အခန်း(၅)
Viewers 12k

အခန်း(၅)《ထပ်မရှောင်နိုင်တော့ဆုံရပြီ》


Author: Drunken Light Song

Source: Jostena M

Translator: オタク



တစ်ပတ်ရစ်ဈေးထဲမှ ထွက်လာခဲ့ပြီး စုရွေ့ကျယ်သည် သူ့အိတ်ကပ်ထဲတွင် ဆယ်ယွမ်တည်းသာကျန်ပြီး လူဆင်းရဲ‌လေးတစ်ဦး ဖြစ်လာခဲ့‌လေသည်။ 


သက်ပြင်းချရင်း စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ သစ်သီး၀လံနှင့် ဟင်းသီးဟင်းရွက်အိတ်ကြီးတစ်လုံးကိုထုတ်ယူကာ ဦးလေးဝူ၏ဘာဘီကျူးဆိုင်သို့ ယူလာခဲ့လေသည်။ သူ့ထံသို့ နေ့စဉ်အသီးအရွက်များပို့ပေးရန် ဦးလေးဝူနှင့်သဘောတူညီမှုတစ်ခုရထားခဲ့၏။ ပိုက်ဆံအများကြီးမရနိုင်သော်လည်း သူ့တံခါး၀ထိလာခေါက်သော ပိုက်ဆံပမာဏအနည်းငယ် ကိုလည်း ဘယ်သောအခါမှ သူငြင်းပယ်လိမ့်မည်မဟုတ်ပေ။ 


ဝူချီ၏ဆိုင်တံခါးသို့ရောက်သည်နှင့် ဝူချီသည်သူ့အားမြင်သွားလေ၏။ ဝူချီသည် စုရွေ့ကျယ်၏အိတ်အား တောက်ပသောမျက်လုံးများဖြင့်ကြည့်ကာ အပြုံးတစ်ခုနှင့်ပြောလိုက်သည်။ 


“ရှောင်ကျယ် ဦးလေးဝူကို ဟင်းသီးဟင်းရွက်*တွေလာပို့တာလား”


“ဟုတ်ကဲ့ ဦးလေးဝူ အသီးအရွက်တွေက လတ်ဆတ် မလတ်ဆတ် ကြည့်လိုက်ပါအုံး ”


“လတ်ဆတ်တာပေါ့၊ သေချာပေါက်လတ်ဆတ်နေမှာ ”


ဝူချီပြုံးရင်း ဟင်းသီးဟင်းရွက် အိတ်ကြီးကိုယူလိုက်ပြီး အနီရောင်နှစ်ရွက်ထုတ်လိုက်ပြီး မေးလိုက်၏။ 


“ရှောင်ကျယ် မင်းအိမ်မှာ အသီးအရွက်နဲ့ သစ်သီး၀လံတွေ ဘယ်လောက်တောင်ရှိတာလဲ ”


စုရွေ့ကျယ် သူ့မျက်လုံးများမျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် သူ့မျက်နှာတွင် ပျော်ရွှင်မှူအားပြသလာခဲ့သည်။ 


“အဲ့ဒီမှာ ပေါင်တစ်ရာလောက်တော့ အမြဲရှိတယ်။ ဦးလေးဝူလိုချင်လို့လား ”


“ငါ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်က အရှေ့လမ်းမှာ စားသောက်ဆိုင်အသေးလေးတစ်ခုဖွင့်ထားပြီး အဲ့ဆိုင်က မနက်ဖြန်ဖွင့်လိမ့်မယ်။ ဒီအစားအစာတွေက လတ်ဆတ်ပြီးတော့ အရသာရှိလို့ သူ့ကိုညွှန်းပေးလိုက်ချင်လို့လေ ” ဟု ဝူချီက ရယ်မောရင်း ပြောလာခဲ့လေသည်။ 


“ပြဿနာမရှိပါဘူး။ ကျနော်အိမ်ရောက်တာနဲ့ ခူးလိုက်ပြီး မနက်ဖြန်ကျရင် သူ့ကိုယူသွားပေးလိုက်မယ်။ ”


