမနေတော့ပဲ လက်ကိုဆေးကာ ဖြည်းညှင်းစွာထိုင်၍ ကြိတ်မှိတ်ပြီး မုန့်ညက်တစ်တုံးကို ကောက်ဆုပ်နယ်လိုက်သည်။
ပျော့ပျောင်းသော မုန့်ညက်က ထူးဆန်းစွာ ခံစားရပြီး ၎င်းကို ချေမွပစ်ချင်လာသည်။
သူ့အစ်ကိုကြီး သူ့ကံကြမ္မာကြောင့် သူ့ကိုယ်သူကြိတ်မှိတ်လက်ခံလိုက်သည်ကို မြင်သောအခါ စန်းဝမ်လည်း သူ့လက်ကို ဆေးပြီး ထိုင်ရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။
အားဝမ်က မုန့်ညက်ကို လျင်မြန်စွာ လှိမ့်ပေးပြီး အားစိုက်မှုကို သက်သာစေသည်။ လိမ့်ထားသော ဖက်ထုပ်ပြားသည် ဝိုင်းဝန်ကာ အထူအလော်တော်ရှိပြီး အလွန်လှပသည်။
ရှောင်ဝမ်က မုန့်ညက်တစ်ဖဲ့နှင့် ကစားနေပြီး ယုန်ငယ်လေးလို ခဏလောက် တတွိတွိအော်လိုက် ဘဲလေးလို တဂတ်ဂတ်အော်လိုက်လုပ်နေ၏။
မိုင်စွေ့က ပြုံးပြီး တဝမ်ကို လှိမ့်တုံးလေးကို ယူပေးလိုက်သည်။
"အစ်ကိုကြီး ဒီမှာရော့"
တဝမ်က ခဏလောက် တုံ့ဆိုင်နေပြီးမှ ၎င်းကို ယူပြီး ဂျုံဘောလုံးလေးကို စလေ့လာလိုက်၏။
အားဝမ်က ပြုံးပြီးပြော၏။
"အစ်ကိုကြီး ဒီလောက် သေးသေးလေးကို လှိမ့်ပေး"
မုန့်ညက်အကြီးကြီးက ကိတ်မုန့်ဖြစ်သွားပေလိမ့်မည်။
စပျစ်ဝိုင်ခွက်၏ ပါးစပ်ဝလောက် မကြီးမားသော အလုံးသေးသေးလေးတစ်လုံး၊ လက်ချောင်းအထူလောက်ကို ဖိကပ်ကာ လှိမ့်နေတော့သည်။
သူမသားကြီးက လှိမ့်တုံးတိုကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်ကို လင်းလန်က မြင်လိုက်ရသည်။ သူ့အမူအရာက လေးနက်နေပြီး သူ့နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် စေ့ထားကာ သူ့မျက်လုံးများက စူးရှနေသည်။မင်းလက်မခံရင် ငါမင်းရဲ့ ပုံစံကို ငါချိုးပစ်လိုက်မယ်ဟူသောဟန်ဖြင့်ရှိနေ၏။
လင်းလန် : "... "
Xxxxxx