စုရွေ့ကျယ် အလွန်ကိုပျော်ရွှင်နေခဲ့လေသည်။ ပြန်လည်ရောင်းချသည့်ဈေးသည် လက်ကားဈေးလောက်တော့ အမြဲအဆင်မပြေနိုင်ချေ။ ထို့အပြင် သစ်သီး၀လံများနှင့် အသီးအရွက်များကလည်း နေရာလွတ်ထဲတွင် အဆင်သင့်ပဲဖြစ်လေသည်။ သူ့အတွက် ကုန်ကျစရိတ်သည် သုညဆိုသော်ငြား အဆင်ပြေမနေခဲ့ပေ။ 


“ကောင်းတယ် ကောင်းတယ် ကောင်းတယ် ”


ဝူချီသည် သူ့ဖုန်းကိုထုတ်ပြီး သူ့သူငယ်ချင်းထံခေါ်လိုက်ပြီးနောက် မနက်ဖြန်မနက်စောစောတွင် ဆိုင်သို့ အသီးအရွက်များနှင့် သစ်သီး၀လံများပို့နိုင်စေရန် စုရွေ့ကျယ်အား လိပ်စာတစ်ခုပေးလိုက်သည်။


စုရွေ့ကျယ်သည် ဤနေ့၌ ရိတ်သိမ်းခဲ့သမျှကို သူ့ကိုယ်ပိုင်လက်နက်များ၀ယ်ခဲ့ပြီး ယွမ်နှစ်ရာလည်းရခဲ့ကာ အခြားစီးပွားရေးအမှာစာတစ်ခုကိုလည်းလက်ခံခဲ့ရသဖြင့် အလွန်ကျေနပ်နေခဲ့၏။ 


စုရွေ့ကျယ်သည် သူ့၏ဟင်းချက်စရာများပွဲများစွာကို အချိန်တစ်ခဏအတွင်းရောင်းချနိုင်သော နေရာတစ်ခုရှာတွေ့ခဲ့ပြီး နှမ်းဆီဆမ်းထား‌သော ဖက်ထုပ်ပန်းကန်ကြီးနှစ်လုံးစားပြီးနောက် အိမ်ပြန်ခဲ့လေသည်။ 


သူတံခါးဖွင့်လိုက်သည်နှင့် သေချာပေါက် သူ့အကြီးဆုံးအဒေါ်ထားခဲ့သော နောက်ထပ်စာတစ်ခုတွေ့လိုက်ရ၏။ စာပေါ်ရှိ ပြင်းထန်သောလက်ရေးကြောင့် တစ်ဖက်လူသည် ဤတစ်ကြိမ်တွင် အလွန်ဒေါသထွက်နေကြောင်း သူသေချာလေသည်။ စုရွေ့ကျယ်အား ဆွေမျိုးများ၏ဂရုစိုက်မှုအား မည်သို့မျှအသိအမှတ်မပြုပဲ သူ၏မနာခံမှုအတွက် ပြင်းထန်စွာ ရှုတ်ချပြစ်တင်ထားခဲ့ပြီး မနက်ဖြန်တွင် ကျောင်းတက်ရက်စတော့မည်ဖြစ်ကြောင်း ထောက်ပြထားလေသည်။ သူတို့သည် သူ၏ကျောင်းလခအကြောင်းအတူဆွေးနွေးလိုပြီး သူခက်ခဲနေကြောင်း သူတို့သိလေ၏။ သူတို့သည်သူ၏အခက်အခဲများအား နားလည်ပြီး အခက်အခဲအကြပ်အတည်းများမှ ကူညီလိုသောကြောင့် မနက်ဖြန်ညနေတွင် သူတို့အိမ်သို့ ထမင်းသွားစားရလိမ့်မည်။


ထိုလေးနက်သောစကားလုံးများအရ အကယ်၍စုရွေ့ကျယ်တွင် သူ့အရင်ဘ၀မှတ်ဉာဏ်များမရှိခဲ့ပါက သူ့အဒေါ်အကြီးဆုံးသည် ကြင်နာသောလူကြီးတစ်ယောက်ဟု အမှန်တကယ်ပင်တွေးမိပေလိမ့်မည်။ 


ကံမကောင်းစွာဖြင့်ပင် စုရွေ့ကျယ်သည် သူ့အားပွဲကြီးပွဲကောင်းတစ်ခုစောင့်မျှော်နေခဲ့ကြောင်း သိခဲ့လေသည်။ သူ့မိသားစု၀င်များဟု ခေါ်နိုင်သောလူများသည် သူ့အားအမှန်တကယ်လက်ခံခဲ့ခြင်းမဟုတ်ပဲ သူ့အား အသုံး၀င်သော ဒိန်ခဲအပိုင်းလေးတစ်ခုကဲ့သို့သာ သဘောထားခဲ့ကြ၏။ 


သူသည် ချက်ချင်းပင် စာရွက်အားဆုတ်ဖြဲလိုက်ပြီး လွှင့်ပစ်လိုက်၏။ နေရာလွတ်ထဲသို့ လျပ်တပြတ်၀င်လာခဲ့ပြီး အသီးအရွက်ဥယျာဉ်များနှင့် သစ်သီးခြံများဆီသို့ လတ်ဆတ်သော သစ်သီး၀လံများနှင့် ဟင်းသီးဟင်းရွက်များကိုသာ ခူးဆွတ်ရန်လာလိုက်ပြီး သူတို့အားအိတ်များထဲသို့ ဂရုတစိုက်ထည့်ခဲ့၏။ 


ရိုးရိုးရှင်းရှင်း ဆေး‌ကြောသန့်စင်ပြီးနောက် စုရွေ့ကျယ် အိပ်ယာထဲလှဲလိုက်သည်။ မနက်ဖြန်တွင် သူ့စီးပွားရေးမှ ယွမ်ခုနစ်ရာမှ ရှစ်ရာ၀င်နိုင်လိမ့်မည်။ ဟင်းသီးဟင်းရွက်ဈေးတွင် ဟင်းသီးဟင်းရွက်များရောင်းခြင်းမှ ၀င်ငွေနှင့် သိုလှောင်ထားရန်အတွက် ဈေးပေါသော နေ့စဉ်အသုံးအဆောင်ပစ္စည်းများ၀ယ်ရန် စူပါမားကတ်သို့သွားနိုင်‌သည်။ 


နောက်တစ်ရက်တွင် စုရွေ့ကျယ် စောစောထခဲ့ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံ ကီလိုတစ်ရာကျော်ကို ဝူချီပြောပြခဲ့သော သုန့်ကျယ်လမ်းရှိ စားသောက်ဆိုင်အသစ်သို့ လေးလံ‌လှသော လှည်းတစ်ခုနှင့်ယူလာခဲ့လေသည်။ 


ရွှီကျိစားသောက်ဆိုင်တွင် အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ်လောက်ရှိသော အမျိုးသားတစ်ယောက်သည် စားသောက်ဆိုင်ဧည့်ခန်းတွင်စောင့်ကြည့်လျက်ရှိစဉ် စားဖိုမှူး၀တ်စုံ၀တ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်သည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေပုံရ၏။ 


“အိုက်ယား ဘာလို့အခုထိမလာသေးတာလဲ။ မား ရဲ့သူငယ်ချင်းက စိတ်ချရရဲ့လား ”


လူငယ်သည် မီးဖိုခန်းနောက်ပြတင်း၀သို့လျှောက်လာကာ သက်လတ်ပိုင်းအရွယ်အမျိုးသမီးအား စိုးရိမ်တကြီးမေးလေသည်။ 


“သေချာတာပေါ့၊ ပြီးတော့အခုထိအချိန်မကျသေးပါဘူး။ မင်းကဘာလို့အလျင်လိုနေရတာတုန်း ”


မီးဖိုထဲရှိ သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် အလွန်ငြိမ်သက်နေပြီး ပါ၀င်ပစ္စည်းများရောက်လာမည်ကိုစောင့်နေခဲ့ကာ နေ့လည်ခင်းဟင်းပွဲများကို စတင်ပြင်ဆင်နိုင်လေသည်။ 


သူမပြောသည်ကို သက်သေပြ‌နေသကဲ့သို့ပင် စုရွေ့ကျယ်သည် ပေါင်ရာချီသော ဟင်းသီးဟင်းရွက်နှင့်သစ်သီး၀လံ လှည်းတစ်စီးနှင့်တူ ရွှီကျိစားသောက်ဆိုင်တံခါး၀တွင် ပေါ်လာလေသည်။


“မင်္ဂလာပါ ဟင်းချက်စရာပစ္စည်းတွေမှာထားသေးလား ခင်‌ဗျာ”


စုရွေ့ကျယ်သည် ရွှီကျိစားသောက်ဆိုင်တံခါး၌ သူ့ခေါင်းလေးနှင့် စစ်ဆေးလိုက်ကာ ယဉ်ကျေးစွာမေးလိုက်သည်။ 


“မှန်တယ် မှန်တယ် မှန်တယ် ဦးလေးဝူ မိတ်ဆက်ပေးခဲ့တာမလား။ အထဲ၀င်လာပါ! ”


သူရောက်လာသည်ကိုမစောင့်နိုင်တော့သော လူငယ်တစ်ယောက်ထွက်လာလေသည်။ 


ဧည့်ခန်းသို့ အသီးအရွက်သစ်သီး၀လံအိတ်များနှင့်အတူ စုရွေ့ကျယ် ၀င်လာသောအခါ လူငယ်သည် သူတို့ကိုယူလိုက်ပြီး တစ်ခုချင်းစီဖွင့်ကာ စစ်ဆေးရန်မစောင့်နိုင်တော့ပေ။ သူ့ကိုအံ့ဩသွားစေသည်မှာ အိတ်များထဲရှိ အသီးအရွက်များနှင့် သစ်သီး၀လံများအားလုံးသည် အလွန့်အလွန်ကို သန့်ရှင်းလတ်ဆတ်ပြီး ကြီးမားပြည့်နှက်နေကာ အမျိုးအစားစုံလင်လှပြီး ကြည့်ကောင်းနေပေသည်။ စားသောက်ဆိုင်များသည် အချို့အချိန်များတွင် ညစာအတွက် အချို့သစ်သီး၀လံများကိုလည်းအသုံးပြုကြသောကြောင့် ချယ်ရီသီးများ၊ သရက်သီးများ၊လိမ္မော်သီးများ၊ငှက်ပျောသီးများနှင့် အခြားအလားတူသစ်သီးများ ထပ်ပေါင်းထားကာ ဖရဲသီးကြီးနှစ်လုံးကိုပါ စုရွေ့ကျယ် ယူလာခဲ့သေးသည်။ 


“ဦးလေးဝူပြောပုံအရ အိမ်မှာ အကုန်လုံးကို မင်းစိုက်ထားတာဆို ”


“ဟုတ်ကဲ့ သူတို့အကုန်လုံးကို ကျွန်တော့်ရဲ့အသီးအရွက်စိုင်းခင်းမှာ စိုက်ပျိုးထားတာပါ။ သူတို့အကုန် ပိုးသတ်ဆေးမသုံးထားပဲ သန့်ရှင်းလတ်ဆတ်တယ်ဆိုတာကို သေချာပေါက်စိတ်ချလို့ရပါတယ်။ ”


လူငယ်သည် ခေါင်းငြိမ့်လိုက်ကာ ခရမ်းချဉ်သီးတစ်လုံးကို ချက်ချင်းကောက်ယူလိုက်ပြီး သူ့ကိုယ်နှင့်သုတ်လိုက်ပြီးနောက် တိုက်ရိုက်တစ်ကိုက်ကိုက်လိုက်လေသည်။ ချိုချိုချဉ်ချဉ်အရည်များသည် ချက်ချင်းဆိုသလို သူ့ပါးစပ်ထဲ၀င်သွားပြီး အရသာသည် အလွန်ကောင်းမွန်လှ၏။ လူငယ်သည် စကားတောင်မပြောနိုင်ပဲ စုရွေ့ကျယ်ဆီသို့ သူ့လက်မများထောင်ပြလိုက်ကာ ဤ သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိသော ချက်ပြုတ်စရာများနှင့်ဆိုလျှင် စားသောက်ဆိုင်သည် စီးပွားမဖြစ်မည်ကို စိုးရိမ်ရန်ပင်မလိုတော့ပေ။ 


မီးဖိုထဲရှိသက်လတ်ပိုင်းအရွယ်အမျိုးသမီးသည်လည်း သူမလက်များကိုဆေးကြောကာ ထွက်လာခဲ့သည်။ ချက်ပြုတ်စရာများအား ဆယ်ကျော်သက်‌လေးတစ်ယောက် လာပို့သည်ကို တွေ့လိုက်သောကြောင့် သူမအံ့ဩသွားခဲ့သည်။ ထို့နောက်သူမစိတ်ဆင်းရဲသွားရ၏။ ကလေး၏ပိန်ပါးသောကိုယ်နှင့် စုတ်ပြဲနေသောကျောင်း၀တ်စုံကိုကြည့်လိုက်ပြီး သူ့အခြေအနေသည် ကျေနပ်လောက်စရာမရှိကြောင်း သူမသိလိုက်သည်။ 


“အိုး ကလေးရယ်။ မင်း သူဘယ်လောက်တောင် ချွေး‌တွေထွက်နေတယ်ဆိုတာကို မြင်ရဲ့သားနဲ့ ရေသောက်ရအောင် ရေတစ်ဘူးလောက်ပေးရမယ်ဆိုတာမသိဘူးလား”


သက်လတ်ပိုင်းအမျိုးသမီးက လူငယ်အားတွန်းလိုက်လေသည်။ 


လူငယ်သည် ကျန်နေသောခရမ်းချဉ်သီးတစ်ခုလုံးအား ပါးစပ်ထဲထည့်လိုက်ပြီး ရေခဲသေတ္တာဆီသိုသွားကာ ကိုလာအေးတစ်ဘူးယူလာပြီး စုရွေ့ကျယ်၏လက်ထဲသို့ထည့်ပေးလိုက်၏။ 


“ဒီနေ့တော်တော်ပူတယ်။ ကိုလာလေးသောက်လိုက်ပါအုံး”


“ကျေးဇူးတင်ပါတယ်”


နှစ်ဦးနှစ်ဖက် စကား‌အနည်းငယ် ပြောဆိုပြီးနောက် စကားများမှတဆင့် ထိုလူနှစ်ဦးသည် အမေနှင့်သားများဖြစ်သည်ကို စုရွေ့ကျယ်သိခဲ့ရသည်။ အမေသည် ရွှီမင် ဖြစ်ကာ သားသည် ရွှီကျယ် ဖြစ်ပြီး စားသောက်ဆိုင်ပိုင်ရှင်များဖြစ်ကြ၏။ ရွှီမင်သည်လည်း စုရွေ့ကျယ်၏ ပါ၀င်ပစ္စည်းအား ကျေနပ်ခဲ့ပြီး သူယူလာသောဟင်းသီးဟင်းရွက်များကိုရေတွက်ပြီးနောက် ရွှီမင်သည် သူ့အား စုစုပေါင်း ယွမ်ခုနစ်ရာပေးခဲ့ပြီး နှစ်ရက်တစ်ကြိမ်တိုင်း သူတို့အားပို့ပေးရန်သဘောတူညီခဲ့ကြသည်။ 


နှစ်ရက်တစ်ကြိမ်တိုင်း၌ စုရွေ့ကျယ်သည် ပုံမှန်၀င်ငွေရနိုင်ပြီး သဘာ၀ကျစွာပင် ထိုကိစ္စအား သူသဘောတူခဲ့၏။ 


ရွှီကျိစားသောက်ဆိုင်မှ ထွက်လာပြီးနောက် စုရွေ့ကျယ်သည် သူ့လှည်းကို ဘာမှမရှိသောလမ်းကြားထဲသို့ ဆွဲလာခဲ့၏။ သူပြန်ထွက်လာချိန်တွင် ဘာမှမရှိသောလှည်းသည် ဖရဲသီးများ၊သစ်သီး၀လံများနှင့် ဟင်းသီးဟင်းရွက်များပြည့်နေခဲ့ပြီဖြစ်လေ၏။ 


သုန့်ကျယ်ဟင်းသီးဟင်းရွက်ဈေး၀င်ပေါက်၌ စုရွေ့ကျယ်သည်ထိုင်ချလိုက်ကာ ဈေးရောင်ရန်ခင်းကျင်းလိုက်ပြီးနောက် များစွာသော အဒေါ်ကြီးများသည် သူ့ဟင်းသီးဟင်းရွက်များနှင့် သစ်သီး၀လံများ၀ယ်ရန်တွန်းထိုးလာခဲ့ကြသည်။ ရက်ပေါင်းများစွာ ဆိုင်ဖွင့်ကာ ခင်းကျင်းရောင်းချပြီးနောက် ဟင်းသီးဟင်းရွက်ဈေးသို့ လာနေကျဖြစ်သည့် ဦးလေးများနှင့်အဒေါ်များသည် နေ့စဉ်ခင်းကျင်းရောင်းချရန်လာသော လူငယ်လေးဖြစ်သည့် စုရွေ့ကျယ်အား သတိထားမိခဲ့ကြလေသည်။ သူရောင်းချသော ဟင်းသီးဟင်းရွက်သစ်သီး၀လံများသည် အလွန်သန့်ရှင်းလတ်ဆတ်ကာ အရည်အသွေးအလွန့်အလွန်ကောင်းမွန်ကြ၏။ အခြားသူများထက် ဈေးအနည်းငယ်ပိုကြီးသော်လည်း သူတို့လက်ခံနိုင်ကြပေ၏။ 


【T/N; သုန့်ကျယ်လမ်းနဲ့ သုန့်ကျယ်ဟင်းသီးဟင်းရွက်ဈေးက အရင်က Etranက အရှေ့လမ်း လို့ရေးထားခဲ့တာပါ။ 】



“စုရွေ့ကျယ်”


သို့သော်လည်း စုရွေ့ကျယ် ပျော်ရွှင်စွာပိုက်ဆံရေတွက်နေချိန်တွင် ရုတ်တရက်တုံ့ဆိုင်းသောအသံကို ကြားလိုက်ရသည်။ 


စုရွေ့ကျယ် ကြည့်လိုက်သောအခါ သူနှင့်သိပ်မဝေးသောနေရာတွင်ရပ်၍ သူ့အားအံအားသင့်စွာ ကြည့်နေသော သူ့အကြီးဆုံးအဒေါ် ချန်ဟွေ့ကျန်းအားတွေ့လိုက်သည်။ 


စုရွေ့ကျယ်သူမနှင့်မျက်နှာချင်းဆိုင်မိပြီးချိန်တွင် သူမအားမမြင်ချင်ယောင်ဆောင်၍မရတော့ပေ။ သူ့နှလုံးသားထဲတွင် ကံဆိုးမှုကိုသာ သက်ပြင်းချမိတော့သည်။ ထို့နောက်သူ မတ်တပ်ရပ်လိုက်ပြီး ချန်ဟွေ့ကျန်းအားနှုတ်ဆက်လိုက်၏။ 


“အကြီးဆုံးအဒေါ် ”


“မင်း ကလေးလေး ”


ချန်ဟွေ့ကျန်း၏မျက်နှာပေါ်ရှိ အမုန်းတရားများသည် သံထည်ကဲ့သို့ပြောင်းလဲမာကျောသွားလေသည်။ 


“ဘယ်‌လိုကျောင်းသားကောင်းတစ်ယောက်က ဒီနေရာမှ ဈေးရောင်းနေရတာလဲ။ ဘယ်လောက်ရှက်စရာ‌ကောင်းလဲ။ သွား၊ ငါနဲ့အိမ်ကိုလိုက်ခဲ့။ ”


ထို့နောက်စုရွေ့ကျယ်အားဆွဲခေါ်ရန်လာခဲ့လေသည်။ 


စုရွေ့ကျယ်သည် သူမနှင့်မလိုက်ချင်ပေ။ သူလျင်မြန်စွာနောက်ဆုတ်လိုက်ပြီး သူမလက်ကိုရှောင်လိုက်၏။


ထိုနေရာတ၀ိုက်တွင် ဖြတ်သွားဖြတ်လာများစွာရှိနေပြီး လမ်းပေါ်တွင် ကလေးတစ်ယောက်နှင့် ဆွဲလားရမ်းလား တိုက်ခိုက်ရန်ကောင်းမွန်သောအရာမဟုတ်ကြောင်း သူမနားလည်ပြီး ရိုးရိုးတန်းတန်းပြောလာခဲ့သည်။


“မင်း ဒီကလေး။ ဘာလို့အရမ်းမနာခံရတာလဲ၊ ငါဘယ်နှကြိမ်တောင်မင်းအိမ်ကိုရောက်ခဲ့ပြီး စာဘယ်လောက်မင်းအတွက်ထားခဲ့ရသလဲ။ သူတို့ကိုမတွေ့ခဲ့ဘူးလား ”


“သူတို့ကိုတွေ့ခဲ့ရပါတယ်....”


“မင်းမြင်ပြီး ဘာလို့ငါ့အိမ်ကိုမလာခဲ့တာလဲ။ မင်းက မင်းအဒေါ်ဆီကနေပုန်းဖို့ကြိုးစားနေတာလား။မင်းရဲ့ကျောင်းလခတွေကိုငါပေးခဲ့ပြီး မင်းကိုငါတို့အိမ်မှာနေဖို့ခွင့်ပြုတယ်လို့ ငါမင်းကိုပြောခဲ့တယ်လေ။ မင်းပြောကြည့် မင်းငယ်ငယ်ကလေးတည်းက မင်းအဖေကိုဆုံးရှုံးခဲ့ရပြီး မင်းအမေက တခြားသူတွေ နဲ့ထွက်ပြေးသွားတယ်။ မင်းအဖိုးကမင်းကို ခက်ခက်ခဲခဲ ပျိုးထောင်ခဲ့ရတာ။ သူထွက်သွားတာရက်အနည်းငယ်ပဲရှိသေးတယ် မင်းကိုယ်မင်း ဘယ်လိုတောင် ဒီလိုစွန့်ပစ်ထားတာလဲ။ ကျောင်းက မနက်ဖြန်ဖွင့်မှာ။ မင်းအသီးအရွက်တွေရောင်းပြီး ကျောင်းလခလုံလောက်အောင် စု‌နိုင်မှာတဲ့လား ”


ချန်ဟွေ့ကျန်း အသံကျယ်ကျယ်နှင့်ပြောနေခဲ့ပြီး သူမသည် ဖြစ်ပျက်နေသည်များကို ရှင်းလင်းစွာနှင့် ရှင်းပြနေခဲ့လေသည်။ အများပိုင်နေရာတွင်ဖြစ်သောကြောင့် အများရှေ့တွင် ဖော်ချွတ်လိုက်သကဲ့သို့ ရှက်စရာကောင်းကြောင်း စုရွေ့ကျယ် ခံစားခဲ့ရလေသည်။ 


ထိုအရာများအားနားထောင်ပြီးနောက် သူတို့သည် စုရွေ့ကျယ်အားစာနာကြောင်းဖော်ပြပြီး ချန်ဟွေ့ကျန်းနောက်သို့ပြန်လိုက်ရန် ဖြောင့်ဖျလိုခဲ့ကြသည်။ သူတို့အမြင်၌ သူ့အားကူညီချင်ပြီး သူ့အား ဂရုစိုက်သော အဒေါ်ကောင်းတစ်ယောက်ရှိကာ တစ်ဘ၀လုံးပြုစုစောင့်ရှောက်ခံရမည့် ကံကြမ္မာရှိသကဲ့သို့ပင်။ 


စုရွေ့ကျယ် မငြင်းဆန်နိုင်သလို ရှင်းလည်းရှင်းမပြနိုင်ပေ။ လူအများရှေ့တွင် သူ့အဒေါ်နှင့် တိုက်ခိုက်ရန်မသင့်ပေ။ မဟုတ်လျှင် အများအမြင်တွင် ကျေးဇူးမသိတတ်သော မျက်လုံးဖြူဝံပုလွေဖြစ်သွားပေလိမ့်မည်။ 


စုရွေ့ကျယ် သူ့နှလုံးသားထဲကနေ လက်ခလယ်ထောင်ပြလိုက်ပြီး ဒီနေအဖို့ သူမငြင်းဆန်နိုင်တော့ကြောင်းသိလိုက်ပေသည်။ သူအပြုံးတစ်ခုကိုဆွဲထုတ်‌လိုက်ပြီး ချန်ဟွေ့ကျန်းအား‌ ပြောလိုက်သည်။ 


“အဒေါ်က ကျွန်တော့်အပေါ်ကောင်းတာ ကျွန်‌တော် သိပါတယ်။ ဒီနေ့အသီးအရွက်သစ်သီး၀လံတွေရောင်းပြီးရင် အဒေါ်တို့အိမ်ကိုသွားမလို့ပါ။ အဒေါ်မြင်တဲ့အတိုင်း သူတို့ကို ရောင်းပြီးခါနီးနေပြီလေ။ ကျနော်ပြီးသွားတဲ့အထိ ခဏလောက်စောင့်ပေးနိုင်မလား ” 


“ကောင်းပြီ ”



ချန်ဟွေ့ကျန်းသည် သူနောက်ဆုံးတော့ သူမနှင့်အတူအိမ်သို့သွားရန်သဘောတူလိုက်သည်ကိုတွေ့သဖြင့် ချက်ချင်းပင် အပြုံးကြီးတစ်ခုနှင့်စောင့်နေခဲ့လေသည်။